← Chapters

ထိပ်တန်း အုပ်ချုပ်သူ အရာရှိ

Vol. 38 Ch. 508

ထိပ်တန်း အုပ်ချုပ်သူ အရာရှိ

Vol. 38 Ch. 508

" ကြေးခွံဖြူတိုက်ကြီးမှာ ငါတို့ သက်တံနီဂိုဏ်းက စစ်သား၂၀၀၀ ပါဝင်တဲ့ စစ်တပ်တစ်ခုနဲ့ ခြေကုပ် ရယူထားတယ် ။ အဲသည်တပ်ထဲမှာ ပါတဲ့ စစ်သားအများစုကတော့ ငါတို့ရဲ့ သက်တံနီဂိုဏ်းက မဟုတ်ဘူး ။ သူတို့က နိုင်ငံတော်၇ခုကနေပြီး ငါတို့စစ်တပ်ထဲကို ဝင်လာကြတာ ။ သူတို့တွေအားလုံးက ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်က လက်ရွေးစင်တွေပဲ ။ မင်းတို့သုံးယောက်က ကြေးခွံဖြူတိုက်ကြီးကိုရောက်ရင် အဲသည်လူ ၂၀၀၀ကို ဦးဆောင်ပြီး အခြေအနေတွေကို တည်ငြိမ်အောင် လုပ်ရမယ် ။  မင်းတို့အနေနဲ့ ငါတို့ရဲ့ ပိုင်နက်ကို တိုးချဲ့နိုင်ရင် ဆုလာဘ်တွေ ပိုရလိမ့်မယ်  ။ ပြီးတော့ မင်းတို့က သယံဇာတ ရင်းမြစ်ပစ္စည်းတွေကို တခြားဂိုဏ်းတွေနဲ့ လဲလှယ်လို့လည်း ရတယ် ။ အဲဒါကို ငါတို့ဂိုဏ်းတော်က တားမှာ မဟုတ်ဘူး ။ ရှင်းရှင်းပြောမယ်ကွာ ။ မင်းတို့သုံးယောက်က အဲသည်ကြေးခွံဖြူ တိုက်ကြီးမှာ လုပ်ချင်သာတာလုပ် ။ ဒါပေမဲ့ ငါတို့ သက်တံနီဂိုဏ်း ခြေကုပ်ရယူထားတဲ့ နယ်မြေကိုတော့ မဆုံးရှုံးစေနဲ့ "

ပင်မအကြီးအကဲခေါင်ချုပ်က လီဖူချန်းတို့သုံးယောက် ထမ်းဆောင်ရမယ့် တာဝန်အကြောင်းကို အရှင်းလင်းဆုံး ပြောလိုက်ပါတယ် ။

သက်တံနီဂိုဏ်းဟာ ကြေးခွံဖြူတိုက်ကြီးကိုတော့ အတော်လေး အာရုံစိုက်ထားတယ်လို့ပဲ ပြောရပါမယ် ။

ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ သက်တံနီဂိုဏ်းရဲ့ ဂိုဏ်းတပည့်တွေအပေါ် ရင်းမြစ်ပစ္စည်း ထောက်ပံ့ရမှုဟာ အတော်လေးကို ကြောက်စရာ ကောင်းလှပါတယ် ။ အဲသည်အတွက် သက်တံနီဂိုဏ်းဟာ ရင်းမြစ်ပစ္စည်းတွေကို အမြဲလိုလို ရှာဖွေနေရပါတယ် ။ သက်တံနီဂိုဏ်းဟာ ရင်းမြစ်ပစ္စည်းတွေ အပေါ်မှာ မူတည်ပြီး ဆက်လက်တိုးတက်ဖို့ ကြိုးစားနေတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဆိုရင်လည်း မမှားပါဘူး ။  ရင်းမြစ်ပစ္စည်းတွေ ကုန်ဆုံးသွားတဲ့ တစ်နေ့ဟာ သက်တံနီဂိုဏ်း ဆုတ်ယုတ်ရမယ့် နေ့ပါပဲ ။

" အကြီးအကဲခေါင်ချုပ်ရှင့် …… သည်တာဝန်က အတော်လေးကို ခက်ခဲတဲ့ တာဝန်ဆိုတော့ ရမယ့် ထောက်ပံ့ရေးရမှတ်တွေကလည်း  များမှာပေါ့နော် ။ သည်က ဂိုဏ်းတပည့်က သိချင်လို့ မေးရုံသက်သပ်ပါ ။ ကျေးဇူးပြုပြီး  ဗွေမယူပါနဲ့  "

ပိုင်လိရှန်က မဝံ့မရဲ မေးလိုက်ပါတယ် ။

ဝမ်ခိုင်က ပြုံးလိုက်ပြီး

" ဒါပေါ့ ။ သည်တစ်ကြိမ် တာဝန်က အထူးသီးသန့် တာဝန်လေ ။ ဘယ်လိုလုပ်ပြီး ဂိုဏ်းတော်က မင်းတို့အပေါ်မှာ ရက်စက်နိုင်မှာလဲ ။ဂိုဏ်းတော်က မင်းတို့ အခြေခံ ဆုလာဘ်အဖြစ် တစ်လကို ထောက်ပံ့ရေးရမှတ် ၁၀၀၀ ပေးလိမ့်မယ် ။ပြီးတော့ မင်းတို့ရဲ့ အောင်မြင်မှုအပေါ်မှာ မူတည်ပြီးတော့လည်း ဆုလာဘ်တွေကို ထပ်တိုးပေးဦးမှာ ။ တစ်ကယ်လို့ မင်းတို့ စုဆောင်းနိုင်တဲ့ ကြေးခွံဖြူဆေးပင်တွေက တစ်လမှာ ၃၀% တိုးလာမယ်ဆိုရင် နောက်ထပ် ထောက်ပံ့ရေးရမှတ် ၁၀၀၀ ထပ်တိုးပေးဦးမယ် ။ ထောက်ပံ့ရေး ရမှတ်တွေကို ခွဲယူဖို့ကတော့ ခေါင်းဆောင်က ၅၀ရာခိုင်နှုန်း ရယူရမှာ ဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်ကတော့ တစ်ယောက်ကို ၂၅ ရာခိုင်နှုန်းစီ ခွဲဝေယူရမယ် ။ တကယ်လို့ မင်းတို့ရဲ့ ကြေးခွံဖြူ ဆေးပင် စုဆောင်းနိုင်မှုနှုန်းက ၅၀ရာခိုင်နှုန်းအထိ တိုးလာရင်တော့ ဂိုဏ်းတော်က မင်းတို့ကို ထောက်ပံ့ရေးရမှတ် ၂၀၀၀ ပေးမှာဖြစ်တယ် ။တကယ်လို့ မင်းတို့ရဲ့ ကြေးခွံဖြူ ဆေးပင် စုဆောင်းနိုင်မှုနှုန်းက ၁၀၀ ရာခိုင်နှုန်း ဆိုရင်တော့ ဆုလာဘ်အဖြစ် ထောက်ပံ့ရေးရမှတ် ၅၀၀၀  ၊ ၂၀၀ ရာခိုင်နှုန်းဆိုရင်တော့ ထောက်ပံ့ရေးရမှတ် ၁၀၂၀၀ ၊ ၃၀၀ ရာခိုင်နှုန်း ဆိုရင်တာ့ ထောက်ပံ့ရေးရမှတ် ၂၀၀၀၀ အထိ ပေးမယ် ။ ကဲ …… အားလုံး ကျေနပ်ရဲ့လား "

" ထောက်ပံ့ရေးရမှတ်တွေ ပိုရမလား ၊ မရဘူးလား ဆိုတာကတော့  မင်းတို့ရဲ့ ကြိုးစားမှု အပေါ်မှာပဲ မူတည်တယ် "

ကြေးခွံဖြူဆေးပင် ဆိုတာက မြေကမ္ဘာအဆင့်မြင့် ဆေးပင် တစ်မျိုးပါပဲ ။ ဆေးပင်အဆင့်အတန်းက သိပ်ပြီး မြင့်လှတယ် မဟုတ်ပေမယ့် ကြေးခွံဖြူ တိုက်ကြီးမှာပဲ ပေါက်ရောက်ပါတယ် ။ ဒါကြောင့်လည်း လူတွေက အဲသည်ဆေးပင်ကို ကြေးခွံဖြူ ဆေးပင်လို့ အမည် ပေးထားကြတာပါ ။

" အကြီးအကဲခေါင်ချုပ် …… ကျွန်တော်သိချင်တာ တစ်ခုက ဘယ်သူ့ကို ခေါင်းဆောင်အဖြစ် ခန့်အပ်မလဲ ဆိုတာပါပဲ "

စီးခုံကျန်းက မေးခွန်းမေးပြီးတာနဲ့ သူ့ပါးစပ်ကိုသူ ပြန်ပိတ်ရိုက်ချင်လာမိပါတယ် ။

ဂိုဏ်းတော်က ဘယ်သူ့ကို ခေါင်းဆောင်အဖြစ် ခန့်အပ်မလဲဆိုတာ အသိသာကြီးပါပဲ ။ဂိုဏ်းတော်က ခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး  ကြေးခွံဖြူတိုက်ကြီးကို စေလွှတ်မယ့်သူဟာ လီဖူချန်းကလွဲပြီး တခြားသူ မရှိနိုင်ပါဘူူး ။

စီးခုံကျန်းက လီဖူချန်းဟာ သူ့ထက် အများကြီး ပိုအစွမ်းထက်တယ်  ဆိုတာကိုတော့ လက်မခံချင်ပေမယ့်လည်း လက်ခံရမှာ ဖြစ်ပါတယ် ။

ဝမ်ခိုင်က ခေါင်းဆောင် ဘယ်သူဖြစ်မလဲ ဆိုတာကို ပြန်မဖြေခဲ့ပါဘူး ။ ဒါပေမဲ့ သူက လီဖူချန်းကို ကြည့်လိုက်ပြီး

"ခေါင်းဆောင်တစ်ယောက် အနေနဲ့ မင်းက လူတိုင်းကို အမိန့်ပေးနိုင်သလို လက်ထောက်တွေကိုလည်း ကြီးကြပ်ညွှန်ကြားဖို့ အတွက် အကူအညီ တောင်းနိုင်တယ် ။ စနစ်က တိကျတယ် ဆိုပေမယ့် လူတွေက စနစ်ကို ပြန်ပြင်လို့ ရတာပဲ ။ တကယ်လို့ မင်းရဲ့ လက်ထောက်တွေက မင်းကို မကူညီဘူးဆိုရင် သူတို့ရဲ့ ဆုလာဘ်တွေထဲက တစ်ဝက်ကို မင်းယူလိုက် "

ခေါင်းဆောင်တစ်ယောက် ဆိုတာက ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့် နဲ့ သြဇာအာဏာ ရှိရပါမယ် ။ တကယ်လို့ လက်အောက်က လူတွေက   ခေါင်းဆောင်ရဲ့ အမိန့်ကို မနာခံဘူး ဆိုရင်တော့ အဲသည်ခေါင်းဆောင်ဟာ ခေါင်းဆောင် မဟုတ်တော့ပါဘူး ။

ဒါပေမဲ့လည်း ဘုရင်အဆင့် ဂိုဏ်းတပည့် အချင်းချင်း ပြသနာ မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ ။

လီဖူချန်း ခေါင်းညိတ်လိုက်ပြီး

" အကြီးအကဲခေါင်ချုပ်…… ကြေးခွံဖြူတိုက်မှာ သတ်ဖြတ်ခြင်းကို တားမြစ်ထားသလား ဆိုတာကို ကျွန်တော် သိချင်ပါတယ် "

လီဖူချန်း ကြောက်တာက တခြား ဂိုဏ်းတွေရဲ့ ဘုရင်အဆင့် ဂိုဏ်းတပည့်တွေကို သတ်မိပြီး ဂိုဏ်အချင်းချင်း စစ်ပွဲကို အစ ပျိုးမိလိုက်သလို ဖြစ်မှာကိုပါပဲ ။

ဝမ်ခိုင်က ရယ်လိုက်ပြီး

" အတတ်နိုင်ဆုံးတော့ မသတ်မိအောင် ထိန်းပေါ့ကွာ ။ ဒါပေမဲ့ တစ်ဖက်က လူသတ်ချင်တဲ့ပုံ ပြလာရင်တော့ သတ်သာ သတ်ပစ်လိုက် ။ ကျန်တာကို ဂိုဏ်းတော်က တာဝန်ယူပေးလိမ့်မယ် ။ ဒါပေမဲ့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာရှိတဲ့ ဂိုဏ်းတွေက ဘုရင်အဆင့်အတန်း တပည့်တွေကိုတော့ လုံးဝ မသတ်မိစေနဲ့ ။ ငါတို့တွေက မဟာမိတ်တွေဆိုတော့ ဖြေရှင်းရ ခက်တယ် "

ကြေးခွံဖြူတိုက်ကြီးပေါ်မှာ သက်ဝင်လှုပ်ရှားနေတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေက ၅၀ကျော် ရှိပါတယ် ။ တကယ်လို့ သတ်ဖြတ်ခြင်းကိုသာ တားဆီးပိတ်ပင် ထားမယ် ဆိုရင်တော့ အဲသည်တိုက်ပေါ်မှာ နေရာ ရယူဖို့က မလွယ်လောက်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတွေရဲ့ ကိုယ်ပိုင်နယ်မြေ ချ့ဲထွင်တဲ့ နေရာမှာတော့ တိုက်ခိုက်မှုတွေက အမြဲတစေ ရှိနေမှာပါပဲ ။ သက်တံနီဂိုဏ်းက တခြားဂိုဏ်းတွေကို အနိုင် ယူနိုင်မလား ၊ အနိုင် မယူနိုင်ဘူးလား ဆိုတာ မသေချာပေမယ့် တစ်ဖက်က လူသတ်ဖို့ ကြံစည်ရဲမှတော့ သူတို့ကလည်း နောက်ဆံ တင်းနေဖို့ အကြောင်းမရှိပါဘူး ။

ဒါပေမဲ့လည်း သူတို့က အကြောက်အလန့်မရှိ သတ်ဖြတ်ခြင်းကို လုပ်နေမယ်ဆိုရင် တခြား ဘုရင်အဆင့် ဂိုဏ်းတွေကလည်း ပိုအစွမ်းထက်တဲ့ ဘုရင်အဆင့် ဂိုဏ်းသားတွေကို လွှတ်ပြီး လက်တုံ့ပြန်နိုင်ပါတယ် ။ဒါကြောင့်လည်း ဝမ်ခိုင်က လီဖူချန်းကို အတတ်နိုင်ဆုံး လူမသတ်ရင် ပိုကောင်းတယ်လို့ ပြောခဲ့တာပါ ။

" ဟုတ်ကဲ့ …… ကျွန်တော် နားလည်ပါပြီ "

လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ် ။

သူက သတ်ဖြတ်ခြင်းကို စွဲလမ်းနေတဲ့ လူမျိုး မဟုတ်ပါဘူး ။ ဒါပေမဲ့  တစ်ဖက်က အရမ်း လွန်လာရင်တော့ သူဟာ လူအနည်းငယ်လောက်ကို သတ်ဖြတ်ရပါလိမ့်မယ် ။

" ကောင်းပြီ ။ လီဖူချန်းက ခေါင်းဆောင်ရာထူးကို ရယူပြီးပြီ ဆိုတော့ ချက်ချင်းပဲ ကြေးခွံဖြူတိုက်ကြီးကို ထွက်ခွာကြတော့ ။မင်းတို့အနေနဲ့ ဘောင်အထဲကဆိုရင် ကြိုက်တာ လုပ်ခွင့်ရှိတယ် ။ တစ်ခုတော့ မှတ်ထားကြဦး ။  သယံဇာတ ရင်းမြစ်ပစ္စည်းတွေက မင်းတို့ရဲ့ အသက်နဲ့ယှဉ်ရင် အလကားပဲ ။ အရင်းအမြစ်တွေအတွက် မင်းတို့ရဲ့ အသက်ကို ဘယ်တော့မှာ မရင်းနဲ့ "

ဝမ်ခိုင်က သုံးယောက်စလုံးကို သေသေချာချာ မှာကြားလိုက်ပါတယ် ။

" ဟုတ် "

အဲသည်နောက်မှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ ပင်မခန်းဆောင်ထဲကနေ ထွက်ခွာပြီး တည်နေရာရွှေ့ပြောင်း လွင်ပြင်ကို ဦးတည် ပံျသန်းသွားကြ ပါတော့တယ် ။

" အားလုံး အသင့်ဖြစ်ရင် သွားကြစို့ "

ချွမ်……

တည်နေရာရွှေ့ပြောင်း စင်မြင့်တွေထဲက တစ်ခုဟာ အရောင်တောက်သွား အပြီးမှာတော့ သူတို့သုံးယောက်ဟာ ပျောက်ကွယ်သွားခဲ့ပါပြီ ။

***……***………****.………

-ကြေးခွံဖြူတိုက်ကြီး-

ကြေးခွံဖြူတိုက်ကြီးဟာ ကောင်းကင်နဲ့မြေကြီးတို့ရဲ့ ဥပဒေသစည်းမျဉ်းတွေ တစ်မူထူးခြားစွာ သက်ရောက်နေတဲ့ နေရာတစ်ခုလို့ပဲ ဆိုရပါမယ် ။

ချွမ်………

သည်နေ့မှာတော့ ကြေးခွံဖြူတိုက်ကြီးရဲ့ အနောက်မြောက်ထောင့် အရပ်မှာရှိတဲ့ သက်တံနီတောင်တန်းတွေပေါ်က တည်နေရာရွှေ့ပြောင်း စင်မြင့်တစ်ခုဟာ အရောင်တောက်ပလာပြီး လူရိပ်သုံးရိပ် ပေါ်လာခဲ့ပါတယ် ။

" သည်တော့ ဒါက ကြေးခွံဖြူတိုက်ကြီး ဆိုတာပေါ့လေ "

လီဖူချန်းက သည်နေရာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အပင်တွေကို တစ်ချက် ဆန်းစစ်ကြည့်လိုက်ပါတယ် ။

သည်တိုက်ကြီးကို ကြေးခွံဖြူတိုက်ကြီးလို့ အမည်ပေးထားတာကလည်း မမှားပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သည်နေရာမှာ ပေါက်ရောက်နေတဲ့ အပင်အများစုဟာ အကွက်အကွက်ထနေတဲ့ အကြေးခွံတွေကို ပိုင်ဆိုင်ထားလို့ပါပဲ။ ပြီးတော့ လီဖူချန်းက သည်နေရာမှာ ပေါက်ရောက်နေတဲ့ အပင်တွေဟာ ရန်လိုတဲ့ သဘောသဘာဝကို ပိုင်ဆိုင်ထားပြီး အသားစားတဲ့ အပင်မျိုးနွယ်ဝင်တွေ ဖြစ်နေတယ် ဆိုတာကို သတိပြုမိ လိုက်ပါတယ် ။

ပိုင်လိရှန်ကလည်း

" လီဖူချန်း …… သည်ကြေးခွံဖြူတိုက်ကြီးက နင်နဲ့ တော်တော်လေး သင့်တော်တဲ့ပုံပဲ ။ သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေထဲမှာ ခန္ဓာကိုယ်သန့်စင်ခြင်း တာအို ခိုဝင်ကိန်းအောင်းနေတယ် ။ သည်နေရာမှာနေပြီး နင့်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်မယ်ဆိုရင် နင့်ရဲ့ ခန္ဓာကိုယ်အပြင်အား အဆင့်က အတော်လေး တိုးတက်လာလိမ့်မယ် "

ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဥပဒေသတွေက မတူညီတဲ့ တာအိုတွေကို ဖြစ်ပေါ်စေပါတယ် ။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ မိစ္ဆာစက်ကွင်းတိုက်ပေါ့ ။ မိစ္ဆာစက်ကွင်းတိုက်ရဲ့ ချီစွမ်းအင်တွေထဲမှာက မိစ္ဆာဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေတဲ့အတွက် အဲသည်တိုက်ဟာ မိစ္ဆာတွေအတွက် အထူးသင့်လျော်ပါတယ် ။

ကြေးခွံဖြူတိုက်ကြီးမှာရှိတဲ့ ချီစွမ်းအင်တွေ ထဲမှာတော့ ခန္ဓာကိုယ် သန့်စင်ခြင်း ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေတဲ့အတွက် ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့ ကျင့်ကြံသူတွေအတွက် အထူးသင့်လျော်ပါတယ် ။

" အမှန်ပဲ ။ သည်နေရာမှာ ရှိနေတဲ့ ကောင်ကင်းနဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေက ငါ့ကို ခန္ဓာကိုယ် အပြင်အားဆန္ဒ လမ်းစဉ်အကြောင်း နားလည်သဘောပေါက်ဖို့အတွက် အတော်လေး ကူညီနိုင်တယ် "

အခုချိန်မှာတော့ လီဖူချန်းဟာ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ ။ အဲသည်အတွက် သူ့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းနဲ့ ချိုးဖောက်ဝင်ရောက်ချင်တယ် ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းကို ပိုပြီး အခြေခိုင်မာအောင် လုပ်ရပါမယ် ။ သည်နေရာမှာ ရှိနေတဲ့ ချီစွမ်းအင်တွေက နဂါးရေကန်မှာရှိတဲ့ နဂါးချီစွမ်းအင်တွေလောက်တော့ ခန္ဓာကိုယ်ကို အကျိုး မရှိစေပါဘူး ။ ဒါပေမဲ့လည်း သည်နေရာမှာ ရှိနေတဲ့ ချီစွမ်းအင်တွေထဲမှာ ခန္ဓာကိုယ်သန့်စင်ခြင်းတာအို ခိုဝင်ကိန်းအောင်း နေပါတယ် ။ အဲသည်တာအိုက သူ့ကို ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်စေမှာ အသေအချာပါပဲ ။ ပြောလို့တော့ မရပါဘူး ။ ကံကောင်းရင် သူ့အနေနဲ့ သေမျိုးကပ်ဘေး လက်သီးကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်အထိ ရောက်အောင်တောင် လေ့ကျင်သွားနိုင်ကောင်း လေ့ကျင့်နိုင်ပါလိမ့်မယ် ။

သည်လိုနဲ့ပဲ သူတို့သုံးယောက်ဟာ သက်တံနီတောင်တန်းရဲ့ အလယ်ဗဟိုကို ရောက်ရှိလာခဲ့ပါပြီ ။ သည်နေရာမှာတော့ ခန်းမတစ်ခု ရှိနေပြီး သက်တံနီဂုဏ်းရဲ့ စစ်တပ်ကလည်း တပ်စွဲထားပါတယ် ။

လီဖူချန်းတို့ ရောက်လာတဲ့ အချိန်မှာတော့ စစ်တပ်ရဲ့ တာဝန်ရှိ အကြီးအကဲတွေဟာ ညီလာခံ အစည်းအဝေးတစ်ခု ကျင်းပနေကြပါတယ် ။

သည်ညီလာခံ အစည်းအဝေးကို တက်ရောက်ကြတဲ့ လူတွေကတော့ သက်တံနီဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေ နဲ့ နိုင်ငံတော် ၇ခုက လက်ရွေးစင် ပြန်လည်ဝင်စားခြင်းနယ်ပယ်  ပညာရှင်တွေပါပဲ။ စုစုပေါင်း လူဦးရေ ၃၀ကျော်က သည်ညီလာခံ အစည်းအဝေးကို တက်ရောက်ကြပါတယ် ။

" ရောင်းရင်းကျန်း…… သက်တံနီဂိုဏ်းက စေလွှတ်လိုက်တဲ့ ဘုရင်အဆင့် တပည့်တွေက သည်ကို ဘယ်အချိန် ရောက်လာမှာတဲ့လဲ ။ သည်နှစ်မှာ ကျုပ်တို့ရဲ့ အခြေအနေက မကောင်းဘူးနော် ။ ကျုပ်တို့သိမ်းထားတဲ့ တောင်တန်းသုံးခုထဲက နှစ်ခုကလည်း သူများတွေ လက်ထဲကို ပါသွားပြီ ။ အခုလက်ရှိ တောင်တစ်လုံးတည်းနဲ့တော့ ကြေးခွံဖြုဆေးပင်တွေကို သတ်မှတ် အရေအတွက်ရအောင် ဘယ်လိုမှ စုဆောင်းနိုင်မှာ မဟုတ်ဘူး ။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ကျုပ်တို့က သည်နေရာကနေ ကန်ထုတ်ခံရတော့မှာ "

အဲသည်စကားကို ပြောလိုက်သူကတော့ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ မြို့စောင့်တပ်ကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ ။ သူပြောတဲ့ ရောင်းရင်းဆိုတာကတော့ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် တစ်ယောက်ဖြစ်တဲ့ ကျန်းတကျင်း ဖြစ်ပါတယ် ။ကျန်းတကျင်းက အခုလက်ရှိ သည်စစ်တပ်ရဲ့ လက်ထောက်တပ်မှုး ငါးယောက်ထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး ။ ပြီးတော့ သူက တခြားလက်ထောက်တပ်မှုးတွေထက် ပိုအစွမ်း ထက်ပါသေးတယ် ။

အသက်၄၅နှစ် ရှိနေပြီဖြစ်တဲ့ ကျန်းတကျင်းက နှာခေါင်းကို တစ်ချက် ပွတ်လိုက်ပြီး

" ဂိုဏ်းတော်က သည်နှစ်မှာ ဘုရင်အဆင့်အတန်း တပည့် ၁၃ယောက် လက်ခံထားတယ် ။ သူတို့က ဂိုဏ်းတော်မှာ တစ်နှစ်လောက် ကျင့်ကြံပြီးပြီဆိုတော့ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာလောက်ပြီ ။ ကျုပ်ထင်တာ မမှားဘူး ဆိုရင်တော့ သိပ်မကြာခင်ပဲ သူတို့တွေ ရောက်လာတော့မှာပါ  ။ဒါပေမဲ့  ကျုပ်သံသယ  ရှိတာကတော့ အံသည် ဘုရင်အဆင့် တပည့်တွေက သည်အခြေအနေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မလား ဆိုတာပဲ "

ကြေးခွံဖြူတိုက်ကြီး ဆိုတာက သာမန်နေရာတစ်ခု မဟုတ်ပါဘူး ။ သည်နေရာမှာ ရှိနေတဲ့ ဘုရင်အဆင့် တပည့်တွေ ရိုက်သတ်လို့ မကုန်တဲ့ အထိပါပဲ  ။ ကျန်းတကျင်းကတော့ ဂိုဏ်းထဲကို ဝင်ပြီး တစ်နှစ်အကြာမှာ ရောက်လာတဲ့ ဘုရင်အဆင့် တပည့်တွေက အခု ကြုံတွေ့နေရတဲ့ အခြေအနေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားနေရပါတယ် ။

ပြီးတော့ ကျန်းကကျင်းက သူ့ရဲ့ အစွမ်းဟာ ဂိုဏ်းထဲကို ရောက်လာတာ တစ်နှစ်လောက်ပဲ ရှိသေးတဲ့ ဘုရင်အဆင့် တပည့်တွေထက် နိမ့်ကျစရာ မရှိဘူးလို့လည်း ယုံကြည်နေပါတယ် ။

သူက သည်နှှစ်ဆိုရင် အသက်၄၅နှစ် ရှိနေပါပြီ ။ သူက ကျင့်ကြံချိန်အတော်များများ ရထားခဲ့ပေမယ့်လည်း သည်တိုက်ကြီးပေါ်မှာ ရောက်နေတဲ့ ပညာရှင် တော်တော်များများထက် အားနည်းနေဆဲပါပဲ ။ သူတို့တွေက သူ့ထက်ကို သိသိသာသာကြီး အစွမ်းထက်လွန်းနေပါတယ် ။ အဲသည်အတွက် ဂိုဏ်းတော်က သာမန် ဘုရင်အဆင့် တပည့်တွေကို ပို့လာရင်တော့ အခြေအနေဟာ ဘာမှ ပြောင်းလဲဖို့ရာ မရှိပါဘူး ။

" ကျွန်မ ကြားတာကတော့ သည်နှစ် ဘုရင်အဆင့် တပည့်တွေထဲမှာ အရမ်း အစွမ်းထက်တဲ့ လူငယ်တစ်ယောက် ပါလာတယ်ဆိုပဲ ။ သူက ထိုးထွင်းသိမြင် စမ်းသပ်ချက်မှာ အမှတ်ပြည့် ရခဲ့ရုံမကဘဲ ပင်လယ်သားရဲတွေ နဲ့ ဖြစ်တဲ့ စစ်ပွဲမှာလည်း အတော်လေး အစွမ်းပြခဲ့တယ် ကြားတယ် ။ ကျွန်မ အမှတ်မမှားဘူး ဆိုရင်တော့ သူက အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းမှာ နံပါတ်၁တောင် ရခဲ့သေးတယ် ။ တကယ်လို့ ဂိုဏ်းတော်က သူ့ကို စေလွှတ်ခဲ့ရင်တော့ ကျွန်မတို့အတွက် အတော်လေး လွယ်ကူသွားမှာ အသေအချာပဲ "

အမျိုးသမီး လက်ထောက် တပ်မှုးတစ်ယောက်ဖြစ်တဲ့ ဝမ်မင်းလီကလည်း သူမရဲ့ အမြင်ကို ဝင်ပြောလိုက်ပါတယ် ။ သူမကတော့ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက် ဖြစ်သလို သည်စစ်တပ်ရဲ့ လက်ထောက်တပ်မှုး ငါးယောက်ထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူူး ။

ကျန်းတကျင်းက ခေါင်းညိတ်လိုက်ပြီး

" ကျုပ်လည်း သူ့အကြောင်းကို ကြားဖူးတယ် ။ သူ့ရဲ့ နာမည်က လီဖူချန်း မဟုတ်လား ။ ကျုပ်ကတော့ သူရောက်လာပါစေလို့ပဲ မျှော်လင့်မိတယ် "

ဘုရင်အဆင့် တပည့်တွေဆိုတာက တိုးတက်တာ အလွန်တရာမှ မြန်ပါတယ် ။ ယေဘုယျအားဖြင့် ဆိုရင်တော့ သူတို့ဟာ ဂိုဏ်းတော်ကို ရောက်ပြီး နှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာပဲ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားလေ့ ရှိကြတာပါ ။

အဲသည်အတွက် အစွမ်းထက်တဲ့ ဘုရင်အဆင့်အတန်း တပည့်တွေဟာ သည်လိုနေရာကို လာလေ့ မရှိပါဘူး ။ ဂိုဏ်းတော်က သည်နေရာကို သာမန် ဘုရင်အဆင့်အတန်း တပည့်တွေပဲ ပို့လိုက်ဖို့ များပါတယ် ။

ဒါပေမဲ့လည်း ကျန်းတကျင်းကတော့ သည်နေရာကို လီဖူချန်း ရောက်လာဖို့ မျှော်လင့်မိနေဆဲပါပဲ ။ လီဖူချန်းလို အစွမ်းထက်တဲ့ သူမျိုးမှသာ အခု ကြုံတွေ့နေရတဲ့ အခြေအနေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါလိမ့်မယ် ။

" အကြောင်းကြားအပ်ပါတယ် ။  ဂိုဏ်းတော်က စေလွှတ်လိုက်တဲ့ တပ်မှုးအသစ်သုံးယောက် ရောက်လာကြပါပြီ "

အစောင့်တစ်ယောက်က ညီလာခံ အစည်းအဝေးထဲကို ဝင်လာပြီး အကြောင်းကြားလိုက်ပါတယ် ။

"သူတို့ ရောက်လာကြပြီပေါ့ ။ လာကြဟေ့…… သူတို့ကို အမြန် သွားကြိုကြရအောင် "

ကျန်းတကျင်းက အလျင်အမြန် ထလိုက်ပါတယ် ။ သူ့ရဲ့ မျက်လုံးတွေကတော့ အရောင်တောက်လို့ နေပါပြီ ။

ဘုရင်အဆင့် တပည့်တွေဟာ သည်ကို ရောက်လာမှတော့ တပ်မှုး နေရာကို ယူကြမှာ အသေအချာပါပဲ ။

သည်စစ်တပ်မှာက တပ်မှုးချုပ် ၊တပ်မှုး ၊ လက်ထောက်တပ်မှုး ၊ အရာခံဗိုလ် ၊တပ်ကြပ်နဲ့ စစ်သားတွေဆိုပြီး ခွဲထားပါတယ် ။

သက်တံနီခန်းမရဲ့ အပြင်ဘက်မှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ ရောက်နှင့်နေကြပါပြီ ။

" အသစ်ရောက်လာတဲ့ တပ်မှုးသုံးဦးကို ကြိုဆိုပါတယ် "

ကျန်တကျင်း ဦးဆောင်တဲ့ လူ၃၀ကျော်ဟာ တညီတညွတ်တည်း အရိုအသေ ပေးလိုက်ကြပါတယ် ။

အဲသည်နောက်မှာတော့ ကျန်းတကျင်းက ပြောလိုက်ပါတယ် ။

" ကျေးဇူးပြုပြီး ကျွန်တော်တို့ကို တံဆိပ်လေးတွေ တစ်ချက်လောက် ပြပေးပါဦး ခင်ဗျာ ။တစ်မျိုးတော့ မထင်ပါနဲ့ ။ ကျွန်တော်တို့က တာဝန်အရ စစ်ဆေးရမှာ မလို့ပါ "

" ရပါတယ် "

လီဖူချန်းတို့ကလည်း အခုလို စစ်ဆေးခံရတဲ့အတွက် စိတ်ကွက်နေခြင်း မရှိပါဘူး ။ သူတို့က သူတို့ရဲ့ ဘုရင်အဆင့်အတန်း တပည့် တံဆိပ်တော်တွေ နဲ့ တပ်မှုး တံဆိပ်တွေကို အားလုံး မြင်သာအောက် ပြလိုက်ပါတယ် ။

တံဆိပ်တော်တွေကို မြင်ပြီးတဲ့ အခါမှာတော့ ကျန်းတကျင်းဟာ လီဖူချန်းတို့ သုံးယောက်ကို သက်တံနီ ခန်းမထဲ ခေါ်ဆောင်သွားပါတော့တယ် ။

သက်တံနီခန်းမထဲကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ တွေဝေနေခြင်း မရှိဘဲ အိမ်ရှင်နေရာမှာ နေရာယူလိုက်ပါတယ် ။ဂိုဏ်းတော်က သူ့ကို ခေါင်းဆောင်အဖြစ် စေလွှတ်လိုက်တာ မဟုတ်ပါလား။

ပိုင်လိရှန်နဲ့ စီးခုံကျန်းတို့ကလည်း လီဖူချန်းရဲ့ ဘေးဘယ်ညာ တစ်ဖက်တစ်ချက်မှာ နေရာ ယူလိုက်ကြပါတယ် ။

သူတို့ သည်နေရာကို မလာခင်ကတည်းက သူတို့ရဲ့ ရာထူးတွေကို ဆုံးဖြတ်ပြီးသွားကြပါပြီ ။ လီဖူချန်းက ထိပ်တန်းအုပ်ချုပ်သူ အရာရှိ (ဝါ ) တပ်မှုးချုပ် ရာထူးကို ရယူမှာဖြစ်ပြီး ပိုင်လိရှန် နဲ့ စီးခုံကျန်းတို့ကတော့ တပ်မှုးရာထူးကနေ လီဖူချန်းကို အထောက်အကူ ပေးကြရမှာပါ ။

လူတွေအားလုံး စုံသွားတဲ့ အချိန်မှာတော့ လီဖူချန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အစည်းအဝေးကို စလိုက်ပါတယ် ။

" ကဲ …… ကျုပ်တို့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို တစ်ချက်လောက် ပြောကြပါဦး "

ကျန်းတကျင်းက မချိပြုံး ပြုံးလိုက်ပြီး

" အစတုန်းကတော့ ကျွန်တော်တို့ သက်တံနီဂိုဏ်းက တောင်တန်းသုံးခုကို သိမ်းထားပါတယ် ။ အဲသည်တောင်တန်းတွေကတော့ သက်တံနီတောင်တန်း ၊ ပင်လယ်နီ တောင်တန်း နဲ့ တိမ်နီ တောင်တန်းတို့ပါပဲ ။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ဟာ ပင်လယ်နီ တောင်တန်း နဲ့ တိမ်နီတောင်တန်းကို လက်လွှတ်လိုက်ရပါပြီ ။ ကျွန်တော်တို့ ပိုင်တာဆိုလို့ သည်သက်တံနီတောင်တန်းပဲ ကျန်ပါတော့တယ် "

" ဘယ်ဂိုဏ်းတွေက ငါတို့ရဲ့ ပိုင်နက်ကို လာသိမ်းရဲတာလဲ ။ သူတို့ရဲ့ အစွမ်းကကော "

စီးခုံကျန်းက ဒေါသတကြီးနဲ့ ဝင်ပြောလာခဲ့ပါတယ် ။

ကျန်းတကျင်းက

" ပင်လယ်နီ တောင်တန်းကိုတော့ မဟူရာဓားမော့ဂိုဏ်းက လာသိမ်းသွားပြီး တိမ်နီ တောင်တန်းကိုတော့ နေဝင်ဆည်းဆာ အစည်းအရုံးက လာသိမ်းသွားတာပါ ။ မဟူရာဓားမော့ဂိုဏ်းရဲ့ စစ်တပ်မှာတော့ ဘုရင်အဆင့် တပည့်နှစ်ယောက် ပါပြီး နှစ်ယောက်စလုံးကလည်း အစွမ်းထက်လွန်းပါတယ် ။ကျွန်တော်က သူတို့ထဲက တစ်ယောက်ကိုတောင် သိုင်းကွက်ငါးကွက် ပြည့်အောင် မတိုက်နိုင်ခဲ့ပါဘူး ။  နေဝင်ဆည်းဆာ အစည်းအရုံးမှာတော့ ဘုရင်အဆင့် တပည့်တစ်ယောက်ပဲ ရှိပါတယ် ။ ဒါပေမဲ့ အဲသည်တပည့်က အတော်လေး နာမည်ကျော်ပါတယ် ။ သည်ကြေးခွံဖြူတိုက်ကြီးရဲ့ အနောက်မြောက်ပိုင်း ဒေသမှာတော့ သူက အစွမ်းအထက်ဆုံး ပညာရှင် ဆယ်ယောက်ထဲ ပါဝင်ပါတယ် ။ ကျွန်တော်က သူ့ရဲ့ သိုင်းကွက် တစ်ကွက်ကိုတောင် မခုခံနိုင်ခဲ့ပါဘူး "

"  သည်တော့ သူတို့ထဲက ဘယ်သူမဆို မင်းကို သိုင်းကွက် အနည်းငယ်အတွင်း အနိုင်ယူနိုင်တယ်လို့ မင်းပြောချင်တာမလား ။ အဲဒါ ဘာထူးဆန်းလို့လဲ ။ သည်အတိုင်းဆိုရင်တော့ အဲသည်ကောင်တွေက ဘာမှ မဟုတ်ပါဘူး '

အမှှန်အတိုင်း ပြောရမယ် ဆိုရင်တော့ စီးခုံကျန်းဟာ သာမန် အပြင်စည်း တပည့်တွေကို လုံးဝ အထင်မကြီးပါဘူး ။ သူက ဘုရင်အဆင့် တပည့် အချင်းချင်းကိုသာ မျက်စိထဲမှာ ထည့်ထားပါတယ် ။

သူ့ရဲ့ အမြင်အရဆိုရင်တော့ သူကလည်း ကျန်းတကျင်းကို သိုင်းကွက် အနည်းငယ် အတွင်းမှာ အနိုင်ယူနိုင်တာပါပဲ ။

" ဒါ……ဒါက "

ကျန်းတကျင်းက ဆွံ့အသွားခဲ့ပါပြီ ။ သူက ဘာဆက်ပြောလို့ ပြောရမှန်း မသိတော့ပါဘူး ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ စီးခုံကျန်းက ဘုရင်အဆင့်အတန်းက တပည့်တစ်ယောက်ပါပဲ ။ သူက မဟူရာဓားမော့ဂိုဏ်းရဲ့ ဘုရင်အဆင့် တပည့်နှစ်ယောက်ထက် ပိုအစွမ်းနေလို့ အခုလို ပြောနေတာလည်း ဖြစ်နိုင်ပါတယ် ။

' လခွီး…… သည်ကောင်က မိုက်ရိုင်းလှချည်လား '

အိမ်ရှင်နေရာမှာ ရှိနေတဲ့ လီဖူချန်းက စီးခုံကျန်းရဲ့ မောက်မာတဲ့ အပြုအမူကို လုံးဝ သဘောမတွေ့ပါဘူး ။ အဲသည်အတွက် သူက စီးခုံကျန်း နဲ့ ကျန်းတကျင်းကို လက်ရည်စမ်းစေလိုက်ပါတယ် ။

" သည်လိုဆိုရင်တော့ စီးခုံကျန်း နဲ့ ကျန်းတကျင်း…… ။ မင်းတို့နှစ်ယောက် လက်ရည်စမ်းကြည့်လိုက်ကြ ။ အဲဒါဆိုရင် မဟူရာဓားမော့ဂိုဏ်းက ဘုရင်အဆင့် တပည့်နှစ်ယောက်ရဲ့ အစွမ်းနဲ့ နေဝင်ဆည်းဆာ အစည်းအရုံးက ဘုရင်အဆင့် တပည့်ရဲ့ အစွမ်းကို ငါအကြမ်းဖျင်း ခန့်မှန်းလို့ ရပြီ "

" ဟုတ်ကဲ့ပါ "

ကျန်းတကျင်းက ခေါင်းညိတ်လိုက်ပါတယ် ။

" စတော့ "

သိပ်မကြာခင်မှာပဲ ခန်းမအပြင်ဘက်က မြေကွက်လပ်မှာ လက်ရည်စမ်းပွဲ တစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ ။

၇ကွက် ……

တကယ်ကို ၇ကွက် ပါပဲ ။

ဘုရင်အဆင့်အတန်း တပည့်ဆိုတဲ့ အရာက ဟာသ မဟုတ်ပါဘူး ။ စီးခုံကျန်းက ကျန်းတကျင်းကို အနိုင်ယူဖို့အတွက် သိုင်းကွက်၇ကွက်ပဲ သုံးလိုက်ရပါတယ် ။

ဒါပေမဲ့လည်း စီးခုံကျန်းရဲ့ မျက်နှာကတော့ မည်းမှောင်နေခဲ့ပါပြီ ။သူက အစောပိုင်းက လေကြီးပြီး ကျန်းတကျင်းကို သိုင်းကွက်အနည်းငယ် အတွင်းမှာ အနိုင်ယူနိုင်တာက ဘာမှ မဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ပါလား ။

သည်အတိုင်းဆိုရင်တော့ သူဟာ မဟူရာဓားမော့ဂိုဏ်းက ဘုရင်အဆင့် တပည့်တွေကို နိုင်ဖို့ မဖြစ်နိုင်လောက်ပါဘူး ။

" ပိုင်လိရှန်…… ကျန်းတကျင်းနဲ့ လက်ရည်သွားစမ်းကြည့် "

လီဖူချန်းက ပိုင်လိရှန်ကို ပြောလိုက်ပါတယ်။

" အင်း "

ဟူး……

မျက်စိတစ်မှိတ် အတွင်းမှာပဲ ပိုင်လိရှန်ရဲ့ ပုံရိပ်ဟာ မြေကွက်လပ်ပေါ်ကို ရောက်လာခဲ့ပါပြီ။

ပိုင်လိရှန်ကတော့ မဆိုးလှပါဘူး ။ သူမရဲ့ ရေခဲကြေးမုံ နတ်ဘုရားစွမ်းရည်က ထုံးစံအတိုင်း ကြောက်စရာ ကောင်းနေဆဲပါပဲ ။ သူမက ကျန်းတကျင်းကို အနိုင်ယူဖို့အတွက် သိုင်းကွက်လေးကွက်သာ သုံးခဲ့ရပါတယ် ။

***

All Chapters