← Chapters

ကောင်မလေးတွေအားလုံး ဘာလို့ လင်းဖန်ဆီ ရောက်ကုန်တာလဲ

Vol. 17 Ch. 250

ကောင်မလေးတွေအားလုံး ဘာလို့ လင်းဖန်ဆီ ရောက်ကုန်တာလဲ

Vol. 17 Ch. 250

ကေတီဗီသွားကြမည်ဟု အတည်ပြုပြီးနောက် ရှားဝမ်ချွေ့ပြုံးလိုက်သည်။

သူမ ဖုန်းကို တိတ်တဆိတ်ယူကာ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ထံသို့ မက်ဆေ့ချ်ပို့လိုက်ပါသည်။

ရှားဝမ်ချွေ့ "ရှောင်းယွီနဲ့ ကျင်းကျင်းတို့။ လင်းဖန်က ကေတီဗီမှာ သီချင်းဆိုမလို့။ နင်တို့ကော လာဦးမလား။"

စုရှောင်းယွီ "..."

လင်းကျင်းကျင်း "..."

ရှုယန် "..."

စုရှောင်းယွီ "ဒါပေါ့။ ငါလည်း နားထောင်ချင်တယ်။ ငါအလုပ်လည်း ပြီးသွားပြီဆိုတော့ ဆရာ Live သီချင်းဆိုတာကို နားထောင်မယ်။"

လင်းကျင်းကျင်း "ငါလည်း လာချင်တယ်။ လိပ်စာပေးပါ။ လင်းဖန်ရဲ့ သီချင်းတွေက အရမ်းကောင်းတယ်။ လင်းဖန်သာ ငါတို့ကို စားသောက်ပွဲတွေ ချက်ကျွေးမယ်ဆို ပိုတောင်ကောင်းဦးမယ်။"

ရှုယန် "ကျင်းကျင်းရဲ့ ကောင်လေးအနေနဲ့ကော လင်းဖန်ရဲ့ ညီအစ်ကိုတစ်ယောက်အနေနဲ့ကောာ လင်းဖန် သီချင်းဆိုတာကို နားမထောင််လို့ရမလား"

လင်းခဲ့ရှင်း "ဝါး... လင်းဖန် တကယ် သီချင်းဆိုတော့မှာလား။ ငါလည်း ဖျော်ဖြေပွဲကို လာလို့ ရလား။"

ချူးယောင်ယောင် "ငါလည်းသွားမယ် ငါလည်းသွားမယ်..."

WeChat Group ထဲတွင် လင်းဖန် သီချင်းဆိုတော့မည့်အကြောင်းကို ကြားသွားကြသည်။

နာမည်ကျော်အားလုံး တက်ကြွသွားကြ၏။

လင်းဖန်၏ သီချင်းကို အားလုံးနားထောင်ဖူးကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း မြင်ဖူးကြပါသည်။

သို့သော်လည်း လင်းဖန် တိုက်ရိုက်သီဆိုတာကိုတော့ သူတို့ နားမထောင်ခဲ့ကြရပေ။

တစ်စုံတစ်ယောက်၏ သီချင်းကို နားထောင်ရာတွင် တိုက်ရိုက်သီဆိုမှုကို နားထောင်ရခြင်းက အရသာ လုံးဝ ကွဲပြားပါသည်။

ဒီကောင်မလေးများက တရုတ်တွင် နာမည်ကျော်များ ဖြစ်ကြသည်။ လင်းဖန်၏ ပရိတ်သတ်များလည်း ဖြစ်ပါသည်။

လင်းဖန် တိုက်ရိုက်သီဆိုတာကို ကြားရမည်ဆိုသဖြင့် အားလုံး ချက်ချင်း စိတ်အားထက်သန်သွားကြတော့သည်။

ကေတီဗီကို ရောက်သွားတော့ သီးသန့်ခန်း အကျယ်ကြီးတစ်ခုကို ဖွင့်လိုက်ကြသည်။

ကေတီဗီ ဘော့စ်က သူတို့ကို ကိုယ်တိုင် လာကြိုဆိုသည်။

အထူးသဖြင့် လင်းဖန်ပါ ပါလာသည်ဟု ကေတီဗီပိုင်ရှင်ကြားသွားတော့ ကျသင့်ငွေများကို လျှော့ပေးမည်ဟု ချက်ချင်း ကြေညာလိုက်သည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အထူးသဖြင့် လင်းဖန်၏ အဆိုစွမ်းရည်က ကောင်းလွန်းသည်။

ကေတီဗီဘော့စ်က လင်းဖန်၏ ပရိတ်သတ်လည်း ဖြစ်ပါသည်။

ကေတီဗီမှာ သူတို့ထိုင်လိုက်ကြတော့ အားလုံး အံ့အားသင့်သွားကြသည်။

"လင်းဖန်က အရမ်းနာမည်ကြီးတာပဲနော်။ ကေတီဗီကို လာတော့လည်း ကေတီဗီ ဘော့စ်က ငါတို့ ကျသင့်ငွေတွေ့ကို လျှော့ပေးမယ်တဲ့။"

"ဟုတ်တယ်။ ကြယ်ငါးပွင့် ဟိုတယ်မှာ စားသောက်ခဲ့တုန်းကလည်း မန်နေဂျာက အခမဲ့ ကျွေးမွေးချင်နေတယ်။ လင်းဖန် ဘာလို့ ဒီလောက်တောင် တော်ရတာလဲ။"

"လင်းဖန်ရဲ့ သီချင်းနှစ်ပုဒ်ကို ငါနားထောင်ဖူးတယ်။ အရမ်းကောင်းလွန်းပါတယ်။ QQ Music ကို ဒေါင်းလုတ်ဆွဲပြီး နားထောင်လို့ရတယ်လေ။"

"ငါအိမ်ပြန်ရင် နားထောင်လိုက်မယ်။ လင်းဖန်က ဒီမှာရှိနေတယ်ဆိုတော့ သူ တိုက်ရိုက်သီဆိုတာကို နားထောင်လို့ ရတယ်လေ။"

ကောင်မလေးများစွာက လင်းဖန်ကို လေးစားအားကျစွာ ကြည့်လိုက်ကြသည်။

လင်းဖန်က ရုပ်လည်းချော၊ ဥစ္စာလည်း ပေါသည်။ အရေးအကြီးဆုံးကတော့ အဆိုအရမ်းကောင်းပါသည်။

အမှန်ပင်။ ကေတီဗီကို လာရောက်သူက များပြားလွန်းသဖြင့် လင်းဖန်တစ်ယောာက်တည်း မိုက်ခရိုဖုန်းနဲ့ သီဆိုနေလို့ မရပေ။

အားလုံး သီချင်းတွေ အများကြီး ဆိုခဲ့ကြသည်။ ထို့နောက်... အားလုံး လင်းဖန်ကို ကြည့်လိုက်ကြ၏။

ကောင်မလေးများစွာက မျှော်လင့်စောင့်စားနေကြသည်။

နောက်ဆုံးတော့ လင်းဖန် သီချင်းဆိုတာကို သူတို့နားထောင်နိုင်ပါတော့မည်။

ထို့နောက် အားလုံးအံ့အားသင့်သွားရလောက်အောင် ဇိမ်ခံကားတချို့က ကေတီဗီဝင်ပေါက်တွင် ရပ်တန့်သွားကြသည်။

မြင်ဖူးသည့် မျက်နှာတချို့ ကားပေါ်မှ ဆင်းလာကြ၏။

စူပါစတား စုရှောင်းယွီ၊ စူပါစတား ရှုယန်၊ အဆိုတော် လင်းကျင်းကျင်း၊ နာမည်ကျော်များ ဖြစ်ကြသည့် လင်းခဲ့ရှင်းနှင့် ချူးယောင်ယောင်တို့ ကောင်မလေးနှစ်ယောက်ပါ ပါသေးသည်။

"လခွမ်း"

"နာမည်ကျော်တွေ အကုန်ရောက်လာတာပဲ။ စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်းကျင်း၊ လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့ ၅ ယောက်တောင် ရောက်လာကြတယ်။"

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့လည်း ရှိပြီးသားဆိုတော့ ငါတို့ ကေတီဗီကို လာတဲ့ နာမည်ကြီးတွေ များလှချည်လား။"

တံခါးနားကိုရောက်တော့ စုရှောင်းယွီက အရင်ဝင်သွားပါသည်။

စုရှောင်းယွီက ရှားဝမ်ချွေ့၏ တက္ကသိုလ်အတန်းဖော်လည်း ဖြစ်သည်။ သူမ အလုပ်ပြီးတာ မကြာသေးဘဲ အတန်းပြန်လည်တွေ့ဆုံပွဲကို ရောက်လာခြင်း ဖြစ်သည်။

စုရှောင်းယွီ ဝင်လာတော့ အားလုံး၏ မျက်လုံးတို့ တောက်ပသွားကြသည်။

မိန်းမလှလေး စုရှောင်းယွီ ရောက်လာပြီ။

"အစ်မဝမ်ချွေ့ ငါနောက်ကျသွားတယ်။ အားလုံးပဲ မင်္ဂလာပါ..." စုရှောင်းယွီက အားလုံးကို ကြည့်လိုက်ပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်ပါသည်။

စုရှောင်းယွီ၏ မျက်နှာကို မြင်ပြီး ဝမ်ကျစ်ဝမ်း တံတွေးမျိုချလိုက်မိသည်။

စုရှောင်းယွီ ဘာဖြစ်လို့ ဒီလောက် ကြည့်ကောင်းလာရတာလဲ။

ဝမ်ကျစ်ဝမ်းက စကားပြောဖို့ ကြံရုံရှိသေး၊ စုရှောင်းယွီက လင်းဖန်ဘေးကို ပြေးသွားသဖြင့် အခွင့်အရေးတောင် မရခဲ့ပါ။

"ဆရာ နောက်ဆုံးတော့ နင်သီချင်းဆိုတာကို လာနားထောင်နိုင်ပြီ~" စုရှောင်းယွီက ပြောလိုက်သည်။

စုရှောင်းယွီနဲ့ လင်းဖန်တို့၏ ဆက်ဆံရေးကို ကြည့်ပြီး ဝမ်ကျစ်ဝမ်း အနည်းငယ် မနာလိုဖြစ်သွားပါသည်။

လခွမ်း။ ဘာလို့ စုရှောင်းယွီကပါ လင်းဖန်နဲ့ ရင်းနှီးနေတာလဲ။

ဘာလို့ အလှအပတိုင်းက လင်းဖန်နဲ့ ရင်းနှီးနေကြတာလဲ။

မဟုတ်မှလွဲရော ဝမ်ကျစ်ဝမ်းက ဆွဲဆောင်မှု မရှိလို့လား။

သူက ပိုင်ဆိုင်မှု ဘီလီယံ ဆယ်ချီပြီး ဝမ်ကော်ပိုရေးရှင်း၏ အနာဂတ် ဆက်ခံသူလည်း ဖြစ်သည်။

နောက်ထပ် မိန်းမလှလေးတွေ ရောက်လာရင်တော့ သူ့ဘေးမှာ ထပ်ထိုင်ကြမှာ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား။

ကေတီဗီ တံခါးပွင့်လာပြီး လှပသည့် မိန်းကလေးတစ်ယောက် အားလုံးရှေ့တွင် ပေါ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ နာမည်ကြီး အဆိုတော် လင်းကျင်းကျင်း ဖြစ်သည်။

အားလုံး အံ့အားသင့် တုန်လှုပ်သွားကြသည်။ အဆိုတော် လင်းကျင်းကျင်းတောင် ဒီကို ရောက်လာလေပြီ။

လင်းကျင်းကျင်းဘေးမှာ လက်ရှိ တရုတ်နိုင်ငံ၏ စူပါစတား ရှုယန်လည်း ပါသေးသည်။

ရှုယန်ဘေးမှာ ပိုလှပသည့် မိန်ကလေးနှစ်ယောက် ရှိနေပါသေးသည်။

ဒီမိန်းကလေးနှစ်ယောက်အကြောင်း မသိသည့်လူ အင်တာနက်ပေါ်မှာ မရှိသလောက် ရှားပါသည်။

လင်းခဲ့ရှင်းက ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ Queenဖြစ်ပြီး အင်တာနက်ပေါ်မှာလည်း ရေပန်းစားသည့် မိန်းမလှလေးတစ်ယောက်ဖြစ်ကာ နာမည်ကျော် အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံးက ရပ်တည်နေဆဲ ဖြစ်သည်။

ပရိတ်သတ်များစွာက သူမ လက်ရာများကို သဘောကျကြသည်။ လွန်ခဲ့သည့် လပိုင်းလောက်က လင်းခဲ့ရှင်းမှာ ရှားဝမ်ချွေ့ထက် ပိုများသည့် ပရိတ်သတ်များ ရှိခဲ့ပါသည်။

ချူးယောင်ယောင်ကလည်း လင်းခဲ့ရှင်း၏ အတန်းဖော်ဖြစ်သည်။ Queen ဟု မသတ်မှတ်နိုင်သော်လည်း သူမ အလွန် လှပပါသည်။

နောက်ထပ် မိန်းမလှလေး ၂ ယောက် ရောက်လာပြန်ပြီ။

ထိုမိန်းမလှလေးများ ရောက်လာသည့်အခါ သူတို့၏ ပုံပန်းသဏ္ဌာန်များက မိန်းကလေးများစွာထက် သာလွန်သွားကြသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လို မိန်းကလေးမျိုးတွေကသာ လင်းခဲ့ရှင်းကို ယှဥ်နိုင်ပါသည်။

အရေးအကြီးဆုံးကတော့ သူတို့အားလုံးက နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဒီနာမည်ကျော်တွေ အကုန်လုံး ဘာဖြစ်လို့ ဒီကေတီဗီကို ရောက်လာကြတာလဲ။

ဝမ်ကျစ်ဝမ်း မှင်သက်သွားခဲ့ရသည်။

လီလုံလည်း မှင်သက်သွားခဲ့သည်။

ရှားဝမ်ချွေ့၏ အတန်းဖော်အားလုံး မှင်သက်သွားခဲ့၏။

ကျောင်းသားများကို မဆိုဦးနဲ့၊ ကေတီဗီ၏ ဘော့စ်နှင့် ဝန်ထမ်းများကပါ ထိတ်လန့်သွားကြပါသည်။ သူတို့ ချက်ချင်းပဲ ထိုနာမည်ကျော်များကို ကာကွယ်ပေးဖို့အတွက် လုံခြုံရေးအစောင့်များစွာကို စေလွှတ်လိုက်သည်။

လင်းဖန် ဒီကိုရောက်လာသောအခါ တရုတ်နိုင်ငံထဲက နာမည်ကျော်အားလုံးပါ လင်းဖန်ဆီကို ရောက်လာကြသည်။

"လခွမ်း။ နာမည်ကျော်တွေ အများကြီး ရောက်လာကြပြီ။ လင်းဖန် သီချင်းဆိုတာကို နားထောင်ဖို့ လာခဲ့ကြတာလား။"

"ပြီးတော့ အဲ့ဒီနာမည်ကျော်တွေက လင်းဖန်နဲ့လည်း ရင်းနှီးကြတယ်။"

"ဒီနေ့က အဲ့ဒီနာမည်ကျော်တွေကို လူကိုယ်တိုင်မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ အနုပညာလောကထဲက လင်းဖန်ရဲ့ ရေပန်းစားမှုကတော့ အံ့မခန်းပဲ။"

"မနာလိုလွန်းလို့ ငိုချင်လိုက်တာကွာ..."

"လင်းဖန်သီချင်းဆိုတာကို ပိုတောင် နားထောင်ချင်သွားပြီ။ လင်းဖန် သီချင်းဆိုတာ ဘယ်လောက် ကောင်းလိုက်သလဲ။ လင်းဖန်သီချင်းဆိုတာကို နားထောင်ဖို့ ဒီကိုလာတဲ့ နာမည်ကျော်တွေတောင် အများကြီးရှိတယ်။"

ကျောင်းသားများစွာ အံ့သြသွားကြသည်။

လူအမြောက်အများက လင်းဖန်ဘေးတွင် ဝင်ထိုင်လိုက်ကြပါသည်။

ဝမ်ကျစ်ဝမ်းဘေးမှာတော့ ဗလာကျင်းဖြစ်နေ၏။

ဝမ်ကျစ်ဝမ်း သွေးအန်ချင်သွားသည်။

လင်းဖန်နဲ့ယှဥ်ရင် သူ့မှာ မည်သည့် ဆွဲဆောင်မှုမှ မရှိတော့ပါ။

နာမည်ကျော်များ ရောက်လာသည့်အခါ အားလုံး၏ အာရုံစိုက်မှုက လင်းဖန်ဆီမှာသာ ရှိနေသည်။

လင်းဖန်က ကောင်မလေးရှိပြီးသားဖြစ်သော်လည်း သူ့ကို ကြည့်ချင်သည့် ကောင်မလေးများစွာ ရှိနေဆဲ ဖြစ်သည်။

ထို့နောက် သူ့ကိုယ်သူ ပြန်ကြည့်မိပြီး ဝမ်ကျစ်ဝမ်း သက်ပြင်းချလိုက်ပါသည်။

ရုတ်တရက်ကြီး ရှုယန် ဘယ်လိုခံစားခဲ့ရသလဲ နားလည်သွားခဲ့သည်။

ဝမ်ကျစ်ဝမ်း ရှုယန်ကို ထပ်ကြည့်လိုက်သည်။ ရှုယန်က လင်းကျင်းကျင်း၏ လက်ကို ကိုင်ထားပြီး အလွန်ရင်းနှီးနေကြပါသည်။

လခွမ်း။ သူ ရှုယန်ကိုတောင် မယှဥ်နိုင်တော့ပါလား။

ရှုယန်က ကောင်မလေး ရသွားပြီ ဖြစ်သည်။

ဒါ... ငါတို့ဘဝရဲ့ ခြားနားချက်တွေလား။

သူ လင်းဖန်နဲ့ မယှဥ်နိုင်တာ ဘာမှ မဖြစ်ပါ။

ယခုတော့ ရှုယန်နဲ့ပါ မယှဥ်နိုင်တော့ပေ။

All Chapters