စီအီးအိုလင်းက ဟိုတယ်ရဲ့ အဓိက ရှယ်ယာဝင်
Vol. 17 Ch. 249
ညစာစားပြီးနောက်...
ဝမ်ကျစ်ဝမ်း အားလုံးကို ကြည့်လိုက်ပြီး ဘဏ်ကတ်ကို ရက်ရောစွာဖြင့် ထုတ်လိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်၏။ "အားလုံး ဒီအတန်းပြန်လည်တွေ့ဆုံပွဲကို လာဖို့ လွယ်တာ မဟုတ်ဘူး။ ဒီတစ်ခေါက်တော့ ငါပဲရှင်းပေးမယ်။ ဘယ်သူမှ ငါ့ဆီက လုရှင်းလို့ မရဘူးနော်။"
ဒီစားသောက်ပွဲအတွက် ဝမ်ကျစ်ဝမ်းတစ်ယောက် သီးသန့်ခန်းနဲ့ စျေးကြီးဝိုင်များစွာ၏ ကုန်ကျစရိတ်ကို တွက်ချက်လိုက်သောအခါ ယွမ် ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက် ကျလိမ့်မည်။
ဝမ်ကျစ်ဝမ်း၏ ဝမ်ကော်ပိုရေးရှင်းက ဘီလီယံ ဆယ်ချီတန်သည်။ သို့သော်လည်း ဝမ်ကျစ်ဝမ်းမှာ ငွေသား သန်းဆယ်ဂဏန်းသာ ရှိပါသည်။
ယွမ် ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက် တစ်ခါတည်း ထုတ်ပေးရမှာ ဂရုမစိုက်သော်လည်း ရင်အနည်းငယ် နာမိပါသည်။
သို့သော်လည်း အားလုံးရှေ့မှာ ကြွားနိုင်သဖြင့် မဆိုးလှပေ။
မင်းဆက်သစ်ဟိုတယ်၏ ကုန်ကျစရိတ်များက အတော်လေးမြင့်သည်။
ဝမ်ကျစ်ဝမ်း ဘယ်လောက် သဘောကောင်းလဲဆိုတာကို မြင်ကာ ကောင်မလေးများစွာက ပြုံးလိုက်သည်။ ဝမ်ကျစ်ဝမ်းကို သူတို့ ပိုကြည့်မိလေလေ ပိုပြီး သဘောကျမိလေလေဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အပြင်မှာ ညစာလိုက်ကျွေးမည့်သူတစ်ယောက်ရှိတာ ကောင်းပါသည်။
ဝမ်ကျစ်ဝမ်းကလည်း ပြုံးလိုက်သည်။ ရှားဝမ်ချွေ့လည်း သူ့ကို ကျေးဇူးလာတင်လိမ့်မည်ဟု ထင်ထားသော်လည်း သူမ မလာခဲ့ပါ။
ရှားဝမ်ချွေ့က လင်းဖန်ဘေးမှာပဲ အမြဲတမ်း အလုပ်ရှုပ်နေသည်။ ယောက်ျားလေးတွေကို သူမဘက်ကတောင် စပြီး မနှုတ်ဆက်ပါ။
ယောက်ျားလေးတွေ လာနှုတ်ဆက်မှ ယဥ်ယဥ်ကျေးကျေး ပြန်ပြောတတ်ပါသည်။
ဒီအတန်းပြန်လည်တွေ့ဆုံပွဲတွင် ဟင်းလျာများစွာ တည်ခင်းပေးခဲ့သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့ကတော့ နည်းနည်းပါးပါးသာ စားပြီး ကျောက်ပုစွန်တချို့သာ စားပါသည်။
ငွေရှင်းဖို့ စောင့်နေတုန်း မန်နေဂျာတစ်ယောက် ရောက်လာခဲ့သည်။
မန်နေဂျာနောက်တွင် လှပသည့် စားပွဲထိုးမလေးတချို့လည်းပါသည်။
"မင်္ဂလာပါ ဒီတစ်ခေါက် ကျသင့်ငွေက ၇၂၃,၀၈၄ ယွမ် ဖြစ်ပါတယ်" မန်နေဂျာက အပြုံးဖြင့် ပြောလိုက်ပါသည်။
"အစ်ကိုဝမ် ငါရှင်းလိုက်မယ်လေကွာ" လီလုံက ပြုံးလိုက်သည်။ သူကလည်း ချမ်းသာသူတစ်ယောက် ဖြစ်ပါသည်။ သူ ရှားဝမ်ချွေ့ကို မပိုးပန်းနိုင်သော်လည်း ကြွားပြလို့ရပါသေးသည်။ စုရှောင်းယွီလည်း Group ထဲမှာ ရှိနေတာပဲမဟုတ်လား။
ရှားဝမ်ချွေ့မရှိရင် စုရှောင်းယွီကို ပိုးပန်းလို့ ရပါသေးသည်။
စုရှောင်းယွီ၏ အဖေက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူဖြစ်မှန်း အားလုံး သိကြပါသည်။
အရေးအကြီးဆုံးကတော့ စုရှောင်းယွီက အလွန်လှပသဖြင့် ယောက်ျားလေးပေါင်းများစွာက သူမကို သဘောကျကြသည်။
အနည်းငယ် နာကျင်စရာဖြစ်သော်လည်း လက်ခံနိုင်ပါသေးသည်္။
"မရဘူး ငါ့ဆီက လာမလုနဲ့လို့ ပြောထားတယ်လေ" ဝမ်ကျစ်ဝမ်းက ပြောလိုက်ပြီး ချက်ချင်း ဘဏ်ကတ်ကို ထုတ်လိုက်သည်။
ကောင်မလေးများစွာ ရှိနေသဖြင့် ဝမ်ကျစ်ဝမ်းကော လီလုံကော မျက်နှာမပျက်ချင်ပါ။
မိန်းမလှလေးများစွာ ရှိနေကာ ရှားဝမ်ချွေ့လည်း ရှိနေသည်။
သူတို့နှစ်ယောက် ကောင်မလေးတချို့၏ အထင်ကြီးမှုကို ရဖို့အတွက် ငွေရှင်းဖို့ ပြိုင်ဆိုင်နေကြသည်။
ဘာပဲဖြစ်ဖြစ် သူဌေးတစ်ယောက်ကသာ ယွမ် ၇၀၀,၀၀၀ ကျော်ကို တစ်ခါတည်း ထုတ်ပေးနိုင်မှာ မဟုတ်လား။ သာမန်လူတွေဆို ဒီလောက် ငွေတွေ အများကြီး ဘယ်လိုလုပ်ပြီး ထုတ်ပေးနိုင်မှာလဲ။
ထိုအချိန်တွင် မန်နေဂျာက လင်းဖန်ရှေ့ကို လျှောက်လာပြီး အနည်းငယ် ဦးညွှတ်လိုက်ပါသည်။
"ဘော့စ်လင်း ကျွန်တော်က မင်းဆက်သစ်ဟိုတယ်ရဲ့ မန်နေဂျာပါ။ မင်းဆက်သစ်ဟိုတယ်ကလည်း ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ လက်အောက်ခံကုမ္ပဏီတွေထဲက တစ်ခုပါပဲ။ ဘော့စ်လင်း ကုမ္ပဏီကိုလာရင် အကောင်းဆုံး ဝန်ဆောင်မှုကို ပေးဖို့ မစ္စယန်က အထူးတလည် ညွှန်ကြားထားပါတယ်"
"အဲ့တာကြောင့် ဒီညစာစားပွဲတစ်ခုလုံးက လုံးဝ အခမဲ့ပါ" မန်နေဂျာက ပြုံးကာ ပြောလိုက်သည်။
မန်နေဂျာကို မြင်လိုက်ရတော့ လင်းဖန် အနည်းငယ် အံ့သြသွားကာ ပြုံးလိုက်သည်။
ယန်ရှုတွင် ဟိုတယ်ခွဲများစွာ ရှိသည်။ အထူးသဖြင့် ရှန်ဟိုင်းမြို့မှာဖြစ်ပြီး ဟိုတယ်ဘရန်းတစ်ခု ဖြစ်နေခဲ့တာ ကြာပါပြီ။
ကြယ် ၅ ပွင့်ဟိုတယ်များစွာတွင် လင်းဖန် စားသမျှ အခမဲ့ ဖြစ်လောက်သည်။
သူက ခေတ်သစ်လီရှန်းဟိုတယ်၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်သည်။ တစ်ခါတစ်လေ ဟိုတယ်တွင် လာစားသောက်လေ့ရှိကာ ဟိုတယ်ကလည်း လင်းဖန်အတွက် ကျသင့်ငွေကို လျစ်လျူရှုပေးပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်၏ အဆင့်အတန်းက သိသာလွန်းသည်။
လင်းဖန်က ဒီကို စားသောက်ဖို့လာခဲ့သော်လည်း မန်နေဂျာအမြင်မှာတော့ ဟိုတယ်ကိုလာရောက် စစ်ဆေးတာ ဖြစ်နေနိုင်သည်။
လင်းဖန်က ယန်ရှုကို တစ်ခုခုသွားပြောလိုက်ပါက မင်းဆက်သစ် ဟိုတယ်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။
လင်းဖန်အတွက် ကျသင့်ငွေများကို လျစ်လျူရှုပေးခြင်းက သူ့ကို မျှားခေါ်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။
လင်းဖန်ကို မန်နေဂျာက ဘော့စ်လင်းဟု ခေါ်လိုက်တာကို ကြားလိုက်ရသည်။
ကောင်မလေးအားလုံး မယုံကြည်နိုင်သလို ဖြစ်သွားခဲ့သည်။ ဒါဘယ်လိုနေရာမို့လို့လဲ။ ကြယ် ၅ ပွင့် ဟိုတယ် မင်းဆက်သစ် ဟိုတယ်လေ။
ထို့အပြင် မင်းဆက်သစ်ဟိုတယ်က ခေတ်သစ်လီရှန်းဟိုတယ်၏ ဟိုတယ်ခွဲတစ်ခုလည်း ဖြစ်သည်။ မန်နေဂျာက လင်းဖန်ကို ဒီလိုခေါ်လိုက်သည်။
ဘော့စ်လင်း၏ ဘွဲ့အမည်က အားလုံးကို ရှင်းလင်းပြီးသား ဖြစ်သည်။
"မန်နေဂျာကြီး။ လင်းဖန်က ဟိုတယ်ရဲ့..." ချန်းကျင်းက မန်နေဂျာကို ကြည့်ကာ မေးလိုက်သည်။
"ဘော့စ်လင်းက ဟိုတယ်ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်ပြီးတော့ ကျွန်မတို့ ကုမ္ပဏီရဲ့ အဓိက ရှယ်ယာဝင်တစ်ယောက်လည်း ဟုတ်ပါတယ်။ အဲ့တာကြောင့် စီအီးအိုလင်း ဒီမှာ ညစာ လာသုံးဆောင်တာ ပုံမှန်ပါပဲ" မန်နေဂျာက လေးစားသမှုဖြင့် ပြောလိုက်ပါသည်။
မန်နေဂျာ၏ စကားကို ကြားလိုက်ရပြီးနောက် ကျောင်းသားများစွာ အံ့သြတုန်လှုပ်သွားကြသည်။
သူတို့အမြင်မှာ လင်းဖန်က ကြယ်ပွင့်ကြီး တစ်ယောက်သာ ဖြစ်သည်။
စူပါစတားတစ်ယောက်ဖြစ်သည့်အပြင် လင်းဖန်က ခေတ်သစ်လီရှန်းဟိုတယ်၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်နေလိမ့်မည်ဟု ဘယ်သူထင်မည်နည်း။
ကြယ် ၅ ပွင့်ဟိုတယ်ဖြစ်သည့် ခေတ်သစ်လီရှန်းဟိုတယ်ကြီးမှာ ရှန်ဟိုင်းမြို့တွင် ဟိုတယ်ခွဲပေါင်း များစွာနဲ့ ပိုင်ဆိုင်မှု ဘီလီယံချီပြီး ရှိပါသည်။
လင်းဖန်က ဒီဟိုတယ်ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်သဖြင့် လင်းဖန်ကလည်း ဘော့စ်ကြီးတစ်ယောက်ဖြစ်သည်ဟူသော သဘောပင်။
"ဟာ အဓိကရှယ်ယာဝင် ဘော့စ်လင်းတဲ့။ လင်းဖန်က တကယ် အရမ်းတော်ပါလား"
"နောက်ဆို ဘော့စ်လင်းလို့ ခေါ်ရတော့မှာပေါ့။ ဘော့စ်လင်းက တကယ့် ဘော့စ်ကြီးတစ်ယောက်ပဲ"
"ငါတို့ ကြယ် ၅ ပွင့်ဟိုတယ်မျိုးမှာ လာတောင် မစားရဲဘူး။ လင်းဖန်ကတော့ ကြယ် ၅ ပွင့် ဟိုတယ်ရဲ့ ဘော့စ်တောင်ဖြစ်နေပြီ။ အံ့သြဖို့ကောင်းလိုက်တာ"
"အရင်တုန်းက လင်းဖန်က စားသောက်ဆိုင်အသေးလေး တစ်ဆိုင်ဖွင့်ထားတယ်လို့ပဲလူတွေပြောကြတာ။ အခုတော့ ငါနားလည်သွားပြီ။ လင်းဖန်က စားသောက်ဆိုင်အသေးစားဖွင့်ထားတာမဟုတ်ဘူး။ ရှန်ဟိုင်းမြို့ရဲ့ ကြယ် ၅ ပွင့်ဟိုတယ်မှာ လင်းဖန် ရှယ်ယာပိုင်ထားတာပဲ"
အားလုံး၏ ချီးကျူးသံများကို ကြားပြီး ဝမ်ကျစ်ဝမ်းနဲ့ လီလုံတို့ ကြက်သေသေသွားကြသည်။
အထူးသဖြင့် လီလုံဖြစ်၏။ သူက ကြွားချင်ရုံသက်သက်သာဖြစ်သည်။ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။
အခုလည်း လင်းဖန်က ဒီဟိုတယ်ရဲ့ အဓိက ရှယ်ယာဝင်ကြီးတစ်ယောက်တောင်ဖြစ်နေသည်။
အဓိက ရှယ်ယာဝင်တစ်ယောက်၏ အဆင့်အတန်းဆိုတာ ကြယ် ၅ ပွင့်ဟိုတယ်ထဲ လင်းဖန်၏ အဆင့်အတန်းက မနိမ့်ဘူးဟူသည့် သဘောပင်။
ဒုတိယ အများဆုံး ရှယ်ယာဝင်ကို ဟိုတယ်၏ ဘော့စ်ဟု အမြဲတမ်း သတ်မှတ်လေ့ရှိကြသည်။
လင်းဖန်၏ အဆင့်အတန်းနဲ့သာဆို သူ့ထက်တောင် ပိုပြီး တော်နေပါသေးသည်။
အားလုံး၏ မျက်နှာထားများကို ကြည့်ရင်း လင်းဖန် ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော့်အတွက်နဲ့ အခမဲ့လုပ်ပေးစရာမလိုပါဘူး။ ကျွန်တော်တို့ ကျသင့်ငွေကို ပုံမှန်အတိုင်းပဲ ပေးသွားမှာပါ။ ၇၀၀,၀၀၀ က မများပေမယ့် ဟိုတယ်ကို ငွေရှုံးအောင် လုပ်လို့ မဖြစ်ဘူးလေ။ ပြီးတော့လည်း ဝမ်ကျစ်ဝမ်းနဲ့ လီလုံတို့က ပိုင်ဆိုင်မှု ဘီလီယံဆယ်ချီတဲ့ လူတွေပဲကို။ သူတို့ အဲ့လောက်လေးကို မပြောပလောက်ပါဘူး။"
သူတို့နှစ်ယောက်က ကျသင့်ငွေကို အလွန်ရှင်းချင်နေသဖြင့် လင်းဖန်လည်း ရွေးချယ်စရာ မရှိတော့ပါ။
ဟိုတယ် အစားအသောက်များကို စားသောက်ပြီး သူတို့ငွေရှင်းသင့်ပါသည်။
သူတို့က ငွေရှင်းဖို့ ပြိုင်ဆိုင်နေကြသဖြင့် လင်းဖန် မငြင်းတော့ပေ။
ဟိုတယ်က အစုပေါ်အမြတ်များ ရှင်းသည့်အခါ လင်းဖန်ကို ငွေတွေအများကြီး ပေးကြလိမ့်မည်။
လင်းဖန် ထိုသို့ ပြောတာကို ကြားလိုက်ရပြီးနောက် ဝမ်ကျစ်ဝမ်းနဲ့ လီလုံတို့၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
သူတို့ တကယ်ပဲ ဒီငွေလောက်ကို မပြောပလောက်ပါ။ သူတို့ ငွေရှင်းသည့်အခါ တစ်ခုခု မှားယွင်းသလိုမျိုး ခံစားရရုံသာ ဖြစ်သည်။
သူတို့ ကြွားဝါပြီး သိန်းဂဏန်းလောက် သုံးပြနိုင်သည်။
နောက်ဆုံးမှာတော့ လင်းဖန်က သူတို့နေရာကို ဝင်ယူသွားခဲ့ပါသည်။
ကောင်မလေးများစွာ၏ လေးစားအားကျနေသော အကြည့်ကို မြင်ပြီး ဝမ်ကျစ်ဝမ်းနဲ့ လီလုံတို့ သွေးအန်ချင်သွားသည်။
သူတို့ စားသောက်ပွဲမှာ မျက်နှာပူရရုံတင်မကဘဲ ကြွားဖို့တောင် မအောင်မြင်ခဲ့ကြပါ။
လင်းဖန်က သူတို့ရဲ့ မဟာရန်သူတော်ကြီးဖြစ်သည်။
နောက်ဆုံးမှာတော့ ဝမ်ကျစ်ဝမ်းနဲ့ လီလုံတို့ တစ်ယောက်ကို ယွမ် ၃၀၀,၀၀၀ ကျော်လောက်စီ ခွဲကာ ရှင်းလိုက်ရသည်။
ချန်းကျင်းက အားလုံးကို ကြည့်လိုက်ကြသည်။
"ငါတို့ အတူတူတွေ့ရဖို့က လွယ်တာ မဟုတ်ဘူး။ ငါတို့ ကေတီဗီသွားပြီး သီချင်းဆိုကြရအောင်လေ။ လင်းဖန်က အရမ်းအဆိုကောင်းတယ်လို့ ကြားတယ်နော််။ သူ့သီချင်း ၂ ပုဒ်စလုံးက QQ Music ရဲ့ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးပဲ။"
ချန်းကျင်း၏ အကြံပေးချက်ကို အားလုံး သဘောတူလိုက်ကြသည်။
ပေါက်သွားသည့် လင်းဖန်၏ သီချင်းဆိုနေသော ဗီဒီယိုကို သူတို့အားလုံး မြင်ဖူးပါသည်။
လင်းဖန်၏ အဆိုစွမ်းရည်က ကောင်းလွန်း၏။
"ဟုတ်ပြီ။ အတူတူ သွားကြစို့။ ငါလည်း နင့်သီချင်းသစ်ကို နားမထောင်ရသေးဘူး" ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့လည်း သူသီချင်းဆိုတာကို အလွန်ကြားချင်နေမှန်း မြင်သဖြင့် လင်းဖန် လက်ခံလိုက်သည်။
သူ တက္ကသိုလ်ဘွဲ့ရခဲ့တုန်းက ရှားဝမ်ချွေ့နဲ့ အတူတူ မနေနိုင်တော့ဘူးဟု ထင်သဖြင့် လင်းဖန် ဒီသီချင်းကို အထူးတလည် ရေးသားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လှည့်ကွက်များ၊ အချိုးအကွေ့များစွာနဲ့ ကြုံတွေ့ပြီးနောက် ရှားဝမ်ချွေ့က သူ့ဘေးမှာ အရေးအကြီးဆုံး လူတစ်ယောက်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒီနေ့ ထိုသီချင်းကို သူမအတွက် လင်းဖန် ဆိုပေးမည်။
ရှားဝမ်ချွေ့အနားမှာရှိနေပါက သူ့ဘဝကြီး လုံးဝ ပြောင်းလဲသွားသလို လင်းဖန် ခံစားမိပါသည်။
လင်းဖန်လိုက်မည်ကို ကြားသောအခါ ကောင်မလေးများစွာ အော်ဟစ်လိုက်ကြသည်။
ဝမ်ကျစ်ဝမ်း၊ လီလုံ၊ ကျောင်းမင်တို့လည်း လင်းဖန်ရှေ့မှာ ကြွားဝါချင်စိတ် မရှိကြတော့ပါ။
သူတို့လည်း လင်းဖန် သီချင်းတွေ ဘယ်လောက်ကောင်းသလဲ နားထောင်ချင်သွားကြသည်။