မျက်စိကျိန်းစပ်သွားစေလောက်သည့် ဆုလဒ်
Vol. 29 Ch. 428
လျန်ရူရွှယ် ဖုန်းဆက်ပြီးနောက် မကြာမီ ရဲများ ရောက်ရှိလာခဲ့သည်။
မစ္စတာလင်း မဟုတ်ဘူး... ဆရာလင်း.... ကျုပ်ကို နောက်ထပ် အခွင့်အရေးလေး မပေးနိုင်တော့ဘူးလားဗျာ....."
ထိုစကားကို ကြားတော့ လင်းရီ သူ Didi မောင်းစဉ်က ကိုယ့်ကိုယ်ကို ရဲစခန်း၌ သွားရောက် အဖမ်းခံသည့် သက်လတ်ပိုင်းလူ၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်မိသွားသည်။
"တရားဥပဒေရဲ့ အဆုံးအမကို ခံယူပြီးသွားရင် ခင်များမှာ သေချာပေါက် အခွင့်အရေးတွေ ရှိမှာပါ... အဲ့ခါကျ ဒီလိုမျိုး မကောင်းတာတွေ မလုပ်နဲ့တော့ ကြားလား....."
သို့သော်လည်း ရဲအရာရှိများမှ ၀မ်ကွမ်းဟုန်ကို ခေါ်ဆောင်သွားတော့မည့် အချိန်တွင် လင်းရီမှ ရုတ်တရက် "နေဦး ငါ ခုမှ သတိရတယ်... ငါတို့ ဒီရောက်တုန်းက ဒီကောင် စားသမျှ အကုန် ရှင်းမယ်လို့ ပြောခဲ့တယ် မဟုတ်လား... မရှင်းရသေးခင် သူ့ကို ခေါ်သွားတော့မယ်ဆိုတော့ မဟုတ်သေးဘူးလေကွာ ......ဒီကောင့်ကို တကိတည်တဲ့ကောင်ဖြစ်အောင် လုပ်ပေးရမယ်...."လင်းရီ ပြောလိုက်၏။
၀မ်ကွမ်းဟုန်၏ အမူအရာမှာ ရှုံ့မဲ့သွားပြီး
'အစ်ကိုကြီး မင်းငါ့ကို ဒီအခြေအနေထိ ရောက်အောင်လုပ်တာ မလုံလောက်သေးလို့ ထမင်းဖိုးပါ ရှင်းခိုင်းနေတာလားကွ....'
'တကယ့်ကို လူစိတ်မရှိတဲ့ကောင် ... '
၀မ်ကွမ်းဟုန်ကို ခေါ်ဆောင်သွားခဲ့ပြီးနောက် အခန်းထဲတွင် လင်းရီ ၊ လျန်ရူရွှယ်နှင့် ချိန်ရန်တို့သာ ကျန်ရစ်ခဲ့လေသည်။
"လူတွေလည်း သွားကုန်ကြပြီ... ဒီမှာ အပြင်လူတွေလည်း မရှိတော့ဘူးဆိုတော့ နည်းနည်းလောက် စားကြည့်ဦးမလား....."လင်းရီ လျန်ရူရွှယ်ကို ကြည့်ကာ မေးမြန်းလိုက်၏။
"ဟင့်အင်း...."လျန်ရူရွှယ် ခေါင်းခါရမ်းလိုက်ပြီး "နင်တို့ပဲ စားကြတော့ ... ငါမစားတော့ဘူး... ငါက ဗိုက်အဲ့လောက် မဆာဘူး....."
"ဘယ်လိုလူမျိုးပါလိမ့်...."လင်းရီ မကြားတကြား ရေရွတ်လိုက်သည်။
"အစ်မလျန် မစားတော့ဘူးဆိုရင် ညီမတို့ လမ်းလျှောက်ထွက်ကြမယ်လေ....."
လျန်ရူရွှယ် အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး "အပြင်မှာ အရမ်းမှောင်နေပြီ... လမ်းလျှောက်ရင် အန္တရာယ်များတယ်.... ဒီနေ့တော့ ထားလိုက်တော့.... နင် မနက်ဖြန် မသွားသေးနဲ့ဦးလေ... ငါနင့်ကို နောက်တစ်ရက် လျှောက်ခေါ်သွားပေးမယ်..."
"အဲ့လိုဆိုရင် လိုက်လည်လို့ မရတော့ဘူး...." ချိန်ရန် မျက်နှာညိုးငယ်သွားခဲ့ပြီး "ညီမ ကျောင်းမှာ အသင်းလိုက် အဆိုင်းမန့်တွေနဲ့ ဓာတ်ခွဲခန်း သုတေသနတွေ လုပ်ရဦးမှာ.....သူတို့က ညီမပြန်လာတာကို စောင့်နေကြတာ"
"သွားစို့.... ငါ မင်းတို့နှစ်ယောက်ကို တစ်နေရာ ခေါ်သွားပေးမယ်.... ပင်လယ်ဘက်သွားတာထက် ပိုပြီး စိတ်၀င်စားဖို့ကောင်းစေရမယ်လို့ အာမခံတယ်ကွာ....."
လင်းရီ ပြောလျက် ထဟန်ပြင်လိုက်သည်။
"တကယ်.... အဲ့တာဆို ဘယ်နေရာလည်း သွားကြမှာ......"
"ငါနဲ့သာ လိုက်ခဲ့စမ်းပါ......"
နာရီ၀က်ကြာပြီးနောက်......
သုံးယောက်သား ဟွာချင်းရေကန်သို့ ရောက်လာခဲ့ကြ၏။
လျန်ရူရွှယ်၏ အမူအရာ နက်မှောင်သွားခဲ့သည်။ "နင်ပြောတဲ့ စိတ်၀င်စားဖို့ကောင်းတယ်ဆိုတဲ့ နေရာက ရေချိုးစင်တာလား....."
"ဟေ့ ဟေ့ ... အဲ့လို အထင်သေးတဲ့ အကြည့်ကြီးနဲ့ လာမကြည့်နဲ့....."လင်းရီ ပြောလိုက်ပြီး "မင်းတို့တွေ မခံစားဖူးသေးပဲနဲ့ အပေါ်ယံ အမြင်တွေနဲ့ ဆုံးဖြတ်လို့မရဘူးလေ....."
လျန်ရူရွှယ်ကတော့ ယခုလို နေရာမျိုးကို စိတ်မ၀င်စားပေ။ သူမ၏ ရာထူးအဆင့်အတန်းနှင့် ယခုလိုနေရာမျိုးသို့ လာရောက်လည်ပတ်သည်က မသင့်လျော်ပေ။
သို့သော်လည်း တစ်ဖက်ရှိ ချိန်ရန်ကတော့ ခြားနား၏။ သူမမှာ သာမန် PhD ကျောင်းသူလေးတစ်ဦးသာဖြစ်ပြီး ဘာကိုမျှ အထူးတလှယ်လုပ်၍ စိတ်ပူနေရန် မလိုအပ်ချေ။
"ခဲအို.... အပြင်အဆင်တွေ ကြည့်ရသလောက်တော့ ဒီနေရာက သေချာပေါက် ဈေးမပေါလောက်ဘူးနော....."
"ပိုက်ဆံကို ဂရုစိုက်မနေနဲ့.... ငါဒီနေ့ မင်းတို့ကို ဆို-ရှယ်-လစ် လူ့အဖွဲ့အစည်းက ဘာကို ခေါ်လဲဆိုတာ သိအောင် လုပ်ပေးမယ်...."
"နေဦး.... ခဲအို ဟိုမှာ လုံခြုံရေးတွေ အများကြီးပဲ.... ပြီးတော့ အားလုံးကလည်း ကျွန်မတို့ဘက် ပြေးလာနေကြသလိုပဲကော....."
"ငါတို့ဆီ ပြေးလာနေကြတာပဲလေ....."
"ဟင် ဘာလို့လဲ... အစ်မလျန်ရဲ့ အထောက်အထားကို သိသွားကြလို့များလား....."
"မဟုတ်ဘူး..... ဘာလို့လဲဆိုတော့ မင်းရဲ့ခဲအိုက ဒီရေချိုးစင်တာရဲ့ အင်ပါယာအဖွဲ့၀င်လေ....ဟဲဟဲ မိုက်တယ်မလား...."
"မစ္စတာလင်း... ကြိုဆိုပါတယ်ခင်ဗျ...."
အားလုံး တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြ၏။
လျန်ရူရွှယ် "............"
(နှစ်နာရီကြာပြီးနောက်......)
ကားထဲ၌ စောင့်နေသည့် လျန်ရူရွှယ်မှာ သူမ ဆိုင်းငံ့ထားသည့် အလုပ်အကုန်လုံးကို ဖုန်းပေါ်မှ တစ်ဆင့် ပြီးမြောက်သွားခဲ့ချေပြီ။
သို့သော်လည်း အထဲ၀င်သွားသည့် နှစ်ယောက်မှာ ယခုထိ ထွက်မလာကြသေးချေ။
သူမ နာရီကိုကြည့်လိုက်သောအခါ လင်းရီတို့ ၀င်သွားခဲ့သည်မှာ နှစ်နာရီကျော်နေပြီဖြစ်ကြောင်း သတိပြုမိသွား၏။
"ဒီနှစ်ယောက်က ဘာဖြစ်နေတာလဲဟ.... ဘာလို့ ခုထိ ထွက်မလာကြသေးတာ....."
သူမဖုန်းကိုကိုင်ပြီး ချိန်ရန်ထံ ဖုန်းဆက်လိုက်၏။
"နင်တို့ နှစ်ယောက် ဘာတွေလည်း လုပ်နေကြတာ.... ဘယ်အချိန်ရှိနေပြီလဲ.... မပြီးကြသေးဘူးလား....."
"မမ ဒီမှာက အရမ်း ဇိမ်ရှိတာပဲကော.... ခဲအိုနဲ့ ညီမ ခုလေးတင် ရေပူစမ်း စိမ်ပြီးကြတာ.... ခုနောက်တစ်ဆက်ရှင် ဆက်ယူမလို့.... ဒီညတော့ အိမ်မပြန်တော့ဘူးနော်.... မမ ကိုယ့်ဘာကိုယ်ပဲ အိမ်ပြန်နှင့်လိုက်တော့....."
" အိမ်မပြန်တော့ဘူး....."
"ဒါမှမဟုတ် မမလည်း လာခဲ့လိုက်လေ.... "ချိန်ရန် ပြောလိုက်ပြီး "မမ မသိလို့နော်... ခဲအို ဘာလို့ ဒီလာနေကြလဲဆိုတာ ညီမ နားလည်သွားပြီ.... သူတို့က ညီမတို့ကို သူတိူ့ရဲ့ဘိုးဘေးတွေလိုမျိုး ပြုစုပေးကြတာ....."
"ငါ နင်တို့ကိုတော့ လက်လှန်သွားပြီ.... "လျန်ရူရွှယ် မျက်လုံး အသာလှန်လိုက်ပြီး "နင်တို့ ဒီည ၁၂ မကျော်ခင် ပြန်လာခဲ့ရမယ် ဒါပဲ....."
"အာ.... ကောင်းပြီလေ....." ချိန်ရန်မှာ စိတ်ပျက်အားလျော့သည့်အသံ ဖြစ်သွားခဲ့၏။
လျန်ရူရွှယ်ကတော့ ဆွံ့အနေလေသည်။ အမျိုးသားတွေ အဲ့လိုနေရာမျိုး နှစ်သက်တယ်ဆိုတာက ထားပါတော့.... ဒါ သဘာ၀ပဲ.... ဒါပေမယ့် ချိန်ရန်ကပါ ဘာလို့ နှစ်သက်နေတာလဲတဲ့....
လင်းရီနှင့် ချိန်ရန်တို့ ညဆယ်နာရီ ၀န်းကျင်လောက်တွင် ဟွာချင်းရေကန်မှ ထွက်လာခဲ့ကြ၏။
လျန်ရူရွှယ်၏ အိမ်မှာ ရိုးရှင်းသယောင်နှင့် တစ်မျိုးကွဲထွက်နေသည့် ခံစားချက်ကို ရရှိစေသည်။ အရက်မူး၍ ခေါင်းမထောင်နိုင်ဖြစ်နေသည့် လင်းရီတို့ နှစ်ယောက်ကိုမြင်တော့ လျန်ရူရွှယ် ခေါင်းကိုက်သွားခဲ့သည်။
"နင်တို့နှစ်ယောက် ဘာလို့ အဲ့လောက်တောင် သောက်လာခဲ့ကြတာလဲ ...."
"အမ်.... ညီမတို့ ရေချိုးပြီးတော့ ဆာသလိုလို ရှိတာနဲ့ အကင်နဲ့ အရက်တွေ မှာပြီး စားလိုက်ကြတယ်လေ....."ချိန်ရန် မျက်နှာရဲရဲလေးဖြင့် ပြောလိုက်ပြီး လျှာအနည်းငယ် လိပ်နေသောကြောင့် လျန်ရူရွှယ် သူမပြောသည့် စကားများကို မနည်း နားလည်ယူလိုက်ရသည်။
ထို့နောက် ချိန်ရန်မှ စိတ်လှုပ်ရှားနေဟန်ဖြင့် "အစ်မ မသိလို့နော်..... ညီတို့ ရေပူစမ်း စိမ်ပြီးတော့ ထိုင်းအနှိပ် နှိပ်ခံရတာ အရမ်း သက်တောင့်သက်သာရှိတာပဲ... "
"နင်တို့ နှစ်ယောက်ကိုတော့ ငါလက်လှန်သွားပြီ...."
လျန်ရူရွှယ် သူမအိမ်ထဲသို့ ၀င်လိုက်ပြီး လင်းရီကို ကြည့်ကာ "နင်လည်း သောက်ထားတယ်ဆိုတော့ ဒီည မပြန်နဲ့တော့..... ဒီမှာပဲနေလိုက်...."
လျန်ရူရွှယ်၏ လေသံမှာ ယဉ်ကျေးသော်လည်း ငြင်းဆို၍ မရသည့် အမိန့်သံကလည်း လေသံထဲ မသိမသာ ရောယှက်နေလေသည်။
သူမ လင်းရီကို ငြင်းဆိုရန် အခွင့်အရေး မပေးချေ။
"ကောင်းပြီလေ...."လင်းရီ ထွေထူး စဉ်းစားမနေချေ။
အားလုံး ရေမိုးချိုး အ၀တ်အစားများ လဲပြီးနောက် အိပ်ခန်းကိုယ်စီသို့ ပြန်၍ အနားယူလိုက်ကြ၏။ လင်းရီကတော့ ဧည့်သည်များ အိပ်ရသည့် အခန်းထဲတွင် အနားယူနေလေသည်။
အခန်းထဲတွင်တော့ သူ၏ မျက်လုံးများက ဖုန်းနှင့် ကော်ကပ်ထားသကဲ့သို့ ဖြစ်နေ၏။ နာရီမှ မိနစ် ၊ မိနစ်မှ စက္ကန့်သို့ ပြောင်းလဲလာခဲ့ရာ ၁၂ နာရီထိုးရန် နောက်ဆုံးစက္ကန့်ရောက်သည့် အချိန်တွင်တော့ သူ၏ မျက်လုံးထဲရှိ မျှော်လင့်စောင့်စားမှုတို့မှာ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့သည်။
[ အလုပ်အသစ် (ဖွင့်မည်/ မဖွင့်ပါ) ]
[ အလုပ်အမျိုးအစား - ကိုယ်ပိုင်ဈေးဆိုင် ပိုင်ရှင် ]
[ အလုပ်ပြီးမြောက်နှုန်း : ၀ % ]
[ စနစ်ရှင် ၊ ကျေးဇူးပြုပြီးတော့ သင်၏ အလုပ်အတွက် လက်ဆောင်အိတ်ကို လက်ခံပေးပါ ]
[ ဆုလဒ် : ၁၀ မီလီယမ် ယွမ် ၊ ဖက်ရှင်ကျနသည့် သုံးဘီးဆိုင်ကယ် ]
အာ.....
သူ၏ နောက်ထပ် တွေ့ကြုံခံစားရမည့် အလုပ်အကိုင်ကို မြင်တော့ လင်းရီ အချိန်အတော်ကြာသည်အထိ မတည်ငြိမ်နိုင် ဖြစ်သွားခဲ့သည်။
ကိုယ်ပိုင် ဈေးဆိုင်ပိုင်ရှင်လုပ်ရမည်မှာ သူ့အတွက် ပြဿနာမရှိချေ။ ယင်းက အရမ်းကို သာမန်ဆန်သည့် အလုပ်မျိုးဖြစ်၏။သို့သော်လည်း လင်းရီ၏ အကြည့်တို့က ဖက်ရှင်ကျနသည့် သုံးဘီးဟူသည့် စာသားပေါ်သို့ ကျရောက်သွားခဲ့လေသည်။
လင်းရီ စနစ်ကို အတော်လေး ပြောစရာစကား ပျော်ရှသွားခဲ့ရ၏။
သုံးဘီးဆို သုံးဘီးပေါ့ကွ... ဘာလို့ ဖက်ရှင်ကျနတဲ့ သုံးဘီဆိုပြီး ပြောနေတာ....
ဘယ်လောက်ပဲ ဖက်ရှင်ဆန်တယ်ပြောပြော နောက်ဆုံးကျ သုံးဘီးက သုံးဘီးပဲလေ.....
__________
ချိန်ရန် ရောက်နေသောကြောင့် အိပ်ရာမှ စောထလေ့ မရှိသည့် လျန်ရူရွှယ်မှာ ယနေ့တွင် ပထမဆုံး နိုးလာခဲ့ပြီး အနောက်တိုင်းစတိုင် မနက်စာကို အားလုံးအတွက် ပြင်ဆင်ပေးနေလေသည်။
အရသာနှင့် ပတ်သက်၍တော့ လင်းရီ အများကြီး မမျှော်လင့်ဝံ့ပေ။ မျှော်လင့်ထားသည့်အတိုင်း လျန်ရူရွှယ်၏ ဟင်းချက်လက်ရာတို့မှာ ရိုးစင်းပြီး စားကောင်းရုံမျှသာ ဖြစ်၏။ သူ့လို ကျွမ်းကျင် ချက်ဖ်တစ်ဦး၏ လျှာထဲတွင်တော့ သာမန်မျှပင်။
စားသောက်ပြီးနောက် လင်းရီ ဆေးရုံသို့ ထွက်လာခဲ့ပြီး လျန်ရူရွှယ်ကတော့ ချိန်ရန်ကို လေဆိပ်သို့ လိုက်ပို့လေသည်။
"ခဲအို... နင်ရန်ကျင်းကို ဘယ်အချိန် လာလည်မှာလဲ.....ငါဘက်က ပြန်ပြီး ဧည့်၀တ်ကျေချင်လို့...."သူမ မထွက်ခွာမီ ချိန်ရန်မှ ပြောလိုက်၏။
"အင်း...အဲ့တာက ပြောရခက်တယ်.... ဒါပေမယ့် အချိန်ရရင်တော့ သေချာပေါက် လာလည်မယ်လေ...." လင်းရီ လောက၀တ်အရ ပြန်ပြောလိုက်သည်။
"အွန်း .... လာရင် ကြိုပြောဦးနော်.... "ချိန်ရန်ပြောလိုက်ပြီး "ရန်ကျင်းမှာ ဟွာချင်းရေကန်လိုမျိုး ရေချိုးစင်တာတွေ အများကြီးရှိတယ်.... ခဲအို လာရင် အတူတူသွားကြမယ်.... ငါလည်း တစ်ယောက်တည်းကျတော့ မသွားရဲဘူး....."
"အိုကေ....."
"တော်ပြီ တော်ပြီ ဒီလိုဆို ချိန်ရန်ကို နင်နဲ့ လွှတ်ထားလို့ မဖြစ်တော့ဘူး.... အရင်က ငါ့ရဲ့ အင်နိုးစန့်လေး ချိန်ရန်က ခု အဲ့လိုနေရာမျိုးတွေ သွားဖို့ စကားစနေပြီဆိုတော့ ဦးလေးချိန်ကို သေချာပေါက် တင်းကြပ်ခိုင်းမှ ရတော့မှာ..... "
လင်းရီ :" ...... "
' ဘာစကားတုန်းကွ... မသိရင် ငါက ဖျက်ဆီးနေတာ ကျနေတာပဲ '
လင်းရီ စကားပြောတော့မည့် အချိန်တွင် လျန်ရူရွှယ်မှ ချိန်ရန်ကို ကားထဲသို့ ခေါ်၍ လေဆိပ်သို့ ထွက်ခွာသွားခဲ့သည်။
________
ဟွာရှန်းဆေးရုံ ၊ လက်ထောက် ဒါရိုက်တာရုံးခန်း။
ချောင်ကျား၀မ် သူ၏ ရုံးခန်းထဲတွင် ထိုင်ရင်း ဆေးလိပ်သောက်နေလေသည်။
"ငါ့ ရုံးခန်းထဲလာပြီး ဆေးလိပ်သောက်နေတယ်ဆိုတော့ စိတ်ကောင်း၀င်နေတယ်ပေါ့....."
အပြင်လူများ မရှိသည့်အတွက် ကျောက်ကျန်းဝေ၏ လေသံမှာ ပုံမှန်ပြုမူနေကြအတိုင်း အမိန့်ဆန် မနေချေ။ ထို့ပြင် နှစ်ယောက်မှာ ရင်းနှီးမှု ရှိနေကြသည့် အတွက် သာမန်အတိုင်း ပြောဆိုနေကြ၏။
"ငါ ဒီနေ့ ရောက်လာခဲ့တာ မင်းကို သတင်းကောင်းတစ်ခု ပြောပြချင်လို့....." အငွေ့များကို မှုတ်ထုတ်ပြီးနောက် ချောင်ကျား၀မ်မှ စကားစလာခဲ့သည်။
"အဲ့လောက်တောင် ပျော်နေတယ်ဆိုတော့ ဘယ်လို သတင်းကောင်းများလဲ....."
"မင်း မနေ့တုန်းက လင်းရီကို အရေးပေါ်ဌာနပိုပြီးတော့ တဖြည်းဖြည်း လုပ်ပိုင်ခွင့်တွေ ကန့်သတ်ပြီး အရေးမပါအောင် လုပ်မယ်လို့ ပြောထားတယ်မလား...."
"ဟုတ်တယ်လေ.... ငါခု စာရွက်စာတမ်းတွေတောင် ပြင်ဆင်ပြီးသွားပြီ.... လက်မှတ်ထိုးပြီးတာနဲ့ HR ဌာနကို ပို့လိုက်ရုံပဲ....."
"မလိုတော့ဘူး.... ငါ့မှာ လင်းရီကို မောင်းထုတ်လို့ရမယ့် နည်းလမ်း ရှိတယ်....."
"ဟမ် ဟုတ်လား.... ဆိုစမ်းပါဦး.... ဘယ်လိုများတုန်းကွ....."
ကျောက်ကျန်းဝေ စိတ်၀င်စားသွားခဲ့၏။
"ထျန်းဇီဆေးဆိုင်ရဲ့ သူဌေး ၀မ်ကွမ်းဟုန်ကို ငါ လင်းရီရဲ့ ဖုန်းနံပါတ် ပေးလိုက်တယ်....."
ချောင်ကျား၀မ် ခြေတင်ချိတ်ရင်း ပြောလိုက်ပြီး
"မနေ့ညတုန်းက ၀မ်ကွမ်းဟုန် ငါ့ဆီ ဖုန်းဆက်လာခဲ့တယ်..... သူ လင်းရီနဲ့ အလုပ်သဘောဆွေးနွေးတာ အောင်မြင်သွားပြီ.... ပြီးတော့ သူတိူ့ ဘောတူလက်မှတ်ထိုးထားတဲ့ စာချုပ်တောင်မှ ငါ့ဆီ ပို့လာခဲ့သေးတယ်.... အဲ့လောက်ဆို လင်းရီကို အလုပ်ထုတ်ဖို့ သက်သေလုံလောက်ပြီမလား.....”