← Chapters

နိုင်ငံ၆နိုင်ငံ၏ စစ်ဆင်ရေးခရီး

Vol. 16 Ch. 231

နိုင်ငံ၆နိုင်ငံ၏ စစ်ဆင်ရေးခရီး

Vol. 16 Ch. 231

ခိုလှုံရေးစခန်း ၃ ဆောက်လုပ်မှုမှာ စတင်ချိန်မှ ရက်ပေါင်း နှစ်ဆယ်ကျော် ကြာပြီဖြစ်၏။

အနောက်မြို့ဧရိယာနှင့် မြောက်ဘက်မြို့ဧရိယာတို့ကို နံရံများ၊ ဓာတ်အားပေးစက်ရုံများ၊ လူနေရပ်ကွက်များ၊ လျှပ်စစ်ကွန်ရက်နှင့် အခြေခံအဆောက်အဦများ အပါအဝင် အခြေခံအပြင်အဆင် အပြည့်အစုံဖြင့် ယာယီခိုလှုံရေးစခန်းနယ်မြေအဖြစ် ပြုပြင်မွမ်းမံထားသည်။

ဟန်ရှောင်း၏ [ခိုလှုံရေးစခန်း ၃] ပင်မဇာတ်လမ်းဇာတ်ကြောင်းမစ်ရှင်သည် တည်ဆောက်မှုလိုအပ်ချက် ဆယ့်သုံးခုရှိပြီး သုံးလကြာ ရည်မှန်းထားရာတွင် ယခုအချိန်တွင် သုံးခုသာ မပြီးပြတ်သေးဘဲ ကျန်တော့သည်။

တစ်လပြည့်ရန် ဆယ်ရက် ကျန်ရှိသေးသည်။ ထိုအချိန်အတွင်း အလွယ်တကူ ပြီးမြောက်နိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် မစ်ရှင်သည် ရက်ခြောက်ဆယ်ကြိုတင်ပြီး ပြီးမြောက်မည်ဖြစ်သည်။ မြှောက်ကိန်းအရ၊ ဆုငွေသည် ခြောက်ဆ တိုးမည်ဖြစ်သည်။

ဟန်ရှောင်းအတွက်တော့ အတွေ့အကြုံအမှတ် အရမ်းများတယ်ဆိုတာ မရှိခဲ့ပေ၊ ဒီလိုအခွင့်အရေးမျိုးကို သူ့လက်ချောင်းတွေထဲမှ ဘယ်တော့မှ အလွတ်ခံမည် မဟုတ်ပေ။

တစ်လအတွင်း ပြီးမြောက်ရမယ့်အရာက အခြေခံ အဆင်အပြင်သာဖြစ်သည်။ ပင်မဇာတ်ကြောင်း မစ်ရှင် [ခိုလှုံရေးစခန်း ၃] ၏ အလုံးစုံ လိုအပ်ချက်မှာ ပြီးပြည့်စုံသော ခိုလှုံရေးစခန်း ၃ ကို တည်ဆောက်ရန် ဖြစ်ပြီး၊ ထို့ကြောင့် သွားရမည့် ခရီးမှာ အရှည်ကြီး ကျန်နေသေးသည်။

ကောင်းသည့်အချက်က တိုးတက်မှုမှာ မှန်ကန်တဲ့လမ်းကို လျှောက်ပြီးသည်နှင့် ဆောက်လုပ်ရေးကို သိပ်ဂရုမစိုက်တော့ချေ။ သို့မဟုတ် သူသည် မည်သည့်အခါမှ ဂရုစိုက်စရာ မလိုတော့ပေ။

ဟွမ်ယု၏ အကူအညီဖြင့် ဟန်ရှောင်းအတွက် လွယ်ကူသွားခဲ့သည်။

အကျိုးခံစားခွင့်များ ပိုမိုရရှိစေရန်အတွက်၊ ဟွမ်ယုသည် သူ၏အသုံးဝင်မှုကို အလွန်ကြိုးစားပြသခဲ့ပြီး၊ အကျိုးပြုမှု ပမာဏအလိုက် ဆုများဝေငှလိုက်သောအခါတွင် သူသည် အကျိုးခံစားခွင့်များစွာ ရရှိမည်ဖြစ်သည်။

Bennett စေလွှတ်လိုက်သော လက်ထောက်သည် အမှန်တကယ်ပင် အရည်အချင်းပြည့်မီသည်။ အနည်းဆုံး၊ ဟန်ရှောင်းသည် ဟွမ်ယု၏ စွမ်းဆောင်ရည်ကို ယခုအချိန်အထိ ကျေနပ်နေခဲ့သည်။ သူက အရာအားလုံးကို အရမ်းဂရုစိုက်နေ၏။

တစ်ခုတည်းသော ဆိုးတာက ဟွမ်ယုဟာ ယောက်ျားတစ်ယောက်ဖြစ်ပြီး၊ မျက်လုံးပသာဒ လုံးဝမဖြစ်ပေ။

ဆိုရိုးစကားအတိုင်း လုပ်စရာရှိလျှင် အတွင်းရေးမှူးက လုပ်မည်၊ ဘာမှလုပ်စရာမရှိတဲ့အခါ အတွင်းရေးမှူးကို လုပ်ပါ။

{TL Note : ငင့်... သေချာမှတ်ထားကြနော် 😂}

ဟန်ရှောင်းသည် ထိုစကားကြားဖူးရုံသာ ရှိခဲ့သည်။ ကံမကောင်းစွာပဲ၊ သူဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးပေ။ သူ့အိမ်အောက်က စတိုးဆိုင်ငယ်လေးကို မှတ်မိနေသေးသည်။ ထိုတစ်ကိုယ်တည်းသမား အဘိုးကြီး သူသိသော CEO အရေအတွက်နဲ့ သူတို့ရဲ့ အတွင်းရေးမှူးတွေက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလဲဆိုတာ သူ့ကို အမြဲပြောပြခဲ့သည်။ ဟန်ရှောင်းကလည်း အမြဲရရှိသော လျှော့စျေးငါးရာခိုင်နှုန်းကို ထောက်ထား၍ ထိုလိမ်လည်မှုများကို မဖော်ထုတ်ခဲ့ပေ။

တစ်ကိုယ်တည်းသမား ပိုင်ရှင်ဟောင်းသည် အမျိုးသမီးများနှင့်ပြည့်နှက်နေသော ဇိမ်ခံလူနေမှုပုံစံကို အိပ်မက်မက်ခဲ့ပြီး၊ လှပသော အမျိုးသမီးတစ်ဦးထံမှ အီးပေါက်သည့်အနံ့သည်ပင် သူ့အမြင်တွင် ပန်းပွင့်ရနံ့များနှင့်တူနေသည်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဟန်ရှောင်းနဲ့ စကားပြောတိုင်း ဟန်ရှောင်းက သူ့ရဲ့ မထီမဲ့မြင်ပြုမှုကို အမြဲပြသပြီး ဒါက မွန်မြတ်တဲ့ ဘဝနေထိုင်မှုပုံစံမဟုတ်ကြောင်း ပိုင်ရှင်ကို ပြောပြလေ့ရှိပါတယ်။ ထိုအစား ပိုင်ရှင်က သူ့ကုန်စည်တွေကို ပြန်ဖြည့်ပြီး အသင့်စားခေါက်ဆွဲအတုဝယ်တာကို ရပ်လိုက်တာက ပိုကောင်းလိမ့်မည်။ ဟန်ရှောင်းက သူ့ဆီက ဝယ်ထားတဲ့ ခေါက်ဆွဲခြောက်ကို စားတိုင်း ဟင်းခတ်အထုပ်တွေ မပါပေ၊ ဘာမှမပါဘဲ ဒီတိုင်းအခြောက်တိုက် ဝါးစားခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ လက်ထောက်က မျက်စိပသာဒ မဖြစ်ခြင်းမှလွဲ၍ ခိုလှုံရေးစခန်းရှိ အခြားအရာအားလုံး အဆင်ပြေနေသည်။

ဖိုရမ်များတွင် ဆွေးနွေးမှုအရ၊ လက်ရှိတွင် ခိုလှုံရေးစခန်း ၃ တွင် အလုပ်လုပ်နေသော ကစားသမား ၆၀,၀၀၀ ရှိသည်။ လမ်း‌ဘေးဈေးထက် ပိုအသက်ဝင်နေ၏။

တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် ကစားသမား ၁၃၀,၀၀၀ မှ ၁၅၀,၀၀၀ ခန့် ရှိသောကြောင့် ထက်ဝက်နီးပါးသည် ခိုလှုံရေးစခန်း ၃တွင် စုဝေးနေကြသည်။ ၎င်း၏ကျော်ကြားမှုသည် စိတ်ကူးကြည့်ရန် မခဲယဉ်းလှပေ။

ကစားသမား များစွာရှိသော်လည်း နေထိုင်ကြသည့် လှည့်လည်သွားလာသူ ၂,၀၀၀ ကျော်သာရှိသည်။ ကတ်စ်၏ ကြမ်းတမ်းသောပတ်ဝန်းကျင်နှင့်အတူ၊ လှည့်လည်သွားလာသူမှာ များစွာမရှိလှချေ။

'ကစားသမားများ၏ အဓိကမြို့တော်' အစီအစဉ်ကို အောင်မြင်ရန်အတွက် မြို့တော်တွင် လုပ်ဆောင်ချက်များကို ပံ့ပိုးပေးရန် NPC အရေအတွက် လုံလောက်စွာ ရှိရလိမ့်မည်။ [ခိုလှုံရေးစခန်း] ပင်မဇာတ်ကြောင်းမစ်ရှင်များသည် ကစားသမားများကို အချိန်အကြာကြီး ဆွဲဆောင်နိုင်ပြီး ခိုလှုံရေးစခန်းပြီးသည်နှင့်တပြိုင်နက် ၎င်းတို့နေထိုင်ရန် ဆွဲဆောင်သည့်အရာ ဘာမျှမရှိပါက ကစားသမားများအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သည်။

ကောင်းသောအရာများ အားလုံးသည် အဆုံးသတ်သွားနိုင်၏။

ဟန်ရှောင်းက ကစားသမားတွေကို ခိုလှုံရေးစခန်းတွင် ဆွဲဆောင်ထားချင်သည်။

ထို့ကြောင့်၊ သူသည် ခိုလှုံရေးစခန်းတွင် နေထိုင်သူများကို အများအပြား တိုးမြှင့်ရမည်ဖြစ်ပြီး ထူးခြားသောလုပ်ဆောင်ချက်များကို ဖြည့်ဆည်းပေးရန် ရီရယ့်ချင်းကဲ့သို့သော အရေးပါသူများနှင့် ခိုလှုံရေးစခန်းသည် ကစားသမားများအတွက် ပိုမိုအသုံးဝင်မှုများ ပေးစွမ်းနိုင်မည်ဖြစ်သည်။

လူဦးရေတိုးပွားစေမည့် တိုက်ရိုက်နည်းလမ်းမှာ အခြားသော ကိုလိုနီနယ်မြေကြီးများမှ လူများကို ရွှေ့ပြောင်းရန်ဖြစ်သည်။ ဟန်ရှောင်းသည် လူချိန်၊ အလူမီရာတို့ကို ချက်ခြင်း တွေးမိလိုက်ပြီး၊ သူသည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားနေသည်။

…

ကလန်

သတ္တုလက်ချောင်းများနှင့် ပြန်သိမ်းနိုင်တဲ့ဓားတို့သည် အချင်းချင်း ထိပ်တိုက်တွေ့ကာ တွန်းတိုက်ကြသည်။ လက်နက်က တုန်ခါပြီး ပွတ်တိုက်သံများ ထွက်လာသည်။

လွတ်နေသော ရင်ပြင်ငယ်လေးတွင်၊ သူ့လက်များတွင် သတ္တုခြေသည်းများပါသော ဓါးရူးသည် ပြန်သိမ်းနိုင်တဲ့ဓားကို ဝှေ့ယမ်းနေသော ဟောက်ထျန်းနှင့် တိုက်ခိုက်နေသည်။ Bun-hit-dog သည် ပရော်ဖက်ရှင်နယ် ကစားသမားနှစ်ဦး၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုနေသည်၊ သို့သော် ကိုယ်ရေးကိုယ်တာအကြောင်းများကြောင့် မှတ်တမ်းတင်မထားပေ။

အဝေးမှ ဟန်ရှောင်သည် ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာမှီ၍ ၎င်းတို့၏ တိုက်ပွဲကို စောင့်ကြည့်နေသည်။

ဓါးရူးနှင့် ဟောက်ထျန်းနှစ်ဦးစလုံးသည် ပရော်ဖက်ရှင်နယ်ကစားသမားများဖြစ်ကြပြီး ၎င်းတို့၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်အတွက် အချင်းချင်း တိုက်ခိုက်ရန် ချက်ချင်း သဘောတူခဲ့ကြသည်။ တစ်ကြိမ်တိုက်ခိုက်ပြီးလျှင် မီးကဲ့သို့ မငြိမ်းနိုင်တော့ပေ။ တစ်နေ့ကို ဒါဇင်နဲ့ချီပြီး တိုက်ခိုက်ကြ၏။ ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲသည် နီးကပ်လာနေပြီး ပရော်ဖက်ရှင်နယ် ကစားသမားများသည် ၎င်းအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရသည်။

အဆင့် ၂၀ မှ ၄၀ ကြားသည် PVP ရေပန်းအစားဆုံးအချိန်ဖြစ်သည်။ ကစားသမားများကြား PVP ကို ခိုလှုံရေးစခန်းတစ်ဝိုက်တွင် မြင်တွေ့နိုင်ပြီး လုံခြုံရေးအစီအမံများကို အပျက်သဘောဆောင်၍ သက်ရောက်မှုရှိနေသည်။

{TL Note: PVP - Player vs Player ကစားသမားတွေအချင်းချင်း လက်ရည်စမ်းတဲ့အနေနဲ့ တိုက်ခိုက်ကြတဲ့ တိုက်ပွဲ။ နောက်ကို PVP လို့ပဲ သုံးသွားပါမယ်။}

ဟန်ရှောင်းသည် ခိုလှုံရေးစခန်းအတွင်းရှိ လုံခြုံသောနေရာများတွင် ယှဉ်ပြိုင်ခြင်းမပြုကြရန် ချက်ခြင်း အမိန့်ပေးလိုက်သည်။ သို့သော်လည်း အချင်းချင်း တိုက်ခိုက်လိုပါက မည်သူမှ ဂရုမစိုက်သည့် အပျက်အစီးများဆီသို့ သွားနိုင်သည်။ အဲဒီကိုသွားမယ်ဆိုရင် အဆောက်အဦဟောင်းတွေကို ဖြိုဖျက်ဖို့တောင် ကူညီပေးနိုင်၏။

လုံခြုံသောနယ်မြေကိုသာ အဓိကမြို့အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။

ပရော်ဖက်ရှင်နယ်ကစားသမားနှစ်ဦးသည် အကြာကြီးတိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင် ဓါးရူးဖြင့် အနည်းငယ်အရှုံးပေါ်ခဲ့သည်။

တိုက်ခိုက်ရေးယန္တရားပညာရှင်သည် အစောပိုင်းအဆင့်များတွင် အနီးကပ်တိုက်ခိုက်ရေးတွင် အထူးပြုထားသော ‘တိုက်ခိုက်သူ’ကို ရှုံးနိမ့်ရသည်မှာ ပုံမှန်ဖြစ်သည်။ သူတို့၏ အဆင့်များ ပိုမြင့်လာသောအခါ သူတို့တွင် ကိုယ်ပိုင် အရည်အချင်းများ ရှိလာကြလိမ့်မည်။

အကြိမ်တစ်ရာလောက် ယှဉ်ပြိုင်ပြီးချိန်မှာတော့ ဓါးရူးက တစ်ကြိမ်တောင် အနိုင်မရခဲ့ပေမယ့် ဟောက်ထျန်းကတော့ ဓါးရူးကို အထင်မသေးခဲ့ပေ။ ယင်းအစား သူ တုန်လှုပ်သွားသည်။

"မင်းမှာ အလားအလာတွေ အများကြီးရှိတယ်၊ ပရိုအဆင့်မှာ တိုက်ပွဲဝင်ဖို့ အရမ်းသင့်တော်တယ်" ဟောက်ထျန်းက အားပေးသည်။ ဟောက်ထျန်းသည် ဓားရူးကို ယုံကြည်၏။ သူကိုယ်တိုင်ကဲ့သို့ အလွန်အမင်း အတွေ့အကြုံရင့်သော နတ်ဘုရားအဆင့် ကစားသမားကို တွန်းလှန်နိုင်ခြင်းသည် ဓါးရူးတွင် အလားအလာများစွာရှိကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြနေသည်။ ထို့အပြင်၊ ဓါးရူးသည် E-Sports အတွက် လူသစ်တန်းတစ်ယောက် ဖြစ်နေဆဲဖြစ်သည်။

ဟောက်ထျန်းသည် အေးစက်စက်နေသည်မှာ ၎င်း၏ ဂိမ်းစွမ်းရည်ကို မြှင့်တင်ရန် အာရုံစိုက်ထားသောကြောင့် ဖြစ်သည်။ အလွန်ကျွမ်းကျင်သော ကစားသမားများနှင့် တွေ့ဆုံရသောအခါတွင် သူသည် အမြဲတမ်း ပျော်ရွှင်နေမည်ဖြစ်ပြီး ဓါးရူးနှင့် တူညီသည့် ခံစားချက်ကို သူခံစားခဲ့ရသည်။

ဓားရူးသည် သူ့ခေါင်းကို ကုတ်လိုက်သည်။ နတ်ဘုရားဟောက်ကို ရှုံးနိမ့်လိုက်ရ၍ စိတ်မပျက်ရုံသာမက နည်းစနစ်များစွာကို သင်ယူခဲ့ပြီး တိုက်ပွဲအတွင်းမှာ ပိုမိုထိန်းချုပ်နိုင်လာသည်ဟူ ခံစားခဲ့ရသည်။ သူက အနီးကပ်တိုက်ခိုက်ရေးတွင် အလားအလာများစွာရှိသည်ကို သူသတိပြုမိခဲ့သည်။ ဟန်ရှောင်းသည် အလွန်တိကျသော သုံးသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး မှန်ကန်သောအကြံဉာဏ်ကို ပေးခဲ့သည်။

ဓါးရူးအသုံးပြုနေသော လက်နက်များကို Leopard Mechanical Claws ‘ကျားသစ်ယန္တရားလက်သည်း’ ဟုခေါ်၏။ ဟန်ရှောင်း၏ အသိပညာပေါင်းစပ်မှုမှ ရရှိခဲ့သော အေးစက်သော လက်နက်ဒီဇိုင်းပုံစံဖြစ်သည်။

ကျားသစ်ယန္တရားလက်သည်းများသည် ယန္တရားလက်များနှင့် ဆင်တူသည်။ ၎င်းတို့တွင် လက်မောင်းများကို ဖုံးအုပ်ထားသည့် အရိုးစုပုံစံရှိပြီး လက်ချောင်း အစိတ်အပိုင်း အသီးသီးကို လက်သည်းပုံစံ ဓားများဖြင့် တပ်ဆင်ထားသည်။ အတွင်းမှ ဂီယာများကို အသက်သွင်းခြင်းဖြင့် ဓားသွားများသည် လျင်မြန်စွာ လည်ပတ်ပြီး တစ်စင်တီမီတာထူသော သတ္တုပြားများကို အလွယ်တကူဖြတ်တောက်နိုင်သည်။

ဟန်ရှောင်းသည် ဓါးရူးအတွက် ရည်ရွယ်၍ ဤကိရိယာကို တည်ဆောက်ခဲ့သည်။ ဓါးရူးသည် သူ့နောက်ကိုလိုက်သည့် ပထမဆုံးကစားသမားဖြစ်ပြီး ၎င်းတို့သည် close beta ကတည်းက တစ်ယောက်နှင့်တစ်ယောက် သိခဲ့ကြသည်။ သာက အချိန်ပြည့် ယုံကြည်စိတ်ချရသူဖြစ်သည်။ ဟန်ရှောင်းသည် ဓါးရူး၏ တိုက်ခိုက်ရေးယန္တရားပညာရှင် လမ်းကြောင်းအတွက် အစီအစဥ်များ ပြုလုပ်ထား၏။ ကျားသစ်ယန္တရားလက်သည်းများသည် လက်ရှိအဆင့်တွင် ဓါးရူးအတွက် သင့်လျော်ပြီး ၎င်းတို့သည် အနီးကပ်တွင် အပေါ့စားယန္တရားလက်ထက်ပင် စွမ်းအားပိုကြီးသည်။

ဓါးရူးသည် မြင့်မားသောအဆင့်သို့ရောက်သည်နှင့် ဟန်ရှောင်းသည် ဓါးရူးအတွက် ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများနှင့် သံလိုက် ချပ်ဝတ်တန်ဆာကို တည်ဆောက်ရန် စီစဉ်ထားသည်။ ထိုကဲ့သို့သော ကိရိယာများဖြင့် ဓါးရူးသည် ကစားသမားများ၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်မည်ဖြစ်ပြီး ဓါးရူးပိုမိုအားကောင်းလာသည်နှင့်အမျှ သူ့အတွက် နောက်ထပ်အရာများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဟောက်ထျန်းသည် ‘တိုက်ခိုက်သူ’တစ်ဦးဖြစ်သည်။ ဟန်ရှောင်းက သူ့အတွက် ဘာအစီအစဉ်မှ မရှိခဲ့ဘဲ သူ့ကိုယ်ပိုင် လမ်းကြောင်းအတိုင်းသာ သွားခိုင်းထားသည်

Maple Moon သည် ယန္တရားပညာရှင်တစ်ဦးဖြစ်ရန် ရွေးချယ်ခဲ့ပြီး သူမသည် တည်ဆောက်ခြင်းကို အလွန်စိတ်ဝင်စားခဲ့သည်။ သူမသည် ရီရယ့်ချင်းအတွက် မစ်ရှင်များကိုပင် လုပ်ခဲ့ပြီး ဆေးဆရာအဖြစ် အတန်းတက်လိုခဲ့သည်။ သူမက ဝက်ဝံလေးကို ပြုစုစောင့်ရှောက်ဖို့ မစ်ရှင်ကို တာဝန်ယူဖို့လည်း ကမ်းလှမ်းခဲ့၏၊ ထိုအရာက ဟောက်ထျန်းကို ငရဲကနေ ကယ်တင်လိုက်သလိုပင်။ တကယ်တော့ သူမသည် ထိုအချိန်တွင် ဝက်ဝံလေးကို လမ်းလျှောက်ပေးနေ၏။

Bun-hit-dog အတွက်... ဟန်ရှောင်းမှာ သူ့အတွက် လိုအပ်ချက် အလွန်နည်းပါတယ်။ အစီရင်ခံစာတွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်နေသည်။

Bun-hit-dog သည် မကြာသေးမီက ခိုလှုံရေးစခန်း ၃ ကို မိတ်ဆက်သည့် နောက်ထပ်ဗီဒီယိုတစ်ခု ထွက်ရှိခဲ့သည်။ ၎င်းသည် ဖိုရမ်များပေါ်တွင် အတော်လေး ကောင်းမွန်သော တုံ့ပြန်ချက်ရရှိခဲ့ပြီး ခိုလှုံရေးစခန်း၏ ဂုဏ်သတင်းကို ပံ့ပိုးပေးသည့်အတွက် ချီးကျူးထိုက်သည်။

မကြာသေးမီရက်များအတွင်း၊ ဟန်ရှောင်းထံမှ လျှို့ဝှက်ဇာတ်ကြောင်းမစ်ရှင်များကို လက်ခံသော ပရော်ဖက်ရှင်နယ်ကစားသမားများသည် ၎င်းတို့၏မစ်ရှင်များကို တစ်ခုပြီးတစ်ခု ပြီးမြောက်ခဲ့သည်။ ဟန်ရှောင်းသည် သင့်လျော်သော ကိုယ်စားလှယ်လောင်း အနည်းငယ်ကို သတိပြုမိပြီး ၎င်းတို့ကို ဖြစ်နိုင်ချေရှိသော အရန်လူအပိုစာရင်းတွင် ထည့်သွင်းထားသည်။ ဟန်ရှောင်းသည် သူ၏ အရန်လူအဖွဲ့ကို ယာယီအားဖြင့် တိုးချဲ့ရန် အစီအစဉ်မရှိပေ - သူ၏အရင်းအမြစ်များသည် ကစားသမားလေးဦးအတွက်သာ သင့်လျော်၏။ ဒီထက်များသွားလျှင် ဒုက္ခများပေလိမ့်မည်။

ဒင် ဒေါင်။

ဟန်ရှောင်းသည် နေရောင်အောက်တွင် သက်တောင့်သက်သာ ထိုင်နေချိန်၌ သူ့ပေါင်ပေါ်ရှိ လပ်တော့ပေါ်မှ မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

ဟန်ရှောင်းသည် သူ့လက်ချောင်းများကို ရွှေ့ကာ မက်ဆေ့ချ်ကို ဖွင့်လိုက်သည်။ ချက်ချင်းပင် မတ်မတ်ထထိုင်ကာ သူ့အမူအရာသည် အလွန်လေးနက်လာသည်။

၎င်းသည် အလွန်တိုတောင်းသော သတင်းတစ်ခုဖြစ်သော်လည်း မုန်တိုင်းတစ်ခု၏ အစကို ကိုယ်စားပြုသည်။

"နိုင်ငံ၆နိုင်ငံရဲ့ စစ်ဆင်ရေးခရီးကို စတင်လိုက်ပြီ။"

All Chapters