← Chapters

ကမ္ဘာတစ်ဝှမ်း တုံ့ပြန်မှုများ အပိုင်း(၃)

Vol. 60 Ch. 828

ကမ္ဘာတစ်ဝှမ်း တုံ့ပြန်မှုများ အပိုင်း(၃)

Vol. 60 Ch. 828

နတ်ဆိုးမျိုးနွယ်က အောင်းရှန်အား တုန်လှုပ်စရာ သတင်းကို ပြောမပြခဲ့ပေ။ ထိုသူက ကောင်းကင်လမ်းစဉ်စမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ အာရုံစိုက်နေဆဲ ဖြစ်၏။ သူတို့က သူ့စိတ်အခြေအနေကို သက်ရောက်မှုရှိမည့် စွန့်စားမှုမျိုးကို မလုပ်လိုပေ။

တူညီစွာဖြင့် ထိုအကြောင်းကို မသိသည့် နောက်ထပ်တစ်ယောက် ရှိနေသေးသည်။ ထိုသူက ကျင်းဝူဟွား ဖြစ်၏။ သူမက လျှို့ဝှက်နေရာတစ်ခုအတွင်း နေရာများကို ကုစားနေသည့် သူမ၏ မျိုးနွယ်က သူမအဖေ၏ အရိုးကို လုယူဖို့ ကြိုးစားပြီးသည့်နောက်တွင် မျိုးနွယ်အပေါ် ယုံကြည်ခြင်း မရှိတော့ပေ။

………………………

အလယ်ပိုင်းကုန်းမြေ၊ အားအကောင်းဆုံး ကျင့်ကြံသူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သာ ရှိသေးသည့် ဂိုဏ်းငယ်လေးတစ်ခုအတွင်း

မိုရှင်းယွင်က ထိုဂိုဏ်း၏ ဘိုးဘေးကို သတ်ကာ ဘိုးဘေးအယောင်ဆောင်ပြီး တိုက်ပွဲကို ဂိုဏ်း၏ အထက်ပိုင်းများနှင့်အတူ ကြည့်ရှုနေလေ၏။ တိထျန်းနှင့် ဝမ်ဝေ့တို့၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးသည့်နောက်တွင် အံ့အားသင့်သွားသော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ မှတ်ဉာဏ်တစ်ခုကြောင့် ထိန်းချုပ်မှုကင်းလွတ်သွားခြင်း မရှိပေ။

တစ်စုံတစ်ယောက်က နဝမအဆုံးစွန်အုတ်မြစ်ထက် ကျော်လွန်အောင် ကြိုးစားနေတယ်ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့ဖူးတယ်။ သူတို့နှစ်ယောက်က အောင်မြင်သွားတာများလား…

အမျိုးသမီးအိုကြီး အယောင်ဆောင်နေသည့် သူမ၏ မျက်ဝန်းများက တောက်ပလာပြီး ပြန်လည် မှေးမှိန်သွား၏။

ငါ့အခြေအနေက သိပ်အကောင်းကြီး မဟုတ်ဘူး။ သူတို့ကို ဘာလို့များ ဂရုစိုက်နေရဦးမှာလဲ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ လက်မှ လွတ်မြောက်လာပြီးသည့်နောက်တွင် မျိုးနွယ်ဆီ ပြန်မသွားရဲပေ။ သူမ၏ မိသားစုဆီမှ လူအိုကြီးများက သူမ ခန္ဓာကိုယ်ပူးကပ်ခံရသည့်အကြောင်းကို သိထားသော်လည်း ဘာမှမလုပ်ကြပေ။ အချုပ်အားဖြင့် သူတို့က အားပေးအားမြှောက်ပင် ပြုခဲ့ကြသေးသည်။

အကယ်၍ သူမသာ မိသားစုဆီ ပြန်သွားပါက တူညီသည့်အရာ ထပ်မံဖြစ်ပွားလာနိုင်သလို သူမ အားကောင်းလာပြီးသည့်နောက်တွင် လက်စားချေမည်ကို ကာကွယ်ဖို့အတွက် သတ်ဖို့ရာအထိပင် ကြိုးစားလာနိုင်သည်။

ထိုအချက်များကို စိတ်ထဲတွင် မှတ်သားကာ မိုရှင်းယွင်က သူမ၏ ဇစ်မြစ်ကို ဖုံးကွယ်ပြီး သူမ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသည့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ စွမ်းအားကို ထိန်းချုပ်ရင်း ကြိုတင်စီစဉ်နေသည်။

ငါက တာအိုကို သက်သေပြရမယ်။ ငါ့လက်ရှိစွမ်းအားနဲ့ဆိုရင် ကံကို ဆေးကြောပြီး မှန်ကန်မှာသာ နိုးထလာသရွေ့ ပြဿနာတစ်ခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ထပ်ပြီးတော့ လိုချင်တယ်…

မိုရှင်းယွင်က သုံးသပ်လိုက်သည်။ သူမ၏ အကြည့်များက လောဘနှင့် လိုအင်ဆန္ဒများ ပြည့်နှက်နေလေ၏။

“သူတို့ဆီမှာ ရှိတဲ့ စွမ်းအားကို လိုချင်တယ်” သူမက အစီအရင် ပိတ်ကားချပ်မှတဆင့် တောင့်တစွာ ကြည့်နေသည်။

မဟုတ်သေးဘူး။ ဒါက မဖြစ်နိုင်လောက်ဘူး…

သူမက တွေးလိုက်သည်။ သူမ ဘိုးဘေး၏ မှတ်ဉာဏ်များဖြင့်ပင် ထိုသူနှစ်ဦးသည် မည်သို့အောင်မြင်အောင် လုပ်ခဲ့မှန်း မသိရပေ။

ဘာပဲဖြစ်ဖြစ် ငါက နဝမအဆုံးစွန်အုတ်မြစ်ကိုတော့ ရအောင် လုပ်ရမယ်။ တကယ်လို့ အောင်မြင်သွားပြီဆိုရင် သူတို့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို စမ်းသပ်ကြည့်ရမယ်…

မိုရှင်းယွင်က အရာအားလုံးကို စွန့်ပစ်ပြီး ပြန်လည်ဝင်စားဖို့ရာအတွက် တုံ့ဆိုင်းမနေပေ။ မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေဖြင့် သူမက အရာအားလုံးထက် စွမ်းအားနှင့် အင်အားကိုသာ အလေးထားလေ၏။ ထို့ကြောင့် ရှင်းလင်းပြတ်သားသည့် လမ်းကြောင်းကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုလမ်းကို လျှောက်လှမ်းလိမ့်မည်။

ငါ ဒီလမ်းကို လျှောက်ချင်ရင် ပထမဘဝမှာ ကြိုတင်ပြင်ဆင်ထားရမဲ့ ကိစ္စတချို့တော့ ရှိသေးတယ်။ ပထမတစ်ခုက ငါ့ရဲ့ ကံအပြစ်ကြွေးတွေကို ဆေးကြောပစ်ဖို့ပဲ…

မိုရှင်းယွင်က နဝမအဆုံးစွန်အုတ်မြစ်တွင် အောင်မြင်ဖို့ရာအတွက် အကြီးမားဆုံး အတားအဆီးက ကောင်းကင်တာအို ဖြစ်နိုင်ကြောင်း သိထားသည်။ ထိုသူက သူမ၏ မိစ္ဆာကျင့်ကြံသူ အဆင့်အတန်းကြောင့် ပြန်လည်ဝင်စားခြင်းကိစ္စတွင် ဝင်ရောက်စွက်ဖက်ခဲ့ပါက ထိခိုက်သွားနိုင်သည်။

နောက်ဆုံး၌ အနိုင်ရရှိတဲ့သူက သူတို့အသွင်ပြောင်းနေစဉ် အချိန်အတွင်း အချိန်တစ်ခုတော့ ရမှာပဲ။ အရာအားလုံးကို အဆုံးသတ်ပြီး ပြန်လည်မဝင်စားခင် အကောင်းဆုံးပဲ။ သူတို့တွေနဲ့ ရင်မဆိုင်ချင်ဘူး…

မိုရှင်းယွင်က သူမအနေဖြင့် ဝမ်ဝေ့အပေါ် ကံကြွေးအမြောက်အများ တင်ရှိထားကြောင်း သိလေသည်။ သူမက ထိုအရာကို ပြန်သိမ်းလို့ မရပေ။ သို့သော်လည်း သူမသာ ပြန်လည်ဝင်စားခဲ့ပါက ထိုအကြွေးကို နှောင့်နှေးထားနိုင်သည်။

တိထျန်းအတွက်မူ

ထိုသူက တိမျိုးနွယ်အပေါ် တင်ရှိနေသည့် ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ နည်းလမ်းအနေဖြင့် အနောက်ပိုင်းကုန်းမြေအား ရှင်းလင်းပစ်မည်ကို စိုးထိတ်မိသည်။ ထို့ကြောင့် ဘယ်သူပဲနိုင်နိုင် သူမအတွက် သတင်းကောင်း မဟုတ်ပေ။

သူမက ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် ထွက်သွားပြီး စတင်လှုပ်ရှားဖို့ ပြင်ဆင်ခဲ့သည်။

………………………………………………………..

ဓားရေးစံအိမ်

ကျန့်ဝူရွှမ်းက သူ့စိတ်ခံစားချက်များကို ဖော်ပြနိုင်စွမ်း မရှိဘဲ ပိတ်ကားချပ်ကို ကြည့်နေလေ၏။

“အဆင်ပြေရဲ့လား” သူ့ဆရာ ကျန်းယီ မေးလိုက်သည်။

သူက ခေါင်းယမ်းကာ “ကျွန်တော် ရှုံးနိမ့်မှုတစ်ခုလိုမျိုး ခံစားနေရတယ်”

“ရွှမ်းအာ”

“ဆရာ ဘာမှစိုးရိမ်ဖို့ မလိုပါဘူး။ ဒီဟာက ကိစ္စဆိုးတစ်ခုတော့ မဟုတ်ပါဘူး” ကျန်းဝူရွှမ်းက အာရုံစိုက်ကာ ကြည့်နေရင်း ပြောလိုက်သည်။

“အိုး”

“ဒီလိုဒဏ္ဍာရီမျိုးက ကျွန်တော့်မျိုးဆက်မှာ ထွက်ပေါ်လာပေမဲ့ ကျွန်တော်က အဆုံးသတ် တိုက်ပွဲကိုတောင် မရောက်နိုင်ခဲ့ဘူး။ အဲဒါကြောင့်မလို့ ရှုံးနိမ့်မှုတစ်ခုလို့ ခံစားနေရတာပါ”

သူက သူ့ဘဝတစ်လျှောက် အချိန်များကို ပြန်လည်အမှတ်ရရင်း သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ နောက်မကျသေးပါဘူး”

သူ့ခန္ဓာကိုယ်မှ နှစ်များစွာ သံကြေးတက်နေသည့် ပြိုင်ဘက်ကင်းဓားတစ်ချောင်းက ဓားအိမ်မှ ထွက်ပေါ်လာသည့်အလား ထက်ရှသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

“ဒီမကောင်းဆိုးဝါး နှစ်ယောက်အတွက်တော့ ဘာမှပြောလို့ မရဘူးဆိုပေမဲ့ ဒီမျိုးဆက်မှာ ကျန်တဲ့သူတွေကို ကျွန်တော် ရှုံးမှာ မဟုတ်ဘူး”

“မင်းဆီမှာ ယုံကြည်ချက်ရှိတာ ကောင်းတယ်”

“အခြေအနေတွေက ဘယ်လိုလဲ” ကျန့်ဝူရွှမ်းက အနည်းငယ် အလျင်လိုနေဟန်ပေါ်၏။

“ငါတို့တွေ မင်းရဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့အရာကို ရှာနေတုန်းပဲ။ ဒါပေမဲ့ ငါတို့ဂိုဏ်းက သင့်တော်တဲ့ ခန္ဓာကိုယ်ကျင့်ကြံရေး နည်းစနစ် မရှိခဲ့ဖူးဘူး။ အဲဒါကြောင့် ဧကရာဇ်အဆင့်ဆိုတာ ပြောဖို့တောင် မလိုတော့ဘူး”

ဓားရေးစံအိမ်က နှစ်များစွာအထိ သန့်စင်ဓားသမား အစစ်အမှန်ဓားသမားဂိုဏ်း တစ်ခု ဖြစ်သည့်အတွက် ခန္ဓာကိုယ်သန့်စင်ရေးနည်းစနစ်များက ရှားပါးလှသည်။ ထို့ကြောင့် ကျန့်ဝူရွှမ်းက သူကိုယ်တိုင်အတွက် နည်းစနစ်ကို ဖန်တီးလိုသည့်အခါ အခြေခံအုတ်မြစ်အဖြစ် နက်နဲသည့် တခြားသော နည်းစနစ်များကို လိုအပ်လာခဲ့သည်။

နှမြောစရာကောင်းလှသည်က သူ ဂိုဏ်းအတွင်း မြင်တွေ့ဖူးသမျှ ကျင့်စဉ်အားလုံးက သူ့အကြိုက် မဟုတ်ခဲ့ပေ။

“မင်း ဘာမှစိုးရိမ်နေဖို့ မလိုဘူး။ ငါတို့ ဘာမှရှာမတွေ့ဘူးဆိုရင်တောင် ငါ ခန္ဓာတာအိုချိုင့်ဝှမ်း ဒါမှမဟုတ် နတ်ဆိုးနတ်ဘုရားဓားဂိုဏ်းဆီ သွားပြီးတော့ ပြောပေးမယ်။ တန်ကြေးက ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ပေးနိုင်တယ်” ကျန်းယီက ပြောလိုက်သည်။

“ကောင်းပါပြီ။ ဓားလမ်းစဉ်အသစ်က ကျွန်တော်အနေနဲ့ သေမျိုးနဲ့ မသေမျိုးကြားက အတားအဆီးကို ချိုးဖောက်ပြီး ကျွန်တော်မျိုးဆက်က လူတွေကို လိုက်မှီနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။

ကျန့်ယီက သူ့တပည့်ကို ဤသို့ မြင်တွေ့ရပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဝမ်ထျန်း၏ ဓားလမ်းစဉ်က သူ့ကို နိုးထလာစေပြီးသည့်နောက်တွင် တာအိုနှလုံးသားကို ပြုပြင်ခဲ့သည်။

ဘဝကြီးက တကယ်အံ့ဩဖို့ ကောင်းတာပဲ။ ငါ့ဘဝတစ်လျှောက်လုံး ဝမ်ထျန်းထက် နိမ့်ကျတယ်လို့ ခံစားရင်း အချိန်ကုန်ဆုံးခဲ့ရပေမဲ့ အဆုံးသတ်မှာ ငါ့တပည့်ကို ကယ်ခဲ့တာ သူ ဖြစ်နေတုန်းပဲ…

…………………………………………

ခန္ဓာတာအိုချိုင့်ဝှမ်း

နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခံရပြီး ရှုံးနိမ့်ပြီးသည့်နောက်တွင် ယင်ကန်းက တိုက်ပွဲကွင်းပြင်မှ ထွက်လာလိုက်သည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ သူက သူ့ကိုယ်သူ အားတင်းကာ အနာဂတ်အတွက် စောင့်မျှော်နေလေ၏။

သို့သော်လည်းဝမ်ဝေ့နှင့် တိထျန်းတို့၏ စွမ်းအားကို မြင်တွေ့ပြီးသည့်နောက်တွင် စကားတစ်လုံးပင် မပြောနိုင်တော့သည့်အတွက် ခန္ဓာတာအိုချိုင့်ဝှမ်း၏ အထက်ပိုင်းများက စိုးရိမ်လာကြသည်။ ယင်ကန်းက ရှုံးနိမ့်သွားသော်လည်း သူက သေမျိုးနှင့် မသေမျိုး အတားအဆီးကို ချိုးဖောက်ထားနိုင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေဆဲ ဖြစ်၏။ သူက ထိုမကောင်းဆိုးဝါးများနှင့် တူညီသည့် မျိုးဆက်တွင် မွေးဖွားလာသည့်အတွက် ကံဆိုးခြင်းသာဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းက သူ့တာအိုနှလုံးသား ပြိုလဲသွားသည်ကို မဖြစ်စေလိုပေ။

“တည်ထောင်သူက သေမျိုးတစ်ယောက်အနေနဲ့ ထာဝရ ဧကရာဇ်စွမ်းအား ရှိတယ်ဆိုတာ အမှန်ပဲလား” ယင်ကန်းက မေးလိုက်သည်။

“သဘောတရားအရတော့ မှန်တယ်” ချိုင့်ဝှမ်းသခင်ဖြစ်သူ ဆံပင်အနက်နှင့် အနီရောင်မျက်ဝန်းရှိသည့် လူငယ်လေးက ပြန်ဖြေလိုက်၏။

“ဘာကို ပြောတာလဲ”

“တည်ထောင်သူက ခွန်အားအစစ်အမှန်နယ်ပယ်ကို လျှောက်လှမ်းခဲ့တယ်။ အဲဒါကြောင့် ကောင်းကင်အလိုဆန္ဒကို စုပ်ယူပြီးတဲ့နောက်မှာ သူ့စွမ်းအားက ထာဝရဧကရာဇ်နဲ့ တူညီတဲ့အဆင့်ကို ရောက်ရှိသွားပေမဲ့ သူ့သက်တမ်းကတော့ ယွမ်ခေတ်ကာလအနည်းငယ်ပဲ ရှိတယ်”

“အဲဒါဆို သူက သေမျိုးတစ်ယောက်လား”

“သူက အတုအယောင် မသေမျိုးပေါ့”

“အဲဒါကရော ဘာကိုပြောချင်တာလဲ”

“သူက မသေမျိုးတစ်ယောက်ရဲ့ စွမ်းအား ရှိထားပေမဲ့ သက်တမ်းတော့ မရှိဘူး”

“အဲဒီနှစ်ခုကြားက ဘာကွာခြားလို့လဲ”

“သူတို့တွေက စွမ်းအားပဲရှိတာ။ သက်တမ်းတို့၊ အဆီအနှစ်တို့နဲ့ပတ်သက်ပြီးတော့ ဘာမှမရှိဘူး”

“ဘိုးဘေးက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ”

“အဲဒါက စမ်းသပ်မှုတစ်ခုနဲ့ ဆုလာဘ်တစ်ခုအနေနဲ့ပေါ့”

“အသေးစိတ် ပြောပြလို့ရမလား”

“ ဘိုးဘေး ချန်ထားခဲ့တဲ့ မှတ်တမ်းတွေအရတော့ ခွန်အားအစစ်အမှန်တာအိုနယ်ပယ်မှာ ဂိတ်၃ခု ရှိတယ်တဲ့။ ဒါပေမဲ့ ပထမတစ်ခုက တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့တယ်။ အဲဒါကြောင့် သူ့လိုမျိုး ကောင်းကင်အလိုဆန္ဒကို အသုံးပြုပြီး သူတို့ရဲ့ အဆင့်ကို တိုးမြင့်မဲ့ အစစ်အမှန်ခန္ဓာကိုယ်လေ့ကျင့်သူတွေအတွက် စမ်းသပ်ချက်ကို အောင်ဖို့ လိုတယ်။ သက်တမ်းတိုလေးအတွင်းမှာ ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ရင် ဆုချီးမြှင့်ခံရတယ်”

“ဘယ်လိုဆုလာဘ်မျိုးလဲ”

“ကောင်းကင်အလိုဆန္ဒက သူတို့ရဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေးကို နှစ်ဆကျင့်ကြံနိုင်တဲ့သူတွေနဲ့ယှဉ်ရင် အရင်းအမြစ်နည်းနည်းနဲ့ ပိုလွယ်ကူအောင် လုပ်ပေးထားတာ”

ယင်ကန်းက တိတ်ဆိတ်သွားပြီး အတွေးနက်နေမိသည်။

“ခင်ဗျား တွေးနေတာကို သိပါတယ်။ ခင်ဗျားကလည်း ဒီခန္ဓာကိုယ်လေ့ကျင့်ရေးနည်းစနစ်နဲ့ သူတို့နှစ်ယောက်လိုမျိုး ဖြစ်ချင်တာမလား” ချိုင့်ဝှမ်းသခင်က မေးလိုက်သည်။

“ဟုတ်တယ်။ မင်းရော ဘယ်လိုထင်လဲ”

“မဖြစ်နိုင်ဘူး”

“ဘာလို့လဲ။ ခန္ဓာကိုယ်လေ့ကျင့်ရေး ပါရမီနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒအရဆိုရင် ငါက ဘယ်သူ့မှ ရှုံးနိမ့်မှာ မဟုတ်ဘူး”

“ဟုတ်ပါတယ်။ ဒါပေမဲ့ အရင်းအမြစ်ကြောင့် မဖြစ်နိုင်ဘူးလို့ ပြောတာပါ။ကောင်းကင်အလိုဆန္ဒရဲ့ ကောင်းချီး မရှိဘဲနဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေးက အင်မတန် ခက်ခဲပြီးတော့ နှေးကွေးလိမ့်မယ်။ ပြီးတော့ ဒီလိုအောင်မြင်မှုမျိုး ရရှိဖို့အတွက်ဆိုရင် အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို လိုအပ်လိမ့်မယ်” ချိုင့်ဝှမ်းသခင်က ပြောလိုက်သည်။

ဂိုဏ်းတစ်ဂိုဏ်းက ထိုအရင်းအမြစ်အားလုံးကို ထောက်ပံ့နိုင်မည် မဟုတ်ပေ။ ခန္ဓာတာအိုချိုင့်ဝှမ်းက ယင်ကန်းကို ဤအဆင့်ထိ ရောက်အောင် ပြုစုပျိုးထောင်ဖို့ လုံလောက်ခဲ့သော်လည်း ဘိုးဘေးများအပါအဝင် အားလုံးအပေါ် သက်ရောက်မှုရှိစေသည့် အရာမျိုးကိုတော့ မလုပ်ဆောင်နိုင်ပေ။

“ငါ သိပြီ။ ဒါပေမဲ့ နည်းနည်းတော့ သဘောမကျတုန်းပဲ” ယင်ကန်းက ခေါင်းညိတ်လိုက်၏။

“ခင်ဗျားရဲ့ ပါရမီက မျိုးဆက်အနည်းငယ်မှာ တစ်ယောက်ပဲ ပေါ်တာပါ။ ကံဆိုးတာက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ဝမ်မျိုးနွယ်တို့နဲ့ ကံကြမ္မာရစ်ပတ်နေတာပဲ။ ဒါကို ကျော်လွှားနိုင်မယ်ဆိုရင်တော့ မြင့်တက်သွားလိမ့်မယ်”

“ကံကြမ္မာအနှောင်အဖွဲ့ဖြစ်နေတာလား” ယင်ကန်းက ရေရွတ်လိုက်ပြီးသည့်နောက်တွင် သူ့လက်ကို ကြည့်လိုက်သည်။ သူက လက်သီးတင်းတင်း ဆုပ်ပြီးသည့်နောက်တွင် ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်အယောင်မျိုး ပေါ်ထွက်လာ၏။

“ငါ အသက်ရှူနေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိသေးတယ်။ ဝမ်ချုံး မင်းက ငါ့ကို မမှတ်မိလောက်ဘူးဆိုပေမဲ့ အရေးမကြီးဘူး။ တစ်ရက်ကျရင် ငါက မင်းနဲ့အနေအထားတူ ရောက်လာပြီးတော့ မင်းရှေ့မှာ ရပ်ပြီးတော့ ထပ်ပြီး ပြိုင်ဆိုင်ကြတာပေါ့”

All Chapters