← Chapters

ပျင်းရိပြီး ချစ်စရာကောင်းတဲ့ အခြေအနေ

Vol. 29 Ch. 432

ပျင်းရိပြီး ချစ်စရာကောင်းတဲ့ အခြေအနေ

Vol. 29 Ch. 432

“ အာ…..”

“ ဆရာဝန်အလုပ်က မင်းရဲ့ အဓိကအလုပ်လေ…. ငှက်ပျောသီးစားတာကကျတော့ မင်းရဲ့ အချိန်ပိုင်းအလုပ်ပေါ့…”

“ ခစ်ခစ်…. အဲ့လိုလား….”

မွန်းလွဲတစ်နာရီတွင် လူနာကို ခွဲစိတ်ခန်းထဲသို့ တွန်းလှည်းဖြင့် တင်ဆောင်လာခဲ့ပြီး ခွဲစိတ်မှုစတင်ရန် အသင့်ဖြစ်နေလေသည်။

လျိုမိသားစုဝင်များကတော့ ခွဲစိတ်ခန်းအပြင်ဘက်တွင် စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြ၏။

သို့သော်လည်း ရှရှောင်ထုံးတစ်ယောက် မည်သူမျှ သတိမထားမိချိန်တွင် နှစ်ထပ်မြောက်သို့ ဆင်းလာခဲ့လေသည်။

လှေကားထစ်ထိပ်ဖျားတွင်တော့ ဆံပင်အဝါရောင် ဆိုးထားပြီး နေကာမျက်မှန်နှင့် ခပ်မိုက်မိုက် အမျိုးသားတစ်ဦးမှ ရပ်နေလေသည်။

ထို အမျိုးသားမှာ အရပ်အမောင်းကောင်းစွာဖြင့် ခန့်ညားလှပြီး တစ်ချက်ကြည့်လိုက်သည်နှင့် လျိုကျင်းဝေထက် အများကြီးသာကြောင်း‌ ပြောနိုင်လေသည်။

“ ဒါလင်ကလည်း ဘာလို့ ဒီရောက်လာခဲ့တာ… မတော်လို့ တစ်ယောက်ယောက်မြင်သွားတော့မှဖြင့် ဒုက္ခတွေ များနေပါဦးမယ်…..”

နေကာမျက်မှန်နှင့် အမျိုးသားမှ သူ၏ လက်မောင်းများကို ရှရှောင်ထုံး၏ ခါးထံသို့ ရစ်ပတ်လိုက်ပြီး “ မင်းပြောတော့ ဒီနေ့က ဟိုအဘိုးကြီး ခွဲစိတ်မယ့်နေ့ဆို… ငါလည်း မနေနိုင်တာနဲ့ တစ်ချက်လာကြည့်တာ…..”

ရှရှောင်ထုံး အပေါ်ထပ်ကို တစ်ချက်ကြည့်လိုက်ပြီး ဘယ်သူမျှ ကြည့်မနေသည်ကိုမြင်တော့ သူမ ရုန်းကန်ခြင်း မပြုတော့ပါချေ။

“ ဆရာဝန်ပြောတာတော့ ဒီခွဲစိတ်မှုရဲ့ အောင်မြင်မှုရာခိုင်နှုန်းက ငါးရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ပြောတယ်… တကယ်လို့ တခြား ရောဂါတွေပါ ထပ်ပေါ်လာမယ်ဆိုရင် ခွဲစိတ်ခန်းထဲကတောင် ထွက်လာနိုင်မှာတောင် မဟုတ်တော့ဘူး….”

“ အဲ့ထဲမှာ သေမယ်ဆိုတာ သေချာရဲ့လား…”

“ သေချာလုနီးပါးပေါ့…” ရှရှောင်ထုံး ပြုံးလိုက်ပြီး “ ဒီနေ့ ဦးဆောင်ပြီး ခွဲစိတ်မယ့်ဆရာဝန်က ဟွာရှန်းဆေးရုံရဲ့ နာမည်ကြီး ဆရာဝန် လီချူးဟန်လေ… သူကတောင်မှ ဒီခွဲစိတ်မှုက အရမ်းအန္တရာယ်များတယ်လို့ ပြောမှတော့ ပြန်သက်သာလာဖို့ဆိုတာ မေးနေစရာတောင် မလိုတော့ဘူး…. ဒါလင်က ဒီမှာနေပြီးတော့ ဟန်နီ့ဆီက သတင်းကောင်းကို စောင့်နေလိုက်နော်….. အဲ့ ဘိုးတော်ကြီး သေသွားတာနဲ့ လျိုမိသားစုရဲ့ ယွမ်သန်းဆယ်ချီတဲ့ ပိုင်ဆိုင်မှုတွေက ဟန်နီတို့အပိုင်ဖြစ်ပြီ…. ပြီးရင် ဟိုငတုံး လျိုကျန်းဝေကိုလည်း အိမ်ပေါ်ကနေ ပထုတ်ဖို့နည်းလမ်းရှာရမယ်…. အိမ်ကိုပါသိမ်းနိုင်ပြီးဆိုရင် ဟန်နီတို့ရဲ့ ရည်မှန်းချက်က အောင်မြင်ပြီလေ…..”

“ ငါကလည်း အဲ့ဒီစကားကိုပဲ ကြားချင်နေတာ…..”

နေကာမျက်မှန်နှင့် အမျိုးသားမှ ရှရှောင်ထုံး၏ တင်ပါးများကို အားပါးတရ ဆုပ်နယ်ရင်း ပြောလိုက်၏။

“ ပြန်သွားတော့.. တော်ကြာအချိန်ကြာသွားရင် သူတို့ သတိထားမိကုန်လိမ့်မယ်… ငါ မင်းဆီက သတင်းကောင်းကို ဒီအောက်ထပ်မှာ မျှော်နေမယ်,…”

“ အွန်း…အွန်း…”

ရှရှောင်ထုံးမှ နေကာမျက်မှန်နှင့် အမျိုးသား၏ နှုတ်ခမ်းကို တပ်မက်စွာ နမ်းရှိုက်ရင်း “ ဒါလင် ဘာမှမပူနဲ့သိလား… ခွဲစိတ်တာက သုံးလေးနာရီလောက်ပဲကြာမှာ…. ပြီးတာနဲ့ လျိုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ဟန်နီတို့ အပိုင်ပဲ….”

“ အင်း…..”

ထို့နောက် အချိန်အကြာကြီး ဝေးကွာနေခဲ့ရသည့် ချစ်သူနှစ်ဦး၏ အသက်ရှုသံ ပြင်းပြင်းတို့မှာ ဂျောင်တစ်နေရာမှ ထွက်ပေါ်လာခဲ့လေသည်။

ကိစ္စပြီးနောက် ရှရှောင်ထုံး သူမ၏ စကတ်ကို ပြန်ဆွဲတင်ပြီး ခွဲစိတ်ခန်းအပြင်ဘက်သို့ ပြန်ရောက်လာခဲ့၏။ သူမ၏ အမူအရာမှာ တည်ငြိမ်နေပြီး စိတ်ပူနေပုံ ပေါ်နေလေသည်။

တစ်ခုခုမှားနေကြောင်းကို လျိုမိသားစုဝင်တို့ သတိမထားမိကြချေ။

အချိန်မှာ တစ်မိနစ်ပြီး တစ်မိနစ် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး သုံးနာရီကြာပြီးနောက် ခွဲစိတ်ခန်းထဲရှိ မီးအလင်းရောင်မှာ မှိတ်သွားခဲ့၏။ လင်းရီ ၊ ချောင်ရှင်းနှင့် လီချူးဟန်တို့ အသီးသီး ထွက်လာခဲ့ကြလေသည်။

လီချူးဟန်ကိုမြင်တော့ လျိုကျင်းဝေနှင့် လျိုကျင်းယွီတို့ မောင်နှမနှစ်ဦးစလုံး အပြေးအလွှားရောက်လာကြပြီး “ ဒေါက်တာ….. ခွဲစိတ်မှုအခြေအနေဘယ်လိုရှိလဲ… ကျွန်မအဖေကောဟင်….”

“ မပူနဲ့…. ခွဲစိတ်မှုက အောင်မြင်တယ်… “ ချောင်ရှင်း ပြောလိုက်ပြီး “ နောက်ပြီး ဒါရိုက်တာလီပြောတာတော့ သူပြန်သက်သာလာရင် နောက်ထပ်ဆယ်နှစ်လောက် ထပ်နေဖို့က ပြဿနာရှိမှာ မဟုတ်တော့ဘူး….”

“ တကယ်…. အဲ့လိုဆို အရမ်းကောင်းတာပဲ..”

လျိုကျင်းဝေ စိတ်လှုပ်ရှားစွာဖြင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး “ ကျေးဇူးပါဗျာ ဒါရိုက်တာလီ… ကျေးဇူးပါ…. ခုကစပြီးတော့ ဒါရိုက်တာလီက ကျုပ်တို့ လျိုမိသားစုရဲ့ ကျေးဇူးရှင်ပါပဲ….”

“ အဲ့လိုကြီး လုပ်စရာမလိုပါဘူး… ထထ…”

လျိုမိသားစုဝင်များမှ ပီတိမျက်ရည် လျံကျနေစဉ် ရှရှောင်ထုံးတစ်ဦးတည်းသာ ကြမ်းပြင်နှင့် သံမှိုစွဲကပ်ထားသကဲ့သို့ ငူငူငိုင်ငိုင်ကြီး ရပ်နေလေသည်။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အောင်မြင်နိုင်တဲ့ အခွင့်အရေးက ငါးရာခိုင်နှုန်းတည်းရှိတာမဟုတ်ဘူးလား…. ဘယ်လိုလုပ်ပြီး အောင်မြင်သွားတာလဲ…..

“ ဒါရိုက်တာလီ … ကျွန်မအဖေက အဆင်ပြေတယ်ဆိုတာ သေချာပါတယ်နော်….. တခြားဘာရောဂါမှတော့ ထပ်မဖြစ်ဘူးမလား….”

လီချူးဟန် ရှရှောင်ထုံးကို စူးရဲစွာ ကြည့်လိုက်ပြီး “ ရှင်က ဘာပြောချင်နေတာ…. တစ်ခုခု ဖြစ်စေချင်နေတာလား…”

“ မ မဟုတ်ပါဘူး…. ကျွန်မ သဘောက…..” ရှရှောင်ထုံး ရှင်းပြလိုက်ပြီး “ ခွဲစိတ်မှု အောင်မြင်သွားလို့ ဒါရိုက်တာလီကို ကျေးဇူးတင်တယ်လို့ ပြောမလို့ပါ…”

လီချူးဟန် ခေါင်းငြိမ့်လိုက်ပြီး “ ခဏနေကျရင် နာ့စ်တွေ လူနာကို သယ်လာခဲ့လိမ့်မယ်…. ရှင်တို့တွေ ဒီကနေ စောင့်နေလိုက်ကြ….”

“ ဟုတ် ဟုတ် ဒါရိုက်တာလီ… ကျေးဇူးအများကြီးတင်ပါတယ်ဗျ…..”

လျိုကျင်းဝေ ပြောပြီးနောက် ရှရှောင်ထုံးကို ဖက်ကာ စိတ်လှုပ်ရှားစွာဖြင့် အနမ်းပေးလိုက်လေသည်။

“ ကိုယ့်ရဲ့ ချစ်ဇနီးသည်လေးကိုလည်း ကျေးဇူးတင်ရမယ်… ချစ်ကသာ အဖေ့ကို ခွဲစိတ်ပေးဖို့တင်းမခံနေဘူးဆိုရင် ဒီနေ့လို အဖြစ်အပျက်တွေ ဖြစ်လာမှာတောင် မဟုတ်ဘူး…..”

ရှရှောင်ထုံးကတော့ သူမရင်ထဲရှိ ခါးသီးမှုတို့ကို သိမ်းဆည်းလျက် ခါးသက်သက် ပြုံးပြလိုက်သည်။

ပစ္စည်းများသိမ်းဆည်းပြီးနောက် သုံးယောက်သား နှလုံးအထူးကုဌာနသို့ ပြန်လာခဲ့ကြ၏။

“ တကယ်လို့ ဒီနေ့ည အရေးကြီးကိစ္စမရှိဘူးဆိုရင် ဒီမှာပဲနေ… ဘယ်မှမသွားနဲ့တော့…..ခွဲစိတ်ပြီးပြီးချင်းဆိုရင် တစ်ခုခုဖြစ်ဖို့ လွယ်တယ်… ဒီမှာပဲနေပြီးတော့ စောင့်ကြည့်နေကြ….”

“ နားလည်ပါပြီ ဒါရိုက်တာလီ….”

အားလုံးပြီးစီးသွားသည့်အချိန်တွင်တော့ ညနေ ငါးနာရီကျော်နေပြီးဖြစ်၏။ လင်းရီ အပြင်မှ အစားအသောက်များ မှာလိုက်ပြီး ညနေစာစားပြီးနောက် ရှောင်ထျန်နှင့် ဂိမ်းအတူဆော့နေလေသည်။

သူမ၏ ဂိမ်းစကေးတို့ကတော့ အချိန်သာ ကြာညောင်းသွားခဲ့သော်လည်း ဒုံရင်းက ဒုံရင်းပင်။

သို့သော်လည်း ဆေးရုံတွင် လူနာအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံပြီးနောက် လင်းရီ၏ ရှောင်ထျန်အပေါ် စိတ်ရှည်မှုတို့မှာလည်း အဆင့်တစ်ခုအထိ ရောက်ရှိလာခဲ့၏။

“ မင်းက ငတုံးလား… ခွေးကို ကစားခိုင်းရင်တောင် မင်းထက်ပိုတော်ဦးမယ်….”

“ အိုက်ယား…. ငါ့ကို အဲ့လိုကြီးတော့ မပြောပါနဲ့ဟယ်… ငါလည်းအများကြီး တိုးတက်လာခဲ့တာပဲကို…”

ရှောင်ထျန်မှ အရှက်ကင်းမဲ့စွာဖြင့် ဆိုလိုက်၏။

“ နောက်တစ်ပွဲ ထပ်ဆော့ကြမယ်…. ငါခုနပွဲကနေ အကွက်အသစ်တွေ နားလည်သွားပြီ….. ငါ့ရဲ့ စကေးတွေကို မကောင်းတဲ့ကောင်တွေဆီပြဖို့ မစောင့်နိုင်တော့ဘူး….”

လင်းရီမှာ အချိန်ဖြုန်းနေခြင်းသာ။ ရလဒ်မည်သို့ပဲ ဖြစ်နေပါစေ သူစိတ်မဝင်စားပဲ ရှောင်ထျန်နှင့်အတူ ဆက်ကစားပေးရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် လျန်ရူရွှယ်မှ ဖုန်းဆက်လာခဲ့လေသည်။

“ အလုပ်ရှုပ်နေတာလား…”

“ အင်း…”

“ ဘာအလုပ်တွေ ရှုပ်နေတာ…”

“ စကီအလန်းလေးနဲ ဂိမ်းဆော့နေတာလေ…”

“ ဟွန့်… နင်က အဲ့တာကို အလုပ်လို့ခေါ်တာလား….”

လျန်ရူရွှယ် နှာခေါင်းရှုံ့လိုက်ပြီး “ အဓိက ကုမ္ပဏီခြောက်ခုဆီက ဆေးပစ္စည်းလေးဆယ်ရာခိုင်နှုန်းကို ငါတို့ဘက်က လက်ခံထားပြီးပြီ… ကျန်တဲ့ ၆၀ ရာခိုင်နှုန်းထဲက တစ်ဝက်လောက်ကကျတော့ မနက်ဖြန် တင်ပို့လာလိမ့်မယ်… ကျန်တဲ ၃၀ ရာခိုင်နှုန်းကတော့ ရောက်လာဖို့ အချိန်တစ်ချို့ကြာဦးမယ်…. ဒါပေမယ့် ဆေးကုမ္ပဏီတွေကလည်း အခွန်ရုံးကို ပစ္စည်းတွေ ပြန်ပေးဖို့ ဖိအားပေးနေကြပြီ….”

ထိုနေရာရောက်သည့် အချိန်၌ လျန်ရူရွှယ်မှ ခဏရပ်တန့်လိုက်ပြီး “တကယ်လို့ နင့်မှာ တခြားအစီအစဉ်တစ်ခုရှိတယ်ဆိုရင် ခုစလို့ရပြီနော်…”

“ ကောင်းပြီလေ… ငါကြည့်စီစဉ်လိုက်မယ်…ဒါပဲမလား…..”

“ အွန်း ဒါပဲ….”

လင်းရီ ဖုန်းချပြီးနောက် ခါးကြောဆန့်လိုက်၏။ ကုန်များမှာ တစ်ခုပြီးတစ်ခု ရောက်လာနေသောကြောင့် ချောင်ကျင်းချိုးကို အလုပ်လုပ်ခိုင်းဖို့ အချိန်တန်လေပြီ။

သို့သော်လည်း သူချောင်ကျင်းချိုးထံ ဖုန်းဆက်တော့မည့်အချိန်တွင် ကျီချင်းရန်မှ ဖုန်းခေါ်လာခဲ့၏။

“ကျွန်မတို့ရဲ့ ဒေါက်တာလင်းက ခု ဘာတွေလဲ လုပ်နေတာ…”

ကျီချင်းရန်ကတော့ ပုံမှန်အတိုင်း စနောက်လာလေသည်။

“ ခုလေးတင် စားပြီးလို့ ညဆိုင်းဆင်းနေတာလေ…” လင်းရီ ပြောလိုက်ပြီး “ မင်းကော.. ခုအိမ်မှာလား…”

“ အွန်း….. ငါခု ပစ္စည်းတွေ အကုန်သယ်လာပြီးတော့မှ အိမ်မှာ အချိန်ပိုဆင်းနေတာလေ…. နင်မရှိပဲနဲ့တော့ ည အချိန်ပို မဆင်းရဲပါဘူး…”

“ အစကတော့ ညအချိန်ပိုဆင်းတာ ကောင်းတယ်လို့ထင်တာပဲ… ဒါပေမယ့် နင်ပြောပြီးတော့မှ ငါလည်း သေချာ စဉ်းစားမိသွားတယ်…. ခုဆို နင်မရှိတာနဲ့ မမှောင်ခင် အိမ်ပြန်ပြီပဲ…. ဘယ်တော့မှ နောက်ကျအောင် မနေတော့ဘူး…..”

“ ငါမရှိတဲ့ အချိန် မမှောင်ခင် အိမ်ပြန်တယ်ဆိုတော့ ငါရှိရင်ကျတော့ မင်းက အိမ်မပြန်ဘူးပေါ့…”

“ နင်ရှိနေရင်ကျတော့ ငါအိမ်ပြန်လို့ ရမရက နင့်အပေါ်မှာ မူတည်တယ်လေ…. နင်က မထင်ရင် မထင်သလို ငါ့ကို ကျိုကျုံးဗီလာဆီ ခေါ်သွားတာကိုး….”

“ အာဟားဟား… အဲ့တာလည်း ဟုတ်သားပဲဟ…”

“ ကောင်းပြီ… ငါနင်နဲ့ စကားဆက်မပြောတော့ဘူး… အလုပ်လုပ်ရဦးမယ်…” ကျီးချင်းရန် ပြောလိုက်ပြီး

“အားတဲ့အချိန်ကျရင် များများ အိပ်ပေးနော်… နောက်ကျအောင်နေပြီးရင်လည်း ကိုယ့်ကျန်းမာရေးလေး ဂရုစိုက်ဦး….”

“ အင်း… မင်းလည်း စောစောနား... ညနက်တဲ့အထိ အလုပ်တွေကြိုးစားမနေနဲ့…”

“ အွန်း ….”

လင်းရီနှင့် ကျီချင်းရန်တို့ကြားရှိ စကားဝိုင်းတို့ကတော့ ပုံမှန်အတိုင်းပင်။

နှစ်ယောက်သား အပိုစကားတို့ သိပ်မပြောကြသော်လည်း တစ်ဦး၏စေတနာကို တစ်ဦးက‌ နားလည်ပေသည်။

ဖုန်းချပြီးနောက် လင်းရီ၏ ဖုန်းမှာ မြည်လာခဲ့ပြန်၏။

ဤတစ်ကြိမ်တွင်တော့ ရှောင်ထျန်ထံမှပင်။

“ ငါတို့ဆော့မယ်လို့ ပြောထားတာမဟုတ်လား… လူက ဘာလို့ ပျောက်သွားခဲ့တာ…”

“ ဘာတွေများလဲလို့ကွာ…. နောက်တစ်ခေါက် ထပ်ခေါ်လိုက်ရင် ပြီးနေတာပဲ မဟုတ်လား…”

ဖုန်းချပြီးနောက် နှစ်ယောက်သား ဆက်လက် ရန်ဖြစ်ရင်း ဂိမ်းကစားလိုက်ကြ၏။

“ အစ်ကိုရီ ကြည့်ရတာ တော်တော် အလုပ်ရှုပ်နေတဲ့ပုံပဲနော်….” ကိုနန် စီးရီးကို ကြည့်ရင်း ငြီးငွေ့လာသည့် ချောင်ရှင်းမှ ပျင်းရိစွာ စကားဆိုလိုက်၏။

“ သူတို့အားလုံးက မိန်းကလေးတွေချည်းပဲမလား…”

“ ကလေးတွေက ဒီလိုမေးခွန်းမျိုးတွေ မမေးရဘူး….” လင်းရီ စားပွဲပေါ်မှ ငှက်ပျောသီးတစ်လုံးကို ယူ၍ အခွံနွာလိုက်ပြီး ချောင်ရှင်းထံကမ်းကာ “ ရော့…. ငှက်ပျောသီး အကြီးကြီး စားလိုက်….”

“ အွန်း အွန်း… အရမ်းအရသာရှိတယ်….”

ချောင်ရှင်း စားရင်းဖြင့် ရေရွတ်လိုက်၏။

All Chapters