လီကျွင်းနှင့် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၆)
Vol. 60 Ch. 837
သူမက ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်နိုင်တဲ့ ပိုင်နက်အမျိုးအစားတိုက်ခိုက်သူပဲ…
လီကျွင်းက စိတ်ထဲတွင် ထိုသို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ဖို့ နည်းလမ်းကို တွက်ချက်နေရင်း သုံးသပ်လိုက်သည်။
သူမရဲ့ နည်းစနစ်က လှည့်ဖျားရေးစစ်ဆေးမှုတုန်းက ရှစ်ရို့လန်ကို သတိရသွားစေတယ်။ အဲဒါကြောင့် ဒီဟာကို ဖြေရှင်းဖို့ တူညီတဲ့ နည်းလမ်းကို သုံးဖို့ လိုတယ်…
အာဏာရှင်က ဘာကို ကြောက်လဲ။ ဒါမှမဟုတ် အာဏာရှင်ရဲ့ စွမ်းအားကို ဘယ်သူက ယှဉ်နိုင်လဲ။ အာဏာရှင်ကို မကြောက်တဲ့သူ၊ အာဏာရှင်နဲ့ စွမ်းအားတူ၊ အဆင့်အတန်းတူရှိတဲ့သူ…
ဝုန်း
လီကျွင်း၏ ခန္ဓာကိုယ်မှ မြင့်မြတ်သည့် အရှိန်အဝါတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။ ထိုအရှိန်အဝါ ပေါ်ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အရှိန်အဟုန်က သိသိသာသာ လျော့ကျသွားပြီး အသုံးမဝင်လောက်သည့်နီးပါးအထိ ပျောက်ပျယ်သွားသည်။
ဧကရာဇ်အရှိန်အဝါလား…
တိကျားယင်က တိုက်ခိုက်မှုကို ရပ်တန့်ရင်း တွေးလိုက်မိသည်။ သူမ ခံစားနေရသည့် မြင့်မြတ်သည့် အရှိန်အဝါက ပွင့်ချပ် ၃လွှာဧကရာဇ်နှင့် တူညီနေလေ၏။ ထို့ကြောင့် သူမက ချက်ချင်း သဘောပေါက်သွားသည်။
မဟုတ်သေးဘူး။ ဒါက အတုယူထားရုံလောက်ပဲ…
ဒါပေမဲ့ ငါ့ရဲ့ နည်းစနစ်ကို ဖြေရှင်းဖို့တော့ လုံလောက်တယ်…
မိုးမြေကြားမှ အမြင့်မြတ်ဆုံး၊ အထွတ်အထိပ်အကျဆုံး တည်ရှိမှုက ဘာဖြစ်နိုင်သနည်း။
အဖြေက သိသာလှ၏။ သက်ရှိအားလုံး၏ အထက်တွင် ရပ်တည်နေသည့် မဟာဧကရာဇ်သာ ဖြစ်ပေသည်။ ထို့ကြောင့် အာဏာရှင်က မဟာဧကရာဇ်တစ်ယောက်အပေါ် မည်သို့ လွှမ်းမိုးနိုင်မည်နည်း။ အာဏာရှင် မဟာဧကရာဇ်တစ်ယောက် ဖြစ်လာဖို့သာ ဖြစ်၏။ ကံဆိုးစွာဖြင့် တိကျားယင်က ထိုသို့သော ဧကရာဇ်မျိုးကို မမြင်တွေ့ဖူးသည့်အတွက် အငွေ့အသက်ကို အတုမခိုးနိုင်ပေ။
မဟုတ်သေးဘူး။ ငါ့ရဲ့ အရှိန်အဝါက ဧကရာဇ်ကို ဖိနှိပ်ဖို့ ရည်ရွယ်ထားတာ။ ဘယ်လိုလုပ် အလုပ်မဖြစ်ရတာလဲ…
သူမက ထိုမေးခွန်းကို မေးလိုက်သည့်အချိန် အဖြေကို သိသွားလေ၏။ ပွင့်ချပ် ၃လွှာဧကရာဇ်က အဆုံးသတ်တွင် သေမျိုးတစ်ယောက်အနေဖြင့်သာ သူမနှင့် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူမနည်းစနစ်၏ အနှစ်သာရက အစကတည်းက ပြစ်ချက် ရှိနေခဲ့သည်။
ငါ့နည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက ဒီလူနှစ်ယောက်နဲ့ တူညီတဲ့ အနေအထားကို ရောက်လာဖို့ပဲ…
အကယ်၍ သူမသာ သေမျိုးနှင့် မဟာဧကရာဇ်ကြားမှ အတားအဆီးကို ချိုးဖောက်နိုင်လျှင် သူမ၏ နည်းစနစ်က မယုံကြည်နိုင်ဖွယ် အနေအထားသို့ ရောက်ရှိသွားလိမ့်မည်။ နှမြောစရာကောင်းလှသည်က သူမသည် ထိုအရာက မဖြစ်နိုင်ကြောင်း သိထားလေ၏။
တကယ့်မေးခွန်းက လီကျွင်းက ဧကရာဇ်တစ်ယောက်ရဲ့ အရှိန်အဝါကို ဘယ်လိုအတုခိုးနိုင်ခဲ့တာလဲဆိုတာပဲ..
သူမက ခေါင်းရှုပ်နေမိသည်။ သူမအနေဖြင့် လီကျွင်းသည် အင်မော်တယ်အဆင့် အရင်းအမြစ်များကို ရဖို့အတွက် ဂိုဏ်း၏ အခက်အခဲဆုံးသော စစ်ဆေးမှုများစွာကို ကျော်ဖြတ်ခဲ့ရမှန်း သိမည်မဟုတ်ပေ။ သူ့အဓိကစစ်ဆေးမှုက မဟာဧကရာဇ်များအပါအဝင် မသေမျိုးများစွာ၏ အလောင်းမှ ထွက်ပေါ်နေသည့် သတ်ဖြတ်ရေး အရှိန်အဝါများကို ခုခံဖို့ ဖြစ်သည်။
အချိန်အတော်ကြာ ခုခံပြီးသည့်နောက်တွင် သူက အနေအထားတစ်ခုအထိ အတုခိုးလာနိုင်၏။
သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါ၏ သက်ရောက်မှုကို ဖယ်ရှားပြီးသည့်နောက်တွင် လီကျွင်းက ဆက်လက် တိုက်ခိုက်လိုက်သည်။ သူက ဝှက်ဖဲတစ်ခုဖြစ်သည့် တုယီနယ်ပယ်ကို ထုတ်သုံးဖို့ တုံ့ဆိုင်းမနေပေ။
သူက လက်ထဲတွင် လှံကို ကိုင်ဆောင်ကာ ပစ်ခတ်သည့်အနေအထား ဆောင်ရွက်လိုက်သည်။
ဝုန်း
အနီရောင်အလင်းတန်းက လေဟာနယ်အတွင်း ဖြတ်ပြေးသွားပြီး တိကျားယင်ဆီ ရောက်ရှိလာသည်။ ထို့နောက် ချက်ချင်းဆိုသလို သူမ၏ အန္တရာယ်ခံစားနှုန်းက အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာ၏။
ဒါသာ ငါ့ကို ထိမှန်တယ်ဆိုရင် မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်တယ်…
တိုင်းပြည်တစ်ခု၏ စတေးမှု
သူမရှေ့တွင် အာဏာရှင်တစ်ယောက်၏ ဘဝအတွက် အသက်ထရီလီယံပေါင်းများစွာ စတေးထားသည့် စွမ်းအားပါဝင်နေသော ဒိုင်းကာတစ်ခု ပုံပေါ်လာသည်။ နှမြောစရာကောင်းလှသည်က သူမ၏ အားထုတ်မှုက အသုံးမဝင်ခဲ့ပေ။ ထိုလှံက သူမ၏ ကာကွယ်မှုကို ချိုးဖောက်ကာ နှလုံးသားဆီ ထိုးစိုက်သွားလေ၏။
ကံကောင်းစွာဖြင့် တိကျားယင်၏ တိုက်ပွဲစွမ်းရည်က မြင့်မားနေသည့်အတွက် အရေးကြီးသည့် အင်္ဂါရပ်များကို ကာကွယ်နိုင်လိုက်သည်။
တုယီနယ်ပယ် စွမ်းအားလား။ ဘာလို့အဲ့လောက် အားကောင်းနေရတာလဲ။ ဒါက အဆင့်မြင့်ပုံစံလား…
တိကျားယင်က သူမပါးစပ်မှ သွေးများ စီးကျလာပြီး ဝမ်းဗိုက်တွင် တင်းနစ်ဘောလုံးအရွယ် အပေါက်တစ်ခု ရှိနေလေသည်။
ပွင့်ချပ်၃လွှာ ဧကရာဇ်နှင့် တိုက်ပွဲမတိုင်ခင် သူမက မဟာဧကရာဇ်များအကြောင်း လေ့လာခဲ့ဖူးသည်။ ထို့ကြောင့် မဟာဧကရာဇ်တစ်ယောက်၏ စွမ်းအားကို ပြောဆိုနိုင်သည့် အဓိက လေးချက် ရှိကြောင်း သိထားလေ၏။ မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်း၊ တာအိုခန္ဓာ၊ တာအိုအမှတ်အသားနှင့် တာအိုဆန္ဒတို့ ဖြစ်သည်။
ပထမသုံးခုက ဧကရာဇ်အားလုံးရှိသည့် အရာဖြစ်ပြီး နောက်ဆုံးတစ်ခုက အတုအယောင်နှင့် အစစ်အမှန် ထာဝရဧကရာဇ်များသာ သုံးစွဲနိုင်သည်။ တာအိုဆန္ဒက ထာဝရဧကရာဇ်များ တခြားသူများထက် ပိုမိုအားကောင်းနေရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေ၏။
တာအိုဆန္ဒတွင် လုပ်ဆောင်ချက် ၃ခု ရှိလေသည်။ တိုက်ပွဲမြှင့်တင်မှု၊ တာအိုအမှတ်အသား ပယ်ဖျက်မှုနှင့် ဆန့်ကျင်ခြင်းတို့ ဖြစ်သည်။
မှန်မှန်ကန်ကန် အသုံးပြုသည့်အခါ ထိုအရာက ဧကရာဇ်၏ အရှိန်၊ တိုက်ခိုက်ရေး၊ ခုခံနိုင်စွမ်းနှင့် သက်လုံအပါအဝင် အားလုံးကို မြှင့်တင်ပေးနိုင်သည်။ တာအိုအမှတ်အသား ပယ်ဖျက်ခြင်းက လူအများက ထာဝရဧကရာဇ်များကို ကြောက်ရွံ့ရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ဧကရာဇ်တစ်ယောက်က သူတို့၏ အမှတ်အသားရှိနေသရွေ့ ထာဝရ ကြာရှည်တည်ရှိနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုအမှတ်အသားများကို ဖယ်ရှားလိုပါက သူတို့တွင် တာအိုဆန္ဒ မရှိသရွေ့ ယွမ်ခေတ်ကာလများစွာ ကြာမြင့်နိုင်သည်။
နောက်ဆုံးတွင် တာအိုဆန္ဒက ထာဝရဧကရာဇ် သို့မဟုတ် ခန္ဓာကိုယ်လေ့ကျင့်သူများနှင့် ဖြေရှင်းဖို့ရာအတွက် အဓိကသော့ချက် ဖြစ်၏။ ထိုအရာက ထာဝရဧကရာဇ်များ၏ ထာဝရဂုဏ်သတ္တိနှင့် ခန္ဓာကိုယ်လေ့ကျင့်သူများ၏ ပြန်လည်ကုစားနိုင်စွမ်းကို ဆန့်ကျင်နိုင်စွမ်း ရှိသည်။
တုယီနယ်ပယ်က တာအိုဆန္ဒ၏ ရှေ့ပြေးပုံစံတစ်ခု ဖြစ်ပြီး ထိုလုပ်ဆောင်ချက်များ ရှိသော်လည်း အဆင့်နိမ့်လေသည်။ သို့သော်လည်း သူမ စုဆောင်းထားသည့် သတင်းအချက်အလက်များအရ တုယီနယ်ပယ်အတွက် လုပ်ဆောင်ချက်များသည် ဗလာခေတ်ကာလ အဆုံးသတ်သွားကတည်းက ဒိုင်မေးရှင်းအနိမ့်တွင် ရှားပါးလာခဲ့၏။
တိထျန်းက သူမအား အဆင့်မြင့် လုပ်ဆောင်ချက်များအကြောင်း သင်ပေးမထားပေ။
တိကျားယင်၏ စိတ်ထဲ ထိုအတွေးများ ပေါ်ထွက်လာပြီးသည့်နောက်တွင် နောက်လှုပ်ရှားမှုအကြောင်းကို စဉ်းစားလိုက်သည်။ သူမက ပြန်လည်ကုစားနိုင်စွမ်းသည် နိမ့်ကျနေကြောင်း ခံစားမိလိုက်၏။ အပေါက်ကြီးသည် ချက်ချင်း ကုစားနိုင်ရမည့်အစား လိပ်တစ်ကောင်လိုနှုန်းဖြင့် ဖြည်းဖြည်းချင်း ကုစားနေသည်။
ထိုစဉ် လီကျွင်း၏ လှံတံက သူ့လက်တွင် ပြန်လည်ပေါ်လာသည်။
တိကျားယင်က သူမတွင် အချိန်မရှိကြောင်း သိ၍ အလျင်အမြန်လှုပ်ရှားလိုက်သည်။
နောက်ထပ် ဧကရာဇ်အသုံးအဆောင်ပစ္စည်းတစ်ခုက သူမအနား ပေါ်ထွက်လာသည်။ ထိုအရာက အသက်ဓာတ် အမြောက်အများပါဝင်နေသည့် သစ်ပင်ငယ်တစ်ခု ဖြစ်၏။
အဆုံးမဲ့အသက်ဓာတ်က သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ ဒဏ်ရာများကို ကုစားပေးနေသည်။ သို့သော်လည်း ထိုပစ္စည်းကို အသုံးပြုရခြင်း၏ အဓိကရည်ရွယ်ချက် မဟုတ်သေးပေ။
သွေးစတေးမှု လျှို့ဝှက်နည်းစနစ်
တိကျားယင်က သွေးပုလဲ အသုံးပြုပစ္စည်းအတွက် သွေးစွမ်းအားနှင့် အသက်ဓာတ်ကို စတေးခဲ့သည်။ အပြန်အလှန်အားဖြင့် သူမ၏ အရှိန်အဝါက ထပ်မံ မြင့်တက်လာ၏။ ထိုသို့သော အပြုအမူမျိုးက တန်ကြေးကြီးကြီးမားမား ပေးရမည်ဖြစ်သော်လည်း နောက်ထပ် ဧကရာဇ်အသုံးအဆောင်ပစ္စည်းတစ်ခုက ဆိုးကျိုးကို လျှော့ချပေးထားသည်။
စိတ်ခုဖို့ ကောင်းလိုက်တာ…
လီကျွင်းက သူ့ခန္ဓာကိုယ်မှ ယခင်ဖိအားကို ပြန်လည်ခံစားမိလိုက်၍ ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က နွံထဲရောက်နေသလိုမျိုး ထပ်မံ ခံစားနေရ၏။
သူမက ဧကရာဇ်အသုံးအဆောင် ပစ္စည်းနှစ်ခုကို သုံးရင်း ကြာကြာတောင့်ခံနိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူမဆီက ကြိုးစားအားထုတ်မှုမျိုးကို မခံစားရသေးဘူးဆိုတော့ သူမရဲ့ ကန့်သတ်ချက်အထိတော့ မရောက်သေးတဲ့ပုံပဲ…
အဆုံးမဲ့သတ်ဖြတ်ရေး ကမ္ဘာ…
လီကျွင်းက တိကျားယင်၏ ပိုင်နက်လို တိုက်ခိုက်ရေးပုံစံကို ရင်ဆိုင်ဖို့ ပိုင်နက်နည်းစနစ်ကို အသုံးပြုခဲ့သည်။ သူက သတ်ဖြတ်ရေးစွမ်းအား ပါဝင်နေသည့် ဒိုင်မေးရှင်းအငယ် တစ်ခုဖြင့် ဝန်းရံထားလိုက်သည်။
ထို့ကြောင့် သူမ၏ အရှိန်အဟုန်က သူ့ဆီ မရောက်ခင် ထိုဒိုင်မေးရှင်းကို ဖြတ်ကျော်လာဖို့ လိုအပ်သည်။ ထိုအခါ သူက လှံတံကို ဒုတိယအကြိမ်မြောက် ပစ်ခတ်လိုက်သည်။
ကျစ်…
တိကျားယင်က သူမကိုယ်သူမ ကာကွယ်ဖို့အတွက် နောက်ဆုံးသော ခွင့်ပြုထားသည့် ဧကရာဇ် အသုံးအဆောင်ပစ္စည်းကို ဆင့်ခေါ်လိုက်သည်။ နှမြောစရာကောင်းလှသည်က လီကျွင်းသည် သူမ၏ လှုပ်ရှားမှုကို ခန့်မှန်းထားပြီးသားဖြစ်သည့်အတွက် ကောင်းကင်အထက် အသုံးအဆောင်ပစ္စည်း ရုတ်ချည်း ထွက်ပေါ်လာကာ သူမကို စည်းပိတ်သွားလေ၏။
ပို၍ဆိုးရွားသွားသည်က ထိုအသုံးအဆောင်ပစ္စည်းများ အားလုံးသည် စည်းပိတ်စွမ်းအားအပေါ် အခြေခံထားခြင်း ဖြစ်၏။
သူက ဒီစည်းပိတ်ရေး အသုံးအဆောင်ပစ္စည်းတွေကို ဘယ်ကရလာတာလဲ။ တာအိုအခွင့်အလမ်းဂိုဏ်းမှာ ဒီလိုအရာမျိုး ရှိလို့လား…
ထိုအရာက သူမကိုယ်သူမ ကာကွယ်နေရင်း နောက်ဆုံးတွေးမိသည့် အတွေး ဖြစ်သည်။
သို့သော်လည်း ထိုမေးခွန်းက တုံးအလှသည်။ ဧကရာဇ်မျိုးနွယ်အများစုက ဧကရာဇ် ပြုစုပျိုးထောင်နိုင်သည့် အရေအတွက်ထက် အသုံးအဆောင်ပစ္စည်းများ ရှိလေသည်။ သူတို့က ကံအပြောင်းအလဲ အခွင့်အရေးများမှ ရရှိသလို ဖျက်စီးလိုက်သော တခြားမျိုးနွယ်များဆီမှလည်း ရရှိထားသည်။
ဘန်း
တိကျားယင်က ဘယ်ဖက်လက်မောင်း ဆုံးရှုံးသွားလေ၏။ သို့သော်လည်း သူမက အော်ဟစ်ခြင်း မရှိသလို ညည်းတွားခြင်းလည်း မရှိပေ။ သူမ၏ အကြည့်က ကြည်လင်နေသည့်အချက်ကို လီကျွင်းပင် သတိထားမိလိုက်သည်။
ရောက်တော့မယ်…
သူက တတိယမြောက် တိုက်ကွက်ကို ပြင်ဆင်ရင်း တွေးလိုက်မိသည်။
တိကျားယင်က သူ့ဆီ ပြေးဝင်လာသည်ကို မြင်လိုက်ရ၍ နောက်ဆုတ်လိုက်သည်။ သူမ၏ လက်ရှိအနေအထားက သူ့ထက် ပိုမိုမြင့်မားနေသည်။
တစ်ဖက်သတ် အောင်မြင်မှု၏ အကြောင်းအရင်းကမူ ထိုလျှို့ဝှက်နည်းစနစ်အများစု၏ ဆိုးကျိုးကြောင့် ဖြစ်ပေသည်။ ထာဝရအရှင်အဆင့်တွင် ပွင့်ချပ် တစ်လွှာချင်းစီ၏ စွမ်းအားကွာဟချက်က ကြီးမားလွန်းပြီး အလွယ်တကူ ချေဖျက်မရပေ။
သို့သော် ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများက ထိုအရာကို မတည်ရှိသကဲ့သို့ မှတ်ယူကြလေသည်။ လူများက ပွင့်ချပ်ကြားရှိ အတားအဆီးကို အလွယ်တကူ ချိုးဖောက်နိုင်ကြသည်။
ပွင့်ချပ်များ၏ ကန့်သတ်ချက်ကို ကျော်လွန်အောင် တွန်းပို့နိုင်သည့် လျှို့ဝှက်နည်းစနစ်များသူက တစ်ဖက်သတ် ဖြစ်လေသည်။ သူတို့က အသုံးပြုသူ၏ စွမ်းအားကို ထိုအဆင့်အထိ တိုးမြှင့်ပေးသော်လည်း အရှိန်၊ ခုခံနိုင်စွမ်းနှင့် သက်လုံအစရှိသည့် အရာများက ပြောင်းလဲသည်ဆိုရုံမျှသာ ဖြစ်၏။
လျှို့ဝှက်နည်းစနစ် တချို့ကသာ အလုံးစုံကို တိုးမြှင့်ပေးနိုင်သည်။
တိကျားယင်၏ စွမ်းအားက ထိုအဆင့်သို့ ရောက်ရှိနေသော်လည်း သူမ၏ အရှိန်နှင့် ခုခံနိုင်စွမ်းက ပွင့်ချပ် ၇လွှာအဆင့်သာ ရှိနေသေး၏။ ပြောရလျှင် လီကျွင်း၏ ပထမဆုံးတိုက်ကွက်က သူမ၏ အင်မော်တယ်ချပ်ဝတ်ကို ဖျက်ဆီးပစ်ခဲ့သည့်အတွက် ပိုမို နိမ့်ကျသွားခဲ့သည်။
ဝုန်း
လီကျွင်း၏ လှံတံက သူမ၏ ခေါင်းကို ချိန်ရွယ်ခဲ့သော်လည်း ညာဘက်လက်ကို ယူဆောင်သွားခဲ့သည်။ ထို့နောက် သူမ၏ မျက်ဝန်းနှင့် အမူအရာတွင် ကူကယ်ရာမဲ့မှုနှင့် အကြောက်တရားကို မြင်တွေ့လိုက်ရ၏။
စိတ်ဝင်စားစရာပဲ။ အနီးကပ်လာဖို့ တမင်မျှားခေါ်နေတာပဲ…
သူက ဝမ်ဝေ့ဆီမှ စုယာ၏ ဖုံးကွယ်ထားသော စိတ်ခံစားချက် အငွေ့အသက် ကျင့်စဉ်ကို သင်ယူခဲ့သည့်အတွက် တိကျားယင်၏ နည်းဗျူဟာကို ဖောက်ထွင်းမြင်နိုင်သည်။
ဝုန်း ဝုန်း
သူက ကျန်ရှိနေသည့် ခြေလက်များကို ယူဆောင်လိုက်၏။
ကျစ် သူက ဒီအကွက်ထဲ ကျမလာဘူးပဲ…
သူမက တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
အဲဒီကောင်စုတ်ဆီက ရထားတာဆိုတော့ အသုံးမပြုချင်ဘူးဆိုပေမဲ့ အခုတော့ ရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ…
ထို့နောက် အဆုံးမဲ့စကြဝဠာတစ်လျှောက် သွေးများ စီးဆင်းလာသလိုမျိုး အသံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို တိကျားယင်၏ ခန္ဓာကိုယ်မှ လျှို့ဝှက်စွမ်းအား တစ်ခု ထွက်ပေါ်လာကာ သူမ၏ ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားသည်။
ထိုအရာက အဆုံးသတ် မဟုတ်သေးဘဲ သူမ၏ အရှိန်အဝါက အမည်မသိ အတားအဆီးတစ်ခုသို့ ရောက်သည်အထိ ဆက်လက် မြင့်တက်လာသည်။
အဆင့်(၁)တာအိုဘိုးဘေးရဲ့ စွမ်းအားပဲ…
လီကျွင်းက အာရုံစူးစိုက်ကာ ရေရွတ်လိုက်သည်။
ဒါက တိထျန်းရဲ့ သွေးမျိုးဆက်စွမ်းအားပဲ ဖြစ်ရမယ်…
သူက တိကျားယင်သည် တိထျန်းနှင့် သွေးဆက်နွယ်မှုကို အသုံးပြု၍ ထိုစွမ်းအားကို ရယူခဲ့ကြောင်း နားလည်လေသည်။ သူမက သူ့ဘိုးဘေးဖြစ်သော်လည်း သူတို့သွေးကြောများတွင် စီးဆင်းနေသည့် သွေးမျိုးဆက်က ဆက်နွယ်နေဆဲ ဖြစ်၏။
သွေးမျိုးဆက်မှတဆင့် ကျင့်ကြံခဲ့ကြသည့် အစောပိုင်းဧကရာဇ်ခေတ်ကာလကတည်းက နေထိုင်ခဲ့သော တိထျန်းလိုမျိုး လူမျိုးအတွက် ဒီလိုမျိုးလုပ်ဆောင်နိုင်ခြင်းက ဘာမှမဟုတ်ပေ။
နောက်ဆုံးတော့ သူမက အကုန်ထုတ်သုံးပြီပဲ…
လီကျွင်းက တွေးလိုက်မိသည်။
ဒါပေမဲ့ ငါ သတိကြီးကြီးထားဖို့ လိုတယ်။ ငါ ဒီအခြေအနေကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ကံကောင်းတာက ဟို့ဖုန်းဟွမ်နဲ့ စကားဝိုင်းကနေ အကျိုးအမြတ် အများကြီး ရလိုက်တာပဲ…