← Chapters

တားမြစ်နယ်မြေ၏ တုံ့ပြန်မှုများ

Vol. 60 Ch. 830

တားမြစ်နယ်မြေ၏ တုံ့ပြန်မှုများ

Vol. 60 Ch. 830

ငရဲကမ္ဘာ

ယင်ချီ၊ အငြိုးတရား၊ တစ္ဆေ၊ ပျောက်ဆုံးနေသော စိတ်ဝိညာဉ်နှင့် အကြွင်းအကျန် ဝိညာဉ်တို့ စုဝေးနေသည့် နေရာတစ်ခုအတွင်း အထွတ်အထိပ်သက်ရှိက အစီအရင်ပိတ်ကားချပ်မှတဆင့် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲကို ကြည့်ရှုနေ၏။

လူအိုကြီးငရဲက ဝမ်ဝေ့ကို စိုက်ကြည့်နေသည်။ သူ့သွင်ပြင်က တည်ငြိမ်နေသော်လည်း သူ့အကြည့်တွင် သတ်ဖြတ်ငွေ့တို့ ကိန်းအောင်းနေလေ၏။ သူက ဧကရီဝူ၏ ကိုယ်ပွားနှင့် ပြောဆိုခဲ့သည့်အရာများကို ပြန်လည်အမှတ်ရသွားသည်။

သူမ၏ ကောင်လေးသည် စွမ်းဆောင်ရည်ကောင်းသည့်အတွက် သူမအနေဖြင့် လူအိုကြီးငရဲကို ကိုယ်တိုင်သုတ်သင်ပစ်ဖို့ မလိုအပ်ကြောင်း ပြောခဲ့ဖူးသည်။ လူအိုကြီးငရဲက ဝမ်ဝေ့တွင် ပင်ကိုစံပြဝိညာဉ်ရှိနေသည့်အတွက် ပါရမီ ထူးကဲကြောင်း သဘောတူလေသည်။ သို့သော်လည်း သူက မည်မျှပင် ပါရမီ ထူးကဲစေကာမူ ထိုသူက ဒိုင်မေးရှင်းအနိမ့်တွင် ကောင်းကင်ဘုံအဆင့် စွမ်းအားကို မရသရွေ့ သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်မည်မဟုတ်ပေ။

ထို့ကြောင့် သူမ၏ စကားများကို လှောင်ပြောင်ခဲ့၏။

သို့သော် ယခုတွင် ထိုသူ၏ အောင်မြင်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုစကားများကို အလေးအနက် မှတ်ယူခဲ့သည်။

အရင်တုန်းက မိုးမြေကြားက အပြောင်းအလဲတစ်ခုကို ခံစားမိခဲ့တယ်။ ငါ ဘယ်လောက်ပဲ တွက်ချက်ကြည့်ကြည့် အရင်းအမြစ်ကို ရှာမတွေ့ခဲ့ဘူး။ တကယ်လို့ ငါ မှန်းဆတာမှန်မယ်ဆိုရင် ဒီနှစ်ယောက်ထဲက တစ်ယောက်က အဲဒီစွမ်းအားကို ပထမဆုံး ရတဲ့အချိန်ပဲ ဖြစ်လောက်တယ်…

လူအိုကြီးငရဲက ပုံရိပ်ယောင်မှ အကြည့်လွှဲကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက အားကောင်းသည့် မှော်စက်ဝန်းကို မြင်သည့်အခါ ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။ မဟာဧကရာဇ်များစွာက ထိုနေရာကို စည်းတံဆိပ်များစွာ ချထားခဲ့ပြီး ထိုသူများထဲ ထာဝရဧကရာဇ်များပင် ပါဝင်ခဲ့သော်လည်း သူက ဂရုမစိုက်ခဲ့ပေ။

သူသာ အချိန်လုံလုံလောက်လောက်ရှိသရွေ့ သူတို့အား ဖျက်ဆီးပစ်နိုင်သလို အသင်္ချေအင်ပါယာကမ္ဘာ၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်နိုင်ဖို့ သူတို့၏ သက်ရောက်မှုကို လျှော့ချပစ်နိုင်သည်။ မိစ္ဆာခေတ်ကာလအတွင်းမှာ ဧကရီဝူ၏ စည်းတံဆိပ်သည် သူမ၏ တာအိုကြောင့် သူ့ကို ဒုက္ခပေးနိုင်ခဲ့သော်လည်း သူမကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်လေသည်။

သို့သော်လည်း သူမ၏ ကိုယ်ပွားက ပြန်ရောက်ရှိလာကာ စကြဝဠာစည်းတံဆိပ်ကို အသုံးပြုခဲ့သည့်အတွက် သူက အတော်လေး ကံဆိုးနေဟန်ပေါ်၏။ သူမက ထိုအရာကို အသုံးပြု၍ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို စည်းပိတ်ခဲ့ကြောင်း သိထားသောကြောင့် ထပ်မံ လုပ်ဆောင်ဖို့ရာအတွက် မဖြစ်နိုင်ပေ။

အနည်းဆုံးတော့ သူမ၏ တာအိုနှင့် နည်းစနစ်ကို အသုံးပြုသည့် ပုံပွားသာ ဖြစ်ရမည်။ သို့သော် သူက ထိုစည်းတံဆိပ်နောက်ကွယ်မှ စွမ်းအားကို အာရုံခံမိလိုက်သည့်အခါ ထိုအရာက သူမ၏ တားမြစ်ပင်ကိုစွမ်းရည်၏ ရလဒ် ဖြစ်နေလေသည်။

ဒီစည်းတံဆိပ်ကို ဖြေရှင်းဖို့ ဘယ်လောက်ကြာဦးမလဲ…

ထိုအကြောင်းကို တွေးပြီးသည့်နောက်တွင် လူအိုကြီးငရဲက ပို၍ ဒေါသထွက်လာသည်။ အကယ်၍ ထိုစည်းတံဆိပ်ကြောင့်သာ မဟုတ်ပါက သူက အစစ်အမှန်ကောင်းကင်တာအိုရှေ့ ပေါ်ထွက်လာကာ ဤမျိုးဆက်၏ သရဖူအသစ်ဆောင်းထားသည့် ထာဝရဧကရာဇ်ကို ပျက်သုဉ်းသွားအောင်အထိ ရိုက်နှက်ပစ်နိုင်သည်။

လူအိုကြီးငရဲက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရ၏။

ငါက ဒီမှာ ဒီလောက်အကြာကြီး ရှိနေတာတောင် ဘာမှမရသေးဘူး။ ငါ့နည်းလမ်းက တကယ်ပဲ မှားနေတာလား…

အကယ်၍ သူ့စွဲလမ်းမှုကြောင့်သာ မဟုတ်ပါက ကမ္ဘာဦးဟွင်သွမ်း၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် စံပြဖြစ်လာသည်မှာ ကြာမြင့်လောက်လေပြီ။ သူက ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားသည့်နေရာငယ်လေး၌ အချိန်များစွာ ဖြုန်းတီးမိနေမည် မဟုတ်ပေ။

လူအိုကြီးငရဲက အတွေးနက်နေမိသည်။ ဤကမ္ဘာမှ ဧကရာဇ်များစွာ မွေးဖွားလာပြီး တက်လှမ်းသွားပြီး သူ့ကို ကျော်လွန်သွားသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့စိတ်က လှုပ်ခတ်လာမိသည်။

သူ့လမ်းစဉ်က မှားယွင်းနေတာ ဖြစ်နိုင်တယ်။ ဒီစွဲလမ်းမှုကို စွန့်ပယ်ပြီးတော့ သာမန် ဘေးကင်းတဲ့ လမ်းစဉ်ကိုပဲ လျှောက်လှမ်းရမလား…

မဟုတ်သေးဘူး။ ငါ အခု တုန်လှုပ်နေလို့မဖြစ်ဘူး…

ရှေးဟောင်းတည်ရှိမှုက တွေးလိုက်မိသည်။

ငါ အောင်မြင်သွားတာနဲ့ စံပြနယ်ပယ်အလွန်က လမ်းစဉ်ကို ပထမခြေလှမ်း လျှောက်နိုင်လိမ့်မယ်…

သူက အဆုံးမဲ့သက်တမ်း ရှိထားသည့်အတွက် အောင်မြင်ဖို့ရာ အချိန်မည်မျှကြာကြာ ကိစ္စမရှိပေ။ လက်ရှိခံစားခဲ့ရသည့် အရှက်ကွဲမှုများနှင့် ဒုက္ခများကိုမူ သူ့အစီအစဉ်ပြီးမြောက်သည်နှင့် အရာအားလုံးက ထိုက်တန်ပေသည်။

လူအိုကြီးငရဲ၏ အကြည့်က အစီအရင်ပိတ်ကားချပ်ပေါ် ပြန်လည်ရောက်ရှိလာ၏။

ဒီမျိုးဆက်က လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်တဲ့ ကြမ္မာနဲ့ ပါရမီတွေ ပြည့်နှက်နေတာပဲ။ ဒီလူနှစ်ယောက်က ပြန်လည်ဝင်စားခြင်းတာအိုကို ကျင့်ကြံထားတယ်။ ကြည့်ရတာ ငါ့အခွင့်အရေးက သူတို့နှစ်ယောက်ဆီက ဖြစ်နိုင်တယ်…

သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။

ဒီကောင်လေးက ငါ့ဆီကို သေချာပေါက် ရောက်လာမှာ။ သူ ရောက်လာတာကို ကြိုတင်ပြင်ဆင်ထားတာပေါ့။ တခြားတစ်ယောက်အတွက်ကတော့…

သူက တိထျန်း၏ သမိုင်းကြောင်းနှင့် သတင်းအချက်အလက်ကို တွက်ချက်ကြည့်လိုက်သည်။

ငါသာ ဝင်ရောက်စွက်ဖက်နိုင်တယ်ဆိုရင် သူ့ဇနီးရဲ့အမှတ်အသားကို အပေးအယူအနေနဲ့ သုံးလို့ရတယ်…

သူက သူ့စွမ်းရည်ကင်းမဲ့နေမှုကြောင့် ဒေါသထွက်လာမိသည်။

ငါ့အသံကို အပြင်ကိုလွှတ်ပြီးတော့ ပြီးပြည့်စုံဖို့အတွက် သတင်းအချက်အလက်နဲ့ စွဲဆောင်နိုင်မလားဆိုတာ ကြည့်ရအောင် ဒိုင်မေးရှင်းအနိမ့်က စည်းပိတ်ထားတယ်ဆိုတော့ အစစ်အမှန်ကောင်းကင်တာအိုရဲ့ အာရုံစိုက်မှုက နိမ့်ကျနေတာပဲ။ ဒါက ငါ့ရဲ့ အခွင့်အရေး ဖြစ်နေနိုင်တယ်…

လူအိုကြီးငရဲက တုံ့ဆိုင်းမနေဘဲ အလုပ်ကို စလုပ်လိုက်သည်။

……………………

သွေးမြေ၊ အတွင်းပိုင်း

နောက်ထပ်အားကောင်းသည့် သက်ရှိတစ်ဦးက ဝမ်ဝေ့နှင့် တိထျန်းတို့၏ စွမ်းအား ထုတ်ဖော်ပြသပြီးသည့်နောက်တွင် နိုးထလာခဲ့သည်။ ထိုသက်ရှိဆီမှ ထုတ်လွှတ်နေသည့် အငွေ့အသက်က ရှေးကျကာ သွေးစွမ်းအားများ ပြည့်နှက်နေလေ၏။

“ငါက နိုးထလာပြီလား။ အခု အချိန်ကျလာပြီလား” ထိုသက်ရှိ၏ အကြည့်က အသင်္ချေအင်ပါယာကမ္ဘာ၏ ထောင့်တိုင်း နေရာတိုင်းကို လိုက်လံရှာဖွေနေပြီး လူတချို့ကသာ ထိုအရာ၏ တည်ရှိမှုကို ဖမ်းဆုပ်နိုင်ခဲ့ကြသည်။

“ဒီကမ္ဘာမှာ ငါ့လိုမျိုးက တစ်ယောက်ထဲပဲ ရှိတာ။ သူ့ကိုပဲ ရေတွက်လို့ရတယ်ဆိုရုံလောက်ရှိတာ။ ငါက ဘာလို့များ နိုးထလာတာလဲ”

ထိုသက်ရှိက တစ်စုံတစ်ခုကို ထပ်မံ ရှာဖွေနေသည်။

“ငါ့မျိုးနွယ်ရဲ့ ကံကြမ္မာက ဒီမျိုးဆက်မှာ ပေါ်ထွက်လာတာ ဘာကြောင့်လဲ။ အကြောင်းအရင်းက ဘာလဲ။”

ထိုအရာက ဆက်လက်ရှာဖွေနေရင်း တိုက်ပွဲကို ကြည့်လိုက်ကာ ဝမ်ဝေ့ဆီ အာရုံကျရောက်လာသည်။

“အဲဒီသူခိုးရဲ့ မျိုးဆက်လား” အသံဩဩဖြင့် ရေရွတ်လိုက်သည်။

“သူက အကြောင်းအရင်းလား”

ထိုသက်ရှိက နားမလည်သည့်အလား မျက်မှောင်ကြုတ်လိုက်သည်။

“ဒီလိုနံစော်နေတဲ့ လူသားက ငါ့မျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ ပြန်လည်ရှင်သန်ဖို့အတွက် ဘာကြောင့် တာဝန်ရှိနေရတာလဲ”

ထိုရှုပ်ထွေးမှုက စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။

“ငါတို့က ဒီကမ္ဘာမှာ ပြန်လည်ပေါ်ထွက်လာသရွေ့ ကိစ္စတော့ မရှိဘူး။ ဒီသူခိုးရဲ့ မျိုးဆက်အတွက်ကတော့ သူတို့တွေ ငါ့နှလုံးသားကို ခိုးခဲ့တဲ့ ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ အချိန်ကျပြီ” ထိုသက်ရှိက ရေရွတ်လိုက်သည်။

ထိုသက်ရှိက လှုပ်ရှားလိုက်သည့်အချိန် အိပ်စက်နေခဲ့သည့် ပတ်ဝန်းကျင်အချိန်နှင့် အာကာပြင်က လှုပ်ခတ်သွားသည်။

“ငါက လက်ရှိ အားနည်းလွန်းနေတယ်။ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာမဲ့ နည်းလမ်းတစ်ခု လိုတယ်။ ငါ ဘာလုပ်သင့်လဲ”

နေရာတစ်ခုလုံးက စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားလေသည်။

“အော် ငါ ဒီအခိုက်အတန့်အတွက် တစ်စုံတစ်ခု ချန်ထားခဲ့သားပဲ” ထိုသက်ရှိက သူ့ဘာသာသူ ပြောလိုက်၏။

“အဲဒီသူခိုးက အဲဒီနေရာကို ရှာတွေ့ပြီးတော့ ယူမယ်လို့တော့ မထင်ဘူး”

ထိုသက်ရှိက နှစ်များစွာ လစ်ဟာနေပြီးသည့်နောက်တွင် ကမ္ဘာအတွင်း ပြန်လည်ပေါ်ထွက်လာဖို့ ပြင်ဆင်ခဲ့သည်။

အချိန်ဖရိုဖရဲနယ်မြေ အနက်ပိုင်းအတွင်း လူတချို့ကသာ ရောက်ရှိနိုင်သည့် နန်းဆောင်တစ်ခု ရှိသော်လည်း မည်သူကမှ ထိုအရာ၏ လျှို့ဝှက်ချက်ကို ရှာမတွေ့ခဲ့ကြပေ။

အကြည့်တစ်ခုက ထိုမျိုးဆက်၏ တိုက်ပွဲကို အာရုံစိုက်ကာ ကြည့်ရှုနေ၏။

“သူက ငါတို့ကို နိုင်မယ်လို့ထင်လား” အသံတစ်သံက မေးလိုက်သည်။

“ငါတို့ရဲ့ အခြေအနေက မျှော်လင့်ချက် မဲ့နေတယ်ဆိုတာကို နားလည်သင့်တယ်” ပထမအသံနှင့် ကွက်တိတူနေဟန်ပေါ်သည့် ဒုတိယအသံက ပြောလာသည်။ သို့သော် အနည်းငယ် ကွဲပြားနေလေ၏။

“မင်းလည်း သိတာပဲ။ သူက မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်တဲ့ လူစားမျိုး။ သူ့ရဲ့ အချိန်တာအိုနဲ့ဆိုရင် အောင်မြင်သွားနိုင်တယ်”

“ဒါပေမဲ့ သူ‌ အောင်မြင်မယ်ဆိုရင် ဘာလို့ ငါတို့ကို အကူအညီပေးမှာလဲ”

“ကြည့်ရတာ ငါတို့တွေ သူ့ကို တစ်ခုခုပေးနိုင်လို့နေမယ်”

“ဘာကိုလဲ”

“ငါလည်း မသိဘူး”

“အဲဒါဆိုရင် ဘာလို့ ဒီလိုကိစ္စကို အကြံပြုနေတာလဲ”

“မင်းက ဘာလို့ အဲ့လောက်တောင် အဆိုးမြင်နေရတာလဲ”

“ငါက အဆိုးမြင်နေတာ မဟုတ်ဘူး။ မျှော်လင့်ချက်မဲ့တဲ့ ကိစ္စကို လက်ခံထားပြီးသား။ မင်းလည်း လက်ခံဖို့ မျှော်လင့်တယ်”

“ဘယ်တော့မှ လက်မခံဘူး”

“ဘာကြောင့်များ ကိုယ့်ကိုယ်ကို နှိပ်စက်ချင်နေရတာလဲ”

“မင်း ထပ်ပြောစရာ မလိုတော့ဘူး။ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ မျှော်လင့်ချက် အရိပ်အယောင်ကို မြင်ခဲ့ရပြီ။ ဘယ်လိုပဲဖြစ်ဖြစ် လက်မလျှော့နိုင်ဘူး”

“စွဲလမ်းမှုဆိုတာက သက်ရှိတွေအားလုံးထဲမှာ သူတို့ရဲ့ အဆုံးသတ်မှုကို ဆောင်ကျဉ်းနေဖို့ စောင့်ဆိုင်းနေတဲ့ မိစ္ဆာတွေလို့ ပြောခဲ့ဖူးတယ်။ မင်းရဲ့ လက်ရှိအခြေအနေကို မမြင်နိုင်ဘူးလား”

“တစ်ခါက လူတစ်ယောက်ကသာ စွဲလမ်းပြီးတော့ အခိုင်အမာ ဆုံးဖြတ်ထားတယ်ဆိုရင် ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီစကားက မှန်တယ်လို့ ထင်တယ်။ ငါ မှားသွားခဲ့တာ”

“ဟူး မင်း ကျေနပ်သလိုသာ လုပ်ပါတော့။ ဘာဖြစ်ဖြစ် မျှော်လင့်ချက် မြင့်တက်ပြီးတဲ့နောက်မှာ ပြန်စိတ်ပျက်သွားရမဲ့သူက ငါ မဟုတ်ဘူး”

စကားဝိုင်းက အဆုံးသတ်သွားပြီးသည့်နောက်တွင် ပြန်လည်တိတ်ဆိတ်သွားလေ၏။

……………………………

တာအိုသင်္ချိုင်းနယ်မြေ

“ပထမကလေး ခင်ဗျားရဲ့ ဉာဏ်ကြီးမှုကိုတော့ ထပ်ပြီးတော့ အံ့ဩရပြန်ပြီ” ဒုတိယကလေးက ချီးကျူးလိုက်သည်။

“ဟုတ်တယ်။ တကယ်လို့ သတိကြီးကြီးထားပြီးတော့ မပြေးခဲ့ဘူးဆိုရင် ဒီလူနှစ်ယောက် တာအိုကို သက်သေပြလိုက်တာနဲ့ ကျုပ်တို့ ဘာဖြစ်သွားမယ်ဆိုတာကို ဘယ်သူကများ သိမှာလဲ” တတိယကလေးကလည်း သက်ပြင်းချကာ သဘောတူလိုက်သည်။

“ဒီမျိုးဆက်က ဒီလောက်ကြီး အားကောင်းလိမ့်မယ်လို့ မယုံနိုင်သေးဘူး။ သူတို့က အခုတောင် ဒီလိုစွမ်းအားမျိုး ရှိနေတယ်ဆိုရင် ကောင်းကင်အလိုဆန္ဒကို ရယူပြီးတဲ့နောက်မှာ ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ” စတုတ္ထကလေးငယ်က ထပ်ပြောလိုက်သည်။

“ပထမကလေး ဘာဖြစ်လို့လဲ။ စိုးရိမ်နေတဲ့ပုံပဲ” ဒုတိယကလေးက မေးလာသည်။

“အဲဒီနှစ်ယောက်နဲ့ ပတ်သက်ပြီး စိုးရိမ်နေလို့ပါ”

“ဘာများစိုးရိမ်စရာရှိလို့လဲ။ သူတို့က ကျုပ်တို့ကို ရှာမတွေ့နိုင်ဘူး။ သူတို့တွေ အထက်ဘုံကို တက်လှမ်းသွားတဲ့အချိန်အထိ စောင့်ဆိုင်းရုံပဲလိုတယ်”

“အဲ့လူနှစ်ယောက်က သမိုင်းကြောင်းတစ်လျှောက်မှာ ဘယ်သူကမှ မရဖူးတဲ့ အရာကို ရယူခဲ့တာ။ သူတို့တွေသာ ဒါကို သက်သေပြပြီးသွားတယ်ဆိုရင် ဘယ်လိုထူးထူးဆန်းဆန်း စွမ်းအားမျိုး ရလာမလဲဆိုတာကို စိုးရိမ်မိတယ်။ ငါတို့တွေကို ရှာတွေ့သွားမှာကိုလည်း စိုးရိမ်မိတယ်”

“သတိကြီးလွန်းတယ်လို့ ခံစားရပေမဲ့ ခင်ဗျားရဲ့ အသိဉာဏ်က အမြဲတမ်း အကူအညီ ဖြစ်ခဲ့တာဆိုတော့ အခု ဘာလုပ်သင့်တယ်လို့ ထင်လဲ” တတိယကလေးက ပြောလိုက်သည်။

“တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားပြီးတော့ ပုန်းနေရအောင်”

“ကျုပ်တို့ရဲ့ မွေးရပ်မြေကို စွန့်ပယ်မှာလား”

“ငါတို့ရဲ့ အသက်ကို စွန့်စားတာထက်တော့ ကောင်းတယ်။ ပြီးတော့ ပုန်းအောင်းရုံပဲ … ရွှေ့ပြောင်းတာမှ မဟုတ်တာ” ပထမကလေးက ပြောလိုက်သည်။

“တခြားကမ္ဘာ့အသိုင်းအဝန်းကို ရွှေ့ပြောင်းတာကလည်း အစီအစဉ်ဆိုး တစ်ခုတော့ မဟုတ်ပါဘူး။ တကယ်လို့ မှန်ကန်တာကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင် စတုတ္ထကလေးငယ်ကို အခြေတည်ငြိမ်စေဖို့ အရင်းအမြစ် အလုံအလောက် စုဆောင်းနိုင်လောက်တယ်။” ဒုတိယကလေးက ပြောလိုက်သည်။

“အဲဒါက အကြံကောင်းပဲ။ ဘယ်လိုထင်လဲ”

“ငါတို့တွေ တတိယတန်းစားဧကရာဇ်ရှိတဲ့ ကမ္ဘာကို ရှာနိုင်ရင် စွန့်စားမှုကို လျှော့ချပြီးသား ဖြစ်သွားလိမ့်မယ်။” ပထမကလေးက ခေါင်းညိတ်လိုက်၏။

“မဟုတ်သေးဘူး။ စွန့်စားနေဖို့ မလိုဘူး။ ငါတို့တွေ ဒိုင်မေးရှင်းအနိမ့်ကို အသုံးပြုပြီးတော့ ဧကရာဇ်တွေရှေ့ ပေါ်ထွက်မလာရုံပဲ”

“အဲဒါက အကြံကောင်းပဲ”

“ဒီလိုဆိုရင် အချိန်မဖြုန်းဘဲနဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ရအောင်”

All Chapters