ငါ့ရဲ့ စိတ်ကောင်းစေတနာတွေကို မင်းနားလည်တာ ကောင်းတယ်...
Vol. 29 Ch. 426
"အဲ့တာဆို နင်က ဘယ်မျက်နှာဖုံးနဲ့ သွားမှာ....."
"နှလုံး အထူးကုနဲ့ လီချူးဟန်ရဲ့ လက်ထောက် ဆိုတဲ့ မျက်နှာဖုံးနဲ့လေ....."
လျန်ရူရွှယ်၏ အမူအရာမှာ လေးနက်သွားပြီး "ဆေးဆိုင် သူဌေးက ဆရာ၀န်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးချင်နေတယ်ဆိုတော့ သေချာပေါက် မရိုးသားဘူး.... ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မှဖြစ်မှာ...."
"ဒီညနေ အတူသွားရအောင်လေ... ငါက အမျိုးသားတွေနဲ့ ထမင်းအတူစားရတာကို နေသားမကျသေးဘူး....ဒီတော့ မင်း အဖော်လိုက်ခဲ့ပေးရင် ပိုကောင်းတယ်...."
" လဲသေလိုက်လေ...."လျန်ရူရွှယ် ချစ်စဖွယ် ပြုံးလိုက်ပြီး "အဖော်လိုက်ပေးဆိုတာက ဘာကို ပြောချင်နေတာ....."
လင်းရီ ပြုံးလိုက်ပြီး "တကယ်လို့ အချိန်မှီရင် ရန်ရန်ကိုပါ ဖိတ်လိုက်.... ငါတို့ သူများနား ဂုန်းသွားဆင်းပြီး ပိုက်ဆံချွေတာလို့ရတယ်....."
"သေချာတာပေါ့.... ငါသူ့ကို မေးကြည့်လိုက်မယ်...."
အချိန်းအချက်ပြုပြီးနောက် လင်းရီ ဟွာရှန်း ဆေးရုံသို့ ပြန်ရောက်လာကာ မနက်ဖြန် လီချူးဟန်နှင့်အတူ ပြုလုပ်မည့် ခွဲစိတ်မှုအတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်လေသည်။
ချောင်ရှင်းမှာ ခွဲစိတ်ခန်း၀င်ရန်အတွက် အရည်အချင်းမပြည့်မှီသော်လည်း လင်းရီနှင့် လီချူးဟန်တို့အတွက် တက်ကြွစွာဖြင့် ခွဲစိတ်ခန်း တန်ဆာပလာတို့ကို ပြင်ဆင်ပေးနေရုံသာမက အသီးများကိုပါ ခွဲစိပ်ပေး၏။
လင်းရီ မျက်စိထဲတွင်တော့ သူမမှာ အလွန်အမင်း ချစ်စဖွယ်ကောင်းနေတော့သည်။
လီချူးဟန်အတွက်တော့ နှလုံးခွဲစိတ်ရမည်မှာ မခက်ခဲချေ။ ခက်ခဲသည်က လူနာ၏ အခြေအနေပင်။ ခွဲစိတ်မှု အောင်မြင်ရေးက သူမလက်ထဲတွင် ရှိမနေချေ။ လူနာ၏ ကံတရား ၁၀ ရာခိုင်းနှုန်းကသာ သူမလက်ထဲတွင် ရှိပြီး ကျန် ၉၀ ရာခိုင်းနှုန်းကတော့ ဘုရားသခင် လက်ထဲ၌ တည်ရှိ၏။
"အစ်ကိုရီ.... ဘာလို့ တခြား ဒါရိုက်တာ သုံးယောက်က အစ်ကို့ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတယ်လို့ ခံစားနေရပါလိမ့်...."
ပစ္စည်းကိရိယာများကို ပြင်ဆင်ရင်း ချောင်ရှင်း လက်ဝါးအုပ်ကာ တီးတိုးပြောလိုက်၏။
"သူတိူ့လား....."
"အွန်း...."
"သူတိူ့ မနက်တုန်းကကျတော့ အစ်ကို့ကို ရန်သူလိုမျိုး ကြည့်နေပြီးတော့မှ ခုကျတော့ သူတိူ့ မျက်လုံးထဲ အကြည့်တွေက ပြောင်းလဲသွားပြီ... ဘာလို့လဲတော့ မသိဘူး.... ထူးတော့ထူးဆန်းတယ်...."
"သာမန်ရိုးကျ ပြောရမယ်ဆိုရင် စိတ်ရောဂါ လက္ခဏာတွေက ပြောရ ခက်ခဲတယ်.... သူတိူ့ကို အာရုံစိုက်မနေနဲ့...."လင်းရီ ငှက်ပျောသီး ကိုင်ရင်း ပြောလိုက်ပြီး "လာလာ .... ဒီငှက်ပျောသီးလေးစားလိုက်....."
"ဟုတ်တယ် တစ်လုပ်တည်း စားပစ်လိုက်....."
"အစ်ကိုရီကလည်း ဖြည်းဖြည်းလေ.... ငှက်ပျောသီးက ကြီးလွန်းတော့ တစ်လုပ်တည်းနဲ့ ဘယ်ကုန်နိုင်မှာ....."
"အဲ့တာဆို နည်းနည်း ပြန်ဆုတ်ပြီး ဖြည်းဖြည်းချင်း သွားလေ....."
လီချူးဟန် ထိုနှစ်ယောက်ကို ဆွံ့အစွာကြည့်ရင်း "ငါတို့က ခွဲစိတ်ဖို့ ဆွေးနွေးနေရမှာနော်.... နင်တို့ နှစ်ယောက်လုံး အလေးအနက် ထားကြစမ်း....."
"လူမြင်ကွင်းမှာ ငှက်ပျောသီး စားတာက ငါတို့ ပုံရိပ်ကို ထိခိုက်စေတယ်.... တော်ပြီ နောက်ခါကျရင် နေရာကောင်းကောင်းလေး ရှာပြီး စားမှဖြစ်တော့မှာ....."
လက်ထဲရှိ ကိစ္စများကို စီစဉ်ပြီးနောက် လီချူးဟန် မှ လင်းရီ ၊ ချောင်ရှင်းနှင့် အခြားဌာနရှိ ဆရာ၀န်တို့အား ဆွေးနွေးရန်အတွက် ခေါ်ဆောင်လာခဲ့လေသည်။
အကြံပေးတစ်ဦးအနေနှင့် လီချူးဟန်မှာ အရာရာကို အလေးနက် ထားဖို့ရာ လိုအပ်လေသည်။
ညနေ 4:20 တွင် လျန်ရူရွှယ်မှ လင်းရီထံ မက်ဆေ့ခ်ျပို့လာခဲ့၏။
သူမနှင့် ချိန်ရန်မှာ ဟွာရှန့်ဆေးရုံရှေ့သို့ ရောက်ရှိနေပြီး လင်းရီကို ထွက်လာခဲ့ရန် ပြောထားလေသည်။
လင်းရီမှ အိုကေ အီမိုဂျီ ပြန်ပို့လိုက်ကာ လီချူးဟန်ကို ကြည့်လိုက်ပြီး " ဒေါက်တာလီ... ကျုပ် ဒီညကိစ္စလေး ရှိသေးလို့ သွားနှင့်တော့မယ်....."
"ကောင်းပြီလေ... နင်လုပ်ရမယ့်ဟာတွေကို ရှောင်ချောင်ဆီ လွှဲထားခဲ့လိုက်... အစီအစဉ် အတည်တကျဖြစ်ရင် ငါသူ့ကို ပို့ခိုင်းလိုက်မယ်....."
" ကောင်းပြီ...."
လင်းရီ သူ၏ အ၀တ်အစားများကိုယူ၍ နှုတ်ဆက်စကားဆိုကာ ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
လင်းရီ ထွက်ခွာသွားသည်ကို မြင်တော့ ချောင်ကျား၀မ်၏ နှုတ်ခမ်းမှာ လူယုတ်မာဆန်ဆန် တွန့်ကွေးလာပြီး ရင်ထဲ၌ ကျိန်ဆဲလိုက်၏။
' လင်းရီ မင်းရဲ့ ရက်ရာဇာတွေက ဒိတ်ကုန်ပြီကွ '
ဆေးရုံအပြင်သို့ ထွက်လာခဲ့သည့်အခါ လျန်ရူရွှယ်၏ ကားမှာ ဆေးရုံအပေါက်၀၌ ရပ်ထားပြီး လင်းရီကို လာရန် လက်ပြလိုက်၏။
ထို့နောက် သုံးယောက်သား တွေ့ဆုံကြသည်။
"ခဲအိုလောင်းကြီး.... ရှင် ဆွေးနွေးပွဲမှာ ပြောခဲ့တာတွေက အရမ်းကောင်းတာပဲနော်...."ချိန်ရန်မှ ပြုံးလျက် ပြောလာခဲ့ပြီး "တကယ်တမ်းကျတော့ ကျွန်မလည်း ဟွာရှန့်တိုင်းရင်းဆေး နယ်ပယ်က တစ်ဆို့တဲ့ အခြေအနေကို ရောက်နေတယ်လို့ ခံစားရတယ်..... ဒါပေမယ့် ရှင့်ရဲ့ စကားလုံးတွေက ကျွန်မတို့ကို မျှော်လင့်ချက် ပေးလိုက်တာပဲ.... အမှန်တော့ ကျွန်မတို့တွေက ပြောင်းလဲဖို့ကို တွန့်ဆုတ်နေကြတာ....ကျွန်မတို့ခု ပထမခြေလှမ်းကို လှမ်းနိုင်ဖို့ ကြိုးစားနေပြီ.... အနာဂတ်ကျရင် သေချာပေါက် အောင်မြင်မယ်ဆိုတာကို ယုံကြည်တယ်.... "
"ဟားဟား.... ငါ့ရဲ့ စေတနာတွေကို နားလည်ရင် ပြီးတာပဲ...."
လျန်ရူရွှယ် ဆွံ့အသွားခဲ့၏။
ဘယ်လိုတောင် မျက်နှာပြောင် တိုက်နိုင်တဲ့လူလဲ....
လိုက်လည်း လိုက်ပါပေ့။
"ရန်ရန် ငါကြိုပြောထားမယ်နော်.... နင်အခု နင့်နှုတ်က ပြောချင်တာ လျှောက်ပြောလို့ရတယ်.... ဒါပေမယ့် ရန်ကျင်းရောက်ရင်တော့ နင်လျှောက်ပြောလို့ မရတော့ဘူး.... "လျန်ရူရွှယ်မှ သတိပေးနေဟန်ဖြင့် "လင်းရီက ငါ့သူငယ်ချင်းပဲ... နင်ထင်နေသလိုမျိုး မဟုတ်ဘူး......"
"အစ်မ ... နင်က ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ပေါ့...."
ချိန်ရန် အထင်သေးစွာ ပြောလိုက်ပြီး "ရန်ကျင်းမှာတုန်းက အစ်မကို ပိုးပန်းတဲ့လူတွေကို တန်းစီလိုက်မယ်ဆိုရင် အရပ်လေးမျက်နှာတောင် ဖုံးလွှမ်းသွားလိုက်ဦးမယ်... ဘယ်သူနဲ့ ဒီလောက်ထိ နီးကပ်တဲ့ ဆက်ဆံရေး ရှိဖူးလို့လဲ....ငြင်းမနေစမ်းပါနဲ့.... "
လျန်ရူရွှယ် ချိန်ရန်၏ အကျင့်စရိုက်ကို နားလည်ထားသည်။ သူမ မည်မျှ ရှင်းပြစေကာမူ လက်ခံလိမ့်မည် မဟုတ်သောကြောင့် သည်းခံရန် ဆုံးဖြတ်လိုက်ပြီး ရန်ကျင်းရှိ သူ့အဘိုးကို ပြန်မပြောသရွေ့ အဆင်ပြေလေသည်။
"ခဲအိုလောင်းကြီး .... နင်ဒီနေ့ ဆေးဆိုင်က သူဌေးနဲ့ သွားတွေ့ မလို့ဆို...."
လင်းရီ ခေါင်းညိမ့်လိုက်၏။ "သူက စီးပွားရေး ကိစ္စ ဆွေးနွေးချင်လို့တဲ့.... သွားပြီး ဘာကိစ္စလဲဆိုတာ တစ်ချက် သွားကြည့်လိုက်ဦးမယ်.... "
"သွားကြည့်နေစရာတောင် မလိုဘူး... အသိအသာကြီးကိုပဲ...."ချိန်ရန် ပြောလိုက်ပြီး "သူက ရှင့်ကို စည်းရုံးပြီးတော့ ကော်မရှင်ခပေးမယ်... ရှင်က လူနာတွေ သူတို့ဆိုင်မှာ ဆေး၀ယ်အောင် လုပ်ပေးရမှာ.... ကျွန်မ ဒါတွေ အကုန် နားလည်ပြီးသား....."
ချိန်ရန်၏ ဖခင်မှာ အစိုးရ ဆေးအဆောက်အအုံ၏ ခေါင်းဆောင်ဖြစ်သောကြောင့် ထိုလှည့်ကွက်များကို သူမ ငယ်စဉ်ကတည်းကရင် ရင်းနှီးပြီးသွားဖြစ်သည်။
ဆေးဆိုင် သူဌေးဟု ခေါင်းစဉ်ကြားလိုက်သည်နှင့် ဘာဆက်ဖြစ်မလဲဆိုတာကို သူမ နားလည်ပြီးဖြစ်၏။
ချိန်ရန် သူမ၏ အတွေ့အကြုံကြွယ်၀မှုများကို လင်းရီထံ ဖောက်သည်ချနေသည်ကိုမြင်တော့ လျန်ရူရွှယ် မနေနိုင်ပဲ တခစ်ခစ် ရယ်မောမိလိုက်သည်။
အဓိက ကုမ္ပဏီကြီး ခြောက်ခုမှာ လင်းရီ၏ ဆော့ကစားခြင်းကို ခံနေရ၏။
သို့သော်လည်း ထိုကောင်မစုတ်လေးမှာ အသေးအမွှား ကိစ္စရပ်လေးများကို လင်းရီရှေ့တွင် ကြွားဝါပြောဆိုနေလေသည်။
'ဟာသပဲ'
မကြာမီ သုံးယောက်သား အခန်း 409 သို့ ရောက်ရှိလာခဲ့ကြ၏။
တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ၀င်လိုက်သောအခါ စားပွဲပေါ်တွင် ဟင်းပွဲ တစ်ဒါဇင်ခန့် ရောက်ရှိနေပြီး အပြင်အဆင်အရတော့ အားလုံးမှာ ဈေးမပေါလောက်ချေ။
၀မ်ကွမ်းဟုန်မှာ အနည်းငယ် ၀ဖိုင့်ဖိုင့်ရှိပြီး မျက်နှာထက်တွင် မှဲ့ကြီး တစ်ခုနှင့် ဘီယာဗိုက်ကြီးလည်း ရှိသည်။ အထူးသဖြင့်တော့ သူ့လက်မောင်းရှိ တက်တူးမှာ အတော်လေး မျက်စိဖမ်းစားထားလေသည်။
လင်းရီ အမျိုးသမီးနှစ်ယောက်ကို ခေါ်လာသည်ကိုမြင်တော့ ၀မ်ကွမ်းဟုန် အံ့အားသင့်သွားခဲ့၏။
သိူ့သော်လည်း ထိုအမျိုးသမီးများကို အကဲဖြတ်ရမည်ဆိုပါက ထိပ်တန်း အလှမယ်လေးများ ဖြစ်နေသည့် အလားပင်။
' ဒီကောင်က မ ကံတော့ တော်တော်ကောင်းတဲ့ ကောင်ပဲကွ '
" ဒေါက်တာလင်း ....ဒီရဲ့ အလှလေး နှစ်ယောက်က ဘယ်သူတွေ ပါလိမ့်....."
"ကျုပ် သူငယ်ချင်းတွေ.... ဆေးနယ်ပယ်ကတော့ မဟုတ်ဘူး.... ပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ်....."
"ဒေါက်တာလင်း... ကျုပ် ဒီနယ်ပယ်မှာ ကျင်လည်နေတာ နှစ်ပေါင်းမနည်းတော့ဘူး ဆိုတော့ ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘူး... ဒီနယ်ပယ် ဘယ်လို အလုပ်လုပ်လဲဆိုတာ လူတိုင်းက သိတယ်.... ဒီတော့ ကျုပ် ရိုးရိုးသားသားပဲ ပြောလိုက်တော့မယ်..... "
"ဒါပေါ့.... ပြောစရာရှိရင် ပြောချလိုက်....."
လင်းရီ ၀က်နံရိုးတစ်တုံးကို တူဖြင့် ညှပ်၍ လျန်ရူရွှယ် ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး "စားကောင်းမယ့် ပုံပဲနော်....."
" ဆီတွေ အရမ်းများတယ်.... ငါ မစားဘူး...."
အမှန်တော့ သူမ ဆီများတယ်လို့ မထင်ပေ။ သိူ့သော်လည်း အပြင်လူရှေ့တွင်တော့ညသူမ ပုံရိပ်ကို ထိန်းထားချင်၏။ ထို့ကြောင့် ငြင်းဆိုလိုက်သည်။
" ဂျေးကလည်း များလိုက်ပါပေ့.... အဲ့တော့ ငါ့အတွက်ပေါ့..."
လင်းရီ သူ့ပါးစပ်ထဲ ထည့်လိုက်၏။
"ဒီနံရိုးက တော်တော်လေးကောင်းတယ်... အပူချိန်ကလည်း ကွက်တိပဲ.... ချောမွေ့နေပြီး မာလည်း သိပ်မမာဘူး..... မင်းသိပ်ကြိုက်တဲ့ ငါ့အချောင်းနီးနီးလောက် ကောင်းတယ်....."
"အာ......"
၀မ်ကွမ်းဟုန် ဘေးမှ နေ၍ ကိုးရို့ကားယား ဖြစ်သွားခဲ့၏။ သူ ရှက်ရွံ့သလို ခံစားနေရလေသည်။
"ဒေါက်တာလင်း ... ခင်များ ကျုပ်ပြောတာကို နားထောင်နေရဲ့လား....."
"အင်း.... ဒါပေမယ့် ခင်များက ဘာပြောနေလို့လဲ...."
"ဒါပေမယ့် ဒေါက်တာလင်းက စားနေတာလေ.... ကျုပ်က ဘယ်လို သွားပြောရမှာ....."
"ကျုပ်က ပါးစပ်နဲ့ စားနေတာလေ.... နားနဲ့စားနေတာမှ မဟုတ်တာ..... ခင်များပြောတာကို ကျုပ်မကြားရဘူးလို့ ထင်နေတာလား.....”