လက်သီးတစ်ချက်
Vol. 38 Ch. 509
" ပိုင်လိရန် နဲ့ စီးခုံကျန်း…… မင်းတို့နှစ်ယောက်က လူတစ်ထောင်ကို ဦးဆောင်ပြီး ပင်လယ်နီ တောင်တန်းကို ပြန်သွားသိမ်းပိုက်ခဲ့ ။ ကြိုက်တဲ့နည်းလမ်းသုံး ။ ပင်လယ်နီ တောင်တန်းကို ပြန်ရရင် ရပြီ ။ ငါပြောတာ နားလည်လား "
လီဖူချန်းက ပိုင်လိရှန် နဲ့ စီးခုံကျန်း နှစ်ယောက်ပေါင်းရင်တော့ မဟူရာဓားမော့ဂိုဏ်းရဲ့ ဘုရင်အဆင့် တပည့်နှစ်ယောက်ကို ယှဉ်နိုင်လောက်တယ်လို့ တွက်မိတဲ့အတွက် မဟူရာဓားမော့ဂိုဏ်းကို ရင်ဆိုင်ဖို့ တာဝန်ပေးလိုက်ပါတယ် ။
" နားလည်တယ် ။ ကိစ္စမရှိဘူး "
ပိုင်လိရှန် နဲ့ စီးခုံကျန်းတို့က ခေါင်းညိတ်လိုက်ပါတယ် ။
သူတို့နှစ်ယောက်ဟာ သည်ကြေးခွံဖြူတိုက်ကြီးကို အလေလိုက်ဖို့ လာတာ မဟုတ်ပါဘူး ။ သူတို့က ထောက်ပံ့ရေးရမှတ်တွေ ရဖို့ လာခဲ့တာပါ ။ ပြီးတော့ သူတို့က သည်တိုက်ကြီးမှာ ကြိုးကြိုးစားစား လုပ်ဆောင်မှ လစဉ်ရမယ့် ထောက်ပံ့ကြေးရမှတ်တွေဟာ တိုးလာမှာ ဖြစ်ပါတယ် ။ အဲသည်လို ထောက်ပံ့ကြေးရမှတ် တိုးဖို့ဆိုရင်တော့ ပထမဆုံးအနေနဲ့ သူတို့ဟာ သူတို့ပိုင်တဲ့ ပိုင်နက်ကို ပြန်ရယူရပါမယ် ။
" ကျန်းတကျင်း နဲ့ ဝန်မင်းလီ ။ ခင်ဗျားတို့ နှစ်ယောက်က လူငါးရာ ခေါ်ပြီး ကျုပ်နဲ့ လိုက်ခဲ့ ။ ကျုပ်တို့က တိမ်နီတောင်တန်းကို ပြန်သိမ်းပိုက်ကြမယ် "
လီဖူချန်းက လက်ထောက်တပ်မှုး နှစ်ယောက်ကို အမိန့် ပေးလိုက်ပါတယ် ။
" တပ်မှုးချုပ် …… လူငါးရာက မနည်းလွန်းဘူးလား "
ကျန်းတကျင်းက မဝံ့မရဲ မေးလိုက်ပါတယ် ။
ကြေးခွံဖြူတိုက်ကြီးရဲ့ စစ်တပ်တွေမှာ ပထမ အရေးအကြီးဆုံးက ဘုရင်အဆင့် တပည့်တွေဖြစ်ပြီး ဒုတိယ အရေးအကြီးဆုံကတော့ လူအရေအတွက်ပါပဲ ။
ပြီးတော့ နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ ဘုရင်အဆင့် တပည့်ဟာ အနောက်မြောက်ပိုင်း ဒေသရဲ့ အစွမ်းအထက်ဆုံး ဆယ်ယောက် စာရင်းဝင်ပါ ။ လီဖူချန်းက ဘာဖြစ်လို့ လူငါးရာတည်းနဲ့ နေဝင်ဆည်းဆာ အစည်းအရုံးကို ရင်ဆိုင်ချင်မှန်း သူလုံးဝ နားမလည်ပါဘူး ။
" ငါးရာဆို လောက်ပြီ "
အမှန်အတိုင်း ဆိုရင်တော့ လီဖူချန်းက တစ်ယောက်တည်းတောင် သွားလိုက်ချင်ပါသေးတယ် ။သူက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ထောင်လောက်ကိုတော့ ဂရုကို မစိုက်ပါဘူး။ ဒါပေမဲ့လည်း သက်တံနီဂိုဏ်းရဲ့ တပ်မှုးချုပ်က အခြွေအရံတွေတောင် မပါဘူး ဆိုတာကြီး ဂိုဏ်းတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်ပါတယ် ။ သူက သက်တံနီဂိုဏ်းရဲ့ တပ်မှုးချုပ် ဖြစ်တဲ့အတွက် နည်းနည်းပါးပါး ဟိတ်ဟန် အရှိန်အဝါကိုတော့ ပြရပါဦးမယ် ။
" ဟုတ်ကဲ့ "
ကျန်းတကျင်းက ဘာမှ ပြန်မပြောတော့ပါဘူး ။ ဒါပေမဲ့ စိတ်ထဲမှာတော့ သူက မချိတင်ကဲ ပြောလိုက်မိပါတယ် ။
" အသစ်ရောက်လာတဲ့ တပ်မှုးချုပ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်း မနေဘူးလား " ဆိုပြီးတော့ပေါ့ ။
ဒါကလည်း သိပ်ပြီး အထူးအဆန်းတော့ မဟုတ်ပါဘူး ။ ဘုရင်အဆင့် တပည့်တွေဆိုတာက စိတ်ကြီးဝင်နေကြတဲ့ လူတွေချည်းပင် မဟုတ်ပါလား ။
အဲသည်နောက်မှာတော့ လီဖူချန်း ဦးဆောင်တဲ့ လူငါးရာ အဖွဲ့နဲ့ ပိုင်လိရှန်တို့ ဦးဆောင်တဲ့ လူတစ်ထောင် အဖွဲ့ဟာ သက်ဆိုင်ရာ တောင်တန်းတွေဆီကို ထွက်သွားခဲ့ကြပါပြီ ။ ကျန်တဲ့ လူငါးရာကတော့ သက်တံနီ တောင်တန်းကို စောင့်ကြပ်ဖို့အတွက် ကျန်ရစ်ခဲ့ကြပါတယ် ။
လမ်းတစ်လျှောက်မှာတော့ ကျန်းတကျင်းက ကြေးခွံဖြူတိုက်ကြီးမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ရှင်းပြပါတယ် ။
" ကြေးခွံဖြူ တိုက်ကြီးမှာက ဘုရင်အဆင့် ဂိုဏ်းအဖွဲ့ပေါင်း ၅၀ကျော် အခြေချပြီး လှုပ်ရှားနေကြပါတယ် ။ အဲဒါက မကသေးပါဘူး ။ ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းကလည်း သည်ကြေးခွံဖြူ တိုက်ကြီးမှာပါပဲ ။ အဲသည်ဧကရာဇ်အဆင့် ဂိုဏ်း၃ဂိုဏ်းကတော့ ကြေးခွံဖြူတိုက်ကြီးရဲ့ အလယ်ပိုင်းဒေသမှာ အုပ်စိုးနေကြပါတယ် ။ သူတို့ရဲ့ ပိုင်နက်နယ်မြေကလည်း သက်တံနီတောင်တန်းထက် အဆ တစ်ထောင်မက ကျယ်ပြန့်ပါတယ် …… တပ်မှုးချုပ် "
" ဘာလဲ …… သည်တိုက်ကြီးမှာက ဧကရာဇ်အဆင့် ဂိုဏ်းတွေပါ ရှိနေတာလား "
လီဖူချန်းက မျက်ခုံးတောင် ပင့်လိုက်မိပါတယ် ။ ပြီးမှ သူက
" ဧကရာဇ်အဆင့် တပည့်တွေကကော တခြား ဧကရာဇ်အဆင့် တပည့်တွေနဲ့ ထိပ်တိုက် မတွေ့ကြဘူးလား "
ဝမ်မင်းလီကတော့ လီဖူချန်းရဲ့ အာရုံစိုက်မှုကို လိုချင်နေတဲ့ ပုံပါပဲ ။ သူမက စကားကို ဖြတ်ပြောလိုက်ပါတယ် ။
" ဧကရာဇ်အဆင့်အတန်းက တပည့်တွေဆိုတာက ဧကရာဇ်အဆင့် ဂိုဏ်းတွေထဲမှာတောင်မှ အတော်လေး ရှားပါတယ် ……တပ်မှုးချုပ် ။ ပြီးတော့ ဧကရာဇ် အဆင့်အတန်း တပည့်တွေကိုလည်း သူတို့ရဲ့ ဂိုဏ်းတော်က သည်လို နေရာကို ပို့ပြီး အချိန်ဖြုန်းခိုင်းမှာ မဟုတ်ဘူး ။ ပြီးတော့ ဧကရာဇ်အဆင့် ဂိုဏ်းတွေက သူတို့ရဲ့ ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာတွေနဲ့ပဲ နယ်မြေတွေကို သိမ်းပိုက်တာ "
" ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ဟုတ်လား "
လီဖူချန်းက မအံ့သြဘဲ မနေနိုင်တော့ပါဘူး ။
ဝမ်မင်းလီက တစ်ချက်ပြုံးလိုက်ပြီး စကားကို ဆက်ပါတယ် ။
" ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ဆိုတာက အဆင့်မြင့် ပူးပေါင်းသိုင်းပညာ တစ်မျိုးပဲ ။ သာမန် ပူးပေါင်းသိုင်းပညာတွေမှာက လူအရေအတွင် ဆယ်ယောက်လောက်ပဲ လိုတယ် ။ ဒါပေမဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာမှာတော့ လူအရေအတွက် ရာထောင်ချီ လိုတယ် ။ဧကရာဇ်အဆင့် ဂိုဏ်းတွေသုံးတဲ့ လူငါးဆယ် နဲ့ လူတစ်ရာ ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာပဲ ။ လူငါးဆယ်ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက ဘုရင်အဆင့် တပည့် တော်တော်များများကို အနိုင်ယူနိုင်ပြီး လူတစ်ရာပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ဆိုရင်တော့ ဘုရင်အဆင့် တပည့် အကုန်လုံးကို အနိုင်ယူနိုင်တယ်လို့လည်း ပြောနေကြတယ် ။ရာနဲ့ချီတဲ့ လူတွေ ပါဝင်တဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကိုတော့ သည်တိုက်ကြီးမှာ မသုံးသေးဘူး ။ ဘာဖြစ်လို့လဲဆိုတော့ လူပေါင်းရာချီ ပါတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေက အလယ်အလတ်အဆင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကိုတောင်မှ အနိုင် ယူနိုင်လို့ပါပဲ "
ဝမ်မင်းလီရဲ့ ရှင်းပြချက် အပြီးမှာတော့ လီဖူချန်းက ခေါင်းကို အသာအယာ ညိတ်လိုက်မိပါတယ် ။
ပူးပေါင်းသိုင်းပညာတွေ ဆိုတာက အတော်လေး အံ့အားသင့်စရာကောင်းတဲ့ အရာတွေပါ ။ သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပူးပေါင်း သိုင်းပညာကတော့ လူနှစ်ဆယ် လိုပါတယ် ။ပင်လယ်သားရဲတွေနဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာဆိုရင် အပြင်စည်းတပည့် အများစုဟာ နဲ့ အားနည်းတဲ့ အတွင်းစည်းတပည့် တော်တော်များများဟာ ပူးပေါင်းသိုင်းပညာတွေနဲ့ ပင်လယ်သားရဲတွေကို သတ်ဖြတ်ခဲ့ကြရပါတယ် ။မဟုတ်ရင်တော့ အဆုံးမရှိတဲ့ အရေအတွက်နဲ့ ပင်လယ်သားရဲတွေကို လူရှှစ်ထောင်လောက်နဲ့ ခုခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ပူပေါင်းသိုင်းပညာတွေကတောင် သည်လောက် အစွမ်းထက်နေမှတော့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေက ပိုပြီး အစွမ်းထက်မှာ အသေအချာပါပဲ ။
လီဖူချန်းက စုပေါင်းပြီး တိုက်ခိုက်လေ့ မရှိတဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို မကြောက်ပေမယ့်လည်း စုပေါင်းတိုက်ခိုက်နည်းကို အသေအချာ လေ့ကျင့်ထားတဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကိုတော့ ကြောက်ပါတယ် ။
ဝမ်မင်းလီရဲ့ ပြောပြချက်အရ ဆိုရင်တော့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေဟာ နောက်စရာ မဟုတ်ပါဘူး ။
ကြေးခွံဖြူတိုက်ကြီးပေါ်မှာရှိတဲ့ အဓိက ဂိုဏ်းကြီးတွေရဲ့ အကြောင်းကို ပြောပြပြီးချိန်မှာတော့ ဝမ်မင်းလီနဲ့ ကျန်းတကျင်းတို့ဟာ ကြေးခွံဖြူတိုက်ကြီးရဲ့ သဘာဝ ပတ်ဝန်းကျင် နဲ့ ဆေးပင်တွေရဲ့ အခြေအနေ အကြောင်းကို ထပ်ပြီး ရှင်းပြ ပြန်ပါတယ် ။
ဥပမာ ပြောရမယ် ဆိုရင်တော့ ကြေးခွံဖြူ ဆေးပင်ပေါ့ ။
" သည်ကြေးခွံဖြူဆေးပင်က ထူးဆန်းတဲ့ ဆေးပင်တစ်မျိုးပဲ ။ အမြစ်တွေ ကျန်နေသေးသရွေ့ သည်အပင်က ငါးနှစ်အတွင်းမှာ ပြန်ကြီးထွားလာတယ် ။ သက်တံနီတောင်တန်းက တစ်လကို ကြေးခွံဖြူဆေးပင် ၅၀၀ ထုတ်ပေးနိုင်တယ် ။ တိမ်နီတောင်တန်းကတော့ တစ်လကို ကြေးခွံဖြူဆေးပင် ၈၀၀ ထုတ်ပေးနိုင်ပြီး ပင်လယ်နီ တောင်တန်းကတော့ တစ်လကို ကြေးခွံဖြူဆေးပင် ၆၀၀ ထုတ်ပေးနိုင်တယ် ။ ကြေးခွံဖြူဆေးပင်ထက် ပိုအဆင့်မြင့်တဲ့ ကြေးခွံနက် ဆေးပင် နဲ့ ကြေးခွံခရမ်း ဆေးပင်လည်း ရှိသေးတယ် ။ဒါပေမဲ့ သူတို့တွေကို ရှာဖွေတွေ့ရှိဖို့ကတော့ အတော်လေး ခက်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကြေးခွံနက် ဆေးပင်က မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင်ဖြစ်ပြီး ကြေးခွံခရမ်း ဆေးပင်က ကောင်းကင် အဆင့်နိမ့် ဆေးပင် ဖြစ်နေလို့ပဲ ။ သက်တံနီ တောင်တန်းမှာ ကြေးခွံနက် ဆေးပင်ကို တစ်လမှာ ၃ပင်ကနေ ၅ပင်အထိ နုတ်ယူနိုင်ပေမယ့် ကြေးခွံခရမ်း ဆေးပင်ကိုတော့ တစ်နှစ်နေမှ ၂ပင် ဒါမှမဟုတ် ၃ပင်ပဲ နုတ်ယူနိုင်တယ် ။ တစ်ခါတလေ ဆိုရင်တော့ တစ်နှစ်လုံးတောင်မှ ကြေးခွံခရမ်း ဆေးပင် တစ်ပင်ကို မရဘူး "
အဲသည် စကားကို ကြားအပြီးမှာတော့ လီဖူချန်းရဲ့ နှလုံးခုန်သံတွေဟာ မြန်လာခဲ့ပါပြီ ။ ဒါက သူ့အတွက် ထောက်ပံ့ရေး ရမှတ် တစ်ထောကြီးရမယ့် အခွင့်အရေးပါပဲ ။
တကယ်လို့သာ သု့အနေနဲ့ ကြေးခွံနက် ဆေးပင်တွေ နဲ့ ကြေးခွံခရမ်း ဆေးပင်တွေကို ဂိုဏ်းတော်ဆီ အရေအတွက် များများ ပို့နိုင်မယ်ဆိုရင် သူ့ရဲ့ ထောက်ပံ့ရေး ရမှတ်တွေဟာ ခုန်တက်သွားနိုင်ပါတယ် ။
သည်လိုနဲ့ပဲ သူတို့ဟာ တိမ်နီ တောင်တန်းဆီကို ရောက်ရှိလာခဲ့ကြပါပြီ ။
" တပ်မှုးချုပ်…… ဟိုအရှေ့က တောင်တန်းက တိမ်နီတောင်တန်းပါပဲ "
ကျန်းတကျင်းက တောင်တန်းတစ်ခုကို လက်ညှိုး ထိုးပြလိုက်ပါတယ် ။
" သည်နေရာရဲ့ ကောင်းကင်နဲ့ မြေကြီး ချီစွမ်းအင်က သက်တံနီတောင်တန်းထက် ပိုသိပ်သည်းနေပါလား "
လီဖူချန်းက သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို ဖြန့်ကြက်လိုက်တဲ့ အခါမှာတော့ တိမ်နီတောင်တန်းတစ်ခုလုံးကို စိတ်ထဲကနေ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရပါတယ် ။
သည်တိမ်နီတောင်တန်းက သက်တံနီတောင်တန်းထက် ၇၀ ရာခိုင်နှုန်းနီးပါး ပိုကြီးတယ်လို့ ဆိုရမှာပါ ။ ပြီးတော့ တောင်တန်းပေါ်မှာလည်း နေဝင်ဆည်ဆာ အစည်းအရုံးရဲ့ အဖွဲ့ဝင်တွေဟာ ကြေးခွံဖြူ ဆေးပင်တွေကို တူးယူနေကြပါတယ် ။
" မင်းတို့က ဘယ်သူတွေလဲ ။ အခုချက်ချင်း တိမ်ခရမ်းတောင်တန်းကနေ ထွက်သွားကြစမ်း "
(note - နေဝင်ဆည်းဆာ အစည်းအရုံးက သူတို့ပိုင်တဲ့ တောင်တန်းကို နာမည်အသစ် ပေးထားပုံ ရတယ်ဗျ ။ )
ခရမ်းရောင်တောင်တန်းရဲ့ အပြင်ဘက်စည်းမှာ တာဝန်ကျနေတဲ့ စစ်သားတွေက လီဖူချန်းတို့ကို လေသံမာမာနဲ့ အော်ငေါက်လာကြပါတယ် ။
လီဖူချန်းက အသံကို မြှင့်လိုက်ပြီး
" ဘာ …… တိမ်ခရမ်း တောင်တန်း ဟုတ်လား ။ မင်း ……ပထွေးတွေကို သွားပြောလိုက် ။ ဒါက ငါတို့သက်တံနီဂိုဏ်းက ပိုင်တဲ့ တိမ်နီ တောင်တန်းကွ ။ မင်းတို့အားလုံးကို အခု သည်ကနေ ထွက်ဖို့ ပြင်ကြစမ်း။ ငါမင်းတို့ကို အချိန်၆နာရီပေးမယ် "
" လေကြီးလိုက်တဲ့ကောင် …… မင်းတွေ့မယ် ။ သတ္တိရှိရင် သည်မှာစောင့်နေ "
စစ်သားတွေထဲက တစ်ယောက်က စစ်ကူခေါ်ဖို့အတွက် ပြေးထွက်သွားပါတယ် ။
" ငါက …… ဘာဖြစ်လို့ မစောင့်ရမှာလဲ ။ မင်းတို့ အစည်းအရုံးက အစွမ်းအထက်ဆုံးကောင်ကို ခေါ်ခဲ့ ။ ကြားလား "
နောက်ထပ် တစ်နာရီ အကြာမှာတော့ ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ဟာ လူ၆၀၀ကို ခြံရံပြီး ရောက်ရှိလာခဲ့ပါပြီ ။
" တပ်မှုးချုပ် …… အဲသည် ရှေ့ဆုံးက လူငယ်က နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ ဘုရင်အဆင့် တပည့် ထန်လုံပါ "
ကျန်းတကျင်းက လီဖူချန်းကို ခပ်တိုးတိုး ပြောလိုက်ပါတယ် ။ သူ့ကို ကြည့်ရတာက အတော်လေး စိတ်လှုပ်ရှားနေပုံပါပဲ ။
ထန်လုံက သာမန် ဘုရင်အဆင့် တပည့်တစ်ယောက် မဟုတ်ပါဘူး ။ ကြေးခွံဖြူတိုက်ကြီးရဲ့ အနောက်မြောက်ဒေသမှာ ရှိတဲ့ ထိပ်တန်းဆယ်ယောက် စာရင်းဝင်ပါ ။
ကြေးခွံဖြူတိုက်ကြီးမှာက ဘုရင်အဆင့် ဂိုုဏ်းပေါင်း ၅၀ကျော် ရှိတယ်လို့ ပြောကြပါတယ် ။ ဒါပေမဲ့ တကယ့်အရေအတွက်က ၅၀ထက် အများကြီး သာလွန်ပါတယ် ။ ကြေးခွံဖြူ တိုက်ကြီးမှာ ရှိနေတဲ့ ဘုရင်အဆင့် ဂိုဏ်းအရေအတွက်က ၁၀၀ နီးပါးပါပဲ ။
ကြေးခွံဖြူတိုက်ကြီးရဲ့ အနောက်မြောက် ဒေသမှာတော့ ဘုရင်အဆင့်ဂိုဏ်းပေါင်း ၁၀ဂိုဏ်းကျော် ရှိပြီး ဘုရင်အဆင့်အတန်း တပည့်တွေက ၅၀နီးပါး ရှိပါတယ် ။
ဘုရင်အဆင့် တပည့်တွေ သည်လောက် များနေရခြင်းရဲ့ အကြောင်းအရင်းကတော့ တချို့သော အင်အားကြီး ဘုရင်အဆင့် ဂိုဏ်းတွေကြောင့်ပါပဲ ။ အင်အားကြီး ဘုရင်အဆင့် ဂိုဏ်းတချို့ဟာ ကြေးခွံဖြူ တိုက်ကြီးပေါ်ကို အနည်းဆုံး ဘုရင်အဆင့်အတန်း တပည့် ၅ယောက် စေလွှတ်ထားလေ့ ရှိပါတယ် ။ဒါမှလည်း သူတို့ဟာ သူတို့ရဲ့ ပိုင်နက်တွေကို ပိုပြီး တိုးချဲ့နိုင်မှာပါ ။
ဘုရင်အဆင့်အတန်း တပည့် ၅၀ကျော်မှာ ထိပ်ဆုံးဆယ်နေရာအတွင်း ဝင်တယ်ဆိုကတည်းက ထန်လုံရဲ့ အရည်အချင်းကို သိနေနိုင်ပါပြီ ။ သူက သာမန် ဘုရင်အဆင့်အတန်း တပည့်တွေနဲ့ အဆင့်လုံးဝ မတူပါဘူး ။
" မင်းက သက်တံနီဂိုဏ်းကို အသစ်ရောက်လာတဲ့ အုပ်ချုပ်သူ အရာရှိလား ။ ငါ စိတ်ကောင်းဝင်နေတုန်း အလိုက်တသိ ထွက်သွားလိုက်ပါလား ။ ငါက အကောင်းနဲ့ အကြံ ပေးတာနော် "
ထန်လုံက သူ့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်ဖော်လိုက်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ် ။ သူ့ကို ကြည့်ရတာက ကမ္ဘာဦး သားရဲကြီး တစ်ကောင်လိုပါပဲ ။
" ခန္ဓာကိုယ်အပြင်အား ပညာရှင်လား "
လီဖူချန်းက ထန်လုံရဲ့ ချီအရှိန်အဝါကနေပြီး အားကောင်းတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ် ။ သူ့ရဲ့ အထင်က မှားစရာတော့ မရှိပါဘူး ။
" ဂိုဏ်းတူအစ်ကို ထန် ……… အစ်ကို မလှုပ်ရှားပါနဲ့ဦး ။ ကျွန်တော်ပဲ သူ့ကို ဆုံးမလိုက်ပါမယ် "
စကားသံအဆုံးမှာတော့ လူငယ်တစ်ယောက်ဟာ အရှေ့ကို ပျံသန်း ထွက်လာပြီး လီဖူချန်းကို လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ် ။
ဟူး……
လက်ဝါးအားဟာ လီဖူချန်းရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်လာခဲ့ပါပြီ ။ အဲဒါက နေဝင်ဆည်းဆာအချိန်ကို တိမ်တစ်အုပ် ဖုံးအုပ်သွားသလိုပါပဲ ။
မြေကမ္ဘာအထွတ်အထိပ်အဆင့် ……တိမ်ဆည်းဆာ လက်ဝါးသိုင်း ။
" သွားစမ်း…… ဒါက မင်းဝင်ပါရမယ့် ပွဲမျိုး မဟုတ်ဘူး "
ရွှေရောင် ဆင်ပြောင်ကြီးတစ်ကောင်ဟာ လေထုထဲမှာ ပေါ်လာခဲ့ပြီး လူငယ်ကို ဖိနှိပ်ပစ်လိုက်ပါတယ် ။
ဘန်း……
လီဖူချန်းကို တိုက်ခိုက်တဲ့ လူငယ်ဟာ ဆက်မတိုက်ရဲတော့ဘဲ အလျင်အမြန် နောက်ဆုတ်သွားပါတော့တယ် ။ ဒါက သူခံနိုင်တဲ့ ဖိအားမျိုး မဟုတ်ပါဘူး ။ အခုတောင်မှပဲ သူ့ရဲ့ ပါးစပ်ကနေပြီး သွေးတွေ ယိုစီးကျနေပြီ မဟုတ်ပါလား ။
" ကြည့်ရတာ မင်းကလည်း ခန္ဓာကိုယ် အပြင်အား ပညာရှင်ပဲ ။ ငါမင်းကို အထင်သေးမိပြီ "
ထန်လုံရဲ့ မျက်နှာကတော့ လေးနက်တည်ကြည် သွားခဲ့ပါပြီ ။ လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အားက သူ့ကို အံ့အားသင့်သွားစေတာ အမှန်ပါပဲ ။ လီဖူချန်းက ချီဝိညာဉ်ကိုပဲ အသုံးပြုပြီး သူ့ရဲ့ ဂိုဏ်းတူညီကို နောက်ဆုတ်စေပါတယ် ။ အဲသည်လိုမျိုးကို သူကိုယ်တိုင်တောင်မှ မလုပ်နိုင်ပါဘူး ။
" အား…… ကောင်းလိုက်တဲ့ အပြင်အား "
ကျန်းတကျင်း ၊ ဝမ်မင်းလီနဲ့ တခြားသူတွေကလည်း ပါးစပ်အဟောင်းသားနဲ့ပါပဲ ။
အထူးသဖြင့်ကတော့ ဝမ်မင်းလီ ဖြစ်ပါတယ် ။ သူမက လီဖူချန်းကို ရွှန်းလဲ့တောက်ပတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေတာကို မရပ်တော့ပါဘူး ။
ဂါး……ဂရား……
အနက်ရောင် ရေနဂါးဝိညာဉ် တစ်ခုဟာ ထန်လုံရဲ့ ကိုယ်ထဲကနေပြီး တိုးထွက်လာခဲ့ပါပြီ ။
ထန်လုံကတော့ မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား ကျင့်စဉ်ဖြစ်တဲ့ မဟူရာ မိစ္ဆာနဂါး ကျင့်စဉ်ကို လေ့ကျင့်ထားသူ ဖြစ်ပါတယ် ။ သည်ကျင့်စဉ်ကို လေ့ကျင့်တဲ့သူက အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်မှပဲ မိစ္ဆာနဂါးဝိညာဉ်ကို ထုတ်ဖော်နိုင်တာပါ ။
" မင်းရဲ့ ခန္ဓာကိုယ် အပြင်အားက အဆင့်မြင့်နေလည်း ဘာဖြစ်လဲ ။ ငါ့ရဲ့ ဒေါသနဂါး လက်သီးကို မြည်းကြည့်စမ်း……"
ဒေါသနဂါး လက်သီးကတော့ မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာတစ်ရပ် ဖြစ်ပါတယ် ။
ဂါး……ဂရား……
လေထုတစ်ခုလုံးကို တုန်ခါသွားစေတဲ့ ဟိန်းသံကြီး တစ်ခုနဲ့အတူ ထန်လုံရဲ့ လက်သီးချက်ဟာ လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါပြီ ။ မိစ္ဆာနဂါးဝိညာဉ်ရဲ့ အားဖြည့်ပေးခြင်းကို ခံထားရတဲ့ ဒေါသနဂါး လက်သီးရဲ့ အရှိန်အဟုန်ကတော့ လုံးဝကို ရပ်တန့်လို့ မရဘူးလို့ ခံစားစေရတဲ့ အထိပါပဲ ။
ဘန်း……
ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ဖုန်တထောင်းထောင်း ထသွားပါတော့တယ် ။ လေဟာနယ် တစ်ခုလုံးဟာလည်း လှိုင်းအတွန့်တွန့် ထနေခဲ့ပါပြီ ။လက်သီးချက်ကို ခံလိုက်ရတဲ့ လီဖူချန်းကတော့ ဘယ်လိုနေမယ် မသိပါဘူး ။
" မင်းရဲ့ လက်သီးက ဒါပဲလား ။ ဒါဆိုရင်တော့ အဆိပ်နဂါး လက်သီးနဲ့တင် ပွဲသိမ်းပြီ "
ဖုန်လုံးကြီးတွေ ကြားထဲကနေပြီး အေးစက်စက် စကားသံ တစ်ခု ထွက်ပေါ်လာခဲ့ပါတယ် ။ အသံ ပိုင်ရှင်ကတော့ လီဖူချန်းပါပဲ ။
ဖုန်လုံးကြီးတွေ ငြိမ်ကျသွားတဲ့နောက်မှာတော့ လီဖူချန်းရဲ့ ပုံရိပ်ဟာ ထင်ရှားပြတ်သားစွာ ပေါ်လာခဲ့ပါတယ် ။ သူက ထန်လုံရဲ့ ဒေါသနဂါး လက်သီးကို လက်တစ်ဖက်တည်းနဲ့ပဲ ဆွဲဖမ်းထားခဲ့တာပါ ။ သူ့ရဲ့ပုံကို ကြည့်ရတာက သိပ်တောင် အားစိုက်ထားတဲ့ပုံ မပေါ်ပါဘူး ။
"လက်သီးတစ်ချက်ပဲ "
စကားအဆုံးမှာတော့ လီဖူချန်းဟာ ထန်လုံကို လက်သီးနဲ့ ထိုးလိုက်ပါတယ် ။
ဂါး……ဂရား……
ရွှေရောင်ဆင်ပြောင်ကြီးရဲ့ စွမ်းအားတွေ ခိုဝင်ကိန်းအောင်းနေတဲ့ မဟူရာ အဆိပ်နဂါးဝိညာဉ်ဟာ လီဖူချန်းရဲ့ လက်သီးချက်ကနေ ထွက်ပေါ်လာပြီး ထန်လုံဆီကို တိုးဝင်သွားခဲ့ပါပြီ ။
ခရက်.……ခရက်……
ဒေါသနဂါး ဝိညာဉ်ဟာ မာန်အပြည့်နဲ တစ်ရှိန်ထိုး တိုးဝင်လာတဲ့ အဆိပ်နဂါး ဝိညာဉ်ကို လုံးဝ တောင့်မခံနိုင်ပါဘူး ။ အဆိပ်နဂါး ဝိညာဉ်က ဒေါသနဂါးဝိညာဉ်ကို အသာအယာပဲ ဖျက်ဆီးပစ်လိုက်ပါတယ် ။
ဘန်း……
ဝေါ့……
ထန်လုံတစ်ယောက်ကတော့ သွေးစိမ်းရှင်ရှင် အန်ပြီး လွင့်ထွက်သွားခဲ့ပါပြီ ။
" ဘာ…… ဘာဖြစ်သွားတာလဲ ။သက်တံနီဂိုဏ်းရဲ့ အုပ်ချုပ်သူ အရာရှိ အသစ်က ဘယ်သူလဲ ။ ဝါစဉ်ကြီးအစ်ကို ထန်လုံတောင်မှ သူ့ရဲ့ လက်သီးတစ်ချက်ကို မခံနိုင်ပါလား "
နေဝင်ဆည်းဆာ အစည်းအရုံးက လူတွေက လီဖူချန်းကို အကြောင်သားနဲ့ ငေးကြည့်နေကြပါတယ် ။ သူတို့က သူတို့မျက်လုံးကိုတောင် မယုံနိုင်တော့တဲ့ ပုံပါပဲ ။
" ငါတို့ရဲ့ အုပ်ချုပ်သူအရာရှိ အသစ်က ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့်ရပြီး အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူစာရင်းမှာ နံပါတ်၁ရထားတာ အလကား မဟုတ်ဘူးပဲ ။ ကြည့်ရတာ ငါက ငါ့ရဲ့ သေးနုံတဲ့ အဆင့်နဲ့ အုပ်ချုပ်သူအရာရှိကို သွားပြီး အကဲဖြတ်မိပြီ "
ကျန်းတကျင်းကတော့ မချိပြုံး ပြုံးလိုက်မိပါတယ် ။ တကယ့်ကို ဟာသပါပဲ ။ သူ့လို သာမန် အပြင်စည်း တပည့် တစ်ယောက်က လီဖူချန်းလို ဘုရင်အဆင့် အပြင်စည်း တပည့်တွေထဲမှာတောင် အတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့သူကို သွားပြီး အကဲဖြတ်မိ နေပါတယ် ။
" ဒါမှ တကယ့်ထွတ်ခေါင် ပါရမီရှင် ။ ငါ ဘယ်လိုလုပ်ပြီး ဝါစဉ်ကြီးအစ်ကိုလီရဲ့ စိတ်ဝင်စားမှုကို ရအောင် လုပ်ရမလဲ "
ဝမ်မင်းလီကတော့ ရွှန်းလဲ့တဲ့ မျက်လုံးတွေနဲ့ လီဖူချန်းကို ကြည့်နေဆဲပါပဲ ။ သူမက လီဖူချန်းထက် အသက်ဆယ်နှစ်ကြီးတယ် ဆိုပေမယ့်လည်း သူတို့လို ကျင့်ကြံခြင်း အဆင့်မှာတော့ အသက်ဆယ်နှစ် ကွာခြားတယ် ဆိုတာက ဘာမှ အရေးမပါတော့ပါဘူး ။
" ခရမ်းရောင် နေဝင်ဆည်းဆာ တိုက်ခိုက်နည်းဗျူဟာကို ပြင်ကြ "
နေဝင်ဆည်းဆာ အစည်းအရုံးကတော့ အရှုံးကို လက်မခံချင်သေးတဲ့ ပုံပါပဲ ။သူတို့က သူတို့ရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ပြင်လိုက်ကြပါတယ် ။
အချိန်တို အတွင်းမှာပဲ လူသုံးဆယ်စီပါတဲ့ လူသားဝင်္ကပါ ဆယ်ခုဟာ ကောင်းကင်ယံပေါ်မှာအသက်ဝင်လာခဲ့ပါပြီ ။ အဲသည်ဝင်္ကပါတွေက ခရမ်းရောင်တိမ်အုပ်လေးတွေလိုပါပဲ ။ ကျန်တဲ့သူတွေကတော့ တိုက်ပွဲစက်ကွင်းထဲကနေ ဆုတ်ခွာသွားကြပါတယ် ။
" သက်တံနီ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို အမြန်ပြင်ကြ "
ကျန်းတကျင်းကလည်း တုံ့ဆိုင်းနေခြင်း မရှိပါဘူူး ။ သူက တပ်သားတွေကို ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ဖော်ဆောင်ဖို့ အမိန့်ပေးလိုက်ပါတယ် ။
သက်တံနီဂိုဏ်းမှာကလည်း လူနှစ်ဆယ် ပါဝင်ရတဲ့ ဝင်္ကပါ တိုက်ခိုက်ဗျူဟာ ရှိပါတယ် ။ အဲဒါက နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ ဝင်္ကပါ တိုက်လိုက်နည်းဗျူဟာကို မယှဉ်နိုင်ဘူး ဆိုပေမယ့်လည်း သူ့ဟာနဲ့သူတော့ အစွမ်းထက်တာပါပဲ ။
လီဖူချန်းရဲ့ အကူအညီနဲ့ ဆိုရင်တော့ သူတို့ရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို မယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။
" ဘာဖြစ်လို့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ဖွဲ့နေတာလဲ ။ ငါလည်းမင်းကို ဘာမှ မပြောမိပါလား "
လီဖူချန်းက နဝေတိမ်တောင် အမူအယာနဲ့ ကျန်းတကျင်းကို ကြည့်နေပါတယ် ။ သူက တကယ်လည်း အကူအညီ လိုတယ်လို့ ကျန်းတကျင်းကို မပြောခဲ့ပါဘူး ။
" ဟုတ်ကဲ့ပါ…… တပ်မှုးချုပ် ။ကျွန်တော်က တပ်မှုးချုပ်များ အကူအညီ လိုမလားလို့ပါ "
" ဟက်ဟက်…… အေးအေးဆေးဆေး ပွဲကြည့်နေစမ်းပါကွာ "
စကားအဆုံးမှာတော့ လီဖူချန်းဟာ ခရမ်းရောက် တိမ်တိုက်တွေကြားထဲကို ပျံသန်းဝင်ရောက် သွားခဲ့ပါပြီ ။
ဘန်း……… ဘန်း…… ဘန်း………
လီဖူချန်းက ဘာလုပ်လို့ လုပ်လိုက်တယ် မသိပါဘူး ။ တစ်ခဏအတွင်းမှာပဲ နေဝင်ဆည်းဆာ အစည်းအရုံးရဲ့ ခရမ်းရောင် နေဝင်ဆည်းဆာ တိုက်ခိုက်နည်းဗျူဟာဟာ ပျက်စီးသွားပါတော့တယ် ။
" အား…… အမယ်လေး …… သေပါပြီဗျ "
ခရမ်းရောင် နေဝင်ဆည်းဆာ တိုက်ခိုက်နည်းဗျူဟာထဲမှာ ပါဝင်တဲ့ လူတွေကတော့ ငယ်သံပါအောင် အော်ဟစ်ညည်းညူပြီး မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါပြီ ။
ဂါး…ဂရား……
အဆိပ်နဂါး ဝိညာဉ်ကလည်း ဟိန်းဟောက်ပြီး လီဖူချန်းကို ကောင်းချီးပေးနေပါတယ် ။
ကောင်းကင်ယံပေါ်မှာတော့ လီဖူချန်းကလွဲပြီး ဘယ်သူမှ ရှိမနေတော့ပါဘူး ။ကောင်းကင်ယံပေါ်မှာ ရပ်နေတဲ့ လီဖူချန်းကို ကြည့်ရတာက နဂါးတို့ရဲ့ အရှင်သခင် တစ်ပါးလိုပါပဲ ။
" သည်နေ့ကစပြီး သည်တောင်တန်းက ငါတို့ သက်တံနီဂိုဏ်းရဲ့ အပိုင်ပဲ ။ ဒါကို မင်းတို့ မကျေနပ်ရင် မင်းတို့ထက် ပိုအစွမ်းထက်တဲ့လူကို ခေါ်ပြီး ပြန်လာခဲ့ "
လီဖူချန်းရဲ့ အေးစက်စက် အသံက ကောင်းကင်ယံကနေ ပျံ့လွင့်လာခဲ့ပါတယ် ။
" သွားကြစို့ "
ထန်လုံကတော့ ဘာမှ ပြန်မပြောဘဲ သူ့လူတွေကို ခေါ်ပြီး ထွက်သွားခဲ့ပါပြီ ။
***