← Chapters

အစ်ကိုက မင်းသိပ်ကြိုက်တဲ့ ငှက်ပျောသီးတွေ ကျွေးမယ်

Vol. 29 Ch. 430

အစ်ကိုက မင်းသိပ်ကြိုက်တဲ့ ငှက်ပျောသီးတွေ ကျွေးမယ်

Vol. 29 Ch. 430

"ဆိုတော့ ဒါတွေအကုန်လုံးက ကြိုတင်စီစဉ်ထားတာပေါ့......"

ဘာဖြစ်လဲဆိုတာ နားလည်သွားတော့ နှစ်ယောက်စလုံး၏ အမူအရာမှာ ရုတ်ချည်း အားလျော့သွားခဲ့ကြသည်။ လင်းရီလည်း အဖမ်းခံရမည်ဟု မာန်တင်းထားသော်လည်း ယင်းမျှော်လင့်ချက်က သူတို့၏ ကျနေသည့် စိတ်ကို ဝါးလုံးနှင့် ထိုးချလိုက်သကဲ့သို့ပင်။

ဒါက သူတို့ကို သုတ်သင်ဖို့ ဇာတ်အိမ်တစ်ခုကို တစ်ရာရာခိုင်းနှုန်း ပူးပေါင်းကြံစည်ထားတာပဲကွ....

"လင်းရီ ... မင်းဘယ်လိုတောင် လုပ်ရက်တာလဲ.... မင်းက အသေဆိုးနဲ့ သေရမယ့်ကောင်....." ကျောက်ကျန်းဝေ သူ၏ အံကို တင်းတင်းကြိတ်လျက် မျက်လုံးတို့မှာ နီရဲစွာဖြင့် ပြောလိုက်သည်။

"ဒီနှစ်တွေထဲမှာ ကျုပ်ကို ဒီလိုမျိုး ကျိန်ဆဲနေကြတဲ့သူတွေဆိုတာ ရာကျော်လောက်ရှိတယ်.... ကြည့်လေ ခု ကျုပ် ခင်များရှေ့မှာ အေးဆေးရပ်နေတာပဲ မဟုတ်လား....."

လင်းရီ သက်ပြင်းချလိုက်ပြီး "ဘယ်လိုတောင် ၀မ်းနည်းဖို့ကောင်းလိုက်လဲ.... လုပ်ဖော်ကိုင်ဖက် ဖြစ်တာမှ တစ်ပတ်ပဲရှိသေးတယ် ခုနှုတ်ဆက်ရတော့မယ် ဆိုတော့ ကျွတ် ကျွတ် ကျွတ် .... ခွဲခွာရတော့မယ်ဆိုတော့ ကျုပ် စိတ်တောင် မကောင်းဘူး....."

"မင်း....."

"တော်ပြီ... အပိုတွေ ပြောမနေနဲ့.... ငါနဲ့လိုက်ခဲ့တော့....."

ထို့နောက် အရာရှိခေါင်းဆောင်မှာ လင်းရီကို ကြည့်လိုက်ပြီး လေးစားစွာဖြင့် "ခုလို ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးပါ မစ္စတာလင်း....."

"ယဉ်ကျေးနေစရာ မလိုပါဘူး.... ဒါတွေက ကျုပ်လုပ်သင့်လုပ်ထိုက်တာတွေပါ....."လင်းရီလည်း လေးစားစွာ ပြန်ပြောလိုက်သည်။

"‌‌ဪ ဒါနဲ့ ခင်များ လျိုရုန်ရှန်းနဲ့ ဖန်းရှုဖန့်ကိုပါ ကိုင်တွယ်သွားသင့်တယ် မဟုတ်လား....."

" အိုး ဟုတ်သားပဲ.... ကျုပ် ခုပဲ သူတို့ကို သွားဖမ်းလိုက်ပါ့မယ်....."

"အဲ့တာဆိုလည်း ဘာကို စောင့်နေတာ....အတူသွားကြမယ်လေ.... "

" ဒါပေါ့ ဒါပေါ့ ဒါပေါ့.... ခုပဲသွားကြမယ်....."

...........

အတွင်းလူနာဆောင် ၊ နှလုံးအထူးကုဌာန။

နေ့လည်ခင်းတွင် ခွဲစိတ်မှုရှိသောကြောင့် လီချူးဟန်နှင့် ချောင်ရှင်းမှာ တစ်မနက်ခင်းလုံး အလုပ်များနေကြပြီး သူမတို့၏ အပေါ့အပါးသွားချိန်ကိုတောင်မှ အကျဉ်းချုံ့လိုက်ရ၏။

"အစ်ကိုရီက ဘယ်လဲသွားခဲ့တာ.... ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာပါလိမ့်....."

ချောင်ရှင်း မေးမြန်းလိုက်သည်။

နေ့လည်ပိုင်း ခွဲစိတ်မှုတွင် လင်းရီမှာ လက်ထောက်အဖြစ် တာ၀န်ယူရမည် ဖြစ်သောကြောင့် သူသာ ပေါ်မလာပါက နောက်ဆုံးမိနစ်တွင် ဆရာ၀န် အလဲအပြောင်း ပြုလုပ်ရပေမည်။

"ဟားဟား ဒေါက်တာလီ.... လင်းရီကို စောင့်မနေ‌နဲ့တော့..... သူ ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး....."တစ်ဖက် စားပွဲရှိ လျိုရုန်ရှန်းမှ အပြုံးဖြင့် နှစ်ထောင်းအားရဖြစ်စွာ ပြောလိုက်သည်။

" ရှင် ဘာပြောချင်တာ.... သူက ဘာလို့ ပြန်မလာနိုင်ရမှာလဲ...."

"ကြည့်ရတာတော့ ဒေါက်တာလီက ဘာဖြစ်နေလဲဆိုတာကို မသိသေးဘူးနဲ့တူတယ်.... ဒီ‌တော့ ကျုပ်ကပဲ ပြောပြပေးရမှာပေ့ါ......"

တစ်ခုခုမှားနေသည်ကို သတိထားမိ‌တော့ ချောင်ရှင်း သူမနားကို စွင့်လိုက်ပြီး ဘာဖြစ်နေလဲဆိုတာ သိချင်နေမိတော့၏။

"လင်းရီ မနေ့ညနေ ငါးနာရီလောက်တုန်းက ဒေါက်တာလီဆီကနေ ခွင့်တောင်းပြီး အပြင်ထွက်သွားခဲ့တာကို မှတ်မိလား..."

" မှတ်မိတယ်...."

"တကယ်တမ်းကျတော့ သူက ထျန်းဇီဆေးဆိုင်က သူဌေးနဲ့ သွားတွေ့‌တာ.... ဘာဖြစ်ခဲ့လဲဆို‌တာကို သူ့ဘက်က သိပ်အများကြီး ထုတ်မပြောဘူးဆိုပေမယ့် ကျုပ် အထင်ကတော့ သူအခုဆို အဖမ်းခံနေရလောက်ပြီ...... အချိန်မနှောင်းခင် ‌လူနေရာ အစားထိုးသင့်တယ်နော ဒေါက်တာလီ.... မဟုတ်ရင် ခွဲစိတ်တာ ကြန့်ကြာသွားလိမ့်မယ်....."

"အဲ့လိုမျိုး လုံး၀ မဖြစ်နိုင်ဘူး....."

ဆေးမှတ်တမ်းများရေးနေသည့် လီချူးဟန်မှာ သူမ၏ လှုပ်ရှားမှုများကို လုံး၀ ရပ်တန့်ခြင်း မရှိပဲ "လင်းရီက အဲ့လောက် ငွေလေးကို တပ်မက်နေမယ့် လူစားမျိုး မဟုတ်ဘူး.... ရှင်တို့ သူ့အကြောင်း မဟုတ်တာ ပြောချင်တယ်ဆိုရင်လည်း ယုတ္တိရှိတာလေးတွေ ပြောသင့်တယ်....."

လီချူးဟန် လင်းရီ၏ အခြေအနေကို ကောင်းစွာ နားလည်ထားလေသည်။ လင်းရီ မောင်းသည့် ကားကပင် သန်း ၆၀ ကျော် တန်ကြေးရှိပြီး ကျိုးဟိုင်နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကိုလည်း ပိုင်ဆိုင်ထားသေး၏။

ဆေးရုံသို့ အလုပ်လာလုပ်ခြင်းမှာလည်း သူ၏ နှလုံးသားထဲရှိ အာသီသကို ဖြေဖြောက်ရန်ပင်။

ဆေးရောင်း၍ ရသည့် ကော်မရှင်ခမှာ သူ၏ ဖျင်သုတ်သည့် တစ်သျှူးဖိုးတောင် လောက်ငှလိမ့်မည် မဟုတ်။

"ဒေါက်တာလီ... ခင်များနဲ့ လင်းရီက ပတ်သက်မှုကောင်းတွေ ရှိတယ်ဆိုတာ ကျုပ်တို့ နားလည်တယ်... ဒါပေမယ့် ကျုပ်ပြောနေတာတွေက အမှန်တရားတွေပဲ.... မဟုတ်ရင် ဒီလောက်ကြာနေတောင်မှ ဘာဖြစ်လို့ ပြန်မလာသေးလဲ..... သူ ဖမ်းခံသွားရပြီးလောက်ပြီ....."

ထိုအချိန်တွင် ချောင်ရှင်းမှာ လင်းရီအတွက် စိုးရိမ်မိသွားခဲ့ပြီး မီးခဲ ဖင်ခုထိုင်နေသကဲ့သို့ ဂနာမငြိမ် ဖြစ်ကာ မည်သူ့စကားကို အတည်ယူရမှန်းမသိ ဖြစ်နေလေသည်။

သူမ စားပွဲပေါ်ရှိ ငှက်ပျောသီးများကို စားရန်ပင် စိတ်မပါတော့ချေ။

"နင် လုပ်စရာရှိတာကို ဆက်လုပ်..... သူတို့ပြောတာတွေ နားထဲ ထည့်မနေနဲ့....."

ဘာဖြစ်ခဲ့လဲဆိုတာကို လီချူးဟန် သေချာမသိသော်လည်း ပါမွှားကော်မရှင်ခလေးကို လင်းရီ မမက်မောမည်မှာကိုတော့ သေချာလေသည်။

ထိုအကြောင်း တွေးမိတော့ အခါ သူမ အသံထွက် ရယ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

"ဟုတ်ကဲ့ ဒေါက်တာလီ....."ချောင်ရှင်းပြောလိုက်ပြီး "အစ်ကိုရီက အဲ့လိုမျိုး မလုပ်ဘူးဆိုတာ ညီမလည်း ယုံကြည်တယ်....."

"ရှောင်ချောင်.... နင်က အားလုံးတော်တယ်.... ဒါပေမယ့် မကောင်းတာ တစ်ခုက လူယုံလွယ်လွန်းတာပဲ...."ကျိုးဇီချန်း ပြောလိုက်ပြီး "သူ့ရဲ့ ရုပ်ရည်ကြောင့်မို့နဲ့ အရူးလုပ်မခံရစေနဲ့.... သူ လူမမြင်တဲ့ အချိန် ဘာတွေလုပ်လဲဆိုတာကို ဘယ်သူက သိမှာ.... နေ့လည် ခွဲစိတ်ဖို့အတွက် သူ့ကို စောင့်မနေနဲ့... မတော်လို့ သူ ရုံးရောက်သွားခဲ့ရင် နင့်ကိုပါ အမှုထဲ ဆွဲထည့်နေဦးမယ်....."

"အစ်ကိုရီ...."

ချောင်ရှင်း စိတ်ဓာတ်ကျသလို ခံစားနေရချိန် အံ့အားသင့်စွာဖြင့် လင်းရီ ရောက်ရှိလာသည်ကိုမြင်တွေ့လိုက်ရသည်။

"တစေ မြင်လိုက်ရတာကျနေတာပဲ.... ဘာလို့ အဲ့လောက်တောင် အံ့အားသင့်နေတာ...."

"လင်း.....လင်းရီ.... မင်းပြန်လာတယ်...."

"ဘာတွေ လာယောင်နေတာ.... ဒါက နှလုံးအထူးကု ဌာန မဟုတ်ဘူးလား.... ကျုပ်က ဒီမလာလို့ ဘယ်သွားရမှာ..... "

"မင်းက........."

လျိုရုန်ရှန်း ပြောစရာစကားတို့ ပျောက်ဆုံးနေစဉ် ရဲအချို့ ရောက်ရှိလာခဲ့ပြီး ကျောက်ကျန်းဝေနှင့် ချောင်ကျန်းဝေတို့လည်း လက်ထိပ်နှင့် လိုက်ပါလာခဲ့၏။

ရဲများ အရင်ဆုံး ၀င်ရောက်လာသည်ကို မြင်တော့ လျိုရုန်ရှန်း ပြုံးလိုက်ပြီး "တွေ့လား.... ငါဘာပြောထားလဲ.... လင်းရီက အဖမ်းခံရမှာပါဆိုနေ.... ခုတော့ မြင်ပြီမလား....."

သို့သော်လည်း ထိုခနတွင် လက်ထိပ်နှင့် ချောင်ကျား၀မ်တို့ကို မြင်သည့်အခါ လျိုရုန်ရှန်း၏ အမူအရာမှာ ကြောင်အသွားခဲ့၏။ ထို့နောက် ရင်ထိတ်သွားခဲ့လေသည်။

'ဘာလို့ ဒါရိုက်တာကျောက်က စတီးလက်ကောက်ကြီး ၀တ်ထားတာတုန်းဟ.... လှတယ်များ ထင်နေလား မသိဘူး....'

ရဲအရာရှိ ခေါင်းဆောင်မှ လျိုရုန်ရှန်းနှင့် ဖန်းရှုဖန့်တို့ကု ကြည့်ကာ "မင်းတို့နှစ်ယောက်က ဖန်ရှုဖန့်နဲ့ လျိုရုန်ရှန်းမလား....."

"ကျုပ် ကျုပ်တို့ပါပဲ......"

"ကောင်းတယ်...."ရဲအရာရှိမှ သူ့နောက်ရှိ လက်အောက်ငယ်သားများကို လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး " သူတိူ့နှစ်ယောက်ကိုပါ ခေါ်သွားလိုက်....."

"ဗျာ......"

နှစ်ယောက်လုံး ကြက်သေသေသွားခဲ့၏။ "ရဲအရာရှိကြီး ... ကျုပ်တို့ မှားတာ ဘာတစ်ခုမှ မလုပ်ထားဘူးလေ.... ဘာလို့ ကျုပ်တို့ကို ဖမ်းမှာလဲဗျ......."

"မင်းတို့ကို ဘာကြောင့်မို့ ဖမ်းတယ်လို့ ထင်လဲ....."

လျိုရုန်ရှန်းမှ တစ်ခုခုကို သတိပြုမိသွားပြီး မျက်လုံးများ ပြူးကျယ်စွာဖြင့် ချောင်ကျား၀မ်နှင့် ကျောက်ကျန်းဝေကို လက်ညိုးထိုးကာ " ဒါ ဒါရိုက်တာကျောက်.... ခင်များ ဖော်ကောင်လုပ်လိုက်တယ်လို့တော့ မပြောနဲ့.... ခင် ခင်များ......"

နှစ်ယောက်စလုံး ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်ကြပြီး " လာမစွပ်စွဲနဲ့.... သူတို့ အထောက်အထားနဲ့ သူတိူ့ လာဖမ်းတာ....."

"ဟုတ်တယ်.... ငါတို့မှာ သက်သေ အလုံအလောက်ရှိပြီးသားပဲ.... လာပြီး အပြစ်ကင်းသယောင်ဆောင်မနေနဲ့....ကိုယ်လုပ်ထားတာတွေကို ကိုယ်သိရင် စခန်းကို အေးဆေးလိုက်ခဲ့......"

ဌာနတစ်ခုလုံး ကျွတ်စီညံသွားခဲ့သည်။

ဒုဥက္ကဌ ၊ ဌာန ဒါရိုက်တာနဲ့ လက်ထောက် ဒါရိုက်တာ နှစ်ယောက် အဖမ်းခံလိုက်ရပြီ။

ဒါ သတင်းထူးကြီးပဲ မဟုတ်လား....

အဲ့လိုဆို ဒါရိုက်တာလီ တစ်ဦးတည်း ဌာနမှာ ကျန်ရစ်ခဲ့တော့မှာပေါ့....

"အရာရှိကြီး.... ဟိုးနားလေးနားမှာ တစ်ယောက် ကျန်နေသေးတယ်... သူ့နာမည်က ကျိုးဇီချန်းတဲ့... ချောင်ကျား၀မ်ရဲ့ တူလေးလေ....."လင်းရီ မိတ်ဆက်ပေးလိုက်သည်။

"တူလေးလား...."ခေါင်းဆောင်မှာ ကျိုးဇီချန်းကို သေချာလေူ အကဲ‌ခတ်ကြည့်လိုက်သည်။

မစ္စတာလင်းက အရိပ်အမြွက်ပြောပြနေတာပဲ... ဒီကောင့်ရုပ်ကလည်း ရိုးသားမယ့် ရုပ်တော့ မဟုတ်ဘူး.... ကြာတယ်ကွာ ဒီကောင့်ပါ ခေါ်ခဲ့လိုက်တော့မယ်.....

"သူ့ကိုပါ စစ်မေးလို့ရအောင် ခေါ်ခဲ့လိုက်....."

ကျိုးဇီချန်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

ဒီကိစ္စက ငါနဲ့ ဘာမှ မသက်ဆိုင်ဘူးလေ..... ဘာလို့ ငါ့ကိုပါ ဆွဲထည့်နေကြတာလဲဟ......

"အရာရှိကြီး.... သူလျှောက်ပြောနေတာပါ....ကျွန်တော်တို့ နှစ်ယောက်က ဘာပတ်သက်မှုမှ မရှိပါဘူး..... ကျွန်တော်နဲ့ သူနဲ့က ဘာတူ၀ရီးတွေမှလည်း မဟုတ်ပါဘူး...အရာရှိကြီး သတိထားပါဗျ အဲ့ကောင် ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ......"

"ပေါက်တတ်ကရ ဟုတ်တာတွေ မဟုတ်တာတွေ ငါစိတ်မ၀င်စားဘူး.... ဒါပေမယ့် ငါ့ကို လာလိမ်နေတယ်ဆိုလို့ကတော့ ပြည်သူ့ရဲ့အရာရှိကို လိမ်လည်စော်ကားမှုနဲ့ သံတိုင်နောက်ကို ပို့ပစ်လိုက်မယ်......ဘာမှတ် "

ဘုန်း....

ကျိုးဇီချန်း အသက်ကင်းမဲ့သည့် မျက်လုံးတို့ဖြင့် မြေပြင်သို့ ခွေကျသွားခဲ့သည်။ အကယ်၍ သူမဟုတ်တာ မလုပ်ထားခဲ့လျှင်တောင် ဟွာရှန်းဆေးရုံသို့ ပြန်လာဖို့ဆိုတာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်တော့ချေ။

သမားတော်များနှင့် နာ့စ်များ၏ အကြည့်အောက်တွင် ကျောက်ကျန်းဝေတို့ အပေါင်းအပါတစ်သိုက်မှာ လက်ထိပ်ကိုယ်စီဖြင့် ခေါင်ဆောင်သွားခြင်း ခံရလေသည်။

သူတို့ထဲမှ အချို့မှာ ရာဇ၀တ်မှု မြောက်သည့် အမှုမျိုးကို မကျူးလွန်ထားသော်လည်း ရာဇ၀တ်မှတ်တမ်းထဲတော့ အတင်ခံရလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဆရာ၀န်အလုပ်ဖြင့် အသက်မွေး၀မ်းကြောင်း ပြု၍မရတော့မှာတော့ အမှန်ပင်။

လူတိုင်းကတော့ ဆေးရုံ၏ အထက်ကြီးပိုင်းမှ ရာထူးတစ်ချို့ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလိမ့်မည်ဟု အသေအချာ ယူဆနေကြ၏။

"ဒါရိုက်တာမြောင်က ငါ့ကို လာခဲ့ဖို့ ခေါ်နေတယ်.... နင်တို့ နှစ်ယောက် ပြန်ပြီးတော့ နေ့လည်ခွဲစိတ်မှုအတွက် အဆင်သင့်ပြင်ထားကြ...."

"အိုကေ...."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ရှင်းရှင်း သွားစို့... အစ်ကိုက မင်းသိပ်ကြိုက်တဲ့ ငှက်ပျောသီးတွေ ကျွေးမယ်....."

"အွန်း အွန်း...."

"ဒေါက်တာလင်း.... ကျွန်မတို့လည်း ငှက်ပျောသီးစားချင်တယ်လေ.....ကျွန်မတို့ကိုကော ကျွေး....."နာ့စ်အငယ်စားလေး တစ်ယောက်မှ လင်းရီကို စနောက်လိုက်၏။

လင်းရီ သူမနာမည်ကို မှတ်မိပေသည်။

သူမ နာမည်က ယွမ်စီးချီပင်။

"စားချင်ရင် ကိုယ့်ဘာကိုယ် ယူလာခဲ့လေ....."

"ကျွန်မတို့က ယူခဲ့ဖို့ လိုအပ်သေးလို့လားလို့.... ဒေါက်တာလင်းမှာ တစ်ခု ရှိနေပြီးသားပဲ မဟုတ်လား.....”

All Chapters