အနီရောင် ရေနဂါးဘုရင်
Vol. 38 Ch. 505
မိုင်တစ်ထောင်…… မိုင်တစ်ထောင့်ငါးရာ………
တစ်ခဏအတွင်းမှာပဲ လီဖူချန်းရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်မှုဟာ အကွာအဝေး မိုင်တစ်ထောင့်ငါးရာ အထိကို ရောက်သွားခဲ့ပါတယ် ။ ဒါဟာ အရင်တုန်းက လီဖူချန်းရဲ့ အသိစိတ်အာရုံဖြန့်ကြက်မှု အမြင့်ဆုံးထက်တောင် ကျော်လွန်နေခဲ့ပါပြီ ။ လီဖူချန်းရဲ့ အသိစိတ်အာရုံဖြန့်ကြက်မှုဟာ မိုင်ပေါင်းတစ်ထောင့်ငါးရာမှာတင် ရပ်တန့်မနေပါဘူူး။
မိုင်နှစ်ထောင်……မိုင်သုံးထောင်……မိုင်ငါးထောင်…… မိုင်တစ်သောင်း………
လီဖူချန်းရဲ့ အသိစိတ်ဟာ လိပ်ပြာအသိစိတ်အဖြစ် ပြောင်းလဲသွားတဲ့အတွက် သူ့ရဲ့ အာရုံဖြန့်ကြက်နိုင်စွမ်းဟာ သူခန့်မှန်းထားတာထက်တောင်မှ ကျော်လွန်နေပါသေးတယ် ။
" ဟင်…… မဟုတ်သေးပါဘူး ။ ဘယ်လိုလုပ်ပြီး ငါ့ရဲ့ အာရုံဖြန့်ကြက်နိုင်စွမ်းက မိုင်တစ်သောင်းအထိ ရောက်သွားရတာလဲ"
လီဖူချန်း သိထားသလောက် ဆိုရင်တော့ အသစ်စက်စက် တိုက်ပွဲဝိညာဉ်နယ်ပယ် ဘုရင်တွေရဲ့ အသိစိတ်အာရုံဖြန့်ကြက်မှု အကွာအဝေးကတောင်မှ မိုင်ထောင်ပေါင်း အနည်းငယ်သာ ရှိတာပါ ။
အခုလက်ရှိ သူ့ရဲ့ အသိစိတ်အာရုံဟာ သာမန် မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် သာလွန်နေပြီ ဆိုတာကို လုံးဝ သံသယဝင်နေစရာ မလိုတော့ပါဘူး ။ ဒါက လုံးဝ အသိသာကြီးပါပဲ ။
အဲသည်ကိစ္စနဲ့ ပက်သက်ရင်တော့ လီဖူချန်းအနေနဲ့ သိပ်ပြီးတော့ မအံ့သြတော့ပါဘူး ။
အရင်တုန်းကတောင်မှ သူ့ရဲ့ အသိစိတ်အာရုံဟာ မိုင်တစ်ထောင် နီးပါးကို ဖြန့်ကြက်နိုင်ခဲ့တာပါ ။ အခု အစစ်အမှန် စိတ်ဝိညာဉ် မွေးဖွားပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်မှုဟာ အဆပေါင်းများစွာ တိုးလာမှာပါပဲ ။
မိုင်ပေါင်း တစ်သောင်းခွဲ…… မိုင်ပေါင်းနှစ်သောင်း…… မိုင်ပေါင်း နှစ်သောင်းခွဲ …… မိုင်ပေါင်း သုံးသောင်း……
သူ့ရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်မှုဟာ မိုင်ပေါင်းသုံးသောင်းအထိ ရောက်သွားတဲ့အခါမှာတော့ လီဖူချန်းဟာ သူ့ကိုယ်သူတောင် ပြန်လန့်လာပါတော့တယ် ။
ဒါက တော်တော်ကြီးကို လွန်နေခဲ့ပါပြီ ။ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းက ဘုရင်တွေမှပဲ သည်လိုအကွာအဝေးထိ အသိစိတ်အာရုံ ဖြန့်ကြက်နိုင်တာ မဟုတ်ပါလား ။
သူ့ရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်မှု အကွာအဝေးကတော့ ဆက်ပြီး တိုးနေဆဲပါပဲ ။
မိုင်ပေါင်းလေးသောင်း…… မိုင်ပေါင်းငါးသောင်း………
နောက်ဆုံး မိုင်ပေါင်းငါးသောင်း အကွာအဝေးကို အရောက်မှာတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်မှုဟာ ရပ်တန့်သွားပါပြီ ။ဒါက အသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်းရဲ့ အစွမ်းကုန် ကန့်သတ်ချက် ဖြစ်ပုံပါပဲ ။
" မိုင်ပေါင်းငါးသောင်းလား "
လီဖူချန်းကလည်း အခုမှပဲ သက်ပြင်းချနိုင်ပါတော့တယ်။
ဒါတောင်မှ သူဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်မယ်ဆိုရင်တော့ သူ့ရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်းဟာ သည်ထက်တိုးလာဦးမှာ အသေအချာပါပဲ ။
"ဟင် ……… ဝင်္ကပါအစီအရင် ပျောက်သွားပြီလား "
ရုတ်တရက် ဆိုသလိုပဲ လီဖူချန်းဟာ သူ့အပေါ် ကျရောက်နေတဲ့ ဖိအားကြီး ပျောက်ကွယ်သွားတာကို သတိပြုမိလိုက်ပါတယ် ။
အမှန်ပါပဲ ။ ဝိညာဉ်သန့်စင် ဝင်္ကပါ အစီအရင်ဟာ ဘယ်အချိန်တည်းကနေ ပျောက်ကွယ်သွားမှန်း မသိပါဘူး ။
ဒါကြောင့်လည်း သူဟာ အသိစိတ်အာရုံကို လွတ်လွတ်လပ်လပ် ဖြန့်ကြက်လို့ ရခဲ့တာပါ ။ ဒါက သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ အစစ်အမှန် စိတ်ဝိညာဉ် မွေးဖွားလာခြင်းနဲ့လည်း ဆိုင်ကောင်း ဆိုင်နေပါလိမ့်မယ် ။
လီဖူချန်းက အရင်တစ်ကြိမ်မှာ မိစ္ဆာသားရဲဧကရာဇ်ရဲ့ တစ်ကိုယ်လုံးကို အကြည့် တစ်ချက်တည်းနဲ့ မြင်အောင် မကြည့်နိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ လိပ်ပြာအသိစိတ်ကြောင့် သူဟာ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အကြည့် တစ်ချက်တည်းနဲ့ မြင်အောင် ကြည့်နေနိုင်ပါပြီ ။
ဒါကြီးက မိုင်ရာချီ အနည်းငယ် ရှည်တဲ့ မဟူရာ ရေနဂါး တစ်ကောင်ပါပဲ ။ သည်ကောင်ကြီးရဲ့ ခေါင်းပေါ်မှာတော့ အနက်ရောက် ဦးချိုကြီး တစ်ချောင်း ရှိနေပြီး ဝမ်းဗိုက်ပိုင်းနားမှာတော့ လက်သည်းလေးခု ရှိနေပါတယ် ။
မိစ္ဆာသားရဲ ဝိညာဉ်က ပျောက်ကွယ်သွားပြီ ဖြစ်ပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ အရှိန်အဝါကတော့ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး ။ သည်ခန္ဓာကိုယ်က လီဖူချန်းကို ဖိအားတချို့ ပေးနေဆဲပါပဲ ။
လီဖူချန်းက သည်မိစ္ဆာဧကရာဇ်ရဲ့ အနားကို အရမ်းကပ်သွားမယ်ဆိုရင် သည်အလောင်းရဲ့ ချီရှိန်အဝါနဲ့တင် သွေးအိုင်ဘဝ ရောက်သွားမယ်လို့တောင် ခံစားနေရပါတယ် ။
" မိစ္ဆာဧကရာဇ် တစ်ပါးရဲ့ အလောင်း ။ ပြီးတော့ ဒါက ခန္ဓာကိုယ် အစိတ်အပိုင်း အပြည့်အစုံလည်း ပါသေးတယ် ။ တောက်…… နှမြောဖို့ ကောင်းလိုက်တာကွာ "
လီဖူချန်းက မဟူရာ ရေနဂါးရဲ့ အလောင်းကို ကြည့်ပြီး တောက်တခေါက်ခေါက် ဖြစ်နေပါတော့တယ် ။
သည်မဟူရာ ရေနဂါးရဲ့ အလောင်းဟာ ဘယ်နေရာမှမှ ပစ်ရက်စရာ မရှိပါဘူး ။ သည်ခန္ဓာကိုယ် တစ်ခုလုံးက ရတနာချည်းပါပဲ ။
သွေးအဆီအနှှစ်ကို အသာထားပါဦး ။ သာမာန် သွေးစက်ကတောင်မှ ခန္ဓာကိုယ်အပြင်အား ဆေးရည်တွေ လုပ်ဖို့အတွက် အတော်လေး ရှားတဲ့အရာ ဖြစ်ပါတယ် ။ အလွန်အကျူး ပြောတာတော့ မဟုတ်ပါဘူး ။ သည်ခန္ဓာကိုယ် အစိတ်အပိုင်း အပြည့်အစုံပါတဲ့ မိစ္ဆာသားရဲဧကရာဇ်ရဲ့ အလောင်းဟာ အရင်းအမြစ် အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ် ။ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ အဲသည်ခန္ဓာကိုယ်ကို နှစ်ပေါင်းတစ်ရာလောက် ကောင်းကောင်းကြီး သုံးနိုင်ပါတယ် ။ တကယ်လို့ လီဖူချန်းကသာ သည်ခန္ဓာကိုယ် ရုပ်အလောင်းကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် သူ့အနေနဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ရင်းမြစ်အထောက်အပံ့တွေကို စိတ်ပူနေစရာ မလိုတော့ပါဘူး ။ သည်မိစ္ဆာ္တဧကရာဇ်ရဲ့ ခန္ဓာကိုယ် ရုပ်အလောင်းက သူ့ကို ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်ကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်နိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ် ။ မဟုတ်သေးပါဘူး ။ လီဖူချန်းလိုလူမျိုး အယောက်တစ်ရာကို ထောက်ပံ့ပေးနိုင်တယ် ဆိုတာက ပိုမှန်ပါလိမ့်မယ် ။
မိစ္ဆာသားရဲ တစ်ကောင်ဟာ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးအဖြစ် ပြောင်းလဲသွားပြီဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ မရေမတွက်နိုင်တဲ့ သဘာဝ ရင်းမြစ်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားပြီး အဲသည်ရင်းမြစ်တွေဟာ ပျောက်ကွယ်သွားခြင်းလည်း မရှိပါဘူး ။
" ဟူး…… မိစ္ဆာသားရဲ ဧကရာဇ် အလောင်းဆိုတာက ငါ့အနေနဲ့ ဘယ်လိုမှ ပိုင်ဆိုင်လို့ မရတဲ့ အရာပဲ ။ ငါက သည်အလောင်း အနားကိုတောင် ကပ်လို့မရမှတော့ လက်လွှတ်လိုက်ဖို့ပဲ ရှိတော့တယ် ။အင်း……ထားပါတော့လေ ။ ရတနာကို ရယူဖို့ ဆိုတာက အဲသည်ရတနာနဲ့ ထိုက်တန်တဲ့အစွမ်း ရှိဦးမှကိုး ။ပြီးတော့ ဝင်္ကပါအစီအရင်ကလည်း ပျက်ပြယ်သွားပြီဆိုတော့ သည်ကိစ္စရဲ့ နောက်ကွယ်က လက်မဲကြီးကလည်း သေချာပေါက် ပေါ်လာတော့မှာပဲ ။ သူ့ရဲ့ ပစ်မှတ်က သည်မိစ္ဆာဧကရာဇ်ရဲ့ အလောင်း ဖြစ်ရမယ် "
အသက်ဘေး အန္တရာယ်က မကြာခင် ကျရောက်လာတော့မယ် ဆိုတာကို ကောင်းကောင်းကြီး သတိပြုမိတဲ့ လီဖူချန်းကတော့ သည်နေရာမှာ ဆက်ပြီး မနေရဲတော့ပါဘူး ။အဲသည်အတွက်သူက သူ့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ရရှိလာတဲ့ ချီအရှိန်အဝါဖျောက်ခြင်း အစွမ်းကို အသုံးပြုပြီး အဝေးကို ပျံသန်းသွားပါတော့တယ် ။
လီဖူချန်းက အသက်ဘေး အန္တရာယ်ကနေ လက်မတင်လေး လွတ်မြောက်သွားတယ်လို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ မဟူရာ ရေနဂါးအလောင်းနဲ့ သိပ်မနီးမဝေး ပင်လယ်ရေပြင်ပေါ်မှာ အနီရောင် ဦးခေါင်းကြီးတစ်လုံး ပေါ်ထွက်လာလို့ပါပဲ ။
အဲသည်ဦးခေါင်းက မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ ဦးခေါင်းနဲ့ အလွန်တရာမှ ဆင်တူလှပြီး ဦးချိုတစ်ချောင်းလည်း ပါရှိပါသေးတယ် ။ဒါပေမဲ့ အရွယ်အစားကတော့ တူညီခြင်း မရှိပါဘူး ။
မဟူရာ ရေနဂါးဘုရင်ရဲ့ ဦးခေါင်းအရွယ်အစားက မိုင်ဒါဇင်ပေါင်း အနည်းငယ် ရှိပြီး သည်အနီရောင် ဦးခေါင်းကတော့ အလွန်ဆုံးမှရှိမှ ဆယ်မိုင်လောက်ပါပဲ ။
အနီရောင် ရေနဂါးဘုရင် ……
ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး ။သည်အနီရောင် ဦးခေါင်းကြီးက အနီရောင် ရေနဂါးဘုရင်ရဲ့ ဦးခေါင်းပဲ ဖြစ်ရပါမယ်။
အနီရောင် ရေနဂါးဘုရင်က ပင်လယ်နီကို အစိုးရတဲ့ ဘုရင်တစ်ပါး ဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာက အတော်လေး သန့်စင်တဲ့ အနီရောင် ရေနဂါး မျိုးဆက်သွေး ရှိပါတယ် ။
အနီရောင် ရေနဂါးဘုရင်က မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် သည်ပင်လယ်ပြင်ထဲမှာ မိစ္ဆာသားရဲ ဧကရာဇ် အဆင့်ရှိတဲ့ မဟူရာ ရေနဂါးတစ်ကောင် ဖမ်းဆီးပိတ်လှောင် ခံထားရတယ်ဆိုတာကို သိခဲ့ရတာပါ ။
မဟူရာ ရေနဂါး နဲ့ အနီရောင် ရေနဂါးဆိုတာက မျိုးနွယ်ချင်း မတူပေမယ့်လည်း ရေနဂါးတွေပါပဲ ။ အဲသည်အတွက် မဟူရာ ရေနဂါးရဲ့ သွေးအဆီအနှစ်ဟာ အနီရောင် ရေနဂါးဘုရင်အတွက် အလွန်အမင်း အဖိုးတန်ပါတယ် ။
သည်မဟူရာ ရေနဂါးရဲ့ သွေးအဆီအနှစ်နဲ့ဆိုရင် အနီရောင် ရေနဂါးဘုရင်ဟာ သူ့ရဲ့ အနီရောင် ရေနဂါး မျိုးဆက်သွေးကို သန့်စင်ပြီး အစစ်အမှန် အနီရောင် ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေဖို့အတွက် အခွင့်အရေး တော်တော်များပါတယ် ။ တကယ်လို့ သူသာ အစစ်အမှန် အနီရောင် ရေနဂါးတစ်ကောင် ဖြစ်လာခဲ့ရင်တော့ အဆုံးမရှိတဲ့ သမုဒ္ဒရာ ထဲမှာတောင်မှ သူ့ကို တားနိုင်တဲ့သူ ရှိတော့မှာ မဟုတ်ပါဘူး ။
သည်ပင်လယ်နီဟာ ကျဉ်းလွန်းလှပါတယ် ။သူက သည်ပင်လယ်နီထဲမှာပဲနေပြီး သူ့ဘဝတစ်လျှောက်လုံးကို ကုန်ဆုံးမသွားချင်ပါဘူး ။သည်ပင်လယ်နီရဲ့ အပြင်ဘက်က သမုဒ္ဒရာကမှ သူ့ဘဝရဲ့ အိပ်မက်ပါ ။
အဲသည် သမုဒ္ဒရာတွေထဲမှာဆိုရင် များပြားလှတဲ့ မိစ္ဆသားရဲ ဧကရာဇ်တွေနဲ့ မရေမတွက်နိုင်တဲ့ ရင်းမြစ်တွေ ရှိပါတယ် ။ သူ့ရဲ့ လက်ရှိစွမ်းအားအရ ဆိုရင်တော့ သူ့အနေနဲ့ သမုဒ္ဒရာထဲကို သွားလို့ ရပေမယ့် သမုဒ္ဒရာ တစ်ခုကို လွှမ်းမိုး အုပ်ချုပ်နိုင်ဖို့ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ အရာပါပဲ ။ သူက ပင်လယ်နီထဲကနေ တစ်ခါ ထွက်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့ အဲသည်ထွက်တဲ့ တစ်ခါမှာပဲ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးနဲ့ အချင်းများပြီး သေပြေးရှင်ပြေး ပြေးခဲ့ရပါတယ် ။ အဲသည်အချိန်ကစပြီး သူဟာ ပင်လယ်နီအပြင်ကို မထွက်ရဲတေ့ာပါဘူး ။
" ဒါက အဆင့်နိမ့် မိစ္ဆာဧကရာဇ် တစ်ပါး ဆိုပေမယ့် သူ့ရဲ့ သွေးအဆီအနှစ်ကတော့ ငါ့ရဲ့ အနီရောင် ရေနဂါး မိျိုးဆက်သွေးကို သန့်စင်ဖို့အတွက် လုံလောက်တာပဲ "
မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ အလောင်းကို ကြည့်နေတဲ့ အနီရောင် ရေနဂါးဘုရင်ရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေ ခဲ့ပါပြီ ။
ရွပ်……
အဲသည်နောက်မှာတော့ အနီရောင် ရေနဂါးဘုရင်ဟာ မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို လက်သည်းနဲ့ နက်ရှိုင်းစွာ ကုတ်ပစ်လိုက်ပါတယ် ။
တကယ်လို့ မဟူရာ ရေနဂါး ဧကရာဇ် မသေသေးရင်တော့ ချီအရှိန်အဝါနဲ့တင် သူ့ကို ဒဏ်ရာရစေနိုင်ပေမယ့် အခုကတော့ မဟူရာ ရေနဂါး ဧကရာဇ်ဟာ သွားပြီဖြစ်တဲ့အတွက် ချီအရှိန်အဝါက သူ့အပေါ်မှာ သက်ရောက်မှု မရှိတော့ပါဘူး ။
" အနီရောင် ရေနဂါးဘုရင် …… မင်းက အတော် ရက်စက်တာပဲ ။ သည်မဟူရာ ရေနဂါး ဧကရာဇ်ရဲ့ အလောင်းကို ရဖို့အတွက် မင်းက မရေမတွက်နိုင်တဲ့ ပင်လယ်သားရဲတွေကိုတောင် စတေးခံဝံ့တယ်ပေါ့ "
အသံနဲ့အတူ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေနဲ့ လူရိပ်တွေဟာ ကောင်းကင်ယံပေါ်မှာ ပေါ်ထွက်လာခဲ့ပါပြီ ။ သူတို့ကို ဦးဆောင်လာသူကတော့ သက်တံနီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ သက်တံနီဘုရင်ပါပဲ ။
အနီရောင် ရေနဂါးဘုရင်က မော့ကြည့်လိုက်ပြီး
" သက်တံနီဘုရင်……မင်းက ငါ့ကို တားဆီးတော့မယ်ပေါ့ ။ မင်းက နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲနေချင်ပြီလား "
မရေမတွက်နိုင်တဲ့ ပင်လယ်သားရဲတွေရဲ့ အသက်ဟာ အနီရောင် ရေနဂါးဘုရင်အတွက်တော့ ဘာမှ အရေးမကြီးတဲ့ အရာပါပဲ ။ သူ့အနေနဲ့ မိစ္ဆာသားရဲ ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်သရွေ့ အဲဒါက တန်တယ်လို့ သူက ယူဆထားပါတယ် ။ အဲသည်အတွက် ပင်လယ်နီ တစ်ခုလုံးမှာရှိတဲ့ ပင်လယ်သားရဲတွေရဲ့ အသက်ကို စတေးရမယ် ဆိုရင်တောင်မှ သူဟာ နှစ်ခါပြန် စဉ်းစားနေမယ် မဟုတ်ပါဘူူး ။
သည်ကမ္ဘာပေါ်မှာက အားကြီးတဲ့ သူတွေကသာ လွှမ်းမိုးအုပ်စိုး နိုင်ပါတယ် ။ တကယ်လို့သာ သူ့အနေနဲ့ မိစ္ဆာသားရဲ ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင်တော့ သူဟာ သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ရှိတဲ့ ကုန်းတွင်းပင်လယ်တွေ နဲ့ ရောင်စဉ်ခုနစ်ဖြာတိုက်ကြီးရဲ့ အနောက်ဘက်မှာရှိတဲ့ ပင်လယ်အချို့ကိုတောင် အုပ်စိုးနိုင်မှာပါ ။အဲသည်အချိန်မှာဆိုရင် သူဟာ မရေမတွက်နိုင်တဲ့ နောက်လိုက်တွေကို ပြန်ပြီး ရလာပါလိမ့်မယ် ။
"ဟား……ဟား …… တကယ့်ဟာသပဲ ။ မင်းက မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ သွေးအဆီအနှစ်ကို ရသွားပြီးရင်ကော ငါ့ရဲ့ သက်တံနီဂိုဏ်းကို ချမ်းသာပေးမတဲ့လား "
သက်တံနီဘုရင်က ဟားတိုက် ရယ်မောလိုက်ပါတယ် ။
ချွမ်……
အသံနဲ့အတူ အနီရောင် အလင်းတန်းတစ်ခုဟာ သက်တံနီဘုရင်ရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါပြီ ။ အဲဒါကတော့ အနီရောင် ရှေးဟောင်းဓားကြီး တစ်လက်ပါပဲ ။
အဲသည်ဓားကိုတော့ သက်တံနီဓားလို့ ခေါ်ပြီး အဲသည်ဓားက အကြိုကောင်းကင်အဆင့် ဓားတစ်လက် ဆိုရင်လည်း မမှားပါဘူး ။
ဓားထဲမှာတော့ မီးလျှံဓားဆန္ဒတစ်ခု ခိုဝင်ကိန်းအောင်းနေပြီး အဲသည်ဓားဆန္ဒက ကိုင်ဆောင်ထားသူရဲ့ အစွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ် ။ သည်သက်တံနီဓားနဲ့မှသာ သက်တံနီဘုရင်က အနီရောင် ရေနဂါးဘုရင် အပေါ်မှာ အသာစီး ရယူနိုင်တာ ဖြစ်ပါတယ် ။ မဟုတ်လို့ကတော့ သူ့အနေနဲ့ အနီရောင် ရေနဂါးဘုရင်ကို ဘယ်လိုမှ အသာစီး ရယူနိုင်မှာ မဟုတ်ပါဘူး ။ အနီရောင် ရေနဂါးဘုရင် ဆက်ခံထားတဲ့ မျိုးဆက်သွေးဟာ အတော်လေး သန့်စင်သိပ်သည်းလှတဲ့အတွက် တော်ရုံ အဆင့်မြင့် မူလပင်လယ် ဘုရင်တွေဟာ သူ့ကို ဒဏ်ရာရအောင် လုပ်ဖို့တောင်မှ ခံယဉ်းလွန်းလှပါတယ် ။ တစ်ဦးချင်း ယှဉ်ဖို့အတွက် ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။
"သက်တံနီဘုရင်…… ငါက သည်လောက် နှစ်တွေအများကြီး ပြင်ဆင်လာခဲ့တာ ။ အဲသည်ပြင်ဆင်မှုထဲမှာ မင်းအတွက် မပါဘူးလို့ ထင်နေတာလား "
ဟူး………
အနီရောင် ရေနဂါးဘုရင်က သူ့ရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို စတင် ထုတ်လွှတ်လာခဲ့ပါပြီ ။
" အနီရောင် ရေနဂါးဘုရင်…… အပိုတွေ ပြောမနေဘဲ မင်းလုပ်နိုင်တဲ့ အရာအကုန်လုံးကို လုပ်လိုက် ။ ငါတို့ သက်တံနီဂိုဏ်းက ဘယ်လိုဖြစ်ဖြစ် မင်းကို တားဆီးဖို့ ဆုံးဖြတ်ပြီးသွားပြီ "
ချွမ်……
တတိယမျက်လုံး ဓားမော့ဘုရင်ကလည်း သူ့ရဲ့ ရှေးဟောင်းဓားမော့ကို ဆွဲထုတ်ပြီးသားပါပဲ ။ အဲဒါက အနက်ရောင် ဓားမော့တစ်လက်ဖြစ်ပြီး ဓားမော့ရဲ့ ကိုယ်ထည်ပေါ်မှာတော့ မျက်လုံးတစ်လုံးကို ရေးထွင်းထားပါတယ် ။
ဖန်ဆင်းရှင်မျက်လုံး ဓားမော့ ၊ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ။
( Note - ဓားမော့ ဆိုတာက ဆေဘာ အမျိုးအစားထဲက ဖြစ်ပါတယ်။ )
" အနီရောင် ရေနဂါးဘုရင် …… သည်နေရာကနေပြီး အခုချက်ချင်း ဆုတ်စမ်း "
သက်တံနီဂိုဏ်းရဲ့ အခြားသော အထွတ်ခေါင်ချုပ် အကြီးအကဲတွေကလည်း သူတို့ရဲ့ လက်နက်တွေကို အသင့်ပြင်ထား ခဲ့ပါပြီ ။
သာမန်အခြေအနေတွေမှာ ဆိုရင်တော့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေဖြစ်တဲ့ သူတို့ဟာ အနီရောင် ရေနဂါး ဘုရင်အတွက် ပမွှားလေးတွေပါပဲ ။ ဒါပေမဲ့ သက်တံနီဘုရင်နဲ့ ဆိုရင်တော့ သူတို့ဟာ ပမွှားလေးတွေ မဟုတ်တော့ပါဘူး။ သူတို့က သက်တံနီဘုရင်ကို ဘေးကနေ ထောက်ပံ့ ပေးရုံပါပဲ ။ ကျန်တာကိုတော့ သက်တံနီဘုရင်က အခြေအနေကြည့်ပြီး လုပ်ဆောင်သွားပါလိမ့်မယ် ။
ဆံပင်အညိုနဲ့ လူကြီးကတော့ အလိုက်တသိပဲ တိုက်ပွဲ စက်ကွင်းထဲကနေ ဆုတ်သွားပါတော့တယ် ။ သူက မူလပင်လယ်နယ်ပယ် အဆင့်၄မှာသာ ရှိနေသေးတဲ့အတွက် သည်တိုက်ပွဲမှာ မသင့်လျော်ပါဘူး ။ သည်တိုက်ပွဲထဲမှာ သူဝင်ပါတာက သက်တံနီဂိုဏ်းကို အထောက်အကူ ပြုတာထက် အနှောင့်အယှက် ပေးရာပဲ ကျနေပါလိမ့်မယ် ။
***