အာရုံကြောချိတ်ဆက်မှု - ၂
Vol. 16 Ch. 239
ဗဟိုကွန်ပြူတာအခန်းသည် ဌာနချုပ်၏ ဗဟိုနေရာတွင်တည်ရှိသည်။ လျှို့ဝှက်အချက်အလက် အများအပြားကို သိမ်းဆည်းထားသည်။ ဆိုင်ဘာလော့စ်တွင် လိုအပ်သော အခွင့်အာဏာရှိသောကြောင့် သူသည် ကာကွယ်ရေးအစီအမံများကို ပိတ်ကာ ဟန်ရှောင်းအား ဗဟိုကွန်ပြူတာခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ကြီးမားသော ဟာ့ဒ်ဒရိုက်များ အတန်းများကို စာအုပ်စင်ကဲ့သို့ သပ်သပ်ရပ်ရပ် စီတန်းထားသည်။ အချက်ပြမီးများ အဆက်မပြတ် လင်းလက်နေပြီး ဗဟိုကွန်ပြူတာခန်း၏ အဆုံးတွင် မော်နီတာနှင့် ထိန်းချုပ်စက်များ ရှိနေသည်။ အခန်းသည် ကြယ်နဂါးနိုင်ငံဌာန ၁၃၏ မြေအောက်ဗဟိုကွန်ပြူတာအခန်းထက် ပိုမိုရိုးရှင်း၏။
ဆိုင်ဘာလော့စ်သည် စကားဝှက်ဖြင့် သော့ခတ်ထားသော ဗဟိုကွန်ပျူတာကို ဖွင့်လိုက်ပြီး သူ၏ လက်ဗွေကို ဖော်ထုတ်ကာ ၎င်း၏ မြင်လွှာကို စကင်န်ဖတ်ခဲ့သည်။ ဤအဆင့်တွင် လျှို့ဝှက်အချက်ပေးစက်တစ်ခု အမှန်တကယ်ရှိနေသည်၊ အဆင့်မြင့်အရာရှိတစ်ဦး ခြိမ်းခြောက်ခံရသည့်အခါ စကားဝှက်တစ်ခုသည် အချက်ပေးစက်ကို စတင်အသက်ဝင်စေနိုင်မည်ဖြစ်သည်။ သို့သော်၊ ဆိုင်ဘာလော့စ်သည် သူ့ကိုယ်ပိုင်လုံခြုံရေးအတွက် ထိုသို့လုပ်ဆောင်ရန် အစီအစဉ်မရှိပေ။
ဟန်ရှောင်းက အဖမ်းမခံရခင် သူ့ကိုအလွယ်တကူသတ်ပစ်နိုင်သည်ဟု သူယုံကြည်ထားပြီး အန္တရာယ်ကို မခံယူချင်ပေ။
ထို့ကြောင့် ဤအချက်ပေးစက်သည် သူ့အတွက် အသုံးမဝင်ပေ။
ဆိုင်ဘာလော့စ်သည် စမ်းသပ်မှုများပြုလုပ်ရာတွင် ဥပဒေမဲ့ပြီး အလွန်ရဲရင့်သော်လည်း သူ့ဘဝနှင့် ပတ်သက်လာသည့်အချိန်တွင် သူရဲဘောကြောင်သူဖြစ်သည်။
"ဘာကြည့်ချင်တာလဲ" ဆိုင်ဘာလော့စ်က မေးသည်။
“ဌာနချုပ်မြေပုံ အပြည့်အစုံ” ဟန်ရှောင်းက ပြောသည်။
ဆိုင်ဘာလော့စ်သည် ကွန်ပျူတာကို ထိန်းချုပ်ထားပြီး ဌာနချုပ်၏ တည်ဆောက်မှုမြေပုံသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
ဟန်ရှောင်းသည် ကိရိယာအိတ်ထဲမှ Viper .ဦးထုပ်ကို ထုတ်ယူကာ မြေပုံကို ဓာတ်ပုံရိုက်ကာ 3D မော်ဒယ်ကို အလိုအလျောက် ဖန်တီးရန် ဒေတာဘေ့စ်တွင် သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အော်ရိုရာအကျဉ်းကျနေသည့်နေရာကို အမြန်ရှာဖွေကာ မြေပုံကို အလွတ်ကျက်မှတ်နေသည်။
စောစောကပြောခဲ့တဲ့ ကံကြမ္မာရဲ့ကလေး အကြောင်းတွေးကြည့်တော့ ဟန်ရှောင်းက အဲဒါကိုမြင်ဖို့ အနည်းငယ် သွေးဆောင်ခံရသော်လည်း ဆိုင်ဘာလော့စ်က ခေါင်းဆောင်တစ်ယောက်တွင်သာ ကံကြမ္မာရဲ့ကလေးဆီသွားသည့် တံခါးကိုဖွင့်ဖို့ အခွင့်အာဏာရှိသည်ဟု ဆိုင်ဘာလော့စ်က ပြောခဲ့သည်။ ထို့ကြောင့် ဟန်ရှောင်းသည် ထိုအကြံကို စွန့်လွှတ်လိုက်ရသည်။
"မင်းတို့ရဲ့ လျှို့ဝှက်သတင်းအချက်အလက်များ ဒေတာဘေ့စ်ကို ဖွင့်လိုက်" ဟန်ရှောင်းက ဆိုသည်။
ဆိုင်ဘာလော့စ်က သူပြောတဲ့အတိုင်း လုပ်၏။ လျို့ဝှက်ချက်တွေကို ဟန်ရှောင်းရှေ့မှာ ချပြလိုက်သည်။
ဤသတင်းအချက်အလက်များကို စုဆောင်းရခြင်းမှာ ဂျာမီနယ်အဖွဲ့အစည်းရုံးချုပ်သို့ သူရောက်ရသည့် အခြားအကြောင်းရင်းဖြစ်သည်။ မူလဇာတ်လမ်းကို သူပြောင်းလဲခဲ့ပြီးဖြစ်၍ သူမသိတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသည်မှာ သဘာဝပင်။ ထို့အပြင်၊ သူသည် ယခင်ဘဝက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး စမ်းသပ်မှုစာရင်းအင်းများ၊ ဖြန့်ကျက်မှုအစီအစဥ်များကဲ့သို့သော အရာများနှင့်ပတ်သက်သည့် အချက်အလက်များကို မရှိခဲ့ပေ။
ဟန်ရှောင်းသည် စူပါစစ်သည်များ၏ ပြင်ပအရိုးကိုယ်ထည်ကို မြင်လိုက်ရသည်၊ ၎င်းသည် သူတစ်ချိန်က ကျန်ရစ်ခဲ့သော အပေါ့စားယန္တရားလက်မှ နည်းပညာကို အမှန်တကယ် အသုံးပြုထားသည်၊ ၎င်းတို့သည် အခြေခံအားဖြင့် သူ၏ အကြွင်းအကျန်များကိုသာ အသုံးပြုနေခြင်းဖြစ်သည်။
ဟန်ရှောင်းသည် သတင်းအချက်အလက်များအားလုံး၊ အထူးသဖြင့် Hand of Death သေမင်းလက် စနစ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မှတ်သားထားလိုက်သည်။ ဤအရာအားလုံးကို နိုင်ငံ၆နိုင်ငံအား ပေးလိုက်ခြင်းသည် ၎င်းတို့အတွက် နှိုင်းယှဉ်မရသော အကျိုးကျေးဇူးများကို ဖန်တီးနိုင်ပြီး ဂျာမီနယ်အဖွဲ့အစည်း၏ နောက်ဆုံးနည်းလမ်းကို ဖယ်ရှားပစ်နိုင်သည်။ သူပေးခဲ့သော သတင်းက ပိုအသုံးဝင်လေလေ၊သူ့မစ်ရှင်မှာ ပိုတိုးတက်လေလေဖြစ်သည်။
ဒါက အကုန် မဟုတ်သေးပေ။
နိုင်ငံခြောက်ခုနှင့် ဂျာမီနယ်အဖွဲ့အစည်း နှစ်ခုစလုံးတွင် အတန်းအစား တိုးတက်ရေး အသိပညာ၏ တစ်စိတ်တစ်ပိုင်းရှိနေသည်။ ဤကဲ့သို့သော အခွင့်အလမ်းများသည် မကြာခဏ ကြုံလေ့မရှိပေ။
အမှန်ပင်၊ သူ၏ပစ်မှတ်မှာ အတန်းအစား တိုးတက်ခြင်း အသိပညာပင်ဖြစ်သည်။
ဟန်ရှောင်းသည် သူ့အကျိုးအမြတ်များကို အမြင့်ဆုံး ရယူလိုသည်။ အော်ရိုရာကို ကယ်တင်ခြင်းသည် သူ၏ တစ်ခုတည်းသော ရည်မှန်းချက် မဟုတ်ပေ။ သတင်းအချက်အလက်များနှင့် အတန်းအစားဆိုင်ရာ တိုးတက်မှု အသိပညာများလည်း ပါဝင်၏
"အသိပညာ ဒေတာဘေ့စ်ကိုဖွင့်ပါ" ဟန်ရှောင်းက ပြောလိုက်သည်။
‘တိုက်ခိုက်သူ’၊ ‘အက်စ်ပါ’နှင့် ယန္တရားပညာရှင်များ၏ အတန်းအစား တိုးတက်မှုဆိုင်ရာ အသိပညာသည် စခရင်ပေါ်တွင် ပေါ်လာသည်။ ဟန်ရှောင်းသည် အတန်းအစား အသိပညာကို တွေ့သောအခါ အသက်အရှည်ကြီး ရှူထုတ်လိုက်၏။ သူစိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် လပေါင်းများစွာကြာပြီးနောက် အတန်းအစား တိုးတက်မှုဆိုင်ရာ အသိပညာအသစ်ကို ရရှိတော့မည်ဖြစ်သည်။
ဂျာမီနယ်အဖွဲ့အစည်းတွင်ရှိသော ယန္တရားပညာရှင်အတန်းအစား တိုးတက်မှုအသိပညာသည် 'ထိန်းချုပ်မှု' ဌာနခွဲ၏ [အာရုံကြောချိတ်ဆက်မှု] ဖြစ်သည်။
_____________________
ယန္တရားပညာရှင် အတန်းအစား၏ တိုးတက်မှု အသိပညာကို တွေ့ရှိခဲ့သည် - [အာရုံကြောချိတ်ဆက်မှု]
သင်ယူရန် အလားအလာပွိုင့် အမှတ် 2 မှတ်ကို အသုံးပြုပါ။
_____________________
"အတည်ပြုသည်။"
_____________________
သင်ယူနေဆဲဖြစ်သည်။ မပယ်ဖျက်ပါနှင့်။
၅%…. ၄၃%… ၇၈%…
အောင်မြင်စွာ သင်ယူပြီးပါပြီ။ သင်သည် [အာရုံကြောချိတ်ဆက်မှု] ကို သင်ယူပြီးပါပြီ။
_____________________
ဟန်ရှောင်းသည် မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့စိတ်ထဲတွင် အသိပညာ အသစ်တစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရသည်။
နာမည်တွင် ပြောထားသည့်အတိုင်း [အာရုံကြောချိတ်ဆက်မှု] သည် ဇီဝစက်ယန္တရားများနှင့် ပတ်သက်သည့် အရေးကြီးသော နည်းပညာတစ်ခု ဖြစ်သည်။ သက်ရှိပုံစံတစ်ခုမှ အာရုံကြောအချက်ပြမှုကို ဖတ်ရှုခြင်းဖြင့် စက်ယန္တရားများကို စိတ်ဖြင့် ထိန်းချုပ်နိုင်ပြီး၊ တုံ့ပြန်မှုအရှိန်ကို အဆင့်များစွာ တိုးမြှင့်ပေးနိုင်သည်။ အဆင့်မြင့် အတန်းအစား အသိပညာအသစ်များ ရှိခြင်းကြောင့် ဖြစ်နိုင်သော အသိပညာပေါင်းစပ်မှု အရေအတွက် တိုးလာကာ နောက်ထပ် ဒီဇိုင်းပုံစံများစွာကို သူ ပေါင်းစပ်နိုင်လိမ့်မည်။ သူ့အတွက် တိုက်ရိုက်အကျိုးရှိစေ၏။
နောက်ဆုံးတော့၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကြယ်နဂါးနိုင်ငံမှာ ရခဲ့တဲ့ ပထမတစ်ခုပြီးရင် ငါ့မှာ ဒုတိယ အတန်းအစား တိုးတက်မှု အသိပညာကို ရသွားပြီ။
ဟန်ရှောင်းက ထိုနေရာတွင် ရပ်မနေပေ။ ‘တိုက်ခိုက်သူ’ နှင့် ‘အက်စ်ပါ’တို့အတွက် အတန်းအစား တိုးတက်မှုဆိုင်ရာ အသိပညာများကိုလည်း မှတ်တမ်းတင်ခဲ့သည်။ သူက အသုံးမချနိုင်သော်လည်း အနာဂတ်တွင် ကစားသမားတွေဆီ ရောင်းထုတ်ပြီး အမြတ်ကြီးကြီးမားမား ရရှိနိုင်၏။
အရင်းအမြစ်ကို ထိန်းချုပ်ခြင်းသည် နည်းပညာကို လက်ဝါးကြီးအုပ်စေပြီး ကစားသမားများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ကစားသမားများအတွက် အဓိကစွမ်းရည်များဖြစ်သောကြောင့် ၎င်းတို့ကို ရောင်းချခြင်းသည် ပြဿနာမဟုတ်ပေ။
ကစားသမားများ၏ အဆင့်များ ပိုမြင့်လာသောအခါ၊ သူတို့သည် အတန်းအစား အသိပညာ တိုးတက်ဖို့ လိုအပ်လာပြီး ဟန်ရှောင်းဆီက ဝယ်ယူနိုင်တယ်ဆိုတာ သိလာတဲ့အခါ…
ဟန်ရှောင်းသည် ထိုကျော်ကြားမှုအဆင့်ကို ခံနိုင်ရည်ရှိပါ့မလားဟု စိုးရိမ်စပြုလာသည်။
သတင်းအချက်အလက်များနဲ့ အသိပညာ။ များပြားလှသော အကျိုးအမြတ်များပင်။
ဆိုင်ဘာလော့စ်သည် တစ်ချိန်လုံး ဘေးမှကြည့်နေသည်။ ရုတ်တရက် သူ အေးစက်သွားသလို ခံစားလိုက်ရပြီး တုန်လှုပ်သွားကာ "မင်းက... ဂြိုလ်သားလား?"
သူတို့၏ သုတေသနပြုချက်အရ၊ ဂြိုလ်သားတွင် အရာအားလုံးကို လျင်မြန်စွာ သင်ယူနိုင်စွမ်းရှိကြောင်း အဖွဲ့အစည်းများမှ သိရှိခဲ့ကြသည်။ အစောပိုင်းတွင် ဟန်ရှောင်း၏ လုပ်ရပ်များသည် အနည်းငယ် သံသယဖြစ်ဖွယ်ရှိသောကြောင့် ဆိုင်ဘာလော့စ်သည် ဤဖြစ်နိုင်ချေကို ရုတ်တရက် တွေးတောမိသွား၏။
ဟန်ရှောင်းမှာ မကောင်းသောအကြံတစ်ခု ရှိနေသည်။ “မင်းဘယ်လိုထင်လဲ” သူက ရယ်လိုက်ပြီး လွဲမှားအောင် ပြောလိုက်သည်။
ဆိုင်ဘာလော့စ်သည် သူ့ခြေလက်များ ရုတ်တရက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
အဖွဲ့အစည်း၏ အဓိကရန်သူမှာ မသေနိုင်သော ဂြိုဟ်သားဖြစ်သည်၊ ဒါဆို သူ့ကို ဘာလုပ်ဖို့ ဆန့်ကျင်နေတာလဲ။
ချီးပဲ
ဘယ်လို ငရဲလဲ။
သေစမ်း။
"ဒါပေမယ့်... မင်းဟာ ဂြိုလ်သားတွေထက် အများကြီးစောပြီး ပေါ်လာတယ်..." ဆိုင်ဘာလော့စ်က သူ့စကားမဆုံးခင်မှာ သူ အလွန်ထိတ်လန့်သွားပြီး၊ ဟန်ရှောင်းကို တစ္ဆေတစ်ကောင်ကို ကြည့်သလိုမျိုး ကြည့်နေတယ်။
တကယ်တော့ ဇီးရိုးက ပထမဆုံး ဂြိုဟ်သားလား။ ဇီးရိုးနဲ့ သူ့ရဲ့စွမ်းရည်က တကယ်ပဲ ဂြိုဟ်သားဖြစ်စဉ်တွေကို ပျံ့နှံ့စေခဲ့တာလား။
အမှန်တရားနှင့် ပိုမိုဝေးကွာနေသော အတွေးများတွေးနေသည့် ဆိုင်ဘာလော့စ်နှင့်ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်မနေဘဲ၊ ဟန်ရှောင်းသည် သတင်းအချက်အလက်များကို မှန်ကန်အောင် စစ်ဆေးလိုက်သည်။ ထို့နောက် “မင်းတို့ရဲ့ ဗဟိုကွန်ပျူတာမှာ မိမိကိုယ်ကို ဖျက်ဆီးတဲ့ ပရိုဂရမ်ရှိသလား”
“ဌာနချုပ်မှာ ဘယ်သူက ဒီလောက်မိုက်မဲပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့ လုပ်ဆောင်ချက်ထားနေမှာလဲ။ ရူးနေတာပဲ…”ဆိုင်ဘာလော့စ်က သူ့ချွေးတွေကို သုတ်လိုက်သည်။
Viper သည် ထိုအချိန်တွင် 3D မြေပုံကို အပြီးသတ်လိုက်ပြီး အားလုံးအဆင်သင့်ဖြစ်နေ၏။ ဟန်ရှောင်းက ဆိုင်ဘာလော့စ်ကို ဆွဲခေါ်လိုက်ပြီး “A-4 ဧရိယာရဲ့ ကာကွယ်ရေး အားလုံးကို ပိတ်လိုက်။ စောင့်ကြည့်ကင်မရာတွေအားလုံးကို ရပ်တန့်ထားလိုက်ပါ။”
ဆိုင်ဘာလော့စ်က သူပြောတဲ့အတိုင်း အလျင်စလိုလုပ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွား၏… ဧရိယာ A-4၊ အသက်စွမ်းအားရှိတဲ့ ကလေးမလေးကို ထောင်ချထားတဲ့ နေရာမဟုတ်လား?
"မင်းဘာလုပ်ချင်လို့လဲ?"
“ဒီကောင်မလေးကို ငါလိုချင်တယ်။ သွားကြရအောင်။" ဟန်ရှောင်းသည် ဆိုင်ဘာလော့စ်ကို တွန်းရင်း ဗဟိုကွန်ပြူတာခန်းမှ ထွက်လာသည်။
ဆိုင်ဘာလော့စ်အံ့အားသင့်သွားသည်။ ဟန်ရှောင်းက သတင်းအချက်အလက်များကို ဘာကြောင့် လိုချင်တာလဲဆိုတာကို သူနားလည်နိုင်သော်လည်း အော်ရိုရာကတော့ အဖွဲ့အစည်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပင်။ ဟန်ရှောင်းသည် သူယခုရရှိသည့် သတင်းအချက်အလက်များ အသေးစိတ်ကို မလေ့လာထားသောကြောင့်၊ သူသည် အရင်ထဲက အလုံးစုံသိနေပုံရသည်။
ဟန်ရှောင်းက သူ့ကို ဓားစာခံအဖြစ် ရွေးချယ်ခဲ့တာက သူ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ သိလို့များလား။
ဆိုင်ဘာလော့စ်က သူ့ကျောရိုးထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
လုံးလုံးလျားလျား ဖော်ထုတ်ခံရသည့် ခံစားချက်မှာ သူ့အရိုးများထဲသို့ နက်နက်နဲနဲ စိမ့်ဝင်သွားပြီး သူ့စိတ်ကို ဝါးမျိုသွားသည့် အကြောက်တရားတစ်ခု ဖြစ်စေသည်။
…
ဆိုင်ဘာလော့စ်သည် အလွန်ကောင်းမွန်သော အကာအကွယ်ဖြစ်သည်။ ဧရိယာ A-4 ကို ဘာပြဿနာမှ မရှိဘဲ ရောက်လာ၏။ ထောင့်ချိုးများစွာနှင့် စင်္ကြံများကို ဖြတ်ကျော်သွားပြီးနောက် နောက်ဆုံးတွင် အော်ရိုရာအကျဉ်းထောင်ရှိရာ ဥမင်လိုဏ်ခေါင်းဆီသို့ ရောက်သွားသည်။ ကာကွယ်ရေးအစီအမံများကို ပိတ်ထားပြီးဖြစ်သည်။
နှစ်ယောက်သား တံခါးဝကို ရောက်သွားသောအခါ အစောင့်များက တား၏။
“တံခါးဖွင့်ပါ” ဆိုင်ဘာလော့စ်သည် တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားနေသည်။
“ဆိုက်ဘာလော့စ်၊ ကျွန်တော် ခွင့်ပြုချက် တစ်စုံတစ်ရာ မရထားဘူး” အစောင့်များက ဇဝေဇဝါနှင့် ပြောသည်။
"ပုံမှန်အတိုင်း သွေးထုတ်ဖို့ပဲ။"
“ဒါပေမယ့် တစ်ယောက်ယောက်က သွေးထုတ်နေပြီ…” အစောင့်တွေက မဝံ့မရဲနဲ့ ပြောလိုက်သည်။ သို့သော်၊ သူတို့က ဆိုင်ဘာလော့စ် စိတ်မရှည်တော့သည်ကို မြင်သောအခါ တံခါးကို ဖွင့်ပေးလိုက်ကြသည်။
အခန်းထဲကို လျှောက်သွားတော့ ဟန်ရှောင်း အော်ရိုရာကို တွေ့လိုက်ရသည်။ သူမသည် ပိန်ပိန်ပါးပါးနှင့် သေးသေးလေးဖြစ်သည်။ သူမ၏ အသားအရေသည် နေရောင်အောက်တွင် နှစ်အတော်ကြာအောင် မနေခဲ့ရဘဲ ဖြူဖျော့နေ၏။ သူမကို တိရစ္ဆာန်ရုံရှိ တိရိစ္ဆာန်ကဲ့သို့ မှန်နံရံများဖြင့် အခန်းထဲတွင် သော့ခတ်ထားသည်။
ကလေးမလေးက ထောင့်တစ်ထောင့်တွင် ဒူးကိုပွေ့ဖက်ရင်း ကျုံ့ကျုံ့လေးထိုင်နေသည်။ သူမသည် အင်္ကျီဖြူဝတ်ထားသည့် အပြင်ဘက်ရှိ လူများကို ကြောက်လန့်တကြား ကြည့်နေ၏။ ထိုလူများက ကိရိယာတွေ အပြည့်ပါသော တွန်းလှည်းလေးကို တွန်းလာပြီး သွေးထုတ်ရန် ပြင်ဆင်နေကြသည်။
အော်ရိုရာသည် သွေးထုတ်ခံရသည့် ဝေဒနာကို ပြတ်ပြတ်ထင်ထင် မှတ်မိနေပြီး ယနေ့တွင် ထပ်ဖြစ်တော့မည်ဖြစ်သည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စောင့်ဆိုင်းခြင်းသည် ထာဝရတည်မြဲနိုင်မည်ဟု မျှော်လင့်မိသည်။ သို့သော်၊ ထိုလူများသည် သိပ်မကြာခင် အခန်းထဲသို့ ဝင်လာပြီး သူမ၏ သွေးကြောများနှင့် အရိုးများထဲသို့ အပ်တစ်ချောင်းထည့်လိမ့်မည်။ သူမ၏ အသက်စွမ်းအားသည် အနီရောင်မြစ်ရေအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်ကို ဖန်ပြွန်ထဲတွင် ထားခဲ့လိမ့်မည်ကို သူမသိနေသည်။
အော်ရိုရာသည် သူ့အစ်မက သူမကို ဒီကံကြမ္မာကနေ ကယ်တင်မယ်လို့ စိတ်ကူးယဉ်ထားသော်လည်း ထိုအရာက အလွန်များလွန်းသော တောင်းဆိုမှုမှန်း သူမသိနေသည်။ သူ့ကို ကယ်တင်ရုံဖြင့် သူ့အစ်မကို အန္တရာယ်မဖြစ်စေလိုသောကြောင့်၊ သူမလုပ်နိုင်သမျှမှာ ဟီလာ၏ရှေ့တွင် ပျော်ရွှင်ပြီး အကောင်းမြင်စိတ်ဖြင့်သာ နေလိုက်သည်။ သို့မှသာ ဟီလာသည် ဆိုးဝါးသည်ဟု မခံစားရဘဲ စိတ်ဖိစီးမှု လျော့နည်းလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် တံခါးနောက်တစ်ကြိမ် ပွင့်သွားသည်ကို မြင်လိုက်ရသည်။ လူနှစ်ယောက် ဝင်လာ၏။ ထို့နောက် အဖြူရောင်အလင်းကို ဖျတ်ခနဲ မြင်လိုက်ရပြီး အင်္ကျီဖြူဝတ်ထားသူများနှင့် အစောင့်အကြပ်များသည် သွေးများထွက်ကျလာကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
အော်ရိုရာသည် ဇဝေဇဝါဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ သူမနှင့် လွတ်လပ်မှုကြားတွင် ရပ်တည်နေသော မှန်နံရံသည် အလွယ်တကူ ပွင့်သွားပြီး၊ သူမက တွေတွေကြီး စိုက်ကြည့်နေသည်။
ရက်စက်ကြမ်းကြုတ်ပုံပေါက်သည့် ထူးဆန်းသော ဦးလေးတစ်ယောက် ဝင်လာပြီး သူမဆီသို့ လှမ်းလာသည်။
"ငါ မင်းကို လာကယ်တာ၊ ငါ့နောက် လိုက်ခဲ့"
အော်ရိုရာသည် နေရာတွင် မှင်သက်နေ၏။ သူမသည် ဤအခိုက်အတန့်ကို စိတ်ကူးယဉ်ပြီး အိပ်မက်မက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် လွတ်လပ်မှုရရှိလာသောအခါတွင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။