အခန်း (၄၂၄)
Vol. 29 Ch. 424
"ဟုတ်တယ်.... ဒါပေမယ့် အဲ့ဒီမိန်းကလေးကလည်း နည်းနည်းတော့ လွန်တယ်...."ချောင်ရှင်းပြောလိုက်ပြီး "ကွာရှင်းတယ်ဆိုတာက အဲ့လိုကြီး ကွာရှင်းလိုက်လို့ မရဘူးလေ....."
"ကဲပါ နင်တို့နှစ်ယောက် အရေးမပါတာတွေ ပြောမနေကြနဲ့တော့.... ကိုယ့်ကိစ္စကို အာရုံစိုက်ထားကြ... သူများအကြောင်းတွေးပြီး စိတ်ပူမနေကြနဲ့...."
"ဟုတ်... ဒေါက်တာလီ...."
လူနာ လိုက်လံ စစ်ဆေးပြီးနောက် သုံးယောက်သား နားနေခန်းသိူ့ ပြန်ရောက်လာကာ နေ့လည်စားစားလိုက်ကြ၏။
ကလင် ကလင် ကလင်
စားသောက်နေစဉ် အတွင်း လင်းရီဖုန်းသံမှာ မြည်လာခဲ့ပြီး လျန်ရူရွှယ်မှ ဖုန်းဆက်လာလေသည်။
"မွန်းလွဲနှစ်နာရီကျရင် ကျိုးဟိုင် ဆေးဝါးထိန်းချုပ်ကွပ်ကွဲရေးစင်တာမှာ အစည်းအဝေး ရှိမယ်နော်... နင် နောက်မကျစေနဲ့...."
"ကောင်းပြီ....."
ဖုန်းချပြီးနောက် လင်းရီ မွန်းလွဲတစ်နာရီထိုးနေပြီဖြစ်ကြောင်း သတိထားမိသွားပြီး သူ၏ နေ့လည်စာကို လက်စသတ်ကာ "ဒေါက်တာလီ... ကျုပ်နေ့လည် လုပ်စရာလေးတွေ ရှိလို့ ဒေါက်တာတို့နဲ့ မလိုက်တော့ဘူးနော်...."
"အင်း... သွားလေ...."
မွန်းလွဲ 1:50 ထိုးသည့် အချိန်တွင် လင်းရီ ကားကို CDC ၀င်ပေါက်၌ ပါကင်ထိုးလိုက်သည်။
လျန်ရူရွှယ်မှာ သူ့ကို စောင့်နေပြီးဖြစ်၏။
"နင် စားပြီးခဲ့ပြီလား...."
"အေး စားရင်းတန်းလန်း ပြေးလာခဲ့တာ...."
"ငါနင့်ကို ညစာ လိုက်ကျွေးမယ်လေ... နင်မှာချင်တာမှာလိုက်.... အစားပြန်ပေးတယ်လို့ သဘောထားလိုက်ပေါ့...."
"ငါ့ ဖင်ကြီးကိုပဲ အစားပြန်ပေးလိုက်တော့...."
"အတည်ကြီးလား.... ခု ရောက်နေတာက CDC မှာနော်....."လျန်ရူရွှယ် မျက်စောင်းထိုးလိုက်၏။ အနှီ လင်းရီမှာ လူအများကြီး ရှိနေသည်ကိုလည်း ပေါက်တတ်ကရတို့ အတော်လေးပြောတတ်၏။
"ဘာလို့လဲ... CDC က ငါတို့ရဲ့ ရိုဆန်တဲ့ စကားလေးတွေကို အားမပေးဘူးတဲ့လား.... ခုမှ ပွင့်သစ်စလေးတွေပါဆိုနေ...."
"လူနားလည်အောင်ပြောစမ်းပါ.... ဘာပေါက်တတ်ကရတွေ လာပြောနေမှန်းလည်း မသိဘူး...."
"သွားစို့ ... အစည်းအဝေးက စတော့မှာ...."လျန်ရူရွှယ် မိန်းမတို့ တတ်ကျွမ်းသည့် အရည်အချင်းထဲမှ ခါးဆွဲဆိတ်သည့် အရည်အချင်းကို ထုတ်သုံးကာ လင်းရီကို ဆွဲခေါ်သွားလေသည်။
"အိုက်ယား... နာတယ်ဟ... မိန်းကလေး မင်းက အရမ်းကြမ်းတာပဲ... ထူးဆန်းတဲ့ ဝါသနာတွေ ရှိနေတာလား....."
"နင့်ဖင်ကြီးပဲ ထူးဆန်းတဲ့ ဝါသနာရှိမှာ.... ပေါက်တတ်ကရတွေ ဆက်မပြောနဲ့တော့... ငါတို့ အထဲရောက်တော့မှာ...."
"မမလျန်...."
လင်းရီတို့ အထဲသို့ လမ်းလျှောက်လာစဉ် တစ်စုံတစ်ယောက်မှ လှမ်းခေါ်သံကို ကြားလိုက်ရ၏။
လှည့်ကြည့်လိုက်သောအခါ အသက်နှစ်ဆယ် ၀န်းကျင်ရှိ ကောင်မလေးတစ်ဦးမှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် ဘေးချင်းယှဉ်၍ လမ်းလျှောက်လာပြီး သူမမျက်နှာထက်တွင်လည်း ကလေးဆန်ပြီး ချိုမြသည့် အပြုံးကို ဆင်မြန်းထားလေသည်။
အမျိုးသားကတော့ အပြာရောင် အစင်းကြောင်းတို့ပါသည့် ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး အနက်ရောင် ဘောင်းဘီနှင့် ပေါ့ပေါ့ပါးပါးသာ ၀တ်ဆင်ထားလေသည်။ သူ၏ ဆံပင်ပုံစံကိုတော့ ၇၀-၃၀ ခွဲထားပြီး ဝါရင့်အမိန့်ပေး စစ်သားကြီး တစ်ဦး၏ဟန်ပန်နှင့် အကြည့်တို့မှာ ထက်ရှနေ၏။
မိန်းကလေးကတော့ မတူညီစွာ လွန်စွာဖက်ရှင်ကျနလှ၏။ အပြင်ဘက်တွင် LV ဂျက်ကတ်နှင့် အထဲတွင် အဖြူရောင်ကော်လံပါသည့် ရှပ်ကို ၀တ်ဆင်ထားသည်။ သူမ၏ ကိုယ်ပိုင် ပစ္စည်းတို့မှာ မကြီးမားသော်လည်း ကြယ်သီး မတပ်ထားသောကြောင့် ရင်ဘက်အလယ်တွင် V ပုံစံအရှိုက်ကို အထင်သား မြင်နေရ၏။
"ရန်ရန် နင်လည်း လိုက်လာခဲ့တယ်ပေါ့...."
ထိုမိန်းမငယ်လေးကို မြင်တော့ လျန်ရူရွှယ် အံ့အားသင့်သွားသည်။ ထို့နောက် ပျော်ရွှင်သည့် အံ့အားသင့်ခြင်းသို့ ပြောင်းလဲသွားလေသည်။
"ဖေဖေက လိုက်ခဲ့ခိုင်းလို့လေ.... သူက ညီမကို ပရော်ဖက်ဆာဝူဆီကနေ သင်ယူခိုင်းချင်နေတာ .... ပြီးတော့ ကူညီနိုင်တာရှိရင်လည်း ကူညီပေးရအောင်လို့တဲ့...."
"ပရော်ဖက်ဆာဝူ...."လျန်ရူရွှယ် ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် မေးမြန်းသံပြုလိုက်သည်။ သူမ ထိုအမည်ကို မကြားဖူးကြောင်း သေချာနေ၏။
"ညီမ မိတ်ဆက်ပေးမယ်...." ရန်ရန်မှ ပြောလိုက်ပြီး "ဒီဦးလေးက ရန်ကျင်း ဟွာရှန့်ဆေးရုံက ဒါရိုက်တာဝူလေ...."
"ပရော်ဖက်ဆာဝူ... ဒါက ကျွန်မရဲ့ အစ်မ လျန်ရူရွှယ် .... သူ့ရဲ့ အထောက်အထားကိုတော့ မိတ်မဆက်ပေးတော့ဘူးနော.... ဘာလို့ဆို ပရော်ဖက်ဆာဝူလည်း သတိထားမိလောက်ရောပေါ့....."
လျန်ရူရွှယ်ကို မိတ်ဆက်ပေးပြီးနောက် ရန်ရန်၏ အကြည့်များက လင်းရီထံသို့ ပြောင်းသွားကာ "ဒီတော့ သူက ဆန်းကြယ်လူကြီး Aပေါ့ ... "
လင်းရီ :"........"
မိတ်ဆက်ပေးတာက ဟုတ်ပါပြီ... ဒါပေမယ့် ဘာလို့ ငါ့အလှည့်ကျမှ ဆန်းကြယ်လူကြီး A ဖြစ်သွားတာလဲဟ....
ငါက နာမည်လေးတစ်ခုတောင် မထိုက်တန်တော့လို့လား....
ဆန်းကြယ်လူကြီး A ဟူသော လင်းရီ၏ နာမည်ပြောင်ကို ကြားတော့ လျန်ရူရွှယ် ခစ်ကနဲ ရယ်မောမိလိုက်သည်။
"သူ့နာမည် မသိဘူးဆို ဘာလို့ ဆန်းကြယ်လူကြီး A ဆိုပြီး ခေါ်လိုက်တာ... အဲ့တာက ဘာအဓိပ္ပာယ်ကြီးလဲ..."
လျန်ရူရွှယ် ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း ပြောဆိုလိုက်၏။
"ဘာလို့ဆို အဲ့တာက ဘိုးဘိုးလျန် ခေါ်တဲ့ နာမည်လေ... ဒီတော့ ညီမလည်း အဲ့လို လိုက်ခေါ်လိုက်တာ...."
လင်းရီ "....."
ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ မေးခွန်း သင်္ကေတတတို့ ပြည့်နှက်သွားသည်။
ဒီတော့ လျတ်ရူရွှယ်ရဲ့ အဘိုးလုပ်တာနဲ့ ငါ့ ဒီနာမည်ကြီး တွင်သွားတာပေါ့.....
"ငါတော့ အထင်ကြီးမိသွားပြီ...." လျန်ရူရွှယ် သူမ မျက်လုံးလှိမ့်လိုက်ပြီး "သူ့နာမည်က လင်းရီတဲ့... ပြီးတော့ အစ်မရဲ့ သူငယ်..အဲလေ သူငယ်ချင်း...."
"လင်းရီ.... သူမကကျ ငါ့ရဲ့ ညီမလေး ချိန်ရန်.... သူ့ရဲ့ အဖေကကျတော့ အဘိုးရဲ့ အချစ်ဆုံး တပည့် .... ငါတို့ ညီအမတွေက အတူကြီးပြင်းခဲ့ကြတာလေ.... ငယ်ငယ်က ဆော့ဖော်ဆော့ဖက်တွေပေါ့...."
"ဒီတော့ သူ့နာမည်က လင်းရီပေါ့...."ချိန်ရန် အဓိပ္ပာယ်ပါပါဖြင့် ခေါင်းညိမ့်လိုက်ပြီး "ဒီသတင်းကို ဘိုးဘိုးကြီးဆီ ပြန်ပြောပြမှ ဖြစ်မယ်....."
"နင်က ဒီမှာ စစ်တပ်ကိုယ်စား စုံထောက်လာလုပ်နေတယ်ပေါ့......."
"အဲ့လို မပြောရဘူးလေ...."
"ညီမက မမလျန်ကို အမှောင်ထဲကနေ အပေါ်ရောက်အောင် လုပ်ပေးနေတဲ့ သူက ဘယ်သူလဲဆိုတာ သိချင်မိရုံလေးပါ...."
"ဘာတွေ လာပြောနေတာ ... တကယ်တည်း... နင်ပြောလိုက်မှဖြင့် သူများကြားရင် အထင်တွေ လွဲကုန်တော့မယ်...."
ထိုသို့ ပြောပြီးနောက် လျန်ရူရွှယ် သူမလက်ကို ဝူတောက်လျန်ထံ ဆန့်တန်းကာ "အားနာလိုက်တာ....ပရော်ဖက်ဆာဝူကို အနှောင့်ယှက် ပေးမိပြီ....."
"ဒါတွေက ကျုပ်လုပ်သင့်လုပ်ထိုက်တာတွေပါ.... မြို့တော်၀န်လျန်က ယဉ်ကျေးလွန်းနေပါပြီ....."
"ကောင်းပြီ... အချိန်လည်း မစောတော့ဘူးဆိုတော့ အထဲ၀င်သွားကြရအောင်... သူများတွေကို စောင့်ခိုင်းလို့ ဘယ်ကောင်းမှာ....."
အချင်းချင်း မိတ်ဆက်ပြီးနောက် အုပ်စုမှာ အထဲသို့ လျှောက်လာခဲ့ကြ၏။
သူတိူ့ ဝူတောက်လျန်၏ အထောက်အထားကိုလည်း ထည့်တွက်ရမည် ဖြစ်သောကြောင့် ချိန်ရန် လျန်ရူရွှယ်တို့နှင့် အတူမသွားပဲ ဝူတောက်လျန်နောက်မှ လိုက်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် သူမ LV ဂျက်ကတ်ကိုလည်း ကြယ်သီးတပ်လိုက်၏။ ။
"နှမြောဖို့ ကောင်းလိုက်တာကွာ...."
"ဘာတွေ နှမြောဖို့ ကောင်းနေတာ ..."
"ကြယ်သီး ပြန်တပ်လိုက်ပြီလေ...."
"ဟွန့် နင့် မျက်လုံးတွေနော်...."လျန်ရူရွှယ် လင်းရီကို မျက်စောင်းထိုးလိုက်၏။
"ကျားသစ်မကြီး...."
လျန်ရူရွှယ် :"......."
နင် နည်းနည်းလေး အလေးအနက်ထားလို့မရဘူးလား....
"အဲ့ဒီလောက် သေးတာကို နင်က မျက်စိ အရသာ ခံနေသေးတယ်ပေါ့....."
"မင်းရဲ့ ပစ္စည်းလောက်တော့ မကြီးဘူးဆိုတာ မှန်တယ်... ဒါပေမယ့် မင်းက တင်းကျပ်နေအောင် ပိတ်ထားတာလေ.... လုံး၀ မမိုက်ဘူး.... သူ့(မ)ကိုကြည့်လိုက်စမ်း... သေးတယ်ဆိုပေမယ့် ရိုးသားမှုအပြည့်နဲ့ ... ဒါကမှ ဟွာရှန့်တွေ ဧည့်သည်ကို ဘယ်လို ဆက်ဆံတယ်ဆိုတာပဲ....."
" ဘယ်လိုလောဂျစ်ကြီးလဲ.... ဟွာရှ တစ်ပြည်လုံးမှာ နင်တစ်ယောက်တည်း အဲ့လိုစဉ်းစားနေလိုက်....."
"ဒါပေမယ့် ငါနင့်ကို ကြိုသတိပေးလိုက်မယ်နော်....ငါ့အဘိုး ပြောထားတာတော့ ဆရာကြီးတစ်ယောက်လာမယ်တဲ့... အဲ့တာကလည်း ဒါရိုက်တာဝူ ဖြစ်လောက်တယ်....ဟိုကောင်မလေး ချိန်ရန် ကိုတော့ ထည့်မပြောသွားဘူး... အဲ့ကောင်မလေးက အမှားရှာတာ အရမ်းတော်တာ...သူနင့်ကို သေချာပေါက် ခက်ခဲအောင် လုပ်မှာပဲ..."
"ဟမ်.... အဲ့လိုဆို သူက ဟွာရှန့်ဆေးအကြောင်း နားလည်တယ်ပေါ့...."
"အင်း.... ရန်ကျင်း ဟွာရှန့် တိုင်းရင်းဆေးတက္ကသိုလ်က ပထမနှစ်လေ.... "
"လခွမ်းပဲပေါ့.... သူ့ကြည့်တော့ဖြင့် ဟွာရှန့်ဆေး လေ့လာနေတဲ့သူလို့လည်း မထင်ရဘူး...."
"နင်ခု ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ....."
"အင်း.... အားရင် ကော်ဖီတစ်ခွက်လောက် ဖျော်ခိုင်းဖို့ စဉ်းစားထားတယ်....."
လျန်ရူရွှယ် :"........"
မကြာမီ အုပ်စုမှာ CDC ၏ အသည်းအဝေး ခန်းထဲသို့ ရောက်လာခဲ့ကြ၏။
ထိုအခိုက်အတန့်တွင် အစည်းအဝေး ခန်းထဲ၌ လူဆယ်ဦးထက်မနည်း ထိုင်နေကြပြီး အားလုံး၏ ဆံပင်တို့မှာ ဖြူဖွေးနေကြချေပြီ။ ထိုအထဲမှ လင်းရီ မျက်နှာရင်းနှီးနေသူကတော့ ကျောက်တုန်းမေ ဖြစ်၏။
လျန်ရူရွှယ်နှင့် ဝူတောက်လျန် ၀င်လာသည်ကိုမြင်တော့ လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။
လျန်ရူရွှယ်၏ အထောက်အထားကို သူတိူ့ မသိကောင်း မသိနိုင်သော်လည်း ဝူတောက်လျန်ကတော့ ဟွာရှန့်ဆေးနယ်ပယ်တွင် ထိပ်ဆုံးမှရပ်တည်နေသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်၏။ ကျောက်တုန်းမေပင်လျှင် သူ့ကို ဒါရိုက်တာဝူဟု ရိုကျိုးစွာ ခေါင်းစဉ်တပ်ရလေသည်။
ရိုးရှင်းစွာ မိတ်ဆက်ပြီးနောက် လူတိုင်း ထိုင်ခုံသို့ ပြန်ထိုင်လိုက်ကြ၏။ လျန်ရူရွှယ်မှ "ဒီနေ့ အစည်းအဝေး ပြုလုပ်လိုက်ရတဲ့ ကြောင်းအရင်းကတော့ ကိစ္စတစ်ချို့ ဆွေးနွေးဖို့ပဲ... လူတိုင်းက ကိုယ့်ရဲ့ အမြင်တွေကို ဖော်ထုတ်ပြီးတော့ လမ်းညွှန်မှုအတွက် ဆေးညွှန်းအသစ်တွေ ပေးနိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်.... ကျွန်မတို့ဒီနေ့ အရေးကြီးတဲ့ အနောက်တိုင်း ဆေးဝါးနေရာမှာ ဟွာရှန့်ဆေးဝါးတွေကို အစားထိုးဖို့ ကြိုးစားဖန်တီးကြမှာပဲ ဖြစ်ပါတယ်.... "
လက်တွေ့တွင်တော့ ယနေ့ အစည်းအဝေးပွဲမှာ ဆေးဝါးအသစ်များအတွက် ဆေးပညာရှုထောင့်မှ ဖြစ်နိုင်ချေများကို ဆွေးနွေးတိုင်ပင်ရန်ပင်။
"ကောင်းပြီ...."
"သဘောတူတယ်...."
လူတိုင်း သဘောတူညီစွာ ခေါင်းညိမ့်လိုက်ကြသည်။ သူတိူ့အားလုံး လျန်ရူရွှယ်၏ ရည်ရွယ်ချက်ကို ထွင်းဖောက်မြင်နိုင်သည်အထိ ပါးနပ်ကြသည်။ ဤဆွေးနွေးပွဲမှာ သာမန် ဆွေးနွေးပွဲလေးပင်။ သူတိူ့လုပ်ဖို့ လိုအပ်သည်က 'မင်းနေကောင်းလား' ၊ 'ငါနေကောင်းတယ်' ၊ 'အားလုံး နေကောင်းကြတယ်မလား' ၊ အပိုစကားတို့ သိပ်မပြောပဲ မည်သည့် ငြင်းခုန်မှုတို့မျှ ပြုလုပ်ရန် မလိုအပ်ချေ။ နောက်ဆုံးတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် အဆုံးသတ်ရမည့် အစည်းအဝေးပွဲဖြစ်၏။
အစည်းအဝေးပွဲမှာ စတင်ချေပြီ။ လေထုအခြေအနေမှတော့ ယမန်နေ့ ညှိနှိုင်းဆွေးနွေးပွဲကထက် အများကြီး ပိုကောင်းနေပြီး တစ်ချိန်တည်းတွင် ပရိုဂျက်တာစခရင်ပေါ်၌ ဆေးညွှန်းတစ်ခု ပေါ်လာခဲ့၏။ ibuprofen နေရာတွင် အစား၀င်မည့် ဟွာရှန့်ဆေးညွှန်းက နေရာယူထားလေသည်။
"မစ္စတာလင်း.... ကျွန်မ ဒီဆေးညွှန်းရဲ့ ဇစ်မြစ်ကို သိချင်တယ်.... ကျွန်မနဲ့ ကျန်တဲ့ ကျွမ်းကျင်သူတွေကို ရှင်းလင်းပြီး ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တစ်ခု ပေးလို့ရမလား...."
ချိန်ရန်မှ ပထမဦးစွာ မေးခွန်းထုတ်လာလေသည်။ သူမ၏ အမူအရာမှာ စောနကလို ပေါ့ပျက်ပျက်ကလေးမဆန်တော့ပဲ လေးနက်တည်ကြည်နေ၏။
"မဟာဆေးကျမ်းကလေ...."
ချိန်ရန်မှ ယခုလို လေးနက်စွာ စတင်မေးခွန်းထုတ်လာမည်လို့ လင်းရီ မျှော်လင့်မထားချေ။
ကြည့်ရသလောက်တော့ ဤကောင်မလေးမှာ ကိုင်တွယ်ဖို့ ခက်ခဲမည့်ပုံပင်။
လျန်ရူရွှယ်ကတော့ ဘေးတွင် ကျော့ရှင်းစွာထိုင်နေသည်။ အကယ်၍ ယနေ့ ချိန်ရန်သာ ရောက်မလာပါက ယနေ့ အစည်းအဝေးပွဲမှာ လက်ဖက်စားရင်း ပြီးဆုံးသွားမည့် ဆွေးနွေးပွဲဖြစ်၏။
သိူ့သော်လည်း သူမရောက်လာပြီဆိုမှတော့ လင်းရီတွင် ကိုယ်တွယ်ဖို့ နည်းလမ်းတစ်ခုတော့ ရှိသင့်လေသည်။ သူမဘက်မှလည်း ကြိုတင်သတိပေးပြီးဖြစ်၏။
"ဒါပေမယ့် မဟာဆေးကျမ်းက ပျောက်ဆုံးနေခဲ့တာ အတော်လေးကြာနေပြီလေ... ကျမ်းတွဲရဲ့သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ ကျန်ခဲ့တော့တာ... ရှင် အဲ့တာကို ဘယ်က ရခဲ့တာလဲ...."
"ကျုပ် အဘိုးဆီကနေ အမွေရထားတာ... အသေးစိတ်တော့ ကျွန်တော်လည်း ရှင်းပြလို့မရဘူး... တကယ်လို့ မိန်းကလေးချိန်က မေးခွန်းထုတ်ချင်နေတယ်ဆို ကျုပ်သူ့ကို ဒီည ခေါ်ပေးမယ်လေ.... "လင်းရီ ပြောလိုက်သည်။
"အဲ့တာဆို ဘာလို့ ခုမခေါ်လိုက်မှာ... ကျွမ်းကျင်သူတွေ အားလုံးက ဒီရောက်နေတော့ ပိုပြီး ဆွေးနွေးရ လွယ်ကူသွားတာပေါ့....."
"ခုလာလို့ မသင့်တော်ဘူးလေ....."
"ဘာလို့ မသင့်တော်ရမှာ... ရှင် ညာပြီး ပြောနေတာလား....မစ္စတာလင်း ရှင် ဒီကိစ္စကို အလေးအနက် ထားမယ်လို့ ကျွန်မမျှော်လင့်တယ်... ခုက ကလေးကစားနေတာမဟုတ်ဘူး...."
ချိန်ရန်မှာ လွန်စွာ မာန်ပါတက်ကြွလျက်ရှိ၏။ သူမ၏ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို တစ်ကန့်စီ ထားထားလေသည်။
လျန်ရူရွှယ်၏ အမူအရာမှာ ခါးသီးနေပြီး ရင်ဘက်ထဲတွင်တော့ "နင် စောင့်နေစမ်း....အစည်းအဝေးပြီးတော့မှ ခပ်ဆတ်ဆတ်လေး ရိုက်ပစ်ဦးမယ်...."
"ဒီလို အရေးကြီးတဲ့ ကိစ္စကို ညာစရာ ကျုပ် အကြောင်းမရှိဘူး.... ကျုပ်အဘိုးက ရှေးနှစ်ပေါင်း သုံးဆယ်ကတည်းကနေ ကွယ်လွန်သွားခဲ့ပြီးသား....ဒီတော့ နေ့ဘက်ကြီး သူ့ကို ခေါ်လို့ ဘယ်သင့်တော့မှာ...."
လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ခုချိန် ထွက်လာမယ်ဆိုရင် ယမမင်းကြီးကို ခွင့်တိုင်နေရဦးမှာ... ခုတလော ငရဲကမ္ဘာမှာ ဒီလို ခိုးထွက်တဲ့ ကိစ္စတွေကအရမ်း တင်းကြပ်နေတာလေ.... ဒါကြောင့်မို့ ညနေ သူအလုပ်ဆင်းတဲ့အချိန်မှ ဆက်ပြောကြတာပေါ့....”