စစ်သူကြီး၏ တိုက်ပွဲစတင်ခြင်း
Vol. 60 Ch. 831
“ဟား…ဟား…ဟား…ဒါက ငါ့သားပဲ” ဝမ်ထျန်းက သူ့အဖေလိုမျိုး မြူထူးကာ ပျော်ရွှင်နေသည်။ သို့သော်လည်း လက်ရှိ သူ ခံစားနေရသည့် ဂုဏ်ယူစိတ်ကို မထိန်းချုပ်နိုင်ပေ။
“အဲဒါက ဘာကိုပြောတာလဲ။ ရှင့်သားလား။ ဒါက ကျွန်မသား” ယုယန်က ပြန်ပြောလိုက်၏။
“ကိုယ် မပါဘဲ သူ့ကို ဖန်တီးလို့ မရပါဘူး”
“ဒါပေမဲ့ ရှင်က သူ့ကို ၃၃ နှစ် လွယ်ခဲ့တာမလို့လား။ ကျွန်မပဲ လုပ်ခဲ့တာလေ”
“ဟုတ်ပါပြီ။ ဒါကိုတော့ မငြင်းနိုင်တော့ဘူး”
ဝမ်ထျန်း၏ စိတ်အခြေအနေကို မည်သည့်အရာမှ မဖျက်ဆီးပစ်နိုင်ပေ။ သူ့သား၏ အောင်မြင်မှုများကို သိထားပြီးသား ဖြစ်သော်လည်း ကမ္ဘာကြီးက အမှန်တရားကို သိသွားသည့်အခါ နောက်ထပ် ခံစားချက်တစ်မျိုး ဖြစ်၏။
“အဖေ ဘာလို့ တိတ်ဆိတ်နေရတာလဲ”
“ငါတို့ဂိုဏ်းရဲ့ ကျော်ကြားမှုက မျိုးဆက်များစွာတိုင် ထိပ်ဆုံးအထိ ရောက်သွားမှာကို ပျော်ပေမဲ့ ဝေ့အာအတွက် စိုးရိမ်နေလို့ပါ”
“အမှန်ပဲ။ တိမျိုးနွယ်ကောင်လေးကလည်း ဒီလိုအနေအထားအထိ ရောက်နိုင်တယ်ဆိုတော့ တကယ့်ကို ပြောစမှတ်တွင်လောက်တယ်” ဝမ်ထျန်းဆီမှ ယခင်ပျော်မြူးနေသည့် လေထု ပျောက်ကွယ်သွားကာ ခေါင်းညိတ်လိုက်သည်။
“ဝေ့အာကို ယုံကြည်ထားသင့်တယ်” ယုယန်က ရှားရှားပါးပါး အမူအရာ အလေးအနက်ဖြင့် ပြောလိုက်သည်။
“ပြီးတော့ ကံကြမ္မာက သူ့ဘက်မှာလေ”
သို့သော်လည်း ထိုစကားများကို ပြောပြီးနောက် သိပ်မကြာခင် အဆောင်ကို ထုတ်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
“ ကျွန်မမိသားစုဆီကပါ။ သူတို့ကို ထွက်ပြောလိုက်ဦးမယ်”
ယုယန်က သီးသန့်အခန်းအတွင်း ဝင်ရောက်သွားပြီးသည့်နောက်တွင် ငါးမိနစ်ကြာပြီးသည့်နောက် ပြန်လည်ထွက်ပေါ်လာသည်။
“ဘယ်လိုလဲ”
“သူတို့က ကျွန်မကို ဂုဏ်ပြုပေးဖို့ ဆက်သွယ်လိုက်တာပါ”
ဝမ်ထျန်းက သူမ၏ မျက်ဝန်းမှ စိုးရိမ်မှုများကို သတိထားမိသည့်အတွက် လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“မင်း ဘာမှ စိုးရိမ်နေဖို့ မလိုပါဘူး။ ဝေ့အာက ကိုင်တွယ်ဖြေရှင်းနိုင်တော့ ယုမျိုးနွယ်ကို ဂရုစိုက်ပေးမှာပါ”
“အမေ့ဆီမှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် သူက မျိုးနွယ်စုအပေါ် အဆိုးမြင်နေမှာ စိုးရိမ်လို့ပါ”
“သူက မင်းအဖေအပေါ် မကြည်သေးပေမဲ့ သူတို့ကို ဘယ်လိုဆက်ဆံလဲ ဆိုတဲ့အပေါ်မှာ သက်ရောက်မှု ရှိခွင့်ပြုမှာ မဟုတ်ပါဘူး”
“ဟုတ်ပါတယ်။ သူ့ကို ပိုပြီးတော့ ဂုဏ်ယူသင့်တယ်။ မင်းက သူ့ကို ပြုစုပျိုးထောင်ခဲ့တာပဲလေ” ဝမ်ချန်က ပြောလိုက်သည်။
ယုယန်က ခေါင်းညိတ်ပြီးသည့်နောက်တွင် တိုက်ပွဲကို စောင့်ကြည့်လိုက်၏။
………………………
ဂိုဏ်း၏ အနက်ပိုင်းအတွင်း
“နောက်ဆုံးတော့ သိသွားကြပြီ” မူလအရှင်က နဂိုရိုးရှင်းကာ တင်းကြပ်သည့် အမူအရာမျိုးအထက် အပြုံးတစ်ပွင့် ရှိနေလေသည်။
“သေမျိုး ဧကရာဇ်တစ်ယောက်ကို ပြုစုပျိုးထောင်တာက ဂိုဏ်းရဲ့ ချီကံကောင်းမှုအပေါ် ကောင်းချီး တိုးမြင့်လာတယ်ဆိုတာကို ခံစားမိလိုက်တယ်” ဓားအရှင်က ပြောလိုက်သည်။
“အဲဒီဖြစ်စဉ်က ဆက်ပြီးတော့ ဖြစ်နေဦးမှာ”
“တိမျိုးနွယ် ကောင်လေးက ပထမ ဖြစ်သွားတာနှမြောစရာပဲ။ သူတို့နဲ့ ဝေခွဲနေရတယ်။ ပိုပြီးဆိုးသွားတာက သူတို့က ငါတို့ထက် ပိုပြီးကံကောင်းမှု များနေတာပဲ” တိုက်ပွဲအရှင်က ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဂိုဏ်းချုပ်က သူ့ကို အနိုင်ယူသရွေ့ ငါတို့တွေ ဦးဆောင်မှုကို ယူပြီးတော့ သူတို့ဆီကနေ ကံကောင်းမှုကို စုဆောင်းနိုင်တယ်” ဓားအရှင်က ပြောလိုက်သည်။
“အမှန်ပဲ”
“ပြီးတော့ အခွင့်အရေးက ငါတို့ဘက်မှာပါ”
“အဲဒီအမှတ်အသားနဲ့ ပတ်သက်ပြီး နည်းနည်းတော့ စိုးရိမ်မိနေတုန်းပဲ” အထွေထွေသောင်းပြောင်းအရှင်က ပြောလာသည်။
“သူ့ကို မပြောလိုက်တာ ရက်စက်လွန်းတယ်လို့ ခံစားမိနေတယ်”
“အဲ့လိုလုပ်လိုက်တာက ဝင်ရောက်စွက်ဖက်သွားသလို ဖြစ်မှာကို နားလည်သင့်တယ်” မူလအရှင်က ပြန်ဖြေလေ၏။
“ငါတို့တွေ အနည်းငယ် စွန့်စားပြီးတော့ သူ့ကို သဲလွန်စတစ်ခုတော့ ပေးသင့်တယ်။ ဒိုင်မေးရှင်းအနိမ့်ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် အစစ်အမှန်ကောင်းကင်တာအိုက ထည့်တွက်မှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ကောင်းကင်ခွင့်ပြုချက်က ငါတို့ဆီ ကျရောက်လာနိုင်တယ်။ အသေအချာ မသိရသေးဘူး”
“အဆုံးသတ်တော့ ဒီကိစ္စရဲ့အဖြေက သူ အနိုင်ရရှိတဲ့သူဖြစ်မလား မဖြစ်ဘူးလားဆိုတာပဲ။ သူ အနိုင်ရရှိသူဖြစ်တာနဲ့ အကျိုးဆက်အားလုံးက ကိစ္စမရှိတော့ဘူး ” ဓားအရှင်က ရေရွတ်လိုက်၏။
“မင်း ပြောတာမှန်တယ်” အထွေထွေသောင်းပြောင်းအရှင်က သက်ပြင်းချလိုက်သည်။
“ကဲ ငါတို့တွေ ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတော့ အဲဒီအကြောင်းကို မပြောပဲနေရအောင်။ ပြီးတော့ အခု နောက်ကျလွန်းသွားပြီ။ ကမ္ဘာကြီးက ပြောင်းလဲတော့မှာ။ ငါတို့တွေ အရာအားလုံး အဆင်ပြေချောမွေ့ဖို့အတွက် သတိကြီးကြီးထားပြီး ဆောင်ရွက်သင့်တယ်” မူလအရှင်က ပြောလိုက်သည်။
“နောက်ထပ် နှစ်သန်းချီလောက်ကတော့ ငါတို့တွေ အလုပ်ရှုပ်နေလောက်တယ်” ဓားအရှင်က ထပ်ပြောလိုက်သည်။
………………….
ကောင်းကင်အလိုဆန္ဒတိုက်ပွဲ
ဝမ်ဝေ့က ကပ်ပါး၏ တည်နေရာ၌ ပေါ်ထွက်လာပြီးသည့်နောက် ထိုသူက အမှန်တကယ် သေဆုံးသွားတာလားဟု စစ်ဆေးကြည့်လိုက်သည်။ သူလျှိုများ၏ သေဆုံးမှုကို ခန့်မှန်းနိုင်သည့် နည်းလမ်းတချို့ကို စမ်းသပ်ပြီးသည့်နောက်တွင် တိုက်ပွဲကွင်းပြင်တွင် အသက်ရှင်သန်သူ ရှိသေးလားဟု စစ်ဆေးကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်း မည်သူ့ကိုမှ မတွေ့ရပေ။ ထို့ကြောင့် သူက တခြားအလွှာများကိုပင် သေချာအောင် စစ်ဆေးကြည့်လိုက်၏။ သုံးကြိမ်တိုင်တိုင် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက အရှေ့ဘက်ပိုင်းဆီ ပြန်ရောက်လာပြီး လှံ၏ တိုက်ကွက်ကို တားဆီးဖို့ သူ့တပ်ဖွဲ့ကို ဝှက်ထားခဲ့ရာမှ ပြန်လည်ဆင့်ခေါ်ခဲ့သည်။
“စိတ်လှုပ်ရှားနေလား” သူက အပြုံးလေးဖြင့် မေးလိုက်သည်။
“ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေပါ့မလဲ။ နောက်ဆုံး ဒီလောက်အထိ ရောက်လာခဲ့ပြီးပြီ” လီကျွင်းက အသက်ရှူလေ့ကျင့်ခန်းကို လုပ်နေရင်း ပြောလိုက်သည်။
“ခြေတစ်လှမ်း မှာသွားတာနဲ့ အရာအားလုံး ကျရှုံးသွားနိုင်တယ်” ထျဲ့ကန်က စိတ်အလှုပ်ရှားဆုံးသူ ဖြစ်နေလေ၏။ ဝမ်ဝေ့က ထိုအချက်ကို သတိထားမိပြီးသားဖြစ်ကာ အကြောင်းအရင်းကိုလည်း သိထားသည်။ ထျဲ့ကန်က အဖွဲ့ထဲတွင် အားအနည်းဆုံး ဖြစ်သည့်အတွက် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ချေ အမြင့်ဆုံးသူ ဖြစ်ပေသည်။
“ငါတို့တွေ နှစ်များစွာ စီစဉ်လာပြီးတော့ ဒီအခိုက်အတန့်အတွက် ပြင်ဆင်ထားခဲ့တာ။ အဲဒါကြောင့် ဘာမှစိုးရိမ်နေဖို့ မလိုဘူး။ ငါတို့တွေ ကောင်းကောင်းပြင်ဆင်ထားပြီးသား” ဝမ်ဝေ့က လှုံ့ဆော်ပေးလိုက်သည်။
“ပြီးတော့ ကံကောင်းမှုက ငါတို့ဘက်မှာ ငါတို့တွေ တိုက်ပွဲရဲ့ အခြေအနေကို အသုံးပြုပြီးတော့ အစီအစဉ်ကို တိုးမြှင့်ထားပြီးသား”
အားလုံးက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ချိုက်စုန့်ကို ကြည့်လိုက်ကြသည်။ သူမက တုံ့ဆိုင်းမနေဘဲ ထူးထူးဆန်းဆန်း ရုပ်သေးရုပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။ ထိုအရာက ယင်ကန်း၏ ဧရာမဖုတ်ကောင် ဖြစ်ပေသည်။ သူမက အချိန်အစီအရင်ကို အသုံးပြုကာ ဖုတ်ကောင်အား ချပ်ဝတ်တန်ဆာနှင့် တူညီသည့် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ထို့နောက် ထျဲ့ကန်က ရုပ်သေးရုပ်ကို ချပ်ဝတ်လိုမျိုး ဝတ်ဆင်လိုက်၏။
“ဒါက ရှင်တို့အတွက်” ယန်းလီလင်းက ဆေးလုံးများပါဝင်နေသည့် အိတ်ငယ်တစ်ခုစီကို ပေးလိုက်သည်။ ထျဲ့ကန်က ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည့်အချိန် ထိုအရာက အင်မော်တယ်အလင်းဖြင့် တောက်ပနေလေသည်။
“ဘာလို့ အပိုတွေ ရှိနေတာလဲ” သူက ဆေးလုံးအရေအတွက်ကို သိထားလေ၏။ သူက အစီအစဉ်အတွက် ပြောထားသည်ထက် ပိုနေသည့် ဆေးလုံးများကို တွေ့လိုက်သည်။
“ရှင် စိတ်လှုပ်ရှားတာကို ကာကွယ်ဖို့” ယန်းလီလင်းက ပြောလိုက်သည်။
ထျဲ့ကန်က တုံ့ဆိုင်းမနေဘဲ ဆေးလုံးကို သောက်သုံးလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့စိတ်က တည်ငြိမ်နေသည့် ရေပြင်အလား ငြိမ်သက်သွားသည်ကို တွေ့လိုက်ရပြီး ပိုမို အာရုံစူးစိုက်လာနိုင်သည်။
နောက်ဆုံးတွင် သူက ဒုတိယဆေးလုံးကို သောက်သုံးလိုက်သည့်အချိန် သူ့အရှိန်အဝါက မီးတောက်ထဲ ဆီထည့်လိုက်သလိုမျိုး သိသိသာသာ တိုးတက်လာ၏။
“ဒီခံစားချက်က တကယ်ကို စွဲမက်ဖို့ ကောင်းတယ်” ထျဲ့ကန်က သူ့သွေးကြောများထဲမှ စီးဆင်းနေသည့် စွမ်းအားကို ခံစားမိရင်း ရေရွတ်လိုက်သည်။ သူ လုပ်ဆောင်လိုက်သည်နှင့် ပြန်လည်ဝင်စားဖို့ ဆုံးဖြတ်ချက်က ပို၍ ခိုင်မာလာရသည်။
သူက သူ့နောက်ဘဝတွင် သူ့ပါရမီက ပိုမိုကောင်းမွန်ဖို့ရာ မျှော်လင့်နေမိ၏။ ထို့အခါမှ သူသည် ရုပ်သေးရုပ်၊ ဆေးလုံးနှင့် အစီအရင်များကို မှီခိုစရာမလိုပဲ ဤအခြေအနေသို့ ရောက်ရှိနိုင်မည့် အခွင့်အရေးကို ရရှိလိမ့်မည်။
ထို့နောက် သူက သံမဏိလက်သီးတိုင်းပြည်ကို ပြန်လည်ဖန်တီးပြီး သူ တိုက်ပွဲဝင် တိုင်းပြည်ကမ္ဘာတွင် နေထိုင်ခဲ့စဉ်အချိန်က တစ်ခါမှ မတွေ့ရှိဖူးသည့် အနေအထားသို့ ခေါ်ဆောင်သွားမည်။
“ရှင်ရော ဆေးလုံး လိုချင်သေးလား” ယန်းလီလင်းက မေးလိုက်သည်။
“ကိုယ် အဆင်ပြေတယ်” လီကျွင်းက ပြုံးကာ ပြောလိုက်သည်။ သူက ထျဲ့ကန်လိုမျိုး အာရုံစူးစိုက်သည့် အနေအထားသို့ ရောက်ရှိနေသော်လည်း ဆေးလုံး မလိုအပ်ခဲ့ပေ။
“ရှင် သတိထားဦး”
“အင်း မင်းလည်း ဂရုစိုက်ဦး”
“ချိုက်စုန့်ရော ဘယ်လိုလဲ။ အဆင်ပြေပါ့မလား” ဝမ်ဝေ့က အနည်းငယ်စိုးရိမ်စွာ မေးလိုက်သည်။ နိမိတ်ကြေးမုံက တိထျန်းတွင် မဟာချင်တိုင်းပြည်နှင့် ဆက်နွယ်မှုရှိကြောင်း ဖော်ပြထားသော်လည်း အသေးစိတ် မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူက တိုက်ပွဲတွင် မြေနီရောင် စစ်သည်တော်များ ပေါ်ထွက်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ကံကောင်းစွာဖြင့် သူက ချိုက်စု့န်ကို ခေါ်ဆောင်လာခဲ့၏။ မဟုတ်ပါက သူသည် အရေးနိမ့်သွားနိုင်သည်။
“ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့။ ဒီမြေနီရောင်စစ်သည်တော်တွေကို ကျွန်မဆီ အပ်ထားလိုက်ပါ” ရုပ်သေးရုပ်နှင့် ပတ်သက်လာသည့်အခါ သူမက ယုံကြည်ချက်အပြည့်အဝ ရှိ၏။
“မင်းရဲ့ ယုံကြည်ချက်ကို သဘောကျတယ်” ဝမ်ဝေ့က တိတ်ဆိတ်နေသည့် ဝမ်ကျူကို လှမ်းကြည့်လိုက်သည်။
“ဒီအစီအစဉ်အတွက် မင်းရဲ့အရေးပါမှုကို ပြောဖို့ မလိုတော့ဘူးမလား”
“သခင်လေးကို စိတ်မပျက်စေရပါဘူး”
“မင်းကို ယုံတယ်။ ကောင်းပြီ ဘာမှထပ်ပြောစရာ မလိုတော့ဘူးဆိုတော့ စလိုက်ကြရအောင်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
အဖွဲ့က နေရာများခွဲကာ သက်ဆိုင်ရာ နေရာအသီးသီးတွင် ဝင်ယူလိုက်ကြသည်။ လီကျွင်းက အလယ်ပိုင်းတွင် တာဝန်ယူထားပြီး တိကျားယင်ကို ပစ်မှတ်ထားထား၏။ ယန်းလီလင်းက မြောက်ဘက်ပိုင်းတွင် တာဝန်ယူထားကာ ပစ်မှတ်က ကောင်းပေါ်ချင်း ဖြစ်သည်။ ထျဲ့ကန်က တောင်ဘက်ပိုင်းတွင် ဖြစ်ပြီး သူ့ပြိုင်ဘက်က နတ်ဆိုးမျိုးနွယ်ဖြစ်သူ အစားကြူးသူ ဖြစ်၏။
ဝမ်ကျူက ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ တိုက်ခိုက်ခဲ့သည့် မီးတောက်ပိုင်နက်အတွင်း ရောက်ရှိလာခဲ့သည်။ သူမက တိထျန်း၏ အရိပ်ရောက်လာသည်အထိ စောင့်ဆိုင်းနေခဲ့၏။ ထိုစဉ် ဝမ်ဝေ့က အရှေ့ဘက်ပိုင်းတွင် ဆက်လက်နေထိုင်ပြီး အနောက်ဘက်ပိုင်းကို အာရုံစိုက်ထားပြီး တစ်ဖက်လူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။
တိထျန်းက အဖြစ်အပျက်အားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေပြီး တိကျားယင်က သူ့ကို မေးခွန်း မမေးခင်အထိ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
“သူတို့က ပြိုင်ဘက်ကို ရွေးချယ်ထားပြီးပြီ။ ဒီအတိုင်း လိုက်လုပ်မလား ဒါမှမဟုတ် သူတို့ရဲ့ ပုံစံကို နှောင့်ယှက်ဖို့ ပြောင်းလိုက်ဦးမလား”
“မလိုဘူး။ ဒီအရာက ငါတို့အတွက် အကောင်းဆုံး အခြေအနေပဲ” တိထျန်းက တောင်ဘက်ပိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“အစားကြူးသူ သူ့ကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းခဲ့”
“ဟုတ်ကဲ့ သခင်” နတ်ဆိုးမျိုးနွယ်က လေသံအတက်အကျ မရှိ ပြောလိုက်သည်။
“ကောင်းပြီ။ သူတို့က တပ်ဖွဲ့ကို သုံးမဲ့ပုံတော့ မပေါ်ဘူးပဲ” တိကျားယင်က ပြောလိုက်သည့်အတွက် တိထျန်း၏ အာရုံကို ဖမ်းစားသွားလေသည်။
“သူတို့က တစ်စုံတစ်ခုကို ကြံစည်နေတာပဲ ဖြစ်ရမယ်။ ငါတို့တွေ သတိကြီးကြီး ထားဖို့လိုတယ်။ ဒါပေမဲ့ မြေနီရောင် စစ်သည်တွေအပြင် ငါတို့ရဲ့တပ်ဖွဲ့တွေက သူတို့နဲ့ မယှဉ်နိုင်ဘူး”
တိထျန်း၏ စစ်သူကြီးများက လီကျွင်း သို့မဟုတ် ထျဲ့ကန်လိုမျိုး ကောင်းကောင်းလေ့ကျင့်ပေးထားသည့်သူများ မဟုတ်ပေ။
တကယ်တော့ ရန်သူက သူ့တပ်ဖွဲ့ကို မသုံးသည့်အချက်က သူ့ဘက်တွင် အရေးသာစေသည်။ သို့သော်လည်း တိထျန်းက ဝမ်ဝေ့သည် တစ်စုံတစ်ခု ကြံစည်နေကြောင်း သိလေသည်။ ထို့ကြောင့် သူက ထိုသို့သိသာသည့် အရေးသာချက်မျိုးကို အသုံးမပြုခြင်း ဖြစ်၏။
အကယ်၍ ဝမ်ဝေ့ဘက်မှသာ တပ်ဖွဲ့များကို ကောင်းကောင်းအသုံးပြုပါက တိထျန်းဘက်မှ ဝှက်ဖဲများ ထုတ်ဖော်ဖို့ ဖိအားပေးနိုင်သည်။
တိထျန်းအနေနှင့် တစ်ဖက်လူသည် စိတ်နှလုံးသား ပျော့ပျောင်းကာ သူတို့အသတ်ခံရမည်ကို စိုး၍ အသုံးမပြုဘဲ နေလိမ့်မည်ဟု မထင်ပေ။
ဝမ်ဝေ့၏ ရက်စက်မှုမျိုးဖြင့် သူသည် တာအိုကို သက်သေပြနိုင်ခြင်း တိုးမြှင့်ဖို့ ထိုတပ်သားများကို စတေးဖို့ တုံ့ဆိုင်းနေမည့်သူ မဟုတ်ပေ။ သူ့ကြောင်သူတော်ယောင်ဆောင်သည့်ဘက်အခြမ်းက နောက်ပိုင်းတွင် ထိုသူများကို ပြန်လည်အသက်သွင်းနိုင်၏။