← Chapters

ဒါကဘာကြီးလဲ

Vol. 81 Ch. 1135

ဒါကဘာကြီးလဲ

Vol. 81 Ch. 1135

အန်လင်းမှာ ယုံကြည်ချက်အပြည့် ရှိနေသည်။

သူသည် အုတ်ခဲနက်အားစီးကာ ပျော်ပျော်ကြီး ပျံသန်းနေ၏။

“ဝေါင်း...”

နဂါးတောင်ပံနှင့် မြွေတစ်ကောင် သူ၏ရှေ့သို့ ရောက်ရှိလာသည်။

အန်လင်းမှာ လက်နှစ်ချောင်းဖြင့် ချိန်ရွယ်လိုက်လေသည်။

ပြင်းထန်လှသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများနှင့်အတူ မြွေမှာနှစ်ပိုင်းပြတ်သွားတော့သည်။

အန်လင်း ခေါင်းခါလိုက်သည်။

“တကယ့်နဂါးကို မတွေ့ရသေးဘူး။ နဂါးတောင်ပံနဲ့မြွေ၊ နဂါးမြှီးနဲ့ သင်းခွေချပ်၊ နဂါးလက်သည်းနဲ့ကျား ဒါတွေချည်း တွေ့နေရတယ်။”

“နဂါးမျိုးနွယ်စုဝင်တွေက ဘာတွေများ လုပ်ခဲ့လို့ ဒီလိုအကောင်တွေ မွေးလာပါလိမ့်...”

အန်လင်းမှာ တွေးတောနေရင်း ဆက်လက်ပျံသန်းလာသည်။

ဝုန်း....

အားကောင်းလှသော အရှိန်အဝါအား ခံစားလိုက်မိသည်။

အန်လင်း ကျောမွှေးများထောင်ကာ လှမ်းကြည့်လိုက်မိသည်။

အနောက်ရောင် ပုံရိပ်တစ်ခုအား တွေ့လိုက်ရလေသည်။

၎င်းသည်လည်း သူ့အား စူးစမ်းကြည့်ရှုနေသည်။

ထိုအမျိုးသားသည် နဂါးချိုများရှိကာ လင်းနို့တောင်ပံနှင့် သွေးနီရောင် မျက်ဝန်းများ ပိုင်ဆိုင်ထားသည်။

အချိန်တစ်ခုမျှ နှစ်ဦးလုံး တိတ်ဆိတ်နေကြလေသည်။

“ဘာကြီးလဲဟ...”

အန်လင်းရော၊ ထိုသူပါ တပြိုင်နက်တည်း ရေရွတ်လိုက်မိကြသည်။

အန်လင်း : “....”

နဂါးမျိုးနွယ်စုဝင် : “....”

“မင်းက စကားပြောတတ်တယ်လား။ မျိုးစပ်ထားတဲ့ နဂါးမျိုးစိတ်သစ်လား။”

အန်လင်း မေးမြန်းလိုက်သည်။

“ငါက အသန့်စင်ဆုံး နဂါးမျိုးနွယ်ကွ မျိုးမစစ်ကောင်ရဲ့။”

ထိုအမျိုးသားမှ မောက်မာစွာ ပြောလာသည်။

“ဘယ်သူက မျိုးမစစ်လဲ။”

အန်လင်း ဒေါသထွက်သွားသည်။

“မင်းကို ပြောနေတာလေ။ ဘယ်နားမှာမှ နဂါးနဲ့ မတူဘူး။ လုံးဝကို လူသားတစ်ယောက်လိုပဲ မျိုးမစစ်ကောင်။”

၎င်းသည် ထိုစကားနှင့်အတူ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းလှပါသော်လည်း အန်လင်းမှာ မျက်တောင်ပင် မခတ်ပေ။

“မင်းအဖေငါက လူသားစစ်စစ်ပဲလေ။”

အန်လင်းမှာလည်း အရှိန်အဝါများ ထုတ်ဖော်လိုက်သည်။

“ဘာ...”

ထိုအမျိုးသား အမူအရာ ပြောင်းလဲသွားလေသည်။

ဝုန်း....

အန်လင်း၏ ခြေဖဝါးအောက်မှ မီးတောက်များ ဖြာထွက်လာသည်။

ထို့ကြောင့် လျင်မြန်စွာနှင့်ပင် ထိုနဂါးမျိုးနွယ်စုဝင်အား လက်သီးတစ်လုံး ကျွေးလိုက်သည်။

၎င်းမှာ ခရင်းခွအားကိုင်ကာ ခုခံလိုက်ရသည်။

အန်လင်း၏ တိုက်ခိုက်စွမ်းရည်မှာ ထိတ်လန့်ဖွယ်ရာပင်။

လက်သီးသည် ခရင်းခွအား ဖျက်စီးကာ ၎င်း၏ရင်ဘတ်ပေါ် ရောက်ရှိလာသည်။

“ဖူး...”

ထိုအမျိုးသားမှာ သွေးပွက်ပွက်အန်လိုက်ရပြီးနောက် လွင့်ထွက်ကာ သေမလိုပင် ဖြစ်သွားရသည်။

မီးတောက်ခုနစ်သွယ်သည် အန်လင်းနားတွင် ဝေ့ဝဲနေသောကြောင့် မီးနတ်ဘုရားဟုပင် ထင်မှတ်ရသည်။

“ဟမ့်... ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် အမှိုက်ကောင်ကများ ငါ့ကိုစော်ကားရဲတယ်ပေါ့။”

အန်လင်းမှာ ကြွားလုံးထုတ်ရန် ပြင်လိုက်သည်။

သို့သော် ထိုနဂါးမျိုးနွယ်စုဝင်မှာ တွေဝေခြင်းပင် မရှိပဲ အသည်းအသန် ထွက်ပြေးလေတော့သည်။

၎င်းသည် ကျင့်စဥ်ပေါင်းစုံသုံးကာ မျက်စိတမှိတ်အတွင်း လျှပ်စီးအလား ပြေးထွက်သွားသောကြောင့် အန်လင်းသည်ပင် လက်လျှော့လိုက်ရသည်။

“ဟူး.... နာလေးရဲ့ လေဟာနယ် ခုန်ကျော်ခြင်းသာရှိရင်ကောင်းမယ်။”

အန်လင်း ရေရွတ်လိုက်သည်။

လေဟာနယ် ခုန်ကျော်ခြင်းမှာ အသုံးဝင်လှသော စွမ်းရည်တစ်ခုပင်။

သူသည် သွေးသစ်လောင်းဆေးတစ်လုံး သောက်သုံးလိုက်သည်။

“အသန့်စင်ဆုံး နဂါးမျိုးနွယ်စုဝင် ဆိုပေမယ့် အနောက်နဂါးတောနဲ့လည်း မတူပါဘူး။ ရှေးဟောင်းထိုက်ချူကုန်းမြေရဲ့ မိစ္ဆာနဂါးမျိုးနွယ်စုကလား။”

အန်လင်း တွေးတောနေမိသည်။

“နဂါးချို၊ လင်းနို့တောင်ပံ၊ ခရင်းခွ.... အင်း နဂါးချိုသာ မပါရင် စစ်မှန်မိစ္ဆာတောင် ထင်မိမှာ။”

အန်လင်းမှာ တစ်ဦးတည်း ဝေဖန်ပစ်နေသည်။

.....

တောင်တန်းများကြား၌

“သခင်ကြီး လမိုက်ည ခရင်းခွ အမဲလိုက်တာကနေ ပြန်လာပြီပဲ။”

“အာ သခင်ကြီး ဘာဖြစ်လာတာလဲ။”

နဂါးချိုနှင့် အမျိုးသားနှစ်ဦး စကားဆိုလိုက်ကြသည်။

ပြန်ရောက်လာသော အမျိုးသားမှာ စိတ်ဝိဥာဥ်ဆေးလုံးအား သောက်သုံးလိုက်သည်။

“တအားကြောက်စရာကောင်းတဲ့ လူသားနဲ့ တွေ့ခဲ့တာ။”

၎င်းသည် အန်လင်းလက်ထဲမှ ထွက်ပြေးခဲ့သူပင်။

“သခင်ကြီး ဘာပြောလိုက်တာလဲ။”

အစေခံနှစ်ဦး မယုံကြည်နိုင် ဖြစ်သွားကြသည်။

“အဲ့အကြောင်းက ထားလိုက်ပါတော့။ ကင်းထောက်တွေရော အခြေအနေ ဘယ်လိုရှိလဲ။”

လမိုက်ည ခရင်းခွ မေးမြန်းလိုက်သည်။

အစေခံနှစ်ဦး ပြန်လည်ဖြေကြားလာသည်။

“အကုန်အဆင်သင့် ဖြစ်ပါပြီ။”

လမိုက်ည ခရင်းခွ ရက်စက်စွာ ပြုံးလိုက်သည်။

“အမဲလိုက်ကြတာပေါ့။”

ရှေးဟောင်းထိုက်ချူကုန်းမြေ၏ နဂါးနယ်မြေသည် ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းလိုပင် အစဥ်အမြဲ ညအမှောင်ကသာ ကြီးစိုးထားသည်။

.......

တစ်နေရာ၌...

ရေပြင်တစ်ခုတွင် လရောင်မှာ ရောင်ပြန်ဟပ်နေသည်။

တောက်ပသော ဓားပုံရိပ်များနှင့်အတူ အော်ဟစ်သံများလည်း ပဲ့တင်ထပ်လျက် ရှိသည်။

နဂါးမျိုးနွယ်စုဝင် တစ်ဦးမှာ ဖွတ်နဂါး တစ်ကောင်အား ဓားနှင့်ထိုးလိုက်သည်။

ဖွတ်နဂါးမှာ အော်ဟစ်နေရင်း အသက်စွမ်းအင်များ ပျောက်ကွယ်သွားသည်။

နဂါးမျိုးနွယ်စုဝင်၏ မျက်ဝန်းများမှာ ပိုမိုကြည်လင်လာသည်။

“အားနည်းတဲ့ ကောင်တွေက အော်ပဲအော်တတ်တာလား။”

နဂါးမျိုးနွယ်စုဝင်မှာ မောက်မာစွာ ပြုံးလိုက်သည်။

“ဒီနေရာရဲ့ စည်းမျဥ်းအရ မင်းအစားမခံချင်ရင် အရင်စားနိုင်အောင် လုပ်ရမှာပဲ။ မဟုတ်ရင်တော့ ငါ့အစာ ဖြစ်သွားလိမ့်မယ်။”

ထိုသည်မှာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ အော့ချင်းယွီ ဖြစ်သည်။

အော့ချင်းယွီ မျက်မှောင်ကျုံ့လိုက်သည်။

“ဒီထက်သန်မာတဲ့ ရန်သူတွေ့ဖို့လိုတယ်။”

.......

အရှေ့ပင်လယ်၌

မိုးကြိုးတိမ်တိုက်များ ပိုမိုထူထဲလာသည်။

ဒဏ္ဍာရီလာသားရဲ ပါ့ရှာမှာ တစ်ရေးမျှ အိပ်ပျော်နေလေသည်။

အပေါ်ပိုင်းဗလာနှင့် ဗလတောင့်တောင့် နဂါးမျိုးနွယ်စုဝင် အမျိုးသားတစ်ဦး ရောက်ရှိလာသည်။

“နောက်ကျသွားတာ တောင်းပန်ပါတယ် စီနီယာ... ကျွန်တော် ဝင်ခွင့်ရဦးမလား။”

ပါ့ရှာ မျက်လုံးပွင့်လာသည်။

“ရတာပေါ့။ မတွေ့ရတာတောင် ကြာပြီပဲ။ မင်းတိုးတက်လာသား...”

နဂါးမျိုးနွယ်စုဝင်မှာ ပြုံးကာပြောလာသည်။

“ဒီလိုပဲ ဖြစ်ရမှာပေါ့။”

“ရှန့်ယင်နဲ့ အော့ကွမ်းယွီနောက်ပိုင်း အော့ရှောင်ဝူကလည်း အိပ်ဖို့ပဲသိတာ။ ငါ့မျက်စိထဲတိုးတဲ့ နဂါးမျိုးနွယ်စုဝင်က သိပ်မရှိဘူး။ မင်းမဆိုးဘူးပဲ ကောင်လေး...”

ပါ့ရှာ စကားဆိုလိုက်သည်။

နဂါးမျိုးနွယ်စုဝင် အရိုအသေ ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ။ အချိန်မကျန်တော့ဘူးဆိုတော့ ကျွန်တော် ဝင်လိုက်တော့မယ်။”

All Chapters