← Chapters

ဧကရာဇ်အဆင့် တပည့်

Vol. 38 Ch. 513

ဧကရာဇ်အဆင့် တပည့်

Vol. 38 Ch. 513

 ရွှီး……

သက်တံနီတောင်တန်းရဲ့ အပေါ်ဘက် ကောင်းကင်ယံမှာတော့ သက်တံနီ မီးတောက်တစ်ခု ခေါက်တုံ့ခေါက်ပြန် သွားလာနေလေရဲ့ ။

အဲသည်မီးတောက်ရဲ့ အမြန်နှုန်းဟာ သာမန် အဆင့်နိမ့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ရဲ့ အမြန်နှုန်းနဲ့ သိပ်မကွာလှပါဘူူး ။

ဖန်း……

ရုတ်တရက် ဆိုသလို အဲသည်မီးတောက်က ပေါက်ကွဲထွက်သွားပြီး လူရိပ်တစ်ရိပ် ပေါ်လာခဲ့ပါတယ် ။ အဲသည်လူရိပ်ကတော့ လီဖူချန်းပါပဲ ။

" ငါ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်က အဆင့်၂၉ကို ချိုးဖောက်ဝင်ရောက်သွားတာ အတော်လေး ကောင်းကျိုး ရှိတာပဲ။ အဲဒါက ငါ့ရဲ့ အမြန်နှုန်းကိုပါ ပိုကောင်းလာစေတယ် "

သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ မီးလျှံတာအိုကို အခြေခံတဲ့ကျင့်စဉ် ဖြစ်တဲ့အတွက် ပေါက်ကွဲအား အလွန်ကောင်းပြီး လျင်မြန်မှုကိုလည်း မြှင့်တင်ပေးပါတယ် ။ ဒါကြောင့်လည်း သည်ကျင့်စဉ်ကို သက်တံနီ နတ်ဘုရားမီးတောက်လို့ အမည်ပေးထားတာပါ ။

သက်တံနီ နတ်ဘုရားမီးတောက် အဆင့်၂၉ကို ရောက်ပြီး မရှေးမနှောင်းမှာဘဲ လီဖူချန်းရဲ့ ကျင့်ကြံခြင်းကလည်း ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ကို လွယ်ကူချော့မွေ့စာ ဝင်ရောက်နိုင်ခဲ့ပါတယ် ။ အခုဆိုရင် လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံခြင်း နဲ့  ခန္ဓာကိုယ်အပြင်အား ကျင်ကြံခြင်းမှာ ရှိတဲ့ ကွာဟမှုက အရင်လို သိပ်အကွာကြီး မဟုတ်တော့ပါဘူး ။

လှုပ်ရှားသွားလာမှု အမြန်နှုန်းပိုင်းမှာ ယှဉ်ကြည့်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုထက် ပိုမြန်ပါတယ် ။

အမြန်နှုန်း ဆိုတာက ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေအတွက် အမြဲလိုလို အားနည်းချက် ဖြစ်နေလေ့ရှိတဲ့ အရာပါပဲ ။

ရန်သူတွေက ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေကို အနိုင်မယူနိုင်ရင်တောင်မှ သူတို့လက်ထဲကနေ လွတ်မြောက်ဖို့အတွက် မခဲယဉ်းလှပါဘူး ။သူတို့အနေနဲ့ ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေရဲ့ တိုက်ခိုက်နိုင်စွမ်း သက်ရောက်မှု အကွာအဝေးကနေ လွတ်အောင် ပြေးနိုင်ဖို့ပဲ လိုပါတယ် ။

ချီအတွင်းအား ကျင့်ကြံသူတွေ နဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေကြားက ကွာဟချက်ဟာ အဲဒါတင် မကသေးပါဘူး ။သူတို့ရဲ့ ချီပမာဏ စုဆောင်းနိုင်မှုကလည်း ကွာဟပါသေးတယ် ။

တကယ်လို့ ချီအတွင်း ကျင့်ကြံသူတွေ စုဆောင်းနိုင်တဲ့ ချီပမာဏက ရေကန်ကြီး တစ်ကန်လောက် ရှိတယ် ဆိုကြပါစို့ ။ အဲဒါဆိုရင် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေရဲ့ စုဆောင်းနိုင်တဲ့ ချီပမာဏက  ရေအိုင်လေး တစ်ခုလောက်သာ ရှိပါတယ် ။

ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေ နဲ့ ချီအတွင်းအား ကျင့်ကြံသူတွေကြားက  နောက်ဆုံး ခြားနားချက်ကတော့ ချီစက်ကွင်းပါပဲ ။

ချီစက်ကွင်းက ချီဝိညာဉ်နဲ့ ဆင်တူသယောင် ရှိပေမယ့် တကယ့်တကယ် လုပ်ဆောင်မှု အပိုင်းမှာတော့ ကွဲပြားခြားနားချက်တွေ ရှိပါတယ် ။

ချီဝိညာဉ်တွေက တိုက်ခိုက်ရေးမှာကော ခုခံရေးမှာပါ အသုံးပြုလို့ ရတဲ့အတွက် ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေရဲ့ အစွမ်းကို တိုးမြှင့်ပေးတဲ့ အရာတွေလို့ ယူဆ နိုင်ပါတယ် ။

ချီဝိညာဉ်ကြောင့် ခန္ဓာကိုယ် အပြင်အား ပညာရှင်ရဲ့ တိုက်ခိုက်နိုင်စွမ်း အကွာအဝေးဟာ ပိုဝေးလာသလို ချီဝိညာဉ်ရဲ့ အကာအကွယ် ပေးမှုကြောင့် ခန္ဓာကိုယ် အပြင်အား ပညာရှင်ရဲ့ ခုခံနိုင်စွမ်းဟာ ပိုကောင်းလာလေ့ ရှိပါတယ် ။ အဲဒါက ကျားကို အတောင်ပံ တပ်ပေးလိုက်တာနဲ့ အတူတူပါပဲ ။

ချီစက်ကွင်း တစ်ခုရဲ့ အရည်အသွေးကတော့ ချီဝိညာဉ် တစ်ခုကို မယှဉ်နိုင်ပါဘူး ။ ဒါပေမဲ့ သက်ရောက်မှု အကွာအဝေးပိုင်းမှာတော့ ချီစက်ကွင်းက ချီဝိညာဉ်ကို အပြတ်အသတ် သာပါတယ် ။ပြီးတော့ ချီစက်ကွင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေရဲ့ ပဲ့တင်ဟပ်မှုကြောင့် ဖွံ့ဖြိုးလာနိုင်ပြီး  အဲဒါနဲ့ ရန်သူကို ဖိနှိပ် နိုင်ပါတယ် ။ ပညာရပ် တစ်ခုရဲ့ နောက်ပိုင်း ရောက်လာလေလေ အဲသည် ပဲ့တင်ဟပ်မှုက ပိုအားကောင်းလာလေလေ ပါပဲ ။

လူတစ်ယောက်ရဲ့ အစွမ်းက ကန့်သတ်ချက် ရှိပေမယ့် ကောင်းကင်နဲ့ မြေကြီးရဲ့ အစွမ်းကတော့ ကန့်သတ်ချက် မရှိပါဘူး ။ တကယ်လို့ လီဖူချန်းကသာ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို အမြင့်ဆုံး အဆင့်အထိ ဒါမှမဟုတ် အမြင့်ဆုံး အဆင့်နီးပါးအထိ ရောက်အောင် လေ့ကျင့်နိုင်မယ် ဆိုရင် သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှု အဆင့်ကို ရောက်နေတဲ့သူကို ဖိနှိပ်နိုင်ကောင်း ဖိနှိပ်နိုင်လောက်မှာပါ ။

ဘာဖြစ်လို့လဲ ဆိုတော့ ချီစက်ကွင်း ဆိုတာ ကိုယ်ပိုင်အိမ်ကွင်း တစခုလိုပါပဲ ။ သည်ချီစက်ကွင်းထဲကို ရောက်လာတဲ့ သူတိုင်းဟာ သူတို့ရဲ့ အစွမ်းတွေကို ၁၀၀ ရာခိုင်နှုန်း မထုတ်သုံးနိုင်ပါဘူး ။

****-----*****-----***-------*****

ကြေးခွံဖြူ တိုက်ကြီးက အလယ်အလတ်အဆင့် တိုက်ကြီးတစ်ခု ဖြစ်တဲ့အတွက် ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးထက် အရွယ်အစား သိပ်မငယ်လှပါဘူး ။ကြေးခွံဖြူတိုက်ကြီးရဲ့ အနောက်မြောက်ပိုင်း တစ်နေရာမှာတေ့ာ တောင်တန်း တစ်ခုလုံး ပိန်းတိတ်အောင် နက်မှောင်နေတဲ့ တောင်တန်းတစ်ခု ရှိနေပါတယ် ။

အဲသည်တောင်တန်းကိုတော့ အာဏာရှင် ဆေဘာ တောင်တန်းလို့ ခေါ်ပြီး အာဏာရှင် ဆေဘာဂိုဏ်းရဲ့ ပင်မ စစ်စခန်း ရှိနေရာ နေရာလည်း ဖြစ်ပါတယ် ။

အာဏာရှင် ဆေဘာဂိုဏ်းက သည်တိုက်ကြီးပေါ်မှာ ရှိတဲ့ အဓိက ဂိုဏ်းကြီးငါးဂိုဏ်းထဲမှာလည်း အပါအဝင်ပါပဲ ။

ချွမ်……

အာဏာရှင် ဆေဘာ တောင်တန်းရဲ့ အတွင်းပိုင်း တစ်နေရာမှာ ရှိတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်ဟာ အရောင်တစ်ချက် တောက်ပလာပြီးတဲ့ နောက်မှာတော့ အစိမ်းရောင် ဝတ်စုံဝတ်  လူငယ်လေး တစ်ယောက် ပေါ်လာခဲ့ပါပြီ ။ အဲသည် တည်နေရာရွှေ့ပြောင်း စင်မြင့်ရဲ့ အရှေ့မှာကတော့ ခန်းမသခင် ကျင်းမင် ရှိနေပါတယ်  ။ ကြည့်ရတာတော့ သူက အစိမ်းရောင်ဝတ်စုံဝတ် လူငယ်ကို လာရောက် ကြိုဆိုနေပုံပါပဲ ။

" ဧကရာဇ် အဆင့်အတန်းက တပည့် …… ။ ဧကရာဇ် အဆင့်အတန်းက တပည့်တစ်ယောက်ကပဲ တခြား ဧကရာဇ် အဆင့်အတန်းက တပည့်တစ်ယောက်ကို အနိုင်ယူနိုင်တယ် ။ မင်းက သူ့ကို ရှုံးသွားတဲ့အတွက် ဘာမှ စိတ်ဓာတ်ကျနေစရာ မလိုဘူး "

အစိမ်းရောက် ဝတ်စုံဝတ် လူငယ်လေးက စင်မြင့်ပေါ်က ဆင်းလာပြီး ကျင်းမင်ကို အားပေးနှစ်သိမ့်လိုက်ပါတယ် ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်မွတ်သိပ်နေတဲ့ အငွေ့အသက်တွေ အပြည့်ပါပဲ ။

" ဝါစဉ်ကြီးအစ်ကိုဖန်း ပြောတာ မှန်ပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က အစ်ကိုဖန်းကို အကူအညီ တောင်းလိုက်ရတာပါ "

ကျင်းမင်က ပြန်ပြောလိုက်ပါတယ် ။

အစက အာဏာရှင် ဆေဘာဂိုဏ်းဟာ ကြေးခွံဖြူ တိုက်ကြီးပေါ်မှာ တောင်တန်းနယ်မြေ ၁၈ခုကို သိမ်းပိုက်ထားခဲ့တာပါ ။ အဲသည်အတွက် သူတို့ရဲ့ ကြေးခွံဖြူဆေးပင် တစ်လ စုဆောင်းနိုင်မှုဟာ မျက်လုံး ပြူးချင်စရာ ကောင်းလှပါတယ် ။ ဒါပေမဲ့လည်း အခုတော့ သက်တံနီဂိုဏ်းရဲ့ လီဖူချန်းက အာဏာရှင်ဆေဘာဂိုဏ်းပိုင်တဲ့ တောင်တန်းနယ်မြေ ၁၇ခုကို သိမ်းပိုက်သွားပြီး သည်အာဏာရှင်ဆေဘာ တောင်တန်းကိုသာ ချန်ထားပေးခဲ့ပါတယ် ။ ကျင်းမင်က သည်ကိစ္စကို  အာဏာရှင်ဆေဘာဂိုဏ်းရဲ့ အကြီးအကဲတွေကို အသိမပေးရဲပါဘူး ။ ဒါကြောင့်လည်း သူက ဂိုဏ်းတော်ရဲ့ ဧကရာဇ်အဆင့် တပည့်တစ်ယောက်ဖြစ်တဲ့ ဖန်းလီကို  လီဖူချန်းအကြောင်း ပြောပြပြီး အကူအညီ သွားတောင်းခဲ့တာပါ ။

အစောတုန်းက ဝါစဉ်ကြီးအစ်ကိုဖန်းလို့ သူခေါ်လိုက်တဲ့ လူငယ်က ဖန်းလီလို့ အမည်ရပြီး ကြယ်၈ပွင့် သစ်စိမ်း အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပါတယ် ။ ဖန်းလီက အသက် ၂၇နှစ်သာ ရှိသေးပြီး ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ ။ သူက သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် အလယ်အလတ်အဆင့် ဆရာသခင် တစ်ပါးကိုတောင် ယှဉ်တိုက်နိုင်တယ်လို့ သတင်းကြီးနေသူ ဆိုရင်လည်း မမှားပါဘူး ။

လီဖူချန်း………

အခုအချိန်မှာတော့ ကျင်းမင်က လီဖူချန်းကို ဧကရာဇ်အဆင့်အတန်း တပည့်တစ်ယောက်လို့ ယတိပြတ် သတ်မှတ်လိုက်ပါပြီ ။ လီဖူချန်းပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေက ဘုရင်အဆင့် တပည့်တွေရဲ့ စွမ်းဆောင်မှုမျိုး လုံးဝ မဟုတ်ပါဘူး ။ ဒါက ဧကရာဇ် အဆင့်အတန်း တပည့်တွေရဲ့ စွမ်းဆောင်မှုမျိုးပါ ။ ဒါကြောင့်လည်း သူက ဖန်းလီကို  သွားရောက် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ် ။

" ကဲ …… ငါ့မှာ အချိန်သိပ်မရှိဘူး ။ ကျင်းမင်……မင်းပြောတဲ့ လီဖူချန်းဆီ ငါ့ကို မြန်မြန် ခေါ်သွားတော့ "

" ဟုတ်ကဲ့ပါ …… အစ်ကိုဖန်း "

ဧကရာဇ် အဆင့်အတန်းက တပည့်တစ်ယောက် ဖြစ်တဲ့ ဖန်းလီဟာ အချိန်တော်တော်များများကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရတာပါ ။

တူညီတဲ့ ကျင့်ကြံခြင်း နယ်ပယ်မှာဆိုရင် သူဟာ လက်ရည်တူ ပြိုင်ဘက်ကို ရှာမတွေ့ဖူးခဲ့ပါဘူး ။ ဂိုဏ်းတော်မှာရှိတဲ့ ဧကရာဇ် အဆင့်အတန်း တပည့်တွေကလည်း တိုက်ပွဲဝိညာဉ်နယ်ပယ် ဒါမှမဟုတ် မူလပင့်လယ်နယ်ပယ်ကို ရောက်နေကြပြီ ဖြစ်တဲ့အတွက် သူ့အနေနဲ့ သွားပြီး စိမ်မခေါ်ရဲပါဘူူး ။ ဒါပေမဲ့လည်း အခုတော့ သူဟာ ကျင့်ကြံခြင်းနယ်ပယ်တူ ဖြစ်တဲ့ ဧကရာဇ် အဆင့်အတန်းက တပည့်တစ်ယောက်နဲ့ တွေ့ရပါတော့မယ် ။ ဒါက ဖန်းလီအတွက် စိတ်လှုပ်ရှားစရာပါပဲ ။

အချိန်နာရီ အနည်းငယ်လောက် ပျံသန်းပြီးတဲ့ နောက်မှာတော့  သူတို့နှစ်ယောက်ဟာ သက်တံနီ တောင်တန်းအစပ်ကို ရောက်ရှိလာခဲ့ပါပြီ ။

" သိပ်သည်းလိုက်တဲ့ ချီအရှိန်အဝါ "

မြွေမြွေချင်း ခြေမြင်တယ်လို့ပဲ ပြောရမလားတော့ မသိပါဘူး ။ ဖန်းလီတစ်ယောက် သက်တံနီတောင်တန်း အစပ်ကို ရောက်လာပြီး မရှေးမနှောင်းမှာပဲ လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ ဖန်းလီရဲ့ တည်ရှိနေမှုကို အာရုံခံမိ သွားပါတော့တယ် ။

သည်အစိမ်းရောင် ဝတ်စုံနဲ့ လူငယ်က ပြန်လည်ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာ ဆိုပေမယ့်လည်း သည်လို သိပ်သည်းမှု ချီအရှိန်အဝါမျိုးကိုတော့ လီဖူချန်းအနေနဲ့ တစ်ခါမှ မကြုံခဲ့ဖူးပါဘူူ း ။

" သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်က အနည်းဆုံး အဆင့်၃၀ကို ရောက်နေပြီ ။ မဟုတ်မှလွဲရော  သူက ဧကရာဇ်အဆင့် တပည့်တစ်ယောက်ပဲ ဖြစ်ရမယ် "

လီဖူချန်းက တစ်ဖက်လူဟာ ဧကရာဇ် အဆင့်အတန်း တပည့်တစ်ယောက်ဖြစ်တယ် ဆိုတာကို ရိပ်မိလိုက်တဲ့အတွက် သူ့ထက် စောပြီး မြေကမ္ဘာ အထွတ်အထိပ်အဆင့် ကျင့်စဉ် အဆင့်၃၀ ရောက်နေတဲ့အပေါ် ထူးပြီး အံ့သြမနေတော့ပါဘူူး ။

ယေဘုယျအားဖြင့် ဆိုရင်တော့ ဧကရာဇ် အဆင့်အတန်း တပည့်တွေ ဆိုတာက ဂိုဏ်းတော်ထဲကို ငယ်ရွယ်စဉ်ကတည်းက ရောက်နေတတ်တာမျိုး မဟုတ်ပါလား ။ အဲသည်အတွက် သူတို့ဟာ အဆင့်မြင့် ပညာရပ်တွေကို အစောကြီး လေ့ကျင့်နိုင်ကြပါတယ် ။

လီဖူချန်းကတော့ အခုမှ သက်တံနီဂိုဏ်းထဲကို ဝင်လာတာ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ် ။

" အင်း…… ငါကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ် "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ သက်တံနီတစ်စင်းအသွင် ပြောင်းပြီး တစ်ဖက်လူ ရှိရာဆီကို ထွက်သွားခဲ့ပါပြီ ။

" လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို ကျင့်ကြံထားတဲ့သူလား ။ သူက   အတော်လေး အစွမ်းထက်တာပဲ "

ဖန်းလီကလည်း လီဖူချန်းရဲ့ တည်ရှိနေမှုကို ချက်ချင်း အာရုံခံမိတာပါပဲ ။ တစ်ဖက်လူက လမ်းစဉ် နှစ်သွယ်ကို ကျင့်ကြံထားတဲ့အပြင် ချီအတွင်းအား ကျင့်စဉ်ကိုပါ တော်တော်လေး အဆင့်မြင့်အောင် လေ့ကျင့်ထားနိုင်တာ သိလိုက်ရတဲ့အတွက် ဖန်းလီဟာ မချီးကျူးဘဲ မနေနိုင်တော့ပါဘူး ။ တစ်ဖက်လူရဲ့ ချီအတွင်းအား ကျင့်စဉ် အဆင့်က သူ့ထက် မဆိုစလောက်လေးသာ နိမ့်ကျနေတာ မဟုတ်ပါလား။

ဖန်းလီက ကျင်းမင်ဆီကနေပြီး  လီဖူချန်းဟာ ခန္ဓာကိုယ်အပြင်အား  အပိုင်းမှာ ပိုအစွမ်းထက်မှန်းကို သိပြီးပါပြီ ။ ဒါပေမဲ့ လီဖူချန်းရဲ့ ချီအတွင်းအားကလည်း သည်လောက် ကောင်းနေမယ်လို့တော့ ဖန်းလီအနေနဲ့ မထင်ခဲ့မိပါဘူး ။ ဒါကြောင့်လည်း သူက လီဖူချန်းကို ချီးကျုးလိုက်တာပါ ။

ပိုအားကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရလေလေ ဖန်းလီက ပိုပြီး ပျော်လေလေပါပဲ ။

သူက သိုင်းတာအိုကို လျှောက်လှမ်းခဲ့စဉ်ကတည်းကနေ အခုချိန်အထိ တူညီတဲ့ ကျင့်ကြံခြင်း နယ်ပယ်မှာ ဘယ်သူ့ကိုမှ မရှုံးခဲ့သေးပါဘူး ။ ကျင့်ကြံခြင်း အဆင့်တွေ ကွာဟနေရင်တောင်မှ သူက နည်းနည်းလေး အားစိုက်လိုက်တာနဲ့  အနိုင် ယူနိုင်ခဲ့တာချည်းပါပဲ ။  လက်ရည်တူတဲ့ ပြိုင်ဘက်ကို မတွေ့ရတာက ဖန်းလီကို အတော်လေး အထီးကျန်စေပါတယ် ။ ဒါပေမဲ့လည်း အခုတော့ သူဟာ သူနဲ့ထိုက်တန်တဲ့ ပြိုင်ဘက်ကို ရှာတွေ့ခဲ့ပါပြီ  ။ ဒါက သူ့ဘဝမှာ ပျောက်ဆုံးနေတဲ့ ရင်ခုန် စိတ်လှုပ်ရှားမှုတွေ နဲ့ တိုက်ပွဲ ဆာလောင်စိတ်တွေကို တစ်ဖန်ပြန်ပြီး  ဖြစ်ပေါ်စေပါတယ် ။ ဒါက သူ့ဘဝ တစ်လျှောက်လုံး မျှော်လင့်စောင့်စားခဲ့ရတဲ့ တိုက်ပွဲပါပဲ ။

" ဖန်းလီ "

ဖန်းလီက အဆင့်၃၁ ရှိပြီဖြစ်တဲ့ ပျက်စီးခြင်း၈ပါး သစ်နတ်ဘုရား ကျင့်စဉ်ကိုအသက်သွင်းလိုက်ပါတယ် ။

ဟူး……ဟူး……ဟူး……

ချီစက်ကွင်းတစ်ခုဟာ ဖန်းလီကို ဗဟိုပြုပြီး ပတ်ဝန်းကျင် တစ်ခုုလုံးကို ပျံနှံ့သွားခဲ့ပါပြီ ။ အဲသည်ချီစက်ကွင်းရဲ့  သက်ရောက်မှု ဧရိယာက မိုင်ပေါင်းအနည်းငယ်လောက်ကို ရှိပါတယ် ။ သည်ချီစက်ကွင်းထဲမှာ ရှိနေတဲ့ အပင်တွေ မှန်သမျှဟာလည်း ညှိုးနွမ်းခြောက်သွေ့ ကုန်ပါတယ် ။

ပျက်စီးခြင်း၈ပါး သစ်နတ်ဘုရား ကျင့်စဉ် ……

သည်ကျင့်စဉ်ရဲ့ အဆင့်၃၁မှာ ဆိုရင်တော့ ပျက်စီးခြင်း၈ပါး သစ်နတ်ဘုရားဆန္ဒ ပါဝင်ပါတယ် ။ အဲဒါတင် မကသေးပါဘူး ။ သည်ကျင့်စဉ်က ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသကိုတောင် သက်ရောက်မှု ရှိစေပါသေးတယ် ။ သည်ချီစက်ကွင်းထဲမှာ ဆိုရင်တော့ ဖန်းလီဟာ ရှင်ဘုရင် တစ်ပါးပါပဲ ။ သူက သည်ချီစက်ကွင်းထဲမှာ ရှိတဲ့ အပင်တွေကို သေစေနိုင်သလို ရှင်အောင်လည်း လုပ်နိုင်ပါတယ် ။

" လီဖူချန်း "

တစ်ဖက်လူက သူ့ရဲ့ နာမည်ကို စပြီး မိတ်ဆက်လာမှတော့ လီဖူချန်းကလည်း မနေသာတော့ပါဘူူး ။ သူကလည်း သူ့ရဲ့ နာမည်ကို ထုတ်ဖော်ပြောပြီး ပြန်မိတ်ဆက်လိုက်ပါတယ် ။

ဟူး……ဟူး……ဟူး……

ဖန်းလီရဲ့ ချီစက်ကွင်း ဖိနှိပ်မှုကြောင့် လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်ဟာ အလိုအလျောက် သက်ဝင် လှုပ်ရှားလာခဲ့ပါတယ် ။

ကျွီး……

ကျယ်လောက်စူးရှတဲ့ အော်မြည်သံတစ်ခုနဲ့အတူ ရွှေရောင် ဆင်ပြောင်ကြီးဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ ။

ဝုန်း……ဝုန်း……ဝုန်း……

သူတို့နှစ်ယောက်စလုံးက တစ်ကွက်တောင် မတိုက်ရသေးပါဘူး ။ ဒါပေမဲ့ သူတို့ရဲ့ ချီစက်ကွင်းနဲ့ ချီဝိညာဉ်တို့ကတော့ စတင်ပြီး အားပြိုင်နေကြပါပြီ ။ အဲဒါက ပတ်ဝန်းကျင် မိုင်အနည်းငယ် ပတ်လည်မှာရှိတဲ့ အရာတွေကို ကစဉ့်ကလျား ဖြစ်သွားစေပါတယ် ။

" အခြေအနေ မကောင်းဘူး ။ အမြန် ဆုတ်မှ "

ကျင်းမင်ကတော့ မျက်လုံးအပြူးသားနဲ့ တိုက်ပွဲ စက်ကွင်းထဲကနေ ကမူးရှူးထိုး ဆုတ်ခွာသွားခဲ့ပါပြီ ။ သည်တိုက်ပွဲက သူရှိနေရမယ့် နေရာ မဟုတ်ပါဘူး ။ အခန့်မသင့်ရင် သူက သည်နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မှုကနေ ဖြစ်ပေါ်လာတဲ့ စွမ်းအင် အဖျားခတ်မှုကြောင့် သေသွားနိုင်ပါတယ် ။

" ကောင်းတယ်……… မင်းက ဧကရာဇ်အဆင့် တပည့်ဆိုတဲ့အတိုင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ "

ဖန်းလီက အားရကျေနပ်စွာနဲ့ ရယ်မောလိုက်ပါတယ် ။ သူ့ရဲ့ တိုက်ပွဲဆာလောင်စိတ်တွေကတော့ ပိုပိုပြီး အားကောင်းလာခဲ့ပါပြီ ။

" ဧကရာဇ်အဆင့် တပည့် ဟုတ်လား  "

ဖန်းလီရဲ့ စကားကြောင့် လီဖူချန်းက ခေတ္တခဏ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ် ။ သူက သူ့ကိုယ်သူ ဧကရာဇ် အဆင့်အတန်း တပည့်လို့ တစ်ခါမှာ မကြေညာခဲ့ ဖူးပါဘူး ။

ကြည့်ရတာတော့ ကျင်းမင်က အထင်မှားပြီး ဖန်းလီကို သတင်းအမှား ပေးလိုက်ပုံ ရပါတယ် ။ ဒါပေမဲ့လည်း အဲဒါက ကျင်းမင် အမှားတော့ မဟုတ်ပါဘူး ။ လီဖူချန်းရဲ့ စွမ်းဆောင်ရည်ကို မြင်လိုက်ရတဲ့ သူတိုင်းက သူ့ကို ဧကရာဇ်အဆင့် တပည့်တစ်ယောက်လို့ အထင်မှားကြမှာပါပဲ ။

ရွှီး……

ဖန်းလီက သေးသွယ်ပြီး ရှည်လျားတဲ့ ဆေဘာကို ထုတ်ပြီး လီဖူချန်းကို ခုတ်ပိုင်းလိုက်ပါတယ် ။

" ငါ့ရဲ့ ဆေဘာကို မြည်းကြည့်စမ်း "

အစိမ်းရောင် ဆေဘာဟာ ညင်သာစွာ လှုပ်ရှားသွားပြီး မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေကို ဖြစ်ပေါ်လာစေခဲ့ပါပြီ ။သည်ဓားအရိပ်တွေ ထဲမှာတော့ သေဆုံးခြင်း ချီတွေနဲ့ ဆေဘာချီတွေ ရောနှော ပါဝင်နေခဲ့ပါတယ် ။

သည်ဓားသိုင်းကတော့ ဖန်းလီရဲ့ အားအထားရဆုံး ဓားသိုင်းဖြစ်တဲ့ ပင်ပျိုခပ်သိမ်း ဆေဘာ ဓားသိုင်းပါပဲ ။ ပင်ပျိုခပ်သိမ်း ဓားသိုင်းက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေဘာဓားသိုင်း ဆိုရင်လည်း မမှားပါဘူး ။

ဂါး…… ဂရား……

ခေါင်းကိုးလုံး နဂါးဝိညာဉ်ကလည်း တိမ်တွေကြားထဲမှာ ဖြစ်တည်လာခဲ့ပါပြီ ။ သည်နဂါးဝိညာဉ်နဲ့ ခေါင်းကိုးလုံးက မရေမတွက်နိုင်တဲ့ အစိမ်းရောင် ဆေဘာဓားရိပ်တွေကို ဝါးမျိုလိုက်ပါတယ် ။

ဝုန်း……

ဘန်း……ဘန်း……ဘန်း……

ဆေဘာဓားရိပ်တွေဟာ ပျောက်ကွယ်သွားခဲ့သလို ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာလည်း တစ်စစီ ပေါက်ကွဲထွက်သွား ခဲ့ပါပြီ ။

ဒါက လီဖူချန်းရဲ့ ခေါင်းကိုးလုံး နဂါးဝိညာဉ် ပထမဆုံးအကြိမ် ပျက်စီးခြင်းပါပဲ ။

ဖန်းလီရဲ့ တိုက်ခိုက်နိုင်စွမ်းက လီဖူချန်း ထင်ထားတာထက်တောင်မှ ပိုကောင်းနေတယ်လို့ ဆိုရပါမယ် ။ သူက ဖန်းလီရဲ့ ချီအတွင်းအား ကျင့်စဉ် အဆင့်ဟာ သူ့ထက် ၂ဆင့် သာနေတယ် ဆိုတာကိုလည်း သတိပြုမိလိုက်ပါတယ် ။ ပြီးတော့ ဖန်းလီရဲ့ ဆေဘာက သာမန်ဆေဘာ မဟုတ်ဘဲ မြေကမ္ဘာအဆင့်မြင့် ဆေဘာဖြစ်နေပါသေးတယ် ။

ဖန်းလီက ဘုရင်အဆင့် တပည့်တစ်ယောက်ထက် အစစ ၊အရာရာ သာလွန်နေတဲ့ လူတစ်ယောက်ပါပဲ ။

" ဟား……ဟား……  ကောင်းတယ်ဟေ့ ။ ရော့.…… ငါ့ရဲ့ သည်ဓားချက်ကိုကော မြည်းကြည့်ဦး "

ဖန်းလီက တဟားဟာ ရယ်မောနေရင်းနဲ့  လီဖူချန်းကို  တစ်ချက်ပြီးတစ်ချက် ဆင့်ခုတ်ပါတော့တယ် ။

အဲသည်ဓားချက်တွေတိုင်းဟာ ထူးဆန်းလှပြီး နက်နဲလွန်းတဲ့ စွမ်းအားတွေ ခိုဝင်ကိန်းအောင်း နေပါတယ် ။

" လာစမ်းပါ ။ ဒါက တကယ့်ယောကျာ်းတွေရဲ့ တိုက်ပွဲပဲ "

ဖန်းလီလိုပါပဲ ။လီဖူချန်းရဲ့ သွေးတွေဟာလည်း ပွက်ပွက်ဆူလာပြီး တိုက်ပွဲကို ဆာလောင်မွတ်သိပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါပြီ ။

အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြပါတော့တယ် ။

ဝုန်း……ဝုန်း……ဝုန်း.……

ဘန်း……ဘန်း……

ဝေါ……

ဂျိမ်း……ဂျိမ်း……

မိုးကြိုးပစ်သံတွေ ၊ တော်လဲသံတွေ ၊ ပေါက်ကွဲသံတွေဟာ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့ပါတယ် ။ ပတ်ဝန်းကျင် တစ်ခုလုံးဟာလည်း ရစရာကို မရှိတော့ပါဘူး ။ တောင်တွေဟာလည်း ပြိုကုန်သလို မြေပြင်ဟာလည်း အက်ကွဲရာကြီးတွေ အပြည့် ဖြစ်နေခဲ့ပါပြီ ။ ကောင်းကင်ယံမှာဆိုရင်လည်း မိုးကြိုးမုန်တိုင်းတွေ ထန်လာခဲ့ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်း နဲ့ ဖန်းလီတို့ကတော့ သဲကြီးမဲကြီး တိုက်ခိုက်နေကြဆဲပါပဲ ။

" ဆုတ်ကြ …… ဆုတ်ကြ…… တတ်နိုင်သလောက် ဝေးဝေးကို ဆုတ်ကြ "

ကျန်းတကျင်းက သူ့ရဲ့ တပ်သားတွေကို တိုက်ပွဲစက်ကွင်းနဲ့ ဝေးနိုင်သမျှ ဝေးအောင် ဆုတ်ခိုင်းနေပါတယ် ။

လီဖူချန်း နဲ့ ဖန်းလီတို့ရဲ့ တိုက်ခိုက်မှုက ကိုယ်ပိုင် ချီနယ်မြေ တစ်ခုကို ဖြစ်တည်စေပါတယ် ။ အခုချိန်မှာတော့ သာမန် ဘုရင်အဆင့် တပည့်တစ်ယောက်တောင်မှ အဲသည် ချီနယ်မြေထဲကို ဝင်သွားမိရင် အသက်ရှင်နိုင်စရာ အကြောင်း မရှိပါဘူး ။ လီဖူချန်း နဲ့ ဖန်းလီတို့ရဲ့ ဆေဘာချီနဲ့ ချီဝိညာဉ်က သူ့ကို သွေးအိုင်ဘဝ ရောက်အောင် ချက်ချင်း ပြောင်းပေးလိုက်မှာပါ ။

သိုင်းကွက်တစ်ရာကို အရောက်မှာတော့ ဖန်းလီက ခန္ဓာကိုယ်ထဲကနေပြီး အစိမ်းရင့်ရောင် ရောင်ခြည်တွေကို ထုတ်လွှတ်လာခဲ့ပါပြီ ။

အဲဒါကတော့ သူ့ရဲ့ သစ်စိမ်းစွမ်းအားပါပဲ ။

သစ်စိမ်းစွမ်းအားရဲ့ အထောက်အပံ့ ပေးမှုကြောင့် ဖန်းလီရဲ့ ဆေဘာဓားကွက်တွေဟာ ပိုအားကောင်းလာပြီး အရိုင်းဆန်လာခဲ့ပါတယ် ။ပတ်ဝန်ကျင် တစ်ခုလုံးမှာလည်း သစ်ပင်အရိပ်တွေ ပေါ်လာခဲ့ပြီး လီဖူချန်းရဲ့ ချီဝိညာဉ်ကို စတင် ဖိနှိပ်စ ပြုလာပါတယ် ။

အဲသည် ဖိနှိပ်မှုကြောင့် လီဖူချန်းရဲ့ ချီဝိညာဉ်ဟာ လှုပ်ရှားဖို့ မလွယ်ကူတော့ပါဘူး ။

" ကွက်တိပဲ "

လီဖူချန်းက ချီဝိညာဉ်ကို ရုတ်သိမ်းလိုက်ပြီး အနီရောင် အလင်းတန်းတွေကို ထုတ်လွှတ်ကာ သစ်ပင်အရိပ်တွေရဲ့ ဖိနှိပ်မှု အောက်ကနေ ရုန်းထွက်လိုက်ပါတယ် ။

ဘန်း……ဘန်း……ဘန်း……

အဲသည်နောက်မှာတော့ သူက အနီရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ လက်သီးနဲ့ ဖန်းလီရဲ့ ဆေဘာဓားရိပ်တွေကို ထိုးပစ်ပါတော့တယ် ။

လီဖူချန်းက သေမျိုးကပ်ဘေး လက်သီးကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ လေ့ကျင့်ပြီးသွားခဲ့ပါပြီ ။ အဲသည်အတွက် သူ့အနေနဲ့ သည်ဆေဘာ ဓားရိပ်တွေကို မဖျက်ဆီးနိုင်စရာ အကြောင်းမရှိပါဘူး ။ သူက သည်ဆေဘာဓားရိပ်တွေကို ဖျက်ဆီးပစ်ဖို့အတွက် သေမျိုးကပ်ဘေးစွမ်းအား ပါဝင်တဲ့ လက်သီးတစ်လုံးပဲ လိုအပ်ပါတယ် ။

" ဒါက……ဘယ်လို ခန္ဓာကိုယ်အပြင်အား သိုင်းပညာကြီးတုန်း "

ဖန်းလီက လီဖူချန်းရဲ့ လက်သီးချက်ကို မြင်ပြီးတဲ့နောက်မှာတော့ အတော်လေး အံ့အားသင့်သွား ခဲ့ပါတယ် ။ သူက သည်လို သိုင်းပညာမျိုးကို လုံးဝ မမြင်ဖူးသလို ကြားလည်း မကြားဖူးခဲ့ပါဘူး ။ လီဖူချန်းရဲ့ လက်သီးက သူ့ရဲ့ ဆေဘာကိုတောင် ဖိအား ပေးနေနိုင်ပါတယ် ။

ဘန်း……

လီဖူချန်းဆီကနေပြီး  နောက်ထပ် လက်သီးချက် တစ်ချက် ထွက်ပေါ်လာတဲ့ အခါမှာတော့ ဖန်းလီဟာ ဆေဘာကို လွတ်ထွက်သွားတော့မလိုတောင် ဖြစ်သွားခဲ့ပါတယ် ။

ဝေါ့……

ဖန်းလီက သွေးတစ်လုတ်ကိုတောင် အန်ထုတ်ပစ်လိုက် ရပါသေးတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ လက်သီးမှာ ပါလာတဲ့ ကပ်ဘေးစွမ်းအားက ဖန်းလီရဲ့ ဆေဘာထဲကို စီးဝင်သွားပြီး ဖန်းလီကို တိုက်ခိုက်လိုက်လု့ိပါပဲ ။ ဖန်းလီက ဒဏ်ရာ ရသွားခဲ့ပါပြီ ။

ဒါပေမဲ့လည်း ဖန်းလီက ကြယ်၈ပွင့် သစ်စိမ်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့အတွက် အဲသည်ဒဏ်ရာ တစ်မုဟုတ်ချင်း ပြန်ကောင်းသွားခဲ့ပါတယ် ။

" ဝါစဉ်ကြီးအစ်ကိုဖန်းတောင်မှ အောက်စည်း ရောက်နေတာလား ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ "

ကျင်းမင်ကတော့ မျက်လုံးအပြူးသား ဖြစ်နေခဲ့ပါပြီ ။ သူက သူမြင်နေရတာကို လုံးဝ မယုံနိုင်တော့ပါဘူး ။

" ထျန်းတောင်မုရွှင် ဖေးထို့ကျင်း "

ဖန်းလီက အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး သူ့ရဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက် ပါတော့တယ် ။

ပျက်စီးခြင်း ၈ပါး သစ်နတ်ဘုရား ချီတွေဟာ ချက်ချင်းလိုလို ကောင်းကင်ဘုံ သစ်စိမ်းနတ်ဘုရား ချီတွေအဖြစ်ကို ပြောင်းလဲသွားခဲ့ပါြင်္ပီ ။

" အရှုံးပေးစမ်း "

ရွှမ်း……

အဲသည်နောက်မှာတော့ သူက လီဖူချန်းဆီကို တစ္ဆေတစ်ကောင်လို  ခုန်ဝင်သွားပြီး ဆေဘာနဲ့ ပိုင်းချလိုက်ပါတော့တယ် ။

***

All Chapters