ကိုနန်ဖန်ဂဲလေး
Vol. 29 Ch. 433
မနက်အစောပိုင်း လင်းရီနှင့် ချောင်ရှင်းတို့ လူနာလိုက်လံစစ်ဆေးပြီးနောက် ဌာနသို့ပြန်ကာ အနားယူလိုက်ကြသည်။
“ အစ်ကိုရီ ပင်ပန်းနေရင် နားလိုက်တော့လေ… ညီမဆက်စောင့်နေလိုက်မယ်…”
“ မလိုပါဘူး…” လင်းရီပြောလိုက်ပြီး “ မိန်းကလေးတွေက အိပ်ရေးပျက်လို့မရဘူးလေ… ဒါရိုက်တာလီရဲ့ ရုံးခန်းထဲမှာ ကုတင်လည်းရှိပြီးသားဆိုတော့ အတော်ပဲ …. ငါတို့နှစ်ယောက်အိပ်လို့ရတယ်….”
“အစ်ကိုရီက အရမ်းဆိုးတာပဲ….”
“ အိမ်ပြန်မလာတဲ့သူတစ်ယောက်ကို မချစ်မိစေနဲ့တဲ့… ကောင်မလေး ငါက မင်းချစ်လို့မရတဲ့ လူစားမျိုးပဲ…”
“ ရပါတယ်လေ… ရှင်းရှင်းက အစ်ကိုရီရဲ့ အိုင်ထဲက ငါးလေးပဲ ဖြစ်ချင်တာ…”
“ အိမ်း… ဒီအစ်ကိုကတော့ ချိုလွန်းလို့ သေတော့မှာပဲ…”
နှစ်ယောက်သားတခဏမျှကြာအောင် စကားပြောနေကြပြီးနောက် ချောင်ရှင်းမှ အနားယူရန် ထွက်ခွာသွားခဲ့လေသည်။
“ နောက်ဆုံးတော့…..” လင်းရီ စိတ်သက်သာရာရသွားခဲ့ပြီး “ သူမှ မသွားရင်လည်း တခြားနာ့စ်တွေလည်း အလှည့်ရောက်မှာ မဟုတ်တော့ဘူး…”
နာ့စ်ဌာနရှိ နာ့စ်များမှာလည်း နေ့ဂျူတီနှင့် ညဂျူတီဟူ၍ နှစ်မျိုးခွဲထား၏။ ညဂျူတီကိုတော့ နှစ်ဖွဲ့ခွဲ၍ တာဝန်ယူကြလေသည်။ ပထမတစ်ဖွဲ့မှာ ည ၁၂ ထိ တာဝန်ယူရပြီး ကျန်နောက်တစ်ဖွဲ့ကတော့ မနက်အရုဏ်တက်အထိ တာဝန်ယူရ၏။
နားသည့် အဖွဲ့မှာလည်း ထွေထူးသွားရန်နေရာမရှိသောကြောင့် ဒေါက်တာလီ၏ နားနေခန်းထဲ၌သာ အနားယူကြလေသည်။
မကြာမီတာဝန်ကျသည့် နာ့စ်သုံးယောက်မှ လင်းရီထံသို့ ရောက်လာခဲ့၏။ လင်းရီမှာ စကားပြောကောင်းသောကြောင့် ဆေးရုံရှိ နာ့စ်များမှာ သူနှင့်ပါတနာ ကျလွန်းနေပြီး ပုံမှန် တာဝန်ကျချိန်၌ အိပ်ပျော်လေ့ရှိသူများပင် လင်းရီနှင့် ရယ်ရယ်မောမော စကားဆိုကာ ဖုန်းကိုယ်စီဖြင့် ဂိမ်းအတူဆော့နေကြ၏။
“ ဒေါက်တာလင်း… ဒီရဲ့ ဌာနထဲက အဲကွန်းပျက်နေသလိုပဲနော်… ကျွန်မ နည်းနည်းလေး အိုက်စပ်စပ် ဖြစ်လာလို့…” ယွမ်စီးချီမှ ပြောလိုက်သည်။
“ ငါ့ရဲ့ နှစ်ပေါင်းများစွာ ဆေးအတွေ့အကြုံတွေအရတော့ အဲကွန်းက ပျက်နေတာ မဟုတ်ဘူးဟေ့…. နင်ကိုက အပူတွေတက်နေတာ…” ဖန်းကျယ်ဟု ခေါ်သည့်နာ့စ်မှ ဆိုလိုက်၏။
“ ဒေါက်တာလင်းက အရမ်းချောတာကို နင်ဘာမှ မခံစားရဘူးလို့ပြောရင်တော့ ငါမယုံဘူး…”
“ ငါအပူတက်နေတာ မဟုတ်ဘူးဟေ့… ဒါပေမယ့် ဒီအခန်းက တကယ်ကြီး အိုက်စပ်စပ် ဖြစ်နေသလိုပဲနော်…”
“ ပူရင် ကြယ်သီးဖြတ်လိုက်လေ…” ယွီလင်းလင်းဟုခေါ်သည့် နာ့စ်အငယ်လေးမှ ပြောလိုက်၏။
“ နင်လုပ်ရင် ငါလည်းလုပ်မယ်…”
“ အဲ့တာဆို အတူဖြုတ်ကြမယ်လေ…..”
“ အတူနော်…. တစ်.. နှစ်.. သုံး…. စ…”
ဟမ်….
သုံးယောက်လုံး သူမတို့၏ အင်္ကျီကြယ်သီးကို ဖြုတ်လိုက်ကြပြီး မတူညီသည့် ဆိုဒ်အစုံတို့မှာ အရှိုက်ကိုယ်စီနှင့် လင်းရီ မျက်စိရှေ့ ထွက်ပေါ်လာခဲ့လေသည်။ ထင်မှတ်မထားမိသည်မှာတော့ အငယ်ဆုံးဖြစ်နေသည့် ယွီလင်းလင်း၏ ဆိုဒ်က အကြီးဆုံး ဖြစ်နေခြင်းကိုပင်။
ဟိုက်ရှားပါး……
လင်းရီ နှာခေါင်းသွေးလျှံလုနီးနီး ဖြစ်သွားခဲ့သည်။
နာ့စ်ယူနီဖောင်းနှင့် သူမတို့၏ ကပျိုကယို အမူအရာလေးတို့မှာ လင်းရီ၏ နဂါးကြီးအား ရန်စနေသည့် အလားပင်။
ဟူး……..
လင်းရီ အသက်ပြင်းပြင်းရှူပြီး စိတ်လျော့လိုက်၏။
“ ကယ်ကြပါဦး … ကျွန်မ အဖေ နှလုံးခုန်ရပ်သွားလို့ပါ….”
အဆိုပါ အထိတ်တလန့် အော်ဟစ်သံကိုကြားတော့ လင်းရီနှင့် နာ့စ်သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရင်း တခဏမျှ ကြောင်အသွားခဲ့ကြ၏။ ထို့နောက် သူတို့၏ ဖုန်းများကို ပစ်ချကာ ရုံးခန်းအပြင်သို့ ပြေးထွက်လာကြလေသည်။
တစ်ချိန်တည်းတွင် လီချူးဟန်၊ ချောင်ရှင်းနှင့် နာ့စ်အချို့လည်း နားနေခန်းထဲမှ ပြေးထွက်လာကြ၏။
သို့သော်လည်း လင်းရီကို မြင်သည့်အချိန်တွင်တော့ သူတို့အားလုံး ကြက်သေသေသွားကြသည်။
ဘာလို့ ယွမ်စီးချီနဲ့ တခြားနှစ်ယောက်က ကြယ်သီးတွေ ပြုတ်နေကြတာလဲ… ပြီးတော့ ဘာလို့ လင်းရီနှင့် အတူ ပြေးထွက်လာကြတာလဲ….
မဟုတ်မှလွဲရော…….
ဒါသတင်း အကြီးစားကြီးပဲ…
“ ဒေါက်တာလီ… လုပ်ပါဦး… ကယ်ပါဦးရှင်… ကျေးဇူးပြုပြီး ကျွန်မအဖေ နှလုံးခုန်တာ ရပ်သွားလို့ပါ…”
လျိုကျင်းယွီ ကျယ်လောင်စွာ အော်ငိုရင်း ပြေးလာခဲ့လေသည်။
“ ဘာတွေ ခုမှ လာပြီး ငိုပြနေတာ… သူ့အမှားပဲ… ခွဲစိတ်တာက သေချာပေါက် မအောင်မြင်လောက်ဘူး…. မဟုတ်ရင် အဖေက ခုလို ဆုံးသွားမှာ မဟုတ်ဘူး…”
ရှရှောင်ထုံး နောက်မှ ပြေးလိုက်လာရင်း ပြောလိုက်၏။
“ အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့… ဒါက ခွဲစိတ်တာနဲ့ ဘာမှ မပတ်သက်ဘူး… “ ချောင်ရှင်း ပြောလိုက်ပြီး “ ခွဲစိတ်တာက အရမ်းအောင်မြင်တယ်… နင် သူများကို လျှောက်စွပ်စွဲမနေနဲ့…”
“ စွပ်စွဲတယ်ဆိုတာက ဘာကို ပြောချင်တာလဲ… ငါ့အဖေက ခုလေးတင် အကောင်းကြီးလေ…. ဒါပေမယ့် ရုတ်တရက်ကြီး သေခါနီးဖြစ်သွားတယ်ဆိုတော့ နင်တို့ ခွဲစိတ်တုန်းက တစ်ခုခု မှားခဲ့လို့ပေါ့ဟဲ့…” ရှရှောင်ထုံး အော်ဟစ်လိုက်သည်။
“ ငါသိပြီ…. နင်တို့ ခွဲစိတ်တုန်းက တစ်ခုခု ဖြစ်သွားပြီးတော့မှ တာဝန်ယူရမှာကြောက်လို့ ငါတို့ကို လိမ်ပြီးပြောလိုက်တာမလား… အခု ငါ့အဖေက သေသွားပြီ… ပြောစမ်း… နင်တို့ ဘယ်လို ဆက်လိမ်ဦးမလဲ….. နင်တို့ ဘာလို့ အဲ့လို လိမ်ရက်ကြတာလဲ….”
“ နင်တို့ရဲ့ ဂရုမစိုက်တဲ့ အမှားကြောင့် ငါ့အဖေ အသက်ပေးလိုက်ရတာ…”
လျိုကျင်းယွီ လီချူးဟန်ထံသို့ တဟုန်ထိုး ပြေးသွားလာပြီး သူမကို စားချင်နေသကဲ့သို့ ပါးစပ်ကြီးဖြဲ၍ လက်သည်းများဖြင့် ကုတ်ရန်ပြင်လိုက်သည်။
ဖြောင်း…
လင်းရီ သူမကို ပါးတစ်ချက် ချလိုက်၏။ “ လစ်စမ်း… ဒီနေရာက မင်းတို့ကောင်တွေ ဝုန်းဒိုင်းကြဲလို့ရတဲ့ နေရာမဟုတ်ဘူး…”
ပါးရိုက်ခံလိုက်ရသောကြောင့် လျိုကျင်းယွီ ကြက်သေသေသွားခဲ့သည်။ လင်းရီ သူမကို ရိုက်နှက်လိမ့်မည်လို့ ထင်မထားခဲ့ချေ။
“ ဒါက ဆေးရုံ… မင်းတို့ အဖေအိမ်မဟုတ်ဘူး….”
လင်းရီ ပြောလိုက်ပြီး “ ခွဲစိတ်တာနဲ့ ဘာမှမဆိုင်ဘူး… တကယ်လို့ လူနာက ခွဲစိတ်စားပွဲပေါ်မှာ သေသွားခဲ့တယ်ဆိုရင်တောင်မှ ဆေးရုံက ဘာမှ တာဝန်ယူပေးစရာမလိုဘူး…. ခွဲစိတ်မှု မစခင်ကတည်းကနေ မင်းတို့သဘောတူလက်မှတ် ထိုးထားပြီးသားပဲ… “
“ အကုန်လုံး နင်တို့အမှားပဲ.. နင်တို့ ငါ့အဖေရဲ့ အသက်အတွက် ပြန်ပေးဆပ်ရမယ်…”
လျိုကျင်းယွီ သူမ၏ ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့လေသည်။
လင်းရီ သူမကို နောက်ထပ်တစ်ချက် ထပ်ရိုက်လိုက်၏။
ရူးသွပ်လုမတတ်ဖြစ်နေသည့် လျိုကျင်းယွီကို မြင်တော့ လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။
အတိတ်တွင် ဆေးရုံမှ ဆေးဘက်ဆိုင်ရာ အငြင်းပွားမှူများမည်မျှ ရူးသွပ်ကြောင်းကို အင်တာနက်ပေါ်တွင် မြင်ဖူးပြီးဖြစ်၏။ သို့သော်လည်း သူဆေးရုံ ရောက်တာ တစ်ပတ်မျှ ရှိသေးသည့် အချိန်တွင် ယခုလိုကိစ္စမျိုးနှင့် လာဆုံနေရချေပြီ။
ဘယ်လို လူတွေပါလိမ့်…
ဖြောင်း..
လင်းရီ သူမကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ရှေ့တစ်ခေါက်ကထပ် ပိုကြမ်းတမ်းသည်။
“ မင်း ငါ့အစ်မကို ဘယ်လိုတောင် ရိုက်နှက်ရဲတာလဲကွ…”
ရောက်ရောက်ချင်း သူ့အစ်မ အရိုက်ခံနေရသည်ကို မြင်တော့ လျိုကျင်းဝေလည်း လင်းရီထံ ပြေးဝင်လာခဲ့သည်။
ဝှစ်…
လင်းရီ စကားတစ်ခွန်းမျှ မဆိုပဲ မီတာအနည်းငယ်ရောက်သည်အထိ လွင့်ထွက်အောင် ပိတ်ကန်လိုက်သည်။
“ နှစ်ယောက်လုံး စိတ်ငြိမ်ငြိမ်ထားစမ်း… နောက်ထပ် ပြဿနာ ဆက်ရှာရဲရင် နှစ်ယောက်စလုံးကို မင်းတို့ အဖေဆီ အရောက်ပို့ပေးလိုက်မယ်…”
နာ့စ်များအားလုံ ကြက်သေသေသွားကြ၏။
ဒေါက်တာလင်းက အရမ်းစိုးမိုးနိုင်စွမ်း ရှိတာပဲ…
သုံးယောက်လုံးကို တစ်ချိန်တည်းကိုင်တွယ်နိုင်တာ အံ့ဩစရာတော့ မရှိပါဘူး… သူက အရမ်းသန်မာတယ်….
လျို မောင်နှမမှာ ကြက်သေသေသွားပြီး ကြမ်းပြင်ပေါ်၌ စကားတစ်ခွန်းမျှ မဆိုပဲ ဆွဲ့အနေခဲ့ကြ၏။
“ သွားပြီး ဘာဖြစ်နေလဲဆိုတာ တစ်ချက်သွားကြည့်ရအောင်…” လီချူးဟန်မှ အေးတိအေးစက်ဖြင့် ပြောလာခဲ့သည်။
သို့နှင့် အုပ်စုမှာ အခန်း 804 သို့ ရောက်ရှိလာကြလေသည်။
နှလုံးခုန်နှုန်းပြသည့်စက်ပေါ်ရှိ မျဉ်းကြောင်းမှာ တစ်ဖြောင့်တည်းဖြစ်နေပြီး တစ်နည်းအားဖြင့်ဆိုသော် လူနာမှာ နှလုံးမခုန်တော့ချေ။ ဆေးပညာအရတော့ သေလူဖြစ်နေချေပြီ။
လီချူးဟန် ရဲရင့်စွာဖြင့် လူနာထံ လျှောက်သွားခဲ့ပြီး မျက်ခွံကိုလှန်၍ သူငယ်အိမ်ကို စစ်ဆေးကြည့်လိုက်၏။
သူငယ်အိမ်မှာ တိမ်တို့ကွယ်နေပြီး အသက်မရှိတော့ချေ။
ခြွင်းချက်မရှိ သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
လီချူးဟန် လူနာ၏ စောင်ကို လှပ်လိုက်ပြီး နှလုံးခွဲစိတ်ထားသည့် နေရာရှိ ကြယ်သီးတို့ကို ဖြုတ်လိုက်၏။ အနာကိုလည်း သေသပ်စွာ ချုပ်ထားပြီး မည်သည့် ယိုယွင်းမှုတို့မျှ ရှိမနေချေ။
ထို့ကြောင့် ခွဲစိတ်မှုနှင့် ပတ်သက်၍ ပြဿနာ မရှိသည်မှာ လုံးဝ သေချာလေသည်။
“ ဒါရိုက်တာလီ… လူနာရဲ့ မျက်နှာကို ကြည့်လိုက်ဦး… ခရမ်းရောင်သမ်းနေတယ်…. ဒါသေချာပေါက် အသက်မသေခင် ခံစားပြီးမှ သေသွားခဲ့တာပဲ..” ချောင်ရှင်း ပြောလိုက်၏။
“ အလောင်းကို သေချာခွဲခြမ်းစိတ်ဖြာတတ်တယ်ပေါ့…” လင်းရီ အံ့အားသင့်သွားခဲ့၏။
“ ညီမက ကိုနန်ရဲ့ ဖန်ဂဲလေးလေ… ပြီးတော့ အထွေထွေ ကလပ်မှာတုန်းကလည်း တီချယ်က ဒီအကြောင်းတွေ ပြောပြဖူးလို့ သိနေတာ… မှုခင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေပေါ့… ဒါပေမယ့် နည်းနည်းလေးတည်းပါ..”
လင်းရီ ခေါင်းညိမ့်လိုက်၏။ သူလည်း မှုခင်းရေးရာကို အနည်းငယ် နားလည်သောကြောင့် တစ်ချက် စူးစမ်းကြည့်ရန် ရှေ့သို့ တက်သွား၏။
“ ကျုပ်အထင်တော့ ခွဲစိတ်မှုကြောင့် ဒီလိုဖြစ်တယ်လို့တော့ မထင်ဘူး… တကယ်လို့ ဆေးမတော်တဆမှုကြောင့်သာဆိုရင် ဒီလိုပုံစံနဲ့ သေသွားမှာ မဟုတ်ဘူး…”
“ သဘောတူတယ်…” ချောင်ရှင်းမှ ပြောလိုက်၏။
ဤသို့ဖြင့် လီချူးဟန်မှာ အပြစ်ပုံချခံရခြင်းမှ လွတ်မြောက်သွားပြီဟု ပြောနိုင်လေသည်။
“ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို ကောက်ချက်ချရမယ်ဆိုရင် လူနာကို ပေးထားတဲ့ အောက်စီဂျင်ပိုက်ချို့ယွင်းသွားတာကြောင့်ပဲ ဖြစ်ရမယ်… အဲ့လိုနဲ့ပဲ လူနာက အောက်ဆီဂျင် ပြတ်လပ်ပြီးတော့ သေဆုံးသွားခဲ့တာ…”
လင်းရီ၏ စကားလုံးများကို ကြားတော့ တံခါးဝနား၌ မတ်တပ်ရပ်နေသည့် ရှရှောင်ထုံးမှာ သက်ပြင်းမောကြီး ချနိုင်သွားခဲ့သည်။ သို့သော်လည်း သူမ၏ မျက်နှာမှာတော့ ဖြူဖျော့နေဆဲဖြစ်၏။
“ ဒါပေမယ့် လူ့ပရောဂလည်း မကင်းလောက်ဘူး…”
“ အဲ့လိုဆို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား…” ချောင်ရှင်း အံ့အားသင့်စွာ မေးမြန်းလိုက်၏။
“ မင်းက ကိုနန်း ဖန်ဂဲလေး မဟုတ်လား.. မှန်းကြည့်ကြည့်ပေါ့…”
ချောင်ရှင်း သူမ ရင်ဘက်ရှေ့တွင် လက်တစ်ဖက်ပိုက်လိုက်ပြီး ကျန်တစ်ဖက်ကိုတော့ မေးထောက်ထား၏။ သူမ မျက်မှန်တစ်လက်တည်းသာ လိုအပ်တော့သည်ဟု ခံစားနေရလေသည်။
“ လူခြေတိတ်တဲ့ ညသန်းခေါင် လူနာခန်းထဲမှာ လူနာက ခွဲစိတ်ပြီးတော့ ဆန်းကြယ်စွာနဲ့ သေဆုံးနေတယ်… ခေတ်သစ် စက်ပစ္စည်း ချို့ယွင်းတာကြောင့်ပဲလား.. ဒါမှမဟုတ် လူ့ပရောဂကြောင့်ပဲလား… သံသယဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တိုင်းက အမှုကို ပိုပြီး ရှုပ်ထွေးအောင် ပြုလုပ်နေတာပဲ.. ဒါပေမယ့် အမှန်တရားကို ထွင်းဖောက်မြင်နိုင်တဲ့သူကတော့ ဟော့ဒီ နှလုံးအထူးကုဌာနက ချစ်စရာကောင်းပြီးတော့ သာမန်လူတွေထက် ဥာဏ်ကောင်းတဲ့ ဒေါက်တာအလှလေး ကျွန်မ ချောင်ရှင်းပဲလေ….”
လင်းရီ ဆွံ့အသွားခဲ့၏။
ငါဘာလို့ လည်ပင်းနာတယ်လို့ ခံစားနေရပါလိမ့်….