← Chapters

ယန်းလီလင်း၏ တိုက်ပွဲ အပိုင်း(၂)

Vol. 60 Ch. 840

ယန်းလီလင်း၏ တိုက်ပွဲ အပိုင်း(၂)

Vol. 60 Ch. 840

အဆိပ်ကို ဝါးမျိုပြီးသည့်နောက်တွင် ကောင်းပေါ်ချင်းက တစ်ဖက်လူဆီ ပြန်လည်ထုတ်လွှတ်လိုက်၏။ သို့သော်လည်း သူက မူလအဆိပ်ကို အသုံးပြုခြင်းက ယန်းလီလင်းတွင် ဖြေဆေး ရှိနေပြီဖြစ်သည့်အတွက် အသုံးမဝင်ကြောင်း သိထားလေသည်။ ကံကောင်းစွာဖြင့် သူက ဤပစ္စည်းကို ရွေးချယ်စဉ်ကတည်းက အရာအားလုံးကို တွက်ချက်ထားခဲ့သည်။ ထိုမျှော်နန်းဆောင်က အဆိပ်ကို စုပ်ယူခြင်းသာမက ဓာတ်နှင့် ကျင့်စဉ်များကိုလည်း စုပ်ယူနိုင်သည်။

ထိုသို့‌သော စွမ်းရည်မျိုးက ပင်မစွမ်းရည်နှစ်ခုထဲမှ တစ်ခုသာ ဖြစ်၏။ နောက်တစ်ခုကမူ စုပ်ယူသမျှ အရာအားလုံးကို အဆင့်မြှင့်တင်ကာ ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ်၏။

ကောင်းပေါ်ချင်းက ထိုပစ္စည်းကို တခြားသူများ၏ ကျင့်စဉ်များ သို့မဟုတ် တိုက်ကွက်များကို သူတို့ဆီ ပြန်လည်အသုံးပြုရသည်ကို သဘောကျသည့် ခွေးကောင်ကြောင့် ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထိုသူက သူတို့၏ ကိုယ်ပိုင်နည်းစနစ်ကြောင့် တိုက်ပွဲရှုံးနိမ့်သွားပြီး အရှက်ကွဲသွားသည်ကို ကြည့်ရတာ သဘောကျခဲ့သည်။

ထို့ကြောင့် ဟိုက်ဒြာသက်ရှိဆီမှ အဆိပ်အားလုံးကို စုပ်ယူပြီး စက္ကန့်ပိုင်လေးအတွင်း ကြောက်မက်ဖွယ်အဆိပ်နှင့် အနက်ရောင်တိုင်လုံး ၉လုံး ပစ်လွှတ်လာသည်။

အဆိပ်အသစ်လား…

ယန်းလီလင်းက တွေးလိုက်မိ၏။ သူမမျက်နှာအထက်တွင် ပျာယာခတ်နေခြင်းမျိုး မရှိပေ။ အချုပ်အားဖြင့် သူမ၏ အကြည့်များက တောက်ပနေလေ၏။ သူမက လက်ကိုဝှေ့ယမ်းပြီးသည့်နောက်တွင် အဖြူရောင်ဆေးလုံးပေါ်ထွက်လာသည်။ ထိုအဆိပ်တိုင်လုံးများက အဖြူရောင် ဆေးလုံးနှင့် ထိတွေ့သည်နှင့် သူတို့အားလုံး စုပ်ယူခံလိုက်ရတာ အဖြူမှ အစိမ်း၊ အနီ၊ ခရမ်းနှင့် အနက်ရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

အမြင့်ဆုံးအဆိပ်ပဲ…

သူမက ကျေကျေနပ်နပ် တွေးလိုက်မိသည်။ ဝမ်ဝေ့က မဟာတာအိုအရင်းအမြစ်မှတဆင့် တာအိုကို သက်သေပြပြီးသည့်နောက်တွင် ခန္ဓာကိုယ် လေ့ကျင့်နိုင်စေရန်အတွက် သူမအား အဆိပ်မျိုးစုံကို လေ့လာခိုင်းခဲ့သည်။

ကောင်းပေါ်ချင်း၏ မျှော်နန်းဆောင်မှ ထုတ်လွှတ်လိုက်သည့် သေမျိုးအဆင့်အဆိပ်များက သူတို့၏ လိုလားချက်နှင့် ကိုက်ညီနေသည်။

“လက်ဆောင်အတွက် ကျေးဇူးပဲ” ယန်းလီလင်းက ပြုံးကာ ပြောလိုက်ပြီး ဆေးလုံးကို သိမ်းဆည်းလိုက်သည်။

ရွှေအမြုတေ ဆေးလုံး

ယန်းလီလင်းရှေ့တွင် ဆေးလုံးသန်းချီ ထွက်ပေါ်လာကာ ကောင်းပေါ်ချင်းဆီ တိုက်ရိုက်ပြေးဝင်သွားသည်။ ထိုသူက တိုက်ခိုက်မှုကို ခံစားမိလိုက်၍ ချက်ချင်းဆိုသလို ခုခံလိုက်၏။

ဝုန်း…ဝုန်း…ဝုန်း…

ဆေးလုံးများက တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပေါက်ကွဲထွက်သွားသည်။ ပေါက်ကွဲမှုတစ်ခုက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် တူညီသည့် စွမ်းအား ပါဝင်နေသည်။ ယခု သန်းပေါင်းချီက အတူတကွ ပေါက်ကွဲထွက်သွားလေ၏။

ပေါက်ကွဲရေးဆေးလုံးက ဆေးဝါးပညာရှင်များသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည် လိုအပ်နေမှုကို ကာမိစေရန် သင်ထားသည့် ပထမဆုံးနည်းလမ်းထဲမှ တစ်ခု ဖြစ်သည်။ ဆေးဝါးပညာရှင် အငယ်လေးများက သူတို့၏ သိုလှောင်လက်စွပ်အတွင်း ပေါက်ကွဲရေးဆေးလုံးများစွာ ရှိတတ်ကြသည်။

ရွှေအမြုတေဆေးလုံးက ထိုအတွေးအခေါ်အပေါ် အခြေခံထားခြင်း ဖြစ်၏။ ပေါက်ကွဲရေးဆေးလုံးက အတင်းအကြပ် ပေါင်းစည်းထားသည့် ယင်ယန်ပစ္စည်း သို့မဟုတ် မီးဓာတ်ပစ္စည်းများကို လိုအပ်ပြီး ထိုပစ္စည်းက သိပ်မကောင်းမကန်း မျှခြေကို ထိန်းသိမ်းထားခဲ့သည်။

ထို့ကြောင့် ဆေးလုံးက မျက်နှာပြင် သို့မဟုတ် စွမ်းအားတချို့နှင့် ထိတွေ့လိုက်ပြီးသည့်နောက်တွင် ထိုမကောင်းမကန်း မျှခြေက အသက်ဝင်လာမည်ဖြစ်ကာ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားလိမ့်မည်။

လှည့်ဖျားရေးစစ်ဆေးမှုအတွင်း လီကျွင်းက သူတို့၏ စံအိမ်ကို လာရောက်သောင်းကျန်းသည့် အဆင့်နိမ့်ပါဝင်ဆင်နွှဲသူများနှင့် တိုက်ခိုက်ခဲ့ရသည်။ သူတို့ကြားတွင် ကျိလန်ဖန်း၏ ကမ္ဘာမှ လူတချို့လည်း ပါဝင်သည်။ သူတို့၏ နည်းစနစ်ကမူ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကျွန်များစွာကို စတေးပြီး သူတို့၏ အမြုတေများကို ဖောက်ခွဲပစ်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးသည့်နောက်တွင် ယန်းလီလင်းက စွမ်းအားအမြောက်အများ ပါဝင်နေသည့် ရွှေအမြုတေဆေးလုံးကို ဖန်တီးနိုင်ခဲ့သည်။ ပေါက်ကွဲရေးဆေးလုံးနှင့် မတူညီပဲ သူမ၏ ဆေးလုံးက ဝိညာဉ်ချီပမာဏ အမြောက်အများသာ ပါဝင်နေသည့်အရာသာ လိုအပ်သည့်အတွက် ပို၍ ဈေးချိုလေသည်။

ပေါက်ကွဲရေးကြောင့် ဖြစ်ပေါ်လာသည့် အပူတိမ်တိုက်ကြီးက အဆုံးသတ်သွားပြီး ကောင်းပေါ်ချင်း၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူ့မျှော်စင်က အက်ကြောင်းများစွာရှိသော်လည်း မပျက်စီးသေးပေ။ ထိုအရာက စုပ်ယူနိုင်သည့် ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ အသုံးမဝင်ဖြစ်သွားခဲ့သည်။

သို့သော်လည်း ကောင်းပေါ်ချင်း၏ ခန္ဓာကိုယ်တွင် အင်မော်တယ်အဆင့် ချပ်ဝတ်ရှိနေသည့်အတွက် အကောင်းအတိုင်းရှိနေဆဲ ဖြစ်၏။

ယန်းလီလင်းက ထိုချပ်ဝတ်ကို သတိထားမိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာက ယင်ကန်း၏ တိုက်ကွက်ကို တားဆီးခဲ့သည့် တိကျားယင် အသုံးပြုခဲ့သည့်အရာတစ်ခု ဖြစ်ပေသည်။

သူ့နည်းစနစ်က သူ ဖန်တီးထားတဲ့ ပစ္စည်းတွေရဲ့ ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်စွမ်းပြုထားတာလား…

သူ့နည်းစနစ်က သူမအား တကယ့်သက်ရောက်မှုနှင့် ပုံရိပ်ယောင် ဆေးလုံးဖန်တီးနိုင်သည့် ပုံရိပ်ယောင် ဆေးလုံးကျမ်းကို အမှတ်ရသွားစေသည်။ ထိုကျမ်းက ကျွမ်းကျင်အတတ်ပညာရှင်များသည် မြင့်မားသည့် အဆင့်သို့ ရောက်ရှိဖို့ရာအတွက် အသုံးပြုဖို့ လိုအပ်သည့် အရင်းအမြစ်များစွာကို ထည့်သွင်းစဉ်းစားထားခြင်း ဖြစ်သည်။

ကောင်းပေါ်ချင်းက လက်နက်တာအိုကို အသုံးပြု၍ တူညီသည့်ပုံစံကို ဖန်တီးထားသည်။ လက်နက်သန့်စင်သူတစ်ယောက်အနေဖြင့် သူက သူ့ဆီ အလုပ်အပ်ထားသည့်သူများအတွက် ပစ္စည်းများစွာကို ဖန်တီးသန့်စင်ပေးခဲ့လောက်သည်။ သူ့နည်းစနစ်ဖြင့် တိုက်ပွဲအတွက် ထိုနည်းစနစ်များကို ပြန်လည်ဆင့်ခေါ်ကာ သန့်စင်စရာမလိုတော့ဘဲ အရင်းအမြစ်များစွာကို ချွေတာနိုင်လေသည်။

ဤသို့ဆိုးဆိုးရွားရွား တိုက်ကွက်ကို အသက်ရှင်ပြီးသည့်နောက်တွင် ကောင်းပေါ်ချင်းက သူ့ချဉ်းကပ်မှုသည် ရှေးရိုးဆန်လွန်းကြောင်း ဆုံးဖြတ်ချက်ချကာ ဤတိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ပစ်ဖို့ ရွေးချယ်ခဲ့သည်။ အထူးသဖြင့် သူက တစ်ဖက်လူတွင် မည်သို့ဝှက်ဖဲ ရှိနေကြောင်း မသိသည့်အခါတွင် ဖြစ်၏။

သူတို့၏ ကျွမ်းကျင်အတတ်ပညာတွင် မြင့်မားသည့် အဆင့်သို့ ရောက်ရှိနေသူများနှင့် တိုက်ခိုက်ခြင်းက သတိထားဖို့ လိုအပ်၏။ အကြောင်းအရင်းမှာ သူတို့၏ စွမ်းအားက သူတို့၏ ခန္ဓာကိုယ်အပေါ် မှီခိုနေခြင်း မဟုတ်ဘဲ သူတို့၏ အစစ်အမှန်စွမ်းအားက သူတို့၏ အောင်မြင်မှုများတွင် ရောင်ပြန်ဟပ်နေလေ၏။ ကောင်းပေါ်ချင်းက ယန်းလီလင်းသည် ဤမျိုးဆက်အတွင်း အထူးချွန်ပြောင်မြောက်ဆုံး ဆေးဝါးပညာရှင် တစ်ယောက်ဖြစ်နိုင်ကြောင်း သိထားသောကြောင့် သူမသည် မည်သို့သော ဆေးလုံးမျိုး ဖန်တီးထားသည်ကို တွေးမကြည့်နိုင်ပေ။

သေခြင်းရှင်ခြင်းဓား အစီအရင်

ကောင်းကင်အထက် ဓား ၃၈၀၀ ထွက်ပေါ်လာပြီးသည့်နောက်တွင် တစ်ဝက်က အနက်ရောင်ဖြစ်ကာ တစ်ဝက်က အဖြူရောင် ဖြစ်နေလေ၏။ သူတို့က တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေကာ သေခြင်းနှင့် ရှင်ခြင်းစွမ်းအားကို ထုတ်လွှတ်လာကြသည်။

သေခြင်းရှင်ခြင်း အစီအရင်လား။ ဒါက တိထျန်းရဲ့ လက်ရာများလား…

ယန်းလီလင်းက တွေးလိုက်မိပြီး ကောင်းပေါ်ချင်းကို ချီးကျူးဖို့ ကျရှုံးခဲ့လေသည်။ တိထျန်းက ထိုအစီအရင်၏ သေခြင်းရှင်ခြင်း ကဏ္ဍကိုသာ တာဝန်ယူထားပြီး ကောင်းပေါ်ချင်းက ကျန်ရှိနေသည့် အရာများကို သူ့ပါရမီအပေါ် မူတည်၍ ဖန်တီးထားခဲ့သည်။

ယန်းလီလင်းက ထိုဓားများကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ သူမက သူတို့၏ စွမ်းအားသည် ပွင့်ချပ် ၆လွှာသို့ ရောက်ရှိနေကြောင်း မြင်သည့်အခါ မလှုပ်မယှက်ကျန်ရှိနေဆဲ ဖြစ်သည်။

ကောင်းပေါ်ချင်းရဲ့ စွမ်းအားက ပွင့်ချပ်၅လွှာပဲ ရှိသေးတယ်။ ဒါပေမဲ့ သူ့လျှို့ဝှက်နည်းစနစ်က ပွင့်ချပ်၇လွှာအထိ ရောက်နေနိုင်တယ်။ ငါ သတိထားဖို့လိုတယ်…

ယန်းလီလင်းက သူ့မျက်ဝန်းအထက် သင်္ကေတများ ပေါ်ထွက်လာကာ အကြည့်ပြောင်းလဲသွားသည်။

သင်္ကေတမျက်လုံး

ထိုမျက်လုံးနည်းစနစ်က သူမ၏ ပါရမီကို တွန်းပို့ပြီး ဟော်သဲ့အရင်းအမြစ် ရုပ်ခန္ဓာကို ကန့်သတ်ချက်ကျော်လွန်အောင် ဖန်တီးထားသည့် လက်ရာများထဲမှ တစ်ခုဖြစ်၏။ တစ်ချက်ကြည့်ရုံဖြင့် သူမက ကျွမ်းကျင်အတတ်ပညာအပေါ် အခြေခံထားသည့် နည်းလမ်း သို့မဟုတ် နည်းစနစ်အများစု၏ အားနည်းချက်နှင့် ပြစ်ချက်များကို ရှာဖွေနိုင်သည်။

ထို့ကြောင့် ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် ကောင်းပေါ်ချင်း၏ အစီအရင်ထဲ၌ ပြစ်ချက်ကို ရှာတွေ့သွားလေ၏။

အစီအရင်ချိုးဖောက်ခြင်း အဆောင်

ယန်းလီလင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် အစီအရင်၏ ပြစ်ချက်ကို ပစ်မှတ်ထားသည့် အဆောင်တစ်ခုကို ဖန်တီးခဲ့သည်။ သူမကို ဝန်းရံလျက်ရှိနေသည့် ဓားများက ပျောက်ကွယ်သွားပြီး စတင်ပြုတ်ကျလာသည်။

သို့သော်လည်း သူမက ကောင်းပေါ်ချင်းကို အနည်းငယ် လျှော့တွက်ခဲ့မိ၏။

ထိုသူက အလျင်အမြန် တုံ့ပြန်ကာ အစီအရင်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့အပြင် သူက ပြစ်ချက်များနှင့် အားနည်းချက်များကို ပြောင်းလဲပစ်ခဲ့၏။

စိတ်ဝင်စားစရာပဲ

ထိုအရာသည် အသုံးမဝင်မှန်း သိသည့်အတွက် ယန်းလီလင်းက တွေးလိုက်မိသည်။ သူမက အဆောင်များစွာကို ဖွဲ့စည်းလိုက်ပြီး ဒုတိယအကြိမ်မြောက် အစီအရင်ကို တိုက်ခိုက်လိုက်သည်။

ရလဒ်အနေဖြင့် ကောင်ပေါ်ချင်းက ပိုမိုကြမ်းတမ်းလာလေ၏။ သူက သေခြင်းရှင်ခြင်းဓား အစီအရင်နှစ်ခုကို ဆင့်ခေါ်လိုက်သည့်အတွက် စုစုပေါင်း၃ခု ဖြစ်သွားလေသည်။

ထို့နောက် သူက အစီအရင် ၃ခုကို သဟဇာတဖြစ်စေကာ တိုက်ကွက်၏ စွမ်းအားကို ထိပ်သီးပွင့်ချပ် ၆လွှာအဆင့်သို့ တိုးမြှင့်ခဲ့သည်။

အစီအရင်သဟဇာတ ဖြစ်မှုလား…

သူ့ပါရမီက အစီအရင်အတွက် အတော်လေး မြင့်မားတာအမှန်ပဲ…

အစီအရင်သဟဇာတဖြစ်မှုက အစီအရင်ဆရာများသည် အစီအရင်တစ်ခုအတွက် ထိုအစီအရင်များစွာ ပေါင်းစပ်ထားသလိုမျိုး အားမြှင့်ပေးဖို့ အသုံးပြုသည့် နည်းစနစ်တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ကောင်းပေါ်ချင်းက ထိုနည်းစနစ်ကို အသုံးပြုခဲ့သည့်အတွက်ကြောင့် ယန်းလီလင်းက သူ့ကို ပါရမီထူးကဲသည်ဟု ထင်မှတ်ခြင်းမဟုတ်ပေ။

ထိုအစီအရင်အသစ်၌ သဟဇာတဖြစ်မှုအပြီးတွင် ပြစ်ချက်အနည်းငယ်သာ ပါရှိတော့သည့်အချက်က လူအနည်းငယ်သာ လုပ်ဆောင်နိုင်လေ၏။

မည်သို့ပင်ဆိုစေကာမူ ထိုအရာက အသုံးမဝင်ပေ။ ယန်းလီလင်း၏ အကြည့်က ကျွမ်းကျင်အတတ်ပညာရှင်အားလုံးအတွက် တားမြစ်ချက်တစ်ခု ဖြစ်နေလေ၏။ ထို့ကြောင့် သူတို့က ထုံရို့ပင်းနှင့် တူညီသည့် ပါရမီသို့ မရောက်သရွေ့ သို့မဟုတ် သူမကို သတိလက်လွတ်ဖြစ်အောင် အမည်မသိ တိုက်ခိုက်ရေးနည်းလမ်းများကို အသုံးမပြုသရွေ့ သူမနှင့် ယှဉ်ဖို့ အကျိုးမရှိပေ။

ယန်းလီလင်းက တူညီသည့် နည်းလမ်းဖြင့် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ပတ်ဝန်းကျင်က ရုတ်ချည်းဆိုသလို တုန်ခါလာကာ မိုးမြေက ပြောင်းလဲသွားကြောင်း ခံစားမိလိုက်၏။

သူမ၏ အာရုံက ကောင်းပေါ်ချင်း၏ အစီအရင်သည် အနည်းငယ် မှေးမှိန်သွားပြီး အရှိန်အဝါကပင် သိသိသာသာ လျော့ကျသွားကြောင်း ခံစားမိလိုက်သည့်အတွက် သူမ၏ မှန်းဆချက်က မှန်ကန်နေလေသည်။

ဘာဖြစ်သွားတာလဲ…

ယန်းလီလင်းက မေးလိုက်ပြီး သူတို့၏ အစီအစဉ်တွင် အမည်မသိ အပြောင်းအလဲတစ်ခု ပေါ်ထွက်လာမည်ကို စိုးရိမ်နေမိသည်။ သို့သော်လည်း အဖြေရှာတွေ့ဖို့ သိပ်မကြာလိုက်ပေ။

သူမ၏ ခင်ပွန်းက ပတ်ဝန်းကျင်ရှိ မိုးမြေ၏ စည်းမျဉ်းအားလုံးကို သုတ်သင်ပစ်လိုက်သည့်အတွက် သူတို့၏ နေရာအထိ သက်ရောက်မှုရှိလာစေခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် တိုက်ပွဲကွင်းပြင်၏ သေခြင်းရှင်ခြင်း စည်းမျဉ်းအပေါ် အခြေခံထားသည့် ကောင်းပေါ်ချင်း၏အစီအရင်က သက်ရောက်ခံလိုက်ရသည်။

ဒါက ငါ့အခွင့်အရေးပဲ…

ယန်းလီလင်းက တွေးလိုက်မိပြီး အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူမက အံ့ဖွယ်အသိစိတ်ဖြင့် အစီအရင်သုံးခုကို ထိန်းခဲ့သည်။ ထိုဖြစ်စဉ်က မိုးမြေ၏ သေခြင်းရှင်ခြင်းစည်းမျဉ်းများနှင့် အဆက်အသွယ် ဖြတ်တောက်ခံလိုက်ရပြီးသည့်နောက်တွင် သူတို့ တွေ့ကြုံခဲ့ရသည့် လှုပ်ခတ်မှုကြောင့် ပိုမိုလွယ်ကူလာလေ၏။

ယန်းလီလင်းက အစီအရင်၏ မျှခြေကို နှောင့်ယှက်ကာ အပြင်းအထန် ပြိုလဲသွားအောင် လုပ်နိုင်ခဲ့သည်။ ဆက်တိုက်ဆိုသလို သူမက ထိုပြင်းထန်သည့် စွမ်းအားကို သူ့ဖန်တီးသူဆီ ပြန်လည်ပစ်လွှတ်လိုက်၏။

ကောင်းပေါ်ချင်းက ယာယီမျှ အာရုံလွတ်သွားကာ စိတ်လှုပ်ရှားလာမိသည်။ သူက အကောင်းဆုံးထိန်းချုပ်ဖို့ ကြိုးစားခဲ့သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ ထို့ကြောင့် အစီအရင်၏ ပေါက်ကွဲထွက်လာမှုကြောင့် ခုခံရေးရတနာကို ထုတ်ကာ ကာကွယ်လိုက်ရသည်။

ကံဆိုးစွာဖြင့် အရာအားလုံးက အာရုံလွှဲပြောင်းမှုတစ်ခုသာ ဖြစ်နေလေသည်။ အစီအရင်က ယန်းလီလင်း၏ နည်းဗျူဟာထဲမှ ပထမအဆင့်မျှသာ ဖြစ်နေ၏။

ကောင်းပေါ်ချင်းက ရတနာများစွာကို ထုတ်ယူပြီး ပေါက်ကွဲမှုကို ခုခံလိုက်စဉ် သူ့အနောက်ဘက်တွင် သေးငယ်ကာ အာရုံမခံနိုင်ဖွယ် ဆေးပြင်းမီးဖိုတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကျစ်

သူက စိတ်ထဲတွင် ရေရွတ်လိုက်၏။

သူမက ငါ့ပစ္စည်းရဲ့ ဟာကွက်ကို တွေ့သွားပြီပဲ…

သူက မှန်ကန်နေသည်။ ယန်းလီလင်းက သူ့ချပ်ဝတ်သည် အတုအယောင် အင်မော်တယ် ပစ္စည်း ဖြစ်ကြောင်း ချက်ချင်းသတိထားမိခဲ့သည့်အတွက် အားနည်းချက်ကို ပစ်မှတ်ထားခဲ့သည်။ ထိုချပ်ဝတ်ဆီမှ အင်မော်တယ်ချီကို စုပ်ယူခြင်းဖြင့် ထိုအရာ၏ ခုခံအားကို အသုံးမဝင်လောက်သည့် အနေအထားထိ လျှော့ချနိုင်ခဲ့သည်။

ဝုန်း

အစီအရင်၃ခုက ပေါက်ကွဲထွက်သွားကာ မရဏစွမ်းအား ပါဝင်နေသည့် တိမ်ခိုးတိမ်ငွေ့များ ထွက်ပေါ်လာသည်။ သို့သော်လည်း ယန်းလီလင်းက အသက်ဓာတ်ကို ခံစားမိနေဆဲဖြစ်သည့်အတွက် သိပ်မပျော်ပေ။

ကောင်းပေါ်ချင်း၏ ခန္ဓာကိုယ် ပြန်လည်ပေါ်ထွက်လာသည့်အခါ သူမက မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါက…”

All Chapters