← Chapters

Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်

Vol. 17 Ch. 252

Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်

Vol. 17 Ch. 252

ဘာမှန်းမသိလိုက်ဘဲ ၁၀ ရက်တာ ကုန်ဆုံးသွားခဲ့သည်။

ကုန်လွန်သွားသည့် ၁၀ ရက်တာအတွင်း လင်းဖန်တစ်ယောက် ဇာတ်ညွှန်းများကို အတည်ပေါက် ရေးသားနေပြီး ဝင်ငွေများများရဖို့ ပြင်ဆင်နေသည်။

ယခုလင်းဖန်တွင် စာချုပ်ချုပ်ထားသည့် စူပါစတားတစ်ယောက်ဖြစ်သော စုရှောင်းယွီ ရှိနေလေပြီ။

စုရှောင်းယွီ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သေချာပေါက် သူမကို ဆိုးဆိုးရွားရွား ဆက်ဆံလို့ မဖြစ်ပေ။

ဘာပဲဖြစ်ဖြစ် လင်းဖန်က လူတစ်ယောက်သာဖြစ်ကာ အလွန်ကြီးမားသည့် ဖျော်ဖြေရေး ကုမ္ပဏီကြီးလည်း မဟုတ်သေးပါ။

ယွဲ့ဟွာနဲ့ ဟွာစဲပစ်ချားတို့ကဲ့သို့ ဖျော်ဖြေရေး ကုမ္ပဏီများနဲ့ လင်းဖန် မယှဥ်နိုင်ပေ။

ထိုကုမ္ပဏီများ၏ စီးပွားရေးအင်အား၊ အဆက်အသွယ်၊ အရင်းအမြစ်နဲ့ အတွေ့အကြုံတို့က လင်းဖန်ထက် အများကြီး ပိုသာပါသည်။

စုရှောင်းယွီကဲ့သို့ နာမည်ကျော်မျိုးက လင်းဖန်၏ အနုပညာရှင် ဖြစ်လာခဲ့သည်။

သူမ ယွဲ့ဟွာဖျော်ဖြေရေးအတွက် ငွေရှာပေးခြင်း မဟုတ်တော့ပါ။

အခုချိန်ကစပြီး သူမက လင်းဖန်၏ အနုပညာရှင်သာဖြစ်သည်။ လင်းဖန်သာ ဆန္ဒရှိလျှင် သူမကို ထုတ်ပယ်နိုင်ပါသည်။

သို့သော်လည်း မဖြစ်နိုင်ပါ။ လင်းဖန်နဲ့ စုရှောင်းယွီတို့က ယခု ဆက်ဆံရေးကောင်းမွန်ကြသည်။

စုရှောင်းယွီနဲ့ စာချုပ်ချုပ်ဆိုခြင်းက လင်းဖန်ကို ဖိအားတချို့ များစေသည်။ ဒါက လင်းဖန်၏ အနာဂတ်အစီအစဥ်အတွက် ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။

သူသာ ဖျော်ဖြေရေးလောကထဲမှာ နေရာတစ်ခု တကယ်ရချင်ပါက ယွဲ့ဟွာတစ်ခုတည်းကိုပဲ အားကိုးနေလို့ မဖြစ်ပေ။

သူ့ဘေးက ကောင်မလေးနဲ့ ရှားဝမ်ချွေ့တို့ကို ပိုပြီး ကာကွယ်ပေးနိုင်ဖို့ ကိုယ်ပိုင် ကုမ္ပဏီကို ပိုင်ဆိုင်ထားလျှင် ပိုကောင်းပါမည်။

စုရှောင်းယွီက သူ့အနုပညာရှင်ဖြစ်ပြီးသားပင်။ ရှားဝမ်ချွေ့နဲ့ ယွဲ့ဟွာတို့၏ စာချုပ်သက်တမ်း ကုန်သွားရင်လည်း လင်းဖန်လက်အောက်က အနုပညာရှင် ဖြစ်လာနိင်ပါသည်။

လင်းဖန်က ယခု ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို လုံးဝ တည်ထောင်နိုင်နေလေပြီ။

အနုပညာရှင်တစ်ယောက် ရနိုင်သည့် ငွေက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနဲ့ မယှဥ်နိုင်ပါ။

သူ နောက်ဆုံး Sign-in ဝင်ခဲ့တာ လဝက်ရှိပါပြီ။

ဒီတစ်ခေါက် ဘာရမလဲ လင်းဖန် မျှော်လင့်စောင့်စားနေ၏။

ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ အရေးအကြီးဆုံးအရာက ပိုက်ဆံ၊ ခွန်အားနဲ့ အဆက်အသွယ်တို့ ဖြစ်သည်။ ဒါတွေအားလုံးက မရှိမဖြစ်များ ဖြစ်ကြသည်။

"ဒီတစ်ခေါက် ကောင်းကောင်းကန်းကန်းရမလား မရဘူးလားဆိုတဲ့အပေါ်မှာပဲ မူတည်နေပြီ။"

"အရင်တစ်ခေါက် ငါရထားတဲ့ ရှယ်ယာအများစုက နိုင်ငံခြားက ရှယ်ယာတွေချည်းပဲ။ ပြည်တွင်းက ကုမ္ပဏီကောင်းကောင်းတစ်ခုမှ မရသေးဘူး" လင်းဖန်က ပြောလိုက်သည်။

အခန်းထဲတွင် ထိုင်လျက် Sign-in ဝင်ဖို့ ပြင်လိုက်ပါသည်။

"ဒင်... အောင်မြင်စွာ Sign-in ဝင်ပြီးပါပြီ။"

"Alibaba ရှယ်ယာ ၅ ရာခိုင်နှုန်းကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။"

"Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင် တရားဝင်ဖြစ်သွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။"

"သက်ဆိုင်ရာ စာချုပ်စာတမ်းများနဲ့ အထောက်အထားတွေကို စနစ်သိုလှောင်ခန်းထဲ တရားဝင်ထည့်သွင်းပြီးပါပြီ။ ကျေးဇူးပြုပြီး မှတ်ထားပေးပါ သခင်လေး"

စနစ်၏ အသံကို ကြားလိုက်ရတော့ လင်းဖန် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

LV နဲ့ Chanel ရှယ်ယာများက လင်းဖန်ကို အံ့အားသင့်စေခဲ့သည်ဆိုလျှင် ဒီတစ်ခေါက်က တုန်လှုပ်စရာ ဖြစ်သည်။

Alibaba က ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျံ့နှံ့နေပြီးသား ဖြစ်သည်။

၎င်းတို့အနက် Alibaba ၏ စီအီးအိုမာက နိုင်ငံတစ်ဝှမ်းတွင် ပို၍ပင် နာမည်ကြီးသေးသည်။

Alibaba ၏ ပစ္စည်းများက နေရာတိုင်းတွင် ရှိနေသည်။

သူက Alibaba ရှယ်ယာ ၅ ရာခိုင်နှုန်းသာ ရခဲ့သော်လည်း ဒီ ၅ ရာခိုင်းနှုန်း၏ အရေးပါမှုက မသေးငယ်ပေ။

စီအီးအိုမာတောင် ရှယ်ယာ ၉ ရာခိုင်နှုန်းပဲ ပိုင်ဆိုင်ပါသည်။

Alibaba တွင် ရှယ်ယာ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် လူက အလွန်နည်းပါးသည်။

လင်းဖန်က Alibaba ၏ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်လာခဲ့၏။

ကုမ္ပဏီထဲတွင် လင်းဖန် အထက်လူကြီးတစ်ယောက်ဖြစ်လာခြင်းနဲ့ တူညီပါသည်။

Alibaba ၏ စျေးကွက်တန်ဖိုးက LV နဲ့ Chanel တို့ မယှဥ်နိုင်မည့် အရာမျိုး ဖြစ်သည်။

Alibaba ၏ စျေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၅၀.၅၆ ဘီလီယံလောက် မြင့်မားပါသည်။

RMB အဖြစ်သို့ ပြောင်းလဲပါက ၄.၅၅၂၇၄၈၉၉ ထရီလီယံ ယွမ်နဲ့ ညီမျှသည်။

၄ ထရီလီယံ RMB ကျော်ပါသည်။

Alibaba ၏ စျေးကွက်တန်ဖိုးကို စာရွက်ပေါ်မှာ ချရေးလိုက်ပါက ဂဏန်း ၁၃ လုံးရှိပြီး ၄၅၅၂၇၄၉၉၂၀၀၀ နဲ့ ညီမျှသည်။

၄ ထရီလီယံကျော်ဆိုတာ ဘယ်လိုဂဏန်းမျိုးလဲ။

တိုင်းတာလို့တောင် မရနိုင်သည့် ဂဏန်းမျိုး ဖြစ်သည်။

လင်းဖန်က ရှယ်ယာ၏ ၅ ရာခိုင်နှုန်းကို ရရှိထားသဖြင့် နှစ်တိုင်း အစုပေါ်အမြတ်နဲ့တင် ဘီလီယံချီပြီး ရပါလိမ့်မည်။

ထို့အပြင် အရေးအကြီးဆုံးက သူ့အဆင့်အတန်း ဖြစ်သည်။

Alibaba ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများအနက် အထက်လူကြီးတစ်ယောက် ဖြစ်လာသည့်အခါ လင်းဖန်က စီးပွားရေးလောကထဲက ဘော့စ်ကြီးတစ်ယောက် တကယ်ဖြစ်လာလိမ့်မည်။

"Alibaba ရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းနဲ့ ဒီအဆင့်အတန်းတွေနဲ့ဆိုရင် ရှားဝမ်ချွေ့ရဲ့ မိဘတွေက ငါ့ကို အာရုံစိုက်လာကြတော့မှာပါ" လင်းဖန်က ပြောလိုက်သည်။

"ဒါပေမယ့် ငါ့မိန်းမနဲ့ နှစ်ဝက်အတွင်း ပိုင်ဆိုင်မှုအရ ပြိုင်ရဦးမှာပဲ။ Alibaba ရဲ့ ရှယ်ယာတွေ ရထားတယ်ဆိုပေမယ့် အစုပေါ်အမြတ်ကို လိုချင်ရင် ၁ နှစ်ကို တစ်ခါပဲ ရလိမ့်မယ်" လင်းဖန်က သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်ပါသည်။

အားလုံးသိထားသည့်အတိုင်း Alibaba ၏ စီအီးအိုမာနဲ့ JD ၏ စီအီးအိုဝမ်တို့၏ လစာက ၁ ယွမ်သာ ရှိသည်။

သူတို့၏ ဝင်ငွေက နှစ်စဥ်အစုပေါ်အမြတ်များနဲ့ တခြား ဝင်ငွေလမ်းကြောင်းများသာ ဖြစ်ကြသည်။

လင်းဝမ်သာ ထိုငွေကို လိုချင်လျှင် အနည်းဆုံး ၁ နှစ်လောက် စောင့်ရဦးမည်။

ဒီနေ့ ရှယ်ယာဝင် ဖြစ်လာပြီး မနက်ဖြန် သူ့ကို ဘီလီယံချီပြီးပေးဖို့ Alibaba အတွက် မဖြစ်နိုင်ပါ။

သို့သော်လည်း နှစ်ကုန် ဘောနပ်စ်များကို ပေးသည့်အခါ လင်းဖန် ငွေတွေ အများကြီး ရနိုင်ပါလိမ့်မည်။

သို့သော် လင်းဖန် နှစ်စဥ်ဝင်ငွေ သန်းဆယ်ချီပြီး ရရင်တောင် ငွေများများစားစားရနိုင်မှာ မဟုတ်သေးပါ။

"ကြည့်ရတာ ငါဖျော်ဖြေရေးကုမ္ပဏီတစ်ခု ထောင်ရဦးမယ်ထင်တယ်။ ငါ့ကိုယ်ပိုင်ကုမ္ပဏီကနေရတဲ့ ငွေကိုမှ အေးအေးချမ်းချမ်း သုံးနိုင်လိမ့်မယ်" လင်းဖန် တစ်ယောက်တည်း တွေးလိုက်ပါသည်။

အရေးအကြီးဆုံးက သူသာ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်လျှင် သူရသည့်ငွေတွေကို သံသယဖြစ်ကြမှာမဟုတ်ပေ။

မဟုတ်ပါက လင်းဖန်က LV, Chanel နဲ့ Alibaba တို့၏ အဓိကရှယ်ယာဝင်ဖြစ်သည်ဟု ဆိုလျှင် ဘယ်သူက ယုံမည်နည်း။

Alibaba ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များအကြား ပြောင်းလဲမှု ဖြစ်ပေါ်သွားခဲ့သည်။

"မင်းတို့ ကြားပြီးပြီလား။ ငါတို့ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အထက်လူကြီးတွေ ပြောင်းလဲမှု ရှိတယ်တဲ့။ အရင် Alibaba အထက်လူကြီးဟောင်းတစ်ယောက်က သူ့ရှယ်ယာတွေအကုန်လုံးကို လူတစ်ယောက်ဆီ လွှဲပေးလိုက်တယ်။"

"ဟုတ်တယ်။ နောက်ကွယ်မှာ လူဟောင်းတွေက နောက်ဆုတ်ကုန်ကြပြီး လူငယ်သစ်လေး တစ်ယောက်က ရောက်လာတော့မယ်။ ဒီလူငယ်လေး ငါတို့ ကုမ္ပဏီကနေ ရှယ်ယာ ဘယ်လောက်ရမှာလဲ။"

"ဘာပြောတယ်။ ရှယ်ယာ ၅ ရာခိုင်နှုန်းဟုတ်လား။ ဘုရားရေ... ရှယ်ယာ ၅ ရာခိုင်နှုန်းတဲ့။ စီအီးအိုမာတောင် ရှယ်ယာ ၉ ရာခိုင်နှုန်းပဲ ပိုင်ဆိုင်ထားတာ။”

"အဲ့ဒီလူရဲ့ နာမည်က ဘာတဲ့လဲ။ သူ့နောက်ကြောင်း ရာဇဝင်ကို ဘယ်သူသိလဲ။"

Alibaba ရုံးထဲတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

ကုမ္ပဏီထဲက အထက်လူကြီးများပြောင်းလဲမှုရှိသဖြင့် ကုမ္ပဏီထဲမှာလည်း ပြောင်းလဲမှုအသစ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုလိုသည်။ ဒါက အားလုံးက ဆက်နွယ်နေပါသည်။

အချိန်ခဏလောက်အထိ Alibaba ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အထက်လူကြီးတွေတောင် ကုမ္ပဏီ၏ ဒုတိယအများဆုံးရှယ်ယာဝင်၏ နာမည်ကို မသိကြပေ။

ကုမ္ပဏီထဲတွင် ရုံးထဲထိုင်နေပြီး ဖောင်တစ်ခုကို ကြည့်နေသည့် လူတစ်ယောက်သာ ရှိသည်။

ထိုဖောင်ထဲတွင် လင်းဖန်နဲ့ သူ့ကိုယ်ရေးအချက်အလက် များစွာ ပါဝင်နေသည်။

Alibaba ၏ စီအီးအိုမာကိုယ်တိုင် လင်းဖန်၏ အချက်အလက်များကို စစ်ဆးကြည့်ရှုနေသည်။

"လင်းဖန်၊ တရုတ်ရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ထိပ်တန်းဇာတ်ညွှန်းရေးဆရာလည်း ဟုတ်တယ်။"

"အဲ့ဒီအပြင် လင်းဖန်က သန်းရာချီတန်တဲ့ ပြိုင်ကားတွေကို မောင်းပြီး သန်းရာချီတန်တဲ့ ဗီလာကြီးမှာလည်း နေထိုင်တယ်။"

"တစ်ချိန်တည်းမှာပဲ လင်းဖန်က ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်လည်း ဖြစ်တယ်။"

"ဒီအချက်အလက်တွေလောက်နဲ့ လင်းဖန်က ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်မလာနိုင်ပါဘူး" စီအီးအိုမာက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"စီအီးအိုမာ လင်းဖန်နဲ့ပတ်သက်တဲ့ ထိပ်တန်း လျှို့ဝှက်ချက် စာတမ်းတစ်ခု ရှိပါတယ်။ ဘော့စ်လင်းရဲ့ သရုပ်မှန်ကို စုံစမ်းဖို့ အားတွေ အများကြီး စိုက်ထုတ်ခဲ့ရပေမယ့် တစ်ဝက်လောက်ပဲ သိခဲ့ရပါသေးတယ်" လက်ထောက်က ဘော့စ်မာရှေ့တွင် လေးစားသမှုဖြင့် မတ်တပ်ရပ်နေခဲ့သည်။

စီအီးအိုမာက ထိပ်တန်းလျှို့ဝှက်ချက် စာတမ်းကို ဖွင့်လိုက်ပြီး လင်းဖန်၏ သရုပ်မှန်ကို တွေ့ရှိသွားခဲ့ပါသည်။

"LV ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်..."

"Chanel ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်"

"လင်းဖန်က Bugatti ကော်ပိုရေးရှင်းကြီးရဲ့ တတိယ အများဆုံးရှယ်ယာဝင်လည်း ဟုတ်တယ်။"

"အခု Alibaba ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်ပါ ဖြစ်သွားပြီ။"

စီအီးအိုမာ ဒီအချက်အလက်များကို မြင်လိုက်ရတော့ ပြည်တွင်း စီးပွားရေးလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် သူတောင် အနည်းငယ် တုန်လှုပ်သွားခဲ့ရပါသည်။

စူပါစတားဆိုတာ လင်းဖန်၏ အပေါ်ယံသရုပ်တစ်ခုသာ ဖြစ်သည်။

တကယ်တမ်းမှာတော့ လင်းဖန်၏ သရုပ်မှန်က ထိပ်တန်းကုမ္ပဏီများစွာ၏ အဓိကရှယ်ယာဝင်တစ်ယောက် ဖြစ်ပါသည်။

ရှန်ဟိုင်းမြို့မှာ တကယ်ပဲ ပုန်းလျှိုနေသည့် ကျားများ နဂါးများဖြင့် ပြည့်နှက်နေပါသည်။

All Chapters