← Chapters

ဒီနေ့ညဒီမှာပဲ အိပ်ပါ မဒမ်ရှား

Vol. 17 Ch. 254

ဒီနေ့ညဒီမှာပဲ အိပ်ပါ မဒမ်ရှား

Vol. 17 Ch. 254

တရုတ်နိုင်ငံတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် စီးပွားရေး တွေ့ဆုံပွဲကြီးကို ရှန်ဟိုင်းမြို့ ဗဟို စီးပွားရေးနယ်မြေရှိ မိုးမျှော်တိုက်တွင် ကျင်းပခဲ့သည်။

စီးပွားရေးနယ်ပယ်ပေါင်းစုံက ဝါရင့်စီးပွားရေး သမားများ အားလုံး ဒီကိုရောက်လာကြလိမ့်မည်။

အစစ်အမှန် ဂုဏ်ပြုပွဲ အခမ်းအနားကြီးတစ်ခုပဲ ဖြစ်ပါသည်။

လင်းဖန် ဖုန်းချပြီးနောက် တံခါးခေါက်သံ ကြားလိုက်ရသည်။

တံခါးကို ဖွင့်ကြည့်လိုက်သောအခါ ရှားဝမ်ချွေ့က တံခါးရှေ့တွင် ရပ်နေပါသည်။

ညအိပ်အဝတ်အစားများ ဝတ်ဆင်ထားကာ ဖြူဖြူသွယ်သွယ် ခြေတံများကို ပိုင်ဆိုင်ထထား၏။ သူမ၏ ညှပ်ရိုးများက ထင်ထင်ရှားရှားပေါ်လွင်နေပြီး ခါးကလည်း သွယ်လျသည်။ ပါးလွှာသည့် ညအိပ်အဝတ်အစားများကြောင့် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ သူမ၏ ကောက်ကြောင်းများက နေရာမှန်ကန်စွာ ရှိနေပြီး လှပလွန်းပါသည်။ သူမ ရေချိုးပြီးကာစ ဖြစ်သဖြင့် သူမကိုယ်ပေါ်က မွှေးရနံ့ သင်းသင်းလေးကို ရနိုင်သည်။

ရှားဝမ်ချွေ့က ကာတွန်းကြောင်ပုံလေးများ ပါသည့် ညအိပ်အဝတ်အစားများကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ကြောင်နားရွက် ဦးထုတ်ကိုလည်း ဆောင်းထားသေးသည်။

"မြောင် မြောင်" ရှားဝမ်ချွေ့က လင်းဖန်ရှေ့တွင် ချစ်စရာ အမူအယာလေး လုပ်ပြလိုက်ပြီး နှုတ်ခမ်းပါ စူလိုက်ပါသည်။

ဒီလိုကောင်မလေးကို မြင်သောအခါ လင်းဖန် သည်းမခံနိုင်တော့ပါ။

ရှားဝမ်ချွေ့က လင်းဖန်အိမ်မှာပဲ အိပ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် လင်းဖန်နဲ့ အတူတူ နှလုံးသားရေကန်ဗီလာထဲမှာပဲ နေထိုင်နေပါပြီ။

ည ၁၁ နာရီအချိန်ကြီး ရှားဝမ်ချွေ့က ညအိပ်အဝတ်အစားများဖြင့် လင်းဖန်၏ တံခါးရှေ့တွင် မတ်တပ်ရပ်နေသည်။ ဘယ်သူက ဒီလိုမြင်ကွင်းမျိုးကို ခံနိုင်ရည်ရှိမည်နည်း။

ရှားဝမ်ချွေ့က အလွန်လှပသည်။ အရက် ၁၆၇ စင်တီမီတာရှိကာ အရမ်းလည်းမရှည် အရမ်းလည်း မပုပေ။ အဓိက အချက်က တစ်ခါတစ်ရံအလွန်ချစ်ဖို့ကောင်းလွန်းသဖြင့် ရင်ခုန်စေခြင်း ဖြစ်သည်။

"ရှောင်းယွီ ဘယ်မှာလဲ" လင်းဖန်က တံခါးအပြင်ကို ချောင်းကြည့်ရင်း မေးလိုက်သည်။

"ရှောင်းယွီက သူ့အခန်းထဲမှာ ဒရမ်မာကြည့်နေတယ်လေ" ရှားဝမ်ချွေ့၏ နူးညံ့သည့်အသံလေး ထွက်လာခဲ့သည်။

လင်းဖန် မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပဲ ရှားဝမ်ချွေ့ကို ပွေ့ချီလိုက်သည်။

လင်းဖန်၏ ကြံ့ခိုင်မှုက မဆိုးလှပါ။ ရှားဝမ်ချွေ့ကို အိပ်ယာဆီသို့ ပွေ့ခေါ်သွားခဲ့သည်။

"လူဆိုးကောင် လူဆိုးကောင်"

"ငါ့ကို အောက်ချပေးစမ်း" ရှားဝမ်ချွေ့၏ မျက်နှာက နီရဲနေပြီး လင်းဖန်၏ နောက်ကျောကို ဒေါသတကြီး ထုရိုက်နေပါသည်။

"နင်နဲ့ အရေးတကြီး ဆွေးနွေးစရာရှိလို့ပါဟ" လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ဆိုဖာပေါ် ခေါ်သွားပါသည်။ ဘေးတစ်ဖက်မှာပဲ ထိုင်နေကာ ဘာမှမလုပ်ပါ။

"နင်ငါ့ကို အနိုင်ကျင့်လို့မရဘူးနော်" ရှားဝမ်ချွေ့က လင်းဖန်ကို စိတ်ဆိုးစွာ ကြည့်လိုက်ပါသည်။

"မဒမ်ရှား။ အရေးတကြီးဆွေးနွေးစရာ ကိစ္စ ရှိလို့ပါဗျာ" လင်းဖန်က အပြုံးဖြင့် ပြောလိုက်ပြီး ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပါသည်။

"လူဆိုးကောင် ဘယ်သူက နင့်မိန်းမလို့ ပြောလို့လဲ" ရှားဝမ််ချွေ့က မျက်နှာနီနီဖြင့် ထထိုင်လိုက်သည်။လင်းဖန်ကို ကြည့်လိုက်သောအခါ သူမ ရင်ထဲ နွေးထွေးသွားခဲ့ပါသည်။

အရူးကောင်လင်းဖန်။ သူမကို မဒမ်ရှားလို့တောင် ခေါ်နေပြီ။

"ပြောစေ~" ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံး လှလှလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မနက်ဖြန် စီးပွားရေးလုပ်ငန်းတွေ့ဆုံပွဲကြီး တစ်ခုရှိတယ်။ စီးပွားရေးလောကထဲက ဝါရင့်တွေနဲ့ ဘော့စ်တွေ အများကြီး အဲ့ကိုလာကြမှာလေ။ မင်း ငါနဲ့ လိုက်ခဲ့ပါလား" လင်းဖန်က ပြောလိုက်သည်။ ဒီစီးပွားရေးလုပ်ငန်းတွေ့ဆုံပွဲကြီးက Bugatti ဖွင့်ပွဲအခမ်းအနားထက်တောင် ပိုပြီး အရေးကြီးပါသည်။

Bugatti ဖွင့်ပွဲအခမ်းအနားကို နယ်ပယ်ပေါင်းစုံက သူဌေးများက တက်ရောက်ကြသည်။ သို့သော်လည်း ထိုသူဌေးများအားလုံးက နိုင်ငံခြားသားများသာ ဖြစ်သည်။

သို့သော်လည်း တရုတ်နိုင်ငံက အဓိက စီးပွားရေး သူဌေးများအားလုံး ဒီတွေ့ဆုံပွဲကို တက်ရောက်ကြမည်ဖြစ်သည်။ ၎င်းယူဆောင်လာနိုင်သည့် လွှမ်းမိုးမှုက လုံးဝ ခြားနားပါသည်။

"ငါ့မှာ ဒီလောက်လှတဲ့ ကောင်မလေးရှိတာ ခေါ်သွားမှ ဖြစ်မှာပေါ့။ နင်ငါ့ကို ကြည့်ကောင်းအောင် လုပ်ပေးရမယ်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ အရင်တစ်ခေါက်တုန်းက ရှားဝမ်ချွေ့ကို Bugatti အဖွင့်ပွဲကို ခေါ်မသွားခဲ့ပါ။ ဒီတစ်ခေါက်တော့ အလွတ်ပေးလို့ မရတော့ပေ။

"အင်းပါ~ ငါလိုက်ခဲ့မယ်။ စီးပွားရေးအကြောင်း နားမလည်ပေမယ့် နင်နားလည်တော့ ကောင်းတာပေါ့။ ငါက မဒမ်ရှားလိုပဲ နေလိုက်မယ်" ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပြီး လင်းဖန်၏ ပခုံးပေါ်တွင် နူးညံ့စွာ မှီလိုက်သည်။

လင်းဖန်က သိမ်မွေ့စွာဖြင့် သူမ၏ ခါးလေးကို ပွေ့ဖက်လိုက်သည်။

ဒီလောက် အချွဲတော်တဲ့ ကောင်မလေးမျိုး ဘယ်မှာရှိလို့လဲ။

သူက မဒမ်ရှားဟု နောက်ပြောင်၍ ခေါ်ဆိုခြင်းသာဖြစ်သော်လည်း နောက်ဆုံးမှာတော့ ရှားဝမ်ချွေ့ကပါ သူ့ကိုယ်သူ ခေါ်ဆိုလိုက်သည်။ သူမ ခေါ်တာ ပို၍ပင် ချိုမြိန်နေပါသေးသည်။

"မဒမ်ရှား ဒီနေ့ည ရှောင်းယွီ အခန်းဆီ ပြန်မသွားပါနဲ့တော့လား" လင်းဖန်က အရှေ့ကိုတိုလာသည်။

"နှာဘူးကောင် သွားစမ်းပါ" ရှားဝမ်ချွေ့က စိတ်ဆိုးစွာ ပြောလိုက်သည်။

"ဒီနေ့ည လာခဲ့တာက ပြောစရာရှိလို့။ Group ထဲကို ဝင်ကြည့်လိုက်ဦး~" ရှားဝမ်ချွေ့ လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဟင် WeChat Group ကို ပြောတာလား။ ငါ Group တွေထဲ သိပ်ဝင်မကြည့်တတ်ဘူး" လင်းဖန်က ပြန်ပြောလိုက်၏။

သူ ဆိုရှယ်မီဒီယာများ မသုံးသလောက် ရှားပါးပြီး တစ်ခါတစ်လေမှ ရှားဝမ်ချွေ့နဲ့ ဗီဒီယိုကော ပြောခြင်းသာ ရှိသည်။

"ဘဝရဲ့ပျော်ရွှင်မှု သရုပ်ဆောင်တော်တော်များများက လတ်တလော တခြားဘယ်ဒရမ်မာကားမှ လက်မခံထားဘူး။ သူတို့က ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ တတိယတွဲတို့ကို ရိုက်ကူးဖို့ပဲ စောင့်နေကြတာ။ အားလုံး မစောင့်နိုင်ကြတော့ဘူး" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။

လင်းဖန် WeChat Group ကို ဖွင့်ကြည့်လိုက်သောအခါ မက်ဆေ့ချ် ၉၉+ စောင်ကို တွေ့လိုက်ရသည်။

ထို့အပြင် WeChat Group ထဲတွင် သရုပ်ဆောင်များစွာက လင်းဖန်ကို Tag တွဲထားကြပါသည်။

"အစ်ကိုဖန် မင်းဘယ်တော့ ဇာတ်ညွှန်းသစ် ရေးမှာလဲ။ ငါ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲနဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ တတိယတွဲတို့ကို ရိုက်ချင်နေပြီကွာ။ ဘာပဲဖြစ်ဖြစ် အဲ့ဒရမ်မာ ၂ ခုထဲက သရုပ်ဆောင်တွေက အတူတူလောက်ပဲလေ။ ငါစောင့်နေမယ်နော်။"

"အား အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းက မထွက်သေးဘူးလား။ ငါသရုပ်ဆောင်ချင်နေပြီ. အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းတွေက အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ ငါသရုပ်ဆောင်တဲ့အခါကျရင် အရမ်းချိုမြိန်သလို ခံစားရတယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ သရုပ်ဆောင်တာကို နောက်တစ်ခေါက် ထပ်မြင်ရတော့မယ်။"

"အစ်ကိုဖန် ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဘယ်တော့ ရိုက်မှာလဲ။ ပရိတ်သတ်က မစောင့်နိုင်တော့ဘူး။"

"အစ်ကိုဖန် သရုပ်ဆောင်တာကို ကြည့်ရတာ တော်တော် ပျော်ဖို့ကောင်းတယ်။ အစ်ကိုဖန်နဲ့ အလုပ်တူတူလုပ်ရတာ ပိုတောင် ကောင်းသေးတယ်။"

"လင်းဖန် ဇာတ်ညွှန်းမြန်မြန်ရေးပါတော့..."

သရုပ်ဆောင်အားလုံးက လင်းဖန်ကို Group ထဲတွင် စောင့်နေကြပါသည်။

သရုပ်ဆောင်တိုင်းတွင် တက်ရောက်စရာ ပွဲတော်များစွာ ရှိကြပါသည်။

ရုပ်သံဒရမ်မာတစ်ခုက ရေပန်းစားသွားပါက ဒုတိယတွဲ ကို တူညီသော သရုပ်ဆောင်များဖြင့် ထပ်ရိုက်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲလှပါသည်။

နာမည်ကျော်များစွာက ၎င်းတို့၏ အချိန်ဇယားကို ပြန်လည် ပြုပြင်ကြရလိမ့်မည်။

သူတို့ မူလ သရုပ်ဆောင်တွေကိုသာ ရိုက်ကူးဖို့ ပြန်မခေါ်နိုင်လျှင် ပရိတ်သတ်ကလည်း ကြည့်မှာ မဟုတ်သလို အာနိသင်လည်း သိပ်ရှိမည်မဟုတ်ပေ။

လင်းဖန် သရုပ်မဆောင်တာ အတော်ကြာပါပြီ။ ယုတ္တိရှိစွာပြောရလျှင် ဒီသရုပ်ဆောင်တွေလည်း တခြား ဒရမ်မာကားတွေ ရိုက်သင့်နေပါပြီ။ ၎င်းတို့၏ အချိန်ဇယားက အလွန် ပြည့်နှက်နေကြလိမ့်မည်။

လင်းဖန်၏ ဇာတ်ညွှန်းက ပြီးခါနီးပြီဖြစ်ကြောင်း ထိုသရုပ်ဆောင်တွေ ကြားလိုက်ပြီးကတည်းက ဘဝရဲ့ပျော်ရွှင်မှုနဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဒရမ်မာတို့၏ မူရင်းသရုပ်ဆောင်များက လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြသည်။

အားလုံးက လင်းဖန် ဇာတ်ညွှန်းရေးပြီးချိန်နဲ့ ရိုက်ကူးရေးစဖို့ကို စောင့်နေကြပါသည်။

ယခင်တုန်းက ရိုက်ကူးသည့်အခါတွင် ဒါရိုက်တာအဖွဲ့နဲ့ ပရိုဂျူဆာများက ထိုသရုပ်ဆောင်များကို ဆက်သွယ်ပြီး ၎င်းတို့၏ အချိန်ဇယားများကို ညှိခိုင်းရသည်။

သို့သော်လည်း ဒီတစ်ခေါက်တော့ မလိုတော့ပေ။ သရုပ်ဆောင်အားလုံးက လင်းဖန်၏ ရုပ်သံဒရမ်မာသစ် ၂ ခုတွင် ပါဝင်သရုပ်ဆောင်ဖို့အတွက် ၎င်းတို့၏ အချိန်ဇယားများကို ကြိုတင် ချိန်ညှိထားပြီးသား ဖြစ်ပါသည်။

ဒီရုပ်သံဒရမ်မာ ၂ ခုစလုံးက အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိထားကြသည်။

ရုပ်သံဒရမ်မာ ၂ ခု၏ ဒုတိယတွဲ နဲ့ တတိယတွဲ တို့က ထိုသရုပ်ဆောင်များ၏ နှလုံးသားကို ထိတွေ့သွားစေခဲ့သည်။

ယွဲ့ဟွာဖျော်ဖြေရေး၏ စီအီးအိုလီနဲ့ ဇာတ်ညွှန်းဆရာကြီး ထျန်ကျန်းတို့တောင် လင်းဖန်၏ ဇာတ်ညွှန်းအသစ်ကို စောင့်မျှော်နေကြသည်။

ယွဲ့ဟွာဖျော်ဖြေရေးတစ်ခုလုံးနှင့် သရုပ်ဆောင်များစွာတို့က လင်းဖန်နဲ့အတူတူ အလုပ်လုပ်ချင်နေကြသည်။

ဒီလိုအံ့ဖွယ် ခမ်းနားသည့် အဖြစ်အပျက်ကြီး ဖြစ်ပျက်နေတာ ၁၀ ရက်နီးပါးလောက် ရှိနေပါပြီ။

လင်းဖန်၏ ဇာတ်ညွှန်းများက စိတ်ဝင်စားဖို့ ကောင်းလွန်းသောကြောင့် ဖြစ်သည်။

လင်းဖန်၏ ဇာတ်ညွှန်းများနဲ့ ရုပ်သံဒရမ်မာများက သူ့ကို ပရိတ်သတ်များစွာ ရရှိစေခဲ့သည်။

သရုပ်ဆောင်တွေကိုယ်တိုင်ကလည်း ရုပ်သံဒရမ်မာ ၂ ခု၏ ပရိတ်သတ်များ ဖြစ်ကြသည်။

သူတို့အားလုံးက ပရိတ်သတ်တွေထက်တောင် ရုပ်သံဒရမ်မာများ၏ နောက်ဆက်တွဲ ဇာတ်လမ်းတွဲများကို ပိုကြည့်ချင်နေကြပါသည်။

Group တစ်ခုလုံး ဗြောင်းဆန်လျက်ရှိသည်။

လင်းဖန်၏ ရုပ်သံဒရမ်မာ ၂ ကားအတွက် ရိုက်ကူးခွင့်ကို ဝယ်ယူဖို့ ပြင်ဆင်နေသည့် ဖျော်ဖြေရေးကုမ္ပဏီများစွာတောင် ရှိပါသည်။

စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့လည်း လတ်တလော အလုပ်များကို ရပ်တန့်ထားပြီး လင်းဖန်နဲ့အတူ ရုပ်သံဒရမ်မာကို ရိုက်ကူးဖို့ စောင့်မျှော်နေကြပါသည်။

ရှုယန်နဲ့ လင်းကျင်းကျင်းတို့လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

ထို့အပြင် လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့လို A-list သရုပ်ဆောင်တွေတောင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ တတိယတွဲကို လင်းဖန်နဲ့ အတူတူ ရိုက်ကူးချင်ကြသည်။

ပြောစရာ မလိုအောင် ဖျော်ဖြေရေးကုမ္ပဏီ ပေါင်းစုံက ငွေကြေးများစွာ ပြင်ဆင်ထားပြီးကြပါပြီ။

ရုပ်သံဌာနများ၊ Tencent Arts၊ iQiyi နဲ့ တခြားအွန်လိုင်း ဗီဒီယိုကုမ္ပဏီများကပါ လင်းဖန်၏ ရုပ်သံဒရမ်မာ ၂ ခု ထုတ်လွှင့်ပြသပိုင်ခွင့်ကို ဝယ်ယူဖို့ အသင့်ပြင်ထားကြပါသည်။

ဒီလို ခမ်းနားသည့် အခိုက်အတန့်ကြီးနဲ့ ကြုံလာရသဖြင့် လင်းဖန် အနည်းငယ် အံ့အားသင့်သွားရသည်။

ဘာမှန်းမသိလိုက်ဘဲ ဖျော်ဖြေရေးလောကထဲတွင် အရေးပါသည့် နေရာတစ်နေရာကို သူရရှိပြီးသား ဖြစ်သွားခဲ့ပါသည်။

All Chapters