အဆင့် ၆၀
Vol. 16 Ch. 233
စစ်ပွဲ၏ သက်ရောက်မှုမှာ အလွန်ကြီးမား၏။ အန်ဒရီရာသည် စစ်ပွဲ၏မီးတောက်ထဲတွင် ရှိနေခြင်းမှလွဲ၍ ရေပင်လယ်ဂြိုလ်အရပ်ရပ်ရှိ အဖွဲ့အစည်းများသည် ကိုယ်ပိုင်တုံ့ပြန်မှုများရှိခဲ့ပြီး အရပ်သားအများစုမှာ ထိတ်လန့်သွားကြသည်။
ဟန်ရှောင်းက Bennett ထံမှ သူခိုးယူခဲ့သော မိန့်ခွန်းတွင် ပြောခဲ့သည့်အတိုင်း ခေတ်ဟောင်း၏ အမာရွတ်များသည် မပျောက်ကင်းသေးသော်လည်း ၎င်းတို့သည် သွေးများဖြင့် စုတ်ဖြဲခံရကာ လူအများ၏ စိတ်ထဲမှာ ရှိနေသော ကြောက်ရွံ့မှုကို နိုးထစေခဲ့သည်။ လူ့အဖွဲ့အစည်းထဲက ရာထူးကြီးသူတွေအားလုံးက စစ်ပွဲကို အာရုံစိုက်နေကြပြီး အောက်ခြေလူတန်းစားတွေမှာလည်း သက်ရောက်မှုကို ခံစားကြရ၏။ ဂျာမီနယ်အဖွဲ့အစည်းမှ ဆော်ဩနေသည့် ရည်ရွယ်ချက်မှာ နိုင်ငံ၆နိုင်ငံကို ဖြုတ်ချရန်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားချက်များ ရောထွေးနေသော နိုင်ငံသေများစွာမှ ကျန်ရစ်သူများ ရှိနေသေးသည်။
တစ်ချိန်တည်းမှာပင် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုသည် ကူးစက်သွားပုံပေါက်သည်။ ကမ္ဘာတစ်ဝှမ်း နေရာတိုင်းတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာ၏။ ကမ္ဘာ၏ ဖရိုဖရဲ အခြေအနေကြောင့် တောထဲ၌ ဓားပြများ ပိုမိုလှုပ်ရှားလာကာ လှည့်လည်သွားလာသူများကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းစေခဲ့သည်။ သို့သော်၊ ၎င်းသည် Dark Net အတွက် များစွာအကျိုးရှိသည်။ ခိုလှုံရေးစခန်းအစီအစဥ်သည် ၎င်း၏အသုံးဝင်မှုကို သက်သေပြခဲ့ပြီး၊ ခိုလှုံရေးစခန်းများ အားလုံးသည် နေထိုင်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။
တောင်ပိုင်းတိုက်ကြီးမှလွဲ၍၊ အနောက်ပိုင်းတိုက်ကြီးနှင့်အခြား ခိုလှုံရေးစခန်း မစ်ရှင်တွင်မပါဝင်သော ခိုလှုံရေးစခန်းမှ ကစားသမားများသည် အခြားသော အကျိုးကျေးဇူးများကို ရရှိခဲ့ကြသည်။ ကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ဖရိုဖရဲဖြစ်နေသော ကမ္ဘာတွင် မစ်ရှင်များစွာရှိခဲ့သည်။
…
_____________________
[ဂျာမီနယ် ၏ကျဆုံးခြင်း] လက်ရှိတိုးတက်မှု - ၂၇.၁%။
_____________________
တစ်ကမ္ဘာလုံးက တိုက်ပွဲကို အာရုံစိုက်နေပြီး Dark Net ကလည်း ချွင်းချက်မဟုတ်ပေ။ တိုက်ပွဲနှင့်အလှမ်းဝေးသော ခိုလှုံရေးစခန်း ၃ တွင်ရှိသော ဟန်ရှောင်းသည် သတင်းအချက်အလက်များကို အဆက်မပြတ် အာရုံစိုက်နေသည်။ သူ့တွင် ထောက်လှမ်းရေးရင်းမြစ်နှစ်ခုရှိပြီး တစ်ခုမှာ Dark Net မှ စုဆောင်းထားသော တိုက်ပွဲအခြေအနေထောက်လှမ်းရေးဖြစ်ပြီး နောက်တစ်ခုမှာ ကစားသမားများမျှဝေသည့် ဖိုရမ်များရှိ တိုက်ပွဲဗီဒီယိုများဖြစ်သည်။
စစ်ပွဲစပြီး ဆယ်ရက်ကျော်လာ၏။ အခြေအနေတွေက ဆက်တိုက် ပြောင်းလဲနေသည်။ အချိန်အတော်ကြာ ရပ်တန့်နေခဲ့သော ဟန်ရှောင်း၏ ဂျာမီနယ်အဖွဲ့အစည်း ပင်မဇာတ်ကြောင်း၏ တိုးတက်မှုသည် ရုတ်တရက် ငါးရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၎င်းသည် မြင့်တက်နေဆဲဖြစ်သည်။
သူသည် နိုင်ငံ၆နိုင်ငံကို သတင်းအချက်အလက်များ မျှဝေခဲ့သည်။ ဆိုလိုသည်မှာ နိုင်ငံ၆နိုင်ငံ၏ အောင်မြင်မှုများတွင် သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ကူညီခဲ့သည်ဟု ဆိုနိုင်၏။ ထို့ကြောင့် သူသည် အလုံးစုံတိုးတက်မှု၏ အစိတ်အပိုင်းတစ်ခုကို မျှဝေခံစားနိုင်သည်။
အဝေးက ကောင်းကင်ယံတွင် စစ်ပွဲမီးတောက်များ ပြည့်လျှံနေသည်။ ဟန်ရှောင်းသည် ခိုလှုံရေးစခန်း ၃ မှ မီးတောက်များကို စောင့်ကြည့်နေပြီး ခိုလှုံရေးစခန်း ၃ ၏ အခြေခံအပြင်အဆင်ကိုလည်း ထိုအတောအတွင်း ပြီးစီးအောင် လုပ်ဆောင်နေသည်။
ကစားသမားများ ရွှင်မြူးနေကြ၏။ သူတို့၏စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ၊ အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းများနဲ့ ပြည့်နှက်နေသည်။ ဤမြို့သည် သူတို့တည်ဆောက်ခဲ့သောမြို့ဖြစ်ပြီး ၎င်းနှင့်စပ်လျဉ်းသည့်ခံစားချက်ကို ခံစားခဲ့ရသည်။
ပျော်ရွှင်နေသော ကစားသမားများနှင့် နှိုင်းယှဉ်လျှင် ခိုလှုံရေးစခန်းရှိ နေထိုင်သူများသည် စစ်ပွဲ၏ အငွေ့အသက်ကြောင့် စိတ်ဓာတ်ကျနေကြသည်။ ခိုလှုံရေးစခန်း ပြီးစီးသည်နှင့် ၎င်းတို့အား ဘေးကင်းစေသော်လည်း အများစုမှာ စိုးရိမ်ပြီး အနာဂတ်ကို ကြောက်ရွံ့နေကြဆဲဖြစ်သည်။
စစ်ပွဲသည် ကမ္ဘာတစ်ဝှမ်းရှိ လူတိုင်းကို ထိခိုက်ခဲ့သည်။ ကစားသမားများသာ ထိခိုက်မှု မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အနာဂတ်ကို လုံးဝ စဉ်းစားစရာ မလိုကြသောကြောင့် ဖြစ်သည်။
ကမ္ဘာကြီးက ပိုရှုပ်ထွေးလေလေ ကစားသမားတွေ ပိုပျော်လေလေပင်။
ဟန်ရှောင်းသည် ခိုလှုံရေးစခန်း ပင်မဇာတ်ကြောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အတွက် ရေတိုဆုကြေးငွေကို ရရှိခဲ့သည်။ ၎င်းသည် ၆၁ ရက် ကြိုတင်ပြီးစီးခဲ့သည်။ ထို့ကြောင့်၊ သူသည် အတွေ့အကြုံအမှတ် ၆၁၀% ၊ စုစုပေါင်း အတွေ့အကြုံအမှတ် ၅၆၈,၀၀၀,၀၀၀ အထိ ဘောနပ်စ် ရရှိခဲ့သည်။ ဒါက သူ့ကို အခုအချိန်အထိ အတွေ့အကြုံအမှတ် အများဆုံး ပေးအပ်ခဲ့သော မစ်ရှင်ပင်။
Dark Net နှင့် ဆက်ဆံရေးအမှတ်များ ၁,၂၅၀ တိုးလာကာ ဆက်ဆံရေးအဆင့် [လေးစားမှု] ကို ရရှိစေသော ဆုလာဘ်လည်း ရှိသည်။
[ခိုလှုံရေးစခန်း ၃] ၏ အလုံးစုံ အဆင့်သတ်မှတ်မှုသည် D မှ B သို့ ခုန်တက်သွားပြီး၊ ဤတစ်ကြိမ်တွင် အစီအစဉ်ကို ပြီးပြည့်စုံစွာ ဆောင်ရွက်ခဲ့ကြောင်း ပြသနေသည်။
ရေတိုလိုအပ်ချက်များသည် မွမ်းမံထားခြင်းမရှိသောကြောင့် ယင်းနောက်တွင် လမ်းညွှန်ချက်တစ်စုံတစ်ရာရှိမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ [ခိုလှုံရေးစခန်း ၃] မစ်ရှင်ကို ပြီးမြောက်ရန်အတွက် ခိုလှုံရေးစခန်းတစ်ခုလုံးကို ပြီးမြောက်စေရမည်။ မစ်ရှင်လိုအပ်ချက်များ ပိုမိုပြီးမြောက်လေလေ၊ နောက်ဆုံးအဆင့် အမှတ်ပေးမှု မြင့်မားလေဖြစ်သည်။
ခိုလှုံရေးစခန်း တည်ဆောက်မှုသည် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်၍ ဟန်ရှောင်းသည် စိတ်ပူစရာမလိုတော့ပေ။ ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လုပ်ဖို့ သူက လွှတ်ထားလိုက်ဖို့သာလို၏။
တူ—တူ—
Bennett က အံ့သြနေသည့် လေသံနှင့် ဖုန်းခေါ်သည်။ "ခိုလှုံရေးစခန်း ၃ အတွက် တည်ဆောက်မှု အစောပိုင်း အဆင့်တွေ ပြီးနေပြီလား"
ဟန်ရှောင်းက ခပ်ဖျော့ဖျော့ရယ်မောပြီး "ကျွန်တော့ကို ချီးကျူးပေးပါ"
Bennett ဘာပြောရမှန်းပင် မသိတော့ပေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် “အလေးအနက်ထားပြီး ပြောရရင်၊ ခိုလှုံရေးစခန်း ၃ရဲ့ တိုးတက်မှုက ခိုလှုံရေးစခန်း ၁ထက် ရှေ့ရောက်နေပြီ။ မင်းမှာ ဂြိုဟ်သားတွေဆီက အကူအညီ ရှိတယ်၊ ဒါကြောင့် ခိုလှုံရေးစခန်း ၃ က ပထမဆုံး ပြီးသွားနိုင်တယ်။ ဒါအတိုင်း ဆက်သွားပါ၊ ငါ့မှာ ခိုလှုံရေးစခန်း ၃ အတွက် မျှော်လင့်ချက် အများကြီး ရှိတယ်။ မင်းသိတဲ့အတိုင်း စစ်ပွဲစတင်ပြီးကတည်းက တောကန္တာရက မလုံခြုံဘူး။ လှည့်လည်သွားလာသူတွေက အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာကြတယ်။ ငါတို့ရဲ့ ခိုလှုံရေးစခန်းက အခုအချိန်မှာ အသုံးပြုနိုင်ပြီဆိုတော့ တတ်နိုင်သမျှ လူတွေ ခေါ်ယူနိုင်ဖို့ ကြိုးစားပါ။”
ဟန်ရှောင်းက ဒါကို စာရွက်ပေါ်မှာ ချရေးလိုက်ပြီး ဟွမ်ယုကို လုပ်ခိုင်းဖို့ စိတ်ကူးထားသည်။
ခိုလှုံရေးစခန်း ၃ ၏ တိုးတက်မှုသည် ခိုလှုံရေးစခန်း ၁ ထက် ကျော်လွန်နေပြီဟု ဆိုခြင်းကို Dark Net အတွင်းရှိ အဆင့်မြင့်အရာရှိများသည် ဤရလဒ်ကို မယုံနိုင်ကြပေ။ ဒါက ဘယ်လို အဓိပ္ပာယ်ရှိနိုင်မှာလဲ။
ဂြိုလ်သားများ၏ အသုံးဝင်မှုကို ရှင်းလင်းစွာ ပြသထားသည်။ Dark Net မှလူများသည် ဟန်ရှောင်းထံမှ အကြံဉာဏ်များ ရရှိခဲ့၏။ ၎င်းတို့သည် ဂြိုဟ်သားအချို့ကို အလုပ်သမားများအဖြစ် ငှားရမ်းရန် စီစဉ်ခဲ့သည်။ ၎င်းသည် ခိုလှုံရေးစခန်း အစီအစဉ်တစ်ခုလုံးအတွက် အကျိုးရှိမည်ဖြစ်သည်။
ဖုန်းမချခင် Bennett က အနည်းငယ် ထပ်ပြောခဲ့သည်။ သူသည် စစ်ပွဲကို အာရုံစိုက်နေသော်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ သိပ်မပြောပေ။ Dark Net သည် ကြားနေပါတီအဖြစ် သတ်မှတ်ခံရသောကြောင့်ဖြစ်သည်။ ဤမုန်တိုင်းတွင် ၎င်းတို့ပါဝင်ရန် မလိုအပ်ပေ။
သို့သော် ဟန်ရှောင်း၏ အစီအစဉ်များကို သူ မသိခဲ့ပေ။
စစ်ပွဲကြီးဖြစ်ပြီဆိုတော့ ဂျာမီနယ်အဖွဲ့အစည်းက သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့တောင် ခက်လိမ့်မယ်။ ငါသူတို့ဆီ သွားလည်ပေးလို့ရတယ်။ ဟန်ရှောင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူ ဒီအခွင့်အရေးကို စောင့်နေတာ တော်တော်ကြာနေပြီ ဖြစ်သည်။
သူ့တွင် ပန်းတိုင်သုံးခုရှိသည်။ တစ်ခုမှာ မစ်ရှင် [ဂျာမီနယ် ကျဆင်းခြင်း] ၏ တိုက်ရိုက်တိုးတက်မှုကို ရရှိရန်နှင့် ၎င်း၏ ပြီးမြောက်မှုရာခိုင်နှုန်းကို တိုးမြင့်ရန်ဖြစ်သည်။
နောက်ပန်းတိုင်တစ်ခုကတော့ အနာဂတ်မှာ အလွန်အားကောင်းလာမည့် အော်ရိုရာနှင့် ဟီလာကို ကယ်တင်ပြီး ဟီလာနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို ဖန်တီးဖို့ပင်။ ဒါကို သူလုပ်ချင်နေတာ တော်တော်ကြာနေပြီဖြစ်ပြီး သင့်တော်သည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ရသည်။ ယခုအချိန်သည် ၎င်းတို့အား ကယ်တင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်မှာ သေချာ၏။
ဂျာမီနယ်အဖွဲ့အစည်း ဌာနချုပ်၏ စောင့်ကြပ်မှုစွမ်းအားသည် ယခုအချိန်တွင် အလွန်နည်းပါးနေသင့်သည်။
သူ၏ တတိယရည်မှန်းချက်မှာ ဂျာမီနယ်အဖွဲ့အစည်း၏ ဌာနချုပ်တွင် ၎င်း၏ကိုယ်ပိုင်တိုးတက်မှု ပြီးမြောက်ရန်နှင့် ဆက်စပ်နေသည်။
ဟန်ရှောင်းသည် တစ်ယောက်တည်း လှုပ်ရှားရန် စီစဉ်နေသည်၊ သို့မှသာ လုံလုံလောက်လောက် လျှို့ဝှက်နိုင်မည်ဖြစ်သည်။ အန်ဒရီရာသည် ယခုအခါ စစ်မြေပြင်ဖြစ်လာသောကြောင့် စစ်မြေပြင်နှင့် ဂျာမီနယ်အဖွဲ့အစည်း၏ လုံခြုံရေးအဖွဲ့များကို ဖြတ်ကျော်ပြီး ဌာနချုပ်ကိုသွားရန်မှာ သူတစ်ယောက်တည်းမှသာ လွယ်ကူလိမ့်မည်ဖြစ်သည်။
သူ့ယုံကြည်မှုသည် တစ်ဖန်ပြန်လည်တိုးတက်လာသော သူ၏ခွန်အားမှ ထွက်ပေါ်လာသည်။
ခရမ်းရောင်အသုံးအဆောင်ပစ္စည်း ငါးခုကို သူ့ရှေ့မှာ ချထားသည်။ သူသည် ဤလတွင် အတန်းအစား တိုးတက်ရေးမစ်ရှင်ကို ပြီးမြောက်ခဲ့သည်။ သူ၏ ပထမဆုံးအောင်မြင်မှုနှင့်အတူ ကျန်ရှိသည့် ပစ္စည်းများကို လွယ်ကူစွာ ပြုလုပ်နိုင်ခဲ့၏
_____________________
အတန်းအစား အဆင့်မြှင့်တင်မှု လိုအပ်ချက် - အဆင့် ၆၀ အထက် ခရမ်းရောင်ပစ္စည်း ၅ ခု တည်ဆောက်ပါ။ တိုးတက်မှု- ၅/၅
အတန်းအစား အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။
အတန်းအစားအသစ် [Magnetic Ring Mechanic သံလိုက်စက်ကွင်း ယန္တရားပညာရှင်အဆင့် ၁]၊ +၇၀ စွမ်းအင်၊ +၂ လက်စွမ်း၊ +၁ ခံနိုင်ရည်၊ +၄ ဉာဏ်ရည်
- သင်သည် အခမဲ့ ပင်ကိုယ်အရည်အသွေး အမှတ် ၄မှတ် ကို ရရှိထားပါသည်။
- သင့်တွင် အလားအလာအမှတ် ၁မှတ် ရရှိထားပါသည်။
- သင် [အဆင့်မြင့် စက်ယန္တရား ရင်းနှီးမှု] ကို သင်ယူပြီးပြီ။
- သင် [ယန္တရားစွမ်းအားလှိုင်း] သင်ယူပြီးပြီ။
- [လျပ်စစ်သံလိုက် စွမ်းအင်ထုတ်ယူခြင်း] ကို သင်ယူပြီးပြီ။
- အရည်အချင်း [စွမ်းအင်ပြုပြင်မွမ်းမံခြင်း] ကို သင်ယူပြီးပါပြီ။
_____________________
Basic Mechanic အခြေခံ ယန္တရားပညာရှင်ဟုလည်း ခေါ်သော သံလိုက်စက်ကွင်း ယန္တရားပညာရှင်သည် trainee အလုပ်သင်အဖြစ်မှ ဘွဲ့ရပြီး စူပါလူသား ယန္တရားပညာရှင် အတန်းအစား၏ တံခါးများကို တွန်းဖွင့်ကာ၊ ဤတံခါးနောက်ကွယ်ရှိ လှပသောရှုခင်းကို လှမ်းကြည့်ရာ နေရာဖြစ်သည်။
သံလိုက်စက်ကွင်း ယန္တရားပညာရှင်၏ အထူးကျွမ်းကျင်မှုသည် စက်ယန္တရားများတည်ဆောက်ရာတွင် လျှပ်စစ်သံလိုက်ဒြပ်စင်စွမ်းအင်ကို အသုံးချပြီး ၎င်း၏ရင်းနှီးမှုကို တိုးမြင့်စေသာ်။ ထိုအရာက ကိရ်ယာများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။ ၎င်းသည် ပို၍ စူပါလူသားနှင့်တူသည်။
သံလိုက်စက်ကွင်း ယန္တရားပညာရှင်ဖြစ်လာပြီးနောက်၊ ယန္တရားပညာရှင် အတန်းအစား၏ စွမ်းအင်ကို [ယန္တရားစွမ်းအား] ဟုခေါ်ပြီး စက်ယန္တရား၏ ကဏ္ဍများစွာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အသစ်နိုးထလာသောစွမ်းရည် [ယန္တရားစွမ်းအားလှိုင်း] သည် Overload နှင့်ဆင်တူပြီး သုံးစွဲသူအား စက်များ၏စွမ်းအားကို တိုးမြှင့်ရန်အတွက် စွမ်းအင်ကိုအသုံးပြုရန် ခွင့်ပြုထားသော်လည်း ၎င်းသည် စက်ယန္တရားအား အနည်းငယ်သာပျက်စီးစေသည့် ဆက်တိုက်အသုံးပြုနိုင်သော စွမ်းရည်တစ်ခုဖြစ်သည်။ ၎င်းသည် [ယန္တရားစွမ်းအား] ၏ အခြေခံအသုံးပြုမှုဖြစ်ပြီး အဆင့်မြင့်စွမ်းရည်များစွာအတွက် ကြိုတင်လိုအပ်ချက်တစ်ခုလည်းဖြစ်သည်။
[လျပ်စစ်သံလိုက် စွမ်းအင်ထုတ်ယူခြင်း] သည် [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] နှင့် တူညီသည်။ စွမ်းအင်ကို တိုးမြှင့်ပေးနိုင်သည့် ကြီးထွားမှု စွမ်းရည်တစ်ခုပင်။ ၎င်း၏အကျိုးသက်ရောက်မှုသည် ဉာဏ်ရည်အမှတ်ပေါ်တွင် အခြေခံထားပြီး ၎င်းတို့ကြားရှိ တစ်ခုတည်းသော ခြားနားချက်မှာ ဤကျွမ်းကျင်မှုသည် ယန္တရားပညာရှင်များအတွက် သီးသန့်ဖြစ်သည်။
[စွမ်းအင်ပြုပြင်မွမ်းမံခြင်း] သည် အရည်အချင်းတစ်ခုဖြစ်ပြီး 'စက်ပစ္စည်းများတည်ဆောက်ခြင်း၏ သော့ချက်ကို သင်ရှာဖွေတွေ့ရှိပြီးဖြစ်သည် - သင်၏စွမ်းအင်ကို တည်ဆောက်လုပ်ရေးလုပ်ငန်း အဆင့်ဆင့်သို့ ပေါင်းထည့်လိုက်ပါ။' ဟူသော နိဒါန်းဖြင့် အစချီထားသည်။ ၎င်း၏အကျိုးသက်ရောက်မှုသည် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို စွမ်းအင်အဆင့်ကိုအခြေခံ၍ တိုးမြှင့်ရန်ဖြစ်သည်။ ၎င်းသည် သံလိုက်စက်ကွင်း ယန္တရားပညာရှင်၏ အထူးပြုချက်တစ်ခုဖြစ်ပြီး ယန္တရားပညာရှင် အတန်းအစား၏ ပင်မစွမ်းရည်တစ်ခုဖြစ်သည်။ ဥပမာအနေဖြင့်၊ ဟန်ရှောင်းသည် လက်ရှိတွင် စွမ်းအင် ၁,၆၀၀ ထက် အနည်းငယ်သာ ရှိသေးပြီး၊ ၎င်းသည် စက်ပစ္စည်းများကို တည်ဆောက်ရာတွင် စွမ်းဆောင်ရည် ၂၀ မှ ၂၅% ခန့်အထိ တိုးမြင့်လာမည်ဖြစ်သည်။
ဟန်ရှောင်း၏ ဦးနှောက်ထဲတွင် လတ်ဆတ်သောလေနုအေးကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ သူ့ခေါင်းထဲတွင် ဗဟုသုတအသစ်တွေ အများကြီး ပေါ်လာတယ်။ ဟန်ရှောင်းသည် သက်တောင့်သက်သာ ခံစားလိုက်ရကာ မျက်လုံးလေးမှိတ်လိုက်သည်။ သူသည် အတန်းအစားတိုးတက်မှု၏ ထင်ရှားသော ပြောင်းလဲမှုများကို ခံစားနိုင်ပြီး သူ၏ စက်ယန္တရားထိန်းချုပ်မှုသည် တစ်ဖန်ထပ်ပြီး တိုးတက်လာပြန်သည်။
အတန်းအစားသစ်၊ ပိုမိုအားကောင်းသောစွမ်းအား။
နောက်ဆုံးတော့ အဆင့်မြင့် အတန်းကို ရောက်ပြီ။ ဟန်ရှောင်းသည် လက်သီးများကို ဆုပ်ထားသည်။ စိတ်လှုပ်ရှားမှုက သူ့နှလုံးသားကို ပြည့်စေ၏။ သူ၏ အင်တာဖေ့စ်ပေါ်ရှိ များပြားလှသော အတွေ့အကြုံအမှတ်ကို နောက်ဆုံးတွင် ပြန်လည်အသုံးပြုနိုင်တော့မည်။
[သံလိုက်စက်ကွင်း ယန္တရားပညာရှင်] အဆင့် ၁ မှ အဆင့် ၂ အထိ အဆင့်တက်ရန် အတွေ့အကြုံအမှတ် ၃,၆၅၀,၀၀၀ လိုအပ်ပြီး၊ [အလုပ်သင်ယန္တရားပညာရှင်] ကို အဆင့် ၁၄ မှ အဆင့် ၁၅ အထိ အဆင့်မြှင့်တင်ရာတွင် လိုအပ်သည်ထက် သုံးဆ လိုအပ်သည်။ အတန်းအဆင့်မြင့်လေ၊ အဆင့်တက်ရန် အတွေ့အကြုံအမှတ် များများလိုလေဖြစ်သည်။
မဆိုင်းမတွဘဲ ဟန်ရှောင်းသည် [သံလိုက်စက်ကွင်း ယန္တရားပညာရှင်] ကို အဆင့် ၅ သို့ ချက်ချင်းအဆင့်လိုက်ကာ မျက်တောင်ပင်မခတ်ဘဲ အတွေ့အကြုံအမှတ် ၂၀,၀၀၀,၀၀၀ ကို အသုံးပြုခဲ့သည်။
ကြွယ်ဝချမ်းသာခြင်း!
အဆင့် ၆၀ ကို ရောက်သွားသည်။
Galaxy သို့ ဝင်ရောက်ပြီး တစ်နှစ်နှင့် နှစ်လကျော်ကြာပြီးနောက် ဟန်ရှောင်းသည် နောက်ဆုံးတွင် ဗားရှင်း 1.0 တွင် အမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားခဲ့သည်။
_________________________________
အဆင့် ၆၀ အတန်းအစား တိုးတက်ရေးမစ်ရှင် [အန္တိမစမ်းသပ်မှု] - တိုက်ပွဲအတွင်း ကန့်သတ်ချက်များကို တွန်းပို့ပါ။ ဘဝ၏ အနိမ့်အမြင့်များကို ရှာဖွေပြီး အမြင့်သို့တက်ပါ။
မစ်ရှင်လိုအပ်ချက်များ - စမ်းသပ်မှုအမှတ် ၂,၀၀၀ ရယူပါ။ လက်ရှိတိုးတက်မှု - ၀/၂၀၀၀
ရန်သူများကို သတ်ခြင်းဖြင့် စမ်းသပ်အမှတ်များ ရရှိသည်။ ရန်သူများ အားကောင်းလေ၊ စမ်းသပ်အမှတ်များများလေဖြစ်သည်။ အောင်ပွဲပိုမိုခက်ခဲလေ (ဆုံးရှုံးသွားသော သွေးအမှတ် ပမာဏဖြင့် တွက်ချက်သည်)၊ စမ်းသပ်အမှတ်များများလေဖြစ်သည်။
_________________________________
မျှော်လင့်ထားသည့်အတိုင်းပဲ၊ ငါက ကစားသမားမဟုတ်တော့ ဗားရှင်းက ငါ့ကို ကန့်သတ်ချက်မထားဘူး။ ဟန်ရှောင်းက ဒါကို ဟိုးအရင်ကတည်းက မျှော်လင့်ထားခဲ့ပေမယ့်၊ သူ့ပျော်ရွှင်မှုကိုတော့ မထိန်းထားနိုင်သေးပေ။
ဆိုလိုသည်မှာ သူသည် အတန်းအစား တိုးတက်ရေးမစ်ရှင်ကို ပြီးမြောက်သရွေ့ အဆင့် ၆၀ ကို ဖြတ်ကျော်ရန် ဤကမ္ဘာပေါ်တွင် တစ်ဦးတည်းသော သူဖြစ်လာနိုင်သည် ။
ဘယ်သူကမှ မရောက်နိုင်တဲ့ နေရာဖြစ်တဲ့ ရေပင်လယ်ဂြိုလ်၏ အထွတ်အထိပ်မှာ သူရပ်နေလိမ့်မည်။
အဲဒါကို တွေးကြည့်ရုံနဲ့ ဟန်ရှောင်း အလွန်စိတ်လှုပ်ရှားသွားသည်။
သူ့မျက်လုံးတွေက ဂြိုလ်တွေကို ကျော်လွန်ပြီး ကြည့်လိုက်သည်။ ၎င်းသည် ဂလက်ဆီ၏ စကြဝဠာတစ်ခုလုံးဖြစ်သည်။
ဤအတန်းအစား တိုးတက်ရေးမစ်ရှင်အမျိုးအစားသည် တိုက်ပွဲနှင့် သတ်ဖြတ်မှုများစွာလိုအပ်သည်။ ဘယ်လိုရန်သူတွေက ငါ့ကို စမ်းသပ်အမှတ်များပေးတယ်ဆိုတာ အရင်ကြည့်ရမယ်။ အဆင့်နိမ့်တဲ့သူတွေကို ဖယ်ထားရမှာ သေချာတယ်။ မြင့်မားသောအဆင့်နဲ့ သန်မာတဲ့ ရန်သူတွေ ဖြစ်ရမယ်၊ ဟန်ရှောင်းတွေးနေသည်။
သူ အန်ဒရီရာကို သွားတော့မည်ဖြစ်ပြီး လမ်းတွင် အတန်းအစား တိုးတက်မှုကို ပြီးအောင်ကြိုးစားနိုင်ခဲ့သည်။ စစ်မြေပြင်သာလျှင် အားကောင်းသော ရန်သူများနှင့် ပြည့်နှက်နေပြီး၊ ထိုနေရာတွင်သာ သူသည်လည်း အားကုန်ထုတ်နိုင်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် ဂျာမီနယ်အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေနိုင်သည်။ ဒါဟာ ဟန်ရှောင်းအမြဲဖြစ်ခဲ့တဲ့အတိုင်း တည်ငြိမ်ပေမယ့် ရယ်စရာအစီစဉ်လေးတစ်ခုပင်။
ဒီကိစ္စကို ဘေးဖယ်ထားလိုက်ပြီး၊ ဟန်ရှောင်းက အခမဲ့ ပင်ကိုယ်အရည်အသွေး အမှတ်တွေကို နေရာချလိုက်သည်။ အားလုံးကို ပုံမှန်အတိုင်း ဉာဏ်ရည်အမှတ်ကို ပေါင်းထည့်လိုက်၏။
ယင်းနောက်၊ သူသည် အသစ်ရရှိထားသော [အဆင့်မြင့် စက်ယန္တရား ရင်းနှီးမှု] နှင့် [ယန္တရားစွမ်းအားလှိုင်း] တို့ကို အဆင့်အမြင့်ဆုံး အဆင့်အထိရောက်အောင် အတွေ့အကြုံအမှတ် ၂၅,၀၀၀,၀၀၀ ကို အသုံးပြုလိုက်သည်။
သူသိမ်းဆည်းထားခဲ့သော အတွေ့အကြုံအမှတ်များစွာသည် နောက်ဆုံးတွင် တစ်ခုခုအတွက် ကုန်ဆုံးသွားနိုင်သည်။
အတွေ့အကြုံအမှတ်များက သူ့ခွန်အားအဖြစ် အဆင့်ဆင့်ပြောင်းလဲသွားတာကို မြင်လိုက်ရတော့ ဟန်ရှောင်းက ပြီးပြည့်စုံတဲ့ခံစားချက်ကို ခံစားလိုက်ရသည်။
အင်တာဖေ့စ်ကိုကြည့်လိုက်သောအခါ သူ၏ တိုက်ခိုက်ရေးစွမ်းအား အဆင့်သတ်မှတ်ချက်သည် ၂,၀၀၀ ကျော်သွား၏။ သူက ယခု Grade C ဖြစ်သည်။!