← Chapters

အရင်ဘဝက နဂါးငွေ့တန်းကိုများ ကယ်တင်ခဲ့သလား

Vol. 17 Ch. 255

အရင်ဘဝက နဂါးငွေ့တန်းကိုများ ကယ်တင်ခဲ့သလား

Vol. 17 Ch. 255

အားလုံး စိတ်အားထက်သန်နေကြပုံကို မြင်ပြီး လင်းဖန်ပြုံးကာ ရှားဝမ်ချွေ့၏ နဖူးကို နမ်းလိုက်ပါသည်။

"မဒမ်ရှား ငါ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ နဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ တတိယတွဲ ဇာတ်ညွှန်းတွေကို ရေးတာ ပြီးခါနီးနေပါပြီ။ အလွန်ဆုံး နောက်ထပ် တစ်ပတ်ဆို ပြီးပြီ။ ငါရေးပြီးသွားရင် ရိုက်ကူးရေးစဖို့ ပြင်ဆင်လို့ ရပြီ" လင်းဖန်က ပြုံးကာ ပြောလိုက်လေသည်။

ဒီရုပ်သံဒရမ်မာ ၂ ခုကိုသာ ရိုက်ကူးလိုက်မည်ဆို သက်ရောက်မှုက သေချာပေါက် ကောင်းမွန်လိမ့်မည်။

ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲနှင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ တတိယတွ်တို့၏ ဇာတ်လမ်းဇာတ်ကွက်များက ပြောင်မြောက်လွန်းလှပါသည်။

ထိုရုပ်သံဒရမ်မာ ၂ ကားက လင်းဖန်အတွက်လည်း အလွန်အရေးကြီးလွန်းလှသည်။

ထိုရုပ်သံဒရမ်မာ ၂ ကားကို ရိုက်ကူးကာ ထုတ်လွှင့်ပြသဖို့စောင့်နေချိန်တွင် နှစ်ဝက် ကုန်ဆုံးသွားလောက်သည်။

ရှားဝမ်ချွေ့၏ အဖေကို လင်းဖန်တွေ့ရဖို့ နှစ်ဝက်တောင် မလိုတော့ပါ။

လင်းဖန်အတွက် အချိန် ပိုပိုပြီး နည်းလာပါသည်။

ရှားဝမ်ချွေ့ အဖေ၏ သဘောတူညီချက်ကိုသာ အရမယူနိုင်ပါက သူမနဲ့ တကယ် အတူတူ နေနိုင်တော့မှာ မဟုတ်ပေ။

လင်းဖန် ပြောစကားကို ကြားပြီး ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်ပါသည်။

နောက်ထပ် ၇ ရက်အတွင်း သူတို့ ရုပ်သံဒရမ်မာ ၂ ကားကို တရားဝင် ရိုက်ကူးနိုင်တော့မည်။

ထိုသတင်းကို Group ထဲကလူတွေ ကြားသွားသည့်အခါတွင်လည်း အားလုံး စိတ်လှုပ်ရှားသွားကြပါသည်။

"အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းတွေ ပြီးတော့မယ်တဲ့။ ငါတော့ မျှော်နေပြီဟေ့..."

"ငါလည်း အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းကို မျှော်နေတာ။ ရုပ်သံဒရမ်မာ ၂ ကားစလုံးရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို မြင်ချင်နေပြီကွာ။"

"လုပ်လိုက်ကြစို့။ အစ်ကိုဖန်ရဲ ရုပ်သံဒရမ်မာသစ်တွေကို စောင့်ကြစို့။"

"လင်းဖန် ဒီတစ်ခေါက်ကော ဘယ်လို လက်ရာမြောက်တဲ့ ဇာတ်ညွှန်းတွေ ရေးထားလဲ မသိဘူး။ ဧကန္တ သူရေးထားတဲ့ ဇာတ်ညွှန်းနှစ်ပုဒ်က အရင်ကထက်တောင် ပိုကောင်းနေမလား မသိဘူးနော်။"

Group ထဲက လူတွေလည်း ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့ကြပါသည်။

တချို့လူတွေဆို ညဘက် ကောင်းကောင်း အိပ်မပျော်နိုင်လောက်တော့ပါ။

အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရပြီးနောက် လင်းဖန်၏ ဇာတ်ညွှန်းအသစ်များနောက်ဆုံးတော့ အသင့်ဖြစ်နေပါပြီ။

အချိန်တွေ အကုန်မြန်ခဲ့ကာ နောက်တစ်နေ့ နေ့လည်ခင်းသို့ ရောက်ရှိလာသည်။

ဒီနေ့ ရှန်ဟိုင်းမြို့ ကော်မာရှယ် စင်တာတွင် ခမ်းနားသည့် စီးပွားရေး လုပ်ငန်းတွေ့ဆုံပွဲကြီးရှိသည်။

လင်းဖန်က Bugatti Veyron Ettore Bugatti ကားကို မောင်းလာပြီး ရှန်ဟိုင်းမြို့ ကော်မာရှယ်စင်တာ ဝင်ပေါက်ရှေ့တွင် ရပ်လိုက်သည်။

လင်းဖန်၏ ပြိုင်ကားကြီး ရပ်တန့်သွားတော့ ဘေးပတ်လည်က လူတွေအားလုံး အံ့သြမှင်သက်ကုန်ကြ၏။

Bugatti Veyron Ettore Bugatti ပြိုင်ကားကြီးက လုံးဝ နက်မှောင်နေသည်။ အင်ဂျင်စက်သံကြီး၊ အလွန်အားကောင်းသည့် မြင်းကောင်ရေအားနဲ့၊ ကြည့်ကောင်းလှသည့် ကားဘော်ဒီများက အံ့ဖွယ်ဖြစ်သသည်။ ပြိုင်ကားကြီး ရပ်တန့်သွားသောအခါ ကားတံခါးများက လိပ်ပြာတောင်ပံခတ်သလို ပွင့်လာခဲ့ပါသည်။

ဒီပြိုင်ကားကို ဖော်ပြဖို့ စကားတစ်ခွန်းသာ ရှိပါတော့သည်။

ချမ်းသာလိုက်တာ။

"ဒီပြိုင်ကားကြီးက လင်းဖန်ရဲ့ ပြိုင်ကားနဲ့ တူတယ်နော်။"

"ဟုတ်တာပေါ့။ လင်းဖန်ရဲ့ ကားလေ။ Bugatti Veyron Ettore Bugatti ကားကို လင်းဖန်အတွက် Bugatti ကော်ပိုရေးရှင်းကနေ ကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းဆွဲပေးထားတာ။ Limited Edition ပြိုင်ကားကြီးပဲ။"

"ဘုရားရေ ဒီပြိုင်ကားကြီးက သန်း ၂၀၀ ကျော်တန်တယ်ဆိုတာလား။ မိုက်လိုက်တာကွာ။"

"လင်းဖန်ကလည်း အရမ်းချောမှာပဲ။ သူလည်း ဒီကို စီးပွားရေး လုပ်ငန်းတွေ့ဆုံပွဲ လာတက်ရောက်တာလား။"

ဘေးနားမှ ဖြတ်သွားဖြတ်လာများက အားကျနေကြပါသည်။

လင်းဖန်က စူပါစတားတစ်ယောက်ဖြစ်ကာ အားလုံးရဲ့ အိုင်ဒေါလည်း ဖြစ်သည်။

ကားပါကင်ထိုးပြီးနောက် ကော်မာရှယ်စင်တာ၏ လုံခြုံရေးအစောင့်က လင်းဖန်ကို ဦးညွှတ်ပြီး ပါကင်နေရာ ၃ ခု ပေးလိုက်ပါသည်။

Bugatti Veyron Ettore Bugatti ကားကြီး ဒီမှာရှိနေသဖြင့် Ferrari နဲ့ Rolls-Royce တို့ကဲ့သို့ တခြားပြိုင်ကားများလောက်နဲ့ မရတော့ပေ။

သူတို့ Bugatti Veyron Ettore Bugatti ကားကြီးနဲ့ ဆုံလာရပါက ဒီပြိုင်ကားကြီးမှာ သန်း ၂၀၀ ကျော်တန် ပြိုင်ကားကြီး ဖြစ်၏။ ပြန်လည် ပြုပြင်ခကလည်း မတော်မတရား မြင့်မားလွန်းပါသည်။

သူကားပေါ်က ဆင်းလိုက်စဥ်မှာပဲ ယွမ်ချမ့်နဲ့ ယွမ်ရှစ်တို့က လင်းဖန်ကို စောင့်ကြိုနေကြပါသည်။

"ညီလေးလင်း မတွေ့ရတာကြာပြီကွာ" ယွမ်ချမ့်က နွေးထွေးစွာ လက်ကမ်းပေးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

"မတွေ့တာကြာပြီ အစ်ကိုယွမ်" လင်းဖန်က အပြုံးဖြင့် ပြောလိုက်သည်။ ယွမ်ချမ့်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ဖက်ပင် ဖက်လိုက်ပါသေးသည်။

ရှန်ဟိုင်းမြို့တွင် လင်းဖန်၏ ဂုဏ်သတင်းက မွှေးလွန်း၏။ ရုပ်ရှင်အဖွဲ့သားတွေကြားထဲမှာကော၊ အနုပညာလောကထဲမှာကော၊ လုပ်ငန်းပေါင်းစုံမှာကော ယွမ်ချမ့်က လင်းဖန်ကို အများကြီး ကူညီပေးခဲ့သည်။

"ဟားဟား ဒါက မင်းရဲ့ မရီးလေ။ နာမည်က ယွမ်ရှစ်တဲ့" ယွမ်ချမ့်က သူမကို လင်းဖန်နဲ့ မိတ်ဆက်ပေးလိုက်ပါသည်။

"မရီးက ငယ်လိုက်တာနော်" လင်းဖန်က ယွမ်ရှစ်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"ဒါ ယောက်မလေးဖြစ်မယ်။ တကယ်လှတာပဲ။ ကျွန်မကလေးတွေအကုန်လုံးက ရှင့်ပရိတ်သတ်တွေချည်းပဲ" ယွမ်ရှစ်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။

"အင်း~ မင်္ဂလာပါ အစ်မယွမ်" ရှားဝမ်ချွေ့က ပြုံးကာ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်ပါသည်။

"ညီလေးလင်းက တကယ်တော်တာပဲ။ ယောက်မလေးကို ရအောင် ပိုးပန်းနိုင်တယ်နော်။ သူက သဘောကောင်းပြီး လှလည်းလှတယ်" ယွမ်ချမ့်က လင်းဖန်၏ ပခုံးကို ဆုပ်ကိုင်ရင်း ရယ်မောကာ ပြောလိုက်သည်။

"အစ်ကိုယွမ် အရင်ဆုံး အထဲဝင်ကြစို့။ ကျွန်တော်တို့ လမ်းလျှောက်ရင်း စကားပြောကြတာပေါ့ဗျာ" လင်းဖန်က ဘေးကရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး သူမ လက်ကို ဆုပ်ကိုင်လိုက်သည်။

သူ့ကောင်မလေးကို ဒီလိုခမ်းခမ်းနားနား ပွဲတော်တစ်ခုဆီ ခေါ်လာရတာ အလွန်ကောင်းပါသည်။

အထူးသဖြင့် အားလုံး၏ အားကျနေသော မျက်လုံးများကို မြင်ရသည့်အခါ လင်းဖန် ကျေနပ်သွားရ၏။

ဒီနေ့ ရှားဝမ်ချွေ့က အလှပဆုံးသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက နဂိုကတည်းက အမှတ် ၁၀၀ အပြည့် မိန်းမလှလေးဖြစ်သည်။ သူမ ဘယ်ကိုပဲရောက်ရောက် အတောက်ပဆုံး ဖြစ်နေတတ်သည့် မိန်းကလေးမျိုးသာ ဖြစ်သည်။

ဒီနေ့ ဒီလိုလှလှပပ အဝတ်အစားများနဲ့ ရှည်လျားသော စကတ်ကို ဝတ်ဆင်ထားသည်။ ယခင်ကဲ့သို့ ကြောင်မလေးလို ချစ်ဖို့မကောင်းတော့သော်လည်း မိန်းကလေးတစ်ဦး၏ အလှပဆုံးပုံစံကို ထုတ်ပြနိုင်ခဲ့ပါသည်။

ရှားဝမ်ချွေ့က လင်းဖန်ကို အဖော်ပြုပေးလိုက်သည်။ လင်းဖန်နဲ့အတူတူ ဒီကို တွဲလျှောက်လာခြင်းကြောင့် အာရုံစိုက်မှုများစွာကို ခံခဲ့ရပါသည်။

"လခွမ်း။ ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့က တွဲနေကြပြီ။ လက်ချင်းတောင် တွဲထားကြတယ်။ ချိုမြိန်လိုက်ကြတာ"

"ဒီမှာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကိုတောင် တွေ့နေရပါလား။ လင်းဖန်ကို အရမ်းအားကျတာပဲ။ အရင်ဘဝက နဂါးငွေ့တန်းတစ်ခုလုံးကိုများ ကယ်တင်ခဲ့လို့လား။ မဟုတ်ရင် ရှားဝမ်ချွေ့လောက် လှပတဲ့ ကောင်မလေးကို ဘယ်လိုလုပ် ပိုင်ဆိုင်သွားတာလဲ။"

"ငါ့နတ်သမီးလေးလက်ကို လင်းဖန်ကိုင်ထားမှန်း စဥ်းစားလိုက်ရင် ရင်နာလိုက်တာ။ ငါ့နတ်သမီးလေး ရှားဝမ်ချွေ့ရဲ့ ပထမဆုံးအနမ်းကိုလည်း လင်းဖန်ကိုပဲ ပေးလိုက်ရတာ။ ပထမဆုံးအကြိမ် လက်ချင်းတွဲတာလည်း လင်းဖန်နဲ့ပဲ။ သူ့ရဲ့ပထမဆုံးအကြိမ်တိုင်းက လင်းဖန်နဲ့ချည်းပဲ။ ငါငိုချင်လာပြီ။"

"လင်းဖန်က အရမ်းချောတာပဲ။ ရှားဝမ်ချွေ့နဲ့ရှိနေရင် အရမ်းပျော်နေတဲ့ပုံစံနဲ့။ ရှားဝမ်ချွေ့ လင်းဖန်ရဲ့ လက်ကို တွဲထားတာ ကြည့်ပါဦး။ သူ အရမ်းပျော်နေတယ်။"

အားလုံး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို အားကျစွာ ကြည့်လိုက်ကြသည်။

သူတို့နဲ့ လင်းဖန်တို့အကြားက ခြားနားမှုကလည်း ဒါပဲဖြစ်သည်။

လင်းဖန်က ချမ်းသာပြီး ကားရှိ၊ အိမ်ပိုင်ပြီး သန်း ၂၀၀ တန်သည့် ပြိုင်ကားကြီးကို မောင်းနိုင်သည်။ ထို့အပြင် လင်းဖန်၏ ကောင်မလေးကလည်း အလွန်လှပနေပါသည်။

လင်းဖန်တို့ အုပ်စု ဝင်ပေါက်နားသို့ ဦးတည်နေစဥ် ခပ်ကျယ်ကျယ်အသံ တစ်သံ ထွက်ပေါ်လာ၏။

"ပြိုင်ကားလေးတစ်စီး မောင်းတာ ဘာဖြစ်လို့လဲ။ စူပါစတားတစ်ယောက်ဖြစ်ရတာကော ဘာတွေများ ကြီးကျယ်နေလို့လဲ။ သူများအတွက် အလုပ်လုပ်ပေးနေရတာပဲ မဟုတ်ဘူးလား။"

"ကိုယ့်မိဘပိုက်ဆံ ထိုင်ဖြုန်းပြီး ပြိုင်ကားဝယ် ကြွားနေတာများ။ ဘာတွေ ဝံ့ကြွားစရာ ရှိလို့လဲ" စျေးကြီးသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ တောက်တောက်ပြောင်ပြောင် အနက်ရောင် သားရေဖိနပ် စီးထားပြီး ဘရန်းဒက် လက်ပတ်နာရီတို့ကို ပတ်ထားသည့် အသက် ၂၀ ဝန်းကျင် ကောင်လေးတစ်ယောက်က ပြောလိုက်သည်။

သူ့ဘေးပတ်လည်တွင် ဘော်ဒီဂတ် ၁၀ ယောက်ကျော်လောက် ရှိနေသည်။ သူက လင်းဖန်ကို အထင်သေးစွာဖြင့် ပေါ်တင် လှမ်းကြည့်လိုက်သည်။

"ညီလေးဟွေ့ သွားကြစို့။ ဒီလိုသရုပ်ဆောင်မျိုးနဲ့ မပတ်သတ်စမ်းပါနဲ့။ သူက မင်းနဲ့ အကွာကြီးပဲ။ မင်းက ဟွေ့မိသားစုရဲ့ ဆက်ခံသူလေ" အစိမ်းရောင် အဝတ်အစားဖြင့် ဘော်ဒီဂတ်တစ်ယောက်က တလေးတစား ပြောလိုက်ပါသည်။

ထို့နောက် သူတို့အုပ်စု ထွက်သွားတော့သည်။

ဒီညီလေးဟွေ့ဆိုသူက လင်းဖန်ကို ပစ်မှတ်ထားနေမှန်း သိသာပါသည်။

လင်းဖန်က ဂရုမစိုက်ပေ။ သူ့အဆင့်အတန်းနဲ့ သူ့ပိုက်ဆံကို ဘယ်ကရသလဲဆိုတာ ဘယ်သူနဲ့မှ မသက်ဆိုင်ပါ။

အင်တာနက်ပေါ်မှာ သူ့ကို ဝေဖန်သူများစွာ ရှိသည်။ လင်းဖန်၏ လက်ရှိစိတ်အခြေအနေနဲ့ဆို ဒီလိုဒုတိယမျိုးဆက် သူဌေးသားလောက်ကို ပြိုင်ကြွားနေမည် မဟုတ်ပေ။

လင်းဖန် သည်းခံနိုင်သည့် အတိုင်းအတာကို မကျော်သေးသရွေ့ သူ့ကို ဘယ်လောက် ဆူဆူဆဲဆဲ လင်းဖန် ဂရုမစိုက်ပါ။

လင်းဖန် သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားရင်တော့ ဘယ်သူဖြစ်နေဖြစ်နေ အရေးမကြီးပေ။

သူတို့ကို ပြန်ပေးဆပ်ရအောင် လင်းဖန် လုပ်ပစ်လိမ့်မည်။

All Chapters