← Chapters

ယွမ် သန်း ၂၀၀ တန်ပြိုင်ကား (၁)

Vol. 17 Ch. 245

ယွမ် သန်း ၂၀၀ တန်ပြိုင်ကား (၁)

Vol. 17 Ch. 245

ကြွားပြီးနောက် ချီးကျူးခံရသည့်အရသာကို ခံစားဖို့သာ ရှိတော့သည်။

လီလုံ၏ ရည်ရွယ်ချက် အစစ်အမှန်က ကောင်မလေးများကို ကြောင်ဖို့ဖြစ်ပါသည်။

အောင်မြင်သည့် ယောက်ျားတစ်ယောက်က လှပသော မိန်းကလေးတစ်ယောက်နဲ့သာ တွဲသင့်သည်။

လီလုံက နိုင်ငံခြားကောင်မလေးများကို ကြည့်ရတာ ရိုးအီသွားပါပြီ။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လို လှပသည့် မိန်းကလေးများကိုသာ သူသဘောကျတော့သည်။

ထိုအခါကျလျှင် သူနဲ့ ဝမ်ကျစ်ဝမ်းတို့က တစ်ယောက်စီ ပိုင်ဆိုင်နိုင်လိမ့်မည်။ အဲ့တာဆို မကောင်းလွန်းဘူးလား။

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ မကြာခင် ရောက်လာကြလိမ့်မယ်။ ရှားဝမ်ချွေ့က ငါ့ တက္ကသိုလ် အတန်းဖော်ပဲ။ သူဘယ်လို အခက်အခဲမျိုးနဲ့ပဲ ကြုံကြုံ သူ့ကို ငါကူညီပေးမှဖြစ်မှာပေါ့။ လင်းဖန်ကလည်း ရှားဝမ်ချွေ့ရဲ့ ကောင်လေးဆိုတော့ သူ့ကိုလည်း ကူညီပေးမှာပါ" လီလုံက ပြုံးကာ ပြောလိုက်၏။

"လင်းဖန် အခု ဘယ်လိုကားမျိုး မောင်းနေလဲ မသိဘူးနော်။ သူ့ကားက မကောင်းရင် ရှားဝမ်ချွေ့တော့ ရှက်မှာပဲ" လီလုံက ပြောလိုက်သည်။

"ဟုတ်တယ်။ လင်းဖန်က အခုကြယ်ပွင့်ကြီး ဖြစ်နေပြီးဆိုတော့ သူ့ကားက ကောင်းမှာပါ။"

"လင်းဖန်က ယွမ် သိန်းဂဏန်းလောက်တန်တဲ့ ကားမျိုးတော့ မောင်းနိုင်မှာပါ။ ဒါပေမယ့် လင်းဖန် စူပါစတားဖြစ်လာတာ ၃ လပဲရှိသေးတာဆိုတော့ သူ ငွေဘယ်လောက်ရှာထားနိုင်လဲဆိုတာ ပြောရခက်တယ်။ တစ်ပြားတစ်ချပ်မှတောင် မရှိတာမျိုးလည်း ဖြစ်နိုင်သေးတယ်။"

"အခုခေတ်မှာ စီမံရေးကုမ္ပဏီတွေက နာမည်ကျော်တွေကို အရမ်းအနိုင်ကျင့်လွန်းပါတယ်ကွာ။ ကျောထောက်နောက်ခံ မရှိတဲ့ အနုပညာရှင်တွေကတော့ နာကျင်ခံစားကြရမှာပဲ။"

ကောင်မလေးများနဲ့ ကောင်လေးများ စကားပြောဆိုနေကြစဥ် ပြိုင်ကားတစ်စီး ဟိုတယ်အဝင်ဝနားတွင် ရပ်တန့်သွားသည်။

ဟိုတယ် ပြတင်းပေါက်အနီးတွင် မတ်တပ်ရပ်ကြည့်နေကြသည့် လူတွေပါ ရှိလေသည်။ သူတို့ ကားကို မြင်လိုက်တော့ မျက်လုံးများ အရောင်တောက်သွားကြပါသည်။

"လခွမ်း..."

"အဲ့တာ နောက်ဆုံးထွက် Bugatti ပြိုင်ကားကြီး Bugatt Veyron Ettore Bugatti ပဲ။ အဲတာ Limited Edition ပြိုင်ကားကြီးကွ။"

"Bugatti Veyron ဟုတ်လား။ အဲ့ဒီပြိုင်ကားက မဆိုးပါဘူး။ မဟုတ်မှလွဲရော ဝမ်ကျစ်ဝမ်းရဲ့ ကားများလား။"

"ဒီပြိုင်ကားကြီးက လန်းလိုက်တာ။ တကယ့် သန်းကြွယ်သူဌေးကြီးတစ်ယောက်ပဲ ဒီလို ပြိုင်ကားမျိုးကို မောင်းနိုင်မှာမလား။”

ကောင်မလေးများ စိတ်လှုပ်ရှားသွားကြပါသည်။

သူတို့လည်း အလွန်ချမ်းသာကြသော်လည်း ဒီလိုပြိုင်ကားမျိုးကို ဝယ်နိုင်သည်ဟုတော့ မဆိုလိုပေ။

စျေးအပေါဆုံး Bugati ပြိင်ကားကတောင် ၂၅ သန်းတန်သည်။

၁ ဘီလီယံယွမ်လောက်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်က Bugatti ပြိုင်ကားတစ်စီးကို ဝယ်မှာလဲ။

ဒီ Bugatti Veyron ကြီးအကြောင်း အားလုံးတော့ မသိကြပေ။

အနည်းဆုံးတော့ အခုကောင်မလေးအများစုက ဒီပြိုင်ကားစျေးကို မသိကြပေ။

တစ်ဖက်မှာတော့ လီလုံက ခြေချိတ်ထိုင်ရင်း ပြိုင်ကားကိုတောင် လှည့်မကြည့်ပါ။ ပြိုင်ကားတွေအကြောင်း အများကြီး သိချင်ယောင် ဆောင်ပြီး အေးအေးဆေးဆေး ပြောလိုက်ပါသည်။ "Bugatti Veyron ဟုတ်လား။ သန်း ၃၀ လောက်ရှိမှာပေါ့။ မဆိုးပါဘူး။"

"လီလုံ နင် ပြိုင်ကားအကြောင်းလည်း သိတယ်လား။” ချန်းကျင်းက လီလုံကိုကြည့်လိုက်သည်။

"နည်းနည်းတော့ သိပါတယ်။ Bugatti Veyron ဆိုတာ ရှားပါးတဲ့ကားမှ မဟုတ်တာ" လီလုံက တည်ငြိမ်စွာ ပြုံးလိုက်ပါသည်။

"သြော် ဟုတ်လား" ချန်းကျင်းက ခေါင်းငြိမ့်လိုက်၏။

ထို့နောက်... မိန်းမလှလေးတစ်ယောက် ကားထဲက ထွက်လာသည်။ ရှားဝမ်ချွေ့ဖြစ်ပါသည်။

ရှားဝမ်ချွေ့ဘေးမှာ လင်းဖန် ပါလာသည်။

လင်းဖန်က ဒီအတန်းပြန်လည်တွေ့ဆွဲပွဲအတွက် ရှားဝမ်ချွေ့နဲ့အတူ လိုက်ပါလာခြင်း ဖြစ်သည်။

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ရောက်လာကြပြီဟေ့ အခုလေးတင် လင်းဖန်ကို မြင်လိုက်တယ်။ ဒီလောက်ထိ ချောလိမ့်မယ်လို့ထင်မထားဘူး။"

"လင်းဖန်က တကယ်ချောတာပဲ။ လင်းဖန် မျက်နှာကို မြင်လိုက်လား။ ခဏလေးဆိုပေမယ့် တကယ်ချောတာပဲ။ တီဗီထဲကထက်တောင် ပိုချောနေသေးတယ်။"

"ပြီးတော့ လင်းဖန်ရဲ့ ကားက သိန်းဂဏန်းလောက် တန်တာ မဟုတ်ဘူး။ သန်းဆယ်ချီပြီး တန်တယ်။"

ကောင်မလေးများစွာ ရှက်သွေးဖြာကုန်ကြပါပြီ။

လင်းဖန်ကို လူကိုယ်တိုင်မြင်လိုက်ရတော့ သူ့အရှိန်အဝါအစစ်ကို ခံစားသွားရသည်။

ကင်မရာရှေ့နဲ့ လက်တွေ့ဘဝတို့ရှိ နာမည်ကျော်များ၏ ခြားနားချက်လည်း ဖြစ်သည်။

သူ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ် ရုပ်ရည်ပဲဖြစ်ဖြစ် လင်းဖန်က ကောင်မလေးများကို မှင်သက်သွားအောင် လုပ်နိုင်ခဲ့ပါသည်။

အမှန်ပင်။ လင်းဖန်၏ မျက်နှာကို ကောင်မလေး အတော်များများက သိပ်မမြင်လိုက်ကြပေ။ ကားထဲကထွက်ပြီး ဟိုတယ် ဝင်ပေါက်ဆီ လမ်းလျှောက်လာဖို့ စက္ကန့်ပိုင်းသာ ကြာ၏။ သူတို့ ပြတင်းပေါက်မှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပေ။

ကောင်မလေးများ၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ လီလုံ အနည်းငယ် အနေခက်သွား၏။

သူလည်း သန်းဆယ်ချီတန်သည့် ကားတစ်စီးကို မောင်းလာခဲ့သည်။ သူ့တုန်းကကျတော့ ဘာလို့ ဒီကောင်မလေးတွေ မအော်ကြတာလဲ။

လင်းဖန်က သူ့ထက် နည်းနည်းပိုကြည့်ကောင်းပြီး Bugatti Veyron တစ်စီးမောင်းလာရုံပဲ မဟုတ်ဘူးလား။

သူလည်း ဒီလိုကားမျိုး ဝယ်နိုင်ပါသည်။

ကျောင်းမင်က ပြောလိုက်သည်။ "Bugatti ပြိုင်ကားတွေက အဲ့လောက်ကြီး မကောင်းပါဘူး။ တစ်ဖက်မှာတော့ ဝမ်ကျစ်ဝမ်းရဲ့ Ferrari ကမှ တကယ်လန်းတဲ့ ပြိုင်ကားပဲ။ တော်တော် မိုက်တာကွ။"

"လီလုံ မင်းလည်း သန်းဆယ်ချီတန်တဲ့ Maybach တစ်စီး မောင်းတာပဲ။ လင်းဖန် သန်းဆယ်ချီတန်တဲ့ ပြိုင်ကားတစ်စီး ဝယ်နိုင်မယ်လို့ ထင်မထားဘူး။ တကယ်တော်တာပဲ။"

ထိုအချိန်တွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သီးသန့်အခန်း၏ ဝင်ပေါက်နား ရောက်လာကြပြီဖြစ်သည်။

တံခါးရှေ့တွင်ရပ်ပြီး ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။ လင်းဖန်၏ လက်မောင်းကို ဖက်လိုက်ပြီး အထဲဝင်လာခဲ့ကြပါသည်။

ဒါက မပြောပလောက်သော လုပ်ရပ်လေးဖြစ်သော်လည်း လင်းဖန်ကို အလွန်နွေးထွေးသွားစေပါသည်။

ရှားဝမ်ချွေ့၏ အတန်းဖော်များစွာက သူမကို သဘောကျကြသည်။

ဒီအတန်းပြန်လည်တွေ့ဆုံပွဲမှာ ရှားဝမ်ချွေ့ ပထမဆုံး လုပ်လိုက်တာက လင်းဖန်နဲ့ သူမတို့၏ ဆက်ဆံရေးအား ထိုလူတွေကို အသိပေးလိုက်ခြင်း ဖြစ်သည်။

"မင်္ဂလာပါ" ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အတူတူ ဝင်လာခဲ့ကြသည်။ သီးသန့်အခန်းထဲတွင် တက္ကသိုလ်အတန်းဖော်ဟောင်းများစွာ ထိုင်နေတာကို မြင်သောအခါ သူမ ပြုံးလိုက်၏။

လင်းဖန် ဝင်လာသောအခါ... ကောင်မလေးအားလုံး မှင်သက်သွားကြသည်။

အားလုံး လင်းဖန်၏ မျက်နှာကို မြင်လိုက်ရသည်။

လင်းဖန်က သာမန် အဝတ်အစားများ ဝတ်ဆင်ထားပြီး ဘရန်းဒက် အဝတ်အစားများ မဝတ်ဆင်ထားသလို Rolex နာရီလည်း ပတ်မထားပေ။ သို့သော် သန့်ရှင်း သပ်ရပ်ပြီး သာမန်ထက် ထူးကဲသော အရှိန်အဝါမျိုး ထွက်ပေါ်နေပါသည်။

သူတို့ လင်းဖန်၏ ဓာတ်ပုံများကို မြင်ဖူးသော်လည်း မျက်နှာကို ကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ တုန်လှုပ်သွားခဲ့ရပါသည်။

ကောင်မလေးတွေလည်း ရုပ်ချောချော ကောင်လေးများကို ကြည့်ရတာ သဘောကျသည်။ အထူးသဖြင့် လင်းဖန်လို ရုပ်ချောချော ကောင်လေးမျိုးဖြစ်သည်။

ကောင်မလေးများ မျက်လုံးကျယ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါသည်။

လင်းဖန်က အပြင်မှာ အများကြီး ပိုချောပါသည်။

"ချွေ့ချွေ့ မတွေ့တာကြာပြီ" ချန်းကျင်းက ခင်မင်ရင်းနှီးသော မျက်နှာထားဖြင့် ပြေးလာခဲ့ပါသည်။

All Chapters