← Chapters

ထူးခြားသောအရာများ

Vol. 81 Ch. 1130

ထူးခြားသောအရာများ

Vol. 81 Ch. 1130

အကန့်အသတ်မဲ့သော သမုဒ္ဒရာတွင် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဧရာမ နဂါးနက်ကြီးမှာ မြူးထူးစွာ ဟစ်ကြွေးလျက် ကျွန်းတစ်ကျွန်းပေါ် ဆင်းသက်လာသည်။

၎င်းရောက်ရှိလာမှုကြောင့် သတ္တဝါငယ်များအားလုံး ထိတ်လန့်သွားရလေသည်။

“ရှောင်လေး အဲ့လို မလုပ်စမ်းပါနဲ့။ အားလုံး ကြောက်ကုန်ဦးမယ်။”

အန်လင်းသည် နဂါးခေါင်းပေါ်မှဆင်းကာ ဆုံးမလာသည်။

“နားလည်ပါပြီဆရာ…”

နဂါးကြီးမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ငယ်ရွယ်ခန့်ညားသော လူငယ်လေးအသွင် ပြောင်းလဲသွားသည်။

အန်လင်းမှာ ပင်လယ်ကမ်းခြေသို့ ဆင်းသက်လာသည်။ သူ၏ဘေးတွင် စုရှောင်လန်တို့အားလုံးလည်း လိုက်ပါလာကြသည်။

“နဂါးမျိုးနွယ်စုမှာ ရတနာတွေ အများကြီး ရှိတယ်တဲ့။ အဲ့ဒါအမှန်ပဲလား။”

တီနာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ဘရိုင့်စ် စကားဆိုလာသည်။

“နဂါးမျိုးနွယ်စုက ရတနာနဲ့ ပက်သက်ပြီး နာမည်ကြီးတယ်။ သူတို့က ရတနာကို ရှာရတာရော၊ စုရတာပါ သဘောကျကြတယ်။ အဲ့တော့ ရတနာတွေ အများကြီး ရှိနေနိုင်ပါတယ်။”

“ဒါပေမယ့် နဂါးမျိုးနွယ်စုက ရတနာကို သိုလှောင်လက်စွပ်ထဲ မသိမ်းကြဘူး။ ရတနာသိုက်ထဲထားပြီး သွားသွားကြည့်ရတာကို ပိုကြိုက်ကြတယ်။”

စုရှောင်လန် ရှင်းပြလိုက်သည်။

“ဟုတ်တယ်။ ကျွန်တော်လည်း အဲ့လိုပဲလုပ်တာ။”

ရှောင်ဇယ် ခေါင်းညိတ်သဘောတူလာသည်။

အန်လင်း တံထွေးမြိုချလိုက်မိသည်။

“ဘာပဲဖြစ်ဖြစ် အခုပဲ သိရတော့မှာပဲဟာ။”

သူသည် လုကျန်းဟိုင်၏ သိုလှောင်လက်စွပ်အား ဦးစွာဖွင့်ကြည့်လိုက်သည်။

လုကျန်းဟိုင်သည် မဟာစောင့်ရှောက်သူအဖွဲ့၏ ဗိုလ်ချုပ် ဖြစ်သည့်အပြင် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ဖြစ်သောကြောင့် ရတနာ မနည်းလောက်ပေ။

ဝုန်း….

မြေပြင်မှာ ရုတ်တရတ် တုန်ခါသွားသည်။

အားလုံးမှာ ငေးငေးကြောင်ကြောင် ဖြစ်သွားရလေသည်။

ရှောင်ဇယ် တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ဘာ…ဘာတွေလဲ။”

မျက်စိရှေ့သို့ ထွက်ပေါ်လာသည်မှာ တောင်ပုံရာပုံ အလှပဂေးလေးများ ဖြစ်သည်။

၎င်းတို့သည် လွန်စွာလှပပြီး နဖူးထက်တွင် နဂါးဦးချိုများ ပါဝင်သည်။

အန်လင်းသည် မိန်းမပျို တစ်ဦးအား လက်ကိုင်လိုက်သည်။

“အသက်စွမ်းအင် မရှိဘူး။ ဒါပေမယ့် နူးညံ့ပြီး နွေးထွေးနေတယ်။”

သူသည် လက်ရှိအတွေးအား မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ပေ။

ရှောင်ဇယ် သွားရည်များ ကျလာသည်။

“အနုပညာ ဖန်တီးမှုတွေလား…”

အန်လင်း မျက်နှာပျက်သွားရသည်။

ယီးကို အနုပညာပါလား….

သောက်ကျိုးနည်း လိင်ဖျော်ဖြေရေး အရုပ်တွေကို….

မည်သို့ပင်ဆိုစေကာမူ သေမျိုးကမ္ဘာမှ အရုပ်များထက် အဆပေါင်းများစွာ သာလွန်လှသည်။

တွေးကြည့်တော့လည်း သိပ်မဆိုးပါဘူး…

“ဘီလူးအန်လင်း ဒါတွေက ရွံစရာကြီး… ငါတို့ ပြန်ပေးလိုက်သင့်တယ်။”

တီနာ စကားဆိုလာသည်။

အန်လင်းမှာ ထိုအကြံပြုချက်အား ငြင်းပယ်ရန် တွေးလိုက်သည်။

စုရှောင်လန် အေးစက်စက် ရယ်မောလာလေသည်။

“ပြန်မပေးပါဘူး။”

အန်လင်း ဝမ်းသာသွားမိသည်။

စုရှောင်လန် စကားဆက်လိုက်သည်။

“ဒီလောက်ရွံစရာကောင်းတာ မီးရှို့ပစ်ရမှာပေါ့။”

အန်လင်း : “….”

“လုကျန်းဟိုင်မှာ ဘာလို့ ဒါတွေရှိနေတာလဲ။ ရုပ်သေးစစ်တပ် ထောင်မလို့လား။”

ဘရိုင့်စ် အလေးအနက် မေးလာသည်။

“ဖြစ်နိုင်တယ်။ အမှန်တရားကို သိရဖို့ သိမ်းထားရမယ်။”

ရှောင်ဇယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အန်လင်း ခေါင်းညိတ်သဘောတူလာသည်။

“လုကျန်းဟိုင် အကြံကိုသိရအောင် ငါသိမ်း. . “

သူ၏စကား မဆုံးသေးခင်မှာပင် ကောင်းကင်ထက်မှ မီးတောက်များ ကျဆင်းလာသည်။

ဝုန်း…

မြင့်မြတ်မီးတောက်မှာ အရာအားလုံးကို လောင်ကျွမ်းသန့်စင်ပစ်လိုက်သည်။

တောင်ပုံရာပုံ အလှပဂေးလေးများမှာလည်း ပြာကျသွားလေပြီ။

အန်လင်းနှင့် ရှောင်ဇယ် ပါးစပ်အဟောင်းသားဖြစ်ကာ ရင်နာသွားရသည်။

“လုကျန်းဟိုင်ရဲ့ မိစ္ဆာဖန်တီးမှုတွေကို ဖျက်ကိုဖျက်စီးပစ်ရမယ်။”

စုရှောင်လန်မှာ တရားမျှတသော အမူအရာဖြင့် စကားဆိုလိုက်သည်။

အန်လင်းနှင့် ရှောင်ဇယ် : “….”

“လုံးဝထောက်ခံတယ်။”

တီနာ ဝမ်းသာအားရ ပြောလိုက်သည်။

အန်လင်းနှင့် ရှောင်ဇယ်မှာ ရက်စက်လွန်းသော အမှန်တရားအား ရင်နာနာနှင့် လက်ခံလိုက်ရသည်။

……

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၌…

လုကျန်းဟိုင် သက်ပြင်းချမိသည်။

“ဟူး… ငါ့ရဲ့ ရုပ်သေးမောင်းမဆောင်လေးတော့ သွားပါပြီကွာ။”

“အနာဂတ်မှာ အခွင့်အရေး ရခဲ့ရင် မောင်းမဆောင်ကို ပြန်ယူကိုယူရမယ်။”

လုကျန်းဟိုင်မှာ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည်။

သူ၏ရည်ရွယ်ချက်သည် ဘယ်သောအခါမှ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း သူမသိသေးပေ။

…….

ကျွန်းပေါ်၌..

အလှလေးများအား ရှင်းထုတ်ပြီးနောက် အားလုံးမှာ သိုလှောင်လက်စွပ်အား ဆက်လက်စစ်ဆေးနေကြသည်။

အားလုံးအား တွက်ချက်ပြီးသည့်နောက် စိတ်ဝိဥာဥ်ကျောက်တုံး သုံးသန်းနှစ်သိန်း၊ စိတ်ဝိဥာဥ်ဆေးလုံး နှစ်ဆယ့်ခြောက်လုံး၊ နဂါးမျိုးနွယ်စုမှ ဖော်စပ်ထားသော အင်မော်တယ်ဆေးလုံး နှစ်လုံးနှင့် မည်သည့်အရာမှန်း မသိရသော တောက်တောက်ပြောင်ပြောင် ရွှေရောင်ပစ္စည်းအချို့အား ရရှိလိုက်သည်။

ထိုသည်မှာ မဆိုးလှပေ။

စိတ်ဝိဥာဥ်ကျောက်တုံးများအား ဘဏ္ဍာထိန်း ရှောင်ဇယ်ထံ ပေးလိုက်သည်။

နဂါးမျိုးနွယ်စုမှ ဖော်စပ်ထားသော အင်မော်တယ်ဆေးလုံးသည် နဂါးသွေးဆက်ပါသော ကျင့်ကြံသူများအတွက် အကျိုးရှိလှသောကြောင့် စုရှောင်လန်အား ပေးလိုက်လေသည်။

အခြားပစ္စည်းများအား အန်လင်းမှ အဆင်ပြေသလို ခွဲဝေပေးလိုက်သည်။

“အော့ရှန်းယွီကရော ဘာတွေရှိလဲ ကြည့်ကြတာပေါ့။”

အန်လင်း စိတ်ဝင်စားနေသည်။ အော့ရှန်းယွီသည် နဂါးမင်းပိုင်နက်၏ စစ်နတ်ဘုရားပင် မဟုတ်လော။

ဝုန်း…

မြေပြင်မှာ တုန်ခါသွားပြန်သည်။

အန်လင်းမှာ တောက်ပလွန်းသော အလင်းများကြောင့် မျက်စိပင် ကျိန်းသွားရသည်။

“သောက်ကျိုးနည်း ရွှေတောင်ကြီးလား။”

မျက်စိရှေ့တွင် ရှိနေသော တောင်ကြီးမှာ နေရောင်အောက်တွင် လက်လက်ထနေသည်။

ရှောင်ဇယ်မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေလေသည်။

“ဆရာ… ဒါက ၉၉.၉၉၉၉ သန့်စင်တဲ့ ရွှေတောင်ကြီးပဲ။”

“ငါတို့ ချမ်းသာပြီပဲ။”

အန်လင်း ဝမ်းသာသွားရသည်။

ရွှေတောင်သည် မီတာတစ်ရာခန့် ရှိ၏။

“နေပါဦး ငါက ကျင့်ကြံသူလေ။ ရွှေတောင်ကို ဘာလုပ်ရမှာလဲ။”

အန်လင်း အသိစိတ် ပြန်ဝင်လာသည်။

သူသည် ရွှေတောင်အားကြည့်ကာ စိတ်ပျက်သွားရသည်။

“ဆရာ မလိုချင်ရင် ကျွန်တော့်ကို ပေးပါလား။”

ရှောင်ဇယ်မှာ အသက်ရှူသံများပင် မြန်နေသည်။

စုရှောင်လန်လည်း ပါးပြင်လေးများ ရဲနေသည်။

“လှလိုက်တာနော်။”

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားမိသည်။

သူတို့က ဘာဖြစ်နေတာလဲ…

အာ… ဟုတ်သားပဲ… နဂါးတွေက ဒါတွေကြိုက်တာလေ…

အဆုံးတွင်မူ ထူးထူးဆန်းဆန်း ရွှေတောင်ကြီးမှာ ရှောင်ဇယ် အပိုင် ဖြစ်သွားတော့သည်။

All Chapters