ငှက်ပျောသီးစား ကျွမ်းကျင်သူလေး...
Vol. 29 Ch. 431
"အာ....."
"မိန်းကလေး ... မင်းရဲ့ စကားတွေက သိပ်နက်နဲလွန်းသွားပြီ ....."လင်းရီ အတွေးနက်နေဟန် ပြုလိုက်ပြီး "ည ဂျူတီကျတဲ့ အချိန်ကျမှ ဆက်ဆွေးနွေးကြတာပေါ့....."
"ဒေါက်တာလင်း.... ကျွန်မတို့ အကုန်လုံးက ညဂျူတီ အတူ ဆင်းနေကြတာပဲလေ....."
နာ့စ်အချောလေး လေးယောက်မှ ထလာသည်ကိုမြင်တော့ လင်းရီ ရုတ်ချည်း သူ၏ ကျောက်ကပ် နာကျင်လာသယောင် ခံစားလိုက်ရသည်။
"အစ်ကိုရီ... ညီမလည်း ညဂျူတီကျနေတာနော်....."ချောင်ရှင်း လင်းရီနားထဲသို့ တီးတိုးပြောလိုက်၏။
"အာ....."
ဆရာ၀န် တစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ပါလား.... ကျောက်ကပ်တွေ အများကြီး အားကောင်းဖို့လည်း လိုသေးတာပဲ....
"အားလုံးပဲ မလောကြနဲ့.... ဒီလိုကိစ္စမျိုးဆိုတာက သာတူညီမျှ ရှိဖို့ အရေးကြီးတယ် .... ရှေး ဧကရာဇ်တွေတောင်မှ မိဖုရားတစ်ဦးချင်းစီတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးခဲ့တာပဲ မဟုတ်လား.... ဒီတော့ တစ်ဦးချင်း သွားကြတာပေါ့.... အဟမ်း.... ဒါပေမယ့် မိန်းကလေးတို့သာ ဆန္ဒရှိတယ်ဆိုရင် ကျုပ်က လေးယောက်လုံးလည်း နိုင်ပါတယ်....."
နာ့စ်အချို့မှာ ခိုးခိုးခစ်ခစ် ရယ်မောလိုက်ကြပြီး " အဲ့လိုဆိုရင်တော့ ကျွန်မတို့ အလှည့်ရောက်အောင် စောင့်ရတော့မယ်နဲ့တူတယ်....."
တစ်နာရီခန့် ကြာပြီးနောက် လီချူးဟန် အပြင်မှ ရောက်လာခဲ့သည်။ သူမ ရုံးခန်းတစ်ခုလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လူတိုင်း ရှိနေကြသည်ကို မြင်တော့ "ဒါရိုက်တာမြောင် ခုလေးတင် ကျွန်မကို ပြောလာခဲ့တယ်.... ခုကနေစပြီးတော့ ကျွန်မ လီချူးဟန်က နှလုံးအထူးကု ဌာနရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သွားပြီ.... လင်းရီကိုတော့ ယာယီ အစမ်းခန့် လက်ထောက် ဒါရိုက်တာအဖြစ် ရာထူးတိုးသွားထားပေးတယ်.... ဒါပေမယ့် အစမ်းခန့်ကာလ နှစ်၀က်ကုန်သွားရင်တော့ တရား၀င် လက်ထောက်ဒါရိုက်တာ ဖြစ်လာလိမ့်မယ်......"
ထို့နောက် လီချူးဟန် ချောင်ရှင်းကို ကြည့်လိုက်ပြီး "နင်လည်း အရေးပေါ်ဌာနကို ဆက်သွားစရာ မလိုတော့ဘူး.... ဌာနမှာပဲ နေတော့....."
လီချူးဟန်၏ ကြေညာမှုကြောင့် မည်သူမျှ အံ့အားမသင့်သွားခဲ့ကြချေ။
ဒါရိုက်တာ တစ်ဦးနှင့် လက်ထောက် ဒါရိုက်တာ နှစ်ဦးမှ အဖမ်းခံလိုက်ရသောကြောင့် နှလုံးအထူးကုဌာနတွင် ရာထူးအရွေ့အပြောင်းတို့ ဖြစ်လာမည်မှာ မထူးဆန်းပေ။
အားလုံးက သူတို့ မျှော်လင့်ထားကြသည့် အတိုင်းအတာအတွင်း တည်ရှိ၏။
လင်းရီမှာ လက်ထောက် ဒါရိုက်တာအဖြစ် ရာထူးတိုးသွားသော်လည်း သူတို့အားလုံးက လက်ခံနိုင်ကြလေသည်။
အကြောင်းအရင်းမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ခက်ခဲသည့် ခွဲစိတ်မှုတစ်ခုကို ဦးစီးဦးဆောင်ပြု၍ အောင်မြင်ထားသောကြောင့်ပင်။ သာမန်လူတို့မှာ ထိုသို့ ပြုလုပ်ရန် မစွမ်းသာချေ။
"ဌာနက အခု လူတွေ နည်းနေတယ်ဆိုတော့ လူတိုင်းပဲ အလုပ်ကိုပိုပြီး ကြိုးစားပေးကြပါ.... မကြာခင် အရင် လက်ထောက် ဒါရိုက်တာ နှစ်ယောက်ရဲ့ အလုပ်တွေကို လက်လွှဲယူပေးဖို့ လက်ထောက် ဒါရိုက်တာအသစ်နှစ်ယောက် ရောက်လာလိမ့်မယ်......လူတိုင်းပဲ စိတ်တည်ငြိမ်အောင် ထားပြီးတော့မှ ခုဖြစ်သွားခဲ့တဲ့ ကိစ္စတွေကို ရင်ထဲ ထားမနေကြနဲ့......"
"နားလည်ပါပြီခင်ဗျ......"
ချောင်ရှင်း အပြုံးလေးဖြင့် လီချူးဟန်ထံသို့ လျှောက်လာခဲ့ပြီး "ဒေါက်တာလီ ဂုဏ်ပြုပါတယ်နော်.... ခုဆိုရင် ရှင်က ကျွန်မတို့ ဆေးရုံရဲ့ အသက်အငယ်ဆုံး ဒါရိုက်တာတစ်ဦး ဖြစ်လာပြီလေ....."
လီချူးဟန် တည်ငြိမ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။ "ဒီလိုပါပဲ.... ဆရာ၀န်အလုပ်ဆိုတာ ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာ မူတည်နေတာ.... နင်တို့သာ ကောင်းကောင်းကြိုးစားနေသရွေ့ အနာဂတ်ကျရင် နေရာတစ်ခုက သူ့အလိုလိုပဲ ရောက်လာမှာပဲ....."
"နားလည်ပါပြီ ဒါရိုက်တာလီ....."
"ကျွန်မတို့ တစ်နေရာမှာ ဂုဏ်ပြုပွဲကျင်းပကြရင် ကော.... "
ချောင်ရှင်းမှ အကြံပြုလိုက်၏။
"ဒီကိစ္စ နောက်မှ ဆက်ပြောကြတာပေါ့.... ခုတော့ အလုပ်တွေ အရင် လက်စသတ်ကြရအောင် ...."
လီချုးဟန်၏ တည်ငြိမ်ပြီး အေးစက်သည့် အကျင့်စရိုက်ကြောင့် ရာထူးတိုးသွားသည့် ကိစ္စမှာ များများစားစား မထူးဆန်းသွားစေပဲ တခဏမျှ အံ့အားသင့်ပြီးနောက် လူတိုင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြသည်။
မွန်းလွဲပိုင်း ခွဲစိတ်မှုအတွက် နောက်ဆုံး ပြင်ဆင်မှုများကို မစတင်မီ လင်းရီ ၊ ချောင်ရှင်းနှင့် လီချူးဟန်တို့ ရိုးရှင်းသည့် နေ့လည်စာကို သုံးဆောင်လိုက်ကြ၏။
လီချူးဟန်မှ ချောင်ရှင်းကို ခွဲစိတ်ခန်းထဲသို့ ၀င်ရောက်လေ့လာလို့ရမည့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးထားသည်။ သို့သော်လည်း ဘေးမှ ရပ်ကြည့်ပြီး လေ့လာရုံမျှသာ။ သူမတွင် ပါ၀င်ခွဲစိတ်နိုင်သည့် အရည်အချင်းမျိုး မရှိသေးချေ။
သို့သော်လည်း နှလုံးဌာနသို့ ၀င်ရောက်ပြီးနောက် ဝါရင့် ဆရာ၀န်များနှင့်အတူ ခွဲစိတ်ခန်းထဲ၌ ၀င်ရောက်၍ လေ့လာခွင့်ရသည်ကပင် သူမအတွက် မဟာကံကောင်းမှုကြီးဖြစ်၏။
နေ့လည်စာစားပြီးနောက် သုံးဦးသား အခန်း နံပါတ် ၈၀၄ သို့ ရောက်လာခဲ့ကြလေသည်။
ခွဲစိတ်မှု မစတင်မီ လိုအပ်သည့် သဘောတူညီချက်များကို ကြိုတင်သဘောတူထားရ၏။ ယင်းက လုံးဝလိုအပ်သည့် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လေသည်။
လူနာခန်းထဲတွင်တော့ လျိုကျင်းဝေနှင့် သူ့ဇနီးအပြင် သူ၏အစ်မ လျိုကျင်းယွီနှင့် အမျိုးသားတို့လည်း နေ့လည်ပိုင်းခွဲစိတ်မှုအတွက် လာရောက်စောင့်ဆိုင်းနေကြလေသည်။
အထဲသို့ ဝင်ပြီးနောက် လင်းရီ လေးယောက်လုံးကို သိမ်းကျုံးကြည့်လိုက်၏။ လျိုမိသားစုဝင်များ၏ အမူအရာမှာ စိတ်ရောကိုယ်ပါပင်ပန်းနေကြသည့်ပုံပင်။
လျိုကျင်းယွီ၏ဇနီး ရှရှောင်ထုံးကသာလျှင် ဒေါင်းမလေးကဲ့သို့ ကော့ပျံနေအောင် ဝတ်ဆင်ထားလေသည်။
“မစ္စတာလျို... ခွဲစိတ်မှုမစတင်ခင် ကျွန်မတို့ဘက်က မေးခွန်းတစ်ချို့မေးရလိမ့်မယ်… ရှင်တို့သဘောတူမှပဲ ခွဲစိတ်မှုကို ဆက်လက်လုပ်ဆောင်လို့ရမှာ…..” ချောင်ရှင်း လျိုကျင်းဝေကို ကြည့်၍ ပြောလိုက်ပ၏။
“ ဟုတ်ကဲ့ပါ ဒေါက်တာ…. ကျေးဇူးပြုပြီး မေးပါဗျ…”
လျိုကျင်းဝေမှ မတ်တပ်ရပ်၍ ပြောလိုက်သည်။
“ ရှင့်ရဲ့ အဖေကို ဒါရိုက်တာလီနဲ့ ခွဲစိတ်ဖို့ သဘောတူလား….”
“ သဘောတူပါတယ်…”
“ ဒါက အန္တရာယ်များတဲ့ ခွဲစိတ်မှုဖြစ်တာကြောင့်မလို့ အကယ်၍ မတော်တဆမှုများ ရှိလာခဲ့ရင် လူနာမိသားစုရဲ့ ဆန္ဒအလျောက်သာဖြစ်တယ်…. ဆေးရုံနဲ့ ဘာမှ မသက်ဆိုင်ဘူးနော်….”
“ အဲ့ဒါလည်း ပြဿနာ မရှိပါဘူး…”
“ ခွဲစိတ်နေတဲ့ အချိန်မှာ နောက်ထပ် ရောဂါတွေအများကြီး ဖြစ်ပေါ်လာနိုင်ခြေများတယ်…. ဒါကြောင့်…….”
နောက်ထပ် ဆယ်မိနစ်ခန့်အထိ ချောင်ရှင်းမှ မေးခွန်းဆယ်ခုထက်မနည်း မေးမြန်းသွားခဲ့ပြီး လျိုကျင်းဝေကလည်း ပူးပေါင်းမှုရှိစွာဖြင့် တစ်ခုချင်းစီကို ဖြေကြားပေးခဲ့လေသည်။ နောက်ဆုံး သူ၏ နာမည်ကို ဆိုင်းထိုးရန် ဟန်ပြင်လိုက်၏။
“ မောင်လေး … နင် ခဏလေးနေဦး…”
လက်မှတ်ထိုးတော့မည့်အချိန်တွင် လျိုကျင်းယွီမှ သူမမောင်လေး၏ လက်ကို လှမ်းဆွဲလိုက်သည်။
“ အစ်မ …. ဘာလဲဖြစ်တာ….”
လျိုကျင်းယွီ ပြန်မဖြေပဲ ချောင်းရှင်းကို ကြည့်၍ “ ဒေါက်တာချောင် ကျွန်မသိချင်တာက ဒီခွဲစိတ်မှုရဲ့ အောင်မြင်နိုင်ချေက တကယ်ကြီး ၁ဝ ရာခိုင်နှုန်းတည်း ရှိတာလား….”
“ ၁၀ ရာခိုင်နှုန်းက အာဏာကုန်ပဲ… တကယ်လို့ ကြိုမသိနိုင်တဲ့ အန္တရာယ်တွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အောင်မြင်နိုင်ချေက ငါးရာခိုင်နှုန်းလောက်ပဲ ရှိတော့မှာ…. ဒါနဲ့ပတ်သက်ပြီးတော့ ဒါရိုက်တာလီကလည်း တခြားဌာနကဒါရိုက်တာတွေနဲ့ ထပ်ခါတလဲလဲ ဆွေးနွေးပြီးသွားပြီ…”
“ တကယ်လို့ ကျွန်မတို့ ခုချိန် ခွဲစိတ်မှုကို ပယ်ဖျက်လိုက်ဦးမယ်ဆို အချိန်မှီလောက်သေးလား…” လျိုကျင်းယွီမှ မေးမြန်းလိုက်၏။
“ ဒါပေါ့…. ဒါပေမယ့် ခွဲစိတ်ဖို့အတွက် ကျန်းမာရေးစစ်ဆေးခတွေက သုံးလိုက်ပြီဆိုတော့ ပြန်အမ်းလို့တော့ မရတော့ဘူးနော်…”
“ အဲ့လောက်လေးကတော့ ပြဿနာမရှိပါဘူး…”
“ လျိုကျင်းယွီ....နင် ဘာတွေ ပြောနေတာလဲ…..” ရှရှောင်ထုံး ရှူးရှူးရှားရှား ဖြစ်သွားခဲ့ပြီး “ ငါတို့ ခွဲစိတ်ဖို့ သဘောတူထားပြီးသားကို ဘာလို့ခုမှ လာထဖောက်နေတာ… အခွင့်အရေးက ၅ ရာခိုင်နှုန်းတည်းရှိတယ်ဆိုရင်တောင်မှ ငါတို့ အဖေ့ကို လက်လျော့လိုက်လို့ မရဘူးလေ…. ငါကတော့ အဖေ နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်နေရဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ ဝန်မလေးဘူး….”
“ တကယ်လို့ တစ်ခုခု ဖြစ်သွားမယ်ဆိုရင်ကော… အဖေ ခွဲစိတ်ခန်း စားပွဲပေါ်ကနေ ပြန်မဆင်းလာနိုင်တာတောင်မှ ဖြစ်သွားနိုင်တယ်နော်…”
“ ခု မခွဲစိတ်ရင် နောင်ကျ တစ်ခုခုဖြစ်မှဆို အချိန်နှောင်းသွားလိမ့်မယ်… ငရဲတံခါးဝကို ကျော်ဖြတ်ရမယ်ဆိုရင်တောင်မှ ကြိုးစားကြည့်ရမှာပဲ…”
ရှရှောင်ထုံးမှ မယိုင်လဲသည့်လေသံဖြင့် ပြောဆိုလိုက်ပြီး
“ ပြီးတော့ ငါတို့မနေ့တုန်းက ပြောထားပြီးသွားပြီ… နင်က လျိုမိသားစုဝင် မဟုတ်တော့ဘူး… အဖေ့ကိစ္စက နင်နဲ့ ဘာမှမသက်ဆိုင်တော့ဘူး…. ဒါကြောင့်မို့ အဖေ့ရဲ့ ခွဲစိတ်မှုကို လာမဝင်စွက်ဖက်နဲ့….”
“ နင်…” လျိုကျင်းယွီ ဒေါသထွက်သွားခဲ့ပြီး သူမ၏ ရင်အစုံမှာ ဖားဖိုကြီးကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။
သူမ ပြန်လည်ချေပချင်ဘာသော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေခဲ့၏။
“ နင်ကကော ဘာတွေစောင့်နေတာ…. မြန်မြန်လက်မှတ်ထိုးလိုက်တော့လေ….”
ရှရှောင်ထုံး ကြောင်ငေးနေသည့် လျိုကျင်းဝေကို အော်ပြောလိုက်၏။
“ မအော်နဲ့ …. ဒီမှာ လူတွေအများကြီးရှိတယ်လေကွာ …. ထိုးမှာပါဟ…”
လျိုကျင်းဝေ သူ့မိန်းမစကားကို မပယ်ရှားဝံ့ပါချေ။ ချက်ချင်းပဲ ဖောင်တိန်ကို ကောက်ယူလိုက်ပြီး သူ၏ နာမည်ကို သဘောတူလက်မှတ် ရေးထိုးလိုက်၏။
လျိုကျင်းဝေ လက်မှတ်ထိုးလိုက်သည်ကို မြင်တော့ ရှရှောင်ထုံးမှ “ ဒေါက်တာ… အချိန်မဆွဲပဲ ကျွန်မအဖေကို မြန်မြန်လေး ခွဲစိတ်ပေးနော်… ….”
“ ခွဲစိတ်မှုက စတင်တော့မှာ… ရှင်တို့မိသားစုဝင်တွေသာ အဆင်သင့်ဖြစ်အောင် လုပ်ထားလိုက်…”
“ ကျွန်မတို့က အချိန်မရွေး စဖို့အသင့်ပဲ…”
ချောင်ရှင်း ခေါင်းညိမ့်လိုက်ပြီး လင်းရီနှင့်အတူ ထွက်လာခဲ့လိုက်သည်။
“ ခဏနေ ခွဲစိတ်ခန်းထဲဝင်ရတော့မှာဆိုတော့ စိတ်မလှုပ်ရှားဘူးလား….” လင်းရီ ပျင်းရိစွာဖြင့် မေးလိုက်၏။
“ နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့… ဒါပေမယ့် အစ်ကိုရီ သတိထားမိလားတော့ မသိဘူး… အဲ့ဒီ လျိုမိသားစုက အရမ်းထူးဆန်းတယ်နော်….”
“ ဘယ်လိုမျိုးလဲ….”
“ သူတို့ရဲ့ အဝတ်အစားတွေကို ကြည့်လိုက်တာနဲ့တင် ပိုက်ဆံမရှားဘူးဆိုတာ သိသာတယ်… အဲ့ဒါကိုတောင်မှ ခွဲစိတ်မှုစတင်တော့မှာကို ဒါရိုက်တာလီဆီ ဟုန်ပေါင်းလည်း လာမပေးဘူး… အဲ့တာက အရမ်းထူးဆန်းတယ်…..”
“ မင်းဘယ်လိုတွေ စဉ်းစားပြီးပြောနေတာလဲ…” လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ ချောင်ရှင်းကို ထိုကဲ့သို့ အကျင့်စရိုက်ရှိလိမ့်မည်လို့ မထင်ထားခဲ့ချေ။
“ အစ်ကိုရီ စိတ်မဆိုးနဲ့ဦး … ညီမဆိုလိုချင်တာက အဲ့ဒီအဓိပ္ပာယ် မဟုတ်ဘူး….”
ချောင်ရှင်း ကမန်းကတမ်းပြောလိုက်ပြီး “ ပုံမှန်ဆိုရင် ခွဲစိတ်မှုမစခင် ဒေါက်တာက လူနာကို ကောင်းကောင်းလေး ဂရုစိုက်အောင်လို့ ဆိုပြီးတော့ မိသားစုဝင်တွေက ခေါင်းဆောင်ဆရာဝန်ကို ဟုန်ပေါင်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လက်ဆောင်တစ်ခုခုတော့ပေးရတယ်လေ…. ဒါရိုက်တာလီကလည်း လက်ခံမှာ မဟုတ်ဘူးဆိုပေမယ့် အဲ့တာက ဆေးရုံရဲ့ ထုံးစံပဲ … မပြောလည်း သိတတ်ရမှာ…..”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ ယင်းမှာ ဆိုးရွားသည့် ထုံးစံကြီး တစ်ခုပင်။
“ ဒါရိုက်တာလီက ငြင်းပယ်မှာ မှန်တယ်ဆိုရင်တောင်မှ သူတို့ဘက်က ဘာအပြုအမူမှလည်း မပြလာဘူး… “
အစကတော့ လင်းရီ များများစားစား မစဉ်းစားချေ။ သို့သော်လည်း ချောင်ရှင်းပြောသည်ကို နားထောင်ပြီးနောက် တစ်ခုခု မှားနေသလိုခံစားလိုက်ရ၏။
အကယ်၍ သူ့တွင် စနစ်သာ မရှိခဲ့ဘူးဆိုရင်
ဒါမှမဟုတ် ဆေးရုံက ဒေါက်တာတွေနဲ့ မရင်းနှီးဘူးဆိုရင် ….
လင်းရီ ယခုလို အခြေအနေမျိုးနှင့် ကြုံလာခဲ့ပါက သေချာပေါက် တံစိုးလက်ဆောင်များပေး၍ ဆရာဝန်၏ မျက်နှာသာပေးမှုကို ရယူပေလိမ့်မည်။
ချောင်ရှင်းပြောသည့်အတိုင်း ဆရာဝန်ကိုသာ စိတ်ပျော်အောင် လုပ်ပေးနိုင်ပါက လူနာကို ပိုပြီးအလေးထား၍ ဂရုစိုက်ပေးမည်မှာ မလွဲမသွေပင်။
ထို့ကြောင့် ထိုမိသားစု၏ ပြုမူပုံမှာ အနည်းငယ်တော့ ထူးဆန်းသလိုရှိ၏။
“ ကဲပါ … အဲ့တာတွေ တွေးမနေနဲ့… လာ ငှက်ပျောသီးလေးစားလိုက်….”
“ အစ်ကိုရီ … ညီမက ဆရာဝန်လား ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် ငှက်ပျောသီးစားတဲ့သူလားတောင် မသိတော့ဘူး…”