ကမ္ဘာကြီးမှာ မတရားမှုတွေ ဘယ်လောက်တောင် များလိုက်လဲ
Vol. 29 Ch. 427
လျန်ရူရွှယ်ကတော့ လင်းရီ၏ မျက်နှာပြောင်တိုက် အရှက်ကင်းမဲ့သည့် အပြုအမူကို နေသားကျနေပြီးဖြစ်၏။
သို့သော်လည်း ဝမ်ကွမ်းဟုန်ကတော့ အသားမကျသေးချေ။
“ ဒေါက်တာလင်းက အစားအသောက်ပျက်မှာ မကြောက်ဘူးဆိုမှတော့ ကျုပ်ပြောလိုက်တော့မယ်…”
“ ကျုပ်ကြောက်တာပေါ့…”
“ ဟမ်… ဘာကိုကြောက်တာ…”
“ ခင်များ ကျုပ်ထမင်းစားနေတာ ဖျက်ဆီးမှာကို ကြောက်တာ…”
ဝမ်ကွမ်းဟုန် “ …. “
“ ဪ....အဲ့တာဆိုလည်း အရင်စားပေါ့… ကျုပ်တို့ ပြီးမှ စကားပြောလည်းရတယ်…”
“ အိုကေ…”
လင်းရီ အားနာခြင်းအလျင်းမရှိ ဝက်နံရိုးတစ်တုံးကို ချိန်ရန်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်၏။
“ နင့် အစ်မက ဝိတ်ချနေတော့ မစားဘူးတဲ့… နင်စားကြည့်ကြည့်… အရသာက လျှာလည်သွားမယ်…”
“ ကျေးဇူးပါနော်… ကျွန်မရဲ့ ခဲအို အလောင်းအလျာလေး…”
“ ကြာစေ့စွပ်ပြုတ်လည်း အတော်လေးမဆိုးဘူး… ငါ အရင်တုန်းက မှာစားဖူးတယ်… အရသာက အတော်လေးကောင်းတယ်ပြောရမယ်…”
“ အဲ့တာဆို မြည်းကြည့်ကြည့်မယ်လေ…”
နှစ်ယောက်သား အတိုင်အဖောက်ညီစွာဖြင့် ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး စားသောက်နေကြသည်ကိုမြင်တော့ လျန်ရူရွှယ် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
သူတို့နှစ်ယောက်က ဒီကို စားဖို့ချည်းသပ်သပ် လာခဲ့တာတော့ မဟုတ်ဘူးမလား… မဟုတ်လောက်ပါဘူးနော….
အထူးသဖြင့်တော့ ချိန်ရန်ပင်။ ပြည်နယ် ညစာစားပွဲတွင် စားခဲ့ပြီးဖြစ်သော်လည်း ယခုနေရာတွင် တစ်ဖန် အားပါးတရနှင့် စားနေလေပြန်သည်။ ၎င်းကို မြင်တော့ လျန်ရူရွှယ် တစ်ဖန် ဆွံ့အမိသွားခဲ့၏။
နာရီ၀က်ကြာပြီးနောက် လင်းရီနှင့် ချိန်ရန်တို့ အစာအိမ်ကို အပြည့်ဖြည့်ပြီး ပြည့်တင်းနေသော သူတိူ့၏ ဗိုက်ကို ကိုယ်စီ ပုတ်လိုက်ကြ၏။ ပါးစပ်ထဲတွင်တော့ သွားကြားထိုးတံတစ်ချောင်းကို ကိုက်ထားလေသည်။
"ဘော့စ်၀မ်... ခင်များပြောမယ်ဆိုတဲ့ အကြောင်းလေး ဆက်ပါဦး..."
"ဒီလိုလေ... ကျုပ်တို့ ထျန်းဇီ ဆေးဆိုင်မှာ အထူးဆေးဝါးတွေ အများကြီးရှိတယ်... ဒေါက်တာလင်းက နှလုံးအထူးကု ကျွမ်းကျင်သူဆိုတော့ ကျုပ်ကို ဆေးတွေ အမြန်ရောင်းထွက်အောင်လို့ မကူညီပေးချင်ဘူးလား.... "
၀မ်ကွမ်းဟုန် မည်သည်ကိုမျှ ထိန်ချန်ထားခြင်း မရှိပဲ သူ၏ ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်၏။
"ဒါပေမယ့် မပူပါနဲ့.. ကျုပ်ကလည်း အလကား တောင်းဆိုနေတာ မဟုတ်ပါဘူး... ဆေးတစ်ဘူးချင်းစီတိုင်းရဲ့ အမြတ် ၂၀ ရာခိုင်နှုန်းကို ပေးမယ်... ဒေါက်တာလင်း ဘယ်လိုထင်လဲ..."
"၂၀ ရာခိုင်နှုန်း... နည်းနည်းလေး နည်းနေတယ်လို့ မထင်ဘူးလား...ကျုပ်က အဲ့ မဖြစ်စလောက် ငွေလေးကို မက်မောနေမယ်လို့ ထင်လား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
၀မ်ကွမ်းဟုန် မျက်မှောင်ကြုတ်သွားပြီး သူ ထိုင်နေသည့် အနေအထားကို ပြောင်းလဲကာ "အဲ့လိုဆို ဒေါင်တာလင်းက ဘယ်လောက် လိုချင်လဲ...."
"၃၀ ရာခိုင်နှုန်းဆို ကျုပ် လက်ခံပေးနိုင်တယ်.... "
" ၃၀ ရာခိုင်နှုန်း ....ဒေါက်တာလင်း... ခင်များ လာနောက်နေတာလား... ခင်များက ၃၀ ရာခိုင်နှုန်းယူသွားမှတော့ ကျုပ်က ဘာနဲ့ ထမင်းသွားစားရတော့မှာ..."
၀မ်ကွမ်းဟုန်၏ အမူအရာမှာ ဓားပြတိုက်ခံနေရသကဲ့သို့ ဖြစ်နေပြီး "၂၀ ရာခိုင်နှုန်းက ကျုပ်ရဲ့ နောက်ဆုံးစည်းပဲ... ဒါပေမယ့် တကယ်လို့ ဒေါက်တာလီကိုပါ မဲဆွယ်ပေးနိုင်မယ်ဆိုရင်တော့ ကျုပ်ဘက်က ၂၃ ရာခိုင်နှုန်းထိ တိုးပေးနိုင်တယ်.... ဒါကျုပ်ရဲ့ အခြေအနေပဲ... ပူးပေါင်းမှုက အောင်မြင် မအောင်မြင်ဆိုတာကတော့ ဒေါက်တာလင်းရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်.... "
"ကောင်းပြီလေ.. သဘောတူတယ်..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ကျုပ်က အဆံမရှိတဲ့ စကားတွေကို ဘယ်လိုယုံကြည်ပေးရမှာ...."
"အဲ့တာကတော့ ဒေါက်တာလင်း ပူစရာမလိုဘူး... ကျုပ် ဆေးနယ်ပယ်မှာ ကျင်လည်လာတာ နှစ်ပေါင်းမနည်းတော့ဘူးဆိုတော့ အားလုံး ကြိုပြင်ဆင်လာပြီးသား..."
၀မ်ကွမ်းဟုန် သူ၏ လက်ဆွဲအိတ်ထဲမှ လက်ရေးမူဖြင့် ရေးထားသည့် သဘောတူညီမှု စာရွက်နှစ်ရွက်ကို ထုတ်လိုက်ပြီး လင်းရီထံ ကမ်းပေးလိုက်၏။
တစ်ချိန်တည်းတွင် သူ့အိတ်ကပ်ထဲမှ ယွမ် ၂၀,၀၀၀ ကိုလည်း ထုတ်ယူလိုက်သည်။
"ဒေါက်တာလင်း... ဒီရဲ့ သဘောတူညီချက်မှာ လက်မှတ်ထိုးပြီးသွားတာနဲ့ ကျုပ်တို့ရဲ့ ပူးပေါင်းမှုက တရား၀င်ဖြစ်သွားပြီ....ဒီရဲ့ ယွမ် ၂၀,၀၀၀ ကတော့ ကျုပ် ဆေးလိပ်၀ယ်တိုက်တယ်လို့ပဲ သဘောထားလိုက်..."
"ကောင်းတာပေါ့..."
လင်းရီ ယွမ် ၂၀,၀၀၀ကို တစ်ချက် ကိုင်ကြည့်လိုက်ပြီး ဘေးတွင် ချထားကာ စာရွက်ပေါ်တွင် သူ၏ နာမည်ကို ဆိုင်းထိုးလိုက်သည်။
"ဘာပြဿနာမှ မရှိဘူးမလား..."
"ဘာမှ မရှိဘူး... အိုကေတယ်..."
၀မ်ကွမ်းဟုန် စာရွက်နှစ်ခုထဲမှ တစ်ခုကို လင်းရီထံ ကမ်းပေးလိုက်ပြီး "ခုက စပြီး ကျုပ်တို့က ပါတနာတွေဖြစ်သွားပြီ... ပျော်ရွှင်ဖွယ် ပူးပေါင်းမှုပါ ဒေါက်တာလင်း..."
"ခု ကျုပ်တို့က သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်ပြီဆိုတော့ ဥပဒေရဲ့ အကာကွယ်အောက်မှာ ရှိသွားပြီပေါ့.....ဟုတ်တယ်ဟုတ်...."
၀မ်ကွမ်းဟုန် မျက်နှာ မည်းမှောင်သွားခဲ့သည်။
ဒီကောင်က 'အ' နေတာလား... ဒါမှမဟုတ် 'အ'ချင်ယောင် ဆောင်နေတာလား...
ဒီလို မသမာတဲ့ အမှုမျိုးကို ဘယ် ဥပေဒက အကာကွယ်ပေးရဲမှာလားဟ...
"ဒေါက်တာလင်း... ခင်များက အတော်ဟာသလုပ်တတ်တာပဲဗျ... ကျုပ်တို့ ခုလုပ်နေတာတွေက လူသိခံလို့ မရဘူးလေ....တရားမ၀င်ဘူးဆိုတော့ ဥပဒေကလည်း ခွင့်မပြုထားဘူး...."
"လူသိခံလို့ မရဘူး.... အဲ့လိုဆိုရင်တော့ ကျုပ် ခင်များကို အမြင်မှန်ရအောင် အရင်လုပ်ပေးမှနဲ့ တူတယ်....."
"အမြင်မှန်ရအောင် လုပ်ပေးမယ်...."
လင်းရီ ချိန်ရန်၏ ခေါင်းကို တူဖြင့် ညင်သာစွာ ခေါက်လိုက်ပြီး "အစားပဲ စားမနေနဲ့.... အလုပ်လုပ်ဖို့ အချိန်တန်ပြီ...."
"အိုး ..."
ချိန်ရန် သူမ၏ နှုတ်ခမ်းကို သုတ်ရင်း ၀မ်ကွမ်းဟုန်ကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်ပြီး "ကျွန်မကိုယ့်ကိုယ့်ကို အရင်မိတ်ဆက်ပေးမယ်.... ကျွန်မနာမည်က ချိန်ရန်....."
"အလှလေး.... မင်းနာမည်သိတော့ကော ငါက ဘာသွားလုပ်ရမှာ...."
"ကောက်ချက်ချ မစောနဲ့ဦးလေ...." ချိန်ရန် ပြောလိုက်ပြီး "ကျွန်မကို မသိဘူးဆိုပေမယ့် ရှင် ကျွန်မအဖေကို တော့ သေချာပေါက် သိတယ်....."
"မင်းရဲ့အဖေ....ငါက ဘာလို့ မင်းအဖေကို သိရမှာ...."
"ဘာလို့ဆိုတော့ ကျွန်မအဖေက ဆေးဝါးကွပ်ကဲရေးအဆောက်အဦးရဲ့ ခေါင်းဆောင်လေ....."
ဟာ....
၀မ်ကွမ်းဟုန်၏ မျက်လုံးများ ပြုတ်ထွက်လုမတ် ပြူးကျယ်သွားပြီး "မိန်းကလေးရဲ့ အဖေက ဆေးဝါးကွပ်ကဲရေးအဆောက်အဦးရဲ့ ခေါင်းဆောင်....."
"ဟုတ်တယ်လေ.... ရှင်ခု သိသွားပြီမလား....."ချိန်ရန် မေးတစ်ဖက်ထောက်၍ ပြောလိုက်၏။
"လာပြီး အရူးလာမလုပ်နဲ့.... ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ခေါင်းဆောင်က ဖူပင်းရှန်းပဲ... ငါသူ့ကို သိတယ်.... ပြီးတော့ လက်ထောက် ဒါရိုက်တာတွေထဲမှာလည်း မျိုးရိုးနာမည် ချိန်ပါတဲ့လူကို ငါ တစ်ခါမှ မကြားဖူးဘူး.....မင်းထင်နေတာ ဒီလိုပြောလိုက်တာနဲ့ပဲ ငါကို အရူးလုပ်လို့ရပြီလို့ ထင်နေတာလား....."
"ကျွတ် ကျွတ် ကျွတ်.... ရှင်က တကယ့်ကို ရေတွင်းထဲက ဖားသူငယ်လေးပါလားနော်....."ချိန်ရန် အထင်သေးစွာ စုတ်သပ်လိုက်ပြီး "သူတို့က နယ်ခံခေါင်းဆောင်အဆင့်လေးတွေပဲ ရှိသေးတာ.... ရှင် ဒီထက် ပိုပြီး မြင်ကြည့်လိုက်စမ်း...."
"ပိုပြီး မြင်ကြည့်ရမယ်....."
"ရန်ကျင်း......"
"ဗဟိုဆေးဝါးကွပ်ကဲရေးအဆောက်အဦးရဲ့ ခေါင်းဆောင် ချိန်ရွှင့်ကျယ်က ကျွန်မအဖေပဲ.... "
ဘုန်း....
၀မ်ကွမ်းဟုန် မျက်လုံးတို့ပြူးကျယ်ပြီး ဒူးတို့ တဆတ်ဆတ်တုန်ကာ မြေပြင်သို့ လဲပြိုသွားခဲ့ရသည်။ အရူးတစ်ယောက်ပင် သူဘာဆက်ဖြစ်တော့မလဲဆိုတာကို ပြောနိုင်လေသည်။
၀မ်ကွမ်းဟုန် မသိစိတ်မှ လျန်ရူရွှယ်မှာ ကြည့်ကာ မေးမြန်းမိလိုက်ပြီး "အဲ့တာဆို မင်းကကော ဘယ်သူလဲ...."
"ကျိုးဟိုင်ရဲ့ လက်ထောက် မြို့တော်၀န်အသစ် လျန်ရူရွှယ်....."
၀မ်ကွမ်းဟုန် နှစ်ထပ်ကွမ်း ရှော့ခ်ရသွားခဲ့၏။ သူ၏ အဆီတို့ ပြည့်နှက်နေသည့် ကိုယ်မှာ အဆက်မပြတ်တုန်ခါနေပြီး လင်းရီကို လက်ညှိုးထိုးကာ "မင်း..... မင်းငါ့ကို လှည့်စားတယ်ပေါ့လေ...."
လင်းရီကဲ့သို့ အလုပ်သင်ဒေါက်တာလေးက ယခုလို အကောင်ကြီးကြီးများနှင့် မည်ကဲ့သို့ ရင်းနှီးနေလဲဆိုတာကို ၀မ်ကွမ်းဟုန် နားမလည်နိုင်တော့ချေ။
"ဟင်း.... တကယ်တမ်းကျတော့ ကျုပ်လည်း အေးဆေး သဘောတူပြီး ပိုက်ဆံယူချင်တာပေါ့ဗျာ... ဒါပေမယ့် ခင်များ ဖုန်းဆက်လာခဲ့တဲ့အချိန် မြို့တော်၀န်လျန်ကလည်း ကျုပ်ဘေးမှာ ရှိနေ တော့ ဘယ်တတ်နိုင်မှာ....ခေါ်လာယုံပဲပေါ့...."
"မဟုတ်ဘူး မဟုတ်ဘူး..... ဒါ လုံး၀ မဟုတ်ဘူး...."
၀မ်ကွမ်းဟုန် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး အကြိမ်ကြိမ် ကုန်း၀ပ်ချကာ "ကျုပ် မှားမှန်းသိပါပြီ.... ကျုပ် တကယ်ကြီး အမြင်မှန် ရသွားပါပြီ..... ကျုပ်ရဲ့ ငွေမည်းတွေအကုန်လုံးကိုလည်း အလှူအတန်းပြုလိုက်ပါမယ်..... နောက်တစ်ခါ .... အခွင့်အရေး နောက်တစ်ခေါက်လောက်ပဲ ထပ်ပေးပါ....."
လင်းရီ ခံစားချက် ကင်းမဲ့နေသည့် အမူအရာဖြင့်ဖြင့် သခွားသီး တစ်ဖက်ကို ကောက်ဝါးလိုက်ပြီး "ခင်များ ကျုပ် ဖုန်းနံပါတ်ကို ဘယ်လိုလုပ်ပြီး ရလာခဲ့တာ....."
"မစ္စတာလင်းရဲ့ ဒါရိုက်တာ ချောင်ကျား၀မ် ပေးလိုက်တာပါ.... " ၀မ်ကွမ်းဟုန် ပြောလိုက်ပြီး "မစ္စတာလင်းတို့ ဌာနက ဒါရိုက်တာ လေးဦးထဲမှာ လီချူးဟန်ကလွဲရင် ကျန်တဲ့ သုံးယောက်က ကျွန်တော်နဲ့ အလုပ်တွဲလုပ်နေကြတာပါ.... ဆေးတစ်ဘူးရောင်းရတိုင်း သူတိူ့ကို ကော်မရှင်ခ ၂၀ ရာခိုင်းနှုန်း ပေးရပါတယ်......"
"ဒီလောက်ပဲလား......"
"မစ္စတာလင်း.... ကျွန်တော် ထိတွေ့နိုင်တဲ့ ရာထူးအမြင့်ဆုံးက ဒါရိုက်တာ အဆင့်လောက်ပဲ ရှိပါတယ်... ဒါပေမယ့် ကျောက်ကျန်းဝေကလည်း သေချာပေါက် လက်တွေ သန့်ရှင်းမနေဘူးဆိုတာ ကျုပ် အာမခံနိုင်ပါတယ်ဗျ.... သူနဲ့ ချောင်ကျား၀မ်က တစ်စိတ်တစ်ဉာဏ်တည်းတွေ....ငွေဆိုလောဘ မတရားကြီးကြတဲ့ကောင်တွေကြီးပဲ....မယုံရင် ဒေါက်တာလင်း စုံစမ်းကြည့်လို့ရပါတယ်ဗျ....."
၀မ်ကွမ်းဟုန်၏ လေသံမှာ သူ့ဘိုးဘေးနှင့်ဘစကားပြောနေရသကဲ့သို့ ရိုသေကိုင်းရှိုင်းနေပြီး သိသမျှကို မခြွင်းမချန် ပြောပြကာ လင်းရီမှ သက်ညှာမှု ပေးလိမ့်မည်ဟု တိတ်တဆိတ် မျှော်လင့်နေမိလေသည်။
တစ်ချိန်တည်းတွင် ချောင်မိသားစု၏ မျိုးရိုးစဉ်ဆက် 18 ဆက်လောက်ကိုလည်း ကျိန်ဆဲနေမိ၏။
အကယ်၍ ချောင်ကျား၀မ်ကြောင့်သာ မဟုတ်ပါက သူထိုကဲ့သို့ အဆုံးသတ်မည် မဟုတ်ချေ။
လင်းရီ ခေါင်းမော့ပြီး လျန်ရူရွှယ်ကို ကြည့်ကာ " သူ့ကို စခန်းပို့လိုက်တော့.... ငါတို့ ဒီလိုမျိုး အသားထဲက လောက်ထွက်တဲ့ကောင်တွေကို သေချာစစ်မေးရမယ်...."
"အွန်း... ငါခုပဲ ဖုန်းဆက်လိုက်မယ်....."
လင်းရီ၏ အကြည့်ကိုမြင်တော့ လျန်ရူရွှယ် အများကြီး နားလည်သွားခဲ့သည်။
သူ ပြောသွားသည်မှာ အမှန်ပင်။
လင်းရီမှာ နိုင်ငံခြားမှ တင်သွင်းသည့် အနောက်တိုင်းဆေးတို့ကို တားမြစ်ပိတ်ပင်ပြီး ပြည်တွင်း၌ ဟွာရှန့်တိုင်းရင်းဆေး ထုတ်လုပ်ရန်မဟုတ်ပဲ လက်ရှိဆေးနယ်ပယ်ရှိ အတွင်းအပြင်မှ ချစားမှုများကို စင်ကြယ်စေရန် ဖြစ်လေသည်။