← Chapters

အာရုံကြောချိတ်ဆက်မှု - ၁

Vol. 16 Ch. 238

အာရုံကြောချိတ်ဆက်မှု - ၁

Vol. 16 Ch. 238

ဟန်ရှောင်းသည် သူ၏ယခင်ဘဝက ဆိုင်ဘာလော့စ်အကြောင်း သိခဲ့သည်။

ဂျာမီနယ်အဖွဲ့အစည်း၏ အဆင့်မြင့်သုတေသီတစ်ဦး၊ အော်ရိုရာကို အော်ရိုရာ အဖြစ်ပြောင်းလဲစေသောသုတေသန၏ တာဝန်ခံဖြစ်သောကြောင့် ကစားသမားများမှလူသိများသော သုတေသီဖြစ်သည်။ သူ့အတွက်၊ သူ အသက်ရှင်နေလျှင် နောက်ထပ် စမ်းသပ်မှုများသာ ပြုလုပ်နိုင်သည်။ ထို့ကြောင့် သူသည် မည်သည့်အဖွဲ့အစည်းကိုမဆို မဆိုင်းမတွ သစ္စာဖောက်နိုင်သည်။ သစ္စာစောင့်သိမှုသည် သူ့မျက်လုံးထဲတွင် တန်ဖိုးမရှိပေ။

ဟန်ရှောင်းက ဆိုင်ဘာလော့စ်ကို ခြိမ်းခြောက်လျှင် သူ့ဘဝအတွက် အပေးအယူလုပ်မယ် ဆိုတာကို ယုံကြည်နေ၏။ ဘယ်သူမှ မမြင်နိုင်ရန်တော့ လိုအပ်သည်။

သေးငယ်သော ပြဿနာတစ်ခုရှိနေသည်။ ဌာနချုပ်သည် ကြီးမားပြီး ဟန်ရှောင်းသည် ယခုအချိန်တွင် ဆိုင်ဘာလော့စ်သည် မည်သည့်နေရာတွင် ရှိနေသည်ကို မသိပေ။

ထိုအချိန်တွင်၊ ခေါင်းပေါ်တွင် ပျံဝဲနေသော ID ဖြင့် ကစားသမားတစ်ဦး ကျော်ဖြတ်သွားရာ ဟန်ရှောင်းအကြံတစ်ခု ရသွားသည်။

"မြေအောက်ဌာနချုပ်မှာလည်း ကစားသမားတွေရှိတယ်၊ ငါသူတို့ကို သုံးဖို့ကြိုးစားနိုင်တယ်။" ဟန်ရှောင်း တွေးမိလိုက်သည်။

Electrolux သည် နေ့စဥ်လေ့ကျင့်ရေးမစ်ရှင်တစ်ခုကို ပြုလုပ်ရန်ရန် လမ်းပေါ်တွင်ရှိနေသည်။ ရုတ်တရက်၊ ဂျာမီနယ်အဖွဲ့အစည်းမှ စစ်သားတစ်ယောက် ပေါ်လာပြီး သူ့ကို တားလိုက်သည်။ စစ်သားသည် အလွန်ရက်စက်ပုံရသော်လည်း မိကျောင်းတစ်ကောင်လို ပြုံးရယ်နေ၏။ ဟန်ရှောင်း အစားထိုးလိုက်သော ကံဆိုးသူဟာ ကြမ်းတမ်းလွန်းလှသည်သည်။

Electrolux က တုန်လှုပ်သွားပြီး "မင်းဘာလိုချင်လို့လဲ"

ဟန်ရှောင်းက ဖော်ရွေစွာ ရယ်မောလိုက်သော်လည်း Electrolux သည် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ သူက ခေတ္တရပ်ပြီး ပြောလိုက်သည်။ “ဟေ့၊ ငါ မင်းရဲ့ အကူအညီလိုတာလေး တစ်ခုရှိတယ်”

သူပြောသည့်အတိုင်း မစ်ရှင်တစ်ခု သတ်မှတ်ပြီး ထုတ်ပေးလိုက်သည်။ မစ်ရှင်လိုအပ်ချက်မှာ ဆိုင်ဘာလော့စ်၏ တည်နေရာကိုရှာဖွေရန်ဖြစ်သည်။ မစ်ရှင်နိဒါန်းတွင် သူတကယ်လုပ်သလိုမျိုး အရေးပေါ်အစီရင်ခံရန် တစ်ခုခုရှိနေကြောင်း ရေးသားထားသည်။ ကစားသမားများသည် မစ်ရှင်မိတ်ဆက်ခြင်းကို သာမာန်အားဖြင့် သံသယရှိမည်မဟုတ်သောကြောင့် သူတို့သည် မည်သည့်အရာကိုမျှ သံသယရှိမည်မဟုတ်ပေ။

Electrolux သည် အံ့အားသင့်သွားသည်။ သူ့ဆီ တိုက်ရိုက်ရောက်လာသည် မစ်ရှင်တစ်ခုကို ပထမဆုံးအကြိမ် တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ဆုကြေးသည် အလွန်ကြွယ်ဝသောကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရသည်။ ဆိုင်ဘာလော့စ်ကို ရှာတွေ့ရန်မှာ အလွန်လွယ်ကူ၏။ သူသည် ဓာတ်ခွဲခန်းတွင်သာ ရှိနိုင်သည်။

"ကောင်းပြီ၊ ငါ မကြာခင် ပြန်လာခဲ့မယ်" Electrolux က အတည်ပြုသွား၏။

သိပ်မကြာခင်မှာပဲ ဟန်ရှောင်းက ဆိုင်ဘာလော့စ်သည် စမ်းသပ်မှုအလွှာတွင် အချက်အလက်များကို ရှာဖွေနေသည်ဆိုသည့် သတင်းကို လက်ခံရရှိလိုက်သည်။

ဟန်ရှောင်း၏ မျက်လုံးများ လက်သွား၏။ သူသည် Electrolux အား နောက်ထပ်မစ်ရှင်တစ်ခု ပေးခဲ့ပြီး ဌာနချုပ်၏ မြေပုံကို ယူခိုင်းခဲ့သည်။ ဒီလိုအရာမျိုးရဖို့ သူ့အတွက် ခက်ခဲသော်လည်း ဌာနချုပ်တွင်ရှိသော ကစားသမားတွေအတွက်တော့ လွယ်ကူလွန်းလှသည်။ Electrolux သည် မည်သည့်အရာကိုမျှ သံသယမရှိပေ။ သူနဲ့အတူရှိနေသော မြေပုံကို ဟန်ရှောင်းဆီ ပေးလိုက်၏။

စမ်းသပ်မှုအလွှာသည် အလွန်ကြီးမားသော ဧရိယာကို သိမ်းပိုက်ထားသည်။ ဟန်ရှောင်းသည် သုတေသီများ၏ အနားယူရာနေရာသို့ ရောက်ရှိလာပြီး ထောင့်စွန်းတွင် ကင်မရာကို ခေတ္တပိတ်ဆို့ရန် ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများကို အသုံးပြုလိုက်သည်။ ထို့နောက် ယူနီဖောင်းသေတ္တာကို ဖွင့်ကာ အဖြူရောင်ကုတ်အင်္ကျီနှင့် မျက်နှာဖုံးအချို့ကို ထုတ်ယူလိုက်သည်။ သုတေသနပြုလုပ်ရန် အသွင်ဆောင်ကာ စမ်းသပ်မှုအလွှာသို့ ပွင့်ပွင့်လင်းလင်းပင် လမ်းလျှောက်ဝင်သွား၏။

ထိုအချိန်တွင် ဆိုင်ဘာလော့စ်သည် ကြီးမားသော စမ်းသပ်ဓာတ်ခွဲခန်းတစ်ခုတွင် ရှိနေသည်။ စူပါစစ်သည်တစ်စု၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် အခြားသူများကို အမိန့်ပေးထားပြီး၊ သူသည် ကွန်ပျူတာပေါ်ရှိ အချက်အလက်များကို ရှာဖွေနေသည်။ ထိုနေရာတွင် လူတွေအများကြီးရှိနေတာကိုမြင်ပြီး ဟန်ရှောင်းက သူ့မျက်နှာဖုံးကိုဆွဲထုတ်ကာ ဆိုင်ဘာလော့စ်ဆီကို သတိရှိရှိလျှောက်သွား၏။ ရိုးရှင်းသော ကိရိယာတစ်ခုကိုထုတ်ပြီး ဆိုင်ဘာလော့စ်ကို အကြမ်းဖျင်း စကင်န်ဖတ်လိုက်သည်။ ရလဒ်ကတော့ သူမျှော်လင့်ထားသလို ချောမွေ့နေ၏။ ဆိုင်ဘာလော့စ်သည် ဌာနချုပ်တွင် အချိန်အများစုကို ကုန်ဆုံးစေသောကြောင့် သူသည် လုံခြုံရေးအသိ နည်းပါးသည့်အပြင် အစောင့်အကြပ်လည်း မရှိပေ။

ဟန်ရှောင်းက ဒေတာတွေကို စီစဉ်နေသည့်ပုံနှင့် ဆိုင်ဘာလော့စ်၏ နောက်သို့လှည့်လိုက်သည်။ သူသည် လက်ညှိုးကို ကွေးလိုက်၏။ ဓားတစ်လက်သည် မြေပြင်နှင့် အလွန်နီးကပ်စွာ ပျံဝဲသွားပြီး ဆိုင်ဘာလော့စ်၏ အင်္ကျီထဲသို့ ဝင်ရောက်သွားကာ သူ၏နှလုံးကို ထိကပ်ထားသည်။

ဆိုင်ဘာလော့စ်သည် သူ့ရင်ဘတ်အနီးတွင် အေးစက်သော အရာတစ်ခုကို ခံစားလိုက်ရသည်။ သူ့ရင်ဘတ်ဆီသို့ လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ပါးလွှာသော သတ္တုအစိတ်အပိုင်းတစ်ခုကို ခံစားလိုက်ရသည်။ သူက အံ့အားသင့်သွားပြီး စစ်ဆေးရန် သူ့ကော်လာကို ချက်ချင်းဖွင့်လိုက်ချင်သည်။ ဤအခိုက်အတန့်တွင် ဆူညံနေသည့် ပတ်ဝန်းကျင်ကြားမှ ရှင်းလင်းသော တီးတိုးပြောသံကို ကြားလိုက်ရသည်။

"တိတ်တိတ်နေ၊ မလှုပ်နဲ့၊ မအော်နဲ့၊ ဒါမှမဟုတ်ရင် ဒီဓားတစ်ချောင်းက မင်းရဲ့နှလုံးသားကို လှီးဖြတ်ပစ်လိုက်လိမ့်မယ်။ အခု ဘာမှမဖြစ်တဲ့အတိုင်း ပြုမူပြီး ငါ့အမိန့်ကို နားထောင်ပါ။ မင်းနားမထောင်ရင်၊ သေမယ်၊ သတိပေးစက်ကို ဖွင့်ရင်၊ သေမယ်”

ဆိုင်ဘာလော့စ်သည် လှည့်ပတ်ကြည့်ရှုလိုက်သည်။ လူတိုင်းက သူ့အတွက် ရန်သူလို ဖြစ်နေ၏။ “စိတ်အေးအေးထားပါ၊ ဘာလုပ်စေချင်တာလဲ” သူက တိုးတိုးလေးပြောလိုက်သည်။

သူ့အသက်အတွက် စိုးရိမ်နေတာကြောင့် ပြန်မတိုက်ခိုက်ရဲတော့ပေ။

"ဓာတ်ခွဲခန်းက ထွက်သွား၊ ပုံမှန်အတိုင်း လုပ်ပါ။"

"ကောင်းပြီ၊ ငါ့ကို ဘာမှ မလုပ်နဲ့။" ဆိုင်ဘာလော့စ်က အနည်းငယ် အသက်ပြင်းပြင်းရှူပြီး ကျယ်လောင်စွာပြောလိုက်သည် "မင်းတို့ စမ်းသပ်မှုကို ဆက်လုပ်ကြ၊ ငါ့မှာ လုပ်စရာရှိတယ်။"

သူပြောပြီးသည်နှင့် အခြားသုတေသီများကို သံသယမ၀င်စေဘဲ တံခါးဆီသို့ လျှောက်သွားသည်။ ဟန်ရှောင်းက ခဏရပ်ပြီး ဆိုင်ဘာလော့စ်နောက်ကနေ လိုက်သွား၏။

နှစ်ယောက်သား စင်္ကြံဆီသို့ ရောက်လာကြသည်။ ဆိုင်ဘာလော့စ်သည် နောက်ကွယ်မှ ဟန်ရှောင်းကို မြင်ပြီး ဤသူသည် သူ့ကို ခြိမ်းခြောက်သူဖြစ်သည်ကို သိလိုက်သည်။ သူ့ကို အကဲခတ်လိုက်ပြီး “မင်း ငါ့ကို ဘာလုပ်စေချင်လဲ” တိုးတိုးလေး ပြောလိုက်၏။

“ဗဟိုကွန်ပြူတာဆီ ခေါ်သွားပါ။ မင်းရဲ့ခွင့်ပြုချက်လိုတယ်။ ဘယ်လှည့်ကွက်မှ လုပ်ဖို့ မကြိုးစားနဲ့။ ပုံမှန်မဟုတ်တာတစ်ခုခုဖြစ်ရင် မင်းရဲ့နှလုံးကို ၀.၁ စက္ကန့်အတွင်းမှာ ငါထိုးဖောက်နိုင်တယ်။"

"ငါမလုပ်ပါဘူး" ဆိုင်ဘာလော့စ်က သူ့ရင်ဘတ်ပေါ်က အေးစက်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူ့စိတ်ကို ထိန်းလိုက်ပြီး လမ်းပြသည်။ သူသည် စစ်သားမဟုတ်ပေ၊ သူ့ဘဝက သူ့အတွက် အရာအားလုံးထက် ပိုအရေးကြီးသည်။ အပေးအယူလုပ်ရန်မှတပါး ရွေးချယ်စရာမရှိဆိုတာ သူသိ၏။ ထို့ကြောင့် အချက်ပေးသံကို ဖွင့်ရာတွင် ရလာမည့်အန္တရာယ်ကို ယူချင်စိတ်မရှိပေ။

လမ်းတွင် ဂျာမီနယ်အဖွဲ့အစည်းအဖွဲ့ဝင်များစွာနှင့် တွေ့ဆုံခဲ့ကြပြီး ဆိုင်ဘာလော့စ်သည် ပုံမှန်အတိုင်း ခေါင်းညိတ်ပြကာ သဘာဝအတိုင်း ပြုမူခဲ့သည်။ ဟန်ရှောင်းက နောက်မှလိုက်လာသည်။ တခြားသူများက သံသယမရှိကြဘဲ သူ့ကို ဆိုင်ဘာလော့စ်၏ လက်ထောက်ဟု ထင်နေကြသည်။

လွတ်နေသော စင်္ကြံထဲသို့ဝင်ပြီးနောက်၊ ဆိုင်ဘာလော့စ်သည် ဟန်ရှောင်း၏မျက်နှာကို ဂရုတစိုက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မင်းမျက်နှာကို ခွဲစိတ်ထားတာပဲ ဇီးရိုး"

ဟန်ရှောင်း အံ့သြသွားသည်။ သူက ငါ့ကို ဘယ်လိုသိသွားတာလဲ။

“မင်းကို ဖမ်းဖို့အတွက် ခေါင်းဆောင်က ရှောင်မရတဲ့ ထောင်ချောက်တစ်ခုကို လုပ်ထားတယ်။ မရေတွက်နိုင်တဲ့ အမှုဆောင်အရာရှိတွေကလည်း အသင့်အနေအထားမှာ ရှိနေကြတယ်၊ အချိန်မရွေး လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေတယ်။ ပြီးတော့ ဒီနေရာမှာ မင်းက မျှော်လင့်ထားတဲ့အတိုင်း ရောက်လာပြီ။”

ဟန်ရှောင်း၏ အမူအရာမှာ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားသည်။ ခေါင်းဆောင်က ချုံခိုတိုက်ခိုက်ရန် သူ့ကို စောင့်ဆိုင်းနေ၏။ ဆိုလိုသည်မှာ သူခိုးဝင်လာတော့မယ်ဆိုတာ သူသိနေသည်။”

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ‽

ငါ့အစီအစဉ်အကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။

ခေါင်းဆောင်မှာ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့သူတစ်ယောက် ရှိနေတာလား။ လောလောဆယ် ငါက အဝိုင်းခံထားရနေပြီလို့ ဆိုလိုတာလား။

ဟန်ရှောင်းသည် ထိုအချိန်တွင် စိတ်ရှုပ်သွားသော်လည်း သူ့ကိုယ်သူ အလျှင်အမြန် တည်ငြိမ်အောင် လုပ်လိုက်သည်။ နောက်တော့ တစ်ခုခုမှားနေတာကို သူသတိထားမိလိုက်၏။ ခေါင်းဆောင်က သူ့ပန်းတိုင်ကို တကယ်သိရင် သူလွယ်လွယ်နှင့် ခိုးဝင်နိုင်မှာ မဟုတ်ပေ။ ဆိုလိုသည်မှာ ခေါင်းဆောင်တွင်ရှိသော သတင်းအချက်အလက်မှာ အကန့်အသတ်နှင့်သာဖြစ်ပြီး မျက်နှာကိုပြောင်းလဲခြင်းဖြင့် စိမ့်ဝင်နိုင်စွမ်းရှိမှန်းပင် မသိသောကြောင့် ကြိုတင်ကာကွယ်မှု အစီအမံများ မရှိရခြင်းမှာ ဖြစ်နိုင်သည်။

ဟန်ရှောင်းသည် ဂျာမီနယ်အဖွဲ့အစည်း၏ တပ်ဖြန့်ကျက်မှုများအကြား ဟာကွက်များကို ချက်ခြင်းစဉ်းစားလိုက်ပြီး ၎င်းသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်း သေချာသွားသည်။

သူ့မှာ မေးစရာတွေ အများကြီးရှိသော်လည်း ဆိုင်ဘာလော့စ်က ဒီကိစ္စကို ပြောပြီးကတည်းက ဟန်ရှောင်းက သူဘာကိုဆိုလိုတယ်ဆိုတာ သိတယ်။ ဟန်ရှောင်းက သူ၏ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို မျိုသိပ်လိုက်ပြီး “မင်းသိသမျှကို ပြောပြပါ။ မင်းကို အသက်ရှင်ခွင့်ပေးဖို့ ငါစဉ်းစားမယ်"

အေးစက်ပြီး ထိုးထွင်းဖောက်ဝင်လာသော လူသတ်ချင်စိတ်ကို ခံစားလိုက်ရသဖြင့် ဆိုင်ဘာလော့စ်၏ ကျောသည် အေးစက်သောချွေးများဖြင့် စိုရွှဲသွားသည်။ သူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးပြီး "ဒါက ကံကြမ္မာရဲ့ကလေးရဲ့ ခန့်မှန်းချက်ပဲ"

ကံကြမ္မာရဲ့ကလေးလား? ဟန်ရှောင်း မျက်မှောင်ကြုတ်လိုက်သည်။ ဂျာမီနယ်အဖွဲ့အစည်းတွင် ထိုသို့သောလူကို သူ တစ်ခါမှ မကြားဖူးပေ။

“ကံကြမ္မာရဲ့ကလေးရဲ့ စွမ်းရည်က အနာဂတ်ကို ကြိုမြင်နိုင်တယ်၊ အနာဂတ်ကိုလည်း အဆုံးအဖြတ်ပေးနိုင်တယ်။ ကျွန်တော်တို့လည်း မသေချာဘူး။ သူက မင်းကိုယ်တိုင် ထောင်ချောက်ထဲ ရောက်လာလိမ့်မယ်လို့ ပြောခဲ့တယ်…” ဆိုင်ဘာလော့စ်က အစမှစ၍ အရာအားလုံးကို ပြောပြသည်။ ကံကြမ္မာရဲ့ကလေး၏ စွမ်းရည်၊ ဟန်ရှောင်းအကြောင်း ခန့်မှန်းချက်၊ ခေါင်းဆောင်၏ အကြံအစည်များနှင့် အခြားအရာများကို ဖော်ပြခဲ့သည်။ သူ့ဘဝအတွက် သူသိသမျှကို အိတ်သွန်ဖာမှောက် ပြောပြလိုက်တော့သည်။

ဂျာမီနယ်အဖွဲ့အစည်းမှာ ဒီလိုမျိုး ဝှက်ထားသူတစ်ယောက် ရှိနေတာလား။ ဟန်ရှောင်း အံ့သြသွားသည်။ ဤလူနှင့်ပတ်သက်ပြီး သူ၏ယခင်ဘဝတွင် မည်သည့်အချက်အလက်မျှ မရှိပေ။ ၎င်းသည် ဂျာမီနယ်အဖွဲ့အစည်း၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ဖြစ်ပုံရသည်။ အကယ်၍ ကံကြမ္မာရဲ့ကလေးသည် အနာဂတ်ကို လွှမ်းမိုးနိုင်လျှင် အော်ရိုရာကို ကယ်တင်မည့် သူ၏အတွေးသည် သူ့အပေါ် အတင်းအကြပ် သက်ရောက်ခဲ့သည်ဟု ဆိုလိုတာလား။

ရုတ်တရက်၊ ကံကြမ္မာရဲ့ကလေးကို သတ်ဖြတ်ရန် ပြင်းထန်သောလိုအပ်ချက်ကို သူခံစားလိုက်ရသည်။

စိတ်သည် တစ်စုံတစ်ဦး၏ နန်းတော်ဖြစ်သည်။ ကျူးကျော်ခံရလျှင် မည်သူမဆို အလွန်ဒေါသဖြစ်လိမ့်မည်။

စိတ်ပညာ၊ မှော်ပညာ၊ ‘အက်စ်ပါ’တို့ကဲ့သို့ စိတ်ကို လွှမ်းမိုးနိုင်သော စွမ်းရည်များစွာရှိသည်။ စကြာဝဠာတွင်လည်း အလားတူ သဘာဝဖြစ်စဉ်များပင် ရှိခဲ့သည်။ ဥပမာတစ်ခုအားဖြင့် စကြာဝဠာအတွင်း မမြင်နိုင်ဘဲ ရွေ့လျားသွား‌လာနေသော စိတ်ကို သက်ရောက်မှု ရှိစေသည့် စိတ်စွမ်းအင်စီးကြောင်းများ ရှိနေသည်။ ထိုစိတ်စွမ်းအင်စီးကြောင်းများသည် ဖြတ်သန်းသွားသော မည်သည့်သက်ရှိပုံစံကိုမဆို 'အသံများ' ကြားစေနိုင်ပြီး၊ လွမ်းမိုးနိုင်သည်။

သို့သော် အနည်းငယ်စဉ်းစားပြီးနောက်၊ ဟန်ရှောင်းသည် ဤခန့်မှန်းချက်သည် မယုံနိုင်လောက်စရာဖြစ်သည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော တစ်နှစ်ကျော်က ဟီလာကို ပထမဆုံးတွေ့သောအခါတွင် အော်ရိုရာကို ကယ်တင်ရန် စဉ်းစားထားပြီးဖြစ်သည်။ သူဒီလိုလုပ်ရခြင်း၏ အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာထားပြီး အားလုံးက သူ့အတွက် အကျိုးရှိစေသည်။ အဲဒါကို လုပ်ဖို့အတွက် သူလွှမ်းမိုးခံရသည်ဟု လုံးဝမခံစားရပေ။ ထို့အပြင် အော်ရိုရာကို ကယ်တင်ခြင်းသည် ဂျာမီနယ်အဖွဲ့အစည်း ဌာနချုပ်ကို စိမ့်ဝင်စေသော တစ်ခုတည်းသော ရည်ရွယ်ချက်မဟုတ်ပေ။

ကံကြမ္မာရဲ့ကလေး၏ စွမ်းရည်များတွင် ကန့်သတ်ချက်များ ရှိရမည်၊ သို့မဟုတ် အနည်းဆုံး၊ ၎င်းသည် သူ့အပေါ် အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိသည်။ သို့သော် သူသည် ခန့်မှန်းထားသည့်အတိုင်း ဂျာမီနယ်အဖွဲ့အစည်း ဌာနချုပ်သို့ သူတစ်ယောက်တည်း လာခဲ့ပြီး၊ ၎င်းသည် တစ်ချိန်တည်းတွင် စိတ်သက်သာရာရကာ စိုးရိမ်မှုဖြစ်စေခဲ့သည်။

အနာဂါတ်ကို ကြိုတင်ခန့်မှန်းနိုင်သော ရန်သူတစ်ဦးရှိခြင်းသည် မည်မျှကြောက်စရာကောင်းသည်ကို သူနောက်ဆုံး နားလည်သွားသည်။ ရုတ်တရက် သူသည် ခေါင်းဆောင်၏ နာကျင်မှုကို ခံစားလိုက်ရသည်။

ငါ ဂျာမီနယ်အဖွဲ့အစည်းကို အရမ်းဒုက္ခရောက်အောင် လုပ်ခဲ့တာ။ ခေါင်းဆောင်က ငါ့ကို အရှင်လတ်လတ် အရေခွံဆုတ်ချင်‌နေတာ ဖြစ်နိုင်တယ်။

ဆိုင်ဘာလော့စ်၏ ပြောသည့်စကားအရ၊ ဟန်ရှောင်းသည် လောလောဆယ်တွင် ဌာနချုပ်၌ အမှုဆောင်အရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြား ပုန်းအောင်းနေပြီး အားလုံးက သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်လာသည်နှင့် တစ်ပြိုင်နက်၊ ဝိုင်းရံမှုကို အချိန်မရွေး ပြုလုပ်နိုင်သည်ကို သိလိုက်ရသည်။ သူသည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေ၏။

သို့သော်လည်း ဟန်ရှောင်းသည် သူ့တွင်ရှိနေသည့် ကြီးမားသော အားသာချက်ကို သတိပြုမိသည်။ ၎င်းမှာ ခေါင်းဆောင်က သူလာမည်ကိုသာ သိနေပြီး ဘယ်အချိန်လာမည် သို့မဟုတ် သူ့ပန်းတိုင် ဘာဖြစ်သည်ကို မသိထားပေ။

ငါ့မှာ အသာစီးရနေပုံရတယ်၊ ဒါပေမယ့် အချိန် ဆက်မဆွဲနိုင်တော့ဘူး။ ပန်းတိုင်ကို အမြန်ဆုံး ပြီးအောင်လုပ်ပြီး ချက်ခြင်း ထွက်သွားတာက အကောင်းဆုံးပဲ။

မစ်ရှင်ကို ပြီးအောင်လုပ်ပြီး၊ ဘာအချက်ပေးသံမှ မထွက်ဘဲ ထွက်သွားနိုင်လျှင် အကောင်းဆုံးရလဒ် ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူသည် ကံကြမ္မာရဲ့ကလေးကိုလည်း မှတ်သားထားခဲ့သည်။

All Chapters