← Chapters

နဂါးမျိုးနွယ်စုဘိုးဘေးများ

Vol. 81 Ch. 1133

နဂါးမျိုးနွယ်စုဘိုးဘေးများ

Vol. 81 Ch. 1133

အော့မန်မှာ စုရှောင်လန် ဝင်ခွင့်ရသည်ကို တွေးနိုင်ခဲ့ပါသော်လည်း အန်လင်းကိုမူ မည်သို့မှ စဥ်းစားမရသောကြောင့် ဦးနှောက်ခြောက်သွားရသည်။

၎င်းသာမက စုကျိုးအင်မော်တယ်ဂိုဏ်းသားများပါ ကြောင်တောင်တောင် ဖြစ်ကုန်သည်။

အန်လင်းကိုယ်တိုင်သည်လည်း ဘာဖြစ်သွားသည်ကို မသိသေးပေ။

သူ့ထံတွင် နဂါးသွေးဆက် မရှိသည်မှာ သေချာသည်။

သူသည် အလင်းစက်ကွင်းထဲ လက်ချော်သွားသောအခါ ကန့်သတ်ထားခြင်း မရှိသည်ကို မြင်လိုက်ရသောကြောင့် စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။

“စီနီယာ ပါ့ရှာ တကယ်မှားနေပြီထင်တယ်။”

အော့မန် မျက်ရည်အဝဲသား ဖြစ်နေသည်။

ပါ့ရှာ ပြုံးကာပြောလာသည်။

“မမှားပါဘူး။ စိတ်ဝင်စားစရာတော့ ကောင်းသားပဲ။”

“စီနီယာ ပါ့ရှာ ကျွန်တော် ဘာဖြစ်လို့ ဝင်ခွင့်ရတာလဲဟင်။ ကျွန်တော်မှာ နဂါးသွေးဆက်များ ရှိနေတာလား။”

အန်လင်း မေးမြန်းကြည့်လိုက်သည်။

နဂါးမျိုးနွယ်စုဝင်များ : “...”

စုကျိုးအင်မော်တယ်ဂိုဏ်းသားများ : “....”

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။

သောက်ကျိုးနည်း... သူကိုယ်တိုင်တောင် မသိဘူးလား....

အော့မန်မှာ သရဲတွေ့လိုက်ရသကဲ့သို့ အချိန်မရွေး သတိလစ်တော့မလို ဖြစ်နေသည်။

ပါ့ရှာ အန်လင်းအား ကြည့်ရှုလိုက်သည်။

“ဒီတောင်နာမည်နဲ့ မင်းရခဲ့တဲ့ အမွေအနှစ်ကို စဥ်းစားကြည့်ပါ။ မင်းအမွေအနှစ်က ထင်ထားတာထက်ပိုပြီး ထူးခြားတယ်။ ကံကောင်းပါစေကွာ။”

နဂါးမျိုးနွယ်စုဝင်များမှာ နားမလည်ကြသေးပေ။

သို့သော် စုကျိုးအင်မော်တယ်ဂိုဏ်းသားများကမူ တွေးတွေးဆဆ ဖြစ်သွားကြသည်။

နတ်နဂါးလိပ်တောင်တန်းနဲ့ အမွေအနှစ်....

အန်လင်း ဉာဏ်အလင်းပွင့်သွားသည်။

ကောင်းကင်ဘုံနဂါးကျွန်းသည် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနှင့် နဂါးမျိုးနွယ်စု၏ နေရာတစ်ခု ဖြစ်သည်။

နတ်နဂါးလိပ်တောင်တန်းသည် နဂါးမျိုးနွယ်စုနှင့်သာမက ကောင်းကင်ဘုံလိပ်မျိုးနွယ်စုနှင့်လည်း သက်ဆိုင်နေပေသည်။

အလင်းစက်ကွင်းသည် နဂါးမျိုးနွယ်စုအပြင် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုကိုပါ လက်ခံပေလိမ့်မည်။

အန်လင်းသည် ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ ထျန်းချန်ကျီထံမှ အမွေရခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့်ပင် အန်လင်းသည်လည်း ဝင်ခွင့်ရခဲ့ခြင်း ဖြစ်မည်ပင်။

တွေးကြည့်ပါက စုရှောင်လန်သည် နဂါးတဝက် ဖြစ်နေသကဲ့သို့ သူသည်လည်း လိပ်တဝက် ဖြစ်နေသည် မဟုတ်လော။

အန်လင်း ကြက်သီးထကာ အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး။”

တစ်နေ့နေ့ကြ လိပ်ခွံကြီး ပေါက်လာရင် ဘယ်လိုလုပ်မလဲ.....

သောက်ချီး... အတွေးနဲ့တင် ကြောက်စရာ ကောင်းနေပြီ....

အားလုံးမှာ အန်လင်းပုံစံကြောင့် လန့်ဖြန့်သွားရသည်။

“နင်အဆင်ပြေရဲ့လား။”

စုရှောင်လန် အန်လင်း လက်မောင်းအား ကိုင်လိုက်သည်။

အန်လင်းမှာ သွေးဆုတ်ဖြူရော်နေလေပြီ။

“ကိုယ်.... ကိုယ်အဆင်ပြေပါတယ်။”

စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။

“နင့်ကြည့်ရတာ အဆင်မပြေသလိုပဲ။”

“မဟုတ်ပါဘူး။ အဓိပ္ပါယ် မရှိတာတွေ တွေးလိုက်မိလို့ပါ။”

အန်လင်း အတွေးများအား ဖယ်ထုတ်ကာ အလင်းစက်ကွင်း အပြင်ဘက်ရှိ တီနာနှင့် ဘရိုင့်စ်အား ကြည့်ရှုလိုက်သည်။

“ငါ့ကိုစောင့်နေနော်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဦး။”

“အင်းပါ။ နင်တို့လည်း ဂရုစိုက်နော်။”

တီနာ တာ့တာပြလာသည်။

အော့မန် အန်လင်းအား တစ်ချက်မျှ စိုက်ကြည့်လိုက်သည်။

စုရှောင်လန်နှင့် ရှောင်ဇယ်အား သူစိတ်မပူပေ။

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် လက်ရည်ယှဥ်နိုင်သူဖြစ်ကာ နဂါးမင်းပိုင်နက်တွင် သူ့အားဆော်နိုင်မည့်သူမှာ အော့ရှောင်ဝူ တစ်ဦးသာ ရှိသည်။

“သွားရအောင်။”

အော့မန်မှာ ဆက်တွေးမနေပဲ တောင်စတက်လိုက်သည်။

အန်လင်းတို့သည်လည်း နောက်မှလိုက်ပါသွားကြသည်။

နဂါးမျိုးနွယ်စုအား ခြေရာခံအဖြစ် ထားရသည်မှာ ကောင်းမွန်ပေသည်။

နတ်နဂါးလိပ်တောင်တန်းသည် ပျံသန်းခြင်းအား တားမြစ်ထားသောကြောင့် ခြေလျင်သာ တက်ကြရသည်။

တောင်တန်းတွင် စိမ်းစိုနေသော မြက်ခင်းပြင်များ၊ အရောင်အသွေး စုံလင်သော ပန်းပင်များကြောင့် ပန်းချီကား တစ်ချပ်သဖွယ် ရင်သက်ရှုမောဖွယ် ကောင်းလှသည်။

“အသက်ရှူရတာတောင် သက်တောင့်သက်သာ ရှိလိုက်တာ။”

ရှောင်ဇယ် စကားဆိုလာသည်။

“ဟုတ်တယ်နော်။”

စုရှောင်လန် ထောက်ခံလိုက်သည်။

“ငါရောပဲ။”

အန်လင်းလည်း လက်ခံမိ၏။

စုရှောင်လန်နှင့် ရှောင်ဇယ်မှာ အန်လင်းအား ကြည့်လိုက်ကြသည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားလေသည်။

“ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ။”

စုရှောင်လန် ခပ်တိုးတိုး မေးမြန်းလာသည်။

“နင်က တကယ်ကြီးလိပ်လား။”

“ဘာလဲ။ အမွေအနှစ် လက်ခံထားရုံလေးပါ။”

အန်လင်း အလေးအနက် ဖြေကြားလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းတို့လည်း မထင်ထားဘူးမလား။”

“မဟုတ်ပါဘူး။ ဆရာ့ လိပ်ခွံက မျက်စိကျိန်းလောက်အောင် တောက်ပနေတာလေ။ မှန်းရလွယ်ပါတယ်။”

အန်လင်းမှာ ရှောင်ရှားခြင်းလိပ်အား ထပ်မသုံးရန် ဆုံးဖြတ်လိုက်သည်။

တောင်ထိပ်အထိ ကီလိုမီတာ ငါးဆယ်ခန့် ရှိပေသည်။

အားလုံးသည် မြန်ဆန်စွာ တက်ရောက်နိုင်ရန် နည်းလမ်းအမျိုးမျိုး အသုံးပြုခဲ့ကြသောကြောင့် အချိန်သိပ်မကုန်လိုက်ပေ။

တောင်ခြေသည် သာယာလှပပါသော်လည်း တောင်ထိပ်ရှိ ရာသီဥတုမှာ နှင်းများဖုံးလွှမ်းနေသည်။

တောင်ထိပ်သည် ကျယ်ဝန်းကာ ကြီးကျယ်ခမ်းနားသော နဂါးရုပ်ထု တစ်ခုလည်း ရှိသည်။ နဂါးရုပ်ထု အနီးတွင် အပြာရောင် ချယ်ရီပွင့်ချပ်များကိုလည်း တွေ့မြင်နိုင်၏။

“ဒါက သူတို့ အရိုအသေပေးတဲ့ နဂါးဘိုးဘေးလား။”

အန်လင်း စိတ်ဝင်စားသွားသည်။

ထိုမိုးပြာရောင်နဂါးသည် မောက်မာသော အမူအရာဖြင့် ကောင်းကင်အား မော့ကြည့်နေသည်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ထိုသို့သော ရုပ်ထုများအား မကြာခဏ တွေ့မြင်ခဲ့ရသည်ပင်။

“ဒါက နဂါးဘိုးဘေး ဖြစ်မယ်။”

စုရှောင်လန်၏ မျက်ဝန်းများမှာ တောက်ပလို့နေသည်။

“မှားစရာ မရှိဘူး။”

ရှောင်ဇယ်မှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေသည်။

အန်လင်းမှာ ၎င်းတို့အား နားမလည်နိုင် ဖြစ်သွားမိသည်။

နဂါးမျိုးနွယ်စုဝင်တွေ ဖြစ်နေလို့များလား.....

သူအော့မန်တို့အား လှမ်းကြည့်လိုက်သည်။

အော့မန်တို့သည်လည်း အလားတူပင်ဖြစ်ကာ ပျင်းရိနေတတ်သော အော့ရှောင်ဝူသည်ပင် လေးလေးနက်နက် ရှိနေသည်။

“ဒီရုပ်ထုက တကယ်ကြီး ထူးခြားတာလား။”

အန်လင်း အံ့သြသွားရသည်။

ရုတ်ချည်းဆိုသလို သူနှင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စု၏ ဆက်နွယ်မှုကိုလည်း အမှတ်ရသွားသည်။

ဘုရားရေ.... လိပ်ရုပ်ထုမြင်ရင် ငါလည်း အဲ့လိုဖြစ်နေမှာလား....

အန်လင်း အသက်ရှူသံများပင် မြန်သွားရသည်။

ကြောက်ဖို့ကောင်းလိုက်တာ....

ဓားအင်မော်တယ်၊ ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရား အန်လင်းက လိပ်ကြီးကို အရိုအသေ ပေးရတော့မှာလား....

မဟုတ်ဘူး....

ငါဒါကို လက်မခံနိုင်ဘူး....

All Chapters