← Chapters

ကျောက်တုံးထုတဲ့တူကြီးနှင့် မြေပဲအခွံခွာဖို့ ကြိုးစားခြင်း

Vol. 29 Ch. 425

ကျောက်တုံးထုတဲ့တူကြီးနှင့် မြေပဲအခွံခွာဖို့ ကြိုးစားခြင်း

Vol. 29 Ch. 425

အာ....

အစည်းအဝေးခန်းထဲရှိ လူတိုင်း ရယ်ချင်စိတ်ကို မျိုသိပ်ထားကြရ၏။

မြို့တော်၀န်လျန် ခေါ်ခဲ့တဲ့ လူငယ်လေးက တကယ်ကြီး တခြားသူတွေနဲ့ ကွဲပြားတာပဲဟ....

ကောင်မလေး ချိန်ရန်ကတော့ ဒီလိုအခြေအနေမျိုးကို မျှော်လင့်ထားလောက်မှာ မဟုတ်လောက်ဘူး...

ချိန်ရန်လည်း ပြောစရာ စကားတို့ ပျောက်ဆုံးသွားခဲ့ရသည်။

လျန်ရူရွှယ်ကတော့ ကျေနပ်ပီတိ ဖြစ်နေခဲ့၏။ ကြည့်ရသည်မှာတော့ သူမ စိတ်ပူခဲ့သည်မှာ နည်းနည်း အကဲပိုသွားသည့်ပုံပင်။

"အဟွတ် အဟွတ်...."

ချိန်ရန် ချောင်းဟန့်ရင်း တည်ငြိမ်ဟန်ဆောင်ကာ "မစ္စတာလင်း... ရှင်ပိုပြီး အလေးအနက်ထားသင့်တယ်... ကျေးဇူးပြုပြီး ကျွန်မမေးခွန်းကို သေချာလေးဖြေပေးပါ...."

"အမွေအနှစ်ဆိုတာမျိုးက လေထဲကနေ ပဉ္စလက်ပြသလိုမျိုး ထုတ်ပြလို့မရဘူးလေ... မိန်းကလေးက မဖြစ်နိုင်တာကြီးကို တောင်းဆိုနေတာပဲ...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ပြီးတော့ ဒီမေးခွန်းက ဆွေးနွေးပွဲနဲ့လည်း မသက်ဆိုင်ဘူး... ဘာလို့ အာရုံစိုက်နေမှာလဲ... ဟုတ်တယ်မလား...."

လင်းရီ၏ အဖြေက ချိန်ရန်ကို ပို၍ ကူကယ်ရာမဲ့သွားစေသည်။

'သူငါ့ကို ကထိကပါး လုပ်နေတာလား....'

'အစ်မလျန်ရဲ့ D cup ကို မြင်ပြီးတော့ ငါ့ရဲ့ B cup က လုံလောက်အောင် မကောင်းတော့လို့လား....'

'D cup ဖြစ်ဖို့ဆိုတာကလည်း အရင်ဆုံး B cup ပြီးမှလေ...နင် ဒီအလှလေးရဲ့ ဆွဲဆောင်မှုတွေကို ငြင်းပယ်ဖို့ မကြိုးစားနဲ့....'

သို့တိုင်အောင် လင်းရီအနား၌ သင်းပျံ့နေသည့် ချောမောခန့်ညားမှု အော်ရာတို့မှာ ပျိုပျိုတို့ အဖို့တောင့်ခံဖို့ရာ ခက်ခဲလှကြောင်းတော့ ၀န်ခံရပေမည်။

မကြာမီ ချိန်ရန် တည်ငြိမ်သွားပြီး သူမ၏ အတွေးစိတ်ရိုင်းတို့အား တခဏ ဘေးချိတ်ထားလိုက်၏။

"ဒီရဲ့ ဆေးညွှန်းထဲမှာ သာမန်ဆေးပင် ကိုးမျိုးနဲ့ တန်ဖိုးကြီး ဆေးပင် ဆယ့်ခုနစ်မျိုး ပါတယ်... ဒီလို ဆေးအစီအစဉ်မျိုးကို ဟွာရှန့်တိုင်းရင်းဆေးတွေမှာ ကျွန်မ တစ်ခါမှ မမြင်ဖူးသေးဘူး..."ချိန်ရန် ပြောလိုက်ပြီး "ဓာတ်ခွဲခန်းထဲမှာတော့ ဆေးညွှန်းက ကောင်းရင် ကောင်းနေလိမ့်မယ်... ဒါပေမယ့် လူနာကို စမ်းသပ်ကုသကြည့်မယ် ဆိုရင်တော့ ပိုပြီး ဂရုစိုက်ဖို့ လိုတယ်နော်... ဒီရဲ့ ဆေးညွှန်းက အဆင်ပြေတယ်ဆိုတာ ရှင် သေချာပြီလား.... "

လင်းရီ ခေါင်းခါရမ်းလိုက်၏။

လျန်ရူရွှယ်၏ ထက်ရှသည့် အသိမှာ ယင်းလှုပ်ရှားမှု အသေးစားလေးကို သတိပြုမိသွားပြီး လင်းရီမှ တန်ပြန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ပြောပြနေလေသည်။

"တကယ်တော့ ကျွန်တော့်အထင် လက်တွေ့မှာ အဆင်ပြေတယ်ဆိုရင် ဘာသုတေသနမှ လုပ်နေစရာမလိုဘူးလို့တော့ ထင်တာပဲ...."

လင်းရီ ပြောလိုက်ပြီး

"မိန်းကလေးပြောတာ ဒီလို ဆေးညွှန်းမျိုးက ဟွာရှန့်ရိုးရာဆေးကုသနည်းတွေမှာ မရှိခဲ့ဖူးဘူးလို့ ပြောတယ်နော်... ကျုပ်အထင်တော့ ဆေးညွှန်းက ပြဿနာမရှိဘူး... မိန်းကလေးရဲ့ အတွေးအခေါ်တွေကပဲ ပြဿနာရှိနေတာ....."

"ရှင်ဘာပြောချင်နေတာ....."

"ဘာက ရိုးရာနည်းလမ်းကျတာလဲ.... ဘာက ရိုးရာနည်းလမ်းမကျတာလဲ.... စာအုပ်ကြီးထဲမှာပါမှ ရိုးရာနည်းလမ်းကျတယ်လို့ သတ်မှတ်မှာလား....ကိုယ်တိုင် လေ့လာပြီး ဆန်းသစ်ထားတဲ့ ဆေးညွှန်းကျတော့ ရိုးရာနည်းလမ်းမကျတော့ဘူးလား..... ကျုပ်အထင်တော့ ဒီလို အငြင်းပွားတဲ့ ပုံစံကြီးက သမာရိုးကျ မဟုတ်ဘူးလို့တော့ ထင်တာပဲ...."

"ဟွာရှန့်တိုင်းရင်းဆေးက ကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့တယ်လို့ ဆိုကြတယ်....ဒါပေမယ့် ကျုပ်အမြင်ကတော့ လက်ရှိ ဟွာရှန့်ဆေးသုတေသန‌တွေက စာအုပ်ကြီးထဲကနေကို ဖောက်မထွက်နိုင်သေးဘူး.... ဟွာရှန့်လူမျိုးတွေ ပြောနေတာနဲ့ တခြားစီပဲ .... "

"လက်ရှိ အနောက်တိုင်း ဆေးပညာ ဆင့်ကဲပြောင်းလဲမှုရဲ့ နောက်ကွယ်ကို ကြည့်လိုက်မယ်ဆိုရင် သွေးတွေ မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ နောက်ခံသမိုင်းကြောင်းကို မြင်ရလိမ့်မယ်.... မေ့ဆေးမရှိပဲနဲ့ သွားနှုတ်တာတွေ...ဦးခေါင်းခွံ ခွဲစိတ်မှုပြုတာတွေ....အစိတ်အပိုင်း ဖြတ်တောက်တာတွေ.... အားလုံး အဆင်ပြေပြေနဲ့ပဲ... ဆင့်ကဲ့တိုးတက်လာတာက အလောင်းတွေ တောင်လိုပုံပြီးမှ တိုးတက်လာတယ်လို့ ပြောရင်တောင် ချဲ့ကားရာမကျဘူး.... ဒါပေမယ့် ကျုပ်တို့ ဟွာရှန့် တိုင်းရင်းဆေးကတော့ ဒီတိုင်း ဒုံရင်းက ဒုံရင်းပဲ... ဘာမှတိုးတက်လာခြင်းလဲမရှိဘူး... ဒါက ကျုပ်တို့ ဟွာရှန့်တိုင်းရင်းဆေးနယ်ပယ်အတွက်တော့ ၀မ်းနည်းဖွယ်ရာပဲ....."

"မိန်းကလေးက ဆေးညွှန်းရဲ့ ဇစ်မြစ်နဲ့ အန္တရာယ်ကင်းမှုကို သံသယရှိနေတယ်ဆိုတာ မှန်တယ်... ဒါက ဆေးဝါးနဲ့ သုတေသနပညာရှင်တွေမှာ ဖြစ်လေ့ရှိတဲ့ လက္ခဏာပဲ.... ဒါပေမယ့် အဲ့ဒီသံသယတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက လက်တွေ့လေ့လာစမ်းသပ်စစ်ဆေးမှုပြုတာပဲလေ.... ဒီလို စကားပြောပြီး အန္တရာယ်ရှိမရှိ ဆွေးနွေးနေလို့ကတော့ အလကားပဲ....."

"ကျုပ်တို့သာ အစဉ်အလာကို အစွဲထားနေမယ်ဆိုရင် ထွက်လမ်းရှိမှာ မဟုတ်ဘူး.... ခင်များတို့က အဲ့ဒီအစဉ်အလာ ဆိုတာကြီးကို မျိုးဆက်တွေ အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတော့ မှားမှာကို စိုးရိမ်နေကြပြီ....စွန့်စားရမှာကို ကြောက်ရွံ့နေကြပြီ.... လက်ရှိ အခြေအနေနဲ့ပဲ တင်းတိမ်နေကြတော့တာ.... အဲ့လို စိတ်ဓာတ်မျိုးရှိနေမယ်ဆိုရင်တော့ ဟွာရှန့်ဆေးနယ်ပယ်ကို တစ်ခေတ်ဆန်းဖို့ မပြောနဲ့... မယုတ်လျော့အောင်ပဲ ဂရုစိုက်လိုက်ကြဦး.... ကျုပ်ကတော့ ဒီဆေးညွှန်းကို လက်တွေ့ လေ့လာစမ်းသပ်ပြီးတော့ အကျိုးအာနိသင်ကို အချက်အလက်တွေနဲ့တကွ သက်သေပြနိုင်မယ်လို့ မျှော်လင့်တယ်.... မဟုတ်ရင်တော့ ကျုပ်ဘာကျုပ် အာပေါက်အောင် ရှင်းပြနေလည်း ဘာမှအသုံး၀င်မှာမဟုတ်ဘူး....."

ထိုသို့ပြောပြီးနောက် လင်းရီ မတ်တပ်ရပ်လိုက်ပြီး အေးစက်သည့် အမူအရာဖြင့် အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့သည်။

သူ့ဘက်မှ ပြောစရာရှိသည်များကိုတော့ ပြောဆိုပြီးဖြစ်၏။

လင်းရီ ထွက်ခွာသည်ကိုမြင်တော့ လျန်ရူရွှယ်လည်း လိုက်ထွက်ခဲ့လိုက်သည်။ လက်ရှိသူမ၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေလေသည်။

'ဒီရဲ့ ဆွေးနွေးပွဲကြီးကိုက ထူးဆန်းနေတာ....'

လင်းရီ စကားအများကြီး ပြောခဲ့သော်လည်း သူ၏ ဆိုလိုရင်းကို သူမနားမလည်ချေ။

သို့တိုင်အောင် အစည်းအဝေးခန်းထဲရှိ ချိန်ရန်အပါအ၀င် လူတိုင်းမှာတော့ အတွေးနက်နေကြလေသည်။

အထူးသဖြင့် လင်းရီ နောက်ဆုံးပြောဆိုသွားသည့် စကားလုံးများမှာ သူမတို့ကို ရုတ်ချည်း လန့်နိုးသွားစေခဲ့သည်။

အစဉ်အလာကို လိုက်နာနေတာက သူမတို့အတွက် ထွက်လမ်းမရှိဘူး...

ဟွာရှန့်ဆေးက အဓွန့်ရှည်လာတာ နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ....

သူမတို့ဘက်က ဆန်းသစ်နိုင်တာ ဘာတစ်ခုများ ရှိလို့လဲ.....

အားလုံးတစ်ညီတစ်ညွှတ်တည်း မေးခွန်းထုတ်မိသွားကြသည်။

သို့သော်လည်း အဖြေမှာ ခါးသီးဖွယ်ရာဖြစ်သောကြောင့် သူမတို့ ပြန်မဖြေဝံ့ကြပေ။

"လင်းရီ နင်ဘာလို့ ထွက်လာခဲ့တာ...."

လှေကားထစ်နားတွင် လျန်ရူရွှယ် ဆွဲပြီး လင်းရီကို ဘေးသို့ ခေါ်သွားလိုက်၏။

"ကျုပ် ပြောချင်တာတွေ ပြောပြီးပြီလေ.... ဒါပေါ့... ထွက်သွားရမှာပေါ့ဟ....."

"နောက်ထပ် စကားနည်းနည်းလောက် ထပ်ပြောလိုက်ရင် ပိုမကောင်းဘူးလား...."

"မင်းနားမလည်ပါဘူးကွာ.... ဟန်ကိုယ့်တယ်ဆိုတာကလည်း ထုံးနည်းမှန်မှန်နဲ့ စကေးရှိဖို့လိုတယ်.....အသားမွှေကြော်သလိုမျိုးပဲ.... အပူကို သေချာထိန်းချုပ်ထားနိုင်ရမယ်.... မဟုတ်ရင် မကျက်တာ ဒါမှမဟုတ် အကျက်လွန်တာတွေ ဖြစ်သွားနိုင်တယ်....."လင်းရီ ရှင်းပြလိုက်ပြီး "မင်းလိုပဲလေ.... ဟော့ဒီအရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက် ကောက်ကြောင်းတွေက လုံး၀ ဘေးလန့်စ်ပဲ.... နည်းနည်းလေး လျော့တာပဲဖြစ်ဖြစ် ပိုသွားတာပဲဖြစ်ဖြစ် ကြည့်မကောင်းတော့ဘူး....."

"ဆွေးနွေးပွဲအကြောင်း ပြောတာကနေ ဘယ်လိုလုပ် ငါ့ဘက်လှည့်လာခဲ့တာ...."

လျန်ရူရွှယ် ထိုသိူ့ ပြောလိုက်သော်လည်း သူမစိတ်ထဲတွင်တော့ ကြည်နူးသွားခဲ့၏။

ဒါ လင်းရီက သွယ်ဝိုက်ပြီး ချီးမွမ်းလိုက်တာပဲ မဟုတ်လား....

"တကယ်တမ်းကျတော့ကွာ....ပြောခဲ့တာတွေက လုံလောက်နေပြီးသား.... တကယ်လို့ ပိုလျှံပြီး ပြောလိုက်မယ်ဆိုရင် ကောင်မစုတ်လေး ချိန်ရန်က လွန်လွန်ကဲကဲ တုံ့ပြန်လာတော့မှာ.... "

"ငါဘာလို့ သူတို့ကို လေးလျံပေါင်တစ်သောင်းပေးပြီး ရှုပ်ထွေးအောင် မလုပ်လိုက်လဲ...... အဲ့လိုဆိုရင် ငါက ပိုပြီးတောင် ဆန်းကြယ်တဲ့ပုံစံ ဖြစ်သွားဦးမယ်...."

"လေးလျံ ပေါင်တစ်သောင်း ..... "

"အင်း လက်ရှိ ချိန်ရန်ရဲ့ အရွယ်အစားနဲ့ကျ အသား လေးလျံလောက်ဆို လုံလောက်နေပြီလေ....ကျင်းကူးပန့်(ဝူခုန်းကိုင်တဲ့တုတ်)ကြီးကျတော့ ပေါင်တစ်သောင်းကျော် လေးတယ်.... "

[ TN - 万斤拨四两 - ဆိုလိုချင်တာက လေးအောင်စလောက်ပဲ လိုအပ်တာကို ကတ်တီတစ်သောင်း အသုံးပြုတာပါ။ ဒါပေမယ့် ဒီနေရာမှာကျတော့ နည်းနည်း dark ဆန်ဆန် တွေးကြည့်မှရမှာ။

လိုဏ်ခေါင်းကျဉ်းကျဉ်းလေးထဲကို ရထားအကြီးကြီး တိုး၀င်နေတာကို ပြေးမြင်လိုက်ဗျာ... )

"ငါ့ရဲ့ ရာထူးကို ထောက်ထားပြီးတော့ နင်စကားကို တည်တည်တံ့တံ့ ပြောပေးလို့မရဘူးလား... ငါတောင်းဆိုနေတာပါနော်...."

"မင်းဘာမှ တွေးပူနေစရာမလိုဘူး..... ရလဒ်ကိုပဲ စောင့်ကြည့်နေလိုက်...."လင်းရီ ရယ်မောလိုက်ပြီး

"ငါ ဝူတောက်လျန်ကိုပါ အရူးလုပ်လိုက်နိုင်တာကို မင်းမမြင်လိုက်ဘူးလား....ငါတော့ ခု အနေအထားကို အတော်လေး ကျေနပ်တယ်...."

သာမန် ဆွေးနွေးပွဲလေးဖြစ်သောကြောင့် လျန်ရူရွှယ်လည်း ဘာမျှ ဆက်ပြောမနေတော့ချေ။ သို့သော်လည်း လင်းရီ ပြောသွားသည့် စကားတို့က သူမကို ငိုရအခက် ရယ်ရအခက် ဖြစ်နေစေသည်။

"အစည်းအဝေးခန်းထဲမှာရှိတဲ့ လူတိုင်းက နယ်နယ်ရရ မဟုတ်ဘူးနော်.... သူတို့က နင်စကားပြောတဲ့ နည်းလမ်းကို နေသားမကျလောက်ဘူးဆိုပေမယ့် အသိစိတ်ပြန်၀င်လာတဲ့ အချိန်ကျရင်တော့ သေချာပေါက် တိတ်ဆိတ်နေတော့မှာ မဟုတ်ဘူး...."

ထိုအချိန်တွင်ပဲ အစည်းအဝေးခန်းထဲမှ လူတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူကတော့ ဝူတောက်လျန်ဖြစ်၏။

"မစ္စတာလင်း.... ခင်များရဲ့ စကားကို နားထောင်လိုက်ရတာက ဆယ်နှစ်လောက် စာပေလေ့လာသိုမှီးနဲ့ ညီမျှတယ်ဗျာ.... ခုလေးတင် မစ္စတာလင်း ပြောသွားတဲ့စကားလုံးတွေက ကျုပ်တို့ ဟွာရှန့်ဆေးနယ်ပယ် တိုးတက်မှုကို နှစ်ပေါင်းများစွာ ကန့်သတ်ထားတဲ့ အတားအဆီးကို ချိုးဖောက်ပေးလိုက်သလိုပဲ.... ကျုပ်က အသက်အများကြီး ကြီးတယ်ဆိုပေမာ့် မစ္စတာလင်းနားကနေ အများကြီး လေ့လာသင်ယူရဦးမယ်ဆိုတာကို ၀န်ခံဖို့ ကျုပ် မရှက်ပါဘူး.... "

လျန်ရူရွှယ် " ...."

လင်းရီ "......"

နှစ်ယောက်လုံး မေးခွန်း သင်္ကေတတို့ဖြင့် ပြည့်နှက်သွားသည်။

'ကျုပ်က ဒီတိုင်း ပါးစပ်ထဲရှိရာ ပြောချထည့်လိုက်တာလေ... ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူး.... လျန်ရူရွှယ်ကို မြှောက်ဖားချင်တယ်ဆိုရင်တောင်မှ ဒါကြီးကတော့ လွန်သွားပြီလေကွာ... ခင်များရဲ့ ကျောင်းတော်သား မာနတွေက ဘယ်မှာလဲ... ဘာလို့ လွယ်လွယ်နဲ့ အလျှော့ပေးလိုက်ရတာလဲ....'

"အစ်မလျန်.... ညီမရဲ့ အနာဂတ်ခဲအိုက တစ်ခုခုတော့ တစ်ခုခုပဲနော်...."

ချိန်ရန်၏ စကားလုံးများကိုကြားတော့ လင်းရီ ပိုလို့ပင် ရှုပ်ထွေးသွားခဲ့သည်။

ဝူတောက်လျန်က ဖိနပ်လျက်ချင်နေလို့ ဒီလိုပြောနေတာ ဟုတ်ပါပြီ... ဒါပေမယ့် ချိန်ရန် မင်းက အဲ့လိုလိုက်လုပ်ဖို့ မလိုဘူးလေကွာ....

ဝူတောက်လျန်နှင့် ချိန်ရန်တို့ အပြင် အခြား ဟွာရှန့်တိုင်းရင်းဆေး ကျွမ်းကျင်သူတို့ကလည်း သူတို့၏ လင်းရီအပေါ် သဘောထား‌ကို အမူအရာအမျိုးမျိုးဖြင့် ဖော်ပြနေလေသည်။

အထူးသဖြင့်တော့ ကျောက်တုန်းမေပင်။ သူမ လင်းရီ၏ လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်ထားပြီး "ကောင်လေး... နင်မဆိုးဘူး... အားရင် ငါ့အိမ်ကို ညစာလာစားလှည့်...."

"အမ်... ဟုတ် ဟုတ်ကဲ့ တီချယ်ကျောက် ....."

လင်းရီ ကြောင်အနေခဲ့၏။

ငါရွတ်ခဲ့တဲ့ ဘယ်စာသားက သူတိူ့ကို ဒီလိုကြီး ပြောင်းလဲသွားစေခဲ့ပါလိမ့်....

သူဘာမျှ မသိတော့ချေ။ သူသိသည်မှာတော့ သူရှုပ်ထွေးနေသည်။

အစည်းအဝေး တက်ရောက်လာသူများကို လိုက်ပို့ပြီးနောက် လင်းရီနှင့် တစ်ချို့သာ ကျန်ရစ်ခဲ့၏။

"ဒါရိုက်တာဝူ ကျွန်မက အိမ်ရှင်ဆိုတော့ ကျိုးဟိုင်ရဲ့ ဒေသထွက် စားစရာတွေကို မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါရစေ...."လျန်ရူရွှယ် ဖိတ်မန္တက ပြုလိုက်သည်။

"ကြင်နာပေးတဲ့အတွက် ကျေးဇူးပါ မြို့တော်၀န်လျန်... ဒါပေမယ့် ကျုပ်ရန်ကျင်းကို မနက်ဖြန် အရောက်ပြန်သွားရဦးမှာ.... အချိန်နည်းနည်း ရှိသေးတယ်ဆိုပေမယ့် ကျုပ်ရဲ့ တီချယ်ဟောင်းကြီးဆီလည်း ၀င်လည်ချင်သေးတယ်.... မလိုက်နိုင်တာကို စိတ်မရှိပါနဲ့...."

"အဲ့လိုဆိုလည်း ကျွန်မ ဒါရိုက်တာဝူကို မတားတော့ဘူး....."လျန်ရူရွှယ် ချိန်ရန်ကို ကြည့်လိုက်ပြီး "နင် ငါနဲ့လိုက်ခဲ့... ငါတို့ လမ်းခဏလောက် ထွက်လျှောက်ကြမယ်...."

"ညီမလည်း သွားရမှာ... ဖေ‌ဖေက ပရော်ဖက်ဆာဝူနောက် လိုက်ရမယ်လို့ မှာထားလို့လေ..."‌ချိန်ရန် ရယ်မောလိုက်ပြီး "ဒါပေမယ့် အစ်မလျန် ညီမကို သေချာပေါက် စောင့်ရမယ်နော်.... ညီမ ရွက်လှေနဲ့ ပင်လယ်ဘက် လေညှင်းခံချင်သေးတယ်.... အဲ့ဒီအတွက်စီစဉ်ပေးပါလားဟင်....."

လျန်ရူရွှယ် သူမနာရီကို ကြည့်လိုက်ပြီး "ခု သုံးနာရီထိုးနေပြီ ဆိုတော့ .... နင်သာ စောပြန်လာရင် မမှောင်ခင် သွားလို့ရသေးတယ်...."

"ပြဿနာမရှိဘူး.... ညီမ‌ကို စောင့်နေလိုက်...."

"အိုကေ ... အဲ့တာ‌ဆို သွားတော့...."

ချိန်ရန်နှင့် ဝူတောက်လျန်ကို လိုက်ပို့ပြီး‌နောက် လျန်ရူရွှယ် လင်းရီကို ကြည့်လိုက်ပြီး "အိုး ဟုတ်သားပဲ.. ငါပြောဖို့ မေ့နေတာ.... ငါ့အတွင်းရေးမှူးက ဒီကနေ့ အဓိကဆေးဝါးကုမ္ပဏီခြောက်ခုက ပို့လိုက်တဲ့ ပစ္စည်းတွေ ကျိုးဟိုင်ကို ဒီည ရောက်မယ်ဆိုပဲ...."

"ငါတို့ အစီအစဉ်အတိုင်း ဆက်သွားနေသရွေ့ အဆင်ပြေတယ်... ‌ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ဟိုဘက်က ကုန်ပစ္စည်း ၆၀ ရာခိုင်နှုန်းလောက်ကို ၃ ရက်အတွင်း ပို့လာလိမ့်မယ်....မင်း ချက်ချင်း လုပ်ဇတ်ခင်းပြီး သူတိူ့ကို အကြောင်းပြချက်ပေးလိုက်မယ်ဆိုရင် ကောင်းမှာ မဟုတ်ဘူး... သူတို့ ကုန်ပစ္စည်းတွေက ပြဿနာရှိတယ်လို့ ပြောပြီးတော့ ခေတ္တ ထိန်းသိမ်းထားလိုက်.... "

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး "နင် အခု ဘယ်လည်း သွားမှာ...."

"ငါ့ရဲ့ ချစ်လှစွာသော လူနာတွေရှိရာ ဆေးရုံပေါ့ကွ....."

"နင် ဒီည အားလား.... အားရင် ငါနဲ့ ရန်ရန်တို့နဲ့ အတူ ညစာစားမယ်ဆိုရင်ကော....."

"ရတာပေါ့... အချိန်ကိုတော့ မင်းပဲ သတ်မှတ်လိုက်....."

ကလင် ကလင် ကလင်

လင်းရီ ထွက်ခွာတော့မည့် အချိန်တွင် သူ့အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။ အမည်မသိ ဖုန်းနံပါတ်ပင်။

"ဟဲလို...."

"ဒေါက်တာလင်း.... ကျုပ်က ဟွာရှန့်ဆေးရုံ ၀င်ပေါက်၀မှာရှိတဲ့ ထျန်းဇီ ဆေးဆိုင်ရဲ့ သူဌေး ၀မ်ကွမ်းဟုန်ပါ....ဒေါက်တာလင်း ဒီည အားမအား သိချင်လို.... အားရင် ကျုပ် ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့ပါ....."

"ဘာကိစ္စ ရှိလို့ ကျုပ်ကို ထမင်းဖိတ်ကျွေးချင်နေတာ....." လင်းရီ မေးလိုက်သည်။

"အထွေအထူးတော့ မဟုတ်ပါဘူး.... ‌ဒေါက်တာလင်းနဲ့ စီးပွားရေးကိစ္စလေး ဆွေးနွေးချင်လို့ပါ...." ၀မ်ကွမ်းဟုန်မှ ပြောလိုက်၏။

"စီးပွားရေးကိစ္စ ဆွေးနွေးချင်တယ်.... ကောင်းပြီလေ... ဆွေးနွေးကြတာပေါ့.... "

"အဲ့လိုဆို ကျုပ် ဆေးရုံဘေးက ဟွာရန့်လုံရဲ့ အခန်း 409 မှာ ဘွတ်ကင် လုပ်ထားပြီးသား.... ညနေ ငါးနာရီကျရင် ဆုံကြမယ်.... "

" အိုကေ... ကျုပ် ညနေ လာခဲ့မယ်...."

"ဘယ်သူလဲ..... နင်က ညနေ ဘယ်လည်းသွားမှာ..... " လင်းရီ ဖုန်းချပြီးနောက် လျန်ရူရွှယ်မှ မေးမြန်းလိုက်၏။

လင်းရီ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး "ဆေးဆိုင် သူဌေးက ငါ့နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးချင်နေတယ်ဆိုပဲ....ဒါက စိတ်၀င်စားဖို့ကောင်းတယ်လို့ မထင်ဘူးလား....”

All Chapters