တရုတ်စီးပွားရေးလောကရဲ့ သမိုင်းဝင် စီအီးအိုမာရဲ့ ဖိတ်ကြားမှု
Vol. 17 Ch. 253
စီအီးအိုမာ တုန်လှုပ်သွားခဲ့သည်။
ဒီလိုလူမျိုး ဘယ်တုန်းက ရှန်ဟိုင်းမြို့မှာ ပေါ်လာခဲ့တာလဲ။
လင်းဖန်က ကုမ္ပဏီများစွာ၏ အဓိက ရှယ်ယာဝင်တစ်ယောက်ဖြစ်သည်။ သူ့အဆင့်အတန်း တစ်ခုတည်းနဲ့ စီအီးအိုမာကို တန်ဖိုးထားအောင် လုပ်နိုင်သည်။
အရေးအကြီးဆုံးက လင်းဖန်မှာ Alibaba ၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
"ဘော့စ်လင်းကို ကူပြီး ဆက်သွယ်ပေးစမ်း။ ငါသူနဲ့ တွေ့ချင်တယ်" စီအီးအိုမာက စာတမ်းကို ချလိုက်ပြီး ပြောလိုက်ပါသည်။
"ကောင်းပါပြီ" လက်ထောင်က ခေါင်းငြိမ့်လိုက်ပါသည်။
လင်းဖန်တွင် ဒီလောက် ပြောင်မြောက်သည့် ကိုယ်ရေးအချက်အလက်နဲ့ နောက်ကြောင်းရာဇဝင်တို့ ရှိနေသဖြင့် စီအီးအိုမာ၏ မျက်လုံးထဲမှာတော့ လင်းဖန်၏ ပါရမီရှင် အစစ်အမှန် ဖြစ်ပါသည်။
စီအီးအိုမာက အောင်မြင်သည့် စီးပွားရေးသမားတစ်ယောက်ဖြစ်ရုံတင်မကဘဲ လူ့အဖွဲ့အစည်းကို အကျိုးပြုထားသည့် စီးပွားရေးသမားတစ်ယောက် ဖြစ်သည်။
Alibaba တစ်ခုလုံးကို စီအီးအိုမာကိုယ်တိုင် တည်ထောင်ထားခြင်း ဖြစ်၏။
လင်းဖန်လို ပါရမီရှင်မျိုး Alibaba ၏ အဓိက ရှယ်ယာဝင်ဖြစ်လာတာကို မြင်ရသဖြင့် စီအီးအိုမာ စိတ်ရင်းဖြင့် ဝမ်းသာပါသည်။
သူ လင်းဖန်ကို ကိုယ်တိုင်မြင်ဖူးချင်သည်။ လင်းဖန်မှာသာ အစွမ်းအစ တကယ်ရှိပါက Alibaba ၏ ဆက်ခံသူ ဖြစ်နိုင်သည်။
ဗီလာတွင်....
Alibaba ရှယ်ယာများကို ရရှိပြီး သိပ်မကြာလိုက်ပေ။ လင်းဖန်ထံသို့ ဖုန်းဝင်လာခဲ့၏။
"မင်္ဂလာပါ ဘော့စ်လေး။ ကျွန်မက စီအီးအိုမာရဲ့ လက်ထောက်ပါ။ စီအီးအိုမာက ရှင်နဲ့ တွေ့ဖို့အတွက် အချိန်တစ်ခုလောက် လိုချင်လို့ပါ။ အဆင်ပြေမလား မသိဘူး" စီအီးအိုမာ၏ လက်ထောက်က ပြောလိုက်သည်။
"ကျွန်တော့်ကိုတွေ့ဖို့ ဟုတ်လား။"
"လောလောဆယ်တော့ မလိုသေးဘူးထင်တယ်။ Alibaba က စီအီးအိုမာရဲ့ ဦးဆောင်မှုအောက်မှာ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်နေတယ်လို့ သူ့ကို ကျေးဇူးပြုပြီး ပြောပေးပါဦး။ ကျွန်တော် Alibaba ရဲ့ လုပ်ငန်းတွေကို ဘာမှ ဝင်မနှောင့်ယှက်ပါဘူး။ ကျွန်တော်က နှစ်စဥ် အစုပေါ် အမြတ်ရရင် တော်ပါပြီ" လင်းဖန်က ပြောလိုက်သည်။
စီအီးအိုမာသူ့ကို ဘာကြောင့် ဖုန်းဆက်သလဲ မသိသော်လည်းလင်းဖန်က စီအီးအိုမာ၏ အစွမ်းအစကို သံသယ မဖြစ်ပါ။
သူက တရုတ်စီးပွားရေးလောက၏ သမိုင်းဝင်ကြီးဖြစ်ပြီး ၁၉၉၀ ပိုင်းကနေ စတင်ပြီး ဒီနေ့ဒီချိန်အထိ လျှောက်လှမ်းလာနိုင်ခဲ့သူ ဖြစ်သည်။
သူက လူပေါင်းများစွာ လေးစားရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ စီအီးအိုမာက သူရဲရဲတင်းတင်း ပြောခဲ့သည့် အရာတိုင်းကို တစ်ခုချင်း အောင်မြင်နိုင်ခဲ့ပြီး သူဦးဆောင်သည့် Alibaba ကလည်း ဖွံ့ဖြိုးတိုးတက်နေခဲ့တာ ကြာပါပြီ။
Alibaba တွင် စီအီးအိုမာနဲ့ အာဏာချင်း ပြိုင်မလုဘူးဟုသာ လင်းဖန် ပြောချင်ခြင်းဖြစ်သည်။
စီးပွားရေးအရဆို အထူးသဖြင့် Alibaba ၏ ဖွံ့ဖြိုးတိုးတက်မှုအရ ဘော့စ်မာ ရှိနေပါက လင်းဖန် အလွန်အေးအေးဆေးဆေးနေရမည်ဖြစ်သည်။
တကယ့် စီးပွားရေးပညာရှင်ကြီး ဖြစ်လာဖို့ဆို လက်ရှိ လင်းဖန်က လုံလုံလောက်လောက် မထူးချွန်ပါ။
စီအီးအိုမာ၏ နေရာမျိုး ရဖို့ဆိုရင်လည်း အလွန်အလုပ်များလိမ့်မည်။
လင်းဖန်က သူ့ဘဝကို အလွန်အလုပ်မများစေချင်ပေ။
"ကောင်းပါပြီရှင်" လက်ထောက်က တွန့်ဆုတ်မှု မရှိဘဲ ခေါင်းငြိမ့်ကာ ဖုန်းချလိုက်ပါသည်။
လက်ထောက် အနည်းငယ် အံ့အားသင့်သွားမိသည်။ စီအီးအိုမာဆိုတာ ဘယ်လိုလူမျိုးလဲ။ စီးပွားရေးလောကထဲက သမိုင်းဝင်တဲ့ လူမျိုး။ လူတွေအများကြီး လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။
တရုတ်စီးပွားရေးလောကထဲတွင် စီအီးအိုမာကို မျက်နှာသာမပေးချင်သည့် ဘော့စ်ဆိုတာ မရှိပါ။
JD စီအီးအိုပဲဖြစ်ဖြစ် QQ စီအီးအိုပဲဖြစ်ဖြစ် စီးပွားရေးလောကထဲက ဘယ်သူမှ စီအီးအိုမာ၏ ဖိတ်ကြားမှုကို မငြင်းဆန်ရဲကြပါ။
လင်းဖန်ကတော့ သူ့ကို ငြင်းပယ်လိုက်သည်။
ထို့အပြင် ကုမ္ပဏီကိစ္စများတွင် ဝင်မပါဘူးဟုလည်း လင်းဖန်က တဲ့တိုးပြောလိုက်သေးသည်။
ဒါက သူတို့ရှယ်ယာဝင်သစ် ဘော့စ်လင်း၏ ရဲတင်းမှု ဖြစ်သည်။
စီအီးအိုမာ၏ တောင်းဆိုချက်ကို ငြင်းဆန်ပြီး ကုမ္ပဏီအပေါ် သူ့သဘောထားကို ထုတ်ဖော်ခဲ့သည်။
လင်းဖန် စီအီးအိုမာကို မတွေ့ချင်သည့် အကြောင်းအရင်းက ရိုးရှင်းပါသည်။ ဇာတ်ညွှန်း၏ ဇာတ်သိမ်းကို ရေးသားနေဆဲဖြစ်ကာ ပြီးခါနီးနေပြီဖြစ်သည်။
စီအီးအိုမာကိုသာ သွားတွေ့လိုက်ပါက ဒုက္ခများနိုင်ပါသည်။
"စီအီးအိုမာ။ ဘော့စ်လေးက ငြင်းလိုက်ပါတယ်။ ပြီးတော့ ဘော့စ်လေးက ဒီလိုပြောလိုက်ပါတယ်..." လက်ထောက်က လင်းဖန် ပြောခဲ့သမျှကို ပြန်ပြောပြလိုက်ပါသည်။
"ဒါ ငါ့ဖိတ်ကြားမှုကို ပထမဆုံးအကြိမ်အနေနဲ့ တစ်ယောက်ယောက်က ငြင်းဖူးတာပဲ' စီအီးအိုမာက ပြုံးပြီး လင်းဖန်အကြောင်းကို ပိုပို၍ စိတ်ဝင်စားလာခဲ့ပါသည်။
လင်းဖန်က Alibaba ကိစ္စများကို ဝင်မရှုပ်ချင်ဘူးဆိုရင်တောင် လက်ရှိ လင်းဖန်က Alibaba ၏ အဓိက ရှယ်ယာဝင်တစ်ယောက် ဖြစ်နေပြီးသား ဖြစ်သည်။
တစ်ချိန်တည်းတွင် အထက်လူကြီးအားလုံး Alibaba ဘုတ်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်လိုက်ကြသည်။
အစည်းအဝေးပြီးနောက် အထက်လူကြီး အားလုံး ထိတ်လန့်သွားခဲ့ကြသည်။
"ကျုပ်တို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ကို အတည်ပြုပြီးသွားပြီ။ သူ့နာမည်က... လင်းဖန်တဲ့။"
"အခုချိန်ကစပြီး ဘော့စ်လင်းက ကျုပ်တို့ကုမ္ပဏီရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်သွားပြီ။"
"ဘုရားရေ... ဘော့စ်လင်းက ထိပ်တန်း တန်ဖိုးကြီး ဘရန်း ၃ ခုရဲ့ အဓိက ရှယ်ယာဝင်လည်း ဖြစ်နေပါလား။"
"ဘော့စ်လင်းက အပြင်ပိုင်းမှာ ကြယ်ပွင့်တစ်ယောက်လို့ပဲ ထင်ရပေမယ့် တကယ်တမ်းတော့ စီးပွားရေး ပညာရှင်တစ်ယောက်ပါလား။"
"ဘာကြောင့်မှန်းမသိဘဲ ဘော့စ်လင်းက ကျုပ်တို့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေကို သိပ်စိတ်မဝင်စားဘူး။ ဒါပေမယ့် အဲ့တာလည်း ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဘော့စ်လင်းက Alibaba မှာ အရင်က ရှိမှ မရှိဖူးတာ။ ကျုပ်တို့နဲ့ အကျွမ်းတဝင်ရှိဖို့ အချိန်ယူရမှာပေါ့။"
လင်းဖန်တစ်ယောက် Alibaba ၏ အဓိက ရှယ်ယာဝင်တစ်ယောက်ဖြစ်လာသည့် အချက်က Alibaba ၏ အထက်လူကြီးအားလုံးကို တုန်လှုပ်သွားစေသည်။
Alibaba ၏ အထက်လူကြီးတိုင်းက စီးပွားရေး အကျော်အမော်များ ဖြစ်ကြသည်။
လင်းဖန်၏ ပေါ်ပေါက်လာမှုက ထိုလူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ပြီးသား ဖြစ်သွားခဲ့ပါတော့သည်။
ရက်အနည်းငယ် ကြာသောအခါ လင်းဖန် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" တတိယတွဲနှင့် "ဘဝရဲ့ပျော်ရွှင်မှု" ဒုတိယတွဲ ဇာတ်ညွှန်းများကို ရေးသားပြီးစီးသွားခဲ့ပါသည်။
ဇာတ်ညွှန်းများကို ပြီးမြောက်အောင် ရေးသားပြီးသွားသောအခါ ထိုရုပ်သံဒရမ်မာ နှစ်ခုကို ရိုက်ကူးဖို့ တရားဝင် ပြင်ဆင်နိုင်ပါပြီ။
ထိုအချိန်တွင် ယွမ်ဟန်းနည်းပညာ စီအီးအို ယွမ်ချမ့်က ဖုန်းဆက်လာခဲ့သည်။
"ညီလေးလင်း ငါတို့အဆက်အသွယ်မလုပ်တာ တော်တော်ကြာပြီနော်" ယွမ်ချမ့်က ပြုံးကာ ဖုန်းထဲမှ ပြောလိုက်သည်။
"အစ်ကိုကြီးယွမ်။ တော်တော်ကြာပြီနော်" လင်းဖန်က ပြုံးလိုက်သည်။ သူက ယွမ်ချမ့်နဲ့ အလွန်ရင်းနှီးပါသည်။
"ညီလေးလင်း ဒီတစ်ခေါက်ဖုန်းဆက်တာက မနက်ဖြန်ည ရှန်ဟိုင်းစီးပွားရေးစင်တာမှာ စီးပွားရေးပွဲတော်ကြီးတစ်ခုရှိတဲ့အကြောင်း အဓိက ပြောဖို့ ဖုန်းဆက်လိုက်တာပါ။ လက်ရှိ စီးပွားရေး အကျော်အမော်တွေအားလုံး အဲ့ကို လာကြလိမ့်မယ်။"
"အဲ့တာ မင်းရဲ့အဆက်အသွယ်တွေကို တိုးချဲ့ဖို့ နေရာကောင်းပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ မင်းဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်လို့ ပြောခဲ့သေးတယ် မဟုတ်လား။ အဲ့လိုလုပ်ဖို့ဆိုရင် အခြေခိုင်ဖို့ မင်းမှာ အဆက်အသွယ်ကောင်းမှ ဖြစ်မှာ။ ဒီစီးပွားရေးတွေ့ဆုံပွဲကို တက်ရောက်တာက အဆက်အသွယ်တချို့ရဖို့ အခွင့်အရေးကောင်းပဲလို့ ငါတော့ထင်တယ်။” ယွမ်ချမ့်က ပြောလိုက်ပါသည်။
"အဓိက အချက်က ညီလေးလင်းကို ညစာဖိတ်ကျွေးပြီး စကားပြောချင်လို့ပါ။ မင်းကို ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဘယ်လောက်တည်ထောင်ရမလဲ သင်ပေးမယ်" ယွမ်ချမ့်က အပြုံးဖြင့် ပြောလိုက်သည်။
ယွမ်ဟန်း နည်းပညာကလည်း စျေးကွက်တန်ဖိုး ဘီလီယံဆယ်ချီရှိသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။ ၎င်း၏ ဘော့စ်ဖြစ်သူ ယွမ်ချမ့်ကလည်း စီးပွားရေးလောကထဲတွင် နာမည်ကြီးသည်။
ယွမ်ချမ့်က လင်းဖန်၏ နောက်ကြောင်းရာဇဝင်အကြောင်း သိပ်မသိပေ။ သို့သော်လည်း သူ့ကို စိတ်ပါဝင်စားစွာဖြင့် ဖိတ်ကြားခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် ရံဖန်ရံခါ မိတ်ဆွေတချို့ ဖွဲ့တာက မဆိုးလှပါ။
လင်းဖန််က ပြောလိုက်သည်။ "အစ်ကိုကြီးယွမ်။ မနက်ဖြန်ညကျ တွေ့ကြတာပေါ့။ ကျွန်တော့်မိသားစုကိုပါ ခေါ်လာလို့ရမလား။"
ယွမ်ချမ့်က ပြုံးကာ ပြောလိုက်သည်။ "မိသားစုဟုတ်လား။ ငါ မေ့သွားတာ။ ညီလေးလင်း။ မင်းက ကောင်မလေးရသွားပြီမဟုတ်လား။ တရုတ်နိုင်ငံရဲ့ စူပါစတား ရှားဝမ်ချွေ့မဟုတ်လား။"
"မင်းရဲ့ မရီးလည်း ငါနဲ့လိုက်လာမှာ။ အဲ့ကျရင် သူနဲ့ မိတ်ဆက်လို့ရတာပေါ့။ မင်းဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်ဆို အကူအညီလိုတဲ့အခါ ငါ့ကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ" ယွမ်ချမ့်က ပြောလိုက်ပါသည်။
"ကောင်းပါပြီ။ မနက်ဖြန်ညကျမှ တွေ့ကြတာပေါ့။" လင်းဖန်က ပြောကာ ဖုန်းချလိုက်ပါသည်။
ဒီစီးပွားရေးပွဲတော်တွင် သက်ရှိထင်ရှား ဝါရင့် စီးပွားရေးသမားများစွာ ရောက်လာကြလိမ့်မည်။
လင်းဖန်က ကုမ္ပဏီကြီးများစွာ၏ အဓိက ရှယ်ယာဝင်တစ်ယောက်ဖြစ်သော်လည်း ကိုယ်ပိုင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ချင်ပါက ပြဿနာများနှင့် ပိုရင်ဆိုင်လာရနိုင်သည်။ သူ့အစွမ်းအစကို တိုးမြှင့်ပြီး အရည်အသွေး ပြည့်မှီသည့် စီအီးအို တစ်ယောက်ဖြစ်အောင် လုပ်ရပါမည်။
စီးပွားရေးလောကထဲမှာ ကိုယ့်ကိုယ်ကို အခြေခိုင်အောင် လုပ်မှ အနာဂတ်တွင် လင်းဖန် မားမားမတ်မတ် ရပ်တည်နိုင်မည်ဖြစ်သည်။
လင်းဖန်က ရှားဝမ်ချွေ့၏ အဖေကို အယုံသွင်းဖို့အတွက် သူ့သရုပ်များစွာကို အားကိုးလို့ရသော်လည်း ထိုသရုပ်များက စနစ်က ပေးထားခြင်းဖြစ်သည်။
လင်းဖန်က တစ်ခုခုကို အောင်မြင်အောင် လုပ်ချင်ပြီး ရှားဝမ်ချွေ့၏ မိဘများ အသိအမှတ်ပြုအောင် လုပ်ချင်သည်။
ဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ဖို့က အရေးကြီးကိစ္စ ဖြစ်၏။
စုရှောင်းယွီကို အန်ဒိုစာများနှင့် အရင်းအမြစ်အသစ်များရှာဖွေပေးဖို့ ကူညီပေးရမည် ဖြစ်ရုံတင်မကဘဲ သူ ငွေရှာနိုင်ဖို့လည်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ရဦးမည်။
ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး သူ့ဇနီးနဲ့အတူ ကုမ္ပဏီမှာနေပါက ဘယ်သူမှ အနိုင်ကျင့်နိုင်မှာ မဟုတ်ပေ။