← Chapters

လီကျွင်းနှင့် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၅)

Vol. 60 Ch. 836

လီကျွင်းနှင့် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၅)

Vol. 60 Ch. 836

ဧကရာဇ်ဖိနှိပ်ရေး အရှိန်အဟုန်

အရှိန်အဟုန်၏ နောက်ထပ် နာမည်တစ်ခုက အရှိန်အဝါအဖြစ် အသုံးပြုပြီး နည်းလမ်းအမျိုးမျိုးအဖြစ် အသုံးပြုနိုင်သည်။ တိကျားယင်က ထိုနည်းလမ်းကို သူမအတွက် ထူးကဲစေမှုအပေါ် မူတည်၍ ဖန်တီးထားခြင်း ဖြစ်သည်။

သမိုင်းကြောင်းတစ်လျှောက် ဧကရာဇ်ကို အနိုင်ယူဖူးသည့် သေမျိုးဟူ၍ မရှိခဲ့ဖူးပေ။ ပွင့်ချပ် ၃လွှာဧကရာဇ်က တာအိုကို သက်သေမပြခင် အခြေအနေနှင့် တူညီအောင် စွမ်းအားကို စည်းပိတ်ထားခဲ့သော်လည်း သူက အဆင့်မြင့်သက်ရှိ ဖြစ်နေသည့်အချက်ကိုမူ မပြောင်းလဲနိုင်ပေ။

သူက စည်းမျဉ်း သို့မဟုတ် တာအို၏ မြင့်မားသော တည်ရှိမှုကို မြင်တွေ့ဖူးလေသည်။ အတိတ်မှ တူညီသည့်စွမ်းအားဖြင့်ပင် တာအိုပေါ် နားလည်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့က သက်သေပြပြီးသည့်အချိန်နှင့် အတူတူသာ ဖြစ်နေလိမ့်မည်။ သို့သော် ထိုသို့ဆိုလျှင်ပင် သူက တိကျားယင်ထံ ရှုံးနိမ့်ခဲ့၏။

သူမ၏ အနိုင်ရရှိမှုက သူမအားမာန၊ စိတ်ကြီးဝင်မှု၊ ယုံကြည်မှု၊ ကံကောင်းမှုနှင့် ကြမ္မာအမြောက်အများ ရရှိစေသည်။ တိထျန်းက သူ့စစ်သူကြီးအတွက် အာဏာရှင် သို့မဟုတ် နယ်ရှင်တာအိုကို ကျင့်ကြံသည့်သူတစ်ယောက်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့ရသနည်း။ စစ်တပ်အပေါ် အခြေခံထားသည့် တာအို သို့မဟုတ် စစ်ပွဲတာအိုကို ကျင့်ကြံနေသူကို အဘယ်ကြောင့် မရွေးချယ်ခဲ့ရသနည်း။

စကြဝဠာထဲရှိ အရာအားလုံးက တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်နေကြသည်။ တိကျားယင်၏ လွန်ခဲ့သော နှစ်သန်းချီက အောင်မြင်မှုသည် သေမျိုးနှင့် မသေမျိုးကြား အတားအဆီးကို ချိုးဖောက်နိုင်သည့် ကောင်းကင်ရွေးချယ်ခံ ဖြစ်လာဖို့ လိုအပ်သည့် ကြမ္မာကို ပေးအပ်ခဲ့၏။

ထို့ကြောင့် သူမ၏ အားစိုက်ထုတ်မှုများက အလကားဖြစ်ရဟန်ပေါ်သော်လည်း တကယ်တော့ မဟုတ်ခဲ့ပေ။ တိထျန်းက သူမကို နိုးထလိုက်စေခြင်းသည် ပွင့်ချပ်၃လွှာ ဧကရာဇ်ကို အနိုင်ယူပြီးသည့်နောက် ကြမ္မာနှင့် ကံကောင်းမှုကို တိုးမြှင့်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုသာ ဖြစ်နေ၏။

ယခု တိကျားယင်က ထာဝရဧကရာဇ်တစ်ယောက်၏ တာအိုအုတ်မြစ် ရှိထားပြီဖြစ်ကာ ထာဝရအထွတ်အထိပ်ပင် ဖြစ်လာနိုင်သည်။ သူမက ကံကြွေးကို ဆေးကြောပြီး တာအိုကို သက်သေပြနိုင်သရွေ့ တောက်ပနေသည့် အနာဂတ်က စောင့်ကြိုနေလိမ့်မည်။

ကံကောင်းမှုနှင့် ကြမ္မာက ထိုအောင်မြင်မှုအပြီးတွင် သူမ ရရှိမည့် အကျိုးအမြတ် အများအပြားထဲတွင် ပါဝင်၏။ ကျင့်ကြံသူအများစုက ပြိုင်ဘက်ကင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့ ကြိုးစားကြပြီး ပါရမီထူးကဲသူများက တိုက်ပွဲတွင် အကူအညီဖြစ်နိုင်မည့် ကြောက်မက်ဖွယ်အရှိန်အဝါကို ရယူနိုင်ကြသည်။

ထိုအရာက တိကျားယင်အတွက်လည်း အတူတူသာ ဖြစ်၏။ သူမ၏ အာဏာရှင်တာအိုက မိုးမြေကြားရှိ သက်ရှိများအားလုံးအထက်တွင် တည်ရှိနေပြီး သူမ၏ စွမ်းပကားဖြင့် အားလုံးကို ဖိနှိပ်ထားလေသည်။ မဟာဧကရာဇ်တစ်ပါးကို အနိုင်ယူကာ ဖိနှိပ်ထားပြီးသည့်နောက်တွင် သူမက ပြိုင်ဘက်ကင်း တစ်ယောက်၏ အရှိန်အဝါထက် မလျော့ကျလျှင်ပင် ယှဉ်နိုင်သည့် အရှိန်အဝါတစ်ခုကို ရရှိလာခဲ့သည်။

ထို့ကြောင့် ထိုအရှိန်အဝါကို အသက်သွင်းပြီးသည့်နောက်တွင် သူမက ပတ်ဝန်းကျင်ဆီ ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်လာခဲ့သည်။ သူမအနီးနားတွင် ရှိသည့်သူများက တွင်းနက်ကြီးပေါင်း သန်းသောင်းချီရှိသည့် ဖိအားကို ခံစားရလိမ့်မည်။

သို့သော် ထိုအရာက အဆုံးမသတ်သေးပေ။ တစ်နေရာမှ သွေးနီရောင် ပုတီးစေ့တစ်ခု ထွက်ပေါ်လာလေ၏။ ထိုပုတီးစေ့မှ တာအိုစည်းချက်များ ထွက်ပေါ်နေကာ တိကျားယင်၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားပြီး သူမ၏ အရှိန်အဝါကို သိသိသာသာ တိုးမြင့်သွားစေသည်။

ဒီပုတီးစေ့က တိမျိုးနွယ်ရဲ့ ဧကရာဇ်အသုံးအဆောင်တော့ မဟုတ်ဘူးပဲ…

လီကျွင်းက သူ့အပေါ် ကျရောက်လာသည့် ခြိမ်းခြောက်နိုင်ဖွယ် စွမ်းအားကို ခံစားမိ၍ သုံးသပ်လိုက်သည်။ အကယ်၍ သံမဏိလို ခိုင်မာသည့် သူ့စိတ်ဆန္ဒကြောင့်သာ မဟုတ်လျှင် သူ့စိတ်က ဖိနှိပ်ခံရလောက်လေပြီ။

ပိုအရေးကြီးတာက ဒါက သူမရဲ့ နောက်ဆုံးဝှက်ဖဲ ဟုတ်လား၊ မဟုတ်လားဆိုတာပဲ…

သူက အလျင်အမြန် တွေးလိုက်သည်။ ထိုနည်းစနစ်နှင့် ထုတ်ပြသည့် စွမ်းအားက ထိပ်သီးပွင့်ချပ် ၈လွှာ အဆင့်ပင် ရောက်ရှိနေပြီဖြစ်၏။

မဟုတ်သေးဘူး။ သူမဆီကနေ အပြင်းအထန် ကြိုးစားတာမျိုးကို မခံစားမိဘူး။ သူမရဲ့ ဆီမှာ ဝှက်ဖဲတချို့ကျန်နိုင်သေးတယ်…

ဤသုံးသပ်ချက်ဖြင့် သူက တစ်ဖက်လူကို ရင်ဆိုင်ဖို့ နည်းဗျူဟာကို ဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ် လှိုင်းလုံးတစ်ခုထွက်ပေါ်လာပြီး သူ့အပေါ် ကျရောက်နေသည့် ဖိနှိပ်အားကို လျှော့ချခဲ့သည်။

ငါ့ရဲ့သတ်ဖြတ်ရေး မျက်လုံးတောင် အလုပ်မဖြစ်ဘူးလား…

ဝမ်ဝေ့က တစ်ခါတုန်းက မရဏမျက်လုံးဟု ခေါ်ဆိုသည့် အန်နီမဲပေါ်အခြေခံ၍ မျက်လုံးကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့ဖူးသည်။ ထိုအရာက တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှ မရဏကြိုးမျှင်များကို မြင်တွေ့နိုင်ခွင့်ပြုထားလေ၏။ ထိုကြိုးမျှင်များကို တိုက်ခိုက်ခြင်းဖြင့် သူသည် သူတို့ကို သတ်ပစ်နိုင်သည်။ လီကျွင်းက ထိုအရာကို ပြန်လည်ဖော်ဆောင်ကာ သတ်ဖြတ်ခြင်းမျက်လုံးအဖြစ် ပြန်လည်ဖန်တီးခဲ့သည်။

နှမြောစရာကောင်းလှသည်က ထိုနည်းစနစ်သည် လိုချင်သည့် ရလဒ်မျိုး မရှိခဲ့ပေ။ တူညီသည့် စွမ်းအားရှိသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်လာသည့်အခါ ထိုကြိုးမျှင်များကို တိုက်ခိုက်ခြင်းက တစ်ဖက်လူ၏ ထိခိုက်မှုကို တိုးမြင့်သွားစေသော်လည်း တစ်ဖက်လူကို တိုက်ရိုက် သတ်မပစ်နိုင်ပေ။ အနည်းဆုံးတော ထူးကဲသည့် ကြိုးမျှင်ကို မတိုက်ခိုက်သရွေ့ဖြစ်သည်။

ထို့ကြောင့် နှစ်ဦးသားက ယင်ယန်မျက်လုံးနှင့် တူညီသည့် နည်းစနစ်အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး နည်းစနစ်အများစုတွင် ဟာကွက်များကို ရှာကာ ထိုကြိုးမျှင်များကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်နိုင်လား၊ အားနည်းပစ်နိုင်လားဟူသည့် အချက်ကို မြင်နိုင်အောင် လုပ်ခဲ့သည်။

ဖိနှိပ်ရေးလက်ဝါး

တိကျားယင်က ခြိမ်းခြောက်နိုင်စွမ်း မြှင့်တင်နိုင်သည့် ဖိနှိပ်စွမ်းအားအရှိန်အဝါကို တိုးမြှင့်ထားသည့် လက်ဝါးချက်ကို ထုတ်လွှင့်လာခဲ့သည်။ ဦးတည်ချက်နေရာက လီကျွင်း၏ နေရာဖြစ်ပြီး ကံကောင်းစွာဖြင့် ထိုသူကအလျင်အမြန် တုံ့ပြန်နိုင်ခဲ့သည်။

“သတ်ဖို့ခက်တဲ့ ကြမ်းပိုးပဲ” တိကျားယင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မင်းက စွမ်းဆောင်ရည် ရှိတယ်လို့ ထင်နေတာ။ မင်းက တကယ်တော့ တိုက်ပွဲစကတည်းက လေလုံးထွားနေတာပဲ”

လီကျွင်းက တစ်ဖက်လူသည် သူ့ကို စကားဖြင့် ရန်စနေကြောင်း ပြောနိုင်လေသည်။ ကံဆိုးစွာဖြင့် တစ်စုံတစ်ယောက်က သူ့ကို ထိုအကွက်များအောက် ကျရောက်မသွားစေနိုင်ရန် လေ့ကျင့်ထားပေးခဲ့သည်။ ထိုသူက သူ့အစ်ကိုကြီး ဖြစ်၏။

လီကျွင်းနှင့် ဝမ်ဝေ့တို့က ဤမျိုးဆက်အတွင်း တိုက်ခိုက်ရေး အတွေ့အကြုံအများဆုံးသူ နှစ်ဦးဖြစ်ပြီး တိထျန်းနှင့် ဖုန်းဟွမ်တို့ကဲ့သို့ လူအိုကြီးများထက်ပင် ပိုလေ၏။

အကြောင်းအရင်းကမူ သူတို့၏ အိပ်မက်တိုက်ပွဲ နည်းစနစ်ကြောင့် ဖြစ်၏။

ထိုကျင့်စဉ် ဖန်တီးခဲ့ကတည်းက သူတို့၏ စိတ်ကို နှစ်ပိုင်းခွဲကာ တစ်ပိုင်းက အမြဲတမ်း အိပ်မက်အခြေအနေတွင် ရှိနေပြီး တစ်ဖက်လူနှင့် အမြဲတမ်း တိုက်ခိုက်နေခဲ့သည်။ ထိုအိပ်မက်က သူတို့၏ ဗဟုသုတပေါ် အခြေခံထား၍ ပြိုင်ဘက်ကို လှုံ့ဆော်ခြင်း သို့မဟုတ် တစ်ဖက်လူ၏ စွမ်းဆောင်ရည်ကို တိုက်ရိုက်လှုံ့ဆော်ခြင်းဖြင့် တိုက်ခိုက်နိုင်အောင် ပြုလုပ်ထားသည်။

လီကျွင်းက မကြာခဏ အိပ်မက်အတွင်း ဝမ်ဝေ့နှင့် တိုက်ခိုက်လေ့ရှိ၏။ ထိုလေ့ကျင့်ရေးတစ်ခုက ရန်သူ၏ စိတ်အခြေအနေကို သုံးသပ်နိုင်စေရန်ဖြစ်ကာ စကားလုံးများဖြင့် တစ်ဖက်လူ၏ စိတ်နှင့် စိတ်ဝိညာဉ်ကို သက်ရောက်မှုရှိစေရန် ဖြစ်သည်။

လီကျွင်းက သူ့ကို ရူးသွပ်သွားစေလောက်သည့် ဆိုးဆိုးရွားရွား စကားများကိုပင် ကြားခဲ့ဖူးသည်။ သူတို့၏ လှုံ့ဆော်မှုအတွင်း ဝမ်ဝေ့က သူ့အပေါ် တစ်ကွက်ပင် မတိုက်ခိုက်ဘဲ ရှုံးနိမ့်သွားအောင် လုပ်ခဲ့ဖူးသည်။ ထိုသူက သူ့ဒေါသကို သူ့ဝိညာဉ် လောင်ကျွမ်းပစ်လောက်အောင် အခြေအနေအထိ လှုံ့ဆော်ပေးခဲ့သည်။

လီကျွင်းအတွက် သူ့အစ်ကိုကြီး၏ ပါးစပ်က မိုးမြေကြားတွင် အကြီးမားဆုံးလက်နက်ထဲမှ တစ်ခုဖြစ်၏။ ကံကောင်းစွာဖြင့် သူသည် အရှက်ရှိနေဆဲဖြစ်ကာ သူ့ဂုဏ်သတင်းကို ဂရုစိုက်သည့်အတွက် ပါးစပ်ကို ထိန်းချုပ်ထားခဲ့သည်။

ကောင်းပြီလေ။ ဒါက အမှန်တော့ မဟုတ်ပါဘူး။ တိုက်ပွဲတစ်ခုကို အနိုင်ရဖို့ ဒီလိုမျိုး နည်းစနစ်တွေ ထုတ်သုံးဖို့အထိ ဘယ်သူကမှ တွန်းမပို့ဖူးသေးဘူး။ သူတို့လုပ်နိုင်ခဲ့တယ်ဆိုရင်တောင် တစ်ဖက်လူက သူတုံ့ပြန်နိုင်ဖို့အတွက် အရမ်းကိုအားကောင်းနေတာပဲ ဖြစ်ရမယ်…

“စိတ်သဘောထား ကျဉ်းမြောင်းလိုက်တာ။ ဒီဟာကွက်ကို ပြင်သင့်တယ်” လီကျွင်းက ပြောလိုက်သည့်အတွက် တိကျားယင်က ရှုံ့မဲ့သွားလေသည်။

လွတ်လပ်ခွင့် လုယူခြင်း လက်သီး - အရှိန်

တိကျားယင်က တစ်ဖက်လူဆီ ရောက်ရှိလာပြီး ထိုးချလိုက်သည်။

လီကျွင်း၏ နည်းဗျူဟာက သူမအား ထိုစွမ်းအား မရှိနိုင်တော့သည့်အချိန်အထိ အချိန်ဆွဲထားဖို့ ဖြစ်သည်။ ထို့ကြောင့် သူက တိုက်ကွက်အများစုကို ရှောင်ရှားရင်း သူမ၏ အရှိန်အဝါကို စည်းပိတ်နိုင်ရဲ့လားဟု သုံးသပ်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း သူ့ကြိုးစားမှုက ကျရှုံးခဲ့၏။ တစ်ဖက်လူ၏ လက်သီးချက်က သူ့ဆီ ချဉ်းကပ်လာသည့်အခါ သူ့ခန္ဓာကိုယ်က တုံ့ပြန်ဖို့ နှေးကွေးလာပြီး သူ၏ အာရုံကြောများ၊ စိတ်နှင့် ဝိညာဉ်၏ တုံ့ပြန်နှုန်းကပင် သိသိသာသာ လျော့ကျသွားလေ၏။

ဒီစွမ်းအားက အတော်လေးကို ရင်းနှီးနေတယ်…

သူက သူ့ဝန်းကျင်တွင် သွေးဒိုင်းကာ တစ်ခုကို ဖွဲ့စည်းရင်း တွေးလိုက်မိသည်။

ဝုန်း

သူ့ဒိုင်းကာက တစ်စက္ကန့်ပင် မခံဘဲ လွင့်ထွက်သွားကာ ကပ်ပါးလှံ စွမ်းအားကို အသုံးပြုပြီး ကျန်ရှိနေသည့် အပြိုအပျက်များထဲ ရောက်ရှိသွားလေ၏။

ကံကောင်းစွာဖြင့် သူဖန်တီးထားသည့် ဒိုင်းကာက သာမန်ခုခံရေး စွမ်းအားမဟုတ်ပေ။ သူက လိပ်ခွံဧကရာဇ်၏ ကျမ်းနှင့် တခြားသော နည်းစနစ်များကို လေ့လာပြီး ဖန်တီးထားခြင်း ဖြစ်သည်။

သူက အဆုံးမဲ့ အရွယ်အစားရှိသည့် တပ်မဟာမှ ဒိုင်းကာ သန်းထရီလီယံပေါင်းများစွာ၏ စွမ်းအားကို စုစည်းထားခြင်း ဖြစ်သည်။

တကယ်ကို ကြောက်ဖို့ကောင်းတဲ့ တိုက်ကွက်ပဲ…

လီကျွင်းက ရေရွတ်လိုက်ပြီး သူ့အရိုးနှင့် အတွင်းအင်္ဂါများ ပျက်စီးသွားသည်ကို ခံစားမိလိုက်၏။

ဒီတိုက်ကွက် အစ်ကိုကြီးရဲ့ လွတ်လပ်ခွင့်တာအိုနဲ့တူနေတာပဲ။ သူမက ငါ့ရဲ့ လွတ်လပ်ခွင့်ကို ယူသွားတာ။ ပြောရမယ်ဆိုရင် ငါ့ရဲ့ အရှိန်မြှင့်တင်ခွင့်ကို ယူသွားခဲ့တာ…

တိကျားယင်၏ အရှိန်အဝါက သူသည် ရွှံ့နွံထဲ ကျရောက်နေသလိုမျိုး ခံစားရစေသည်။ သူမက သူ့အရှိန်ကို ယူဆောင်သွားပြီးသည့်နောက်တွင် သူမ၏ တိုက်ကွက်ကို ရှောင်ရှားဖို့ရာ မဖြစ်နိုင်လောက်ပေ။

ဘန်း

ကာလံဒေသံက တုန်ခါသွားပြီး တိကျားယင်က နောက်ထပ် လက်သီးတစ်ချက် ထုတ်လွှတ်လာသည်။ ဤတစ်ကြိမ်တွင် သူမက သတ်ဖြတ်ဖို့ရာ ရည်ရွယ်ချက်ဖြင့် အားကုန်ထုတ်သုံးလိုက်လေ၏။ သို့သော်လည်း သူမကို အံ့အားသင့်သွားစေသည်က တစ်ဖက်လူသည် သနားစဖွယ်အရှိန်ဖြင့် ရှောင်ရှားလိုက်သည်။

ဘာတွေဖြစ်နေတာလဲ…

သူမက တတိယအကြိမ်မြောက် ကြိုးစားလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။

သူက ပြောင်မြောက်တဲ့ ရှောင်ရှားရေးတိုက်ကွက်ကို အသုံးပြုနေတာပဲ…

သူမက သူ၏ လှုပ်ရှားနိုင်စွမ်း သို့မဟုတ် ရှောင်ရှားနိုင်စွမ်းကို ဖယ်ရှားဖို့ ထပ်မံ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း လီကျွင်း၏ နည်းစနစ်က မြင့်မားလွန်းနေသည့်အတွက် သူမ၏ ကြိုးစားမှုက ကျရှုံးသွားရသည်။

သူ့နည်းစနစ်ရဲ့ အရည်အသွေးက အတော်လေးကို မြင့်နေတာပဲ။ ဒီလိုမျိုးဆိုရင် ခန္ဓာကိုယ်၊ စိတ်နဲ့ဝိညာဉ်အပေါ် ဖိအားအမြောက်အများဖြစ်လာမှာ…

သူမက သုံးသပ်လိုက်သည်။

သူက ကြာကြာခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ မေးခွန်းက သူက ငါ့ထက် ကြာရှည်ခံမလားဆိုတာပဲ…

ထိုစဉ် လီကျွင်းက ဘိုးဘေး၏ ကမ္ဘာကျော် ရှောင်ရှားရေးနည်းစနစ်ကို အသုံးပြုရင်း ထိုအခွင့်အရေးကို အသုံးချကာ ဒဏ်ရာများအား ကုစားနေသည်။ သို့သော်လည်း သူ့စိတ်က ခေတ္တမျှ ရပ်တန့်သွားသော်လည်း တိကျားယင်လိုမျိုး စွမ်းဆောင်ရည်ရှိသည့်သူပင် သတိမထားမိခဲ့ပေ။

ဝမ်ကျူရဲ့ အခြေအနေက အရေးကြီးတဲ့အနေအထားကို ရောက်နေပြီလား။ ဒီလိုဆိုရင် ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ မြန်မြန်လုပ်ဖို့ လိုလာပြီ…

သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်ကာ သူမအား ချောင်တွန်းပို့ကာ နောက်ဆုံးဝှက်ဖဲကို အသုံးပြုဖို့ မည်သို့ဖိအားပေးနိုင်မလဲဟု စဉ်းစားနေမိသည်။ သူမက ထိုသို့မလုပ်ဆောင်နိုင်ခင် အနိုင်ပိုင်းပစ်နိုင်ခဲ့လျှင် အကောင်းဆုံး ဖြစ်၏။ သို့သော် သူ့အနေနှင့် ထိုသို့သော အဆင့်မျိုးရှိသည့် တစ်ဖက်လူအပေါ် အောင်မြင်နိုင်ပါ့မလားဟု သံသယဖြစ်မိသည်။

All Chapters