← Chapters

မဟာ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုကို အနိုင်ယူခြင်း

Vol. 38 Ch. 517

မဟာ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုကို အနိုင်ယူခြင်း

Vol. 38 Ch. 517

" တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်က ငါ့ရဲ့ ခန္ဓာကိုယ်ကို ပိုပြီး မာကျောကြံ့ခိုင်စေတဲ့အပြင် လိုသလို ကွေးညွှတ်လို့လည်း ရစေတာပဲ ။ ဒါက တကယ် ထူးခြားလွန်းတယ် "

သည်နေ့မှာတော့ လီဖူချန်းရဲ့ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်က အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ ။

သူ့ရဲ့ ခန္ဓာကိုယ်ကို ရစ်သိုင်းနေတဲ့ အုပ်စိုးသူ ချီစွမ်းအင်ကလည်း အသက်ဝင်လာပြီး တွန့်လိမ်သွားလာ နေပါတယ် ။

လက်သီးချက် တစ်ချက် ထုတ်လိုက်ပြီ ဆိုရင် လေဟာနယ် ဟင်းလင်းပြင်ဟာ အရင်ကထက်  နှစ်ဆ တုန်ခါသွားတဲ့အတွက် ကိုးနဂါး လက်သည်းထက်တောင် ပိုပြီး အားကောင်းနေသလိုပါပဲ ။

ဒါပေမဲ့လည်း တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ဟာ ခုခံခြင်းဘက်ကို ပိုအသားပေးတဲ့အတွက် အုပ်စိုးသူချီစွမ်းအင်ဟာ ခန္ဓာကိုယ်ကနေ ကင်းကွာပြီး  သိပ်ဝေးဝေးကို မသွားနိုင်ပါဘူး ။တိမ်လေအုပ်စိုးသူ ခန္ဓာကိုယ်ရဲ့ အကွာအဝေး သက်ရောက်နိုင်မှုက ကိုးနဂါး လက်သည်းထက်တောင် အများကြီး ပိုနည်းပါတယ် ။အဲသည်အတွက် တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ် အနီးကပ် တိုက်ခိုက်တဲ့ နေရာမှာသာ အသုံးဝင်တယ်လို့ ဆိုရပါမယ် ။

" ကိုးနဂါး လက်သည်းက အလယ်အလတ် အကွာအဝေးအတွက် ၊သေမျိုးကပ်ဘေး လက်သီးက အကွာအဝေး အတို အတွက်၊ တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်က အနီးကပ်  ။ မဆိုးဘူး ……သည်သိုင်းပညာ ၃မျိုးကို စနစ်တကျ အသုံးပြုရင် ငါ့အတွက် ကောင်းကျုးိချည်းပဲ "

လီဖူချန်းက ပြုံးလိုက်ပါတယ် ။

တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို ယှဉ်နိုင်စွမ်း ရှိတဲ့ ပြန်လည်ဝင်စားနယ်ပယ်က ထိပ်သီးပညာရှင်တွေရဲ့ တိုက်ခိုက်မှု အကွာအဝေးဟာ မိုင်ပေါင်းဒါဇင်လောက်ကို သက်ရောက်နိုင်ပါတယ် ။ဒါပေမဲ့ အဲဒါက ချီအတွင်းအား ကျင့်ကြံသူတွေကိုသာ ရည်ညွှန်းတတာပါ ။ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှု အကွာအဝေး သက်ရောက်မှုကတော့ အဲလောက် မရှိပါဘူး ။ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေက ချီဝိညာဉ်ကို သုံးပြီး တိုက်ခိုက်ရင်တောင်မှ မိုင်အနည်းငယ် အကွာအဝေးလောက်ကိုပဲ တိုက်ခိုက်နိုင်ပါတယ် ။

ဥပမာ ပြရမယ် ဆိုရင်တော့ လီဖူချန်းကို ပြရမှာပါပဲ ။ လီဖူချန်းဟာ ခေါင်းကိုးလုံး နဂါးဝိညာဉ်ကို ထုတ်သုံးပြီး တိုက်ခိုက်ရင် အများဆုံး အကွာအဝေး ၅မိုင်အထိသာ တိုက်ခိုက်နိုင်ပါတယ် ။ အကွာအဝေး ၅မိုင်ထက် ကျော်သွားမယ်ဆိုရင် သူ့ရဲ့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ တိုက်ခိုက်နိုင်စွမ်း လျော့ကျသွားမှာပါ ။ သေမျိုးကပ်ဘေး လက်သီးကတော့ မီတာ တစ်ရာ အတွင်းမှာသာ သက်ရောက်မှုရှိမှာ ဖြစ်ပြီး တိမ်လေ အုပ်စိုးသူ ခန္ဓာကိုယ်ကတော့ အကွာအဝေး တစ်ဆယ်မီတာထက် ကျော်ပြီး သက်ရောက်နိုင်မှာ မဟုတ်ပါဘူး ။

" ဟင်…… နောက်ထပ် တစ်ဖွဲ့ လာပြန်ပြီလား "

သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေအကြောင်းကို သုံးသပ်နေစဉ်မှာပဲ သက်တံနီ တောင်တန်းရဲ့ အရှေ့မြောက်ဘက်ကနေပြီး ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်အုပ် သက်တံနီ တောင်တန်းဘက် ဦးတည်ပျံသန်းလာတာကို လီဖူချန်းတစ်ယောက် သတိပြုမိလိုက်ပါတယ် ။ အဲသည်လူအုပ်က အနည်းဆုံး လူဦးရေ ငါးရာနဲ့ ခြောက်ရာကြားမှာပါပဲ ။

သိပိမကြာခင်မှာပဲ အဲသည်လူအုပ်ဟာ သက်တံနီတောင်တန်းရဲ့ အပြင်ဘက် နယ်နိမိတ်ကို ရောက်လာခဲ့ကြပါပြီ ။

" လီဖူချန်း…… မင်းက ကြေးခွံဖြူတိုက်ကြီးရဲ့ စည်းမျဉ်း၊စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တယ် ။ အခု ငါတို့က မင်းကို လာခေါ်တာ ။ အခုချက်ချင်း ငါတို့နဲ့ လိုက်ခဲ့ "

အဲသည်လူအုပ်ကို ဦးဆောင်လာသူ နှစ်ယောက်ကတော့ ဘုရင်အဆင့် တပည့်တွေ ဖြစ်မယ်ဆိုတာကို ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ ချီအရှိန်အဝါတွေဟာ ပိုင်လိရှန် နဲ့ စီးခုံကျမ်းတို့ထက်တောင်မှ အားကောင်းနေလို့ပါပဲ ။

" မင်းတို့တွေက ဘယ်သူတွေလဲ ။ မင်းတို့ လာခေါ်တိုင်း ငါက လိုက်ရမှာလား "

လီဖူချန်းက သည်လူတွေဟာ ဘယ်သူတွေလဲ ဆိုတာကိုတော့ အကြမ်းဖျင်း ခန့်မှှန်းထားခဲ့ ပြီးပါပြီ ။ ဒါပေမဲ့ သူက သူခန့်မှန်းတာ မှှန်သလား ဆိုတာကို ဆန်းစစ်ချင်နေပါသေးတယ် ။

" ငါတို့က ဘယ်သူလဲ ဟုတ်လား ။ ငါက အရိပ်နန်းတော်ကပဲ "

" ငါက ကြယ်တာရာ မျှော်စင်ကပဲ "

ဘုရင်အဆင့် တပည့်နှစ်ယောက်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေလာခဲ့ကြပါတယ် ။

" ငါခန့်မှန်းထားသလိုပဲပေါ့ "

လီဖူချန်းက သိပ်ပြီးတော့လည်း  အံ့သြ မနေတော့ပါဘူး ။ သည်အုပ်စုက အရိပ်နန်းတော်နဲ့ ကြယ်တာရာ မျှော်စင်က ဖြစ်နေလို့ အခုလို ဝံ့ကြွားနေတာပါ ။

အရိပ်နန်းတော်  နဲ့ ကြယ်တာရာ မျှော်စင် ဆိုတာက မျောလွင့်ကောင်းကင် ဂိုဏ်းလိုပဲ ဧကရာဇ်အဆင့် အဖွဲ့အစည်းတွေ ဖြစ်ပါတယ် ။ သူတို့က ကြေးခွံဖြူ တိုက်ကြီးရဲ့ သရဖူ မဆောင်းထားတဲ့ အစိုးရသူတွေ ဆိုရင်လည်း မမှားပါဘူး ။

" မင်းတို့က ငါ့ကို ခေါ်သွားချင်တယ် ဆိုရင်လည်း နည်းနည်းပါးပါးတော့ အစွမ်းပြသွားဦးပေါ့ ။ မင်းတို့ဆီမှာ လုံလောက်တဲ့ အစွမ်းရှိရင်  ငါကလည်း လိုက်ဖို့အတွက် ငြင်းဆန်နေစရာ အကြောင်း မရှိဘူး "

လီဖူချန်းက ပြုံးပြီး ပြောလိုက်ပါတယ် ။

" ခေါင်းမာလိုက်တဲ့ကောင်…… ဝင်္ကပါကို ပြင်ကြ"

ဘုရင်အဆင့် တပည့်နှစ်ယောက်က တစ်ပြိုင်နက်တည်း အမိန့်ပေးလိုက်တဲ့ နောက်မှာတော့ သူတုု့ိရဲ့ နောက်ကနေ လိုက်ပါလာတဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ မဟာ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုကို ခင်းကျင်းလိုက်ကြပါပြီ ။

အဲသည် မဟာဝင်္ကပါ နှစ်ခုထဲက ပထမ တစ်ခုကတော့ လူ၂၇၀ ပါဝင်ချိတ်ဆက်နိုင်တဲ့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ဖြစ်ပြီး ဒုတိယ တစ်ခုကတော့ လူ၂၈၀ ပါဝင်ချိတ်ဆက်နိုင်တဲ့ ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာပဲ ဖြစ်ပါတယ် ။

" လီဖူချန်း…… မင်းမှာ အခွင့်အရေးရှိတုန်း အမြန် အညံ့ခံလိုက်စမ်း ။ မဟုတ်ရင်တော့ ငါ့ကို အဆိုး မဆိုနဲ့ "

အရိပ်ဟင်းလင်းပြင် ဝင်္ကပါထဲက အသံ တစ်ခုဟာ ဟိန်းထွက်လာပြီး လီဖူချန်းကို ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ အဲသည်အသံကို ဂရုစိုက်ပုံ မရပါဘူး ။ သူက မထီတရီ ပြုံးလိုက်ပြီး  ပြောလိုက်ပါတယ် ။ သူ့ရဲ့ မျက်လုံးတွေကတော့ အေးစက်နေခဲ့ပါပြီ ။

" မင်းတို့ အရင်စမလား ဒါမှမဟုတ် ငါ အရင် စရမလား "

" ဟင်းလင်းပြင်း အရိပ် ကန့်လန့်ကာ "

တိုက်ပွဲကို အရင်ဆုံး အစပျိုးလိုက်တာကတော့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာပါပဲ ။

အရိပ်ဟင်းလင်းပြင် ဝင်္ကပါဟာ သာမန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ တစ်ခု မဟုတ်ပါဘူး ။ သည်ဝင်္ကပါမှာက ကိုယ်ပိုင် တိုက်ခိုက်ရေး နည်းစနစ် အစွမ်းတစ်ခု ရှိပါတယ် ။

ဟူး……ဟူး……ဟူး……

အရိပ်ဟင်းလင်းပြင် ဝင်္ကပါ စတင် အသက်ဝင်လာတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးဟာ မည်းမှှောင်သွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ အနက်ရောင် အရိပ်တွေဟာ အရိပ်ဟင်းလင်းပြင် ဝင်္ကပါရဲ့ အလယ်ဗဟိုထဲကို စီးဝင်သွားကြပါတယ် ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သည်နေရာရဲ့ အနီးအနား မိုင်တစ်ရာပတ်လည်ဟာ ကမ္ဘာကြီးနဲ့ မသက်ဆိုင်တော့တဲ့ နေရာတစ်ခုလို ဖြစ်သွားပါတော့တယ် ။ ကြည့်ရတာတော့ သည်အရိပ်ဟင်းလင်းပြင် ဝင်္ကပါက ကမ္ဘာကြီး နဲ့ လက်ရှိ နေရာကြားထဲကို ကန့်လန့်ကာတစ်ခု ခြားလိုက်တဲ့ ပုံပါပဲ ။

ရွှီး……

အရိပ်ဟင်းလင်းပြင် ဝင်္ကပါဟာ လီဖူချန်းရဲ့ နောက်ကျောဘက်ကို ရုတ်တရက် ရောက်လာပြီး အရိပ်လက်တံ တစ်ခုနဲ့ ရိုက်ချပစ်လိုက်ပါတယ် ။

" လူ၂၀၀ကျော်ပါတဲ့ဲ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက တကယ် အံ့သြဖို့ ကောင်းတာပဲ ။ အဲဒါက ကိုယ်ပိုင် တိုက်ခိုက်ရေး နည်းစနစ် တစ်ခု ပါသလို တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်းလည်း ရှိတယ် "

လီဖူချန်းရဲ့ မျက်နှာကတော့ လေးနက်တည်ကြည် သွားခဲ့ပါပြီ ။ သူက သည်အရိပ်ဟင်းလင်းပြင် ဝင်္ကပါနဲ့တင် ဧကရာဇ်အဆင့် ဂိုဏ်းတွေဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းသလဲ ဆိုတာကို ခန့်မှှန်းလိုက်နိုင်ပါတယ် ။

တကယ်လို့သာ သည်ဝင်္ကပါကို အဆင့်မြင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ပါဝင်ချိတ်ဆက်လိုက်လို့ကတော့ မူလပင်လယ်နယ်ပယ် ဧကရာဇ်တွေကိုတောင် ယှဉ်နိုင်မလား မသိပါဘူး ။

တော်သေးတာ တစ်ခုကတော့ အခု သူရင်ဆိုင်နေရတဲ့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေသာ ပါဝင်ချိတ်ဆက်ထားတဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ ဖြစ်နေလို့ပါပဲ ။

ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတစ်ခု အစွမ်းထက် ၊မထက်ကို အဲသည် ဝင်္ကပါထဲမှာ ပါဝင်တဲ့ လူဦးရေကို ကြည့်ပြီး ဆုံးဖြတ်ပါတယ် ။ဒါပေမဲ့ ပထမဆုံး အနေနဲ့ အဲသည်ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက သင့်တော်တဲ့ အဆငိ့အတန်း တစ်ခုမှာ ရှိနေရပါဦးမယ် ။

တကယ်လို့သာ တခြား ဧကရာဇ်အဆင့် တပည့်တွေ ဆိုရင်တော့ သူတို့ဟာ သည်အရိပ်ဟင်းလင်းပြင် ဝင်္ကပါကို ဖျက်ဆီးဖို့အတွက် အားနည်းနည်းပါးပါး စိုက်ထုတ်ရမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ လီဖူချန်းအတွက်ကတော့ အားသိပ်ပြီး စိုက်စရာ မလိုပါဘူး ။

သူ့ရဲ့ အသိစိတ်အာရုံက မူလပင်လယ်နယ်ပယ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် သူက သည်အရိပ်ဟင်းလင်းပြင် ဝင်္ကပါရဲ့ အလုပ်လုပ်ပုံကို စိတ်ထဲကနေ ကောင်းကောင်းကြီး တွေ့မြင်နိုင်ပါတယ် ။ အမှောင်ထုက သူ့အပေါ်မှာ  အလုပ် မလုပ်ပါဘူး ။

တခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ သည်အရိပ်ဟင်းလင်းပြင် ဝင်္ကပါရဲ့ ကိုယ်ပိုင် တိုက်ခိုက်ရေး နည်းစနစ်ဖြစ်တဲ့ လေဟာနယ် ဟင်းလင်းပြင် အရိပ် ကန့်လန့်ကာဟာ လီဖူချန်းအတွက် ဟာသ တစ်ခုပါပဲ ။

" သွားစမ်း "

လီဖူချန်းက အနောက်ကို လှည့်ပြီး ကုတ်ဆွဲလိုက်တဲ့ အခါမှာတော့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ အရိပ်လက်တံကြီးဆီကို ပြေးဝင်သွားခဲ့ပါပြီ ။

ဘန်း………

အရိပ်ဟင်းလင်းပြင် ဝင်္ကပါနဲ့ ဆက်စပ်နေတဲ့ အရိပ်လက်တံဟာ ပြတ်ထွက်သွားခဲ့သလို အရိပ်ဟင်းလင်းပြင် ဝင်္ကပါဟာလည်း အနောက်ဘက် တစ်မိုင်ကျော်အထိ လွင့်ထွက်သွားပါတော့တယ် ။

" ဘယ်လိုတုန်းဟ …… သူက အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကိုတောင် အနောက်ဆုတ်အောင် လုပ်လိုက်နိုင်တာလား "

ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာထဲမှာ ရှိနေတဲ့ ဘုရင်အဆင့် တပည့်ကတော့  ထိတ်လန့်သွားခဲ့ပါပြီ ။

အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာထက်ကို လူအရေအတွက် ဆယ်ယောက်လောက် နည်းတဲ့အတွက် စွမ်းအားအရာမှာ မဆိုစလောက်ကလေး နည်းတယ်လို့ ဆိုရပါမယ် ။

ဒါပေမဲ့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာမှာက ပုံသေမဟုတ်တဲ့ တိုက်ခိုက်ရေးပုံစံတွေ ရှိပါတယ် ။အဲသည်အတွက် အရိပ်ဟင်းလင်းပြင် ဝင်္ကပါရဲ့ တိုက်ခိုက်မှုကို  ခုခံနိုင်ဖို့ ဆိုတာက လွယ်တဲ့အရာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ရုံမက ဝင်္ကပါကိုပါ တစ်မိုင်ကျော် ဆုတ်သွားအောင် စွမ်းဆောင်ပြလိုက်ပါသေးတယ် ။

" သည်ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာက အစွမ်းထက်လှချည်လား ။ ငါ့ရဲ့လက်သည်းချက် မိသွားတောင်မှ မပျက်စီးသွားဘူးပဲ ''

လီဖူချန်းက တစ်ချက်တည်းနဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို မဖြိုဖျက်နိုင်တာဟာ ပထမဆုံး အကြိမ်ပါပဲ ။

အရင် အကြိမ်တွေမှာတော့ လီဖူချန်းက သူ့ရဲ့ ခွန်အားတွေကို အစွမ်းကုန် ထုတ်မသုံးဘဲနဲ့တောင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာတွေကို တစ်ချက်တည်း ဖျက်ဆီးနိုင်ခဲ့တာပါ ။

"နောက်တစ်ကြိမ် စမ်းကြည့်ရအောင် "

လီဖူချန်းက တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပြီ ဖြစ်တဲ့အတွက် အရိပ်ဟင်းလင်းပြင် ဝင်္ကပါ နောက်ထပ်တစ်ကြိမ် တိုက်လိုက်လာတာကိုတောင် မစောင့်တော့ပါဘူး ။သူက နောက်ထပ် လက်သည်းကုတ်ချက် တစ်ချက်ကို အလျင်အမြန် ထုတ်လိုက်ပါတော့တယ် ။

ဂါး……ဂရား……

ခေါင်းကိုးလုံး နဂါးဝိညာဉ်က တစ်ချက် ဟိန်းဟောက်ပြီး မာန်ဟုန်အပြည့်နဲ့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါနောက်ကို လိုက်သွားခဲ့ပါပြီ ။

" စနစ်တကျ နဲ့ ခုခံကြဟေ့ "

အရိပ်နန်းတော်က ဘုရင်အဆင့် တပည့်ကလည်း အလွယ်တကူနဲ့ အရှုံးပေးမယ့်ပုံ မရှိပါဘူး ။ သူက အရိပ်ဟင်းလင်းပြင် ဝင်္ကပါထဲမှာ ရှိနေတဲ့ သူတွေကို အတတ်နိုင်ဆုံး ထိန်းကျောင်းပြီး လီဖူချန်းကို ပြန်တိုက်ပါတယ် ။

ဝုန်း……ဝုန်း…… ဝုန်း………

ဘန်း……ဘန်း……

လူငယ် တစ်ယောက်နဲ့ ဝင်္ကပါ တစ်ခုဟာ ကောင်းကင်ယံပေါ်မှာ အကျိတ်အနယ် တိုက်ခိုက်နေကြပါပြီ ။

လီဖူချန်းကတော့ သိုင်းကွက်တိုင်းမှာ အသာရနေတယ်လို့ ဆိုရပါမယ် ။ သူရဲ့ သိုင်းကွက်တိုင်းဟာ အရိပ်ဟင်းလင်းပြင် ဝင်္ကပါကို နောက်ဆုတ်စေပါတယ် ။အရိပ်ဟင်းလင်းပြင် ဝင်္ကပါကတော့ လီဖူချန်းကို တစ်ကွက်ကလေးတောင် ပြန်မတိုက်နိုင်ပါဘူး ။

အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာထဲမှာ ရှိနေတဲ့ ဘုရင်အဆင့် တပည့်ကတော့ နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ လီဖူချန်းရဲ့ တိုက်ခိုက်မှုတွေကို တောင့်ခံနေပါတယ်  ။ ပြီးတော့ သူက  လီဖူချန်းနဲ့ ပက်သက်ပြီး တွေးနေမိပါသေးတယ် ။

' လူ၂၇၀ ပါဝင်ချိတ်ဆက်ထားတဲ့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကတောင်မှ သည်ကောင့်ကို မနိုင်ဘူးလား ။ သည်ကောင်က ဘယ်လိုဖြစ်ပြီး သည်လောက်အထိတောင် အစွမ်းထက်နေတာလဲ ' ဆိုပြီးတော့ပေါ့ ။

ဘန်း……ဘန်း……ဘန်း……

ဝုန်း……ဝုန်း……

လီဖူချန်းက ထိပ်တိုက်ရင်ဆိုင်မှုကို တောင့်ခံနိုင်သေးပေမယ့်လည်းအရိပ်ဟင်းလင်းပြင် ဝင်္ကပါကတော့ ဆက်ပြီး တောင့်မခံနိုင်တော့ပါဘူး ။ အရိပ်ဟင်းလင်းပြင် ဝင်္ကပါထဲမှာ ရှိနေတဲ့ လူ၂၇၀လုံးရဲ့ နှုတ်ခမ်းထောင့်တွေကနေတော့ သွေးတွေက စတင် ယိုစီးကျနေပါပြီ ။

" မင်းက ဘာမှ မလုပ်ဘဲ သည်အတိုင်း ကြည့်နေတော့မှာလား "

နောက်ဆုံးမှာတော့ အရိပ်ဟင်းလင်းပြင် ဝင်္ကပါထဲက ဘုရင်အဆင့်  တပည့်ဟာ ကြယ်စင်စု ဝင်္ကပါထဲက ဘုရင်အဆင့် တပည့်ကို လှမ်းပြီး အကူအညီ တောင်းပါတော့တယ် ။

" အေးပါ ။ ငါလာပါပြီဟ "

" တိုက်ကြ "

ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်း ဗျူဟာကလည်း အသက်ဝင်လာခဲ့ပါပြီ ။

ရွှီး……ရွှီး……ရွှီး……ရွှီး……

များပြားလှတဲ့ ကြယ်အလင်းတန်းတွေဟာ လီဖူချန်း အပေါ်ကို ကျရောပ်လာပါတော့တယ် ။

ဝုန်း……

လီဖူချန်းကို အကာအကွယ် ပေးထားတဲ့ ခေါင်းကိုးလုံး နဂါးဝိညာဉ်ဟာ အနည်းငယ် တုန်ခါသွားခဲ့ပါပြီ ။

အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နဲ့ ယှဉ်မယ်ဆိုရင်တော့ ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာဟာ လိုအပ်သလို  ပုံစံပြောင်းပြီး တိုက်ခိုက်နိုင်စွမ်း သိပ်မရှှိပါဘူး ။ ဒါပေမဲ့ ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာရဲ့ စွမ်းအားက အရိပ်ဟင်းလင်းပြင် ဝင်္ကပါ တိုက်ခိုက်နည်းဗျုဟာထက် သာလွန်ကောင်းမွန်ပါတယ် ။

" လာစမ်း …… ဧကရာဇ်အဆင့် ဂိုဏ်းက ဝင်္ကပါတိုက်ခိုက်နည်းဗျူဟာတွေ ဘယ်လောက်အထိ အစွမ်းထက်လည်း ဆိုတာ ကြည့်ကြတာပေါ့ "

လီဖူချန်းကတော့ မဟာဝင်္ကပါ နှစ်ခုနဲ့ ထိပ်တိုက် ရင်ဆိုင်နေရတာတောင်မှ အကြောက်အလန့် မရှိပါဘူး ။ သူက ရဲဝင့်စွာနဲ့ မဟာဝင်္ကပါ နှစ်ခုဆီကို တိုးဝင်သွားခဲ့ပါပြီ  ။အစောပိုင်းက ကြယ်စင်စု ဝင်္ကပါရဲ့ တိုက်ခိုက်မှုဟာ လီဖူချန်းရဲ့ ဒေါသတွေကို ဆွပေးလိုက်တာနဲ့ အတူတူပါပဲ ။

ဘန်း……ဘန်း……ဘန်း……ဘန်း……

လီဖူချန်းရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ ဝင်္ကပါတိုင်းဟာ အနောက်ကို လွင့်ထွက်ကုန်ပါတယ် ။ သူတို့ဟာ လီဖူချန်းရဲ့ တိုက်ခိုက်မှုတွေကို ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိပါဘူး ။

" လခွီးပဲ …… သည်ကောင်က ဘာလို့ သည်လောက်အထိ အစွမ်းထက်နေရတာလဲ "

ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ နှစ်ခုကို ဦးဆောင်နေတဲ့ ဘုရင်အဆင့် တပည့် နှစ်ယောက်စလုံးရဲ့ မျက်နှာတွေကတော့ မည်းမှောင်နေခဲ့ပါပြီ ။

ဒါပေမဲ့လည်း သူတို့အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။လီဖူချန်းရဲ့ တိုက်ခိုက်မှုတွေက အမြဲလိုလို ဝင်္ကပါရဲ့ အချက်အချာ နေရာတွေ အပေါ်မှာသာ ကျရောက်နေတာ မဟုတ်ပါလား ။ အဲသည်အတွက် သူတို့အနေနဲ့ အနောက်ကို ဆုတ်ကို ဆုတ်မှ ရပါမယ် ။

" သည်အတိုင်းတော့ အဖြစ် မခံနိုင်ဘူး "

" နတ်ဘုရား ကြယ်အလင်းကို သုံးကြ "

နောက်ဆုံးမှာတော့ ကြယ်စင်စု ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာကို ဦးဆောင်နေတဲ့ ဘုရင့်အဆင့် တပည့်ဟာ နောက်မဆုတ်ဘဲ ပြန်တိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။

ရွှီး……

တစ်လောကလုံးဟာ လင်းထိန်သွားပြီး ထူထပ်သိပ်သည်းလှတဲ့ ကြယ်အလင်းတန်း တစ်ခုဟာ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါပြီ ။

" သွားစမ်း "

လီဖူချန်းကလည်း သည်အတိုင်း ငြိမ်ခံ မနေပါဘူး ။ သူက ကြယ်အလင်းတန်းကို လက်သည်းနဲ့ လှှမ်းကုတ်လိုက်ပါတယ် ။

" သေမျိုးကပ်ဘေး "

ပြီးတာနဲ့ တစ်ပြိုင်နက် သူက ကြယ်စင်စု ဝင်္ကပါဆီကို ပျံသန်းသွားပြီး လက်သီးနဲ့ ထိုးပစ်လိုက်ပါတော့တယ် ။

ဘန်း……

ခရက်……ခရက်……

ကြယ်စင်စု ဝင်္ကပါဟာ သေမျိုးကပ်ဘေး လက်သီးကြောင့် အက်ကွဲရာတွေ ထင်ဟပ်သွားခဲ့ပါပြီ ။ ကြယ်စင်စု ဝင်္ကပါထဲက အပြင်စည်း တပည့်တွေကတော့ သွေးစိမ်းရှင်ရှင် အန်ကုန်ကြပါတယ် ။

" တိမ်လေ အုပ်စိုးသူ "

လီဖူချန်းရဲ့ တိုက်ခိုက်မှုက ရပ်မသွားသေးပါဘူး။ သူက အက်ကွဲစ ပြုနေပြီ ဖြစ်တဲ့ ကြယ်စင်စု ဝင်္ကပါကို ပခုံးစောင်းနဲ့ ဝင်ပြီး ဆောင့်ပစ်လိုက်ပြန်ပါတယ် ။

ခရက်……ခရက်……ခရက်……

သေမျိုးကပ်ဘေး လက်သီးကြောင့် အက်ကွဲစ ပြုနေပြီဖြစ်တဲ့ ကြယ်စင်စု ဝင်္ကပါဟာ လီဖူချန်းရဲ့ ပခုံးနဲ့ ဆောင့်တိုက်မှုကို ဘယ်လိုမှ တောင့်မခံနိုင်တော့ပါဘူး ။

ဝုန်း……

ကြယ်စင်စု ဝင်္ကပါဟာ ပေါက်ကွဲပြီး ပျက်စီးသွားခဲ့ပါပြီ ။

ရွှမ်း……

အဲသည်အချိန်မှာပဲ အနက်ရောင် အရိပ်လက်တံကြီး တစ်ခုဟာ လီဖူချန်းရဲ့ အနောက်မှာ ပေါ်လာပြီး လီဖူချန်းကို ရိုက်ပစ်လိုက်ပါတယ် ။

" ငါက မင်းတို့ လာမှာကို စောင့်နေတာ "

"သေမျိုးကပ်ဘေး "

လီဖူချန်းက သည်လို ဖြစ်လာမယ် ဆိုတာကို ကြိုတင် တွက်ချက်ထားပြီး ပုံပါပဲ ။သူက အနောက်ကို ချက်ချင်း လှည့်လိုက်ပြီး အနက်ရောင် အရိပ်လက်တံကို ကုတ်ဆွဲပစ်လိုက်ပါတယ် ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက အရိပ်ဟင်းလင်းပြင် ဝင်္ကပါဆီကို တိုးဝင်သွားပြီး လက်သီးနဲ့ တရစပ် ထိုးပါတော့တယ် ။

ဒုန်း……ဒုန်း……ဒုန်း……

ဘန်း……ဘန်း……

အရိပ်ဟင်းလင်းပြင် ဝင်္ကပါဟာ ကြယ်စင်စု ဝင်္ကပါထက် စာရင် ခံနိုင်ရည် အပိုင်းမှာ ပိုအားနည်းတယ်လို့ ဆိုရပါမယ် ။ ပြီးတော့ အစောပိုင်းကလည်း လီဖူချန်းရဲ့ တိုက်ခိုက်မှုတွေကို တော်တော်များများ ခံထားရပါသေးတယ် ။အဲသည်အတွက် အရိပ်ဟင်းလင်းပြင် ဝင်္ကပါဟာ သေမျိုးကပ်ဘေးစွမ်းအား ပါဝင်နေတဲ့ လီဖူချန်းရဲ့ လက်သီးချက်တွေကို ဘယ်လိုမှ တောင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး ။

ဝုန်း……

ပေါက်ကွဲသံကြီး တစ်ခုနဲ့ အတူ အရိပ်ဟင်းလင်းပြင် ဝင်္ကပါဟာ ပြိုကွဲ ပျက်စီး သွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ မိုင်တစ်ရာပတ်လည်ကို စိုးမိုးထားတဲ့ အမှောင်ထုဟာ ပျက်ပြယ်သွားပြီး ပတ်ဝန်းကျင်ဟာ ပြန်လည် လင်းကျင်း လာခဲ့ပါတယ် ။

***

All Chapters