← Chapters

ယွမ် သန်း ၂၀၀ တန်ပြိုင်ကား (၂)

Vol. 17 Ch. 246

ယွမ် သန်း ၂၀၀ တန်ပြိုင်ကား (၂)

Vol. 17 Ch. 246

"အင်း~ ဒါငါ့ကောင်လေး လင်းဖန်လေ" ရှားဝမ်ချွေ့က ပြုံးပြီး လင်းဖန်ကို သူမ၏ အတန်းဖော်များနဲ့ မိတ်ဆက်ပေးလိုက်ပါသည်။

"မင်္ဂလာပါ" လင်းဖန်ကလည်း ပြုံးပြလိုက်ပါသည်။

လင်းဖန် အပြုံးကို မြင်လိုက်ရသောအခါ ချန်းကျင်း ပြောလိုက်ပါသည်။ "ချွေ့ချွေ့ နင့်ကောင်လေး လင်းဖန်က အရမ်းချောတာပဲနော်။ တီဗီထဲကထက်တောင် ပိုချောနေသေးတယ်။"

"မင်္ဂလာပါ လင်းဖန် ကျွန်မက ချွေ့ချွေ့ရဲ့ သူငယ်ချင်း ချန်းကျင်းပါ" ချန်းကျင်းက ပြောလိုက်သည်။ သူမ မျက်နှာက အနည်းငယ် နီရဲနေပြီး လင်းဖန်ကို ဦးစွာ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်သည်။

"မင်္ဂလာပါ" လင်းဖန်က ချန်းကျင်းနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ကောင်မလေးကို အခွင့်အရေး မယူခဲ့ပါ။

သူ့မိန်းမက သူ့ဘေးမှာ ရှိနေသည်။ ကောင်မလေးများကို အခွင့်အရေးယူချင်ပါက သူမကိုသာ အခွင့်အရေးယူသင့်ပါသည်။

အပြင်ဘက်မှာဆို လင်းဖန်က တခြားကောင်မလေးများနဲ့ ခပ်ခွာခွာနေတတ်သည်။

ချန်းကျင်းကသာ လင်းဖန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ မဦးဆောင်ပါက သူလည်း ကောင်မလေးများနဲ့ လက်ဆောင်နှုတ်ဆက်ဖို့ ဦးဆောင်မှာ မဟုတ်ပေ။

ထိုကဲ့သို့ အနုစိတ်လုပ်ရပ်တစ်ခုကြောင့် ချန်းကျင်း သူ့ကို အထင်ကြီးသွားမိပါသည်။

ရှားဝမ်ချွေ့က သူ့ကောင်လေးကို သေသေချာချာ ရွေးချယ်ထားသည့်ပုံပင်။

ထို့နောက် ကောင်မလေးများစွာ သူတို့နား ဝိုင်းလာကြ၏။

"ချွေ့ချွေ့ နင်က ကောင်လေးတောင်ရပြီး တရားဝင်တောင် ကြေညာပြီးပြီနော်။ ချိုမြိန်လိုက်တဲ့ အချစ်ရေးလေးပါလား။"

"လင်းဖန်ကို အတန်းတွေ့ဆုံပွဲဆီတောင် ခေါ်လာသေးတယ်။ နင့်မှာ ဒီလောက်ချောတဲ့ ကောင်လေးရှိနေတာ ကြွားချင်လို့ပေါ့လေ။"

"သူ့ကို လူကိုယ်တိုင် မတွေ့ရခင်က ဒီလောက် ကြည့်ကောင်းမယ် ထင်မထားဘူး။ လင်းဖန်သာ ငါတို့နဲ့ အတူတူ တက္ကသိုလ်တက်ရင် သေချာပေါက် King ဖြစ်လာနိုင်တယ်။"

"လင်းဖန် WeChat မှာ ငါတို့ လာ Add လို့ ရမလား။"

ကောင်မလေးများစွာက ရှားဝမ်ချွေ့၊ လင်းဖန်တို့ကို ဝန်းရံပြီး ယဥ်ကျေးမှုအရ စကား တချို့ ပြောလိုက်ပါသည်။

လင်းဖန်ကို WeChat မှာ Add ချင်သည့် ကောင်မလေးများစွာ ရှိနေမှန်း သိသာပါသည်။

လင်းဖန်က အလွန်ချောမောသော ကောင်လေးဖြစ်ပြီး နာမည်ကျော်တစ်ယောက်လည်း ဖြစ်သည်။ သန်းဆယ်ချီတန်သည့် Bugatti ပြိုင်ကားတစ်စီးကိုလည်း မောင်းနှင်သည်။ မိန်းကလေးများစွာ၏ အမြင်မှာတော့ လင်းဖန်ကို အများကြီး အထင်ကြီးသွားကြပါပြီ။

လင်းဖန်က ယဥ်ကျေးစွာ ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကိုကြည့်လိုက်ပါသည်။

"အဲ့တာကတော့ ကျွန်တော့်မိန်းမရဲ့ အမြင်ပေါ်မှာပဲ မူတည်တယ်။ သူ သဘောမတူရင် ကျွန်တော်လည်း ဘာမှလုပ်လို့မရဘူး။"

မိန်းမ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားခဲ့ပါသည်။

ဝမ်ကျစ်ဝမ်းလည်း တံခါးမှ ဝင်လာရင်း ဒီမြင်ကွင်းကို မြင်သွားခဲ့သည်။

ဝမ်ကျစ်ဝမ်းတစ်ယောက် နှလုံးသားကွဲကြေသွားသလို ခံစားလိုက်ရပါသည်။

လင်းဖန်က အလွန် ထူးချွန်တာကိုတော့ ဝန်ခံပါသည်။

သို့သော်လည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က စုံတွဲတစ်တွဲသာဖြစ်ပြီး နောက်ပိုင်း လမ်းခွဲနိုင်ခြေရှိသည်ဟူသော မျှော်လင့်ချက်သေးသေးလေးတော့ သူ့ရင်ထဲမှာ ရှိနေဆဲ ဖြစ်၏။

နောက်ဆုံးမှာတော့ လင်းဖန်ကို ကိုယ်တိုင် မြင်လိုက်ရချိန်တွင် ရှားဝမ်ချွေ့ကို မိန်းမလို့ ခေါ်တာကို ကြားလိုက်ရပါသည်။ ရှားဝမ်ချွေ့ကလည်း ဘာမှ ပြန်မငြင်းပါ။

ဝမ်ကျစ်ဝမ်းတစ်ယောက် အချက်ပေါင်းများစွာ အထိုးခံလိုက်ရသလို ခံစားလိုက်ရပါသည်။

ခဏတာမျှ သူ့အခြေအနေက အနည်းငယ် အရောင်မှေးမှိန်သွားသလို ခံစားလိုက်ရသည်။

ဒီခွေးကောင်... သူမကို မိန်းမလို့တောင် ခေါ်နေပါပြီ။ သူ့မှာ အခွင့်အရေးရှိပါဦးမလား။

ရှုယန်သူ့ကို ပြောလိုက်သည့်စကားအား ဝမ်ကျစ်ဝမ်း နားလည်စပြုလာပါသည်။

ရှားဝမ်ချွေ့က ခေါင်းငုံ့လိုက်ပြီး နူးညံ့စွာ ပြောလိုက်ပါသည်။ "ရပါတယ်။ သူတို့တွေက ငါ့သူငယ်ချင်းတွေပဲကို။ တစ်ယောက်နဲ့ တစ်ယောက် WeChat မှာ Add ထားတာ ဘာမှ မဖြစ်ပါဘူး...။ ပြီးတော့ ငါလည်း နင့်ကို ယုံပါတယ်။"

လခွမ်း... ဘာလို့ ဒီလောက် သဘောကောင်းတဲ့ ကောင်မလေးကို ပိုင်ဆိုင်သွားရတာလဲ။

ဝမ်ကျစ်ဝမ်းသက်ပြင်းချလိုက်သည်။

သူ ထပ်ပြီး နာကျင်သွားရပါသည်။

သူတို့ရဲ့ ချစ်ကြည်နူးနေတာကို ထပ်ပြီး ကြွားနေကြပြန်ပြီ။

သူက ရှားဝမ်ချွေ့ရဲ့အတန်းထဲမှာ အတော်ဆုံးလူဖြစ်သည်။ သို့သော်လည်း သူ ဝင်လာသောအခါ ဘယ်သူမှ သူ့ကို အရေးမစိုက်ကြတော့ပေ။

အားလုံး၏ စိတ်ဝင်စားမှုက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ဆီမှာသာ ရှိနေခဲ့ပါသည်။

ရှားဝမ်ချွေ့ သဘောတူလိုက်တာကို မြင်ပြီးနောက် လင်းဖန်က WeChat မှာ ကောင်မလေးများစွာကို Add လိမ့်မည်ဟု ထင်ထားခဲ့သည်။

လင်းဖန်က ကောင်မလေးများကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော့်ကို WeChat မှာ Addစရာ မလိုပါဘူးဗျာ။ အားလုံးက ဝမ်ချွေ့သူငယ်ချင်းတွေပဲဥစ္စာ။ တစ်ခုခုလိုအပ်တာရှိရင် သူ့ကိုပဲ ဆက်သွယ်လိုက်ပေါ့။ နောက်မှ သူ ကျွန်တော့်ကို ပြန်ပြောပြလိမ့်မယ်။"

ရှားဝမ်ချွေ့ "~~~"

သူတို့ကို လင်းဖန် ယဥ်ယဥ်ကျေးကျေး ငြင်းလိုက်တာကို သိလိုက်ရသောအခါ ကောင်မလေးများစွာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ။

လင်းဖန်ကို ခိုးတွဲချင်သည့် ကောင်မလေးတချို့လည်း အကြံကို လက်လွှတ်လိုက်ရပါသည်။

လင်းဖန်က သူတို့ကို WeChat မှာ Add ဖို့တောင် အခွင့်အရေး မပေးခဲ့ပါ။

သူ့မိန်းမရှေ့မှာတော့ လင်းဖန် မသေချင်သေးပေ။

သူ့မိန်းမက သူ့ကို WeChat မှာ ကောင်မလေးများစွာ Add ခွင့်ပေးသော်လည်း သူ တကယ်လုပ်ရဲပါ့မလား။

ရှားဝမ်ချွေ့လည်း သူ့ရှေ့မှာ WeChat တွင် ကောင်လေးများစွာကို Add ပါက သူ နေတတ်မည် မဟုတ်ပေ။

ထို့အပြင် ဒီကောင်မလေးတွေနဲ့ နေ့တိုင်း WeChat မှာ လင်းဖန် စကားမပြောချင်ပါ။

သူ့မှာ အချိန်နဲ့ အားအင်များ ပိုလျှံနေလျှင် ရှားဝမ်ချွေ့နဲ့သာ အချိန်ဖြုန်းပါမည်။

တစ်နေ့နေ့ကျ ရှားဝမ်ချွေ့ သည်းမခံနိုင်တော့သည့်အခါ သူ သေသွားနိုင်တယ် မဟုတ်လား။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ချိုမြိန်သော အချစ်ရေးကို မြင်လိုက်ရသောအခါ မိန်းကလေးများစွာ မနာလိုဖြစ်သွားကြပါသည်။

တချို့တွေက အားကျနေပြီး တချို့တွေကတော့ ဝမ်းနည်းနေကြသည်။

ဝမ်ကျစ်ဝမ်းလည်း ဆိုဖာပေါ်ထိုင်လိုက်ပြီး ခခေါင်းခါလိုက်ပါသည်။ သူ့ကမ္ဘာကြီး မှောင်မိုက်သွားသလို ခံစားလိုက်ရပါသည်။

ကျောင်းမင်နဲ့ လီလုံတို့လည်း မျက်နှာပူသွားကြသည်။

အထူးသဖြင့် လီလုံဖြစ်၏။ သူ ကြွားဝါချင်သော်လည်း မအောင်မြင်ခဲ့ပေ။ ဒီလို မျက်နှာ ပူစရာမျိုးကို သည်းခံနိုင်မှာ မဟုတ်ပါ။

ချန်းကျင်းက သူမ၏ ဖုန်းကို ကြည့်ကာ လင်းဖန်ကို လှမ်းမေးလိုက်သည်။ "လင်းဖန် ရှင့်ပြိုင်ကားက Bugatti Veyron Ettore Bugatti ကားကြီးပါလား။ ဒါပေမယ့် အဲ့ဒီပြိုင်ကားရဲ့ မော်ဒယ်နံပါတ်ကိုတော့ ရှာမတွေ့ဘူးနော်။"

ချန်းကျင်း ထိုသို့ ပြောလိုက်သောအခါ လူများစွာ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။

ဆိုလိုရင်းက... လင်းဖန်ရဲ့ ပြိုင်ကားက အတုကြီးများလား။

ဒီလိုဆို လင်းဖန် ဒီနေရာမှာ ကိုယ့်ကိုယ်ကို အရှက်ခွဲလိုက်သလို ဖြစ်မသွားဘူးလား။

အားလုံးက ဒီလိုထင်ကြသော်လည်း ထုတ်ပြောရလောက်သည့်အထိ မတုံးအကြပါ။

လီလုံ တုန်သွားသည်။

ကြည့်ရတာ သူတော့ နှိမ်ကွက်တစ်ခုကို တွေ့သွားပြီထင်သည်။

လီလုံမှာလည်း ပြိုင်ကားဝယ်သည့် App တစ်ခု ရှိပါသည်။

ကမ္ဘာကြီးထဲက ဘယ်လို ကားရောင်းဝယ်ရေးကမှ Bugatti Veyron Ettore Bugatti ကြီးကို ရောင်းမှာ မဟုတ်တာကိုလည်း လီလုံ သိလိုက်ရသည်။

လီလုံ စကားပြောဖို့ ကြံလိုက်စဥ် ဝမ်ကျစ်ဝမ်းက လီလုံပခုံးကို ကိုင်လိုက်သည်။

"မင်းတို့ ဒီပြိုင်ကားကို မတွေ့တာ မထူးဆန်းပါဘူး။ အဲ့တာက ရောင်းဖို့မှ မဟုတ်တာကွ။"

"Bugatti Veyron Ettore Bugatti ပြိုင်ကားကို Bugatti ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာပဲ ကြည့်လို့ ရတယ်။"

"အဲ့ဒီပြိုင်ကားက သိပ်မကြာသေးခင်ကမှ Bugatti ကော်ပိုရေးရှင်းကနေ လင်းဖန်အတွက် သီးသန့် ဒီဇိုင်းဆွဲပေးထားတဲ့ ကားပဲ။ ပြီးတော့ အဲ့ဒီပြိုင်ကားက ၂၂၃ သန်း ယွမ် တန်တယ်။ Limited Edition ပြိုင်ကားတစ်စီးပဲ" ဝမ်ကျစ်ဝမ်းက ပြောလိုက်သည်။

သူ ရှားဝမ်ချွေ့ကို ပိုးပန်းဖို့ လက်လျှော့လိုက်ပါပြီ။

လင်းဖန်ကို ကူညီပြောပေးပါက သူနဲ့ နီးစပ်နိုင်သည်။

လင်းဖန်လိုလူမျိုးက ရှိန်စရာ နောက်ကြောင်းရာဇဝင် ရှိသည်။ သူနဲ့ ဘယ်သူက မရင်းနှီးချင်ဘဲနေမှာလဲ။

ဝမ်ကျစ်ဝမ်းက အားလုံး၏ ရင်ထဲတွင် ဂုဏ်သိက္ခာရှိသူတစ်ယောက်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက ဝမ်ကော်ပိုရေးရှင်း၏ ဆက်ခံသူပဲ မဟုတ်လား။

ထို့အပြင် ဒါက အမှန်တရားလည်း ဖြစ်သည်။

Bugatti Veyron Ettore Bugatti ပြိုင်ကားကြီး၏ တန်ဖိုးက ဒီလောက်ထိ မြင့်မားပါသည်။

ကမ္ဘာပေါ်မှာ သန်းရာကျော်တန်သည့် ပြိုင်ကား အနည်းငယ်သာ ရှိသည်။

ဒီပြိုင်ကား၏ စျေးက ၂၂၃ သန်း ဖြစ်သည်။

ဝမ်ကျစ်ဝမ်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မိန်းကလေးအားလုံး၏ မျက်လုံးများ မယုံနိုင်စွာဖြင့် ပြူးကျယ်သွားခဲ့ပါသည်။

လီလုံလက်ထဲ ကိုင်ထားသည့် ဝိုင်ခွက်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

လီလုံက Bugatti ကော်ပိုရေးရှင်း၏ တရားဝင် ဝက်ဘ်ဆိုက်ကို ဖွင့်ကြည့်လိုက်သည်။

ဝမ်ကျစ်ဝမ်း ပြောတာ... မှန်ပါသည်။။

လင်းဖန်၏ ပြိုင်ကားက တကယ်ကြီး Limited Edition ပြိုင်ကား ဖြစ်သည်။

လီလုံတောင် ဒီလို မတော်မတရား ၂၂၃ သန်းစျေးနဲ့ ပြိုင်ကားမျိုးကို မမောင်းနိုင်ပါ။

အရေးအကြီးဆုံးက လင်းဖန် ဘာကြောင့် ဒီလောက်ချမ်းသာနေတာလဲ။

သူတို့အနားက လေထု တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဝမ်ကျစ်ဝမ်း၏ ရှင်းပြချက်ကြောင့် အားလုံး ထိတ်လန့်သွားခဲ့မှန်း သိသာပါသည်။

လင်းဖန်၏ သရုပ်မှန်ကို သံသယဖြစ်ခဲ့သည့် ကောင်မလေးလည်း အနည်းငယ် လိပ်ပြာမလုံဖြစ်သွားခဲ့သည်။

ဒီပြိုင်ကားအကြောင်း သူတို့ ရှာမတွေ့ခဲ့တာက အတုအယောင် ဖြစ်နေလို့ မဟုတ်ပါ။

ဒီပြိုင်ကားမျိုး ကမ္ဘာကြီးပေါ်မှာ ထပ်မထုတ်တော့တာကြောင့်သာ ဖြစ်ပါသည်။

All Chapters