လီကျွင်းနှင့် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၄)
Vol. 60 Ch. 835
လီကျွင်း၏ တကယ့်တိုက်ကွက်က တစ်ဖက်လူဆီ ရောက်ရှိသွားသည့်အခါ တိကျားယင်အတွက် အိပ်မက်ဆိုး စတင်လာခဲ့သည်။ ပြောရလျှင် စိတ်စမ်းသပ်ချက်တစ်ခု ဖြစ်၏။
တိကျားယင်၏ ခေါင်းက မီတာရာချီအကွာက ဖရဲသီးတစ်လုံး ပြုတ်ကျလာသလိုမျိုး ပေါက်ကွဲထွက်သွားသည်။ သူမ၏ ဝိညာဉ်က ပြန့်ကျဲသွားကာ တာအိုပင် ပျောက်ကွယ်သွား၏။ ထို့နောက် သူမက အသက်ပြန်ရှင်လာသည်။
ထို့နောက် သူမ၏ ကျောရိုးမကြီးကို ဆွဲထုတ်ကာ ကောင်းကင်အနှံ့ သွေးများ ပေကျံသွားစေသည်။ စက္ကန့်ပိုင်းလေးအတွင်း သူမက အကောင်းဆံးအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ နောက်ထပ် မိနစ်ပိုင်းကြာပြီးသည့်နောက်တွင် တိကျားယင်က ငရဲတမျှ သေဆုံးမှုများနှင့် ပြန်လည်ရှင်သန်မှုများကို အကြိမ်ထောင်ချီ ကြုံတွေ့ခဲ့ရသည်။ ဖြစ်စဉ်တစ်ခုချင်းစီက ရက်စက်ကာ ကြမ်းတမ်းလှ၏။
သူမသည် ရေခဲလှံနှစ်ခုက မျက်အိမ်အတွင်းကို ထိုးစိုက်ကာ သေဆုံးသွားခဲ့ရသည်။ သူမက မီးတောင်ချော်ရည်ပူများ အတင်းအကြပ် တိုက်ကျွေးခံရပြီး သူမ၏ အတွင်းအင်္ဂါများက လောင်ကျွမ်းသွား၍ သေဆုံးသွားခဲ့သည်။
အထဲမှ ပေါက်ကွဲမထွက်ခင် သူမ၏ အဆုတ်က လေပူဖောင်းတစ်ခုလို ပြန့်ကျဲလာ၏။ သူမက သွေးထွက်လွန်မှုကြောင့် မသေဆုံးခင် တရားခံအား ဓားချက်များစွာဖြင့် နှိပ်စက်သည့် ပုံစံဖြစ်သည့် လင်းချီကြောင့်လည်း သေဆုံးခဲ့ရသည်။ တိကျားယင်၏ တကယ့်ခန္ဓာကိုယ်ဖြင့် သူမက အချက်ပေါင်းသန်းထောင်ချီ သေဆုံးပြီးသည့်နောက်တွင်ပင် မသေဆုံးခဲ့ပေ။
တိကျားယင်၏ ခန္ဓာကိုယ်က မယုံနိုင်လောက်ဖွယ် ယားလာလေ၏။ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ခန္ဓာကိုယ်အနှံ့ ကုတ်ဖဲ့ကာ အရေပြားနှင့် ကြွက်သားများကို ခွာထုတ်ပစ်ခဲ့သည်။ သူမက အရိုးသာလျှင် ကျန်ရှိသည့်အခါမှ ရပ်တန့်သွားခဲ့၏။ သူမ၏ အတွင်းအင်္ဂါများက ခန္ဓာကိုယ်မှ ပြုတ်ကျလာခဲ့သည်။
သူမက အရိုး၊ ကြွက်သား၊ အသားနှင့် သွေး မရှိသည့် အကျိအချွဲနှင့်တူသည့် သက်ရှိများအဖြစ် ပျော်ကျသွားကာ သေဆုံးသွားခဲ့ရသည်။ အကြမ်းတမ်းဆုံး မြင်မကောင်းဖွယ် သေဆုံးမှုတစ်ခုက သူမ၏ ဆဲလ်များက ဆင့်ကဲပြောင်းလဲသွားကာ ကင်ဆာဆဲလ်များကဲ့သို့ အကန့်အသတ်မရှိ ပျံ့နှံ့သွားပြီး လူအများက သူမ၏ ပါးစပ်၊ စအိုဝ၊ နံရိုးနှင့် ခေါင်းများကိုပင် မခွဲခြားနိုင်လောက်အောင်အထိ အသားလုံးကြီး ဖြစ်သွားခဲ့သည်။
တိကျားယင်က သေမျိုးများကဲ့သို့ ဖျားနာခြင်း၊ သက်တမ်းကြီးရင့်ခြင်းနှင့် ပျက်စီးခြင်းအစရှိသည့် သေဆုံးမှုများကိုလည်း တွေ့ကြုံခံစားခဲ့ရသည်။ သူမ၏ အဆုတ်ထဲ ရေများဖြင့် ပြည့်နှက်နေသည့် ခံစားချက်က စိတ်ထဲဝင်ရောက်လာခဲ့သည်။
သူမ၏ သေမျိုးတစ်ဖန်အတွင်း သူမ၏ နန်းတွင်းသူ၊ နန်းတွင်းသားတစ်ယောက်ကို မြင်းလေးကောင်ဆွဲ၍ သတ်ဖြတ်စေခဲ့သည်။ နောက်ဆုံးတွင် သူမကလည်း ထိုသို့သော သေဆုံးမှုမျိုးကို တွေ့ကြုံခံစားခဲ့ရ၏။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက သေဆုံးမှုပေါင်း သိန်းသန်းချီကာ ခံစားခဲ့ရပြီး တစ်ခုချင်းစီက ရက်စက်လာသည်။
ထို့နောက် တိကျားယင်က မျက်လုံးဖွင့်လာကာ လေပြင်းပြင်းရှူလိုက်ပြီး သူမ၏ အဆုတ်က ယခင်ကထက်ပင် အလုပ်လုပ်နေရသည်။ သူမ၏အသားအရည်က ဖြူဖျော့နေလေ၏။
ငါ ဘယ်ရောက်နေတာလဲ။ ငါ သေသွားပြီ မဟုတ်ဘူးလား…
သူမက စိတ်ရှုပ်ထွေးစွာဖြင့် တွေးလိုက်မိသည်။
ပုံရိပ်ယောင်လား
သူမ၏ စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ ထိုသေဆုံးမှုတစ်ခုချင်းစီ၏ နာကျင်မှုက သူမ၏ ဝိညာဉ်အတွင်း ကိန်းအောင်းနေဆဲဖြစ်သည့်အတွက် သူမ၏ အသိစိတ်နှင့် စိတ်ဝိညာဉ်အထိ လွှမ်းမိုးသွားသည်။ သူမက တိထျန်း သင်ပေးထားသည့် ဗုဒ္ဓကျမ်းတစ်ခုကို ရွတ်ဖတ်ပြီး အတွေးများကို ပြန်လည်စုစည်းလိုက်၏။
မဟုတ်သေးဘူး။ ဒါက ရိုးရှင်းတဲ့ ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူး…
သူမက ခန္ဓာကိုယ်၏ အခြေအနေကို ခံစားမိပြီးသည့်နောက်တွင် တွေးလိုက်မိသည်။
ဝှစ်…ဝှစ်…ဝှစ်…
သူမက အခြေအနေကို နားလည်အောင်လုပ်ဖို့ ကြိုးစားနေရင်း လီကျွင်းကလည်း သူမကို အချိန်မပေးခဲ့ပေ။ တိကျားယင်ပေါ် လှံမိုးရွာချလာကာ သူမက အကောင်းဆုံးကြိုးစား၍ ကာကွယ်လိုက်ရသည်။ သို့သော်လည်း စက္ကန့်ပိုင်းနှင့်အမျှ သူမ၏ ချပ်ဝတ်အထက် အက်ကြောင်းများစွာ ပေါ်ထွက်လာလေ၏။
မည်သို့ပင်ဆိုစေကာမူ သူမက တိုက်ကွက်များကို သုံးသပ်ဖို့ အာရုံစိုက်ထားသည်။ မဟုတ်ပါက သူမသည် တူညီသော နည်းစနစ်၌ ထပ်မံ ကျရှုံးသွားရလိမ့်မည်။
တိကျားယင်က ပုံရိပ်ယောင်အတွင်း သူမ သေဆုံးသည့်အကြိမ်တိုင်း သူမ၏ ခန္ဓာကိုယ်က အမှန်တကယ် သေဆုံးသွားပြီဟု ယုံကြည်ကာ သင့်တော်သည့် အသက်ဓာတ်နှင့် သွေးစွမ်းအားတို့ဖြင့် သူမကို ပြန်လည်အသက်သွင်းခဲ့သည်။ ထို့ကြောင့် သူမသည် ထိုသေဆုံးမှုများကို အမှန်တကယ် ကြုံတွေ့ထားရသလိုမျိုး ဖြစ်နေ၏။
တိကျားယင်က ထိုနည်းစနစ်၏ ပြောင်မြောက်မှုကို တွေးလိုက်မိသည်။ ထိုအရာက ခန္ဓာကိုယ်လေ့ကျင့်သူများကို တိုက်ရိုက်သတ်ဖြတ်ဖို့ လေ့ကျင့်ထားထားသည်။ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ခန္ဓာကိုယ်လေ့ကျင့်သူများကို ဆက်တိုက်သတ်ဖြတ်ခြင်းက စိန်ခေါ်မှုတစ်ခုဖြစ်ပြီး စွမ်းအား၊ အားစိုက်မှုနှင့် အင်အားအမြောက်အများ လိုအပ်လိမ့်မည်။
ထိုပုံရိပ်ယောင်နည်းစနစ်က ထိုလိုအပ်ချက်များကို ကျော်လွန်ပြီး သူတို့ကို ပြန်လည်ကုသရေး စွမ်းရည်များကို အသုံးပြုမှု လွန်ကဲအောင် လုပ်ဆောင်စေသည်။
ထို့အပြင် ခန္ဓာကိုယ်လေ့ကျင့်သူများက သူတို့၏ခန္ဓာကိုယ်အပေါ် ပြောင်မြောက်လောက်အောင် ထိန်းချုပ်နိုင်စွမ်းရှိသည့်အတွက် ကုသဖို့အတွက် လိုအပ်နေသည့် အသက်ဓာတ်များကို ကုသခွင့်ပြုထားသည်။
သို့သော်လည်း လီကျွင်း၏ မရဏတစ်သောင်း ပုံရိပ်ယောင်က တိကျားယင်၏ အသိစိတ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကို အလိုလိုသိစိတ်အပေါ် မှီခိုထားစေပြီး ဆက်တိုက် ကုစားစေခဲ့သည်။ ခန္ဓာကိုယ်က အသိစိတ်လောက် မတိကျပေ။
အကယ်၍ သူမသာ ဝမ်ဝေ့၊ ယင်ကန်းနှင့် ဟို့ဖုန်းဟွမ်လိုမျိုး ခန္ဓာကိုယ်လေ့ကျင့်ရေးတွင် ပါရမီရှိပါက သူမခန္ဓာကိုယ်၏ အလိုလိုသိစိတ်သည် အသိစိတ်နှင့်ပင် ယှဉ်နိုင်လိမ့်မည်။ ထိုနည်းစနစ်က ယခုလို တူညီသည့် သက်ရောက်မှုမျိုး ရှိလာမည် မဟုတ်ပေ။
ငါ့ရဲ့ ဆုံးရှုံးသွားတဲ့ အသက်ဓာတ်ကို ဖြည့်တင်းဖို့ စွမ်းအား လိုအပ်နေပြီ…
တိကျားယင်က သုံးသပ်လိုက်သည်။ သို့သော်လည်း အခြေအနေက အကောင်းဆုံး မဟုတ်ပေ။ စောစောလေးက လီကျွင်း၏ တိုက်ကွက်ကြောင့် ပတ်ဝန်းကျင်တွင် ဝိညာဉ်ချီ မရှိသလို စွမ်းအားလည်း မရှိပေ။
လက်ရှိ သူမက ဒဏ်ရာကို ထိန်းထားဖို့ ပြင်ပအကူအညီ လိုအပ်နေ၏။
တိကျားယင်က ရုတ်တရက်ဆိုသလို လေဟာနယ်ကို ထိုးဖောက်လိုက်ပြီး စွမ်းအားပြည့်နှက်နေသည့် ဒိုင်မေးရှင်းဆီ ဦးတည်နေသည့် အက်ကြောင်းတစ်ခုကို ဖန်တီးလိုက်၏။ ထိုအရာက သူမသည် ထွက်ပြေးမည့်ဟန်ပေါ်နေသလို ဤတိုက်ပွဲအတွက် ပိုမိုကောင်းမွန်သည့် အစီအစဉ်အတွက် နောက်ဆုတ်ဖို့ရာအတွက်လည်း ပြင်နေဟန်ပေါ်သည်။
လီကျွင်းက သူမဆီ ပြေးဝင်သွားကာ ထိုအက်ကြောင်းထဲ ဝင်ရောက်ခြင်းမှ တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအရာက တိကျားယင်၏ နည်းဗျူဟာတစ်ခု ဖြစ်နေလေ၏။ တစ်ဖက်လူက အနီးကပ် ရောက်ရှိလာသည့်အခါ သူမခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲနေသော ချပ်ဝတ်က ခန္ဓာကိုယ်မှ ကျွတ်ထွက်သွားပြီး ပျံသန်းထွက်လာသည်။
ဝုန်း
ထိုအရာက အလိုလိုပေါက်ကွဲထွက်သွားပြီး သူမအတွက် အချိန်ဆွဲပေးထား၏။
ရဲတင်းတဲ့ လှုပ်ရှားမှုမျိုးပဲ…
အသေးစားဒဏ်ရာ ရရှိသွားသည့် လီကျွင်းက တွေးလိုက်မိသည်။ ယခင် တွက်ချက်ထားမှုအရ တိကျားယင်၏ စွမ်းအားသည် ထိပ်သီးပွင့်ချပ် ၆လွှာမျှသာ ရှိပြီး အင်မော်တယ်ချပ်ဝတ်၏ အကူအညီဖြင့် သူ့လိုမျိုး ပွင့်ချပ် ၇လွှာအထိ ရောက်ရှိနိုင်သည်။
ပေါက်ကွဲမှုမှ တိမ်မဲများကို ဖယ်ရှားပြီးသည့်နောက်တွင် တိကျားယင်က လီကျွင်းရှေ့တွင် ရပ်နေပြီး အာကာပြင်အက်ကြောင်းအတွင်း မဝင်ရောက်ခဲ့ပေ။ သို့သော်လည်း သူမက ယခုအခါ အစိမ်းရောင် ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားပြီး အသားအရည်က ပိုမိုကြည့်ကောင်းလာသည်။
တစ်ချက်တည်းဖြင့် ထိုအရာသည် သူမက ယခင်က သေဆုံးမှုနှင့် မနီးကပ်ခဲ့ကြောင်း ညွှန်ပြနေလေ၏။
ငါသိပြီ။ သူမရဲ့ ချပ်ဝတ်က အင်မော်တယ်လက်နက်အတုပဲ…
လီကျွင်းက သုံးသပ်လိုက်သည်။ နောက်ဆုံးတော့ လျှို့ဝှက်ဆန်းကြယ်မှုကို သိရှိသွားပြီဖြစ်၏။ အင်မော်တယ်လက်နက်အတုများက အင်မော်တယ် လက်နက်များသာ ဖြစ်သော်လည်း သက်တမ်းရှိလေသည်။ သူတို့က လပိုင်းအတွင်းသာ ခံပြီး တစ်ခါတစ်လေ နာရီပိုင်းခန့်သာ ခံတတ်သည်။
ထိုစဉ် တကယ့်အစစ်အမှန် အင်မော်တယ် လက်နက်များကမူ နာမည်အတိုင်း ထာဝရကြာရှည်ပြီး အချိန်ကြောင့် ပျက်စီးသွားခြင်း မရှိပေ။
အင်မော်တယ်လက်နက်အတုများကို အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များက သူတို့၏ စွမ်းအားများကို အသုံးပြုပစ္စည်းအတွင်း ထည့်သွင်းပေးခြင်းဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ နမူနာအားဖြင့် ဝမ်ဝေ့သည် စကားဝိုင်းအဖွဲ့အား သူ့စွမ်းအားပါဝင်နေသည့် အဆောင်တစ်ခုဆီ ပေးခဲ့ဖူးသည်။ ထိုအဆောင်က တာအိုအသုံးအဆောင်ပစ္စည်းအတု ဖြစ်၏။
ကောင်းပေါ်ချင်းက ဒီလက်နက်ကို ဖန်တီးခဲ့တာပဲဖြစ်ရမယ်။ ဒါပေမဲ့ ဒီဟာ ပေါ်ထွက်လာမှုက စိတ်မှန်းဇာတ်ကြောင်း ဖြစ်လာနိုင်ချေရှိတယ်ဆိုတာကို သတိပေးနေတာပဲ…
စိတ်မှန်းဇာတ်ကြောင်းဆိုသည်မှာ အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ရာတွင် ဝမ်ဝေ့နှင့် တိထျန်းတို့ ဖန်တီးထားသည့် အင်မော်တယ်လက်နက်အတုများဖြင့် တိုက်ခိုက်ခြင်းကို ဆိုလိုခြင်း ဖြစ်၏။ အဖွဲ့၏ နည်းဗျူဟာအရ ထိုသို့သော ဖြစ်ရပ်မျိုးကို မည်သို့ပင်ဖြစ်စေကာမူ ရှောင်ရှားရမည် ဖြစ်သည်။ ပြောရလျှင် သူတို့ဘက်က ဆုံးရှုံးသွားနိုင်၏။
တိထျန်းက အချမ်းသာဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ထိုဇာတ်ကြောင်းက သူ့ကို အရေးသာချက် ပေးလာနိုင်သည်။ သို့သော်လည်း ထိုဇာတ်ကြောင်းကို ရှောင်ရှားရမည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။
နိမိတ်ကြေးမုံမှ ထုတ်ဖော်ထားသည့် သတင်းအချက်အလက်အရ တိထျန်းသည် ပြန်လည်ဝင်စားခြင်း မတိုင်ခင်ကတည်းက တာအိုလက်နက်အတုများကို ဖန်တီးသည့် အလေ့အကျင့်ရှိပြီး သူ့အိပ်စက်သူများအား သူတို့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်အဖြစ် သို့မဟုတ် ကာကွယ်မှုအဖြစ် ပေးအပ်လေ့ရှိသည်။
သို့သော်လည်း အိပ်စက်သူများက ထိုပစ္စည်းများကို အသုံးပြုခဲပြီး သူတို့၏ ကုန်ဆုံးရက်ကို ထိန်းသိမ်းထားနိုင်ဖို့ စည်းပိတ်သည့် နည်းလမ်းကို ရှာတွေ့ခဲ့ကြသည်။ ထို့နောက် ပြန်လည်ဝင်စားခြင်း အစပိုင်းဆီတွင် သူတို့က တိထျန်းအား ပြဿနာ မရှိဘဲ ကောင်းကောင်းမွန်မွန်ကြီးထွားလာဖို့ ကာကွယ်မှုအနေဖြင့် ပြန်ပေးခဲ့ကြသည်။
ထိုသတင်းအချက်အလက်ဖြင့် ဝမ်ဝေ့က သူသည် အင်မော်တယ်လက်နက်အတုများကို အသုံးပြုရာတွင် ထိုသူနှင့် မယှဉ်နိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူ့အဖွဲ့အား ထိုဇာတ်ကြောင်း ဖြစ်လာနိုင်ချေကို ကာကွယ်ဖို့ သတိပေးထားခဲ့သည်။
ကောင်းကင်ရွေးချယ်ခံအများစုက မာနကြီးကြပြီး တိုက်ပွဲအတွက် အဆောင်နှင့် လက်နက်များကို အသုံးပြုရသည်ကို မကြိုက်ကြပေ။ ထိုအရာက သူတို့၏ တာအို မပါဝင်သရွေ့ဖြစ်၏။ ထိုသို့သော စိတ်အခြေအနေမျိုးက ယခုချက်ချင်းမှ ဖြစ်လာခြင်း မဟုတ်ဘဲ ငယ်စဉ်ကလေးဘဝကတည်းက သင်ကြားပေးခဲ့ခြင်း၏ ရလဒ်သာ ဖြစ်သည်။ သူတို့က ပြင်ပ အမှီအခိုအပေါ် မှီခိုအားထားခြင်း မပြုဖို့ သင်ကြားပေးခံခဲ့ရသည်။
ထို့အပြင် အသင်္ချေအင်ပါယာကမ္ဘာ၏ ရှေးဟောင်းအလေ့အကျင့်များက လက်နက်များနှင့် နယ်ခြားအကူအညီများအပေါ် များစွာ မှီခိုလေ့မရှိပေ။ ထိုအစား ကျင့်ကြံသူများက သူတို့၏ နည်းစနစ်နှင့် တိုက်ပွဲနည်းစနစ်များကိုသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အလေးထားခဲ့ကြသည်။
ထိုစိတ်အခြေအနေ၏ ရလဒ်အနေဖြင့် ကောင်းကင်ရွေးချယ်ခံအများစုသည် ဧကရာဇ် သို့မဟုတ် ပင်ကိုလက်နက်များကို အလွယ်တကူ အသုံးမပြုကြဘဲ အဆုံးစွန်သို့ ရောက်ရှိမှသာ အသုံးပြုလေ့ရှိ၏။ ထိုသဘောတရားက တာအိုသက်သေပြ လက်နက်များအတွက်လည်း အတူတူသာ ဖြစ်၏။
နောက်ဆုံးတွင် သူက သူ့အဖွဲ့အား တစ်ဖက်လူ၏ သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းများကို ထုတ်မသုံးနိုင်စေရန် စည်းပိတ်ဖို့ နည်းလမ်းပင် ပေးခဲ့၏။
“ပွင့်ချပ်၃လွှာ ဧကရာဇ်နဲ့ တိုက်ပွဲပြီးကတည်းက ဒီလောက်စိတ်လိုလက်ရ မတိုက်ခိုက်ခဲ့ဖူးဘူး” တိကျားယင်၏ မျက်ဝန်းအထက် ပြင်းထန်သည့် အငွေ့အသက်မျိုး ရှိနေသည်။
“ခင်ဗျားက ဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့တာလား” လီကျွင်းက သူမ၏ စကားကြောင့် စိတ်ရှုပ်ထွေးသွားလေ၏။ သို့သော်လည်း သူမက သူ့ကို မတုံ့ပြန်ပေ။
“ငါက သူ့ကို အနိုင်ယူပြီးတဲ့နောက်မှာ ဒီနည်းစနစ်ကို ဖန်တီးခဲ့တာ။ မင်း ဘယ်လိုရင်ဆိုင်မလဲ ကြည့်ရသေးတာပေါ့”