← Chapters

မီးလျှံသားမွှေး ဝံပုလွေနဲ့ နောက်ထပ်တစ်ကြိမ် ( ဒုပိုင်း )

Vol. 40 Ch. 535

မီးလျှံသားမွှေး ဝံပုလွေနဲ့ နောက်ထပ်တစ်ကြိမ် ( ဒုပိုင်း )

Vol. 40 Ch. 535

ဟူး……

မီးလျှံသားမွှေး ဝံပုလွေက  သူ့ရဲ့ မီးလျှံတောင်ပံတွေကို ခတ်လိုက်ပြီး လီဖူချန်းရဲ့ အရှေ့ကို ပျံသန်း ရောက်ရှိလာခဲ့ပါတယ် ။

" လူသား…… အခုချိန်မှ နောင်တ ရနေရင်လည်း အသုံး မဝင်တော့ဘူး ။ သေစမ်း "

အားကောင်းတဲ့ မီးလျှံချီစီးကြောင်း တစ်ခု ပေါက်ကွဲထွက်လာပြီးတဲ့ နောက်မှာတော့ မီးလျှံသားမွှေးတွေဟာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပါပြီ ။

" သွားစမ်း "

လီဖူချန်းက မီးလျှံသားမွှေးတွေကို သူ့အနား ကပ်လာခွင့် လုံးဝ မပေးဝံ့ပါဘူး ။ အဲသည်အတွက် သူက သူ့ရဲ့ ဓားကို ထုတ်လိုက်ပြီး မဟာဝါယော ဓားသိုင်းနဲ့ အဲသည် မီးလျှံသားမွှေးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ် ။

ဟူး……ဟူး……ဟူး……

ကောင်းကင်ယံ ထက်မှာတော့ လေနီကြမ်း တစ်ခု ဖြစ်တည်လာခဲ့ပြီး အဲသည် လေနီကြမ်းက မီးလျှံသားမွှေးတွေကို ပျက်ပြယ်သွားစေခဲ့ပါပြီ ။ အဲသည်လေနီကြမ်းကတော့ လီဖူချန်းရဲ့ မဟာဝါယော ဓားသိုင်းကနေပြီး ဖြစ်တည်လာခဲ့တဲ့ အရာပါပဲ ။ အခုလို လေနီကြမ်း တစ်ခု ဖြစ်တည်လာတာကလည်း သိပ်ပြီးတော့ မထူးဆန်းလှပါဘူး ။ မဟာဝါယော ဓားသိုင်း ဆိုတာက လေတာအိုကို အခြေခံထားတဲ့ ဓားသိုင်းတစ်ခုပင် မဟုတ်ပါလား ။

" ဟမ့် ……မင်းလို အဟိတိရစ္ဆာန်ကများ ငါ့ကို သတ်ဖို့ စဉ်းစားရဲတာလား "

လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ် ။

သူက သည်လို ကြီးမြတ်တဲ့ မဟာဓားသိုင်းကို ထုတ်သုံးဖို့အတွက် သိပ်ပြီး အားစိုက်လိုက်ရပုံတောင် မပေါ်ပါဘူး ။ သူက ကောင်းကင်ယံပေါ်မှာ အေးအေးသက်သာ ရှိနေဆဲပါပဲ ။

" ကောင်းလိုက်တဲ့ ဓားသိုင်း ။ နက်ရှိုင်းသိမ်မွေ့လိုက်တဲ့ ဓားချက် "

လုဝမ်ရဲ့ မျက်လုံးတွေကတော့ အနည်းငယ် အရောင်တောက်လာ ခဲ့ပါပြီ ။

လီဖူချန်းရဲ့ ဓားသိုင်းက ဂိုဏ်းတော်မှာရှိတဲ့ ထိပ်တန်းတပည့် တချို့လောက် မပြင်းထန်ပေမယ့်လည်း  အနှစ်သာရ ပြည့်ဝမှု အပိုင်းမှာတော့ လုံးဝ နိမ့်ကျနေခြင်း မရှိပါဘူး ။ ဓားကွက် နက်ရှိုင်းမှု အပိုင်းနဲ့ အနှစ်သာရ ပြည့်ဝမှု အပိုင်းမှာ ဆိုရင်တော့ လီဖူချန်းဟာ ဂိုဏ်းတော်ရဲ့ ထိပ်တန်းတပည့် သုံးယောက်အတွင်းမှာတောင် ပါနိုင်ပါသေးတယ် ။

"ဟမ့်…… သူ့ရဲ့ ဓားသိုင်းက နက်ရှိုင်းပြီး သိမ်မွေ့နေလည်း ဘာထူးမှာလဲ ။ သူ့ရဲ့ ဓားစွမ်းအားက သာမန် ထွတ်ခေါင် ဆရာသခင် အဆင့်မှာပဲ ရှိနေသေးတယ် "

ကောင်းဟန်ကတော့ လီဖူချန်းအနေနဲ့ မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်နိုင်လိမ့်မယ်လို့ လုံးဝ မယုံကြည်ပါဘူး ။ အဲသည်အတွက်   သူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပါတယ် ။

" မီးလျှံတောင်ပံ ခွဲဖြာစေ "

မီးလျှံသားမွှေး ဝံပုလွေက သူ့ရဲ့ အစွမ်းတွေကို ဆက်တိုက် ဖော်ထုတ်ဖို့အတွက် တွန့်ဆုတ်နေခြင်း မရှိပါဘူး ။  သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က မီးလျှံတွေဟာ ပိုမို ပူပြင်း တောက်ပလာခဲ့သလို ပုစဉ်းတောင်ပံသမျှ ကြည်လင်တောက်ပနေတဲ့ မီးလျှံတောင်ပံ တစ်စုံဟာလည်း ထွက်ပေါ်လာခဲ့ပါတယ် ။

" သတ် "

အဲသည်နောက်မှာတော့ အဲသည်မီးလျှံတောင်ပံ တစ်စုံဟာ မရေမတွက်နိုင်တဲ့ အသေးစား မီးလျှံတောင်ပံလေးတွေအဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ကြပါပြီ ။

" အစွန်းရောက် မျောလွင့်မီးလျှံ "

လီဖူချန်းကလည်း သူ့ရဲ့ ဓားသိုင်းကို နောက်တစ်မျိုး ပြောင်းလိုက်ပြီး အလျင်အမြန် ခုခံ လိုက်ပါတယ် ။

ဘန်း……ဘန်း……ဘန်း……ဘန်း………

အစောပိုင်းတုန်းက မီးလျှံသားမွှေးတွေ နဲ့ ယှဉ်မယ် ဆိုရင်တော့ သည်မီးလျှံ တောင်ပံတွေဟာ ပိုပြီး ကြောက်စရာ ကောင်းတယ်လို့ ဆိုရမှာပါပဲ ။ သည်မီးလျှံတောင်ပံတွေရဲ့ အစွမ်းထက်မှုက မီးလျှံသားမွှေးတွေထက် အနည်းဆုံး ၄၀ ရာခိုင်နှုန်းလောက် သာနိုင်ပါတယ် ။ ပြီးတော့ သည်မီးလျှံတောင်ပံ တစ်ခုချင်းစီဟာ သိပ်သည်းလှတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို သယ်ဆောင် ထားပါသေးတယ် ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ မျောလွင့်မီးလျှံ ဓားသိုင်းနဲ့ ခုခံလိုက်တာတောင်မှ အပြည့်အဝ မခုခံနိုင်ခဲ့ပါဘူး ။ သူက သူ့ရဲ့ သွေးနဲ့ချီ လည်ပတ်မှုတွေဟာ ကသောင်းကနင်း ဖြစ်သွားကို ခံစားလိုက်ရပြီး အနောက်ကို ဆုတ်လိုက်ရပါတယ် ။

" ထူးဆန်းလိုက်တာ ။ သူက ဘာလို့ ဒဏ်ရာ မရတာလဲ "

ကောင်းဟန်က  သူ့အနေနဲ့ လီဖူချန်းရဲ့ ခံနိုင်ရည်အပေါ်မှာ အတော်လေး အံ့အားသင့်မိ သွားတယ် ဆိုတာကိုတော့ မငြင်းလိုပါဘူး ။

သူ့ရဲ့ အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ  မီးလျှံသားမွှေး ဝံပုလွေရဲ့ ပထမ တိုက်ခိုက်မှုနဲ့တင် ဒဏ်ရာ အနည်းအကျဉ်း ရသွားရမှာပါ ။ ဒါပေမဲ့လည်း လီဖူချန်းက ဒဏ်ရာ မရသွားတဲ့အပြင်  အနောက်ကိုတောင် ခြေတစ်လှမ်း ဆုတ်မသွားခဲ့ပါဘူး ။ ပြီးတော့  မီးလျှံသားမွှေး ဝံပုလွေရဲ့ ပွဲသိမ်းတိုက်ကွက် ဖြစ်တဲ့ မီးလျံှတောင်ပံ တိုက်ခိုက်မှုကလည်း လီဖူချန်းကို ထိရောက်အနည်းငယ် ရှိအောင်သာ တတ်စွမ်းနိုင်ခဲ့ပါတယ် ။

ကောင်းဟန် မသိတာကတော့ လီဖူချန်းဟာ လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို ကျင့်ကြံထားတယ် ဆိုတာပါပဲ ။ တစ်ဖက်ရန်သူက သူ့ထက် အလွန်အမင်း အစွမ်းထက်နေခြင်း မရှိသရွေ့ကတော့ လီဖူချန်းကို ဒဏ်ရအောင်လုပ်ဖို့ လွယ်မှာ မဟုတ်ပါဘူး ။

လီဖူချန်းကလည်း အဲသည်အချက်ကြောင့်ပဲ  မီးလျှံသားမွှေး ဝံပုလွေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။ သူ့ရဲ့ ယုံကြည်မှုက စိတ်ဝိညာဉ် အသိစိတ်ဆူးနဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူး အပေါ်မှာသာ လုံးလုံးလျားလျား အခြေခံထားတာ မဟုတ်ပါဘူး ။

" စိတ်ဝင်စားစရာပဲ ။ ကြည့်ရတာ မင်းရဲ့ ခန္ဓာကိုယ်က တော်တော်လေး ကြံ့ခိုင်ပုံ ရတယ် "

မီးလျှံသားမွှေး ဝံပုလွေက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို တစ်ချက် အကဲခတ်ပြီး ပြောလိုက်ပါတယ် ။

အမှန်တကယ်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မာကျောမှုက  မီးလျှံသားမွှေး ဝံပုလွေရဲ့ မီးလျှံတောင်ပံ တိုက်ခိုက်မှုကို တိုက်ရိုက် ခံဆောင်လို့ ရတဲ့အဆင့် မရှိသေးပါဘူး ။ မီးလျှံတောင်ပံတွေက လီဖူချန်းရဲ့ ခန္ဓာကိုယ်ဆီ ရောက်ဖို့အတွက် မျောလွင့် မီးလျှံ ဓားသိုင်းနဲ့ ချီအကာအကွယ်ကို အရင် ဖြတ်ကျော်ခဲ့ရပါတယ် ။ အဲသည် အရာနှစ်ခုကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့  မီးလျှံသားမွှေး ဝံပုလွေရဲ့ မီးလျှံတောင်ပံတွေဟာ မူလစွမ်းအားရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်လို့ ဆိုရပါမယ်။ အဲသည်အတွက်ကြောင့်လည်း လီဖူချန်းက  မီးလျှံတောင်ပံတွေကို ခန္ဓာကိုယ်နဲ့ ခံဆောင်နိုင်ခဲ့တာပါ ။

" သူ့ရဲ့ လမ်းစဉ်နှစ်သွယ် ကျင့်ကြံမှုက နောက်စရာတော့ မဟုတ်ဘူး "

လုဝမ်က  လီဖူချန်းကို ကျိတ်ပြီးတော့ ချီးကျူးလိုက်ပါတယ် ။

သူမရဲ့ ခန့်မှန်းချက် အရ ဆိုရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်နေလောက်ပါပြီ ။ အဲသည်လိုမှ မဟုတ်ရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုနည်းနဲ့မှ သည်လောက်အထိ မာကျောကြံ့ခိုင် နေစရာ အကြောင်း မရှိပါဘူး ။

" သွေးဆာလောင်တဲ့ မီးလျှံသားမွှေး "

နောက်ဆုံးမှာတော့  မီးလျှံသားမွှေး ဝံပုလွေဟာ သူ့ရဲ့ အစွမ်းအထက်ဆုံး သတ်ဖြတ်ကွက်လို့ ဆိုရမယ့် တိုက်ကွက်ကို ထုတ်သုံးလာခဲ့ပါပြီ ။

သူက မွေးရာပါစွမ်းရည် နှစ်မျိုးကို နိုးထ ထားစေနိုင်သူ ဖြစ်ပါတယ် ။ သူနိုးထ ထားနိုင်တဲ့ အဲသည် မွေးရာပါ စွမ်းရည် နှစ်မျိုးကတော့ မီးလျှံတောင်ပံ ခွဲဖြာခြင်း နဲ့ သွေးဆာလောင်တဲ့ မီးလျှံသားမွှေးပါပဲ ။

ပထမ တစ်မျိုးကတော့ အဝေးကနေ တိုက်ခိုက်ဖို့အတွက် အသုံးဝင်တဲ့ မွေးရာပါ စွမ်းရည်ဖြစ်ပြီး ဒုတိယ တစ်မျိုးကတော့ အနီးကပ် တိုက်ခိုက်ဖို့အတွက် အသုံးဝင်တဲ့ စွမ်းရည်လို့ ဆိုရပါမယ် ။ဘာဖြစ်လို့လဲ ဆိုတော့ ဒုတိယ မွေးရာပါ စွမ်းရည်မှာက သွေးကို စုပ်ယူလို့ရတဲ့ အစွမ်းတစ်ခု ပါနေလို့ပါပဲ ။

ဟူး……ဟူး……ဟူး………

မီးလျှံသားမွှေး ဝံပုလွေရဲ့ သားမွှေးတွေက သွေးအရောင်ကို ပြောင်းသွားခဲ့သလို သူ့ရဲ့ ချီအရှိန်အဝါတွေကလည်း တဖြည်းဖြည်း တိုးပွားလာခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ  မီးလျှံသားမွှေး ဝံပုလွေရဲ့ နဖူးအလယ် တည့်တည့်မှာ သွေးစက်လည်းတစ်ခု ဖြစ်တည်လာပါသေးတယ် ။

" အချိန်ကျပြီ "

လီဖူချန်းက သည်အချိန်ကို စောင့်နေတာ ဆိုရင်လည်း မမှားပါဘူး ။  မီးလျှံသားမွှေး ဝံပုလွေရဲ့ သားမွှေးတွေ အရောင်ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် သူကလည်း စိတ်ဝိညာဉ် အသိစိတ်ဆူးကို အသက်သွင်းလိုက်ပါတော့တယ် ။

ရွှစ် ……

လီဖူချန်းရဲ့ မျက်ခုံးနှစ်ခု ကြားကနေ ထွက်ပေါ်လာတဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ  မီးလျှံသားမွှေး ဝံပုလွေရဲ့ ခေါင်းထဲကို တိုးတိတ်ညင်သာစွာနဲ့ တိုးဝင်သွားခဲ့ပါပြီ ။

အူ…ဝူး………

မီးလျှံသားမွှေး ဝံပုလွေက နာကျင်စွာနဲ့ အူလိုက်ရပြီး သူ့ရဲ့ သွေးနီရောင် ပြောင်းနေတဲ့ သားမွှေးတွေကလည်း နဂိုမူလ မီးလျှံသားမွှေးတွေအဖြစ် ပြန်ပြောင်းသွားပါတော့တယ် ။

" ဟင်…… စိတ်ဝိညာဉ် တိုက်ခိုက်မှု လျှို့ဝှက်နည်းစနစ်လား "

လီဖူချန်းကို ကူညီဖို့ ပြင်နေတဲ့ လုဝမ်က သူမရဲ့ ပြင်ဆင်မှုတွေကို ဆက်ပြီး မလုပ်နိုင်တော့ပါဘူး ။ သူမက လီဖူချန်းအနေနဲ့ သည်လို တိုက်ခိုက်နိုင်လိမ့်မယ်လို့ လုံးဝ တွေးထင် မထားခဲ့မိတာ အမှန်ပါပဲ ။

" သူ့ရဲ့  လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက အဲသလောက်တောင် အစွမ်းထက်နေတာလား "

ကောင်းဟန်ရဲ့ မျက်နှာကတော့  ပြိုတော့မယ့် မိုးလို မည်းမှောင်နေခဲ့ပါပြီ ။

သူကလည်း စိတ်ဝိညာဉ် အသိစိတ်ဆူးကို လေ့ကျင့်ထားတဲ့ လူတစ်ယောက်ပါပဲ ။ ဒါပေမဲ့လည်း သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးက လီဖူချန်းလို အားမကောင်းပါဘူး ။ သူက လီဖူချန်း သုံးလိုက်တဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ အစွမ်းရှိတဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကိုသာ ထုတ်သုံးနိုင်ပါတယ် ။

မီးလျှံသားမွှေး ဝံပုလွေဟာ မိစ္ဆာသားရဲ ဘုရင်တစ်ပါးဖြစ်တဲ့ ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတဲ့ သားရဲ ဆိုရင်လည်း မမှားပါဘူး ။ ပြီးတော့ သူဆက်ခံထားတဲ့ မျိုးဆက်သွေးဟာ အတော်လေး သိပ်သည်းလှပါတယ် ။ အဲသည်အတွက် ကောင်းဟန်အနေနဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကို ထုတ်သုံးမယ် ဆိုရင်  မီးလျှံသားမွှေး ဝံပုလွေအဖို့ကတော့ ဖြုတ်ကိုက်သလောက်ပဲ ရှိနေပါလိမ့်မယ် ။

တစ်ချိန်တည်းမှာပဲ ကောင်းဟန်က သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ အလုံးစုံ တတ်သိနားလည်ခြင်းအဆင့် ရောက်သွားခဲ့မယ် ဆိုရင်တောင်မှ လီဖူချန်း ထုတ်သုံးလိုက်တဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးရဲ့  ၂၀ရာခိုင်နှုန်းထက် ပိုအစွမ်း မထက်နိုင်ဘူးဆိုတဲ့ အချက်ကိုလည်း သတိပြုမိ လိုက်ပါတယ် ။

ဒါပေမဲ့လည်း ကောင်းဟန်က အဲသည်ကိစ္စကို စိတ်ထဲမှာ သိပ်ပြီး မခံစားရပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း လျှို့ဝှက် နည်းစနစ်တွေက ဘယ်တုန်းကမှ အဓိက တိုက်ခိုက်ရေး ပညာရပ်တွေ မဟုတ်ခဲ့လို့ပါပဲ ။သူတို့တွေက အထောက်အကူုပြု ပညာရပ် သက်သက်သာ ဖြစ်ပါတယ် ။

အသုံးပြုသူက စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာမှာ အထုံပါရမီ မပါလာဘဲနဲ့တော့ သည်ပညာရပ်တွေဟာ ဘယ်လိုမှ ကြောက်စရာ ကောင်းတဲ့ ပညာရပ်တွေ ဖြစ်မလာနိုင်ပါဘူး ။

သည်ကမ္ဘာပေါ်မှာတော့ အရိုးတည်ဆောက်ပုံကသာ အဓိက ပင်မ ပင်စည် ဖြစ်ပါတယ် ။ အခြားသော ပါရမီတွေကတော့ အကိုင်းအခင်တွေလို့ပဲ ဆိုရပါမယ် ။

အဓိက ပင်စည် ဖြစ်တဲ့ အရိုးတည်ဆောက်ပုံ အရည်အသွေး ကောင်းနေသေးသရွေ့ကတော့ အကိုင်းအခက်တွေ ဖြစ်တဲ့ စိတ်ဝိညာဉ် အထုံပါရမီ ၊ ပုံရိပ်ယောင် အထုံပါရမီ  အစရှိတဲ့ ပါရမီတွေကို လျစ်လျူရှုထားလို့ ရပါတယ် ။

ကောင်းဟန်တစ်ယောက် အတွေးများနေစဉ်မှာပဲ လီဖူချန်းကတော့ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို စတင်နေခဲ့ပါပြီ ။

" ဟေ့…… တိရစ္ဆာန်ကောင် ။ ငါ့ရဲ့ မျက်လုံးကို ကြည့်စမ်း "

လီဖူချန်းရဲ့ မျက်လုံးအစုံက ရုပ်စုံ မှန်ပြောင်းလို လည်သွားပြီး  မီးလျှံသားမွှေး ဝံပုလွေကို ညှို့ယူလိုက်ပါတယ် ။ လီဖူချန်းရဲ့ မျက်လုံးအစုံကတော့ အရောင်အသွေး စုံလင်လှတဲ့ ပန်းပေါင်းစုံ ကမ္ဘာကြီး တစ်ခုလိုပါပဲ ။

အီ……အီ……အီ……

လီဖူချန်းရဲ့ မျက်လုံးအစုံကို ယောင်ယမ်းပြီး ကြည့်မိလိုက်တဲ့  မီးလျှံသားမွှေး ဝံပုလွေကတော့ ငြိမ်ကျသွားခဲ့ပါပြီ ။သူက လီဖူချန်း ဖန်တီးထားတဲ့ ပုံရိပ်ယောင် ကမ္ဘာထဲကို ကျရောက်သွားခဲ့ပြီဆိုတာ လုံးဝ သံသယ ဝင်နေစရာ မရှိပါဘူး ။

" အစွန်းရောင် မျောလွင့်မီးလျှံ "

အဲသည်နောက်မှာတော့ လီဖူချန်းရဲ့ ဓားကနေ ဖြစ်တည်လာတဲ့ မီးလျှံ ဓားအလင်းတန်း တစ်ခုက  မီးလျှံသားမွှေး ဝံပုလွေကို ပိုင်းဖြတ်သွားခဲ့ပါပြီ ။

ရွှမ်း……

ဓားချက်နဲ့အတူ  မီးလျှံသားမွှေး ဝံပုလွေရဲ့ သွေးတွေဟာ ခန္ဓာကိုယ်ကနေ ရေတံခွန် တစ်ခုလို စီးကျလာပါတော့တယ် ။ သူ့ရဲ့ ခန္ဓာကိုယ် ပေါ်မှာတော့ နက်ရှိုင်းတဲ့ ဓားဒဏ်ရာကြီး တစ်ခုက အထင်းသားပါပဲ ။

" မာလိုက်တဲ့ ခန္ဓာကိုယ် "

လီဖူချန်းက မညည်းစဖူး ညည်းတွားလိုကိပါတယ် ။  မီးလျှံသားမွှေး ဝံပုလွေက ပုံရိပ်ယောင် ကမ္ဘာထဲမှာ ကျရောက်နေခဲ့ပေမယ့်လည်း သူက မသတ်ဖြတ်နိုင်ခဲ့ပါဘူး ။ အဲသည်အချက်နဲ့တင်  မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လောက်အထိ မာကျောသလဲ ဆိုတာကို သိနေနိုင်ပါပြီ ။

အူ……ဝူး……

နာကျင်မှု လွန်ကဲလွန်းတဲ့ ဝေဒနာကြောင့်  မီးလျှံသားမွှေး ဝံပုလွေဟာ အသိတရား ပြန်ဝင်လာခဲ့ပါတယ် ။

" မင်း……မင်းက…… အဲသည်တုန်းက ငါ့ကို တိုက်ခိုက်တဲ့သူ မဟုတ်လား "

မီးလျှံသားမွှေး ဝံပုလွေရဲ့ မျက်လုံးထဲမှာတော့ အကြောက်တရားတွေက ပြည့်နှက်နေခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက အသက်ဘေးက လွတ်မြောက်ဖို့အတွက် ထွက်ပြေးမှ ရတော့မယ် ဆိုတာကို ရိပ်စားမိလိုက်ပါတယ် ။

လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးက အဲသည်နေ့က သူခံစားလိုက်ရတဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးနဲ့ အတူတူပါပဲ ။ အဲဒါက စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး နေရာအထိကိုတောင် သက်ရောက်စေတာ မဟုတ်ပါလား ။

" မင်းက အခုမှ ထွက်ပြေးချင်တယ်ပေါ့ ။ အစောပိုင်းတုန်းကတော့ မင်းကငါ့ကို အစိမ်းလိုက် ဝါးစားဖို့ ကြိမ်းဝါးနေတာ မဟုတ်ဘူးလား "

လီဖူချန်းက  မီးလျှံသားမွှေး ဝံပုလွေကို ထွက်ပြေးခွင့် လုံးဝ မပေးပါဘူး ။  သူက စိတ်ဝိညာဉ် အသိစိတ်ဆူးကို နောက်ထပ်တစ်ကြိမ် ပစ်ခတ်လိုက်ပြီး မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကိုလည်း ထပ်သုံးလိုက်ပါတယ် ။

သည်တစ်ကြိမ်မှာတော့  မီးလျှံသားမွှေး ဝံပုလွေဟာ လီဖူချန်းရဲ့ မျက်လုံးတွေကို တိုက်ရိုက် မကြည့်ခဲ့ပါဘူး ။ ဒါပေမဲ့လည်း မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကတော့ သူ့အပေါ်မှာ သက်ရောက်မှု ရှိနေဆဲပါပဲ ။

နောက်ဆုံးမှာတော့ သူဟာ မရှုနိုင် ၊ မကယ်နိုင်ဘဲ ပုံရိပ်ယောင် ကမ္ဘာအတွင်းကို နောက်ထပ်တစ်ကြိမ် ကျရောက်သွားခဲ့ ပြန်ပါပြီ ။

" ကြယ်ကြွေ "

လီဖူချန်းရဲ့  တိုက်ခိုက်နှုန်း ပြင်းထန်မှုကတော့ သာမန် ထွတ်ခေါင် ဆရာသခင် အဆင့်မှာသာ ရှိတယ်လို့ ဆိုရပါမယ် ။  ဒါပေမဲ့ ကြယ်ပျံဓားသိုင်းကတော့ ခြွင်းချက်ပါပဲ ။ သည်ဓားသိုင်းက သူ့ရဲ့ တိုက်ခိုက်နှုန်းကို နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်ပေါင်းပေးပါတယ် ။

ရွှီး……

ဓားအလင်းတန်း တစ်ခုဟာ ကြယ်ပျံတစ်စင်း ကြွေကျလာသလို အဟုန်မျိုးနဲ့ ထွက်ပေါ်လာပြီး  မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပါပြီ ။

ဓားချက်စိုက်ဝင်သွားတဲ့ နေရာက ဖယောင်းတိုင် တစ်တိုင် သာသာလောက်သာ ရှိတယ် ဆိုပေမယ့်လည်း အဲသည်ဓားချက်ရဲ့ ပတ်ဝန်းကျင် တစ်ဆယ်မီတာ ပတ်လည်ကတော့ မိုးကြိုးတစ်စင်း ပစ်ခတ်သွားတဲ့အလား မည်းတူးချိတ် ကုန်ပါတယ် ။

ကိန်……ကိန်……ကိန်……

အူး……ဝူး……

ယေဘုယျအားဖြင့် ဆိုရင်တော့ ပေပေါင်းထောင်ကျော် ရှိတဲ့ မီးလျှံသားမွှေး ဝံပုလွေဟာ သည် တစ်ဆယ်မီတာလောက် ရှိတဲ့ ဒဏ်ရာကို ဂရုစိုက်စရာ မရှိပါဘူး ။ဒါပေမဲ့လည်း အခုတော့  မီးလျှံသားမွှေး ဝံပုလွေဟာ သေတော့မယ့်အတိုင်း အော်ဟစ်မြည်ကြွေးကာ အူနေခဲ့ပါတယ် ။

တစ်ဆက်တည်းမှာပဲ သူ့ရဲ့ ချီအရှိန်အဝါတွေဟာ တဖြည်းဖြည်း လျော့ကျလာခဲ့ပါပြီ ။

" မျိုးမစစ်ကောင်…… ငါသေရင် မင်းလည်း သေရမယ် "

သေအံ့မူးမူး အခြေအနေကို ရောက်နေတဲ့  မီးလျှံသားမွှေး ဝံပုလွေဟာ သည်အတိုင်းတော့ အသေခံဖို့ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူဟာ ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျိုးဆက်သွေးကို လောင်ကျွမ်းစေလိုက်ပါပြီ ။

တကယ်လို့ သူ့အနေနဲ့ သေဆုံးသွားရမယ် ဆိုရင်တောင်မှ လီဖူချန်းကို မရရအောင် အဖော်ခေါ်သွားမှာ ဖြစ်ပါတယ် ။

မိစ္ဆာသားရဲတိုင်းဟာ သူတို့ရဲ့ မျိုးဆက်သွေးကို လောင်ကျွမ်းစေနိုင်စွမ်း မရှိပါဘူး ။ ဒါပေမဲ့လည်း  မီးလျှံသားမွှေး ဝံပုလွေကတော့ မျိုးဆက်သွေးကို လောင်ကျွမ်းစေနိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက မီးတာအိုကနေ ပေါက်ဖွားလာတဲ့ မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေတဲ့အပြင် သူဆက်ခံထားတဲ့ ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျိုးဆက်သွေးကလည်း အတော်လေး သိပ်သည်းနေလို့ပါပဲ ။

အူ……ဝူး……ဝူ……

ဆွေးဆွေးမြည့်မြည့် အူသံရှည်ကြီး အပြီးမှာတော့  မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ဟာ စတင်ပြီး ပြောင်းလဲလာခဲ့ပါပြီ ။ သူ့ရဲ့ နဂိုမူလ မီးလျှံသားမွှေးတွေ အကုန်လုံးဟာ ကျွတ်ထွက်ကုန်ပြီး  အဲသည် မီးလျှံသားမွှေးတွေအစား မြင့်မြတ်တဲ့ အရှိန်အဝါတွေကို သယ်ဆောင်ထားတဲ့ မီးလျှံသားမွှေးတွေ ပြန်ပေါက်လာပါတယ် ။ အဲသည် အသစ် ပေါက်လာတဲ့ မီးလျှံသားမွှေးတွေက  မီးလျှံသားမွှေး ဝံပုလွေကို အသစ်ပြန်လည် မွေးဖွားပေးလိုက်သလိုပါပဲ ။

***

All Chapters