← Chapters

၀င်လာတုန်းက အကောင်းအတိုင်းပဲ... ထွက်လာချိန်ကျ တွန်းလှည်းနဲ့လား

Vol. 29 Ch. 435

၀င်လာတုန်းက အကောင်းအတိုင်းပဲ... ထွက်လာချိန်ကျ တွန်းလှည်းနဲ့လား

Vol. 29 Ch. 435

" နင်ဘာပြောလိုက်တယ်.... ကုန်တွေ အသိမ်းခံလိုက်ရပြီ....."

ကျောက်ဝေ ထခုန်လုနီးပါး ဖြစ်သွားခဲ့၏။ ကြားနေရသည့် သူမနားကိုတောင်မှ မယုံကြည်နိုင်တော့ချေ။

"ငါတို့ရဲ့ ဆေးပစ္စည်းတွေက ဘယ်လိုလုပ်ပြီး ပြဿနာရှိနိုင်မှာ.... အရင်အခေါက်တွေတုန်းကလည်း ချောချောမွေ့မွေ့နဲ့ ပို့လို့ရနေတာပဲ မဟုတ်ဘူးလား....ဘာလို့ ဒီတစ်ခေါက်ကျမှ သိမ်းဆည်းခံလိုက်ရတာလဲ....."

"ကျွန်တော်လည်း မသိဘူး.... အခွန်ရုံးက အဲ့လိုပြောလာတာပဲ....သူတိူ့ အချိန်တစ်ခုလောက်အထိ ထိန်းသိမ်းထားရလိမ့်မယ်လို့ ပြောတယ်....."

ကျောက်ဝေ ရုတ်တရက် လင်းရီ၏ အပြုံးဖျော့ဖျော့ကို မြင်လိုက်ရ၏။

သူမ ရုတ်ချည်း ကြောက်မက်ဖွယ်ကောင်းသည့် ကိစ္စတစ်ခုကို သတိပြုမိသွားလေသည်။

"ငါ နားလည်ပြီ...."

ဖုန်းချပြီးနောက် ကျောက်ဝေ လင်းရီကို အေးစက်စွာ ကြည့်လိုက်၏။ သူမ၏ အကြည့်များမှာ စူးရဲနေသော်လည်း နှုတ်ခမ်းတို့မှာတော့ ဖြူဖျော့နေလေသည်။

"ဒါ နင့်လက်ချက်မလား....."

"ဟားဟား.... ကျုပ်လို သာမန် ခွဲစိတ်ဆရာ၀န်လေးက အဲ့လိုတွေ လုပ်နိုင်မှာတဲ့လား...ကျုပ်က ခင်များရဲ့ ပစ္စည်းတွေကို ထိန်းသိမ်းဖို့ အခွန်ဌာနကို ဘယ်လိုလုပ်ပြီး အမိန့်ပေးလို့ရမှာ....."လင်းရီ ‌ရယ်မောလိုက်ပြီး "ကျုပ်အထင်တော့ ခင်များ ရောဂါ မစစ်ဆေးခင် ကုန်ပစ္စည်းတွေကို အရင်သွားစစ်ဆေးကြည့်သင့်တယ်လို့တော့ ထင်တာပဲ ..."

"နင် ဒီလိုမျိုးဖြစ်အောင် တမင်သပ်သပ် စီစဉ်ထားတာ မဟုတ်လား... "

"ဟင်း.... ခင်များက မေးလာမှ‌တော့ ကျုပ် ဖျစ်ညစ်ပြီး ပြောပြလိုက်ပါ့မယ်လေ....."

လင်းရီ ဆက်လက် ဟန်ဆောင်နေရန် စိတ်မ၀င်စားတော့ပဲ "ခင်များပြောတဲ့ အော်ဒါတွေထဲမှာ အများဆုံးက ကျုပ်တို့ ကျိုးဟိုင်ကပဲ.... ကျန်တဲ့မြို့က ဆေးရုံတွေကတော့ သူတိူ့သဘောနဲ့ သူတိူ့မှာတာ.... ဘာပဲဖြစ်ဖြစ်ပါ.... အဲ့တာကလည်း ကျုပ်ဖြစ်စေချင်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ....."

"နင်ဘာလို့ အဲ့လိုတွေ လုပ်ရတာလဲ....."

ကျောက်ဝေ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါနေလေသည်။

သူမ ပူပေါင်းကြံစည်းထားခံရမှန်း သိလိုက်ပြီ ဖြစ်၏။

သို့သော်လည်း သူမနားမလည်နိုင်ဖြစ်နေသည်မှာ‌တော့ လင်းရီက အဘယ်ကြောင့် ဈေးမြင့်ပြီး ရောင်းချသည်ကိုပင် အဘယ်ကြောင့် သဘောတူလိုက်လဲ ဆိုတာကိုပင်။

ယင်းက သူ၏ ပုံစံမဟုတ်ချေ။

"Pfizer က အဓိကကုမ္ပဏီကြီးခြောက်ခုမဲ့ ပူးပေါင်းပြီးတော့ ဈေးနှုန်းတိုးမြင့်မယ်လို့ ကြေညာထားတယ် ဆိုတော့ ကျုပ်တို့လည်း အဲ့ဒီ ဆေးဝါးတွေ အသုံးပြုတာကို ရပ်တန့်ပြီးတော့ boycott တယ်လေ....."

"မသုံးဘူးဆိုရင် ဘာလို့ ‌ဈေးအများကြီးပေး၀ယ်ဖို့ သဘောတူလိုက်တာလဲ... နင့်ပုံစံကြည့်ရတာတော့ တကယ်ကြီး boycott ချင်နေတဲ့ပုံလည်း မပေါ်ပါဘူး....."ကျောက်ဝေ ပြောလိုက်ပြီး

"နင် ပိုက်‌ဆံတွေရှုံးမှာကို မကြောက်ဘူးလား....ပြီးတော့ နင်တစ်ယောက်တည်းလည်း မဟုတ်ဘူးနော်.... ပြီးတော့ လူတိုင်းအတွက်လည်း မကောင်းဘူး....."

"မလောစမ်းပါနဲ့.... ကျုပ်ပြောတာကို အေးဆေး နားထောင်စမ်းပါ...."

လင်းရီ ကျောက်ဝေကို ကြည့်လိုက်၏။ သူ၏ ကတ်များကို စားပွဲပေါ်တွင် လှန်လိုက်ပြီဖြစ်သောကြောင့် သူမကို စိတ်လှုပ်ရှားမှုတစ်ချို့ ပေးရပေမည်။

"ခင်များ တစ်ချက် သတိလက်လွတ်ဖြစ်သွားတယ်....ပုံမန် ပစ္စည်းတွေပို့ရင် ကန့်သတ်ထားတဲ့ ရက်စွဲဆိုတာ ရှိတယ်လေ.... အဲ့ဒီရက်စွဲကို ကျော်လွန်တာနဲ့ စာချုပ်သဘောတူညီမှု ဖောက်ဖျက်တယ်လို့ သတ်မှတ်လို့ရတယ်....အဲ့လိုဆိုရင် ကျုပ်တို့က ပိုက်ဆံ ပေးဖို့ မလိုရုံတင် မကဘူး... ခင်များကတောင် ပြန်လျော်ပေးရဦးမယ်.... ခင်များလည်း Pfizerရဲ့ မားကတ်တင်းဌာနက ဒါရိုက်တာတစ်ဦးပဲလေ .. ဆိုတော့ ကျုပ်ပြောတာကိုနားလည်မှာပါ...."

"ဒါပေမယ့် အခွန်ရုံးက အဲ့ဒါတွေကို ထိန်းသိမ်းထားတာလေ.... ငါတို့နဲ့မှ မဆိုင်တာ...ဘာမှ တာ၀န်ယူစရာ မလိုဘူး...."

"ခင်များခုမှ ဟွာရှမှာ စီးပွားရေးလုပ်ဖူးတာလား... ကျုပ်တို့နဲ့ လာပြီး ကျိုးကြောင်း ဆီလျော်ချင်နေတယ်တဲ့လား....ဟာသပဲ...."

လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ကျုပ်တို့က ကုန်တွေကို အကြောင်းပြချက်မရှိပဲ မထိန်းသိမ်းထားဘူးဆိုတာကိုလည်း ခင်များနားလည်သင့်တယ်.....ကျုပ်တို့ ဘာလို့ ဒီလိုလုပ်လဲဆိုတော့ ခင်များတို့ရဲ့ ဆေးတွေမှာ ပြဿနာ ရှိနေတယ်လို့ ယူဆတယ်... ဒါကြောင့်မို့ ခင်များတို့ဘက်က တာ၀န်ယူရမယ့် အပြင် ပြစ်ဒဏ်တောင် ကျနိုင်သေးတယ်.... ခင်များ အိမ်ပြန်ပြီး ဘယ်လောက် လျော်ပေးရမလဲဆိုတာကို သွားပြီး တွက်ချက်ကြည့်လိုက်ဦး....."

"နင်....."

ကျောက်ဝေ၏ မျက်နှာမှာ သေမတတ် ဖြူလျော်သွားခဲ့ပြီး လင်းရီကို လက်ညိုးထိုးကာ တဆတ်ဆတ် တုန်ခါနေလေသည်။

ယခုမှ သူမ ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားခဲ့၏။ လင်းရီမှာ အစကတည်းကပင် သူမကို အကွက်ချ ကစားနေလေသည်။

ညှိုနှိုင်းဆွေးနွေးမှုမှာလည်း သူ့အကြံအစည်တို့၏ စတင်ရာပင်။ ယခုတော့ သူ၏ ဘီလူးဇာတ်ရုပ်ကို သေချာလေး မြင်တွေ့လိုက်ရပြီဖြစ်၏။

သူမမှာ အစမှ အဆူံးထိတိုင်အောင် မသိလိုက်ပဲ လင်းရီ၏ ဆော့ကစားခြင်းကို ခံနေရလေသည်။

သူမဘက်မှ အောင်ပွဲရပြီဟု တွေးထားခဲ့သော်လည်း လင်းရီရှေ့မှောက်‌တွင်တော့ အသုံးချခံ နယ်ရုပ်လေးတစ်ရုပ်နေသာ ဖြစ်နေခဲ့၏။

ယင်းက သူမကို မခံမရပ်နိုင်အောင် ဖြစ်သွားစေခဲ့ပြီး....

ဘန်း

ကျောက်ဝေ သူမ၏ ခံစားချက်တို့ကို မထိန်းချုပ်နိုင်ပဲ ရင်ဘက် နိမ့်ချည်မြင့်ချည်ဖြစ်ကာ မြေပြင်ပေါ်သို့ ပုံလျက် လဲကျသွားခဲ့၏။

"ဟင်....."

ချောင်ရှင်း အံ့အားသင့်သွားခဲ့သည်။

အစ်ကိုရီက လူကို မေ့လဲအောင် ဘယ်လိုများလုပ်လိုက်တာပါလိမ့် ...

"နင်ဘာရပ်ကြည့်နေတာ... မြန်မြန် သူ့ကို မပြီး ကုသပေးဖို့ ပြင်လေ....."

"ဟုတ် ဒေါက်တာလီ...."

"ပြီးရင် သူ့ကို အခန်း ၈၀၄ ဆီ ပို့လိုက်...."

"ဟမ် ... ၈၀၄...."ချောင်ရှင်း နားကြားမျာူ မှားသလားဟု ခံစားလိုက်ရပြီး "၈၀၄က လူသေထားတာ မကြာသေးဘူး မဟုတ်လား အစ်ကိုရီရဲ့....."

"ဒီအမျိုးသမီးရဲ့ ယန်ချီက ပြင်းထန်နေတော့ ယင်ချီများတဲ့ အခန်းထဲမှာ နေလို့ ဘာမှ မဖြစ်ဘူး... သူ့အတွက် ယင်ယန်မျှတပြီး ကံတောင်ကောင်းသွားဦးမယ်...."

အယ်.... အစ်ကိုရီက ဒါတွေလည်း သိတယ်လား....

"ကောင်းပြီ... သူ့ကို အရေးပေါ်ဌာနသာ ပို့လိုက်တော့...."လီချူးဟန် လောဆော်လိုက်သည်။

"ကောင်းပြီလေ...."

ကျောက်ဝေ ရှော့ခ်ဖြစ်သွားသည်ကိုမြင်တော့ လင်းရီ ကူကယ်ရာမဲ့သွားခဲ့သည်။

ဤအမျိုးသမီးမှာ ကျောက်ကျိန်းရန်ထက် သန်မာသည်ဟု တွေးထားရုံရှိသေး နှစ်ခါမျှ တွေ့ဆုံပြီးနောက်တွင် ဘုန်းခနဲ လဲပြိုသွားလေသည်။

'ငါက သူ့ကို သံမဏိစိတ်ဓာတ်နဲ့ အမျိုးသမီးလို့ထင်ထားတာကိုကွာ....ဟင်း.....'

ချောင်ရှင်းနှင့် နာ့စ်များ၏ အကူအညီဖြင့် လှည်းပေါ်တွင်တင်ကာ အရေးပေါ်ဌာနသို့ ပြောင်းရွေ့သွားကြလေသည်။

အရေးပေါ်ကုသပြီးနောက် လူနာ၏ အခြေအနေမှာ တည်ငြိမ်လာပြီး အခန်း ၈၀၄ သို့ ပို့ဆောင်လိုက်၏။

"အစ်ကိုလင်းက တစ်ခုခုတော့ တစ်ခုခုပဲ..."ချောင်ရှင်း ပြောလိုက်ပြီး "ကျောက်ဝေလို့ ခေါ်တဲ့ လူနာက သူ့ဘာသူ လမ်းလျှောက်လာတယ်... ထွက်လာတော့ တွန်းလှည်းနဲ့ ပြန်ထွက်လာခဲ့ရတယ်.... အပြင်က လူနာတွေဆို ကြက်သေသေနေကြတာ...ခစ်ခစ်.... သူတို့ ဒီလိုဖြစ်ရပ်မျိုး မြင်ဖူးတာ ပထမဆုံးပဲထင်တယ်...."

"သူ့ရဲ့ စိတ်ကလည်း ပျော့ညံ့လွန်းတာကိုး.... ငါပြောလို့တောင် မ‌၀လိုက်သေးဘူး... လဲကျသွားရောတဲ့....."

"ဒါပေမယ့် ဆေးရုံတွေမှာ အစ်ကိုရီလို ဆရာ၀န်မျိုးတွေ အများကြီး လိုအပ်တယ်လို့တော့ ထင်တာပဲ... "

"ဘာလို့လဲ....."

"ညီမ စပ်စုကြည့်ရသလောက်ဆိုရင် ကျောက်ဝေလို့ ခေါ်တဲ့ လူနာရဲ့ အခြေအနေက မပြင်းထန်ဘူး... ဆေးတစ်ချို့ ပေးပြီး အိမ်ပြန် အားမွေးလိုက်ရင် ပြန်ကောင်းသွားမှာ.... အများဆုံး ကုန်ကျရင် ယွမ် ၃၀၀ လောက်ပေါ့ .. ဒါပေမယ့် ခုလို ဖြစ်လိုက်တော့ အရေးပေါ်ဌာနမှာတင် ယွမ် တစ်ထောင်လောက် ကုန်သွားခဲ့ပြီ.... တကယ်လို့ ဆေးရုံမှာ နောက်သုံးလေးရက်လောက် နေမယ်ဆိုရင် ယွမ် ၃၀၀၀ လောက်မကုန်ပဲ ဒီက ပြန်ထွက်သွားဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး....အစ်ကိုရီက ဆေးရုံအတွက် အမြတ်ငွေတွေ ဆယ်ဆလောက် ဖန်တီးပေးလိုက်တာပဲလေ.... ညီမသာ ဒါရိုက်တာဆိုလို့ကတော့ အစ်ကို့လို ‌ဒေါက်တာမျိူးကို ဖူးဖူးမှုတ်ထားမှာ....."

"ရှင်းရှင်း... မင်းတောင် အများကြီး တိုးတက်လာပြီပဲ....."

"ခစ်ခစ်..."

ချောင်ရှင်းနှင့် စကားပြောပြီးနောက် လင်းရီ လူသူကင်းမဲ့သည့် နေရာတစ်ခုသို့ သွား၍ ချောင်းကျင်းချိုးထံ ဖုန်းဆက်လိုက်သည်။

"အလုပ်စဖို့ အချိန်ကျပြီ...."

"နားလည်ပါပြီ....."

လင်းရီ ဖုန်းချလိုက်သည့် အချိန်တွင် နိုင်ငံတစ်၀န်းရှိ မရေမတွက်နိုင်သည့် ကုမ္ပဏီတို့မှ ကွန်ပျူတာများမှာ တစ်ပြိုင်နက် အလုပ်စတင်လိုက်ကြပြီး လင်းရီ၏ ဝါဒကို စတင်ဖြန့်ကျက်ကြတော့၏။

တစ်နာရီအတွင်း အဓိကကုမ္ပဏီခြောက်ခု၏ ထုတ်ကုန်များအကြောင်းမှာ ၀က်ဆိုဒ် အမျိုးမျိုးရှိ ရှာဖွေမှု ထရန်းဒင်းလစ်စ် ထဲသို့ ၀င်သွားခဲ့လေသည်။

၎င်းက ချက်ချင်းပဲ ဟွာရှ၏ အင်တာနက် သုံးစွဲသူ ၃၀ ရာခိုင်နှုန်းကို ဆွဲဆောင်သွားခဲ့၏။

ထို့နောက် ပို၍ များပြားသော ထရိုးတပ်ဖွဲ့မှာ ပို့်စ်အောက်တွင် ပွဲစည်အောင် ဝိုင်း၀န်း ကွန်းမန့် မန့်ကြတော့သည်။

တစ်ပြိုင်တည်းတွင် လူမျိုးရေး မုန်းတီးမှုများလည်း ကွန်းမန့်နေရာတွင် စည်ကားလာခဲ့တော့၏။

ထို့ပြင် ထိုကိစ္စအားလုံးကိုလည်း လင်းရီမှ သေချာအကွက်ချ စီစဉ်ထားခြင်းဖြစ်၏။

နှစ်‌နာရီအတွင်း ထိုခေါင်းစဉ်နှင့် ဆက်စပ်သည့် ရှာဖွေမှုမှာ ဝေ့ပေါ် တွင် ၃၀၀ မီလီယမ်ကို ကျော်လွန်သွားခဲ့လေသည်။

ပလက်ဖောင်း အသီးသီး၌ ရေပန်းစားမှုမှာ တစ်ဟုန်ထိုး တိုးတက်နေပြီး အင်တာနက် သုံးစွဲသူတိူ့၏ ပါ၀င်ဆင်နွဲမှုတို့မှာလညိး တိုင်းတာ၍မရသည့် အနေအထားတစ်ခုသို့ ရောက်လာခဲ့ချေပြီ။

အများစုကတော့ အဓိက ကုမ္ပဏီကြီး ခြောက်ခုကို ကျိန်ဆဲခြင်းနှင့် ရှုတ်ချထားခြင်းတို့ ပြုထားကြ၏။

"ဒီသောက် နိုင်ငံခြားတွေက ရုတ်တရက်ကြီး ဈေးမြင့်လိုက်တယ်ဆိုတော့ ဒါသေချာပေါက် ငါတို့ကို အနိုင်ကျင့်နေတာပဲကွ...."

"နေပါဦး ဈေးမြင့်တာကတော့ ဟုတ်ပါပြီ... ဆေးရဲ့ ကွာလတီပိုင်းဆိုင်ရာက ပြဿနာ ရှိနေတယ်ဆိုတော့ ငါတို့ ဟွာရှန့်တွေကို သောက်ရူးတွေလို့ ထင်နေတာလားကွ...."

"ကိုယ့်လူတို့... ငါတို့ စည်းလုံးမှ ဖြစ်တော့မယ်... သူတိူ့ဆေးတွေကို ဘယ်တော့မှ မ၀ယ်ကြနဲ့တော့ ... သူတိူ့ကို ဟွာရှမြေကနေ အပြီးအပိုင် မောင်းထုတ်ပစ်ရမယ်....."

"ငါ ဒီကုမ္ပဏီတွေ ဘယ်မှာရှိလဲဆိုတာသိတယ်.... သူတို့‌ရုံးရှေ့သွားပြီး ဖြေရှင်းချက် သွားတောင်းကြမယ်..."

"အမှန်ပဲ....ဒီမျက်နှာဖြူတွေ ငါတို့ကို ဖြေရှင်းချက် ပေးရမယ်.... ငိုးပဲ... ငါတို့ကို လွယ်လွယ်လေး အနိုင်ကျင့်လို့ရတယ်လို့များ ထင်နေလားမသိဘူး.... သွားစို့...."

တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် နောက်မှ တသီတစ်တန်းကြီး လိုက်ပါလာကြလေသည်။

အင်တာနက်ပေါ်ရှိ ပို့စ်များကို မြင်တော့ လင်းရီ စိတ်သက်သာရာ ရသွားခဲ့သည်။

လက်ရှိ ထရိုးအာမီ၏ ပစ်မှတ်သာ မှန်ကန်နေသရွေ့ ရလဒ်မှာ အတော်လေး စိတ်ကျေနပ်ဖွယ်ရာပင်။

အင်တာနက်ပေါ်ရှိ ကွန်းမန့်များကို လိုက်ဖတ်ကြည့်တော့အခါ လင်းရီ အံ့အားသင့်သွားခဲ့၏။

သို့သော်လည်း လင်းရီကို ပို၍ အံ့အားသင့်သွားစေသည်ကတော့ ထိုအထဲမှ သုံးစွဲသူ လေးဆယ်ရာခိုင်နှုန်းက အမျိုးသမီး အင်တာနက်သုံးစွဲသူများ ဖြစ်နေခြင်းကိုပင်။

ကြည့်ရသည်မှာတော့ ယနေ့ခေတ် အမျိုးသမီး ထရိုးသူများမှာ အမှောင်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးနေနေကြပုံပင်။

၎င်းကိုတွေးမိတော့ လင်းရီ ပြုံးလိုက်၏။

ယခုလို ၀မ်းသာစရာသတင်းကို လင်းရီ သူတစ်ယောက်တည်း မခံစားချင်ပါ။

ကျောက်ကျန်းဝေကိုလည်း အသိပေးရန် လိုအပ်လေသည်။

ဟုတ်တယ်...အဲ့လိုပဲ လုပ်လိုက်တော့မယ်….

All Chapters