← Chapters

စာနာစိတ်

Vol. 81 Ch. 1138

စာနာစိတ်

Vol. 81 Ch. 1138

အန်လင်းသည် မိစ္ဆာနဂါး၏ သိုလှောင်လက်စွပ်အား သိမ်းဆည်းလိုက်သည်။

သူသည် မိစ္ဆာနဂါးအား မသတ်ခဲ့ပါသော်လည်း ပိုင်ဆိုင်မှုအား လက်မလွှတ်နိုင်ပေ။

အော့မင်ယွီ အန်လင်းအား အရိုအသေ ပေးလာသည်။

“တကယ်ကို ကျေးဇူးတင်ပါတယ်။”

အန်လင်းကြောင့်သာ သူလက်စားချေနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒါငါ့ရဲ့ သိုလှောင်လက်စွပ်ပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။”

အော့မင်ယွီ သိုလှောင်လက်စွပ် ချွတ်ပေးလိုက်သည်။

အန်လင်းသည် သိုလှောင်လက်စွပ်ထဲမှ ချီကျောက်တုံး နှစ်ရာ့သုံးဆယ်အားယူကာ အော့မင်ယွီထံ ပြန်ပေးလိုက်သည်။

“သခင်လေး အန်လင်း မင်းဘာလုပ်တာလဲ။”

အော့မင်ယွီ မယုံကြည်နိုင် ဖြစ်သွားမိသည်။

အန်လင်းသည် နဂါးဘုရင်ကိုပင် ဓားပြတိုက်ရန် ကြံစည်ခဲ့ဖူးသည် မဟုတ်လော။

“ငါက အခကြေးငွေပဲ ယူမယ်လို့ပြောတယ်မလား။ လက်နက်တွေ၊ ဆေးလုံးတွေက မင်းပဲယူထားလိုက်ပါ။ ဒီမှာ နှစ်ရက်တောင် နေရဦးမှာပဲ။”

အန်လင်း ပြုံးကာပြောလာသည်။

အော့မင်ယွီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“အခု ကြင်ကြင်နာနာ ဆက်ဆံနေတာလား။”

ဘာလို့လဲ....

အန်လင်း အနည်းငယ် တွေးတောလိုက်သည်။ ၎င်းတို့သည် ရန်သူဖြစ်ခဲ့ဖူးပါသော်လည်း ရှောင်လန်နှင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှာ ဆက်နွယ်နေသောကြောင့် ကူညီပေးခဲ့သည်။

ရှောင်လန်သည် ထိုဆက်ဆံရေးအား လက်မခံပါသော်လည်း ဦးလေး၏ ဇနီးမယားမှာ သတ်ခံလိုက်ရသောကြောင့် အန်လင်းမှာ ဝင်မပါပဲ မနေနိုင်ခဲ့ပေ။

ထိုအချက်အား ပြောမရသဖြင့် အန်လင်း စကားဆိုလိုက်သည်။

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းက မဟာမိတ်တွေ ဖြစ်နေပြီလေ။”

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က လူတဝက်လောက်က စုကျိုးအင်မော်တယ်ဂိုဏ်းနဲ့ ပက်သတ်ပြီး တာအိုနှလုံးသားနဲ့ ကျိန်ဆိုထားကြတယ်။ စုကျိုးအင်မော်တယ်ဂိုဏ်း ငွေလိုနေတုန်းကလည်း ကူညီပေးခဲ့တယ်။ အဲ့ဒါကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းကလည်း အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကို ပြန်ကြည့်ပေးရမှာပေါ့။”

အန်လင်း လေးလေးနက်နက် ပြောလိုက်သည်။

အော့မင်ယွီ ကြောင်တောင်တောင် ဖြစ်သွားရသည်။

သောက်ကျိုးနည်း.... ဘယ်လို အကြောင်းပြချက်ကြီးလဲ...

“သခင်လေးအန်လင်း ဒီကျေးဇူးတရားကို မမေ့ပါဘူး။ ဘာပဲလိုလိုပြောပါ။ အကောင်းဆုံး ကျေးဇူးဆပ်မှာပါ။”

အော့မင်ယွီ အန်လင်းအား အရိုအသေ ပေးလိုက်သည်။

အန်လင်းသည် သူ၏အသက်အား ကယ်တင်ကာ လက်စားချေနိုင်ရန်လည်း ကူညီပေးခဲ့သည်။

အန်လင်း အနည်းငယ် အံ့သြသွားမိသည်။

မည်သို့ပင်ဆိုစေကာမူ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ သူများသည်ပင် အချင်းချင်း အကူအညီပေးရန် မလွယ်ကူလှပေ။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“အခုတော့ မလိုသေးပါဘူး။ တကယ်လို့ ရှောင်လန့်ကို တွေ့ခဲ့ရင်တော့ ငါ့အစား ကာကွယ်ပေးပါ။”

အော့မင်ယွီသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိပါသော်လည်း အားကိုးရနိုင်သည်။

“အသက်နဲ့လဲပြီး ကာကွယ်ပေးပါ့မယ်။”

အော့မင်ယွီ ကတိပေးလိုက်သည်။

ထို့နောက် ၎င်းတို့နှစ်ဦး နှုတ်ဆက်လမ်းခွဲခဲ့ကြသည်။

အန်လင်းထံတွင် ဖြုန်းစရာ အချိန်မရှိပေ။

သူသည် အုတ်ခဲနက်အားစီးကာ ရှောင်လန်အား ဆက်ရှာခဲ့သည်။

ထွေထွေထူးထူး လုပ်စရာ မရှိသောကြောင့် မိစ္ဆာနဂါး၏ သိုလှောင်လက်စွပ်အား သန့်စင်လိုက်သည်။

လက်စွပ်ထဲတွင် နဂါးလောင်းများ၊ နဂါးသွေးပါသော သန္ဓေပြောင်းသားရဲလောင်းများ ပြည့်နှက်နေလေသည်။

“ဘုရားရေ.... ဒင်းက အလောင်းစွဲလမ်းစိတ်များ ရှိနေတာလား။”

အန်လင်းမှာ ရွံရှာသွားပါသော်လည်း အလွန်အမင်း မအံ့သြမိပေ။ ထို့အပြင် လက်နက်ဖော်ခြင်းနှင့် အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်သော အဆင့်မြင့် အလောင်းအချို့ ပါဝင်နေသည်။

လက်နက်နှင့် ဆေးဝါးအချို့ ရှိနေပါသော်လည်း သူစိတ်ဝင်စားသောအရာ မတွေ့မိပေ။

အော့မန်ထံမှ ရရှိခဲ့သော စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သန်းသုံးသိန်း ထည့်ပေါင်းလိုက်ပါက သူ့ထံတွင် စိတ်ဝိဥာဥ်ကျောက်တုံး တစ်ရာနှစ်ဆယ့်လေးသန်းခြောက်သိန်း ရှိနေလေပြီ။

များနေပြီပဲ....

အန်လင်း စိတ်လှုပ်ရှားသွားသည်။

သန်းတစ်ရာ....

အဲ့လောက် တစ်ခါမှ မရဖူးဘူးပဲ....

သတ်ခဲ့ဖူးတဲ့ သူတွေဆီမှာလည်း အဲ့လောက်အများကြီး မရှိဖူးဘူး....

“နေပါဦး.... အခုက ရှောင်လန်ကို ရှာသင့်တာလေ။”

အန်လင်း ကိုယ့်ပါးကိုယ်ရိုက်ကာ အတွေးဖြတ်လိုက်သည်။

ဤနေရာသည် နဂါးမျိုးနွယ်စုဝင်များအတွက် သတ်ကွင်းတစ်ခုပင်။

နေရာမလပ် တိုက်ပွဲများ ပြည့်နှက်နေပြီး ပုန်းခိုတိုက်ခိုက်နေသူများလည်း ရှိသည်။

ရှေးဟောင်းထိုက်ချူကုန်းမြေတွင် အရှေ့ပင်လယ်မှ နဂါးများ၊ အနောက်နဂါးတောမှ ဖွတ်နဂါးနှင့် မိစ္ဆာနဂါးတို့မှာ အဓိက အင်အားစုကြီးသုံးခု ဖြစ်သည်။

ထိုထဲတွင် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှာ အင်အားအနည်းဆုံးပင်။

တာအိုပေါင်းစည်းခြင်း အဆင့်များ ဝင်ခွင့်မရသောကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အနည်းဆုံးမှာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက် ဖြစ်နေသည်။

ထို့ကြောင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်တတ်ကြသည်။

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ဆဋ္ဌမ မင်းသမီး အော့ယွီထန်မှာ အနက်ရောင်ဝတ်စုံနှင့် အရိပ်ထဲတွင် ပုန်းကွယ်နေလေသည်။

သူမသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ နာမည်ကြီး တစ်ဦး ဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်က ရှေးဟောင်းထိုက်ချူကုန်းမြေထဲတွင် နှစ်ရက်အတွင်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်မှ နောက်ဆုံးအဆင့် တက်သွားခဲ့သူ ဖြစ်၏။

သူမ၏ အောင်မြင်မှုသည် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ခဲ့ရသည်။

စင်စစ်တွင်မူ ကောက်စားအကွက်ဖြင့် ထိုသို့ဖြစ်လာခဲ့ခြင်းပင်။

သူမသည် သေခါနီး နဂါးများအား တစ်ကွက်တည်း လိုက်ချခဲ့သည်။

ထိုကောက်စားအကွက်မှာ အသုံးဝင်ပြီး သူမထက် သန်မာသော ရန်သူများကိုပင် အပြတ်ရှင်းနိုင်ခဲ့သည်။

သူမသည် အကောင်းအတိုင်း ရှိနေသော မည်သူ့ကိုမဆို တိုက်ခိုက်ခြင်း မပြုပေ။

သေခါနီး ဖြစ်နေသူ သီးသန့်သာ လိုက်သတ်ခဲ့သည်။

အော့ယွီထန်၏ အောင်မြင်မှု လျှို့ဝှက်ချက်မှာ ထိုအရာပင်။

ယခုတစ်ကြိမ်တွင်လည်း ထိုသို့လုပ်ရန် ဆုံးဖြတ်ထားသည်။

“ဟင်းလင်းပြင်သို့အပြန် အဆင့်ကို တက်ရမယ်။”

အော့ယွီထန်မှာ အမှောင်ထဲတွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။

သူမရှေ့တွင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖွတ်နဂါးနှင့် မိစ္ဆာနဂါးတို့ အသည်းအသန် တိုက်ခိုက်နေကြသည်။

သူမသည် တဖြည်းဖြည်း အရှေ့သို့ တိုးကပ်သွားလေသည်။

All Chapters