ငါနင့်ကို ငှက်ပျောသီး ကျွေးမယ်
Vol. 29 Ch. 421
နောက်တစ်နေ့နံနက်တွင်တော့ လျန်ရူရွှယ် လင်းရီထက် စောလျင်စွာ အိပ်ရာမှ နိုးလာခဲ့၏။
သူမ နံနက်စာ စားလေ့စားထမရှိသောကြောင့် ကော်ဖီတစ်ခွက်သာ ဖျော်လိုက်သည်။
“ ဒီလောက်ကြည့်ကောင်းတဲ့ ခြေတံသွယ်သွယ်လေးတွေကို နေ့တိုင်း ဘောင်းဘီ ဝတ်ထားတယ်ဆိုတော့ ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်လဲ…”
“ ဘာလဲ … နင်က ငါ ပေါင်သားအလှတွေ ဖော်ထားတာကို မြင်ချင်နေတာလား…”
“ အမ်… ဘယ်လို ခေါင်းစဉ်တပ်ရမလဲ… ငါတို့နှစ်ယောက်လုံးက ယဉ်ကျေးမှု နားလည်တဲ့သူတွေဆိုတော့ အပြန်အလှန် လေးစားမှုလို့ပဲ ခေါ်ကြတာပေါ့….” လင်းရီ ပြောလိုက်ပြီး သူ၏ မျက်နှာထက်တွင်တော့ လေးနက်သည့် အမူအရာတို့ကိုဆင်မြန်းထားကာ
“ငါ့ကိုပဲကြည့်.... ငါ့မျက်နှာက ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြီးပြည့်စုံဆုံးပဲလေ…. ငါ Mask တပ်ထားတာကို မင်းမြင်လို့လား….”
လျန်ရူရွှယ် “ …… “
“ အရူးကွက်လာမနင်းနဲ့….. ငါ မနေ့ညတုန်းက ကျွမ်းကျင်သူတစ်ချို့နဲ့ ဆက်သွယ်ပြီးသွားပြီ… အဲ့တာထက် ရန်ကျင်းက ကျွမ်းကျင်သူတစ်ယောက်ကလည်း ကိုယ်တိုင်ရောက်လာဦးမှာ…. ဒီကိစ္စက ibuprofen အစားထိုးမယ့်ကိစ္စနဲ့ ဆက်စပ်နေတယ်ဆိုတော့ နင်ငါနဲ့ လိုက်ခဲ့မှဖြစ်မယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ အစက ငါနင့်ကို ဒုက္ခပေးဖို့ မရည်ရွယ်ပါဘူးဟယ်… ဒါပေမယ့် နင်က အဓိက သုတေသနပြုထားတဲ့သူဆိုတော့ နင်ပါမှကိုဖြစ်မှာ…”
“ ကျိုးဟိုင် ဆေးဝါးကွပ်ကဲရေးဌာနက ဒါကိုကိုင်တွယ်ဖို့ အရည်အချင်းမှီတယ်ပေါ့…. ဗဟိုအစိုးရက ကိုင်တွယ်သင့်တာ မဟုတ်ဘူးလား….”
“ သေချာပေါက် ဘယ်အရည်အချင်းမှီမှာ… ဒါပေမယ့် ငါကနေပြီးတော့မှ အထူးတောင်းဆိုထားတာလေ… ဒါက ကိစ္စကြီးဆိုတော့ ဥပဒေ ကဏ္ဍကနေပြီးတော့ မီးစိမ်းပြလိုက်ရင် ပိုမြန်သွားတော့မှာ…”
“ လိုလို့လားဟ…… လက်တွေ့ လေ့လာသုံးသပ်ချက်တွေက ဆေးအလုပ်ဖြစ်မဖြစ်ဆိုတာ ပြောပြသွားမှာပဲလေ… ငါတို့ စကားပြောလိုက်ရုံနဲ့ ပြီးသွားမယ့်ကိစ္စမှမဟုတ်တာ.…”
“ အဲ့တာက အသုံးမဝင်ဘူးဆိုတာ ငါလည်းသိတယ်… ဒါပေမယ့် ဒီတိုင်းလုပ်ရိုးလုပ်စဉ်လေ… “
လျန်ရူရွှယ် လင်းရီကို ကြည့်လိုက်ပြီး
“ အတွန့်တက်မနေနဲ့… ငါက ကူညီပေးတယ်လို့ပဲ မှတ်လိုက်..”
“ အိုကေ…”
“ အဲ့တာဆို ငါသွားတော့မယ်…. လိုအပ်ရင် ဖုန်းကနေ ဆက်သွယ်လိုက်နော်…”
“ ကောင်းပြီ..”
အလုပ်ကိစ္စများပြီးစီးပြီးနောက် နှစ်ယောက်သား ကိုယ့်အလုပ်ခွင်သို့ မောင်းသွားလိုက်ကြသည်။
လင်းရီလည်း နေ့သစ်တစ်နေ့အတွက် မျှော်လင့်စောင့်စားနေမိသည်။
ယနေ့မှာ ဆရာ၀န်အလုပ်အကိုင်၏ သတ္တမမြောက် နေ့ဖြစ်သောကြောင့် ယနေ့ ည 12 နာရီတွင် အလုပ်အကိုင်အသစ် ပွင့်လာပေလိမ့်မည်။
သူ့တွင် အလုပ်အသစ်ပြောင်းရန် ရည်ရွယ်ချက် မရှိသေးသော်လည်း ဘာဖြစ်မလဲ ဆိုတာကိုတော့ သူ စိတ်၀င်စားမိ၏။
ဆေးရုံသို့ ရောက်သောအခါ လင်းရီ ကားပါကင်တွင် ကားရပ်လိုက်ပြီး အရေးပေါ်ဌာနသို့ ချက်ချင်းမသွားပဲ အတွင်းလူနာဆောင်၏ ရှစ်ထပ်မြောက်သို့ ဦးတည်လိုက်၏။
သိူ့သော်လည်း လင်းရီ ရုံးခန်းထဲသို့ ၀င်လျှင်၀င်ချင်း နိမိတ်မကောင်းသည့် ခံစားချက်ကြီးတစ်ခုက အခန်းတစ်ခုလုံးတွင် ပျံ့နှံ့နေလေသည်။ ဈာပနာ ကျင်းပနေသကဲ့သို့ပင်။
"အစ်ကိုရီ... ရောက်လာပြီလား..."ချောင်ရှင်း ပြောလိုက်ပြီး "စားကော စားပြီးခဲ့ပြီလား.. ညီမ လမ်းကနေ သစ်သီးပန်ကိတ် ၀ယ်လာခဲ့တယ်..."
"ငါလည်း အိမ်ကနေ ငှက်ပျောသီးနှစ်လုံး ယူလာခဲ့တယ်...."လင်းရီပြုံးလျက် ချောင်ရှင်း ရှေ့တွင်ထိုင်ကာ တီးတိုး ပြောလိုက်ပြီး "ဒါနဲ့ ဒီသက်ကျားအိုကြီးတွေက ဘာတွေဖြစ်နေကြတာ... သူတို့ရုပ်တွေက ငါကပဲ သူတိူ့ ဘိုးဘေးအုတ်ဂူကို သွားတူးထားတဲ့ ပုံစံကြီးတွေနဲ့...."
ချောင်ရှင်း တခြားသူများကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး လက်အုပ်၍ "အစ်ကိုရီ ရှေ့နှစ်ရက်လောက်တုန်းက ကျွန်မတို့ အရေးပေါ်ဌာနရှေ့မှာ တွေ့ခဲ့တဲ့ သက်လတ်ပိုင်းလူကြီးကို မှတ်မိသေးလား.. သူ့အမေ ဆေးမ၀ယ်ချင်လို့ ဆိုပြီးတော့မှ အစ်ကိုရီ ဆေးစာအသစ် ပေးလိုက်တဲ့လူလေ..."
"အင်း... မှတ်မိတယ်... အဲ့တာနဲ့ ဘာဆိုင်လို့လဲ ..."
"အစ်ကိုပဲ အဲ့ဒီတုန်းက သူ့ကို နောက်ကျ ဆေးလာပြရင် ဒေါက်တာလီနဲ့ပဲ ပြလို့ ပြောထားတာ မဟုတ်ဘူးလား...ခု လူနာတွေ အကုန်လုံးက ဒေါက်တာလီ ကုသပေးတာကို တောင်းဆိုနေကြပြီ...ဒါရိုက်တာချောင် ၊ ဒါရိုက်တာလျို ၊ ပြီးတော့ ဒါရိုက်တာဖန် .. ဘယ်သူမှ သူတိူ့ဆီ လူနာလာမပြကြတော့ဘူး... ဒေါက်တာလီဆီပဲ သွားကြတော့တာ... ညီမအထင်တော့ သူတိူ့ အဲ့ကိစ္စကြောင့် အစ်ကိုရီကို ရန်သူလို သဘောထားနေကြတာနေမှာ.... "
"ဪ.... သဘောပေါက်ပြီ သဘောပေါက်ပြီ..."လင်းရီ ပြောလိုက်ပြီး "အဲ့တာကလည်း သူတို့ သောက်ကြောင်းလေ.. အစကတည်းကနေ ရိုးသားခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး...ဘာဆိုင်လို့ ငါ့လာအပြစ်တင်နေတာလဲတဲ့...."
"ဒါပေမယ့် သူတို့ရဲ့ အကျိုးအမြတ်ကိုကျတော့ ထိခိုက်သွားပြီလေ... အဲ့တာကြောင့် အစ်ကိုရီကို မျက်မုန်းကျိုးနေကြတာ..."
"အဲ့တော့ငါက ဘာလုပ်ပေးရမှာ..."လင်းရီ စိတ်မ၀င်စားစွာဖြင့် "လာလာ ငါမင်းကို ငှက်ပျောသီးကျွေးမယ်...."
"အစ်ကိုရီကလည်း...ဒီမှာ လူတွေ အများကြီးရှိနေတာကို ဘာတွေလာပြောနေတာ ...မုန်းစရာကြီး..."ချောင်ရှင်း မျက်နှာ နီနီလေးဖြင့် အရှက်သည်းစွာ ပြောလိုက်၏။
"မင်းလည်း ဒေါက်တာလီရဲ့ လက်အောက်ကပဲလေ... ဘာလို့ သောက်ဂရုစိုက်နေမှာ... လာလာ ဒီ ငှက်ပျောသီးလေးစားလိုက်..."
ချောင်ရှင်း သူမအတွေးနှင့်သူမ ရှက်စိတ်တို့ ၀င်နေမိ၏။ သို့သော်လည်း ကျွေးလာသူမှာ လင်းရီ ဖြစ်နေသောကြောင့် သူမ မငြင်းသာချေ။ အခြားသူများဆိုလျှင် ယခုလို ဆက်ဆံပေးမှုမျိုး ရရှိလိမ့်မည် မဟုတ်ကြောင်း သေချာနေလေသည်။
"ကောင်းလား..."
"အွန်း... အရမ်း အရသာရှိတယ်..."
"ကောင်းရင် နှစ်လုံးစလုံး စားလိုက်.."
"အွန်း အွန်း..."ရှင်းရှင်း ငှက်ပျောသီးစားရင်း ခေါင်းညိမ့်လိုက်၏။
ချောင်ရှင်းကို ငှက်ပျောသီးကျွေးပြီးနောက် လင်းရီ ခါးကြောဆန့်လိုက်သည်။ "ရှင်းရှင်း ... မင်းဒီမှာနေပြီး ခဏစောင့်ကြည့်ထားဦး.. ငါအပြင်ထွက်ပြီး လေကောင်းလေသန့်လေး ရှူလိုက်ဦးမယ်...."
"ညီမလည်း လိုက်မယ်လေ... ဒီအခန်းထဲက လေထုက နည်းနည်းလေး ထူးဆန်းတယ်..."
"အဲ့တာဆိုလည်း အတူသွားကြတာပေါ့..."
ဌာနမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား လီချူးဟန်ကိုရှာရန် ဆေးခန်းဘက်သို့ ရောက်လာခဲ့ကြသည်။
ရုံးခန်းထဲတွင် ထိုင်နေသည်ထက် လီချူးဟန်ကို ကူညီသည်က တစ်ခုခု လေ့လာ၍ ရနိုင်လေသည်။
နှစ်ယောက်သား ထွက်ပြီးသည့်နောက် ချောင်ကျား၀မ်နှင့် ကျိုးဇီချန်းတို့ ရုံးခန်းထဲသို့ ပြန်ရောက်လာခဲ့ကြ၏။
"ဒါရိုက်တာချောင်.. ဒီနေ့ ပြန်လာတာ တယ်စောပါလား...."လျိုရုန်ရှန်း မေးမြန်းလိုက်သည်။
"အင်း... ဒီနေ့ လူနာက အယောက်နှစ်ဆယ်ပဲ ရှိတော့ ခဏလေးနဲ့ ပြီးသွားတယ်...."
"ဘာပဲပြောပြော ကျုပ်တို့ထက်တော့ သာပါသေးတယ်..."လျိရုန်ရှန်း ပြောလိုက်ပြီး "ဒါရိုက်တာဖန်နဲ့ ကျုပ်ဆိုရင် လူနာ ဆယ်လောက်ပဲရှိတော့ တစ်နာရီတည်းနဲ့ ပြီးသွားခဲ့တာ...."
"ကျုပ် ပြင်ပလူနာဆေးခန်းကနေ ထွက်လာတော့ ဒေါက်တာလီနဲ့ တွေ့ဖို့ စောင့်ရမယ့်အချိန်စာရင်းက ၇ ရက်တောင် ကျော်သွားပြီ..."
"အတိအကျပဲ... ဒီနေ့ ငါ လူနာတွေကိုဆေးစာရေးပေးပြီးဆော့ သူတိူ့ ချက်ချင်းသွားမ၀ယ်ကြသေးဘူး... ငါ့ကိုတောင် မယုံသင်္ကာနဲ့ ...ကြည့်ရတာတော့ သူတို့ မ၀ယ်ခင်ဒေါက်တာလီနား ပြန်စစ်ဆေးကြည့်ဦးမယ်နဲ့ တူတယ်..."
ထိုသို့ပြောပြီးနောကိ လျိုရုန်ရှန်း လူသစ်တစ်ချို့ကိုကြည့်ကာ "မင်းတို့ လူနာဆောင်ကို သွားပြီးတော့ လူနာတွေ ဘယ်လိုနေလဲဆိုတာ တစ်ချက် သွားစစ်ဆေးကြည့်လိုက်ဦးကွာ..."
"နားလည်ပါပြီ ..."
လူသစ်များ တစ်ယောက်ပြီးတစ်ယောက် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့ကြ၏။ သို့သော်လည်း ကျိုးဇီချန်းကတော့ နေရစ်ခဲ့လေသည်။
လျိုရုန်ရှန်းနှင့် ဖန်ရှုဖန်းတို့ သူနှင့် ချောင်ကျား၀မ်တို့ကြားရှိ ပတ်သက်ဆက်နွယ်မှုကို သိရှိထားသည်။ ထို့ကြောင့် သူတို့မှာ တစ်လှေတည်းစီးနေကြသူများဟု သတ်မှတ်၍ ရလေသည်။
"ဒါရိုက်တာချောင်... ဒီနေ့ မနက် ထျန်းဇီ ဆေးဆိုင်က သူဌေးက ကျုပ်ကို ဘာလို့ ခုတလော လူနာတွေ ဆေးလာ၀ယ်မ၀ယ်လဲလို့ မေးနေတယ်... ကျုပ် ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး..."
"သူနောက်တစ်ခါ ထပ်မေးလာခဲ့ရင် အမှန်အတိုင်း ပြောပြလိုက်... ဘယ်သူ့ကြောင့် ဖြစ်သွားတယ်ဆိုတာကိုပါ ပြောပြလိုက်..."ချောင်ကျား၀မ် ပြောလိုက်ပြီး "ငါတို့က ဆရာ၀န်တွေ.. အဲ့ဒီကိစ္စကို အရေးလုပ်ပြီး စိတ်ပူနေစရာ မလိုဘူး.. သူ့ဘာသူ ကိုင်တွယ်ပလေ့စေ...."
"အဲ့တာဆို ကျုပ်တို့ ခု ဘယ်လိုလုပ်ကြမှာ...လူနာတွေ အကုန်လုံးက လီချူးဟန်ဆီ သွားကုန်ကြပြီ...ကျုပ်တို့မှာ ကုစရာ လူနာတောင် သိပ်မကျန်တော့ဘူး... မကြာခင် ဒီကိစ္စက ဆေးရုံတစ်ခုလုံးကို ပျံ့နှံ့သွားတော့မှာ... အဲ့အခါကျရင် ကျုပ်တို့က လူတိုင်းရဲ့ တံတွေးခွက်ထဲ ရောက်တော့မှာနော...."
"ဒါတွေ အားလုံးက လင်းရီ ကြောင့်ပဲလေ... သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ဒီလို အခြေအနေမျိုး ဖြစ်နေမှာ မဟုတ်ဘူး..."ကျိုးဇီချန်း မကျေမနပ်ဖြစ်စွာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်... ငါနဲ့လိုက်ခဲ့.... ငါတို့ ခု ဒါရိုက်တာနဲ့ သွားတွေ့ကြမယ်...."ချောင်ကျား၀မ်ပြောလိုက်ပြီး "လင်းရီဆိုတဲ့ ညစ်ပတ်နံစော်နေတဲ့ ကြွက်စုတ်သာ ငါတို့ နှလုံးအထူးကု ဌာနမှာ ဆက်ရှိနေဦးမယ်ဆိုရင် ငါတို့ ဌာနရဲ့ လေထုကို ညစ်ညမ်းစေတယ်... "
"ဟုတ်တယ်.. ကျုပ်တို့ ဒီကိစ္စ ဒါရိုက်တာကျောက်ကို ပြောပြပြီးတော့ ကိုင်တွယ်ခိုင်းရမယ်...."
ကျောက်ကျန်းဝေမှာ စီမံခန့်ခွဲရေးဒါရိုက်တာဖြစ်၏။ ထို့ကြောင့် ပြန်လည်နေရာချထားရေးတို့အတွက် တာ၀န်ရှိသူမှာလည်း သူဖြစ်သည်။ ယခုကိစ္စကို ကိုင်တွယ်ဖို့ရာအတွက် ကျောက်ကျန်းဝေကို သွားရှာမည်မှာ သဘာ၀ကျလေသည်။
"သွားစို့.. ခုပဲ သွားကြမယ်..."
သူတိူ့သုံးဦးစလုံး ကျောက်ကျန်းဝေကို သွားရှာရန် တာဆူနေကြခြင်းမှာ ဆေးအတွက် ကော်မရှင်ခ မရရှိတော့ခြင်း အကြောင်းပြချက် တစ်ခုတည်းကြောင့်မဟုတ်ပဲ ပို၍ အရေးကြီးစွာဖြင့် ဆေးရုံအများစု၏ အကဲဖြတ်တန်ဖိုး မှတ်ကျောက်မှာ ဈေးကွက် တန်ဖိုးဟု လူသိများသော မိမိတို့၏ စွမ်းဆောင်နိုင်မှု အပေါ်တွင်လည်း မူတည်နေလေသည်။
အကယ်၍ လူနာတစ်ယောက်မှ သင့်ဆီကို ဆေးလာမပြဘူးဆိုလျှင် ဆိုလိုသည်မှာ သင်၏ အရည်အချင်းတို့က လုံလောက်အောင် မကောင်းမွန်သောကြောင့်ဖြစ်၏။ ယခုလို ဖြစ်လာပြီဆိုပါက ဆေးရုံမှာ အကျိုးခံစားခွင့်များစွာတို့ကို သင့်ဆီမှ နှုတ်ယူသွားလိမ့်ပေမည်။
ထို့နောက် ဆေးရုံတွင် သင်၏ ရာထူးတိုးနိုင်မည့် လမ်းကြောင်းမှာလည်း အကန့်အသတ်နှင့် ဖြစ်သွားပေတော့မည်။
ထိုအချက်ကိုတော့ သူတို့ သုံးယောက်လုံးက အစိုးရိမ်ဆုံးဖြစ်၏။
ဒေါက် ဒေါက် ဒေါက်...
ချောင်ကျား၀မ် တံခါးရှေ့တွင်ရပ်၍ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"၀င်ခဲ့ပါ..."
သုံးယောက်သား တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ၀င်လာခဲ့ကြ၏။
"အဘိုးကြီးချောင်.. မင်းတို့သုံးယောက်က လူစုပြီး ဘာလာလုပ်တာ.... "
ကျောက်ကျန်းဝေနှင့် ချောင်ကျား၀မ်တို့မှာ တစ်ကျောင်းတည်းမှ ဘွဲ့ရထားကြသူများဖြစ်ပြီး ကျောက်ကျန်းဝေမှာ ချောင်ကျား၀မ်၏ စီနီယာလည်းဖြစ်၏။ နှစ်ယောက်၏ ဆက်ဆံရေးမှာ လွန်စွာ ကောင်းမွန်လေသည်။
"ဒါရိုက်တာကျောက် ... ကျုပ်တို့ နှလုံးအထူးကုဌာနအကြောင်း ဘာမှမသိဘူးလား..."
"ဘာကိုလဲ...."ကျောက်ကျန်းဝေ မေးမြန်းလိုက်၏။
နောက်ထပ် ဆယ်မိနစ်လောက်အထိ ချောင်ကျား၀မ် လင်းရီကို သတ်တော့မည့် အသွင်ဖြင့် ပြစ်မှုများကို တစ်ခုပြီးတစ်ခု ရွတ်ပြသွားလေသည်။
"အရေးပေါ်ဌာနမှာ ဖြစ်ပျက်ခဲ့သမျှကို ငါအကုန်ကြားပြီးသွားပြီ..လူတွေအများကြီး ကွန်းပလိန်းတက်နေကြတာ ဒီရက်ပိုင်းလောက်မှ ပြန်ငြိမ်သွားတယ်..."
လင်းရီ၏ အမည်ကို ပြောသည့် အချိန်တွင်တော့ ကျောက်ကျန်းဝေ၏ မျက်နှာမှာလည်း သိပ်မလှချေ။ လင်းရီသူ့ကို အတိုက်အခံလုပ်သည့် နေ့ကို သူ ကောင်းမွန်စွာ မှတ်မိနေသေးလေသည်။
"ငါခု စီစဉ်နေတယ်... သူ့ကို အရေးပေါ်ဌာန ရွေ့လိုက်ပြီးတော့မှ တစ်ဖြည်းဖြည်းနဲ့ လုပ်ပိုင်ခွင့်တွေ ပိတ်ပြီး အရေးမပါအောင် လုပ်ပစ်လိုက်မယ်..."ကျောက်ကျန်းဝေ နာကျည်းစွာ ပြောလိုက်ပြီး
"သူက တစ်ခါလေး ခွဲစိတ်လိုက်တာနဲ့ပဲ သူ့ကိုယ်သူ သောက်ရမ်းတွေ အံ့ဩဖို့ကောင်းနေပြီလို့ ထင်နေလားမသိဘူး.. လူရှေ့သူရှေ့မှာတောင်မှ ငါ့ကို ဝေဖန်လိုက်သေးတယ်...ငါ ကျောက်ကျန်းဝေရဲ့ ရှေ့မှာ သူက ဘာကောင်မှ မဟုတ်ဘူးဆိုတာ လူတိုင်းသိအောင် လုပ်ပြရမယ်..."
"ဒါရိုက်တာကျောက်က ဒီလိုပြောလာပြီ ဆိုမှတော့ ကျုပ်လည်း စိတ်ချသွားပြီ... သူ့ကို မြန်မြန်သာ ပို့ပစ်လိုက်စမ်းပါ.. ကျုပ် နှလုံးအထူးကုဌာနမှာ တစ်မိနစ်လေးတောင် ထပ်မတွေ့ချင်တော့ဘူး...."
"မပူနဲ့... ဘယ်လိုလုပ်ရမလဲဆိုတာ ငါနားလည်တယ်...."
တိကျသေချာသည့် တုံ့ပြန်ချက်ကို ရရှိပြီးနောက် သုံးဦးသား ပြန်ထွက်လာခဲ့လေသည်။
သို့သော်လည်း ထိုအချိန်တွင် ချောင်ကျား၀မ်၏ ဖုန်းမှာ အသံမြည်လာခဲ့၏။
"ဒါရိုက်တာချောင်.. ဘာတွေဖြစ်နေတာလဲ... ကျုပ်ရဲ့ ဆေးတွေက ရောင်းကော ရောင်းရဦးမှာလား... ကျုပ်ဒီဆေးတွေထဲမှာ သန်းချီအောင် ပုံအောထားတာနော်..."
"သူဌေး၀မ်...ခင်များ ကျုပ်ကို ဖိအားပေးနေလည်း အလကားပဲ..."
ဖုန်းခေါ်ဆိုလာသူကတော့ ထျန်းဇီ ဆေးဆိုင်၏ သူဌေး ၀မ်ကွမ်းဟုန်ဆိုသူဖြစ်၏။
"ကျုပ်တို့ အထူးကုဌာနမှာ ဒေါက်တာအသစ်ရောက်လာတော့ အဲ့ကောင်ကပဲ ဌာနတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တာ... ခု ကျုပ်တို့ဆီ ဘယ်လူနာမှ မလာကြတော့ဘူး..."
"ဘယ်လိုငရဲလဲဟ... ခင်များက ဌာနရဲ့ ဒါရိုက်တာလေ.. သူတို့က ခင်များနဲ့ မပြဘူးဆိုရင် ဘယ်သူ့ကို သွားပြကြမှာ... "
"လီချူးဟန်...."
"ဖက်ခ်ပဲ.... "၀မ်ကွမ်းဟုန် ကျိန်ဆဲလိုက်ပြီး "အဲ့သောက်ရူးမ ဆီကိုလား....”