← Chapters

လီကျွင်းနှင် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၂)

Vol. 60 Ch. 833

လီကျွင်းနှင် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၂)

Vol. 60 Ch. 833

အရှေ့ဘက်ပိုင်းတွင် ဝမ်ဝေ့က ထိုစကားဝိုင်းကို နားထောင်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော်လည်း သူ့စိတ်ခံစားချက်များနှင့် ကွဲလွဲစွာ အပြုံးတစ်ခု ထွက်ပေါ်လာ၏။ သူက ထိုလွတ်လွတ်လပ်လပ် နေခဲ့ရသည့် ကလေးဘဝကို ပြန်လည်အမှတ်ရသွားသည်။

လူကြီးစိတ်ရှိနေသည့် ကလေးတစ်ယောက်အနေဖြင့် သူ့ကလေးဘဝက တကယ့်ကလေး အစစ်အမှန်လိုမျိုး မရိုးရှင်းခဲ့ပေ။ သူက ဂိုဏ်းတစ်ခုလုံး၏ မျှော်လင့်ချက်များအပါအဝင် အရာများစွာကို အာရုံခံမိခဲ့သည်။

ငယ်ရွယ်စဉ်ဘဝက လူများစွာသည် သူ့တွင် ကောင်းကင်ရုပ်ခန္ဓာ လိုအပ်နေသည့်အတွက် စွမ်းဆောင်နိုင်ပါ့မလားဟု သံသယဖြစ်ခဲ့ကြ၏။ ထိုသို့သော ဖိအားအောက်တွင် နေထိုင်ရပြီးသည့်နောက် သူ့တွင် အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခု ရှိခဲ့သည်။ ပထမတစ်ခုက သူ့အဖွား ယွင်ကျောက်ကျွင်း ဖြစ်ပြီး သူ့ကို ဖိအား မဖြစ်စေပဲ အမြဲတမ်းလိုလို ကြင်နာပေးခဲ့သူ ဖြစ်သည်။ နည်းလမ်းအများအားဖြင့် သူမက ကလေးဘဝ၏ ပျော်ရွှင်ဖွယ်မှတ်ဉာဏ် ဖြစ်ခဲ့သည်။

သူ့ဖိအားများကို ဖြေရှင်းသည့် ဒုတိယနည်းလမ်းကမူ လီကျွင်းနှင့် ကလေးဘဝကို ကုန်ဆုံးပြီး သူ့စိတ်ကို ပိတ်လှောင်ကာ ကလေးတစ်ယောက်လိုမျိုး စိုးရိမ်ပူပန်မှုအားလုံးကို မေ့လျော့ပြီး ပျော်ရွှင်စွာ နေထိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့၏ ကလေးဘဝတွင် ပြဿနာများစွာတက်ပြီး လီကျွင်းဆီ အပြစ်ပုံချခြင်းများလည်း ပါဝင်နေခဲ့သည်။

တကယ့်ကို အချိန်ကောင်းလေးတွေပဲ…

ဝမ်ဝေ့က တွေးရင်း အပြုံးက ပို၍ နက်ရှိုင်းလာသည်။ သူက ထိုသို့ရှက်ရွံ့ဖွယ်ကိစ္စ ကမ္ဘာကြီးဆီ ထုတ်ဖော်လိုက်သည့် အချက်ကို ဂရုမစိုက်ပေ။ ပထမတစ်ခုက သူသည် အရေထူသည့်အတွက် ထိုသို့သော အရာများကြောင့် သက်ရောက်မှု မရှိပေ။

ဒုတိယအနေဖြင့် ကမ္ဘာက စွမ်းအားကို ကိုးကွယ်သည်ဖြစ်ရာ ကြီးကျယ်သည့် သက်ရှိများ လုပ်သည့်အရာများကို သဘောကျလေ့ ရှိသည်။ သူ့အောင်မြင်မှုများဖြင့် သူ့ကို သူရဲကောင်းအဖြစ် မှတ်ယူထားသည့် လူများ၏ စာရင်းကိုပင် ပြုစုနိုင်သည်။

ထို့ကြောင့် လီကျွင်း၏ စကားများက တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူ့အတွက် အကျိုးကျေးဇူးများစွာ ရှိလာလိမ့်မည်။ သူ့ကလေးဘဝဇာတ်ကြောင်းများက လူအများ၏ အမြင်နှင့် သမိုင်းကြောင်းတစ်လျှောက်တွင် သူ့အပေါ် စာနာလာစေပြီး သူ့ဂုဏ်ကျက်သရေကို တိုးမြှင့်ပေးနိုင်လိမ့်မည်။

ထို့ကြောင့် ဤအဖြစ်အပျက်က ရလဒ်ကောင်းရှိသည့် မတော်တဆ ဖြစ်ရပ်အဖြစ် ဖော်ညွှန်းနိုင်၏။ အနည်းဆုံးတော့ သူတို့အဖွဲ့အတွက် ဖြစ်၏။

တိကျားယင်က တိတ်တဆိတ် အံကြိတ်လိုက်သည်။

ငါ အမှားလုပ်မိသွားတာပဲ။ ငါ့စကားတွေက သူ့အပေါ် သက်ရောက်မှု မရှိရုံတင်မကဘူး။ သူ့စိတ်ဝိညာဉ်ကိုတောင် ပိုပြီးတော့ သိမ်မွေ့သွားစေသေးတယ်…

သူမက တိုက်ပွဲအတွင်း စိတ်ဝိညာဉ်၏ အရေးပါမှုကို သိထားလေသည်။ လီကျွင်း၏ လက်ရှိအခြေအနေဖြင့် သူ့စွမ်းအားက သူ့စိတ်ဝိညာဉ်ကြောင့် ရာခိုင်နှုန်းအနည်းငယ် တိုးမြင့်လာလေ၏။

ကျစ် သူ့စိတ်ဝိညာဉ်ကို လျှော့ချဖို့ ထိချက်ပြင်းပြင်း ပြင်ဆင်ထားသင့်တယ်…

တိကျားယင်က ဆက်လက် မတိုက်ခိုက်ခင် သုံးသပ်လိုက်သည်။

အခွင့်အာဏာမဲ့ လက်သီး

အားနည်းသူများကို အုပ်ချုပ်သူက အမိန့်ပေးသည့်အတွက် သူတို့တွင် အခွင့်အာဏာ မရှိပေ။ တိကျားယင်၏ လက်သီးက တစ်စုံတစ်ယောက်၏ လုပ်ပိုင်ခွင့်ကို ဖယ်ရှားပစ်နိုင်သည့် စွမ်းအား ပါဝင်နေလေ၏။ သူမက လီကျွင်း၏ စိတ်ဝိညာဉ်အခြေအနေ မြင့်မားပြီး အာရုံစူးစိုက်မှု ကောင်းနေသည့် အခွင့်အရေးကို ဖယ်ရှားပစ်လိုသည်။

စိတ်ဝိညာဉ် တိုက်ခိုက်မှုလား…

သူက နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သွေးဆာမှုတို့ ထွက်ပေါ်လာသည်။ သတ်ဖြတ်လိုစိတ် အမြောက်အများက သူ့စိတ်ကို လွှမ်းခြုံသွားလေ၏။

ထိုသို့သော သတ်ဖြတ်ငွေ့က တစ်ဖက်လူကို သုတ်သင်ပစ်ဖို့ ဆန္ဒသာရှိထားသည့် လူသန်းချီ တပ်မဟာတစ်ခုနှင့် တူလေသည်။ ထို့ကြောင့် သူတို့က အုပ်ချုပ်သူ မဆိုထားနှင့် အာဏာရှင်ဆိုလျှင်ပင် အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

လီကျွင်းက သူမ နည်းစနစ်၏ လွှမ်းမိုးမှုကို အလွယ်တကူ ချိုးဖောက်ခဲ့သည်။ သူက လှံကို ဝှေ့ယမ်းပြီးသည့်နောက်တွင် သူမ လက်သီးချက်ကို ရိုက်ခတ်ပစ်လိုက်သည်။

ဘန်း

တိုက်ကွက်၏ အင်အားက တိကျားယင်အား နောက်မီတာ ဒါဇင်ချီ နောက်ဆုတ်သွားစေသည်။

သူ့ခန္ဓာကိုယ်လေ့ကျင့်ရေးက အတော်လေး မြင့်မားနေတာလား…

တိကျားယင်က သူ့အာဏာရှင်ခန္ဓာကို ဖန်တီးဖို့ သေချာလေ့ကျင့်ထားခဲ့သည်။ သို့သော်လည်း သူမ၏ အောင်မြင်မှုများက ဤမျိုးဆက်၏ စံနှုန်းနှင့် ယှဉ်လိုက်ပါက အလယ်အလတ်မျှသာ ဖြစ်၏။ တိထျန်း၏ လေ့ကျင့်မှု ပြီးဆုံးပြီးသည့်နောက် ခွန်အားအစစ်အမှန်နယ်ပယ်၏ ကမ္ဘာဦးနဂါးအဆင့်သို့ ရောက်လာလေသည်။ ထို့ကြောင့် သူမက ထိုသူကို သစ္စာမဖောက်ပဲ အမုန်းတရားများကို ထိန်းချုပ်ထားရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

မှန်ပေ၏။ သူမ၏ အားထုတ်မှုနှစ်များစွာက အသုံးမဝင်ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း အပြန်အလှန်အားဖြင့် သူမသည် သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်နိုင်သည့် ကောင်းကင်ရွေးချယ်ခံ ဖြစ်လာခဲ့၏။ သူမ ရရှိခဲ့သည့် အကျိုးကျေးဇူးက သူမ ပေးဆပ်ခဲ့ရသည့် တန်ကြေးနှင့် ထပ်တူကျနေသည်။

ငါက ကမ္ဘာဦးနဂါး ၁၃ ကောင် ခွန်အားပဲ ရှိပေမဲ့ သူ့ရဲ့ ခွန်အားက ၅၅ ကနေ ၅၇ အထိ ရှိလောက်တယ်…

တိကျားယင်က ထပ်မံ သုံးသပ်ပြီးသည့်နောက်တွင် ထပ်မံ ပြေးဝင်သွားလိုက်သည်။ သူမ၏ တိုက်ခိုက်ရေးပုံစံက သူမ၏ တာအိုနှင့် အတူတူ ဖြစ်၏။

အာဏာရှင် အရှိန်အဝါ

အာဏာရှင်တစ်ယောက်က သူနှင့် နီးကပ်နေသည့် လူအများကို အားနည်းအောင် လုပ်နိုင်သည့် တည်ရှိမှုမျိုး ရှိလေသည်။ ထို့ကြောင့် သူမက သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ထူးခြားသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာအောင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်၏။

ဘန်း

သူမ၏ လက်သီးချက်က လှံနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ သို့သော်လည်း သူမ၏ အရှိန်အဝါက တိုက်ကွက်နောက်မှ စွမ်းအားကို သိသိသာသာ လျှော့ချလိုက်ရသည့်အတွက် ခြေလှမ်း နောက်အနည်းငယ် ဆုတ်လိုက်ရသည်။

တစ်ခုခုတော့ မှားနေပြီ။ ငါ့ရဲ့ ကျောနဲ့ အဆစ်အမြစ်တွေမှာ နာကျင်မှုကို ပထမဆုံးတိုက်ကွက်ပြီးတော့ ခံစားမိလိုက်တယ်။ ငါ့ရဲ့ သွေးစွမ်းအားနဲ့ ကုသဖို့ ကြိုးစားပေမဲ့ နာကျင်မှုက ရှိနေတုန်းပဲ…

ဟူး

လီကျွင်းက သတ်ဖြတ်ရေးတာအို၏ လက်နက်တာအိုကို အသက်သွင်းပြီး သူ့လှံ၏ ထိုးဖောက်နိုင်စွမ်းရည်ကို မြှင့်တင်လိုက်သည်။ တိုက်ကွက်တစ်ခုတည်းဖြင့် သူက တိကျားယင်၏ အရှိန်အဝါကို ထိုးဖောက်နိုင်ခဲ့ပြီး သူမ၏ နှလုံးသားဆီ ချိန်ရွယ်လိုက်သည်။

ဂျွတ်

သူ့ လှံက သူမ၏ ချပ်ဝတ်မှ ပြန်ကန်ထွက်လာ၏။

အင်မော်တယ်အဆင့် ရတနာလား။ ဒါက ကောင်းပေါ်ချင်းရဲ့ လက်ရာလား…

လီကျွင်းက စိတ်ရှုပ်ထွေးနေမိသည်။ အကယ်၍ ကောင်းပေါ်ချင်းက ထိုသို့အရာမျိုး လုပ်ခဲ့သည်ဆိုပါက ထိုအောင်မြင်မှုကို ညွှန်ပြဖို့ ကောင်းချီးမင်္ဂလာ တိမ်တိုက်များ ရှိလာလိမ့်မည်။

သူတို့က ဖုံးကွယ်ထားတာလား။ မဟုတ်သေးဘူး။ တိထျန်းက ကုသိုလ်တွေ လိုအပ်နေတာဆိုတော့ ဖုံးကွယ်ထားမှာ မဟုတ်ဘူး…

လီကျွင်းက ထိုသူသည် ထိုကိစ္စကို ထုတ်ဖော်ဖို့ နောက်ဆုံးတိုက်ပွဲပြီးသည်အထိ စောင့်ဆိုင်းနေသည့် ဖြစ်နိုင်ချေကိုမူ ဖယ်ထုတ်ခဲ့သည်။ ချန်းချန်၏ တည်ရှိမှုဖြင့် တိထျန်းက နှေးကွေးနေပြီဆိုပါက ပထမဦးဆုံး ကုသိုလ်ရရှိမည့်အခွင့်အရေးကို ဆုံးရှုံးသွားနိုင်သည်။

တကယ်တော့ ချန်းချန်က သူ့မြို့အတွက် ကုသိုလ် မရရှိခဲ့ခြင်းမှာ ထိုအရာကို စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာတွင် ဖန်တီးထား၍ ဖြစ်သည်။

ဒီချပ်ဝတ်နဲ့ပတ်သက်ပြီး တစ်ခုခုတော့ သံသယဖြစ်စရာပဲ…

လီကျွင်းက အနီးကပ် လေ့လာဖို့ဆုံးဖြတ်လိုက်သည်။

ထိုစဉ် တိကျားယင်က မျက်မှောင်ကြုတ်နေ၏။

နာကျင်မှုက စက္ကန့်နဲ့အမျှပိုပြီးတော့ ပြင်းထန်လာတယ်။ တကယ်လို့ ငါ ဘာမှမလုပ်ဘူးဆိုရင် နာကျင်မှုက ငါ တောင့်မခံနိုင်တဲ့ အနေအထားထိ ရောက်သွားလောက်တယ်…

ထို့နောက် သူမက လက်ကို ဝှေ့လိုက်ပြီး ကြောက်မက်ဖွယ် တွန်းအားကို ထုတ်ကာ လီကျွင်းအား မီတာအနည်းငယ် လွင့်စင်သွားစေသည်။ သူမက အတင်းအကြပ် ကုသခြင်းနည်းစနစ်ကို အသက်သွင်းလိုက်၏။

အာဏာရှင်က ဘဝတွင် ကြောက်ရွံ့သည့်အရာ မရှိပေ။ သူတို့ ဆန္ဒရှိသရွေ့ ကမ္ဘာပေါ်မှ အကောင်းဆုံးသမားတော်ကိုပင် လာတွေ့ဆုံဖို့ အမိန့်ပေးနိုင်သည်။ အကယ်၍ သူတို့သာ လုံလုံလောက်လောက် အားကောင်းသည်နှင့် မိုးမြေကိုပင် သူတို့၏ ဆန္ဒကို လိုက်နာကာ ကုသဖို့ဖိအားပေးနိုင်သည်။

ထိုနည်းစနစ်ဖြင့် တိကျားယင်၏ ခန္ဓာကိုယ်အတွင်း စွမ်းအားအမြောက်အများ စီးဝင်လာကာ နာကျင်မှုအရင်းအမြစ်ကို လျှော့ချပေးပြီး ကုစားပေးနေသည်။

နာတာရှည် နာကျင်မှုလား…

သူမက အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး တစ်ဖက်လူက အဘယ်ကြောင့် ဤနည်းစနစ်ကို အသုံးပြုလဲဟု စဉ်းစားနေမိ၏။ ပို၍ အရေးကြီးသည်က သူမသည် ထိုအရာက သူ့သတ်ဖြတ်ရေးတာအိုနှင့် မည်သို့ဆက်နွယ်နေသည်ကို စဉ်းစားနေမိသည်။

မဟုတ်သေးဘူး။ အဖြေက သိသာတယ်။ လူတော်တော်များများက နာတာရှည်နာကျင်မှုကို မခံနိုင်တော့တဲ့အခါမှ သူတို့ရဲ့ဘဝကို အဆုံးသတ်သွားကြတာပဲ…

တိကျားယင်က မျက်မှောင်ကြုတ်လိုက်သည်။

“ရှင်က ဒီနာတာရှည် နာကျင်မှုလို အရာမျိုးကို တကယ်ကြီး လက်နက်အဖြစ် သုံးနိုင်ခဲ့တာပဲ”

“ဘဝက ကျိုးပဲ့လွယ်တယ်။ လူတစ်ယောက်သေဆုံးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်” လီကျွင်းက ပြန်ဖြေလိုက်၏။

“ရှင့်ရဲ့ သတ်ဖြတ်ရေးတာအိုက ရှင့်ကို ချီးကျူးထားတာထက်ပိုပြီးတော့ ကြောက်ဖို့ကောင်းနေတာပဲ”

တိကျားယင်က ထိုအမျိုးသားသည် တခြားသော အရာများကိုပါ လက်နက်အဖြစ် အသုံးပြုထားသည်ကို တွေးမကြည့်နိုင်ပေ။

အသက်ရှူတာကတောင် ဒီအမျိုးသားအတွက် လက်နက်ဖြစ်နေနိုင်တယ်…

ပုံမှန်သဘောတရားအားဖြင့် ကျင့်ကြံသူတစ်ယောက်အတွက် လေပြတ်လပ်ခြင်းက သေဆုံးသွားလျှင် ရယ်စရာကောင်းနေလိမ့်မည်။ သို့သော်လည်း ထိုအမျိုးသား၏ သတ်ဖြတ်ရေးတာအိုဖြင့် ထိုသို့သော အရာမျိုးက လက်တွေ့ ဖြစ်လာနိုင်၏။

“ယုံချင်ယုံ၊ မယုံချင်နေ။ ကျုပ် ဒါတွေ အောင်မြင်ထားတယ်ဆိုရင်တောင် လူတွေက ကျုပ်ကို လျှော့တွက်နေကြတုန်းပဲ”

တိကျားယင်က သူ့ကို စိုက်ကြည့်ပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမက ထိုသူ၏ အန္တရာယ်ကို အမြင့်မားဆုံး အခြေအနေအဖြစ် သတ်မှတ်ကာ အကြွင်းမဲ့သတိကြီးကြီး အခြေအနေကို အသက်သွင်းလိုက်သည်။

သူမက သေမျိုးတဖန် ဖြတ်ကျော်စဉ်အတွင်း အာဏာရှင်တာအိုကို ကျင့်ကြံဖို့အတွက် အာဏာရှင်တစ်ယောက် ဖြစ်လာခဲ့ဖူးသည်။ ထိုစဉ်အချိန်အတွင်း သူမက သူမ၏ တော်လှန်သည့် အမတ်များကို ရင်ဆိုင်ကာကွယ်ဖို့ သတိကြီးသည့် အနေအထားကို ဖော်ထုတ်ခဲ့ရသည်။

မိုးမြေ ကျွန်ပြုခြင်း

ပတ်ဝန်းကျင်တစ်ခုလုံးက အနည်းငယ် တုန်ခါလာကာ သိသိသာသာ အပြောင်းအလဲဖြစ်လာကြောင်း ညွှန်ပြနေလေ၏။

အာရုံထက်ရှသည့် လီကျွင်းက ခြားနားချက်ကို ချက်ချင်း သဘောပေါက်ခဲ့သည်။ သူက တိုက်ပွဲကွင်းပြင်၏ စည်းမျဉ်းများသည် ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ တိကျားယင်အောက် ရောက်ရှိသွားသည်ကို ခံစားမိလိုက်၏။

အတိအကျပြောရလျှင် သူမက သူတို့ကို ကျွန်ပြုခဲ့ခြင်း ဖြစ်သည်။

“အကြွင်းမဲ့ ပိုင်နက်” လီကျွင်းက သူ့ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူ့တည်ရှိမှုကို ငြင်းပယ်နေသည့်အလား ခံစားလာမိသည်။

“ငါ့တာအိုတောင် သက်ရောက်ခံလိုက်ရတာပဲ” သူက ရေရွတ်လိုက်သည်။ အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ရှိပြီးသည့်နောက်တွင် ကျင့်ကြံသူတစ်ယောက်က သူတို့တာအို၏ အရင်းအမြစ် ဖြစ်လာသည်။ ထို့ကြောင့် သူတို့သည် မိုးမြေ၏ စည်းမျဉ်းများကြောင့် သက်ရောက်ခြင်း မခံရတော့ပေ။

သို့သော်လည်း လီကျွင်းက သူ့စည်းမျဉ်းပလ္လင်သည် ထိုနည်းစနစ်ကြောင့် သက်ရောက်ခံနေရကြောင်း ခံစားမိလိုက်သည်။

ကံကောင်းတာက ငါက အင်မော်တယ်အစွမ်းထိန်းချုပ်ရေးအဆင့်ကို ရောက်ရှိနေလို့ပဲ…

ထိုအတွေးဖြင့် သူက စည်းမျဉ်းပလ္လင်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ့တာအိုအပေါ် အပြည့်အဝ ထိန်းချုပ်လိုက်သည်။

“ကြည့်ရတာ အလေးအနက် တိုက်ခိုက်ရတော့မယ် ထင်တယ်”

လီကျွင်းက တိကျားယင်အပေါ် သတင်းအချက်အလက် လိုအပ်နေမှုကြောင့် အလေးအနက် ဖြစ်လာသည်။ သူမက တိုက်ပွဲအတွင်းမှ ပေါ်ထွက်လာပြီး တိမျိုးနွယ်တွင် ဝမ်ဝေ့၏ သူလျှိုများက အဆင့်အတန်း နိမ့်ကျသည့်အတွက် သူမ၏ တည်ရှိမှုကို မသိခဲ့ရပေ။ ထို့ကြောင့် သူမ၏ သတင်းအချက်အလက် တစ်ခုမှ မသိခဲ့ရပေ။

သူမက နောက်ဆုံးတိုက်ပွဲတွင် ပေါ်ထွက်လာသည့်အခါ တိထျန်း၏ ကာကွယ်မှုကြောင့် သူမ၏ ကံကြမ္မာကြိုးမျှင်ကို မဖတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက ယင်ကန်းကို လှုံ့ဆော်ကာ သူမအား တိုက်ခိုက်ဖို့ ကြိုးကိုင်ခဲ့ခြင်း ဖြစ်၏။ သူက သူမနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို စုဆောင်းလိုသည်။

ဤတိုက်ပွဲအတွက် အစီအစဉ်ကို နိဂုံးချုပ်ပြီးသည့်နောက်တွင် တိကျားယင်တွင် သတင်းအချက်အလက်လိုအပ်နေမှုကြောင့် ဖြစ်လာနိုင်ချေရှိသည့် အပြောင်းအလဲဖြင့် မှတ်သားခံခဲ့ရသည်။

All Chapters