သန်းကြွယ်သူဌေးတွေရဲ့ ကမ္ဘာ
Vol. 17 Ch. 247
ဝမ်ကျစ်ဝမ်း ရှင်းပြပြီးသွားသောအခါ အားလုံး မှင်သက်သွားကြသည်။
"လခွမ်း"
"၂၂၃ သန်းတန် ပြိုင်ကားတဲ့လား။"
"လခွမ်း"
"လင်းဖန်က ဒီလိုပြိုင်ကားကြီးကို မောင်းနေတာပေါ့။ သန်းဆယ်ဂဏန်းလောက်ပဲ တန်တဲ့ Bugatti Veyron ကားလို့ ထင်ထားတာ။ နောက်ဆုံးတော့ Limited Edition ပြိုင်ကား ဖြစ်နေတာကိုး။ Bugatti ကော်ပိုရေးရှင်းကနေ လင်းဖန်အတွက် သီးသန့်ထုတ်ပေးထားတဲ့ ပြိုင်ကားတဲ့။"
"ဘုရားရေး ၂၂၃ သန်းတန် ပြိုင်ကားတဲ့လား။ ငါ့တစ်နှစ်ဝင်ငွေက ၃ သန်းတောင် မရှိဘူး။ ကွာခြားချက်ပဲ။"
"လင်းဖန်က တော်လိုက်တာ။ ဒီလောက်ကောင်းတဲ့ ပြိုင်ကားကြီး မောင်းပြီး ဗီလာတစ်လုံးထဲမှာ နေတယ်။ အားကျလိုက်တာနော်။"
ကောင်မလေးများစွာ လင်းဖန်ကို ကြည့်လိုက်ကြပြီး မျက်နှာထားများလည်း ပြောင်းလဲသွားကြလေသည်။
သန်း ၂၀၀ တန်ပြိုင်ကားကြီးကို စီးနိုင်ဖို့ဆိုတာ လင်းဖန်၏ ပိုင်ဆိုင်မှုက အနည်းဆုံး ၁၀ ဘီလီယံလောက်တော့ ရှိပါလိမ့်မည်။
ဘီလီယံ ရာနဲ့ ချီပြီးတောင် ပိုင်ဆိုင်ချင် ပိုင်ဆိုင်နိုင်သည်။
အကြောင်းအရင်းကတော့ ရှင်းပါသည်။ သူ့မှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲဆိုတာ သူ့မှာ ငွေသား ဘယ်လောက်ရှိသလဲဆိုတာနဲ့ မဆိုင်ပါ။
လင်းဖန်က ကားတစ်စီးဝယ်ဖို့တောင် သန်း ၂၀၀ လောက်ထုတ်နိုင်ပါက သူ့မှာ ငွေသားတွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ။
လင်းဖန်က ချမ်းသာလွန်းပါသည်။
လက်ရှိ JD စီအီးအိုတောင် ယွမ် သန်း ၂၀၀ တန်ပြိုင်ကားမျိုးကို မမောင်းနိုင်လောက်ပါ။
Limited Edition ပြိုင်ကားလည်းဖြစ်သည်။ ကမ္ဘာပေါ်က အချမ်းသာဆုံးလူတွေတောင် မဝယ်နိုင်သည့် ပြိုင်ကားမျိုး ဖြစ်သည်။
လင်းဖန်တစ်ဦးတည်းသာ ဝယ်နိုင်၏။
ပြိုင်ကားတစ်စီးတည်းနဲ့ သတင်းအချက်အလက်များစွာ ရလိုက်ပါသည်။
လူများစွာ၏ အမြင်မှာတော့ ယွမ် သန်း ၂၀၀ ဆိုတာ သူတို့တစ်သက်လုံး ရနိုင်မည်မဟုတ်သည့် ပမာဏမျိုး ဖြစ်ပါသည်။
လင်းဖန်ကို မိန်းကလေးတွေ ဘယ်လောက် အားကျနေမလဲ စိတ်ကူးကြည့်နိုင်သည်။
လီလုံက လင်းဖန်ကို ကြည့်လိုက်ပြီး သူ့အကြည့်များ ပြောင်းလဲသွားပါသည်။
ယခင်တုန်းက သူ လင်းဖန်ကို ဂရုမစိုက်ပါ။ ယခုတော့ ထိုအကြောင်း ကြားလိုက်ရပြီး မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပါတော့သည်။
"လင်းဖန် မင်းက ဒီလောက်ကောင်းတဲ့ ကားကြီး စီးပြီး အရမ်းကောင်းတဲ့ ဗီလာကြီးမှာ နေနေတာပဲ။ အားကျလိုက်တာ" လီလုံက ပြောလိုက်သည်။ သူ့ရှေ့ထွက်လာပြီး ပြုံးပြလိုက်ပါသည်။
"အားလုံးပဲ ကျွန်တော့်ကို ဆက်မချီးကျူးကြပါနဲ့တော့။ ထိုင်ပြီး စားကြသောက်ကြရအောင်။ စားရင်းနဲ့မှ စကားပြောရအောင်လား။ ကားဆိုတာ သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခုဖြစ်ပြိး အိမ်ဆိုတာလည်း နေစရာ နေရာတစ်ခုပါပဲ။ နည်းနည်းကြီးတာကလွဲပြီး ကျွန်တော်နေတဲ့ အိမ်ကလည်း တခြားသူတွေရဲ့ အိမ်နဲ့ ဘာမှ မခြားနားပါဘူး" လင်းဖန်က ပြောလိုက်သည်။
သူက ရှားဝမ်ချွေ့ကို အတန်းဖော်များနဲ့ တွေ့ရဖို့ အဖော်လိုက်လာပေးခြင်းသာ ဖြစ်သည်။ လင်းဖန် ကြွားဖို့ဝါဖို့ စိတ်မဝင်စားပါ။
သူ့ရဲ့ အထင်ကြီးစရာ ပိုင်ဆိုင်မှုနဲ့ ပြိုင်ကားတွေကို လေလုံးထွားပြပြီး သူဌေးသားတစ်ယောက်လို ကြွားဝါနေတာက အဓိပ္ပာယ် မရှိလှပါ။
သူက ကုမ္ပဏီများစွာတွင် ရှယ်ယာပိုင်ဆိုင်ထားသည်။ Bugatti, LV နှင့် Chanel စသည်တို့ဖြစ်သည်။ သို့သော်လည်း ထိုကုမ္ပဏီများ၏ ရှယ်ယာများက ပြန်ရောင်းချလို့ မရပေ။
လင်းဖန်က အစုပေါ်အမြတ်တချို့သာ ရယူနိုင်သည်။ သူ့ကိုယ်ပိုင် ကုမ္ပဏီတွေမဟုတ်တာကို လင်းဖန် ကောင်းကောင်းသိပါသည်။
ယွဲ့ဟွာမှာကတည်းက လင်းဖန် သူ့စိတ်ဓာတ်ကို ပြုပြင်ထားပြီးသား ဖြစ်သည်။
သူ့မိန်းမ ရှားဝမ်ချွေ့မှာ ပိုင်ဆိုင်မှု ဘီလီယံဆယ်ချီပြီးရှိသည်။ စုရှောင်းယွီဆို ပြောဖို့တောင် မလိုတော့ပါ။
ကမ္ဘာကြီးပေါ်က အချမ်းသာဆုံးလူမှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေမလဲ။ သာမန်လူတွေကတော့ ဘယ်ယှဥ်နိုင်ပါ့မလဲ။
လင်းဖန် ထိုစကားပြောတာကို ကြားသွားပြီး ကောင်မလေးများ၏ သူ့အပေါ် စိတ်ဝင်စားမှုက ပိုပြီး နက်ရှိုင်းသွားပါသည်။
လခွမ်း။ လင်းဖန်က ဘာလို့ ဒီလောက် ချမ်းသာတာတောင် နှိမ့်ချနေတတ်တာလဲ။
လီလံ၊ ကျောင်းမင်နဲ့ ဝမ်ကျစ်ဝမ်းတို့ကို ကြည့်ပါဦး။ သူတို့ချမ်းသာမှန်း ဘယ်သူမှ မသိမှာကို စိုးရိမ်နေကြတာ။
လင်းဖန်ကို ကြည့်လိုက်။ ပြိုင်ကားအကောင်းစားကြီး မောင်းနေမှန်း သိသာပေမယ့် သူ့ကြွယ်ဝမှုကို ထုတ်မကြွားဘူး။
လင်းဖန် ပြိုင်ကားက မီလီယံဆယ်ဂဏန်းလောက်ပဲ ရှိတယ်လို့ အကုန်လုံး ဝိုင်းပြောကြတုန်းကတောင် လင်းဖန် ပြန်မချေပခဲ့ဘူး။ ဘယ်လို ပြိုင်ကားမျိုးလဲဆိုတာ လင်းဖန် စိတ်မဝင်စားဘူး။
"လင်းဖန်။ မင်းကတော့ လွန်လွန်းပါတယ်။ ကားတစ်စီးဆိုတာ ဘယ်လိုလုပ် သယ်ယူပို့ဆောင်ရေးယာဥ်သက်သက် ဖြစ်မှာလဲ။ အဲ့တာဆို မင်းမှာ ဘာလို့ Limited Edition ပြိုင်ကားကြီး ရှိနေရတာလဲ။ Bugatti ကော်ပိုရေးရှင်းကတောင် မင်းအတွက် သီးသန့်ထုတ်ပေးထားတာဆိုပဲ" ကျောင်းမင်က အပြုံးဖြင့် ပြောလိုက်ပါသည်။
သူ့စကားလုံးများ နောက်ကွယ်က အဓိပ္ပာယ်က အလွန်ရှင်းသည်။ လင်းဖန် တကယ်ကြွားရတာ စိတ်မဝင်စားလျှင် သူ့အတွက် Bugatti ကော်ပိုရေးရှင်းကို ပြိုင်ကားတစ်စီး သီးသန့်ထုတ်ခိုင်းပါ့မလား။
လင်းဖန်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "အရင်တစ်ခေါက်တုန်းက ကျွန်တော့် Bugatti La Voiture Noire ကားက အက်ဆီးဒင့်ဖြစ်သွားတာလေ။ Bugatti ကော်ပိုရေးရှင်းရဲ့ ဘော့စ်က ငါ့အတွက် ပြိုင်ကားအသစ်စက်စက် တစ်စီး ထုတ်ပေးဖို့ စိတ်အားထက်သန်နေလို့ ရွေးချယ်စရာမရှိဘဲ သူများဆီက ပြိုင်ကား လက်ခံလိုက်ရတာပါ။”
လင်းဖန်က Limited Edition ပြိုင်ကားတစ်စီးကို သီးသန့်ထုတ်လုပ်ပေးဖို့ ဘယ်တော့မှ မစဥ်းစားဖူးပါ။ သူ စိတ်မဝင်စားပေ။
သန်း ၂၀၀ တန် ပြိုင်ကားတစ်စီးကို မောင်းရတာနဲ့ သန်းချီတန်သည့် Rolls-Royce Cullinan ကားကို မောင်းရတာာက လင်းဖန်အတွက် များများစားစား ထိခိုက်မှု မရှိပါ။
လီလုံ "..."
ကျောင်းမင် "..."
ဝမ်ကျစ်ဝမ်း "..."
သူတို့သုံးဦး မှင်သက်သွားကြသည်။
အဲ့တာ လူစကားတောင် ဟုတ်ရဲ့လား။
လင်းဖန်အတွက် ပြိုင်ကားတစ်စီး ဒီဇိုင်းဆွဲပေးဖို့ တိုက်တွန်းခဲ့တာက Bugatti ကော်ပိုရေးရှင်း၏ စီအီးအိုကိုယ်တိုင် ဖြစ်နေပါသည်။
လင်းဖန်က ရွေးချယ်စရာမရှိဘဲ လက်ခံခဲ့ရခြင်းသာ ဖြစ်သည်။
ဆိုလိုရင်းက လင်းဖန်နဲ့ Bugatti ကော်ပိုရေးရှင်း၏ စီအီးအိုတို့က အတော်လေး ဆက်ဆံရေး ကောင်းမွန်ရမည်။
တကယ်တော့ လင်းဖန်က Bugatti ကော်ပိုရေးရှင်းတစ်ခုလုံးတွင် သာမန်မဟုတ်သော အကျိုးခံစားခွင့်မျိုး ရရှိထားသည်။
ချန်းကျင်းက လင်းဖန်ကို ကြည့်လိုက်ပြီး သတ္တိမွေးလိုက်ပါသည်။ သူမ ရှေ့လျှောက်လာပြီး ပြောလိုက်သည်။ "လင်းဖန် ကျွန်မ ရှင့်ကို WeChat ပေါ်မှာ Add ချင်သေးတယ်။ Add ပေးလို့ မရဘူးလား။”
တခြား ကောင်မလေးတွေလည်း ရှေ့တိုးလာပြီး လင်းဖန်ကို ကြည့်လိုက်ကြပါသည်။ သူတို့အားလုံး လင်းဖန်ကို WeChat ပေါ်မှာ Add ချင်ကြပါသည်။
ဒီက ကောင်မလေးများစွာက ထူးချွန်ပြီး ပုံမှန်ဆို ဣန္ဒြေရှိကြသော်လည်း လင်းဖန်၏ ကြွယ်ဝမှုကိုတော့ ခံနိုင်ရည် မရှိကြပါ။
လင်းဖန် အလွန်ချောမောနေတာကိုလည်း ခံနိုင်ရည် မရှိကြပေ။
အထူးသဖြင့် ကောင်လေးများ အတူတူထိုင်နေသည့်အခါ ကွာခြားချက်က သိသာလွန်းပါသည်။
ဝမ်ကျစ်ဝမ်း၊ ကျောင်းမင်၊ လီလုံတို့ လုံးဝ အနိုင်ယူခံလိုက်ရသည်။
ဒီလိုလူတွေမပြောနဲ့ ချောမောသည့် ရှုယန်တောင် လင်းဖန် အနိုင်ယူတာကို ခံလိုက်ရပါသည်။
ကောင်မလေးများစွာ ဒီလို ဦးဆောင်ပြီး တောင်းဆိုနေတာကိုလည်း လင်းဖန် အသားကျနေပါပြီ။
ပုံမှန်ဆို သူတို့ကို တစ်ခါတစ်လေ WeChat ပေါ်မှာ Add ပေးတတ်ပါသည်။
ယခုတော့ သူ့မိန်းမ ဘေးမှာ ရှိနေသဖြင့် သူတို့ကို WeChat မှာ Add တာက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာပဲ မဟုတ်လား။
ထို့အပြင် သူတို့ကို WeChat မှာ Add လိုက်ပြီးရင်တောင် လင်းဖန် အလုပ် ရှုပ်ခံပြီး စာထိုင်မပို့နိုင်ပေ။
"ခင်ဗျားတို့တွေ အဲ့လိုထပ်ပြောရင် ကျွန်တော့်ကို အိမ်ပြန်ပြီး အဝတ်လျှော်ရအောင် လုပ်သလို ဖြစ်နေလိမ့်မယ်နော်" လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့ကို ထည့်ပြောပြီး သူ့ကို ကောင်မလေးများစွာ WeChat ပေါ်မှာ Add ချင်နေသည့် ပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းလိုက်ပါသည်။
မျက်နှာ အနည်းငယ် ပျက်ရသော်လည်း ကြီးကြီးမားမား ပြဿနာ မရှိပေ။ ဒီနေ့က ရှားဝမ်ချွေ့၏ အတန်းဖော်တွေ ပြန်လည်တွေ့ဆုံပွဲနေ့ ဖြစ်ပါသည်။ သူ့မိန်းမက အရေးအကြီးဆုံး ဖြစ်ပါသည်။
သို့သော်လည်း အိမ်မှာတော့ မတူပေ။ အိမ်မှာ လင်းဖန်က သေချာပေါက် အရေးအကြီးဆုံး ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် နှစ်ဝက် အလောင်းအစားက ဆက်လက်တည်ရှိနေရမည်။ ဘယ်သူက အထက်စီးမှာ နေရမလဲ ဆုံးဖြတ်သည့် ကိစ္စ ဖြစ်သည်။
"ဟားဟား ဒါဆိုလည်း အတင်းမတိုက်တွန်းတော့ပါဘူးရှင်" ကောင်မလေးတစ်ယောက်က ရယ်မောလိုက်ပြီး လက်လျှော့လိုက်ပါသည်။
ထိုင်လိုက်ကြပြီးနောက် လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့က အလွန်အပြစ်ကင်းပြီး လှပသည်။ ကောင်မလေးများနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေပါသည်။
ဒီလောက်လှပသည့် ဇနီးသည်လေး ရှိနေပါက အပြင်ထွက်သည့်အခါ ခေါ်သွားဖို့ ကောင်းပါသည်။
ဝမ်ကျစ်ဝမ်း၊ ကျောင်းမင်နဲ့ လီလုံတို့ကို ကြည့်ရင်း လင်းဖန် သက်ပြင်းချလိုက်ပါသည်။
သူတို့ ၃ ယောက်ကို တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ရှားဝမ်ချွေ့ကို သဘောကျနေမှန်း သိသာသည်။
ယခု ကောင်မလေးများစွာရှိနေပြီး အများစုကလည်း လှပကြပါသည်။ ဝမ်ကျစ်ဝမ်း၊ ကျောင်းမင်၊ လီလုံတို့က ဘယ်သူ့ကိုမဆို ကြိုက်လို့ရသော်လည်း သူ့ကြောင်မလေးကိုမှ လာကြိုက်နေကြသည်။
ယခုတော့ သူတို့ အနိုင်ကျင့်ခံရဖို့သာ ရှိတော့သည်။
ဝမ်ကျစ်ဝမ်းက လင်းဖန်နား လာထိုင်ပြီး မေးလိုက်ပါသည်။ "ညီအစ်ကိုဖန် မင်းက သန်းရာကျော်တန်တဲ့ ပြိုင်ကားမောင်းပြီး သန်းရာကျော်တန်တဲ့ နှလုံးသားရေကန်ဗီလာကြီးမှာ နေနေတာပဲ။ အားကျလွန်းလို့ ငိုတောင် ငိုချင်လာပြီ။"
လင်းဖန်က ပြုံးကာ ဝမ်ကျစ်ဝမ်းကို ကြည့်လိုက်သည်။ "ဒီတိုင်း ဗီလာသက်သက်ပါပဲ။ မင်းတို့လို ဘီလီယံဆယ်ချီပြီး ပိုင်ဆိုင်မှုရှိတဲ့လူတွေက သန်းရာကျော်လောက်ပဲ တန်တဲ့ ဗီလာကို မတတ်နိုင်စရာလား။"
ဝမ်ကျစ်ဝမ်းက မဲ့ပြုံးပြုံးလိုက်၏။ "ညီအစ်ကိုဖန်။ ပိုင်ဆိုင်မှု ဘီလီယံဆယ်ချီတယ်ဆိုတာက ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးပါ။ သန်းရာကျော်တဲ့ ဗီလာတစ်လုံးကို ဝယ်ရင် ငွေသား အပြည့်အဝ ချေရမှာလေ။ မင်းမှာ ငွေတွေ ဘာလို့ အဲ့လောက်တောင် ပေါရတာလဲ။ ပြီးတော့ မင်းရဲ့ နှလုံးသားရေကန်ဗီလာက... သန်း ၂၀၀ ကျော် တန်တဲ့ ဗီလာကြီးလေ။"
ဝမ်ကျစ်ဝမ်း၏ စကားကို ကြားလိုက်ရသောအခါ ကောင်မလေးများစွာ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
ဘုရားရေ....
လင်းဖန်က ဘယ်လိုလူမျိုးလဲ။
သန်း ၂၀၀ တန် ပြိုင်ကား တစ်စီးကို မောင်းနေတာနဲ့တင် အထင်ကြီးဖို့ကောင်းနေပါပြီ။
သူ နေတဲ့ ဗီလာကြီးကပါ သန်း ၂၀၀ တန်သည်။
သူ့အိမ်က တခြားသူတွေရဲ့ အိမ်ထက် အနည်းငယ်သာ ကြီးသည်ဟုတောင် လင်းဖန် ပြောခဲ့သေးသည်။
အနည်းငယ်ကြီးတယ်ဆိုတာ ဒါကိုပြောတာလား။
ရှန်ဟိုင်းမြို့က အိမ်စျေးများက အလွန် မြင့်မားသည်။
လူအမြောက်အများက ၎င်းတို့၏ တစ်နှစ်ဝင်ငွေနဲ့ မြို့တော်ဗဟိုက ရေအိမ်ကိုတောင် တတ်နိုင်ကြမှာ မဟုတ်ပါ။
သို့သော်လည်း လင်းဖန်၏ မြို့တော်ဗဟိုရှိ နှလုံးသားရေကန်ဗီလာကြီးက အားလုံးရဲ့ အိမ်တွေထက် အဆပေါင်းများစွာ ပိုကြီးပါသည်။
ဒါ... သန်းကြွယ်သူဌေးတွေရဲ့ ကမ္ဘာများလား။