← Chapters

မသေမျိုး သစ်စိမ်းနွယ်ပယ်

Vol. 38 Ch. 514

မသေမျိုး သစ်စိမ်းနွယ်ပယ်

Vol. 38 Ch. 514

" သည်ကောင်က ဧကရာဇ်အဆင့် တပည့့်ဖြစ်နေတာလည်း မထူးဆန်းတော့ပါဘူး "

လီဖူချန်းက ကျောရိုးတစ်ခုလုံး အေးစိမ့်သွားတဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရပါတယ် ။ သူက သည်လို ခံစားချက်မျိုးကို မရတာ ကြာပါပြီ ။ သည်လိုခံစားချက်မျိုးကို လီဖူချန်းက အသက်အန္တရာယ်နဲ့ နီးတဲ့ အခါမျိုးမှသာ ရလေ့ ရှိတာပါ ။

ဘန်း………

သည်တစ်ခါ ထိပ်တိုက်ရင်ဆိုင်မှုမှာ အရေးနိမ့်သွားသူကတော့ လီဖူချန်းပါပဲ ။ သူက ဖန်းလီရဲ့ ဆေဘာဓားချက်ကြောင့် အနောက်ကို ဆက်တိုက် ဆုတ်ပေးလိုက်ရပါတယ် ။ လီဖူချန်းက ဖွံ့ထွားခြင်း ဥပဒေသ ခိုဝင်ကိန်းအောင်းနေတဲ့ ဖန်းလီရဲ့ သည်ဓားချက်ကို တောင့်မခံနိုင်ခဲ့ပါဘူး ။ကံကောင်းထောက်မပြီး  သေမျိုးကပ်ဘေး စွမ်းအားတွေက ဆေဘာဓားချီတွေကို ကာကွယ်ပေးနိုင်လို့သာ လီဖူချန်းအနေနဲ့ သက်သာရာ ရခဲ့တယ် ဆိုရပါမယ်  ။ မဟုတ်လို့ကတော့ သူ့ရဲ့ အသက်ဟာ ဖန်းလီရဲ့ ဆေဘာဓားအောက်မှာ ပါသွားလောက်ပါပြီ ။

' တော်သေးတယ် ။ တကယ်လို့ သည်နတ်ဆိုးခွန်အား လက်အိတ်တွေသာ မရှိရင် ငါတော့ သေချာပေါက် မီးလျှံနတ်ဘုရား စွမ်းရည်ကို ထုတ်သုံးရတော့မှာ'

လီဖူချန်းက အနောက်ကို ဆုတ်နေရင်းနဲ့ တွေးမိလိုက်ပါတယ် ။သူ့ရဲ့ လက်မှာတော့ ဘယ်အချိန်တည်းကနေ ဘယ်လို ထုတ်ဝတ်ထားမှန်း မသိတဲ့ အနက်ရောင်ကြေးခံွံ လက်အိတ်တစ်စုံ ရှိနေခဲ့ပါပြီ ။

မြေကမ္ဘာ အလယ်အလတ်အဆင့် နတ်ဆိုးခွန်အား လက်အိတ်………

သည်လက်အိတ်တွေကိုတော့ လီဖူချန်းက သက်တံနီဂိုဏ်းရဲ့ ဘုရင်အဆင့်အတန်း တပည့်ဆိုတဲ့ ဂုဏ်ထူးကို သုံးပြီး ဆရာသခင် အရည်ကျိုကို သွန်းလုပ်ခိုင်းခဲ့တာပါ ။

သည်လက်အိတ် တစ်စုံ ရဖို့က မလွယ်ပါဘူး ။ သူက လက်အိတ်တွေကို သွန်းလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေအတွက်တောင်မှ  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းအနည်းငယ် ပေးခဲ့ရတာပါ  ။ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဆိုတာက ရှားပါးလွန်းလှပါတယ် ။ တကယ်လို့သာ လီဖူချန်း အနေနဲ့ ဘုရင်အဆင့်အတန်း တပည့်ဆိုတဲ့ ဂုဏ်ထူးနဲ့ အဆက်အသွယ်တွေကို မသုံးခဲ့ဘူးဆိုရင် နတ်ဆိုးခွန်အား လက်အိတ်ကို သွန်းလောင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုတောင် ရနိုင်မှာ မဟုတ်ပါဘူး ။

အမှန်အတိုင်းပြောရမယ် ဆိုရင်တော့ သည်လက်အိတ်တွေက မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ် အပြင်အား လက်အိတ် အစစ်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ် ။ ဒါက ဆရာသခင် အရည်ကျို အနေနဲ့ မြေကမ္ဘာ အဆင့်နိမ့် ခန္ဓာကိုယ် အပြင်အား လက်အိတ်တွေထက် အားနည်းချက် နည်းအောင် သွန်းလောင်းထားနိုင်ရုံပါပဲ ။

ဆရာသခင် အရည်ကျိုရဲ့ ပန်းပဲပညာက မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား လက်နက်ပစ္စည်းတွေကို သွန်းလောင်းနိုင်တဲ့အဆင့် မဟုတ်ပါဘူး ။ လီဖူချန်း စုဆောင်းပြီး ရလာတဲ့ ပစ္စည်းတွေက အရည်အသွေး ကောင်းလွန်းနေလို့သာ သူက အခုရလာတဲ့ နတ်ဆိုးခွန်အား လက်အိတ်ကို သွန်းလောင်းနိုင်ခဲ့တာပါ ။

သည်လက်အိတ်ကို သွန်းလောင်းဖို့အတွက် ဆရာသခင် အရည်ကျိုဟာ အချိန်တစ်နှစ် ယူခဲ့ရပြီး လွန်ခဲ့တဲ့ တစ်လကမှ ပြီးမြောက်ခဲ့တာပါ ။

အခုအချိန်မှာတော့ အဲသည် နတ်ဆိုးခွန်အား လက်အိတ်တွေက လီဖူချန်းအတွက် အသုံးဝင်လာ ခဲ့ပါပြီ ။

နတ်ဆိုးခွန်အား လက်အိတ်ကို ဝတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ ဖန်းလီနဲ့ ထိပ်တိုက် ပြန်ရင်ဆိုင်ပါတော့တယ် ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ နောက်ဆုတ်မပေးရတော့ပါဘူး ။

ဘန်း……ဘန်း………

အနီရောင် ရောင်ခြည်တန်းတွေ ထွက်ပေါ်လာအပြီးမှာတော့ အစိမ်းရောင် ဆေဘာဓားရိပ်တွေဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။

" သစ်ပင်ကမ္ဘာ ပြိုလဲခြင်း "

အခြေအနေ မဟန်တော့တာကို ရိပ်မိလိုက်တဲ့ ဖန်းလီက သိုင်းကွက်ကို အလျင်အမြန် ပြောင်းလိုက်ပါတယ် ။သည်ဆေဘာဓားကွက်ကတော့ ပင်ပျိုခပ်သိမ်း ဓားသိုင်းရဲ့ ပွဲသိမ်းဓားကွက်ပါပဲ ။ဓားကွက်ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဖန်းလီရဲ့ ချီအတွင်းအားတွေကလည်း သိသိသာကြီး ယုတ်လျော့သွားခဲ့ပါတယ် ။

ဟူး……ဟူး……ဟူး……

မိုင်အနည်းငယ် ပတ်လည် တစ်ခုလုံးကိုတော့ သစ်ပင်ရိပ်တွေ ဖုံးလွှမ်းသွားခဲ့ပါပြီ ။ မြေကြီးပေါ်မှာ ပေါက်နေတဲ့ အပင်တွေ အားလုံးဟာလည်း အမြစ်ကနေ ကျွတ်ထွက်ပြီး လေထဲမှာ လွင့်ပျံ လာခဲ့ပါတယ် ။

ဒါက ပြင်ပ လောကနဲ့ တသီးတခြား ဖြစ်နေတဲ့ ဖန်းလီရဲ့ ကိုယ်ပိုင် သစ်ပင်ကမ္ဘာပါပဲ။

" အား …… သည်ဖိအား "

ဖန်းလီရဲ့ သစ်ပင်ကမ္ဘာထဲကို ရောက်နေတဲ့ လီဖူချန်းကတော့ အသက်ကိုတောင် မနည်း ရှူနေရပါပြီ ။ ဆေဘာဓားရိပ်တွေက သူ့အပေါ်မှာ သက်ညာမှု လုံးဝ မရှိဘဲ ဆင်းသက်လာခဲ့ပါတယ် ။

သူက ဘယ်ဟာက အစစ် ၊ ဘယ်ဟာက အတုအယောင် ဆိုတာကိုလည်း မခွဲခြားနိုင်တော့ပါဘူး ။ လီဖူချန်းအတွက်ကတော့ သည်ဆေဘာဓားရိပ်တွေ အားလုံးဟာ အစစ်အမှန်တွေချည်းပါပဲ ။

ပြီးတော့ ဆေဘာ ဓားစက်ကွင်းထဲမှာ ဆိုရင်လည်း ပုံမှန် မဟုတ်တဲ့   ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသ တစ်ခု ရှိနေပါသေးတယ် ။ အဲဒါက သတ်ဖြတ်ခြင်း ဆန္ဒပါပဲ ။

" သူ့ရဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းအပေါ်မှာ ကျွမ်းကျင်မှုက ငါ့ရဲ့ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းထက် ပိုနေတာလား "

သူတို့နှှစ်ယောက်စလုံးက မြေကမ္ဘာအထွတ်အထိပ်အဆင့် ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်းအဆင့်ကို ရောက်နေတာချင်း တူကောင်း တူပါလိမ့်မယ် ။ ဒါပေမယ့် ကျင့်ကြံခြင်း အဆင့် နဲ့  ဓားသိုင်းအပေါ်မှာ နားလည်သက်ဝင်မှုကတော့ မတူညီပါဘူး ။

" သေမျိုးကပ်ဘေး နဲ့ ထိပ်တိုက် ရင်ဆိုင်မိရင် အရာအားလုံးက ဖုန်မှုန့် ဖြစ်သွားလိမ့်မယ် "

" သွားစမ်း "

လီဖူချန်းက အံ့ကို တင်းတင်းကျိတ်ပြီး သူ့အပေါ် ပိကျလာတဲ့ ဆေဘာဓားရိပ်တွေကို ထိုးပစ်လိုက်ပါတယ် ။ သူ့ရဲ့ လက်သီးကနေ ထွက်ပေါ်လာတဲ့ အလင်းတန်းတွေကတော့ဘ အနီရောင် နေဝန်းငယ် တစ်ခုလိုပါပဲ ။

ဘန်း………

ပတ်ဝန်ကျင် တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ သစ်ပင်တွေ နဲ့ ဆေဘာဓားရိပ်တွေဟာ တစ်စမကျန် ပျောက်ကွယ်သွားခဲ့ပါပြီ ။

" ပျက်စီးခြင်း ဓား "

ဖန်းလီကလည်း ခေသူ မဟုတ်ပါဘူး ။ သူက လုံးဝ ကြောင်မသွားဘဲ နောက်ထပ်ဓားချက် တစ်ချက်ကို ထုတ်လာခဲ့ပါတယ်။

ကြည့်ရတာတော့ အစောပိုင်းက ဓားချက်ကို လီဖူချန်းအနေနဲ့ သေချာပေါက် ခုခံနိုင်မယ်လို့ ဖန်းလီက တွက်ထားပုံပါပဲ ။

သည်ဓားကွက်က လုံးဝကို ချိန်သားကိုက် ထွက်ပေါ်လာခဲ့တာပါ ။

ဝေါ……ဝေါ……ဝေါ……

သစ်ပင်ရိပ်တွေနေရာမှာ  မှှောင်မိုက်မှုက အစားထိုး ဝင်ရောက်လာခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သစ်ရွက်တွေဟာ တဖြုတ်ဖြုတ် ကြွေကျလာခဲ့ပါတယ်။

အဲသည်သစ်ရွက်တွေကို သေချာ ကြည့်လိုက်မယ် ဆိုရင်တော့ အဲဒါက သစ်ရွက်တွေ မဟုတ်ဘဲ ဆေဘာဓားချီတွေကို တွေ့ရမှာပါ ။ သည်သစ်ရွက်တွေ အားလုံးက ဖန်းလီရဲ့ ဆေဘာဓားချီတွေပါပဲ ။ ပြီးတော့ သည်ဆေဘာဓားချီ တစ်ခုချင်းစီမှာ ဆိုရင်လည်း သတ်ဖြတ်ခြင်း ဆန္ဒနဲ့ ဆေဘာဆန္ဒတို့ ရောယှက်နေပါသေးတယ် ။

" ကောင်းလိုက်တဲ့ ဓားကွက် "

လီဖူချန်းက သည်ဓားကွက်ကို မချီးကျုးဘဲ မနေနိုင်တော့ပါဘူး ။ ဖန်းလီက ဓားသိုင်းအရာမှာ သူ့ထက် အဆင့်တစ်ဆင့် သာနေတာပါ ။ သူထင်တာသာ မမှားဘူး ဆိုရင်တော့ ဖန်းလီရဲ့ ဓားသိုင်းက ကောင်းကင်အဆင့်နိမ့် ဓားသိုင်းအဆင့်အထိကို တက်လှမ်းခါနီး ဖြစ်နေခဲ့ပါပြီ ။

ကံကောင်းတာ တစ်ခုက လီဖူချန်းဆီမှာ သေမျိုးကပ်ဘေး စွမ်းအား ရှိနေတာပါပဲ ။

သေမျိုးကပ်ဘေး စွမ်းအားက အသက်စွမ်းအားကို ဖျက်ဆီးတဲ့ နေရာမှာ အင်မတန် အစွမ်းထက်ပါတယ် ။ ဖန်းလီရဲ့ ဆေဘာဓားသိုင်းကတော့ အပင်တွေရဲ့ အသက်စွမ်းအင်ကို စုပ်ယူပြီး အားကောင်းလာတာပါ ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သေမျိုးကပ်ဘေးနဲ့ ပင်ပျိုခပ်သိမ်း ဓားသိုင်းရဲ့ အခြေခံက လုံးဝ ဆန့်ကျင်ဘက်ပါပဲ ။ အဲသည်မှာမှ သေမျိုးကပ်ဘေး စွမ်းအားဟာ ပင်ပျိုးခပ်သိမ်းဓားသိုင်းက စုပ်ယူထားတဲ့ အသက်စွမ်းအားတွေထက် အများကြီး အားကောင်းပါတယ် ။

အဲသည်အတွက် ဖန်းလီရဲ့ ပင်ပျိုခပ်သိမ်း ဓားသိုင်းက ဘယ်လောက်အားကောင်းကောင်း လီဖူချန်းရဲ့ လက်သီးကို ထိပ်တိုက်ရင်ဆိုင်လို့ မရနိုင်ပါဘူး ။

ဘန်း………

သည်တစ်ကြိမ် တိုက်ခိုက်မှုမှာတော့ ဖန်းလီရဲ့ အခြေအနေဟာ အရင်တစ်ကြိမ်ကထက် ပိုဆိုးသွားခဲ့ပါတယ် ။ လီဖူချန်းအပေါ် ကြွေကျလာတဲ့ သစ်ရွက်တွေဟာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပါပြီ ။

" ဘယ်……လို…… လုပ် "

ဖန်းလီရဲ့ မျက်နှာပေါ်မှာတော့ အံ့အားသင့်တဲ့ အရိပ်အယောင်တွေ အပြည့်ပါပဲ ။ လီဖူချန်းရဲ့ လက်သီးသိုင်းက သူ့ရဲ့ ပင်ပျိုခပ်သိုင်း ဆေဘာဓားသိုင်းကို တကယ်ကြီး အသာစီး ရယူနိုင်သတဲ့လား ။

" လီဖူချန်း…… ငါက ငါ့ရဲ့ သစ်စိမ်း နတ်ဘုရားစွမ်းရည်ကို ထုတ်မသုံးခဲ့တာ ကြာလှပြီ ။ ဘာဖြစ်လို့လဲဆိုတော့ တူညီတဲ့ ကျင့်ကြံခြင်း နယ်ပယ်မှာ ဘယ်သူကမှ ငါ့ကို သစ်စိမ်းစွမ်းအား ထုတ်သုံးလာအောင် ဖိအား မပေးနိုင်လို့ဘဲ ။ ဒါပေမဲ့ အခုတော့ ငါထုတ်သုံးတော့မယ် "

စကားဆုံးတဲ့နောက်မှာတော့ ဖန်းလီဟာ သူ့ရဲ့ ဆေဘာဓားရှည်ကို ပြန်သိမ်းလိုက်ပါတော့တယ်   ။ တစ်ချိန်တည်းမှာပဲ အစိမ်းရင့်ရောင် အလင်းတန်းတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ဖြာထွက်လာခဲ့ပါပြီ ။

မဟုတ်ပါဘူး ။ အဲဒါတွေကို အစိမ်းရောင် အလင်းတန်းတွေ မဟုတ်ပါဘူး ။ အဲသည်အစား အစိမ်းရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ နွယ်ပင်တွေလို့ ပြောရင် ပိုပြီး မှန်ပါလိမ့်မယ် ။ပြီးတော့ အဲသည်နွယ်ပင်တွေ အသက်ရှိတဲ့ မြွေလေးတွေလို လှုပ်ရှားနေပါသေးတယ် ။

" မသေမျိုး သစ်စိမ်းနွယ်ပင်  တိုက်စမ်း "

ဖန်းလီက အမိန့်ပေးလိုက်တဲ့အခါမှာတော့ သက်ဝင်လှုပ်ရှားနေတဲ့ အစိမ်းရောင်နွယ်ပင်တွေထဲ တစ်ပင်ဟာ ရှည်ထွက်လာပြီး လီဖူချန်းဆီကို ပြေးထွက်သွားခဲ့ပါပြီ ။

ဖြန်း……

လမ်းတစ်ဝက်မှာတော့  အစိမ်းရောင်နွယ်ပင်ဟာ လီဖူချန်းကို ရိုက်ချလိုက်ပါတယ် ။အဲဒါက ကြာပွတ်ရိုက်ချက် တစ်ခုလိုပါပဲ ။

" သွားစမ်း "

လီဖူချန်းကလည်း လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပါဘူး ။ သူက အစိမ်းရောင် နွယ်ပင်ကို လက်သီးနဲ့ ထိုးပစ်လိုက်ပါတယ် ။

ရွှီး……

အနီရောင် အလင်းတန်း တစ်ခုဟာ အစိမ်းရောင် နွယ်ပင်ဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ဘန်း……

အနီရောင် အလင်းတန်းဟာ အစိမ်းရောင် နွယ်ပင်ကို မိမိရရကြီး ထိသွားခဲ့ပါတယ် ။

ဒါပေမဲ့လည်း အဲသည် အစိမ်းရောင် နွယ်ပင်က မပျက်စီးသွားခဲ့ပါဘူး။ အဲသည်အစား အစိမ်းရောင်နွယ်ပင်က ပိုပြီး အားကောင်းစွာနဲ့ လီဖူချန်းကို ရိုက်ချလိုက်ပါသေးတယ် ။

" ဟမ်…… ဘာကြီးလဲဟ "

လီဖူချန်းက အတော်လေး အံ့အားသင့်သွားမိတာ အမှန်ပါပဲ ။ သူက သည်လို သစ်စိမ်းနတ်ဘုရားစွမ်းရည် အကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးသလို ၊ မြင်လည်း မမြင်ခဲ့ဖူးပါဘူး ။

ဘန်း……ဘန်း……ဘန်း……ဘန်း………

သည်သစ်စိမ်းနွယ်ပင်ရဲ့ အသက်ပြင်းမှုကတော့ လုံးဝ မယုံနိုင်စရာပါပဲ ။ လီဖူချန်းက လက်သီးချက် ၇ချက်ဆက်တိုက် ထိုးလိုက်မှသာ သစ်စိမ်းနွယ်ပင်ဟာ ပျက်စီးသွားခဲ့ပါတယ် ။

" မသေမျိုး သစ်စိမ်းနွယ်ပင်တဲ့လား "

လီဖူချန်းက အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါပြီ ။

ဖန်းလီက မထီတရီ ပြုံးလိုက်ပြီး ပြောလိုက်ပါတယ် ။

" ဒါက ငါ့ရဲ့ နတ်ဘုရားစွမ်းရည်ပဲ ။သည်နတ်ဘုရားစွမ်းရည်ထဲမှာ ထာဝရအသက် ဥပဒေသ  ခိုဝင်ကိန်းအောင်းနေတယ် ။ အဲဒါက အရိပ်အမြွက်လောက်လေး ဆိုပေမယ့် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်နိမ့် ဆရာသခင်တွေတောင်မှ သည်စွမ်းရည်ကို မယှဉ်နိုင်ဘူး ။မင်းက သည်သစ်စိမ်းနွယ်ပင်တွေထဲက တစ်ခုကိုတောင် ဖျက်ဆီးနိုင်ခဲ့တာပဲ။ ဒါပေမဲ့ သစ်စိမ်းနွယ်ပင် တစ်ဒါဇင်ဆိုရင်ကော ဖျက်ဆီးနိုင်ပါ့မလား "

စကားပြောနေရင်းတဲ့ ဖန်းလီက သစ်စိမ်းနွယ်ပင် တစ်အုပ်ကို လီဖူချန်းဆီ စေလွှတ်လိုက်ပါတယ် ။

ရွှမ်း……ရွှမ်း……ရွှမ်း……

ဖြန်း……ဖြန်း……

သစ်စိမ်းနွယ်ပင်တွေက လီဖူချန်းရဲ့ ဆုတ်ခွာလမ်းတွေ အကုန်လုံးကို ပိတ်ဆို့ထားလိုက်ပါပြီ ။

" ထာဝရ အသက် ဥပဒေသ ဟုတ်လား "

ထာဝရအသက် ဥပဒေသ ပါဝင်တဲ့ နတ်ဘုရားစွမ်းရည် ။ ဒါက  အလွန်အမင်း အဆင့်မြင့်တဲ့ နတ်ဘုရားစွမ်းရည် ဖြစ်ကြောင်းကိုတော့   လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။

ကျင့်ကြံသူ တစ်ယောက် နိုးထနိုင်တဲ့ နတ်ဘုရားစွမ်းရည် အားကောင်း ၊မကောင်း ဆိုတာက  အခြေအနေ သုံးရပ်အပေါ်မှာ မူတည်ပါတယ် ။ အဲဒါတွေကတော့ ကံကောင်းခြင်း ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ အရိုးတည်ဆောက်ပုံတို့ပါပဲ ။

အဲသည်သုံးခုထဲမှာ ဆိုရင်တော့ အရိုးတည်ဆောက်ပုံက အရေူအကြီးဆုံးလို့ ဆိုရပါမယ် ။ အရိုးတည်ဆောက်ပုံ အရည်အသွေး ကောင်းလေလေ ပိုအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်လေလေပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ခြွင်းချက် ဖြစ်ပါတယ် ။ သူက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ အဆင့်မှာ မီးလျှံနှလုံးသားကို နိုးထနိုင်ခဲ့တာ ဆိုပေမယ့် သူ့ရဲ့ မီးလျှံနှလုံးသားက အဆင့်မြင့်တဲ့ နတ်ဘုရားစွမ်းရည်ထဲမှာ ပါပါတယ် ။အဲဒါကတော့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ် ။

" ဒါဆိုတော့…… ငါလည်း နတ်ဘုရားစွမ်းရည် ထုတ်ပြရတော့မှာပေါ့ "

လီဖူချန်းအနေနဲ့  သည်လောက် များတဲ့ မသေမျိုး သစ်စိမ်းနွယ်ပင်တွေကို သေမျိုးကပ်ဘေး စွမ်းအားနဲ့ ရင်ဆိုင်ဖို့အတွက် ယုံကြည်မှု မရှိပါဘူး ။

ရှဲ……

မီးလျှံစွမ်းအားတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မီးလူသားတစ်ဟောက် အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ ။ သူ့ရဲ့ ရင်ဘက်ပေါ်မှာ ဆိုရင်လည်း မီးလျှံမျိုးစေ့လည်း တစ်ခု ရှိနေပါသေးတယ် ။

" လာစမ်းပါ "

ရွှမ်း……ရွှမ်း……ရွှမ်း……

ရွှပ်……ရွှပ်……

အဲသည်နောက်မှာတော့ လီဖူချန်းက  သူ့ရဲ့ အလျှံတညီးညီး တောက်လောင်နေတဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ မသေမျိုး သစ်စိမ်းနွယ်ပင်တွေကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်ပါတေ့ာတယ် ။

" ဟမ် "

လီဖူချန်းရဲ့ မီးလျှံ နတ်ဘုရားစွမ်းရည်က ဖန်းလီကို အံ့အားသင့်သွားစေခဲ့ပါပြီ ။ဒါပေမဲ့လည်း သူက ဆက်ပြီး တိုက်ခိုက်ဖို့ကိုတော့ မမေ့ပါဘူး ။

" အကုန်လုံး သွားတိုက်ကြ "

ဖန်းလီရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ ဖန်းလီရဲ့ ကိုယ်ပေါ်မှ ရှိနေသမျှ သစ်စိမ်းနွယ်ပင်တွေ အကုန်လုံးဟာ လီဖူချန်းဆီကို တိုးဝင်သွားကြပြီး တိုက်ခိုက်ပါတော့တယ် ။

ရွှီး……ရွှီး……ရွှီး…… ရွှီး……

သစ်စိမ်းနွယ်ပင်တွေဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ ။ တချို့နွယ်ပင်တွေကတော့  မြေကြီးထဲကနေ တိုးထွက်လာပြီး လီဖူချန်းရဲ့ အောက်ပိုင်းကို ရစ်ပတ်လိုက်ကြသလို  တချို့ နွယ်ပင်တွေကတော့ အချင်းချင်း စုပေါင်းလိုက်ပြီး ကျာပွတ်သဏ္ဌာန် အသွင်ပြောင်းကာ လီဖူချန်းကို ရိုက်နှက်နေကြပါတယ် ။ သည်ကြားထဲမှာမှ တချို့နွယ်ပင်တွေက သစ်ကိုင်းတွေအသွင် ပြောင်းပြီး သစ်ရွက်တွေ ခြွေချကာ လီဖူချန်းရဲ့ အမြင်အာရုံကို ဒုက္ခ ပေးနေကြပါတယ် ။ ဒါက နွယ်ပင်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာပါပဲ ။

နွယ်ပင်တွေရဲ့ ရစ်ပတ်ခြင်းခံထားရတဲ့ လီဖူချန်းကလည်း တုံ့ဆိုင်းသံားတာမျိုး ဒါမှမဟုတ်  ကြောက်လန့်သွားတာမျိုး လုံးဝ  မရှိပါဘူး ။ သူ့လက်ထဲက ဘုံခုနစ်ဆင့်ဓားဟာ အသက်ဝိညာဉ် ရှိနေသလို လှုပ်ရှားနေပြီး မသေမျိုး နွယ်ပင်တွေကို လျင်မြန်စွာ ခုတ်ပိုင်းပစ်နေပါတယ်  ။ သူ့ရဲ့ ဓားနဲ့ ခုတ်ပိုင်းခံလိုက်ရတဲ့ နွယ်ပင်တွေကတော့  လောင်ကျွမ်းကာ ပြာအဖြစ် ပြောင်းကုန်ပြီး ဆက်လက် မရှင်သန်နိုင်တော့ပါဘူး ။

" သည်…… နတ်ဘုရားစွမ်းရည်က……"

ဖန်းလီရဲ့ မျက်နှာကတော့ မည်းမှောင်သွားခဲ့ပါပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ နတ်ဘုရားစွမ်းရည်က သူ့ထက် အားကောင်းနေတယ် ဆိုတာကို သူ သိလိုက်ရလို့ပါပဲ ။သူ့ရဲ့ နတ်ဘုရားစွမ်းရည်က လီဖူချန်းရဲ့ နတ်ဘုရား စွမ်းရည်ထက် အဆင့်မြင့်ကောင်း မြင့်ပါလိမ့်မယ် ။ ဒါပေမဲ့ သူက အရိုးတည်ဆောက်ပုံ အင်းကွက် ကို အဆစ်လေးဆစ် နဲ့ တစ်ဝက်သာ နားလည်သဘောပေါက်နိုင် သေးတာပါ  ။  သူ့အနေနဲ့ သည်အပိုင်းမှာတော့ လီဖူချန်းကို မယှဉ်နိုင်ဘူးဆိုတာ အသိသာကြီးပါပဲ ။

တိုက်ပွဲကလည်း အထွတ်အထိပ် အချိန်ကို ရောက်လာခဲ့ပါပြီ ။

ဖန်းလီရဲ့ ထာဝရ အသက် ဥပဒေသ ခိုဝင်ကိန်းအောင်းနေတဲ့ မသေမျိုး နွယ်ပင်တွေက ဆက်လက်ပြီး ထွက်ပေါ်လာနေသလို လီဖူချန်းရဲ့ မီးလျှံဥပဒေသ ပါဝင်နေတဲ့ ဓားချက်တွေကလည်း မသေမျိုး နွယ်ပင်တွေကို လောင်ကျွမ်းစေနိုင်နေဆဲပါပဲ ။

တိုက်ပွဲကို ကြည့်နေကြတဲ့ ကျန်းတကျင်း နဲ့ တခြားလူတွေကတော့ တုန်လှုပ်ချောက်ချားစွာနဲ့ တွေးနေကြပါတယ် ။

"လီဖူချန်း အစွမ်းထက်တာက ဟုတ်ပါပြီ ။  ဒါပေမဲ့ လီဖူချန်းလို အစွမ်းထက်တဲ့ နောက်ထပ်လူတစ်ယောက်က ဘာဖြစ်လို့ ထပ်ပေါ်လာရတာလဲ  "

" ဒါက ဧကရာဇ်အဆင့် တပည့်ပဲ "

ကျန်းတကျင်းက ဖန်းလီဟာ ဧကရာဇ်အဆင့် တပည့် ဖြစ်ကြောင်း ခန့်မှန်းလိုက်မိပါတယ် ။ ဖန်းလီက ဧကရာဇ်အဆင့် တပည့် မဟုတ်ဘဲနဲ့တော့ လီဖူချန်းကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။

" သည်တော့ …… ငါထင်တာ အမှန်ပဲကိုး ။ တောက်…… သက်တံနီဂိုဏ်းကတော့ကွာ …… "

ကျင်းမင်ကလည်း သူထင်တာ မှန်တယ် ဆိုတာကို သေချာသွားခဲ့ပါတယ် ။ လီဖူချန်းဟာ ဧကရာဇ်အဆင့် တပည့် အစစ်ပါပဲ ။ သက်တံနီဂိုဏ်းဟာ လုံးဝ အရှက်မရှိပါဘူး ။ သူတို့က ဘုရင်အဆင့် တပည့်တွေ ရှိနေတဲ့ ကြေးခွံဖြူ တိုက်ကြီးပေါ်ကို ဧကရာဇ်အဆင့် တပည့်တစ်ယောက် လွှတ်ပြီး အနိုင်ကျင့်ခိုင်း နေပါတယ် ။ တော်သေးလို့ သူက ဖန်းလီကို အကူအညီ တောင်းလိုက်မိလို့သာပေါ့ ။ မဟုတ်ရင် သူက  ဂိုဏ်းတော်ကို တင်ပြဖို့ အကြောင်းအရင်း ခိုင်ခိုင်မာမာ ရမှာ မဟုတ်ပါဘူး ။

နောက်ထပ် အချိန် တစ်နာရီလောက် အကြာမှာတော့ ဖန်းလီက လီဖူချန်းကို ပြောလိုက်ပါတယ် ။

" လီဖူချန်း…… ငါမင်းကို  မနိုင်နိုင်ဘူး ။ မင်းလည်းငါ့ကို မနိုင်ဘူး ဆိုတော့ သည်ပွဲကို သရေပဲ ထားလိုက်ရအောင် "

သည်ပွဲကို ရေကုန်ရေခမ်း တိုက်ရင်တော့ အဖြေထွက်နိုင်ပေမယ့် ဒါက သေရေးရှင်ရေး တိုက်ပွဲ မဟုတ်ပါဘူး ။ ဒါကြောင့်လည်း ဖန်းလီက ဆက်ပြီး မတိုက်ချင်တော့တာပါ ။

" သရေပဲ ထားကြတာပေါ့ "

လီဖူချန်းကလည်း ဆက်ပြီး တိုက်ခိုက်ဖို့ ဆန္ဒ မရှိတော့ပါဘူး ။ သူက ဖန်းလီကို အဆုံးအထိ တိုက်ရင် နိုင်ဖို့ ၇၀ရာခိုင်နှုန်း သေချာပေမယ့် သူ့ရဲ့ မီးလျှံစွမ်းအား တော်တော်များများကို ရင်းရပါလိမ့်မယ် ။

" လီဖူချန်း …… ငါ့ကို မျက်နှာသာ ပေးတဲ့ အနေနဲ့ ငါတို့ အာဏာရှင်ဆေဘာဂိုဏ်းက ပိုင်တဲ့ ပိုင်နက်နယ်မြေတွေကို ပြန်ပေးလိုက်ပါလား "

ဖန်းလီက  တောင်းဆိုလာခဲ့ပါတယ် ။

လီဖူချန်းက ခေါင်းခါလိုက်ပြီး

" မရဘူး ဖန်းလီ ။ မင်းလိုချင်ရင် တစ်ဝက်တော့ ပြန်ပေးမယ် ။ ယူတာ မယူတာကတော့ မင်းသဘောပဲ "

" ဟုတ်ပြီလေ ။ နောက်တစ်ကြိမ်မှ ထပ်ပြီး တိုက်ကြတာပေါ့ "

ဖန်းလီက ဒေါသ မထွက်ပါဘူး ။ သူက  နောက်တစ်ကြိမ် တိုက်ခိုက်တဲ့ အခါကျရင် လီဖူချန်းကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာကိုပဲ ပိုပြီး စိတ်အားထက်သန် နေပါတယ်  ။

***

All Chapters