ဘိုးဘေးများကို ရိုက်နှက်ခြင်း
Vol. 36 Ch. 502
တံတားပေါ်တွင် လူသားဧကရာဇ်အားလုံး၏ အမူအရာများ ထူးဆန်းနေကြသည်။ ရွာလူကြီးက ချင်မူ စိတ်အားတက်အောင်၊ လူသားခန္ဓာဖြစ်သော်လည်း ကြိုးစားလိုစိတ်ရှိလာအောင် လောကသခင်ခန္ဓာအကြောင်း လုပ်ကြံပြောခဲ့သည်ဟု ပြောပြခဲ့၏။ သူတို့ သူ့ကို ယုံခဲ့ကြသည်။
သို့တိုင်အောင် အဆင့်တူတွင် လူသားဧကရာဇ်ချီကန်းမှာ ပထမတိုက်ကွက်ကတည်းက အရေးနိမ့်နေခဲ့ပြီဖြစ်သည်။ ထို့နောက် လူသားခန္ဓာအနေဖြင့် အပြင်းအထန် ကြိုးစားအားထုတ်လျှင်တောင် မလုပ်နိုင်သင့်သော အတိုင်းအတာအထိပင် ရိုက်နှက်ခံခဲ့ရ၏။
လူသားခန္ဓာက ကြိုးစားအားထုတ်မှုသက်သက်ဖြင့် လူသားဧကရာဇ်တစ်ယောက်အား ဤအတိုင်းအတာအထိ အဘယ်သို့ပြု၍ ရိုက်နှက်နိုင်မည်နည်း။
ထို့ကြောင့် ဤကမ္ဘာပေါ်တွင် လောကသခင်ခန္ဓာ အမှန်တကယ် ရှိနေသလားဟုပင် သူတို့အားလုံး သံသယဝင်လာကြသည်။
တံတားပေါ်တွင် လူသားဧကရာဇ်ရီရှန်း၏ ချီစွမ်းအင်က ဧရာမလက်ကြီးအသွင် ဖွဲ့တည်၍ မြစ်ရေစီးအကြောင်း မျောပါသွားသော လူသားဧကရာဇ်ချီကန်းအား လှမ်းတို့သည်။
လူသားဧကရာဇ်ချီကန်းမှာ မြစ်ရေပြင်ထက်တွင် ပင်လက်လှန်ကာ ကောင်းကင်ကို စိုက်ကြည့်နေ၏။ သူက မလှုပ်မယှက် ရှိနေပြီး လက်ကြီး သူ့အား တို့လိုက်သည့်အခါ ရေထဲနစ်သွားပြီးနောက် ပြန်ပေါ်လာသည်။
“တပည့်လေး မြေးတပည့် ရိုက်တာကို လက်ခံလိုက်ပြီလား” လူသားဧကရာဇ်ရီရှန်းက ရယ်ချင်စိတ်ကို အောင့်ကာ မေးလိုက်သည်။
“ချီးထုပ်ကြီး လာမထိစမ်းနဲ့ အေးအေးဆေးဆေး နေပါရစေ” လူသားဧကရာဇ်ချီကန်းက ဘောက်ဆတ်ဆတ် ပြော၏။ “ရိုက်ခံလိုက်ရလို့ စိတ်နဲ့ကိုယ်မကပ် ဖြစ်နေတာ လက်ခံလိုက်တာ မဟုတ်ဘူး။ ကျုပ် ဘယ်လိုရှုံးသွားလဲ ပြန်တွေးဖို့ အချိန်ယူနေတာ သက်သက်ပဲ...”
လူသားဧကရာဇ်ရီရှန်းက သူ့အဖြစ်ကို တဟားဟား ရယ်ကာ ဝမ်းသာနေသည်။ “ရှုံးတာ လက်မခံဘူးလို့ ပြောနေတုန်းပဲလား”
လူသားဧကရာဇ်ချီကန်းက ပက်လက်လှန်နေရာမှ မှောက်လိုက်၍ တင်ပါးသာ ပေါ်လာသည်။ မြစ်ရေစီးကြောင်းက သူ့ကို အဝေးသို့ သယ်ဆောင်သွား၏။
ချင်မူ စိတ်ပူလာ၍ လှမ်းအော်လိုက်သည်။ “ဆရာ့ဆရာကြီး... ရေနစ်မသေစေနဲ့နော်”
လူသားဧကရာဇ်ရီရှန်းက ရယ်သည်။ “အဲဒီကောင်စုတ်လေးက ရှုံးတိုင်း အဲဒီလိုပဲ။ ဘေးမဲ့ပေးထားလိုက်... မင်းမမြင်အောင် မျက်ရည်တွေ တိတ်တိတ်လေး သုတ်နေတာ”
ချင်မူ ရင်ထဲ မကောင်းဖြစ်သွားသည်။ ဆရာ့ဆရာကို မြစ်ထဲတွင် တိတ်တိတ်လေး မျက်ရည်သုတ်နေရသော အခြေအနေဖြစ်အောင် သူ ရိုက်ခဲ့မိသည်မဟုတ်ပါ၏လော။ ဤလုပ်ရပ်မျိုးက စော်ကားရာရောက်လေသည်။ ဒုက္ခိတဘိုးဘွားကျေးရွာမှ သင်ကြားဆုံးမပေးထားသော လူတစ်ယောက်အနေဖြင့် လူကြီးသူမများကို သူ အမြဲလေးစားခဲ့၏။ သို့သော်လည်း... သူနှင့်အဆင့်တူတွင် တိုက်ခိုက်စဉ်တုန်းက ထော့ကျိုးနှင့် ရွှေအလည်း သူ ရိုက်နှက်သည်ကို ခံခဲ့ရဖူးသည်။
“ကျွန်တော် လက်ဆနည်းနည်း ပြင်းသွားတာ ဖြစ်လောက်မယ်ဗျ။ ဆရာ့ဆရာကြီး.... ကျွန်တော့်လက်သီးသိုင်းက တကယ်တော့ ဆရာကြီးထက် နိမ့်ကျပါတယ်။ ကျင့်စဉ်စွမ်းအင် ပိုသိပ်သည်းတာကို အခွင့်အကောင်းယူပြီး တိုက်ခိုက်ခဲ့လို့သာ ဆရာကြီးကို နိုင်သွားတာပါ... စိတ်မကောင်းမဖြစ်ပါနဲ့နော်” ချင်မူ တံတားပေါ် ခုန်ဆင်း၍ လက်ရန်းတွင် မှီကာ ရေစီးနှင့်အတူ မျောသွားသော ချီကန်းအား လှမ်းအော်သည်။ “ကျွန်တော် အားပြင်းပြင်းထည့်ဖို့ မရည်ရွယ်ပါဘူး တကယ်...။ ဆရာ့ဆရာကြီးရဲ့ အစွမ်းအစတွေက သိပ်သန်မာအားကောင်းတာ မြင်လို့ ကျွန်တော့်ရဲ့ ယှဉ်ပြိုင်ချင်စိတ်တွေ ထကြွလာပြီး အားအပြည့် သုံးလိုက်မိတာပါ။ ပုံမှန်ဆို အဆင့်တူတွေနဲ့ တိုက်ခိုက်ရင် အဲဒီလိုသုံးခဲပါတယ်”
သူ့မှာ အထီးကျန်၍ ဝမ်းနည်းနေပုံပေါက်သည်။ “ကျွန်တော်က လောကသခင်ခန္ဓာမဟုတ်လား။ အဆင့်တူမှာ ပြိုင်ဘက်တွေ့ပြီ ထင်လိုက်ပေမယ့် ဆရာ့ဆရာကြီးရဲ့ အစွမ်းအစတွေက နည်းနည်းနိမ့်ကျနေမယ်လို့ ဘယ်သူက ထင်မှာလဲဗျာ။ ဒါပေမဲ့ ဆရာကြီးရဲ့ အမှား မဟုတ်ပါဘူး”
တံတားပေါ်ရှိ လူသားဧကရာဇ်များမှာ မြစ်ရေစီးနှင့်အတူ မျောသွားသည့် ချီကန်းအား အထီးကျန်နေသောမျက်ဝန်းများဖြင့် ကြည့်နေသော လူသားဧကရာဇ်လေးကို ကြည့်ကာ ဒေါသများ မြိုသိပ်ထားကြရ၏။ “ဘိုးဘေးကြီးတွေနဲ့ ဆရာကြီးတို့သာ ကျွန်တော်နဲ့ မျိုးဆက်အတူတူဆို သိပ်ကောင်းမှာပဲ
“ကျွန်တော်တို့သာ မျိုးဆက်တူတူ မွေးလာရင် ဆရာကြီးတို့ ဘိုးဘေးကြီးတို့လည်း ကျွန်တော်နဲ့အတူ လေ့ကျင့်ပြီး ကျွန်တော့်ကို ယှဉ်လို့ရဦးမှာ.... ဆရာကြီးတို့က ဟိုးတုန်းက လူတွေဖြစ်နေတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ကျွန်တော်တို့မျိုးဆက်ကို လိုက်မမှီနိုင်တာ နှမြောစရာကောင်းတယ်ဗျာ.... ကျွန်တော်တို့က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့လူတွေဆိုတော့ ဆရာကြီးတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေနဲ့ လမ်းစဉ်တွေဟာ ခေတ်နောက်ကျကျန်ခဲ့ပြီ...”
ဘိုးဘေးကြီးတို့၏ လက်သီးများမှ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်လာပြီး သူတို့အားလုံး မပေါက်ကွဲမိအောင် မနည်းမြိုသိပ်ထားကြရသည်။
လူသားဧကရာဇ်လန်ပိုက ပြုံးနေလျက် အံကြိတ်လိုက်သည်။ အံကြိတ်လိုက်သံမှာ ကျောချမ်းဖွယ်ကောင်း၏။
ခွေးကောင်လေး၏ စကားများက အလွန်နှိမ့်ချနေသော်လည်း စကားတစ်ခွန်းသံက လူရှင်များကိုပင် ဒေါသထွက်လွန်း၍ သေသွားစေနိုင်ပြီး လူသေများကိုလည်း ငေါက်ခနဲ ပြန်ရှင်လာစေနိုင်သည်။ လူသားဧကရာဇ်အားလုံး သူ့ကို အမှုန့်ဖြစ်အောင် ရိုက်သတ်ချင်လာကြတော့သည်။။
“လောကသခင်ခန္ဓာချင်၊ မင်းက ချီကန်းတစ်ယောက်တည်းကိုပဲ အနိုင်ယူရသေးတယ် ငါတို့လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ခေတ်နောက်ကျကျန်ခဲ့ပြီလို့ ပြောနေပြီလား။ နည်းနည်း ကြွားရာမရောက်ဘူးလား” လူသားဧကရာဇ်ရီရှန်းမှာ ချိုသာသောအမူအရာဖြင့် ပြောနေသော်လည်း အသံက တောင့်တောင့်ကြီးဖြစ်နေ၏။ “လာ လာ ကောင်းကင်နတ်သိုင်းဆိုတာ ဘာလဲ သင်ပေးရသေးတာပေါ့”
ချင်မူက အရပ်ငါးပေသာ ရှိသော ဆရာ့ဆရာ့ဆရာကြီးကို လှည့်ကြည့်ပြီး အခက်တွေ့သွားဟန် ဖြစ်သွားသည်။ “ဆရာကြီးရဲ့ လမ်းစဉ်က ကောင်းကင်နတ်သိုင်းလမ်းစဉ်ဖြစ်သလို၊ သိပ်သန်မာအားကောင်းတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနား ဒီလောက်ကပ်နေရင် ဆရာကြီး တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်... ဆယ့်ခြောက်ကြိမ်၊ ဆယ့်ခုနစ်ကြိမ်လောက် သေနေပြီးပြီဗျ”
လူသားဧကရာဇ်ရီရှန်း ဒေါသမထိန်းနိုင်တော့ဘဲ သူ့လက်ထဲတွင် မိုးကြိုးလုံးကြီးတစ်လုံး ဖွဲ့တည်လိုက်သည်။ သူ့မှာ ခွေးကောင်လေးကို အမှုန့်ဖြစ်အောင် ရိုက်သတ်ပစ်လိုစိတ်များအား မြိုသိပ်ထားရ၏။
“ဒီလောက်အနားကပ်နေရင် ကောင်းကင်နတ်အသွင်အဆင့်တောင်မှ ကျွန်တော့်ဆီက တိုက်ကွက်တစ်ကွက်တောင် ခံနိုင်မှာမဟုတ်ဘူး”
ချင်မူက မည်သည့်ခံစားချက်မှ မရှိသကဲ့သို့ သူ့ဘာသာသူ ဆက်ပြောနေသည်။ “ဆရာကြီး ကျင့်ကြံထားတာက ကောင်းကင်နတ်သိုင်းဆိုတော့ ရုပ်ခန္ဓာမှာ အားနည်းတယ်လို့ ဆိုလိုတယ်။ ကျွန်တော်တို့ ဒီလောက်နီးကပ်နေရင် ဆရာကြီး စကားတစ်ခွန်းပြောနေတဲ့ အချိန်လေးအတွင်း ဆရာကြီးကို ကျွန်တော် အကြိမ်နှစ်ဆယ်၊ သုံးဆယ်လောက် သတ်ပစ်ဖို့ လုံလောက်တယ်”
လူသားဧကရာဇ်ရီရှန်းမှာ သွေးအန်လုနီးနီး ဖြစ်သွားပြီး မျက်နှာကြီး မည်းမှောင်သွား၏။ သူ တံတားပေါ်မှ ခုန်ဆင်းလိုက်သည့်အခါ တိမ်တိုက်တစ်ခုက သူ၏ပုတိုတိုခန္ဓာကိုယ်လေးကို ဖမ်းလိုက်သည်။ သူက ဒေါသတကြီး လှမ်းအော်ပြော၏။ “ခွေးကောင်လေး တော်တော် မောက်မာနေတယ်ပေါ့လေ။ ဒါဆိုလည်း ငါတို့ မတိုက်ခိုက်ခင် လူချင်းအရင်ခွဲထားတာပေါ့”
သူ့အောက်ရှိ တိမ်တိုက်က သူ့ကို မြစ်အထက်ပိုင်းသို့ ခပ်မြန်မြန် သယ်ဆောင်သွားသည်။ ငါးမိုင်၊ ခြောက်မိုင်ခန့် ကွာသည့်အခါ လူသားဧကရာဇ်ရီရှန်းမှာ ဤအကွာအဝေးလောက်ဆို ရပြီဟု ခံစားလိုက်ရသည်။ သို့သော် ချင်မူ့ဓားကွက်များက မည်မျှသွက်လက်ကြောင်း သတိရလိုက်သဖြင့် မလုံလောက်သေးသလို ခံစားလိုက်ရပြီး သုံးမိုင်ကျော် ထပ်ဆုတ်လိုက်၏။ ထို့နောက်တွင် ချင်မူ မည်မျှလျင်မြန်ပြီး ချီကန်းအား လွယ်ကူစွာ လိုက်မှီသွားခဲ့သည်ကို တွေးမိလိုက်သဖြင့် နောက်နှစ်မိုင်ကျော် ထပ်ခွာလိုက်သည်။
‘ငါ ထပ်ဆုတ်လို့ မဖြစ်တော့ဘူး။ တော်ကြာ ငါ့တပည့်ရဲ့ မြေးတပည့်ကို ရှုံးမှာ ကြောက်နေတယ် ထင်သွားဦးမယ်...’
လူသားဧကရာဇ်ရီရှန်း နောက်လှည့်ကြည့်လိုက်သည့်အခါ အလွန်ဝေးလွန်း၍ တံတားမှာ မျဉ်းပါးပါးလေးတစ်ကြောင်း ဖြစ်နေပြီး ချင်မူက မျဉ်းပေါ်ရှိ အစက်လေးသဖွယ် ဖြစ်နေကြောင်း မြင်လိုက်ရသည်။
လူသားဧကရာဇ်ရီရှန်း ရှက်သွားမိ၏။ တခဏလေးအတွင်း ဤမျှဝေးဝေးပြေးလာခြင်းမှာ သူရဲဘောကြောင်သော အပြုအမူ ဖြစ်ချေသည်။
“ဆင်းလာခဲ့စမ်း” လူသားဧကရာဇ်ရီရှန်း စိတ်ပြန်ထိန်းလိုက်ပြီး သူ့အသံက အားမာန်အပြည့် ပါနေသည်။ သူသည် လူသားဧကရာဇ်ချီကန်းနှင့် တစ်ထေရာတည်း တူနေ၏။
တံတားပေါ်မှ ဒုတိယဘိုးဘေးကြီးက လှမ်းအော်သည်။ “ရီရှန်း မင့်ကောင်းကင်ရတနာတွေကို မပိတ်ရသေးဘူးလေ”
လူသားဧကရာဇ်ရီရှန်း၏ မျက်နှာကြီး နီရဲသွားပြန်သည်။ သူ့မှာ အလွန်စိတ်လှုပ်ရှားနေ၍ ရလဒ်အနေဖြင့် ကောင်းကင်ရတနာများအား ပိတ်ရန် မေ့သွားခဲ့၏။ သူက ကောင်းကင်ရတနာသုံးခုကို အလျင်အမြန် ပိတ်ကာ အားမာန်အပြည့်ဖြင့် ထပ်အော်လိုက်သည်။ “ဆင်းလာခဲ့စမ်း”
ဘုန်း
ချင်မူ မြစ်ရေပြင်ထက်သို့ ဆင်းလာသည်။
“တံတိုင်းများကို ဆက်၍ တောင်ပြာများကို ထိတွေ့ခြင်း”
လူသားဧကရာဇ်ရီရှန်း၏ ပထမဆုံးသိုင်းကွက်
အင်္ကျီလက်အိုးထဲတွင် သူ၏တိုတိုတုတ်တုတ် လက်ချောင်းငါးချောင်းက မြင့်ချည်နိမ့်ချည် ရွေ့လျားသွားသည်။ တမုဟုတ်ချင်း သူ့ခြေထောက်အောက်၌ ဆယ်မိုင်ကျော်သော မြစ်တစ်စင်း ပေါ်ထွက်လာပြီး ရေများက တောင်ပြာပြာများကို ဖွဲ့တည်လိုက်၏။
မြစ်ကြီးတစ်စင်း အပြာရောင်တောင်များအသွင် ပြောင်းလဲသွားခြင်းမှာ လှပသော်လည်း ဤသည်မှာ သတ်ဖြတ်လိုသောစိတ်ဆန္ဒ ကိန်းဝပ်နေသည့် ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်သည်။
ရီရှန်း၏ ကောင်းကင်နတ်သိုင်းများက လမ်းစဉ်အဆင့်သို့ ဝင်ရောက်ခဲ့ပြီး တခြားလူတို့၏ ကောင်းကင်နတ်သိုင်းများနှင့် ကွဲပြားသည်မှာ သူ၏ကောင်းကင်နတ်သိုင်းများက အသက်သွင်းလိုက်မှ စွမ်းအားဖြင့် ပေါက်ကွဲတတ်ခြင်း ဖြစ်၏။ အကယ်၍ လူတစ်ယောက်သာ သူ၏ကောင်းကင်နတ်သိုင်းအတွင် ရောက်သွားလျှင် အနည်းငယ် လှုပ်ရှားမိရုံဖြင့် ကြောက်မက်ဖွယ်ရာ ကပ်ဘေးကြီးကို အသက်သွင်းမိလိမ့်မည်။
သူ့ဘေး၌ တောင်ပြာပြာများ တဟုန်ထိုး မြင့်တက်လာနေသော်လည်း ချင်မူမှာ စိတ်လှုပ်ရှားနေသည်။ စိတ်လှုပ်ရှားလွန်း၍ ချီစွမ်းအင်များပင် တဆတ်ဆတ် တုန်ခါကာ ပုံမှန်ထက် ပိုမိုတက်ကြွအားကောင်းနေ၏။
‘ဒါက... ရွာလူကြီးရဲ့ ပထမဓားကွက် အစပြုထားတဲ့ အရင်းအမြစ်ပဲ။ ရွာလူကြီးရဲ့ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားက လူသားဧကရာဇ်ရီရှန်းရဲ့ ဒီသိုင်းကွက်ကို မှီငြမ်းထားတာ။ ကောင်းကင်နတ်သိုင်းကနေ ဓားသိုင်းကို ပြောင်းလဲနိုင်တဲ့အထိ ရွာလူကြီးက တကယ် ဉာဏ်ကြီးရှင်ပဲ’
ချင်မူ စိတ်လှုပ်ရှားလွန်း၍ မာန်သွင်းဟိန်းဟောက်လိုက်မိသည်။ “အစစ်အမှန်နဂါး လောကသခင်ခန္ဓာ”
ဓားပန်းချီကို သင်ယူခဲ့တုန်းက ရွာလူကြီး၏ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားချက်အောက်တွင် ချင်မူ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သည်။ သူ့ဓားကွက်၏လိုအပ်ချက်များကို မည်မျှဖြည့်ခဲ့စေကာမူ ရွာလူကြီးကို မနိုင်ခဲ့ပေ။ ယခုတွင် သူ၏အသိအမြင်၊ ဗဟုသုတများက ထိုစဉ်တုန်းကနှင့် မတူတော့သလို၊ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သော ဓား၏ မူလအစကို မြင်တွေ့ရပြီဖြစ်သည့်အတွက် ရွာလူကြီးအား နောက်တစ်ကြိမ် စိန်ခေါ်နေရသကဲ့သို့ ခံစားလာရသည်။
သူ့မှာ စိတ်လှုပ်ရှားနေသဖြင့် အစစ်အမှန်နဂါးလောကသခင်ခန္ဓာအား ထုတ်ဖော်မိသွား၏။ သူ၏ချီစွမ်းအင်က အဆုံးမဲ့လာပြီး သူ့ကိုယ်ထဲမှ စိမ့်ထွက်သော စွမ်းအင်တစ်မျှင်တိုင်းက မတူညီသောနဂါးတစ်ကောင်စီကို ကိုယ်စားပြုနေသည်။
အစစ်အမှန်နဂါးလောကသခင်ခန္ဓာသည် အစစ်အမှန်နဂါးသိုက်မှ နဂါးမျိုးနွယ်၏ ကျင့်စဉ်ကို လောကသခင်ခန္ဓာအမြုတသုံးသွယ် ကျင့်စဉ်ဖြင့် ပေါင်းစည်းရင်း ဖန်တီးခဲ့သည့် အားကောင်းပြင်းထန်သော ရုပ်ခန္ဓာကောင်းကင်နတ်သိုင်း ဖြစ်၏။ ချီစွမ်းအင်မှ နဂါးစွမ်းအင်အသွင် ပြောင်းလဲသွားသည့်အခါ ပတ်ပတ်လည် နေရာဟင်းလင်းပြင်တစ်ခုလုံး တုန်ခါလာပြီး ထူးဆန်းသော နဂါးအမှတ်အသားများ ဖွဲ့တည်လာ၏။ ၎င်းတို့က သင်္ကေတများ၊ အင်းကွက်များသဖွယ် သူ့ခန္ဓာကိုယ်ပေါ်တွင် တဖျတ်ဖျတ် လင်းလက်နေသည်။
သူက ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းကို သုံး၍ မှော်အစီအရင်ကောင်းကင်နတ်သိုင်းအား တိုက်ခိုက်နေခြင်းဖြစ်၏။
ချင်မူ တရှိန်ထိုး ပြေးထွက်သွားသည်။ သူက တောင်ပြာပြာများကို နင်း၍ ဆယ်မိုင်အကွာရှိ လူသားဧကရာဇ်ရီရှန်းဆီသို့ တန်းတန်းမတ်မတ် ပြေးနေ၏။
ဘုန်း ဘုန်း ဘုန်း
သူ၏လက်သီးများနှင့် ခြေထောက်များက ဖျတ်လတ်လျင်မြန်စွာ ရွေ့လျားနေသည်။ သူ့ဘေး၌ အစစ်အမှန်နဂါးများ ကခုန်နေပြီး ၎င်းတို့၏ အားကောင်းပြင်းထန်သော တွန်သံများက တောင်တန်းမြစ်ပြင်များကို ရိုက်ခွဲပစ်နေသည်။ သူက လူသားဧကရာဇ်ရီရှန်း၏ ကောင်းကင်နတ်သိုင်းအား ခန္ဓာကိုယ်ဖြင့် ပြေးတိုက်သွားသော်လည်း ကောင်းကင်နတ်သိုင်းမှာ သူ၏အစစ်အမှန်နဂါးလောကသခင်ခန္ဓာအား မထိုးဖောက်နိုင်ပေ။
လူသားဧကရာဇ်ရီရှန်း၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤကောင်လေးသည် ရုပ်ခန္ဓာဖြင့် ကောင်းကင်နတ်သိုင်းအား ထိုးဖောက်လာနိုင်သည့်တိုင်အောင် သန်မာမာကြောလှ၏။ ထို့နောက် ရီရှန်းက ကောင်းကင်နတ်သိုင်းကို ပြောင်းလဲ၍ အရူးအမူး တိုက်ခိုက်ကာ သူ့ဘာသာသူ တွေးလိုက်သည်။ ‘မင်း ဒါကို ဘယ်လိုထိုးဖောက်မလဲ ကြည့်ရသေးတာပေါ့။ ဒီလာလို့ကတော့ မင်း သေပြီသာမှတ်’
တောင်တန်းများ ပြိုကျသွားပြီး လှိုင်းလုံးများအဖြစ် မြောက်တက်လာသည်။ တံတားပေါ်ရှိ လူသားဧကရာဇ်များမှာ ချင်မူ၏ရုပ်ခန္ဓာမှ အားကောင်းပြင်းထန်သော တိုက်ခိုက်လိုစိတ်ကြောင့် လေကြမ်းကြမ်းများ သူတို့မျက်နှာများနှင့် အဝတ်အစားများအား တိုးဝှေ့နေသကဲ့သို့ ခံစားနေရသည်။
“ဒီရုပ်ခန္ဓာကောင်းကင်နတ်သိုင်းက ဒုတိယဘိုးဘေးကြီးထက်တောင် သန်မာသေးတယ်” တတိယဘိုးဘေးကြီးက အလေးအနက် ပြောလိုက်သည်။ “ထို့ယွီ မင်းက ဝင်္ကပါအတွက်အချက်ပညာမှာ ကျွမ်းတယ်.. မင်းရဲ့ သင်္ချာစွမ်းရည်ကလည်း ပြိုင်ဘက်ကင်းပဲ သူ့ဟာကွက် ဘယ်နေရာမှာရှိလဲ တွက်နိုင်လား”
လူသားဧကရာဇ်ထို့ယွီ၏မျက်လုံးထဲတွင် မရေမတွက်နိုင်သော ဝင်္ကပါများ လင်းလက်လာလိုက်၊ မှိန်သွားလိုက် ဖြစ်နေပြီး သူက ချင်မူ၏ရွေ့လျားနေသော ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ နဂါးအမှတ်အသားမျိုးစုံ၏ တည်နေရာကို တွက်ချက်နေသည်။ တည်နေရာအပေါ် အခြေခံ၍ အရေပြားပေါ်ရှိ နဂါးအမှတ်အသားများ၏ အပြောင်းအလဲများကို တွက်ချက်ကြည့်၏။ အပြောင်းအလဲများရသည့်အခါ သူ့ကိုယ်ထဲရှိ ချီစွမ်းအင်လည်ပတ်မှု၊ ကြွက်သားများ ရွေ့လျားမှုနှင့် စွမ်းအင်စီးဆင်မှုများအား တွက်ချက်သည်။ ပြီးလျှင် ချင်မူ့ကျင့်စဉ် လှည့်ပတ်နေသော လမ်းကြောင်း၊ ကောင်းကင်ရတနာများထဲတွင် သူ၏ချီစွမ်းအင် စီးဆင်းနေသော လမ်းကြောင်းများကို တွက်ချက်သည်။
တွက်ချက်ရသော ကဏ္ဍများက များပြားလွန်းပြီး ရှုပ်ထွေးလှသော်လည်း လူသားဧရာဇ်ထို့ယွီသည် ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ အားတက်သရော တွက်နေ၏။
သူက သူ့ခေတ်သူ့အခါတွင် အစွမ်းထက်ဆုံး ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်သည်သာမက သူ၏သင်္ချာစွမ်းရည်က ထိုခေတ်၏ တာအိုသခင်ထက်ပင် မြင့်မားခဲ့သည်။ တာအိုဂိုဏ်းနှင့် ယှဉ်ပြိုင်တုန်းက မည်သူ့မှ သူ့အား အနိုင်မရခဲ့ပေ။
ယခုတွင် လူသားဧကရာဇ်အားလုံး ချင်မူ မည်မျှသန်မာကြောင်း မြင်တွေ့ရပြီဖြစ်၍ အဆင့်တူတွင် အရိုက်ခံရမည်က သေချာနေသည်။ ရှုံးသည်က အသေးအဖွဲသာ ဖြစ်သော်လည်း ရှက်စရာကောင်း၏။
ထို့ကြောင့် အနိုင်ရအောင် လူသားဧကရာဇ်ထို့ယွီကို ချင်မူ့ဟာကွက်နေရာအား တွက်ခိုင်းရုံအပြင် ရွေးစရာမရှိပေ။
အကြံကုန်၍ ဂဠုန်ဆားချက်ခိုင်းနေခြင်း ဖြစ်သည်။
“သူ့မှာ ဟာကွက်တစ်ခု ရှိနေတယ်”
လူသားဧကရာဇ်ထို့ယွီ၏ မျက်လုံးများ တောက်ပသွားသည်။ ထိုစဉ် အောက်၌ ချင်မူက ထောပတ်ကို ဖြတ်နေသော ဓားပူပူပမာ လူသားဧကရာဇ်ရီရှန်းဆီသို့ တရှိန်ထိုး ပြေးသွားနေ၏။
လူသားဧကရာဇ်ထို့ယွီက အလေးအနက် ပြောလိုက်သည်။ “သူ့ဟာကွက်က လူသားဗဟိုချက်နေရာမှာ... ခဏလေး ပြောင်းသွားပြီ။ ဘယ်ပခုံးပေါ်မှာ မဟုတ်ဘူး အခု ကျောပေါ် ရောက်သွားပြီ...”
“အတိအကျက ဘယ်နေရာမှာတုန်း” လူသားဧကရာဇ်လန်ပိုက ဒေါသတကြီး မေးသည်။ “ဆရာ့ဆရာကြီး ရှင် တွက်နိုင်တာလား မတွက်နိုင်တာလား”
လူသားဧကရာဇ်ထို့ယွီ ပြောရန်ပြင်နေစဉ် အောက်ရှိ လူသားဧကရာဇ်ရီရှန်းက သူ၏သန်မာအားကောင်းဆုံး ကောင်းကင်နတ်သိုင်း နတ်ဘုရားချုပ်နှောင်ခြင်းလက်ချောင်းအား ထုတ်ဖော်လိုက်သည်။ အားလုံး ၎င်းဆီသို့ အကြည့်ရောက်သွားကြသည်။
နတ်ဘုရားချုပ်နှောင်ခြင်းလက်ချောင်းက ချီစွမ်းအင်နှင့် မူလဝိညာဉ်ကို ချုပ်နှောင်ကာ ဝိညာဉ်အား တိုက်ခိုက်သည်။ ဤသည်မှာ လူသားဧကရာဇ်ရီရှန်း အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများကို တိုက်ခိုက်ရာတွင် သုံးခဲ့သော ကောင်းကင်နတ်သိုင်းဖြစ်ပြီး မကြာခဏ အနိုင်ရခဲ့ဖူး၏။
သူ လက်ဟန်နည်းစနစ်များ ထုတ်ဖော်သည့်အခါ လှိုင်းလုံးများ မမြောက်တက်လာသလို၊၊ လေများလည်း မတိုက်ခတ်သွားပေ။ ချင်မူက သူ့အရှေ့သို့ ရောက်လာခဲ့ပြီဖြစ်ပြီး နှစ်ယောက်ကြားတွင် တစ်မိုင်သာ ကွာဝောာ့သည်။ သို့သော် ထိုသိုင်းကွက်က ချင်မူ့ မျက်ခုံးနှစ်ဖက်ကြားသို့ ကျရောက်သွား၍ ချင်မူ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
“သိပ်ကောင်းတယ်” တံတားပေါ်ရှိ လူတိုင်း ပြိုင်တူ ချီးကျူးလိုက်ကြသည်။ “နတ်ဘုရားဆီက လက်ချောင်း.... ဒီလောကသခင်ခန္ဓာလေး မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့”
ထိုအခိုက်အတန့်တွင် ချင်မူ့မျက်ခုံးနှစ်ဖက်ကြား နေရာက ကွဲသွားပြီး ဝိညာဉ်သန္ဓေသားသေးသေးလေး ပေါ်လာသည်။ ဝိညာဉ်သန္ဓေသားက ဝိညာဉ်နှင့် ပေါင်းစည်း၍ မူလဝိညာဉ်ဖြစ်လာ၏။ သူ၏မျက်လုံးထဲရှိ ဝင်္ကပါများက တရှိန်ထိုး လည်လာပြီး နဂါးငွေ့တန်းထဲမှ နေလုံးကြီး ထွက်ပေါ်လာသည်။ နေအလင်းတန်းနှစ်တန်းက ဝှမ်ခနဲ ထွက်သွား၏။ တစ်တန်းက လူသားဧကရာဇ်ရီရှန်း၏ နတ်ဘုရားချုပ်နှောင်ခြင်းလက်ချောင်းကို သစ်ကိုင်းချောက်လေးပမာ လွယ်ကူစွာ ချိုးဖျက်လိုက်သည်။
ထိုမျှသန်မာအားကောင်းသော မူလဝိညာဉ်က တံတားပေါ်ရှိ လူတိုင်းအား မျက်လုံးအပြူးသားဖြင့် ငုံ့ကြည့်နေမိစေတော့သည်။ ကျန်အလင်းတန်းက လူသားဧကရာဇ်ရီရှန်း၏ ရင်ဘတ်ဆီ ထိမှန်၍ သူ့ခန္ဓာကိုယ်အား ကာကွယ်ထားသော ကောင်းကင်နတ်သိုင်းကို ဖျက်စီးလိုက်ရာ ဟာကွက်တစ်ကွက် ပေါ်လာစေသည်။
“တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သော ဓား”
ချင်မူ့ကို ရစ်ပတ်ထားသော ချီစွမ်းအင် နဂါးများသဖွယ် သောင်းကျန်းကခုန်၍ ဓားပျံများအသွင် ပြောင်းလဲကာ လူသားဧကရာဇ်ရီရှန်းအား လွှမ်းခြုံသွား၏။ ဓားပျံများမှ ဖွဲ့တည်ထားသည့် တောင်တန်းမြစ်ပြင်များက ကျယ်လောင်စွာ ဝင်တိုက်လိုက်၍ လူသားဧကရာဇ်ရီရှန်းမှာ မြစ်ထဲသို့ ဦးခေါင်းစိုက်လျက် ပြုတ်ကျသွားတော့သည်။
“ခိုင်ဧကရာဇ်ဓားမှာ သွေးပင်လယ်ဖြာ”
ရုတ်တရက် ဓားပျံများ စုစည်းသွားပြီ သွေးကဲ့သို့ နီစွေးနေသော မြစ်ပြင်တစ်စင်းအား ဖွဲ့တည်လိုက်သည်။ နတ်ဘုရားများ၊ မိစ္ဆာခေါင်းများ မြောက်တက်လာကာ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
ချင်မူက ဘေးသို့ ယိမ်းကာ ဓားဖြင့် ခုတ်ချလိုက်သည်။ လူသားဧကရာဇ်ရီရှန်းမှာ သွေးပင်လယ်ထဲမှ မြောက်တက်လာပြီး မြစ်အောက်ပိုင်းသို့ မျောသွား၏။
တခဏကြာသော် မြင်ကွင်း ပျောက်ကွယ်သွား၍ မြစ်ရေပြင်လည်း ပြန်လည်ကြည်လင်လာသည်။ ချင်မူက မျောပါသွားသည့် လူသားဧကရာဇ်ရီရှန်း၏ ခံပြင်းနေသောမျက်နှာကို လှမ်းကြည့်လိုက်သည်။ ဤသက်ကြီးပုမှာ မတရားသဖြင့် ခံလိုက်ရသော အကြည့်မျိုးဖြင့် သူ့အား စိုက်ကြည့်နေသည်။
ချင်မူ ခေါင်းကုတ်၍ စကားစလိုက်သည်။ “ဘိုးဘိုးရီရှန်း...”
လူသားဧကရာဇ်ရီရှန်းက တမုဟုတ်ချင်း ဗွမ်းခနဲ မှောက်လိုက်ပြီး ကောင်းကင်သို့ ဖင်ပေးထားရင်း တိတ်ဆိတ်စွာ မျောပါသွားသည်။
‘တွေ့ပြီ’
လူသားဧကရာဇ်ထို့ယွီ၏ မျက်လုံးများ လင်းလက်သွားကာ သူက ဝမ်းသာအားရ ပြောလိုက်၏။ “သူ့ဟာကွက်က တျန်းထန်နေရာမှာ ရှိနေတာ။ ကျောရိုးအဆုံးကနေ ရေရင် တတိယမြောက်တစ်ခု။ အဲ့ဒါ သူ့ဟာကွက်နေရာပဲ”
“ငါ ဒီခွေးကောင်လေးကို သေအောင် ရိုက်သတ်ပစ်မယ်” လန်ပိုက ခြင်းတောင်းကို ဆွဲလျက် တံတားပေါ်မှ ခုန်ဆင်းပြီး ချင်မူ့ဆီ တန်းတန်းမတ်မတ် ပြေးသွားကာ ပြုံးလိုက်သည်။ “ချင်လေး ဘွားဘွား မင်းကို ဝိညာဉ်လက်နက်တွေနဲ့ တိုက်ခိုက်မယ်နော်”
လူသားဧကရာဇ်ထို့ယွီမှာ တစ်ခုခုလွဲနေသေးသကဲ့သို့ ခံစားနေရသဖြင့် ချီတုံချတုံ ဖြစ်နေသည်။ ရုတ်တရက် သူက သူ့နဖူးသူ ပြန်ရိုက်ကာ အော်ဟစ်လိုက်၏။ “ငါ မှားသွားပြီ။ သူ့မှာ ကောင်းကင်ရတနာ သုံးခုပဲ ရှိနေတာ လေးခုမဟုတ်ဘူး။ သူက အရပ်ခြောက်မျက်နှာကောင်းကင်ရတနာနဲ့ ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို တစ်ခုတည်း ပေါင်းထားတာပဲ။ ငါက ကောင်းကင်ရတနာလေးခုရဲ့ စွမ်းအင်ပတ်လမ်းအတိုင်း တွက်ထားတာဆိုတော့ အဖြေထွက်လာတဲ့ ဟာကွက်က တကယ့်ဟာကွက်နေရာနဲ့ မိုင်ပေါင်းထောင်ချီ ဝေးနေလိမ့်မယ်....”
“ထပ်မပြောနဲ့တော့”
တဝုန်းဝုန်း သောင်းကျန်းနေခဲ့သော မြစ်ရေက ငြိမ်သက်သွားပြီး တံတားအောက်တွင် လူသားဧကရာဇ်လန်ပိုသည် ခြင်းတောင်းထဲမှ ဝိညာဉ်လက်နက်မျိုးစုံကို ဖြန့်ခင်းလျက် သွားနေ၏။ သူမက ခံရခက်နေသောအမူအရာမျိုးဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ “ထပ်မပြောနဲ့တော့ ဆရာ့ဆရာကြီးရေ၊ ကျွန်မ လှုပ်ရှားလိုက်ကတည်းက ရှင် မှားတွက်လိုက်မှန်း သိထားပြီးသား”
လူသားဧကရာဇ်ထို့ယွီ မျက်နှာကြီးရဲသွားပြီး တံတားပေါ်ရှိ လူသားဧကရာဇ်များအား ကြည့်လိုက်သည်။ “ငါ အခု မှားမတွက်တော့ပါဘူး... ဒီရုပ်တွေက ဘာရုပ်တွေတုန်း။ တကယ် မှားမတွက်တော့ပါဘူးဆို”
(စာလုံးရေများလို့ ၁၃ ပိုင်းပဲ ထည့်ထားပါတယ်)