လီကျွင်းနှင့် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)
Vol. 60 Ch. 834
ကောင်းကင်မီးတောက် မိုးကြိုးကြယ်ပျံ
မီးဓာတ်နှင့် လျှပ်စီးဓာတ် ပါဝင်နေသည့် ကြယ်ပျံသန်းချီက သုတ်သင်ပစ်မည့် ရည်ရွယ်ချက်ဖြင့် လီကျွင်းအပေါ် ကျရောက်လာသည်။ သူက သုတ်သင်ပစ်နိုင်စွမ်းရှိသည့် ကပ်ဘေး သူ့အပေါ် ကျရောက်လာသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေသည်။ လီကျွင်း ဂရုစိုက်သည်က တစ်ဖက်လူအပေါ် သုံးသပ်ဖို့ရာသာ ဖြစ်၏။
သူ့ခန္ဓာကိုယ်က ရွှံ့နွံထဲ ကျရောက်နေပြီး မလှုပ်ရှားနိုင်သလို ခံစားလိုက်ရသည်။ တိကျားယင်၏ နည်းစနစ်က ပိုင်နက်တစ်ခု၏ အကြွင်းမဲ့ပုံစံတစ်ခုဖြစ်ကာ လီကျွင်းဝန်းကျင်တွင် အလိုအလျောက် ပိုင်နက်တစ်ခု ရှိထားသော်လည်း အဖက်ဖက်မှ တားဆီးခံနေရသလို တွေ့ရှိလိုက်ရသည်။
ဝုန်း
သူက လှံကို ထိုးစိုက်လိုက်သည့်အခါ ကြယ်ပျံများက အငွေ့ပျံသွားလေသည်။
သို့သော်လည်း တိကျားယင်က ပိုမိုကြမ်းတမ်းသည့် တိုက်ကွက်ကို အသုံးပြုလာသည့်အတွက် သူ့ကြိုးစားမှုက အသုံးမဝင်ခဲ့ပေ။
ဓာတ်သဘာဝ ကပ်ဘေး
ထိုစဉ် လီကျွင်းက ဓာတ်သဘာဝ၏ အဖျက်စွမ်းအားဖြင့် အဝိုင်းခံထားရသလို ခံစားလိုက်ရသည်။ ညာဘက်တွင် ခန္ဓာကိုယ်လေ့ကျင့်သူကိုပင် အငွေ့ပျံသွားစေနိုင်လောက်သည့် ပူပူလောင်လောင် မီးတောက်များ ရှိနေပြီး ဘယ်ဖက်တွင်မူ ဂလက်ဆီများကိုပင် အပိုင်းပိုင်းအစစဖြစ်သွားနိုင်သည့် လေမုန်တိုင်းကြီးများ ရှိနေသည်။
သူ့ခေါင်းအထက်တွင် ရေစက်တစ်စက်ချင်းစီက ကြယ်တာရာ တစ်လုံးချင်းစီလောက်ရှိသည့် ဧရာမဆူနာမီတစ်ခု ရှိနေပြီး သူ့အောက်တွင် မိုးကြိုးများက အရည်အဖြစ် ဖွဲ့စည်းထားသည့် ရေကန်တစ်ခု ရှိနေသည်။
ထိုဓာတ်သဘာဝများက တိုက်ခိုက်မှု၏ ပထမအလွှာများသာ ဖြစ်၏။ ထိုအရာများအလွန်တွင် လီကျွင်းကို စောင့်ဆိုင်းနေသည်က အားကောင်းသည့် တောအုပ်တစ်ခုဖြစ်ပြီး သူ့ကို ဝါးမျိုလိုသည့် အဝါရောင်လက်နက်များ ဖြစ်ကာ ကမ္ဘာ၏ မြေဓာတ်ပမာဏ အမြောက်အများမှ ဖွဲ့စည်းထားသည့် ဂြိုလ်များ ရှိနေသည်။ နောက်ဆုံးတွင် အလင်းနှင့် အမှောင် လှည့်ပတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ကြိတ်ချေဖျက်ဆီးပစ်နိုင်သည့် ယင်ယန်လည်း ရှိနေသည်။
မိုးမြေကို ကျွန်ပြုတာကနေ သူမက စည်းမျဉ်းတွေအပေါ် အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိသွားပြီးတော့ စွမ်းအားရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နိုင်ခဲ့တာပဲ။ သူမက အတုအယောင် ကောင်းကင်တာအိုလို့တောင် သတ်မှတ်လို့ ရတယ်။ ကြောက်ဖို့ကောင်းတဲ့ နည်းစနစ်ပဲ…
ဓာတ်သဘာဝ သတ်ဖြတ်ခြင်း
လီကျွင်းက လှံကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် ဒြပ်ထု၊ စွမ်းအားနှင့် သဘောတရား အယူအဆကိုပင် သတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ထုတ်လွှတ်လာသည်။ သူက ဓာတ်သဘာဝကို ရွေးချယ်ခဲ့၏။
မီးဓာတ်၊ မြေဓာတ်၊ ရေဓာတ်၊ သတ္တုဓာတ်၊ သစ်သားဓာတ်၊ အလင်း၊ အမှောင်၊ လေနှင့် မိုးကြိုးများသည် အသတ်ခံလိုက်ရသည့်အတွက် ပျက်သုဉ်းသွားကြသည်။
ငါ့အာဏာရှင်အကြွင်းမဲ့ပိုင်နက်က သူအပေါ် သက်ရောက်မှုမရှိသလောက် နည်းပါးနေတာပဲ။ သူ့ရဲ့တာအိုအပေါ် ဒီလောက်တောင် နက်နက်နဲနဲ ထိန်းချုပ်ထားနိုင်တာလား…
တိကျားယင်က သူမ နည်းစနစ်၏ အားနည်းချက်ကို သိထားကာ တွေးလိုက်မိသည်။
ဖျက်ဆီးခြင်း စွမ်းအားလှိုင်း
သူမ၏ ခန္ဓာကိုယ်မှ ခရမ်းရင့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး လီကျွင်းဆီ မဖော်ပြနိုင်လောက်သည့် အရှိန်ဖြင့် ရောက်ရှိသွားသည်။ ထိုသူက လှံကို ထိုးစိုက်လိုက်၏။
မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ…
လီကျွင်းက သူ့လှံထိပ်ဖျားက ထိုလှိုင်းနှင့် ထိတွေ့သည့် အခိုက်အတန့်တွင် မူမမှန်မှုကို ခံစားမိလိုက်၍ အလျင်အမြန် တုံ့ပြန်လိုက်သည်။
ဝှစ်
လီကျွင်းက မိုးမြေကြားတွင် တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ပျက်သုဉ်းသွားကာ သူ့ခန္ဓာကိုယ်၊ ဝိညာည်နှင့် တာအိုပင် ချက်ချင်းဆိုသလိုပင် ပျက်စီးသွားလေ၏။
တကယ်ကို ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲအသိစိတ်ပဲ…
တိကျားယင်က တစ်ဖက်လူသည် မသေသေးပဲ နောက်ဆုံးအခိုက်အတန့်တွင် သွေးအစားထိုးကို အသုံးပြုခဲ့ကြောင်း သိ၍ တွေးလိုက်သည်။ အတိအကျ ပြောရလျှင် နာနိုစက္ကန့်ပိုင်းလေးအတွင်း သူ့လှံထိပ်ဖျားက လှိုင်းလုံးနှင့် ထိတွေ့သွားသည်နှင့် ထိုတိုက်ကွက်ကို မတားဆီးနိုင်သလို အသက်ရှင်သန်ဖို့ တန်ပြန်နည်းလမ်းလည်း မရှိတော့ကြောင်း အာရုံခံမိခဲ့သည်။
ထင်ထားသည့်အတိုင်း တစ်စက္ကန့်ကြာပြီးသည့်နောက်တွင် လီကျွင်း၏ အကောင်းအတိုင်းရှိနေသည့် ခန္ဓာကိုယ်က ပြန်လည်ပေါ်ထွက်လာလေ၏။
ဖျက်ဆီးခြင်းတာအိုအပေါ် စိတ်ဝင်စားဖို့ကောင်းတဲ့ အသုံးပြုမှုပဲ…
သူက သုံးသပ်လိုက်သည်။ တိကျားယင်၏ နည်းစနစ်က ကန့်သတ်ချက်ရှိထားပြီး ဖျက်ဆီးခြင်းကဲ့သို့သော တားမြစ်စည်းမျဉ်းများကို အသုံးပြုသည့်အခါ သူတို့၏ တာအိုကို အသုံးပြုနိုင်ဖို့အတွက် စည်းမျဉ်းပဲ့တင်သံကို အသုံးပြုဖို့ လိုအပ်လေသည်။
သူက ထိုလှိုင်းလုံးကို သတ်ဖြတ်ရေးတာအိုကို အသုံးပြု၍ ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း အနီးကပ် လေ့လာကြည့်ပါက သူ ထိုနည်းစနစ်သည် သူ နဂိုတွေးထားသည်ထက် ပိုမိုရှုပ်ထွေးကာ ထူးကဲနေကြောင်း သဘောပေါက်သွားခဲ့သည်။
တိကျားယင်က ဓာတ်သဘာဝများ ဖြစ်သည့် မီး၊ရေ၊ မြေ၊ လေအစရှိသဖြင့် အဖျက်စွမ်းအား ကဏ္ဍပေါ်တွင် ပေါင်းစပ်ထားခဲ့သည်။ ထိုနည်းလမ်းဖြင့် သူမက ဓာတ်သဘာဝမှ ဆင်းသက်လာသည့် အတုအယောင် အဖျက်စွမ်းအားကို ဖန်တီးပြီး စည်းမျဉ်းပဲ့တင်သံမှ ထုတ်လွှတ်ထားသည့် ဖျက်ဆီးခြင်းစည်းမျဉ်းဖြင့် အားဖြည့်ပေးခဲ့သည်။
သို့သော် လီကျွင်း၏ လှံက ဖျက်ဆီးခြင်း အယူအဆကိုသာ ပစ်မှတ်ထားခဲ့သည့်အတွက် လှိုင်းလုံး၏ ဓာတ်သဘာဝကြောင့် ကျရှုံးခဲ့ရသည်။ ထို့ကြောင့် သူ့တိုက်ကွက်က ထိုလှိုင်းလုံး၏ တိုက်ခိုက်စွမ်းရည်ကို အနည်းငယ်မျှသာ အားလျော့သွားစေခဲ့သည့်အတွက် သူ့ကိုယ်သူ ကာကွယ်ဖို့ လိုအပ်လာသည်။
သူ့တာအိုက အတော်လေးကို ကောင်းကောင်းလေ့ကျင့်ထားပြီးတော့ ငါ့စည်းမျဉ်းတွေအားလုံးကို အသုံးမဝင်ဖြစ်သွားအောင် ပစ်မှတ်ထားနိုင်တာပဲ…
တိကျားယင်က သုံးသပ်လိုက်သည်။ ထိုသို့သော ရန်သူမျိုးက သူမပိုင်နက်၏ သဘာဝရန်သူ ဖြစ်၏။ သူမ၏ စိတ်က ကြောက်မက်ဖွယ်အရှိန်ဖြင့် တွက်ချက်နေသည်။
ဒီလိုမျိုးပြိုင်ဘက်ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ ခွန်အားတာအို…
ခွန်အားတာအိုက စည်းမျဉ်းသောင်းချီကို ချိုးဖောက်နိုင်သည့် စည်းမျဉ်းတစ်ခုဖြစ်ပြီး လမ်းတွင် ရှိသမျှအရာအားလုံးကို ခွန်အားဖြင့် ဖျက်ဆီးပစ်ခြင်းက ခွန်အားတာအို၏ အနှစ်သာရလည်း ဖြစ်ပေသည်။ တိကျားယင်က သူမသည် လီကျွင်းထက် ရုပ်ပိုင်းဆိုင်ရာ အားနည်းထားကြောင်းသိ၍ နောက်ထပ် နည်းလမ်းတစ်ခု ရှိထားသည်။
သူမက မိုးမြေကို ထိန်းချုပ်ပြီးသည့်နောက်တွင် ခွန်အားစည်းမျဉ်းကို ထိန်းချုပ်ကာ သူမ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို တိုးမြှင့်ခဲ့သည်။
ခွန်အားလက်သီး
သူမက လက်သီးဆုပ်ကာ ထိုးချလိုက်သည်။
ဝုန်း
အလယ်ပိုင်းနေရာတစ်ခုလုံးက ထိုခွန်အားကြောင့် တုန်ခါသွားလေ၏။
ဒီခွန်အားက မွေးကင်းစ မိစ္ဆာနတ်ဘုရားအဆင့် နီးပါးရောက်နေပြီ
လီကျွင်းက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ သူက သူမနှင့် ထိပ်တိုက် ရင်မဆိုင်နိုင်ကြောင်း သိထား၍ ရှောင်ရှားလိုက်သည်။
သူ့အတွက် ကံဆိုးသွားသည်က ခွန်အားစွမ်းအားသည် အရှိန်နှင့် ထပ်တူ ကျနေလေသည်။ တိကျားယင်က ခွန်အားတာအိုကို အသုံးပြု၍ သူမ ခြေထောက်ကို ကောင်းချီးပေးခဲ့သည်။ ထို့ကြောင့် သူမက ခွန်အား ထရီလီယံပေါင်းများစွာဖြင့် ရှေ့တိုးလာနိုင်ပြီး သေမျိုးတစ်ယောက်၏ စိတ်နှင့် မတွေးကြည့်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ဝုန်း
သူမက လီကျွင်း၏ ဦးခေါင်းဆီ ထုရိုက်ပစ်ဖို့ ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသည်။ ပြောရလျှင် သူမက တိုက်ကွက်တစ်ခုတည်းဖြင့် သူ့ကို ချေမှုန်းပစ်ချင်သည်။
ကံဆိုးစွာဖြင့် သူက အချိန်မှီ တုံ့ပြန်ပြီး လှံဖြင့် တားဆီးခဲ့သည်။
လီကျွင်းက အလင်းနှစ် ထောင်ချီ လွင့်စင်သွားပြီးနှာခေါင်း၊ ပါးစပ်နှင့် နားမှ သွေးများ စီးကျလာလေ၏။ သူသာ ထိုတိုက်ကွက်မှ စွမ်းအားအများစုကို လမ်းကြောင်း လွှဲမပေးခဲ့ပါက သေဆုံးသွားနိုင်သည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူ့အတွင်းအင်္ဂါများနှင့် အရိုးက အပြင်းအထန် ထိခိုက်သွားလေ၏။
တုယီနယ်ပယ်လား။ ငါ့လိုမျိုး ၉ဆင့်မြောက်ပဲ…
လီကျွင်းက သုံးသပ်လိုက်သည်။
ကံကောင်းတာက သိပ်တော့ ထူးခြားနေတဲ့ပုံမပေါ်ဘူးပဲ…
ဤနှစ်များစွာတစ်လျှောက်တွင် လီကျွင်းက တုယီနယ်ပယ်အတွက် ပါရမီ လစ်ဟာနေမှုကို တွေ့ရှိခဲ့သည်။ ပါရမီရှင်အများစုက သူတို့ကျွမ်းကျင်သည့် အရာများ ရှိကြပြီး ဝမ်ဝေ့နှင့် ဝူဟုန်တို့ကဲ့သို့သာ သူတို့ကြိုးစားသမျှ အရာအားလုံးတွင် ထူးချွန်နေကြခြင်း ဖြစ်သည်။
လီကျွင်းက သူ့ပါရမီက တိုက်ခိုက်စွမ်းရည်ဖြစ်ကြောင်း လက်ခံထား၏။ သူက သူ့တိုက်ပွဲအသိစိတ်သည် ဤမျိုးဆက်အတွင်း အကောင်းဆုံးဖြစ်ကြောင်း အပြည့်အဝ ယုံကြည်ချက်ရှိပြီး သူ့အစ်ကိုကြီးကလည်း ထိုအချက်ကို သဘောတူလေသည်။
သူက တုယီနယ်ပယ် လစ်ဟာနေသော်လည်း ၉ဆင့်မြောက်အထိ ရောက်ရှိခဲ့သည်။ ထိုအရာက သူသည် အရိုးရှင်းဆုံးနှင့် သက်ရောက်မှုရှိသည့် ထပ်ခါထပ်ခါ လေ့ကျင့်ခဲ့၍ ဖြစ်သည်။ သူက ဝူဟုန်ဆီမှ သင်ယူထားသည့် ဝမ်ဝေ့ဆီကနေ နှစ်များစွာ လေ့ကျင့်ကာ သင်ယူခဲ့ရသည်။
ရလဒ်အနေဖြင့် သူက တုယီနယ်ပယ်၏ ၉ဆင့်မြောက်ကို ရရှိခဲ့၏။ တစ်ခုတည်းသော ဆိုးကျိုးက သူ့တုယီနယ်ပယ်သည် သူတို့၏ ကျင့်ကြံရေးနယ်ပယ်ကို ထူးခြားအောင် လုပ်ထားသည့်သူများလို မထူးခြားပေ။
အကြိမ်တချို့ကြိုးစားပြီးသည့်နောက်တွင် သူက သူမ၏ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ပြီး သူ့ဒဏ်ရာများကို ကုစားနိုင်ခဲ့သည်။ သို့သော် တိကျားယင်က သူ့ကို အချိန်ပေးမည် မဟုတ်ပေ။ သူမက ပြေးဝင်လာပြီး ဒုတိယအကြိမ်မြောက် ထိုးချလိုက်သည်။
သူမအမှားမှ သင်ယူထားပြီးသည့်နောက်တွင် တိုက်ကွက်၏ ခွန်အားအများစုကို တစ်ဖက်လူအား လမ်းကြောင်း မပြောင်းနိုင်စေရန် အာရုံစိုက်ထားခဲ့သည်။ သို့သော်လည်း သူမလက်သီး ကျရောက်လာသည့်အခါ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
လီကျွင်းက သွေးမြစ်အဖြစ် ပေါက်ကွဲထွက်သွားပြီး တိကျားယင်ကို သွေးအကျဉ်းထောင်ထဲ ပိတ်လှောင်ထားလိုက်သည်။ ထိုသို့သော နည်းစနစ်မျိုးက သူမ လက်ရှိအင်အားအရ သူမကို တားမြစ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း လီကျွင်းက သူမကို အချိန်တချို့ ဆွဲထားလိုခြင်းသာ ဖြစ်၏။
နောက်ထပ် ခန္ဓာကိုယ်တစ်ခုက သူမနှင့် မနီးမဝေးတွင် ပေါ်ထွက်လာသည်။ ထို့ကြောင့် တိကျားယင်က အကျဉ်းထောင်မှ လွတ်လာသည့်အခါ လေဟာနယ်ထဲကို လှံဖြင့် ထိုးစိုက်လိုက်သည့် လီကျွင်းကိုသာ မြင်လိုက်ရသည်။ ထို့နောက် အရာအားလုံးက ခေတ္တမျှ အဖြူနှင့်အနက် ပြောင်းလဲသွားပြီးသည့်နောက်တွင် ပုံမှန် ပြန်ဖြစ်သွားလေ၏။
သူက ဘာလုပ်လိုက်တာလဲ
သူမက အဖြေရဖို့ စောင့်ဆိုင်းနေစရာ မလိုလိုက်ပေ။
အသင်္ချေစည်းမျဉ်းကို သတ်ဖြတ်ခြင်း…
သူမက သူမနည်းစနစ် ချိုးဖောက်ခံလိုက်ရကြောင်း သတိထားမိသည့်အခါ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ ပြောရလျှင် ထိုအရာက အသုံးမဝင်ပေ။ လှံတစ်ချောင်းဖြင့် လီကျွင်းက အလယ်ပိုင်းကုန်းမြေနှင့် ပတ်ဝန်းကျင် နေရာတစ်ခုလုံးမှ စည်းမျဉ်းအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
တိုက်ပွဲကွင်းပြင်၏ အခြေခံစည်းမျဉ်း သို့မဟုတ် ဥပဒေများကို ဖျက်ဆီးလိုက်ခြင်းဖြင့် ရေက တစ်ရာဒီဂရီ ဆဲလ်စီးရက်စ်တွင် ဆူပွက်တော့မည် မဟုတ်သလို သုည ဒီဂရီတွင်လည်း အေးခဲတော့မည် မဟုတ်ပေ။ အလင်း၏ အမြန်နှုန်းက တစ်စက္ကန့်လျှင် ၁၉၉ ၇၉၂ ၄၅၈ မီတာ မဟုတ်တော့ပေ။ ပြောရလျှင် မိုးမြေကြားရှိ ဝိညာဉ်ချီလည်း မတည်ရှိတော့ပေ။ ဖန်ဆင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သဘောတရားကလည်း အလုပ် မဖြစ်တော့ပေ။ ကံကြမ္မာ၏ ထိန်းချုပ်မှုကပင် အလုပ် မဖြစ်တော့ပေ။
တိကျားယင်က မိုးမြေ၏ စည်းမျဉ်းများကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။ စည်းမျဉ်းပဲ့တင်သံကလည်း ဤတိုက်ပွဲကွင်းပြင်တွင် အသုံးပြုဖို့ မဖြစ်နိုင်တော့ပေ။
လီကျွင်းက ထိုတိုက်ကွက် ပြီးဆုံးသွားပြီးသည့်နောက်တွင်ပင် ရပ်တန့်သွားခြင်း မရှိပေ။ သူက အခွင့်အရေးကို အသုံးချကာ ကုစားလိုက်ပြီး တစ်ဖက်လူ၏ စွမ်းအားက အလုပ်မဖြစ်တော့သည့် အချက်ကို အခွင့်ကောင်းယူလိုက်သည်။
သူက မရဏစွမ်းအားကို လှံဖျားပေါ်တွင် စုစည်းလိုက်ပြီး ပြိုင်ဘက်ကင်းအလျင်ဖြင့် ပစ်ခတ်လိုက်သည်။
ဝုန်း
တိကျားယင်က ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်ကာ လှံ၏ ရှေ့တိုးလာမှုကို နှောင့်နှေးခဲ့၏။ ကံဆိုးစွာဖြင့် လှံထိပ်တွင် စုစည်းနေသည့် မရဏချီက လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးအထိ သေခြင်းတရားကို ယူဆောင်လာခဲ့သည်။
ထို့ကြောင့် သူမ အောင်မြင်သည့် အကောင်းဆုံးရလဒ်က လှံ၏ နောက်ကွယ်မှ စွမ်းအားကို ရာခိုင်နှုန်းအနည်းငယ်သာ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်။
ဂျွတ်
လေဟာနယ်ထဲတွင် တစ်စုံတစ်ခုက ဖြစ်ပျက်သွားပြီး သူမ၏ အင်မော်တယ်အဆင့် ချပ်ဝတ်တွင် အက်ကြောင်းများ ပေါ်ထွက်လာလေသည်။ သို့သော် သူမက သူမကိုယ်သူမ ကာကွယ်ထားနိုင်သည့်အတွက် ဂရုမစိုက်ပေ။
အနည်းဆုံးတော့ ထိုသို့ထင်ရဟန်ပေါ်၏။
မဟုတ်သေးဘူး။ ဒါက ထောင်ချောက်တစ်ခုပဲ။ အာရုံလွှဲပြောင်းမှုတစ်ခုပဲ။