← Chapters

ယန်းလီလင်း၏ တိုက်ပွဲ အပိုင်း(၁)

Vol. 60 Ch. 839

ယန်းလီလင်း၏ တိုက်ပွဲ အပိုင်း(၁)

Vol. 60 Ch. 839

ဂျွတ်

လီကျွင်းက အသွင်ပြောင်းမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် သတ္တုကျိုးပဲ့သံများ ထွက်ပေါ်လာလေ၏။ သူ့မျက်နှာက ဖြူဖျော့နေကာ သူ၏ အနီတောက်တောက် ဆံပင်များကလည်း အသက်ဝင်မှု လျော့နည်းကာ မှေးမှိန်နေသည်။

လီကျွင်းက အချိန်မဖြုန်းဘဲ ဆေးလုံးတချို့ကို သောက်သုံးကာ သူ့လက္ခဏာများကို ကုသလိုက်သည်။

“ဂယက်ရိုက်မှုက ငါ ထင်ထားတာထက် ပိုပြီးတော့ ပြင်းထန်နေတာပဲ” သူက ရေရွတ်လိုက်သည်။ အကယ်၍ ကမ္ဘာဦးနဂါးအဆင့်သို့ ရောက်ရှိထားခြင်းကြောင့်သာ မဟုတ်လျှင် သူ့ခန္ဓာကိုယ်က သူ့ကန့်သတ်ချက်ထက် ကျော်လွန်နေသည့် စွမ်းအားအမြောက်အများကို အသုံးပြုပြီးသည့်နောက်တွင် ပြိုလဲသွားလိမ့်မည်။

တကယ်လို့ ငါ့ဆီမှာသာ အသူရာမျိုးနွယ်ရဲ့ သွေးမျိုးဆက်ရှိမယ်ဆိုရင် ဒီကျင့်စဉ်ရဲ့ ဆိုးကျိုးကို လျှော့ချပြီးတော့ မြင့်မားတဲ့အဆင့်အထိ မြှင့်တင်နိုင်လိမ့်မယ်…

သူက နှမြောတသဖြင့် ရေရွတ်လိုက်သည်။ သူ့အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် တခြားတိုက်ပွဲကွင်းပြင်များကို ကြည့်လိုက်ပြီး တခြားသူများ၏ အခြေအနေကို အကဲဖြတ်လိုက်သည်။

ထျဲ့ကန်ကို စိုးရိမ်နေမိတာ။ ဒါပေမဲ့ သူ့ရဲ့ ရက်စက်ပြီး ကြင်နာခြင်း ကင်းမဲ့တဲ့ ချဉ်းကပ်မှုက အလုပ်ဖြစ်တဲ့ပုံပဲ…

သူက သူ့ဇနီးအပါအဝင် အားလုံးကို စစ်ဆေးကြည့်လိုက်သည်။

ဒီမိန်းကလေးကတော့…

သူက အရေးကြီးဆုံးလူကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မလုံမလဲ ပြုံးလိုက်မိသည်။

ဝမ်ကျူက အဆင်သင့်နီးပါးဖြစ်နေပြီ။ ငါလည်း နောက်အဆင့်အတွက် ကြိုတင်ပြင်ဆင်ထားရမယ်။

လီကျွင်းက လေဟာနယ်ထဲ တင်ပျဉ်ခွေထိုင်ကာ သူ့ကုစားနှုန်းကို မြှင့်တင်ဖို့အတွက် တရားထိုင်ခြင်း အနေအထားသို့ ဝင်ရောက်သွားခဲ့သည်။

……………………………………………

အနောက်ဘက်ပိုင်း

တိထျန်းက တိကျားယင်၏ သူရဲဘောကြောင်သည့် အပြုအမူနှင့် သစ္စာဖောက်သွားသည်ကို ကြည့်နေလေသည်။ သူ့အမူအရာက မပြောင်းလဲသော်လည်း သူ့မျက်ဝန်းထဲတွင် ဒေါသနှင့် ထိုအရာကို ထင်မှတ်ထားပြီးသားဖြစ်ကြောင်း အရိပ်အယောင်များ ရှိနေလေ၏။ သူက တခြားတိုက်ပွဲများကို ကြည့်လိုက်သည်။

တကယ်လို့ ငါ့ရဲ့အိပ်စက်သူတွေသာ အကောင်းအတိုင်းရှိနေမယ်ဆိုရင် ဒီလိုအရာမျိုး ဖြစ်လာမှာမဟုတ်ဘူး…

သူ့အိပ်စက်သူများက သံသရာမှတဆင့် ဆေးကြောမှုမြောက်များစွာ ခံယူပြီးသည့်နောက်တွင် ထူးကဲသည့် ဝိညာဉ်များနှင့် ပါရမီထူးကဲသူများ ဖြစ်လာကြသည်။ သူ့လေ့ကျင့်ပေးမှုဖြင့် သူတို့သည် သူ့အတွက် ဘာမဆို စတေးပေးနိုင်သည့် ပြီးပြည့်စုံသော စစ်သူကြီးများ ဖြစ်လာကြလိမ့်မည်။

တိထျန်းက သူ့စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် ပြန်လည်စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

ငါ့ရဲ့ နဂိုအစီအစဉ်က ဒီလူတွေကို ငါနဲ့ ဝမ်ဝေ့ တိုက်ပွဲမှာ ငါ့ကို အားဖြည့်ပေးနိုင်ဖို့ အစီအရင် ခင်းကျင်းပေးနိုင်အောင်လို့ပဲ…

တိထျန်းအနေဖြင့် တိကျားယင် ထွက်ခွာသွားမှုကြောင့်ကိစ္စများသည် သူ လိုချင်သလို ဖြစ်မည် မဟုတ်ကြောင်း သိ၍ ရေရွတ်လိုက်သည်။

ဝမ်ဝေ့၏ အစီအစဉ်ကလည်း တူညီနေနိုင်ချေ ရှိတယ်။ ငါတို့တိုက်ပွဲမတိုင်ခင် သူတို့ကို သတ်ပစ်လိုက်ရမလား…

သို့သော်လည်း ထိုအတွေး သူ့စိတ်ထဲ ပေါ်ထွက်လာသည်နှင့် သူ့အပေါ် ကျရောက်နေသည့် အကြည့်တစ်ခုကို ခံစားမိကာ ထိုအကြည့်က သူ့လှုပ်ရှားမှုတိုင်းကို တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေဟန်ပေါ်၏။

ထားလိုက်ပါတော့။ အပြတ်အသတ်ရှုံးနိမ့်မှုအတွက် ကြိုတင်ပြင်ဆင်ထားရမယ်…

အရှေ့ဘက်ပိုင်း

ဝမ်ဝေ့က လီကျွင်း၏ တိုက်ပွဲရလဒ်ကို ကြည့်ကာ ခန့်ညားချောမောသည့် မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာသည်။ သူ့မျိုးဆက်ရှိ လူများစွာက စစ်သူကြီးကောင်းတစ်ယောက်၏ အရေးပါမှုကို အာရုံမရှိသလောက်နီးပါး နည်းပါးခဲ့၏။ လီကျွင်းသည် သူ့ပါရမီကို ပြသပြီးသည့်နောက်မှသာ ထိုအရေးသာမှုကို စတင် အာရုံစိုက်လာခဲ့ကြသည်။ သို့သော်လည်း သူက သူ စတင်မကျင့်ကြံခင်ကတည်းက သူ့အဖွဲ့ကို စတင်လေ့ကျင့်ထားပြီးသားဖြစ်၏။

အလားအလာကောင်းသည့် စစ်သူကြီးတစ်ယောက်၏ ကဏ္ဍက တိုက်ပွဲကွင်းပြင်တွင် မည်မျှ အရေးကြီးကြောင်းသိထားကာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူက တိထျန်း၏ အိပ်စက်သူများကို ဖျက်ဆီးပစ်ရသည့် အကြောင်းအရင်းတစ်ခုက လီကျွင်းနှင့် တခြားသူများအဆင့်လောက် စစ်သူကြီး ပြုစုပျိုးထောင်နိုင်ချေကို တားဆီးဖို့ရာအတွက် ဖြစ်၏။

အိပ်စက်သူတွေရဲ့ ခြိမ်းခြောက်မှုကို သုတ်သင်ပစ်လိုက်တာက ငါ လုပ်ခဲ့ဖူးတဲ့အထဲ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့အပြုအမူက အသင်္ချေအင်ပါယာကမ္ဘာတစ်ဝန်းတွင် အားအကောင်းဆုံး သတင်းစုစည်းရေး အင်အားစုကို ရယူနိုင်ခဲ့သည်။

သူက တိထျန်း၏ ဘယ်လက်ရုံး၊ ညာလက်ရုံးများကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ တိကျားယင်၏ သစ္စာဖောက်မှုက တိထျန်းသည် ယုံကြည်မှုနှင့် သစ္စာရှိမှု ခိုင်မာခြင်း မရှိသည့် စစ်သူကြီးတစ်ယောက်ကို အလျင်စလို ဖန်တီးခဲ့မိသည့် ရလဒ်သာဖြစ်၏။

ငါ့လိုလူမျိုးအတွက် ဒီလိုအဖွဲ့မျိုးက ပြစ်ချက်တစ်ခုကလွဲပြီး ဘာမှမဟုတ်ဘူး….

ဝမ်ဝေ့က တိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေရင်း တွေးလိုက်မိသည်။ သူက အားအနည်းဆုံးဖြစ်သည့် ထျဲ့ကန်ကို အာရုံစိုက်ထား၏။

အနည်းငယ် စိုးရိမ်နေသော်လည်း သူ့လူများ၏ စွမ်းဆောင်ရည်ကို ယုံကြည်ထားသည်။

သိပ်မကြာခင် ငါ့ရဲ့နှစ်များစွာ ကြိုတင်စီမံထားမှုက အသီးအပွင့်ရလာတော့မယ်။ အစီအစဉ်အောင်မြင်သွားတာနဲ့ အနိုင်ရရှိနိုင်ချေကလည်း ၁ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားလိမ့်မယ်…

…………………………

မြေကမ္ဘာပိုင်နက်

ချိုက်စုန့်က သူ့ရှေ့တွင် ရှိနေသည့် မြေနီရောင် စစ်သည်တော်ကို စိတ်ဝင်တစားကြည့်နေလေ၏။ ထိုအရာက ရုပ်ထုနှင့် တူညီပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖျက်စီးထားမှုက အဖျက်စွမ်းအားကို ညွှန်ပြနေသည်။

နှမြောစရာကောင်းလှသည်က ထိုအရာသည် အဆိုးရွားဆုံး ပြိုင်ဘက်နှင့် ထိပ်တိုက်တွေ့ဆုံနေရ၏။ ချိုက်စုန့်၏ ရုပ်သေးပါရမီက ပြိုင်ဘက်ကင်းလှသည်။ ချန်းချန်၏ ဝိညာဉ်ကို ရယူပြီးသည့်နောက်တွင် သူမက ရုပ်သေးရုပ်အကြောင်း ဗဟုသုတအသစ်၊ စွမ်းအားအသစ်နှင့် အမြင်အသစ်တို့ကို ရရှိခဲ့၏။

ထို့ကြောင့် အချိန်တိုအတွင်း သူမက ထိုဖျက်စီးခြင်း လက်နက်ကို ပိတ်ထားမည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။

ဒီရုပ်သေးရုပ်က သက်မဲ့နဲ့ သက်ရှိကြားက အတားအဆီးကို ချိုးဖောက်လုနီးပါးဖြစ်နေပြီဆိုတော့ သက်ရှိပုံစံအသစ်တစ်ခုအဖြစ် မှတ်ယူလို့ရတယ်…

ချိုက်စုန့်က အကြည့်များ တောက်ပလာကာ တွေးလိုက်သည်။

ဒီပစ္စည်းတွေက ငါ တစ်ခါမှမမြင်ဖူး၊ မကြားဖူးတဲ့အရာတွေပဲ။ ဒါက တခြားကမ္ဘာ့အသိုက်အဝန်းကလား။ ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လူသားဧကရာဇ်က ဒီကမ္ဘာကလေ။ ကောင်းပြီလေ။ သမိုင်းကြောင်းမှတ်တမ်းတွေအရတော့ သူ့ဇစ်မြစ်က အတော်လေးဆန်းကြယ်ပြီးတော့ လူသားကပ်ဘေးအတွင်း ရုတ်တရက် ပေါ်ထွက်လာတာလို့ ပြောကြတာပဲ…

ချိုက်စုန့်က မျက်မှောင်ကြုတ်လိုက်သည်။

သန့်စင်မွမ်းမံရေး နည်းလမ်းတွေကတောင် ကွဲပြားနေတယ်။ ဒါက အသင်္ချေအင်ပါယာကမ္ဘာရဲ့ သန့်စင်ရေးနည်းစနစ်နှင့် ရောနှောနေတယ်ဆိုပေမဲ့ အများစုက တခြားဇစ်မြစ်ကပဲ။ ငါ ဒီအရာကနေ သင်ယူနိုင်လောက်တယ်…

သို့သော် ချိုက်စုန့်က နောက်ထပ် ပြဿနာတစ်ခုရှိနေလေ၏။ သူမက ရုပ်သေးရုပ်ကို သိုလှောင်လက်စွပ်အတွင်း ထည့်မသိမ်းနိုင်ပေ။ ပို၍ဆိုးရွားသည်က ရုပ်သေးရုပ်သည် သူမ၏ ထိန်းချုပ်မှုကို ဆက်တိုက်ခုခံနေလေ၏။

ဘယ်လိုပဲဖြစ်ဖြစ် နင်က ငါ့အပိုင်ပဲ…

ချိုက်စု့န်က အချိန်မဖြုန်းဘဲ ရုပ်သေးရုပ်ဝန်းကျင်တွင် အစီအရင်များကို ခင်းကျင်းလိုက်သည်။ သူမ၏ အကြည့်များက လင်းလက်တောက်ပနေ၏။ သူမက အန္တရာယ်အကြည့်တစ်ခုကို ခံစားမိသော်လည်း ဂရုမစိုက်ပေ။ ထိုရုပ်သေးရုပ်ကို ရယူခြင်းကို မည်သည့်အရာမှ သူမကို တားဆီးနိုင်မည် မဟုတ်ပေ။

တာအိုကို မြင်တွေ့ပြီးသည့်နောက်တွင် လူများက သေဆုံးနိုင်သည်ဟု ဆိုရိုးရှိသည် မဟုတ်ပါလော။ ယခုသူမ၏ စိတ်အခြေအနေကလည်း ထိုသို့သာ ဖြစ်၏။

…………..

လွန်ခဲ့သည့်မိနစ်ပိုင်းခန့်က မြောက်ဘက်ပိုင်းတွင်

ယန်းလီလင်းက သူမ၏ ပြိုင်ဘက် ကောင်းပေါ်ချင်းကို ကြည့်ကာ ရရှိထားသည့် သတင်းအချက်အလက် အလွန်နည်းပါးကြောင်း စဉ်းစားနေလေ၏။ ကောင်းပေါ်ချင်းက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှ ရှင်းလင်းရေးအတွင်း ကျူးကျော်ရန် လှည့်စားခံလိုက်ရသည့် ကောင်းကင်ရွေးချယ်ခံတစ်ဦး ဖြစ်၏။ နှမြောစရာကောင်းလှသည်က သူ့တွင် ဆိုးရွားသည့် ကံကြမ္မာရှိကာ တိထျန်းလိုမျိုး မကောင်းဆိုးဝါးနှင့် ကြုံတွေ့သွားခဲ့ရသည်။

“သနားစရာပဲ” ယန်းလီလင်းက သနားမှုအပြည့်ဖြင့် ရေရွတ်လိုက်သည်။ သို့သော်လည်း ထိုစကားများက အလေးအနက် ဟုတ်လား၊ မဟုတ်လား သူမသာလျှင် သိလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းပေါ်ချင်းက အမူအရာ သို့မဟုတ် တုံ့ပြန်ခြင်းမရှိပဲ သူမကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သူမ ပြောသည့်သူက သူနှင့် ဆက်ဆံရေး မရှိသည့် သူစိမ်းတစ်ယောက်ကို ပြောနေသည့်အလား ဖြစ်နေသည်။

သူ့ရှေ့တွင် အဝါဖျော့ဖျော့ ဓားတစ်ချောင်းပေါ်ထွက်လာသည်။ ထို့နောက် ထိုဓားက နှစ်ပိုင်းကွဲသွားပြီး မီလီစက္ကန့်ပိုင်းလေးအတွင်း သန်းပေါင်းများစွာ ဖြာခွဲထွက်သွားသည်။ ထို့ကြောင့် အချိန်တိုအတွင်း သူ့တွင ဓားသန်းထောင်ချီ ရှိသွားလေ၏။

ကောင်ပေါ်ချင်းက သူမကို အေးစက်စက် ကြည့်ကာ သုတ်သင်ဖို့ စောင့်ဆိုင်းနေသည်။

ဖူး

သူက ရုတ်တရက် သွေးအန်လိုက်ရသည့်အတွက် စကားဖြင့် ဖော်မပြနိုင်လောက်အောင် တုန်လှုပ်သွားလေသည်။ ကောင်းပေါ်ချင်းက သူ့ရန်သူသည် မည်သည့်အချိန်တွင် တိုက်ခိုက်လိုက်မှန်း မသိခဲ့ရပေ။ သူက သူ့ခန္ဓာကိုယ်တွင် ဘာမှားနေမှန်းပင် မသိပေ။

သို့သော်လည်း ယန်းလီလင်းက သူ့ကို အဖြေထုတ်ဖို့ အချိန်ပေးမည် မဟုတ်ပေ။ သူမက ဟွင်သွမ်းမီးတောက်ကို အသက်သွင်းပြီး မြောက်ဖက်ပိုင်းတစ်ခုလုံးကို ခရမ်းရောင် မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

ကောင်းပေါ်ချင်း၏ ဓားများက ချက်ချင်းဆိုသလို ပြာကျသွားလေသည်။

လိပ်နက်ဒိုင်းကာ

သူ့ရှေ့တွင် လိပ်နက်ပုံစံရှိသည့် ဒိုင်းကာတစ်ခုပေါ်ထွက်လာပြီး တိုက်ကွက်ကို တားဆီးထားလေ၏။ သို့သော် ကောင်းပေါ်ချင်းက ဆက်ပြီး သွေးထွက်နေသည့်အတွက် ဂရုမစိုက်နိုင်ပေ။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်နှာမှ ချွေးပေါက်များအပါအဝင် ဒွာရအပေါက်အားလုံးမှ သွေးများ စီးကျလာ၏။

ကောင်းပေါ်ချင်းက ပျာယာခတ်သွားသော်လည်း သူ့ဝိညာဉ်အတွင်းရှိ ဝိညာဉ်ကျွန်ပြုခြင်း အမှတ်အသားက အသက်ဝင်လာကာ ရေလိုတည်ငြိမ်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားစေသည်။

သူ့စိတ်က ယခင်ကထက်ပင် မြန်မြန်ဆန်ဆန် တွက်ချက်ကြည့်နေပြီး လက်ရှိအခြေအနေနှင့် ဗဟုသုတများအပေါ် အခြေခံ၍ အကျိုးအကြောင်းသင့်သည့် ရှင်းပြချက်မျိုးကို စဉ်းစားနေသည်။

အဆိပ်ပဲ…

သူက သုံးသပ်လိုက်၏။

အနံ့ကင်းမဲ့ပြီး မမြင်နိုင်တဲ့ အဆိပ်ပဲ။ သူမက ပါရမီထူးကဲတဲ့ ဆေးဝါးပညာရှင်ဆိုတော့ အဆိပ်ဆရာသခင်လည်းဖြစ်နေတာပဲ…

သူမက ပေါ်ထွက်လာတာနဲ့ ထုတ်လွှတ်လာတာပဲဖြစ်ရမယ်…

အဆိပ်ဖြေခြင်း လက်ကောက်

အဆိပ်ခံနိုင်ရည် လက်စွပ်

ကောင်းပေါ်ချင်း၏ ခန္ဓာကိုယ်အထက် လက်ကောက်နှင့် လက်စွပ်တစ်ကွင်း ပေါ်ထွက်လာကာ အဆိပ်၏ သက်ရောက်မှုကို ခုခံပေးထားသည်။

ဝုန်း

သူ့ဒိုင်းကာက ဟွင်သွမ်းမီးတောက်အတွင်း ပေါက်ကွဲထွက်သွားပြီး သူ့အား အန္တရာယ်ကျရောက်သွားစေသည်။

ကူးသန်းရေးအဆောင်

သူ့ဘေးတွင် လှပသည့် ကျောက်စိမ်းဆွဲပြားတစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် ချက်ချင်းဆိုသလို သူက ပေါက်ကွဲရာမှ အဝေးသို့ ရောက်ရှိသွားသည်။

လက်နက်တာအိုလား…

ယန်းလီလင်းက သုံးသပ်လိုက်သည်။

သူ့နည်းစနစ်က စွမ်းဆောင်ရည်အမျိုးမျိုးရှိတဲ့ လက်နက်အမျိုးအစားတွေကို ဖွဲ့စည်းနိုင်တဲ့ပုံပဲ။ သူက စည်းမျဉ်းပဲ့တင်သံ သုံးတယ်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ မိုးမြေကြားမှ စည်းမျဉ်းအပြောင်းအလဲကို မခံစားမိဘူး…

တကယ်လို့ အဲ့လိုသာဖြစ်မယ်ဆိုရင် သူက တာအိုနဲ့ စွမ်းရည်မျိုးစုံကို ဘယ်လိုလုပ် အသုံးပြုနိုင်တာလဲ။ သူ့ဆီမှာ ကန့်သတ်ချက်ရှိလား

ယန်းလီလင်း၏ ထိန်းချုပ်မှုအောက်တွင် ခေါင်း၉လုံးရှိသည့် ဧရာမသက်ရှိက သူမရှေ့တွင် ပေါ်ထွက်လာသည်။ ခေါင်းတစ်ခုချင်းစီတွင် အစိမ်းရောင်၊ ခရမ်းရောင် သို့မဟုတ် အနီတောက်တောက်ကဲ့သို့ အရောင်များ ရှိနေသည်။ ထို့နောက် သူတို့က ပါးစပ်ဟကာ ကြောက်မက်ဖွယ်အငွေ့အသက်များ ထုတ်လွှတ်လာပြီး တစ်ခုချင်းစီတွင် ထူးဆန်းဖွယ် သေနိုင်လောက်သည့် အဆိပ်များ ပါဝင်နေသည်။

ထိုတိုက်ကွက်က နေရာအနှံ့ကို ပျံ့နှံ့သွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အဆိပ်ဖြင့် ဖုံးလွှမ်းသွားစေသည်။ အဆိပ်တစ်ခုချင်းစီ၏ အန္တရာယ်ကို ထည့်တွက်လိုက်လျှင် ကောင်းပေါ်ချင်းက အန္တရာယ်ကြီးကြီးမားမားကြား ကျရောက်နေလေ၏။

သို့သော်လည်း ယန်းလီလင်းကို အံ့အားသင့်သွားစေသည်က ထိုသူသည် သူမ၏ အဆိပ်အားလုံးကို စုပ်ယူနိုင်သည့် မျှော်နန်းဆောင်တစ်ခုကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

တစ်ခုခုတော့ မှားနေပြီ။ သူ့နည်းစနစ်က သူ ကြိုက်တဲ့ စွမ်းရည် ဒါမှမဟုတ် တာအိုနဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ပုံပဲ…

ယန်းလီလင်းက တွေးလိုက်မိသည်။

ကောင်းပေါ်ချင်း၏ တိုက်ခိုက်ရေးပုံစံက ချူးလော့၏ ပြစ်ချက်ရှိ ဖန်ဆင်းခြင်းတာအိုကို အမှတ်ရသွားစေသည်။

ဒါပေမဲ့ ဖန်ဆင်းခြင်းတာအိုကို အာရုံမခံမိဘူးဆိုတော့ ဒီနည်းစနစ်ရဲ့ အနှစ်သာရက ဘာများလဲ

All Chapters