← Chapters

စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် နဂါးမင်းပိုင်နက်ကြား ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခြင်း

Vol. 81 Ch. 1129

စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် နဂါးမင်းပိုင်နက်ကြား ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခြင်း

Vol. 81 Ch. 1129

“ဘာလို့ အဲ့လိုကြီး ကြည့်နေကြတာလဲ။”

အန်လင်း မေးခွန်းထုတ်လိုက်သည်။

“ငါ့ကို ပိုက်ဆံချေးတယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဓားပြတိုက်တတ်တဲ့သူလို့ ထင်နေကြတာလား။”

အန်လင်း စိတ်တိုနေပါသော်လည်း အားလုံးမှာ တိတ်ဆိတ်နေကြသည်။

အန်လင်း : “….”

“ကျုပ်က စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းပဲ ချေးချင်တာပါ။”

“အမှန်တရားကို ပြောနေတာမို့ ယုံလို့ရတယ်။”

စုရှောင်လန်မှာ ကိုယ့်ကိုယ်ကို ဖိအားပေးလိုက်သည်။

“အန်လင်း ငါနင့်ကို ယုံပါတယ်။”

စုရှောင်လန်၏ ဖျစ်ညှစ်ထုတ်ထားသော အမူအရာအားကြည့်ကာ အန်လင်း မျက်နှာပျက်သွားသည်။

အော့မန်မှာ အခြေအနေအား စမ်းစစ်ကြည့်လိုက်သည်။

“အဲ့ဒါဆို အခု မင်းဘာလုပ်မှာလဲ။”

စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းကို ချေးရာကနေ ဓားပြထတိုက်တယ်… တကယ်တော့ တူတူပဲ မဟုတ်ဘူးလား…

အန်လင်း အေးစက်စွာ ရယ်မောလိုက်သည်။

“အစကတော့ ငွေချေးမလို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့ကြောင့် သေမလို ဖြစ်သွားရတယ်။ အဆင့်ငါး အင်မော်တယ်သစ်သီးကိုတောင် စားလိုက်ရသေးတယ်။ အဲ့ဒါကြောင့် မဖြစ်မနေ ဓားပြတိုက်တော့မှာ။”

“စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းကို ဓားပြတိုက်မယ်ပေါ့လေ။”

အော့မန် အနည်းငယ် စိတ်တိုသွားရသည်။

“မဖြစ်နိုင်ဘူး။ ငါ့မှာ အဲ့လောက်ငွေတွေ မရှိဘူး။”

အန်လင်း မျက်ဆံလှန်လိုက်သည်။

“နဂါးဘုရင် ခင်ဗျား ဘာတွေလာစားနေတာလဲ။ ဘယ်ဓားပြက ခင်ဗျားမှာ ငွေရှိမရှိ ဂရုစိုက်နေမှာလဲ။ ဓားပြစစ် ဓားပြမှန်ဆိုတာ ရှိသမျှ သိမ်းရတယ်။”

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ၎င်းတို့သည် စိတ်အမှောင်ဖုံးနေခဲ့ပါသော်လည်း အလင်းရောင်အား မြင်လိုက်ရပြီပင်။

စင်စစ်အားဖြင့် ငွေချေးခြင်းနှင့် ဓားပြတိုက်ခြင်းမှာ မတူညီသော အရာနှစ်ခု ဖြစ်နေလေသည်။

သူသည် စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းအား ချေးငှားရန် ကြံရွယ်ထားပြီး ဓားပြတိုက်မည်ဆိုပါက တစ်ပြားမကျန်အောင် တိုက်ယူပေလိမ့်မည်။

အန်လင်းသည် အော့ရှန်းယွီ၏ သိုလှောင်လက်စွပ်အားချွတ်ကာ သန့်စင်လိုက်ပြီးနောက် သူ၏သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

“အန်လင်း ငါ့ကို ဖိအားမပေးနဲ့တော့။”

အော့မန် အော်ဟစ်လာသည်။ နဂါးဘုရင်၏ ဒေါသကြောင့် တစ်ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်ရေများ ခက်ထန်သွားရသည်။

အန်လင်းမှာ မျက်တောင်ပင် မခတ်ပေ။

အော့မန်သည် တာအိုနှလုံးသားနှင့် ကျိန်ဆိုထားသောကြောင့် သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

“ငါ့သားတော်ကို လွှတ်ပေးလိုက်…”

အော့မန် ပေါက်ကွဲနေသည်။

“လွှတ်ပေးချင်တာပေါ့။ ခင်ဗျားတို့ သိုလှောင်လက်စွပ်တွေ ချွတ်လိုက်လေ။ ချက်ချင်းကို အော့ရှန်းယွီကို လွှတ်ပေးလိုက်မယ်။”

အန်လင်း ရင်ဘတ်အားပုတ်ကာ ပြောလာသည်။

“ကျုပ်က ဂုဏ်သိက္ခာရှိတဲ့ ဓားပြပါ။”

အော့မန် : “….”

ဒင်းက အားလုံးဆီကနေ သိုလှောင်လက်စွပ်တွေ လိုချင်နေတာလား….

“ဘီလူးအန်လင်းက တဖြည်းဖြည်းနဲ့ ဗီလိန်ဆန်လာသလိုပဲ။”

တီနာ နှုတ်ခမ်းကိုက်လိုက်သည်။

စုရှောင်လန် ပြုံးစစ ဖြစ်သွားသည်။

“အရင်ထဲက အဲ့လိုပဲ မဟုတ်ဘူးလား။ သူက ဘယ်တုန်းက အလျှော့ပေးဖူးလို့လဲ။ လာစမ်းရဲတဲ့သူမှန်သမျှ ခံသွားရတာချည်းပဲ။”

“မင်း….”

အော့မန်မှာ ဒေါသကြောင့် အသားများပင် တဆတ်ဆတ် တုန်နေသည်။

“ငါ…. ငါ….”

အော့မန်၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းဆိုသလို အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။

အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။

“သူ့ကို မလွတ်စေနဲ့။”

အန်လင်း အော်ဟစ်လိုက်သည်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ နဂါးဘုရင်မှာ ထွက်ပြေးရန် ကြံစည်နေလေပြီ။

ရုတ်တရတ် ဆန်လှသော အပြောင်းအလဲကြောင့် အန်လင်းတို့မှာလည်း အမှီလိုက်ရန် မလွယ်ကူသလို ဖြစ်သွားရသည်။

“အော့မန် မင်းသားတော်ကို ထားခဲ့တော့မှာလား။”

အန်လင်း ခနဲ့လိုက်သည်။

သို့သော် အဝေးရောက်နေသော နဂါးနက်ကြီးထံမှ စကားပြန်ပင် မရတော့ပေ။

အော့မန်သည် သားတော်ထက်ပို၍ သိုလှောင်လက်စွပ်အား တန်ဖိုးထားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

“နဂါးဘုရင် စောင့်ပါဦး။”

လုကျန်းဟိုင် အော်ဟစ်လိုက်သည်။

အပြာရောင် နဂါးသည်လည်း အဝေးသို့ ထွက်ပြေးသွားတော့သည်။

ထိုအခါမှသာ အန်လင်းတို့လည်း အသိစိတ် ပြန်ဝင်လာကြသည်။

တီနာ၏ လေဟာနယ် ခုန်ကျော်ခြင်းကြောင့် လုကျန်းဟိုင်အား အလွယ်တကူ ဖမ်းမိလိုက်နိုင်သည်။

အန်လင်း ပြုံးကာပြောလိုက်သည်။

“ဒီနေရာက ငါ့သင်္ချိုုင်းပဲဆို…”

ရှောင်ဇယ်လည်း ဝင်ရောက်ပြောဆိုလာသည်။

“မင်းပဲ ငါတို့အားလုံးကို သတ်မှာဆို.. အခု အခွင့်အရေး ရနေပြီလေ။ ထွက်မပြေးနဲ့တော့။”

လုကျန်းဟိုင်မှာ ထွက်ပြေးရန်အတွက် အသည်းအသန် ကြိုးစားနေသည်။

မည်သို့ပင်ဆိုစေကာမူ အပြောချိုသော ဓားပြငယ်လေးများ၏ လက်ထဲမှ မလွတ်မြောက်နိုင်ပေ။

လုကျန်းဟိုင် : “….”

ဒုန်း… ဒုန်း…ဒုန်း…

ဖြောင်း…. ဖြောင်း… ဖြောင်း….

ခွက်.. ခွက်… ခွက်….

ဝုန်း… ဝုန်း….ဝုန်း….

လုကျန်းဟိုင်မှာ သိုလှောင်လက်စွပ် ဆုံးရှုံးလိုက်ရပြီး အလဲလဲအကွဲကွဲ ဖြစ်နေသည်။

အန်လင်းသည် အော့ရှန်းယွီအား လုကျန်းဟိုင်ထံ ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းက ငွေကြေးအခက်အခဲ အဆင်ပြေသွားတဲ့ အချိန်ကြရင် ကျေးဇူးပြန်ဆပ်မှာပါ။”

အော့ရှန်းယွီမှာ မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။

လုကျန်းဟိုင်မှာလည်း ဆဲဆိုပစ်ချင်လောက်အောင် ဒေါသထွက်နေရသည်။

သူသည် ထိုမျှအရှက်မဲ့သောသူအား တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

အန်လင်းသည် ငွေချေးရန်သာ ရည်ရွယ်ခဲ့သောကြောင့် ၎င်းတို့အား မသတ်ပဲ ယဥ်ယဥ်ကျေးကျေး နှုတ်ဆတ်လမ်းခွဲခဲ့သည်။

ထို့အပြင် အော့ရှန်းယွီနှင့် လုကျန်းဟိုင်အား တာအိုနှလုံးသားနှင့် ကျိန်ဆိုခိုင်းခဲ့သေးသည်။ ထိုသည်မှာ စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကြား ဆက်ဆံရေးတစ်ခု ခိုင်မာလာစေရန်ပင်။

အန်လင်းသည် မိတ်ဆွေနှစ်ဦး ထပ်မံရရှိလိုက်သောကြောင့် ဝမ်းသာနေမိသည်။

လုကျန်းဟိုင်နှင့် အော့ရှန်းယွီတို့သည်လည်း နဂါးမင်းပိုင်နက်သို့ ပြန်လာခဲ့ကြသည်။

“သားတော် ပြန်လာပြီလား။ ငါအခုပဲ စစ်ကူလွှတ်ပေးတော့မလို့…”

အော့မန် မျက်ရည်အရွှဲသားဖြင့် နှုတ်ဆက်လာသည်။

လုကျန်းဟိုင် စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ အန်လင်းသာ သတ်ပစ်လိုပါက စစ်ကူများပင် မှီလိုက်မည် မဟုတ်ပေ။

“မင်းလုံခြုံတာ တော်သေးတာပေါ့။ အသက်ရှင်နေသ၍ မျှော်လင့်ချက် ရှိပါတယ်။ မင်းသိုလှောင်လက်စွပ်ကို ဆုံးရှုံးသွားရပေမယ့် နောက်ကြရင် အကုန်ပြန်ယူနိုင်မှာပါ။”

အော့မန် နှစ်သိမ့်ပေးလာသည်။

လုကျန်းဟိုင် စိတ်ထဲမှ လှောင်ရယ်မိပြန်သည်။ ဓားပြတိုက်ခံရသည်မှာ အော့မန် မဟုတ်သောကြောင့် သူ့ထံတွင် မျှော်လင့်ချက်များ ပြည့်ဝနေပေလိမ့်မည်။

အော့ရှန်းယွီမှာ အော့မန်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

အော့မန်သည် ထိုအကြည့်ကို နားလည်နေသည့်အလား စကားဆိုလာသည်။

“ငါ့ကို အငြှိုးမထားပါနဲ့။ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ နဂါးမျိုးနွယ်စုအတွက် အရေးပါတဲ့ ရတနာတွေ ရှိနေတာ။ အဲ့ဒါကြောင့် ဘယ်လိုမှ ပေးလိုက်လို့ မရဘူး။ တစ်ခုတည်းသော ရွေးချယ်စရာက စစ်ကူအတွက် နဂါးမင်းပိုင်နက်ဆီ ပြန်တာပဲ။”

“ကျွန်တော် နားလည်ပါတယ်။”

အော့ရှန်းယွီ ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။

“နားလည်တာ ကောင်းတာပေါ့။”

အော့မန် အော့ရှန်းယွီအား ပွေ့ဖက်လိုက်သည်။

အဖေနှင့်သား၏ ထိုမြင်ကွင်းလေးမှာ နွေးထွေးလှပေသည်။

အော့ရှန်းယွီ စိတ်ထဲမှ တွေးလိုက်သည်။

ခမည်းတော်က သေရမှာနဲ့ ငွေတွေဆုံးရှုံးမှာကိုပဲ ကြောက်တာမလား…. ကျွန်တော် နားလည်ပါတယ်…

“ဘာမှလည်း မဟုတ်ပါလား။ ကျွန်မ ပြန်အိပ်တော့မယ်။”

အော့ရှောင်ဝူ သမ်းဝေလိုက်သည်။

အော့မန် အော့ရှောင်ဝူအား စူးစိုက်ကြည့်ရှုလာသည်။

“မင်းသာ အဲ့မှာရှိနေရင် ဒီလိုတွေ ဖြစ်လာပါ့မလား။”

အော့ရှောင်ဝူမှာ ငြင်းပယ်ခြင်း မပြုပဲ ပျင်းရိစွာ ခေါင်းညိတ်ပြလာသည်။

“ကောင်းပြီ။ ကောင်းပြီ။ အကုန် ကျွန်မ အမှားပါ။ အခု ဘာမှမရှိတော့ရင် ကျွန်မ ပြန်အိပ်တော့မယ်။”

သူမသည် ပြောပြောဆိုဆိုနှင့် ပြန်သွားတော့သည်။

အော့မန်မှာ ထိုစကားကြောင့် သွေးအန်မလိုပင် ဖြစ်သွားရသည်။

သူသည် ဒေါသထွက်နေပါသော်လည်း ဘာမှမတတ်နိုင်ပေ။

သမီးတော်နဲ့ စကားပြောရတာ အန်လင်းနဲ့ ပြောရသလိုပဲ…

“အန်လင်း တစ်နေ့နေ့တော့ မင်းပြန်ပေးဆပ်ရမှာပါ။”

အော့မန် ကြိမ်းဝါးလိုက်သည်။

“ခမည်းတော် ကျွန်တော်…”

အော့ရှန်းယွီမှာ တစ်စုံတစ်ခုအား ရုတ်ချည်းသတိရသွားသည်။

အော့မန် အော့ရှန်းယွီထံ သွားလိုက်သည်။

“အခုက စကားပြောရမယ့် အချိန်မဟုတ်သေးဘူး။ မင်းကျန်းမာရေးက အရေးကြီးတယ်။”

သူသည် အော့ရှန်းယွီအား နဂါးနန်းတော်၏ ကုသရေးခန်းမထံ ခေါ်ဆောင်သွားသည်။

အော့ရှန်းယွီသည် စုကျိုးအင်မော်တယ်ဂိုဏ်းအား မတိုက်ခိုက်ရန် တာအိုနှလုံးသားနှင့် ကျိန်ဆိုထားပြီဖြစ်ကြောင်း ပြောပြလိုခြင်းပင်။

သို့သော် အနည်းငယ်တွေးကာ အရေးမကြီးဟု ဆုံးဖြတ်လိုက်သည်။

နဂါးမင်းပိုင်နက်သည် ဘယ်သောအခါမှ စုကျိုးအင်မော်တယ်ဂိုဏ်းအား ယှဥ်နိုင်လောက်မည် မဟုတ်ပါချေ။

All Chapters