ကယ်ပါဦး သမီးတော်
Vol. 81 Ch. 1126
အော့ရှောင်ဝူသည် ခမည်းတော်၏ ထိတ်လန့်နေသံအား နားထောင်ကာ မောင်တော်အား ကြည့်ရှုလိုက်သည်။
သူမ အနည်းငယ် မတင်မကျ ဖြစ်သွားမိသည်။
“ခမည်းတော်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်လေ။ အဲ့ဒါကို စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ပဲရှိတဲ့ လူသားတစ်ယောက်က သတ်နိုင်မှာတဲ့လား။”
အော့ရှောင်ဝူ တစ်ချက်မျှတွေးကာ နဂါးမင်းပိုင်နက်သို့ ဆက်လက်ဦးတည်သွားသည်။
“အန်လင်းက ဘယ်လိုကောင်လဲ မသိဘူးလား။”
အော့မန်၏ စကားသံမှာ လန့်ဖြန့်နေပုံ ရသည်။
“ဒါပေမယ့် ခမည်းတော်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မလား။ အနည်းဆုံးတော့ လွတ်အောင်ပြေးနိုင်မှာပဲလေ။”
အော့ရှောင်ဝူမှာ အော့မင်ယွီအားနဂါးမင်းပိုင်နက်ထဲ ဆွဲခေါ်နေသည်။
“ရှောင်ဝူ ခမည်းတော်က အနိုင်ကျင့်ခံနေရတာလေ။ မင်းထိုင်ကြည့်နေနိုင်လား။ ငါ့အတွက် လက်စားချေပေးရမှာပေါ့။”
အော့မန် ဒေါသထွက်သွားရသည်။
“အော်....”
ဘာပဲဖြစ်ဖြစ် ထိုင်ကြည့်နေလို့ ရတာပဲလေ.....
သူမသည် ပြဿနာများထဲ ဝင်ပါရသည်ကို မနှစ်သက်ပေ။ သူမ အလိုရှိသည်မှာ အိမ်သို့ပြန်ကာ ကျင့်ကြံရန်သာ ဖြစ်သည်။
“ရှောင်ဝူ မင်းဘယ်ရောက်နေပြီလဲ။ ရောက်ခါနီးရင်ပြောနော်။ ငါတို့ တူတူတိုက်ကြမယ်။”
အော့မန် စကားဆိုလာသည်။
“အင်း.... ဆက်ပြေးနေလိုက်ဦးနော်။ ရောက်တော့မယ်ဆို လှမ်းပြောမယ်။”
အော့ရှောင်ဝူ တည်ငြိမ်စွာပြောကာ နဂါးမင်းပိုင်နက်ထံ ဆက်လက်ချီတက်လိုက်သည်။
“ကောင်းပြီလေ။ သမီးတော်လေးကို စောင့်နေမယ်။”
အော့မန် ရင်ထဲထိသွားရသည်။
အော့မင်ယွီ : “....”
“မမ တကယ်မကယ်တော့ဘူးလား။ အန်လင်းက အရမ်းရက်စက်တာနော်။ ခမည်းတော် အန္တရာယ် ရှိနိုင်တယ်။”
“သူသာ တကယ်ရက်စက်ရင် စိတ်ဝိဥာဥ်မိုင်းတွင်းမှာတင် နင်သေနေလောက်ပြီ။”
အော့ရှောင်ဝူ အော့မင်ယွီအား မျက်စောင်းထိုးလိုက်သည်။
အော့မင်ယွီ ချက်ချင်းပင် တိတ်ဆိတ်သွားရသည်။
အစ်မတော်သည် သဘောကောင်းပုံ ရပါသော်လည်း နဂါးမင်းပိုင်နက်ရှိ မည်သူကမှ မစော်ကားရဲကြပေ။
အတိတ်တစ်ချိန်က မောင်တော်တစ်ဦးသည် အော့ရှောင်ဝူအား စိန်ခေါ်တိုက်ခိုက်ခဲ့ပြီး ၎င်းသည် လောကကြီးထဲမှ ထွက်ခွာသွားခဲ့ရသည်။
အော့မင်ယွီသည်လည်း အော့ရှောင်ဝူနောက်မှ ငြိမ်ငြိမ်သက်သက် လိုက်ပါကာ ဘာမှမပြောရဲတော့ပေ။
“ရှောင်ဝူ မင်းဘယ်မှာလဲ။ အခုထိ မရောကိသေးဘူးလား။ မင်းလမ်းမှားနေတာများလား။”
အော့မန်၏ စကားသံ ထွက်ပေါ်လာသည်။
အော့ရှောင်ဝူ မျက်တောင်ခတ်လိုက်သည်။
“ခမည်းတော်က ဘယ်မှာလဲ။”
အော့မန် : “.....”
အော့မင်ယွီ : “.....”
အော့မန်၏ ရှင်းပြချက်များ တသီတတန်း ကြားလိုက်ရသည်။
အော့ရှောင်ဝူမှာ နဂါးမင်းပိုင်နက်သို့ ပြန်ရောက်ခဲ့လေပြီ။
သနားစရာ နဂါးဘုရင်မှာမူ ပင်လယ်ပြင်အား အမြှီးဖြင့်ရိုက်ရင်း လှိုင်းလုံးများ ဖြစ်ပေါ်စေကာ အသည်းအသန် ထွက်ပြေးနေရသည်။
“ရှောင်ဝူ အမှန်အတိုင်း ပြောစမ်းပါ။ မင်းနဂါးမင်းပိုင်နက်ကို ပြန်သွားတာမလား။”
အော့မန် စိတ်တိုနေမိသည်။
သူသည် သမီးတော်၏ စိတ်နေသဘောထားအား အတော်အသင့် နားလည်နေသည် မဟုတ်လော။
“ဟုတ်တယ်။”
အော့ရှောင်ဝူ ပေါ့ပေါ့ပါးပါးပင် ဝန်ခံလာသည်။
အော့မန် : “.....”
နဂါးဘုရင် အော့နှလုံးနာကာ လောကတခွင်လုံး အရောင်အဆင်း ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
“စိတ်မပူပါနဲ့။ ခမည်းတော်အတွက် စစ်ကူပို့ပေးလိုက်မယ်။”
အော့ရှောင်ဝူ စကားဆက်လိုက်သည်။
“အော့ချင်းယွီက တာအိုနှလုံးသားနဲ့ ကျိန်ထားပြီးသား။ မင်းသာမလာရင် အန်လင်းကို ဘယ်သူက ဖိနှိပ်မှာလဲ။”
အော့မန် အော်ဟစ်လိုက်သည်။
အော့ရှောင်ဝူ အေးအေးဆေးဆေးပင် ပြောလာသည်။
“စစ်ကူက ခမည်းတော်ကို ကယ်ဖို့ပဲလေ။ အန်လင်းကို တိုက်ဖို့မှ မဟုတ်တာ။ အော့ရှန်းယွီ ထွက်လာနေပြီ။ ဒါပဲနော်။ စကားပြောရတာ ပင်ပန်းလို့။”
အသံဆက်သွယ်ခြင်း ပြတ်တောက်သွားသည်။
အော့မန်မှာ ကျောက်စိမ်းပြားအားကိုင်ကာ တိတ်တိတ်နေမိသည်။
အကြီးမားဆုံး မျှော်လင့်ချက်မှာ ပျက်သုဥ်းသွားသောကြောင့် အန်လင်းအား တန်ပြန်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
ကြီးကျယ်ခမ်းနားသော နဂါးဘုရင်ကြီးမှာ သူ၏ပိုင်နက်ထဲတွင်ပင် အနိုင်ကျင့်ခံနေရသည်။
“အန်လင်း ငါမင်းကို သတ်ပစ်မယ်။”
အော့မန် အမှန်တကယ် ပေါက်ကွဲနေလေပြီ။
“လာသတ်လေ။”
အန်လင်း ဖိတ်ခေါ်လိုက်သည်။
အော့မန် : “.....”
.....
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ပင်လယ်ချောက်အကျဉ်းထောင်၌..
“အစ်မတော် ဒီကိုဘယ်လိုရောက်လာတာပါလဲ။”
လှပပျိုမြစ်သော နဂါးမလေးမှ ပြုံးပြနှုတ်ဆက်လာသည်။
အော့ရှောင်ဝူမှာ အော့မင်ယွီအား ပစ်ပေးလိုက်သည်။
“ညီမလေး အော့မင်ယွီက ဒဏ္ဍာရီလာသားရဲ ပါ့ရှာကို စော်ကားခဲ့တယ်။ အဲ့ဒါကြောင့် ကိုးရက်အကျဉ်းချလိုက်။”
“ဒါက....”
မိန်းမငယ်လေး ထိတ်လန့်သွားရသည်။
“ပြောသလိုသာလုပ်ပါ။”
အော့ရှောင်ဝူ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပါပြီ။”
မိန်းမငယ်လေး လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလာသည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်တွင် အော့ရှောင်ဝူမှာ ဒုတိယ သြဇာအကြီးဆုံးသူ ဖြစ်သည်။ အော့မန် မရှိသော အချိန်များတွင် သူမ၏ စကားမှာ အာဏာစက်တစ်ခုဟု ဆိုနိုင်သည်။
ထိုသို့ဖြင့် နဂါးမင်းသားလေး အော့မင်ယွီမှာ ပင်လယ်ချောက်အကျဉ်းထောင်တွင် စံမြန်းရလေပြီ။
ပြဿနာများ ဖြေရှင်းပြီးသည့်နောက် အော့ရှောင်ဝူသည် သူမ၏ ခြံငယ်လေးထံပြန်ကာ ညအိပ်ဝတ်စုံအားလဲလျက် ပျော်ပျော်ရွှင်ရွှင် အိပ်စက်လိုက်တော့သည်။
သူမ၏ အံ့ဖွယ်တာအိုသည် အိပ်စက်ခြင်းနှင့် အိပ်မက်မက်ခြင်းပင်။
အိပ်စက်ခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသလို စွမ်းအင်လည်း တိုးစေ၏။
ထို့အပြင် သူမအတွက်မူ ကျင့်ကြံခြင်းတစ်ခုလည်း ဖြစ်သည်။
....
နဂါးမင်းပိုင်နက်နှင့် ကီလိုမီတာ ထောင်ဂဏန်းအကွာ၌...
အန်လင်းသည် တီနာ၏ လေဟာနယ် ခုန်ကျော်ခြင်းအားသုံးကာ အော့မန်နား ရောက်ရှိလာသည်။
သူသည် အခွင့်အလမ်းအသင်္ချေသေတ္တာနှင့် သွေးဝိဥာဥ်လက်ဝါးကပ်တိုင်အား တစ်ဖက်တစ်ချပ်စီတွင် ကိုင်ဆောင်ထား၏။
“အော့မန် မလှုပ်စေနဲ့။”
အခွင့်အလမ်းအသင်္ချေသေတ္တာမှ အလင်းများ ဖြာထွက်ကာ တင့်တယ်လှပသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။
သူမ၏ အရှိန်အဝါသည် ခမ်းနားလွန်းလှပြီး ခန္ဓာကိုယ် တစ်ခုလုံးအား မြင့်မြတ်သော အလင်းရောင်များ လွှမ်းခြုံနေလေသည်။
ထိုအမျိုးသမီးသည် နဂါးနက်ကြီးအား ပါးရိုက်ချလိုက်သည်။
ဖြောင်း.....
ကြမ်းတမ်းလှသော စွမ်းအင်များကြောင့် အော့မန် လွင့်ထွက်သွားရသည်။
ရှောင်ဇယ် လက်သင်္ကေတများ ပြောင်းလဲလိုက်သည်။
“ရေစီးကြောင်း ပေါင်းစည်းခြင်း....”
အကန့်အသတ်မဲ့သော ရေများမှာ နဂါးဘုရင်အား ဖိနှိပ်လာကြသည်။
အော့မန် လှုပ်မရ ဖြစ်သွားသည်နှင့် အန်လင်းမှာ သွေးဝိဥာဥ်လက်ဝါးကပ်တိုင်အား ပစ်လွှတ်လိုက်သည်။
လက်ဝါးကပ်တိုင်မှ ကြောက်မက်ဖွယ် စွမ်းအင်များနှင့်အတူ ရွှေနီရောင်ကြိုးများ ဖြစ်ပေါ်လာကာ အော့မန်၏ ကျောပေါ်ကျဆင်းလာသည်။
ဝုန်း.....
နဂါးနက်ကြီးမှာ ပင်လယ်ကြမ်းပြင်တွင် ဖိနှိပ်ခံလိုက်ရသည်။
အန်လင်းမှာ ရေဘောလုံးကြီးကိုပါ ထုတ်လိုက်သည်။
“မင်းအရမ်းလွန်သွားပြီ။”
ဝုန်း.....
အံ့ဖွယ်တာအို အစွမ်းများ ပေါက်ကွဲထွက်ပေါ်လာကာ လွတ်မြောက်ရန် ရုန်းကန်တော့သည်။
အန်လင်း အမူအရာ ပြောင်းလဲသွားရသည်။ အော့မန်အနေဖြင့် အသေအကြေ ရုန်းကန်ပါက လွတ်မြောက်သွားနိုင်ခြေ ရှိသည်။
သူသည် တီနာ၏ လေဟာနယ် ခုန်ကျော်ခြင်းအားသုံးရန် စဥ်းစားလိုက်ချိန်မှာပင် ရယ်သံတစ်ခုအား ကြားလိုက်ရသည်။
“ဟားဟားဟား.... ဂိုဏ်းချုပ်အန်လင်းက ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကိုတောင် ခြိမ်းခြောက်နိုင်တယ်ကြားတယ်။ ငါ့ရဲ့လှံကိုရော ခံစားနိုင်ပါ့မလား။”
အေးစက်သော အလင်းတန်းနှင့်အတူ ထက်ရှလှသော လှံသွားမှာ ပင်လယ်ပြင်အား ထိုးခွဲရောက်ရှိလာလေသည်။