ပိုင်ချူးမင်
Vol. 40 Ch. 545
ယေဘုယျအားဖြင့် ဆိုရင်တော့ ကျင့်ကြံသူတွေဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉ကို ရောက်သွားခဲ့ပြီး သူတို့ရဲ့ အထူး အရိုးတည်ဆောက်ပုံ အဆစ် ၆ဆစ်အထိ နားလည်နိုင်ရင် မဟာ ဆရာသခင် တစ်ပါးရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်နိုင်ကြပါတယ် ။
ကျင့်ကြံသူတွေ အတွက်တော့ တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၉ကို ရောက်အောင် ကျင့်ကြံဖို့ ဆိုတာက သိပ်ပြီး မခဲယဉ်းလှတဲ့ အရာပါပဲ ။ ဒါပေမဲ့ အထူး အရိုးတည်ဆောက်ပုံမှာ ရှိတဲ့ အင်းကွက်တွေကို အဆစ်၆ဆစ်အထိ နားလည်နိုင်ဖို့ ဆိုတာကြီးကတော့ ခဲယဉ်းလွန်းလှပါတယ် ။
အရိုးတည်ဆောက်ပုံ အင်းကွက်ကို နားလည်သဘောပေါက်အောင် လုပ်ရတယ် ဆိုတာက ချီအတွင်းအား ကျင့်စဉ်တွေကို နားလည်သဘောပေါက်အောင် ကျင့်ကြံရတာနဲ့ လုံးဝ မတူပါဘူး ။
ချီအတွင်းအား ကျင့်စဉ်ရဲ့ အဆင့်တစ်ခုကို နားလည်သဘောပေါက်အောင် ကျင့်ကြံရတယ် ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရ နိူင်ပေမယ့် တစ်ချိန်ချိန်မှာတော့ သေချာပေါက် အဆင့်တက်နိုင်မှာ ဖြစ်ပါတယ် ။
ဒါပေမဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို နားလည်သဘောပေါက်အောင် ကြိုးစားရတာက နောက်ပိုင်း အဆင့် ရောက်လေလေ ပိုပြီး ခက်ခဲလေလေပါပဲ ။ ယေဘုယျအားဖြင့် ဆိုရင်တော့ ခြောက်ဆစ်မြောက် အဆစ်ဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ရဲ့ ကန့်သတ်ချက်ပဲ ဖြစ်ပါတယ် ။ ခြောက်ဆစ်မြောက်ထက် ပိုပြီး နားလည် သဘောပေါက်ချင်တယ် ဆိုရင်တော့ အဲသည်သူဟာ မူလပင်လယ်နယ်ပယ်ကို ရောက်နေရပါမယ် ။
အရိုးတည်ဆောက်ပုံ အင်းကွက်ကို နားလည် သဘောပေါက်အောင် ကြိုးစားတဲ့ နေရာမှာ အခြား ပြသနာ တစ်ခု ရှိနေပါသေးတယ် ။ အဲဒါကတော့ နိုးထနိုင်တဲ့ နတ်ဘုရားစွမ်းရည်ရဲ့ အစွမ်းထက်မြက်မှုပါပဲ ။
အားနည်းတဲ့ နတ်ဘုရား စွမ်းရည်တွေကိုသာ နိုးထနိုင်ခဲ့တဲ့ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက် အဆစ်ခြောက်ဆစ်အထိ နားလည်သဘောပေါက်ခဲ့ရင်တောင်မှ မဟာ ဆရာသခင် အဆင့် ရောက်မှာ မဟုတ်ပါဘူး ။
အင်မတန် အစွမ်းထက်တဲ့ နတ်ဘုရား စွမ်းရည်တွေကို နိုးထနိုင်ခဲ့တဲ့ ကျင့်ကြံသူ တချို့ကတော့ အရိုးတည်ဆောက်ပုံ အင်းကွက် အဆစ်ခြောက်ဆစ်အထိ နားလည်သဘောပေါက်ခြင်း မရှိသေးရင်လည်း မဟာ ဆရာသခင် အဆင့်ကို ရောက်နိုင်ပါတယ် ။
အရိုးတည်ဆောက်ပုံတွေ ထဲမှာတောင်မှ ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ နဲ့ အထူး အရိုးတည်ဆောက်ပုံက ကွာခြားသေးတယ်လို့ ဆိုရပါမယ် ။
ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ အဆစ်ငါးဆစ်ကို နားလည် သဘောပေါက်တာက အထူး အရိုးတည်ဆောက်ပုံ အဆစ်ခြောက်ဆစ်ကို နားလည် သဘောပေါက်တာနဲ့ ညီမျှပါတယ် ။
ဥပမာ ပြရမယ် ဆိုရင်တော့ သက်တံနီဂိုဏ်းရဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့် သုံးယောက်ကို ဥပမာ ပြရမှာ ဖြစ်ပါတယ် ။ သက်တံနီဂိုဏ်းရဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့် သုံးယောက်စလုံးဟာ ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ် ။လီဖူချန်း သိထားသလောက် ဆိုရင်တော့ သူတို့ဟာ သူတို့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို အဆစ်ငါးဆစ် အထိသာ နားလည်သဘောပေါက်နိုင်စွမ်း ရှိသေးတာပါ ။ ဒါပေမဲ့လည်း သူတို့ဟာ မဟာဆရာသခင် အဆင့်ကို ရောက်နေကြပါပြီ ။ အဲဒါက နိုးထနိုင်တဲ့ နတ်ဘုရား စွမ်းရည် အစွမ်းထက်မြက်မှု ကွာဟချက်ကြောင့်ပါပဲ ။
လီဖူချန်းရဲ့ မီးလျှံနှလုံးသား နတ်ဘုရား စွမ်းရည်က အားနည်းတဲ့ နတ်ဘုရား စွမ်းရည်ထဲမှာ မပါပါဘူး ။ပြီးတော့ သူဟာ သူ့ အရိုးတည်ဆောက်ပုံ အင်းကွက်ရဲ့ အဆစ် ၅.၈ဆစ်ကိုတောင် နားလည်ပြီးခဲ့ပါပြီ ။ တကယ်လို့သာ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်က တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့် ၇ ဒါမှမဟုတ် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့် ၈ အထိ ရောက်သွားခဲ့မယ်ဆိုရင် သူဟာလည်း မဟာ ဆရာသခင် တစ်ယောက်ရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်လောက်ပါတယ် ။
ပြီးတော့ သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကလည်း အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အဆင့် ၃၃ကို ရောက်နေခဲ့ပြီ မဟုတ်ပါလား ။
" ဘယ်လိုပဲဖြစ်ဖြစ် ။ ငါ့အနေနဲ့ မီးလျှံအရိုးတည်ဆောက်ပုံ အင်းကွက် အဆစ် ခြောက်ဆစ်အထိ နားလည်အောင် အရင် ကြိုးစားရမယ် "
လီဖူချန်းက တခြား လုပ်စရာ ထွေထွေထူးထူး မရှိသေးတဲ့အတွက် သူ့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက် နားလည်မှု အပေါ်မှာသာ အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
သူ့အနေနဲ့ မီးလျှံ အရိုးတည်ဆောက်ပုံ အင်းကွက်ကို အဆစ်ခြောက်ဆစ်အထိ နားလည် သဘောပေါက်နိုင်ရင် ပြောင်းလဲမှု အများကြီး ဖြစ်သွားနိုင်တာ မဟုတ်ပါလား ။ ကံလေးများ နည်းနည်း ကောင်းခဲ့မယ်ဆိုရင် သူက မဟာဆရာသခင်တွေရဲ့ အစွမ်းနဲ့ သိပ်ပြီးကွာဟမှု မရှိတဲ့ အစွမ်းမျိုးကိုတောင် ပိုင်ဆိုင်နိုင်လောက်ပါတယ် ။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ရှိနေတဲ့ နားလည်သဘောပေါက်ခြင်း တာအို ဥပဒေသတွေကြောင့် လီဖူချန်းဟာ မီးလျှံ အရိုးတည်ဆောက်ပုံ အင်းကွက်ကို လေ့လာရာမှာ ပိုပြီး လွယ်ကူစွာ သဘောပေါက်လာခဲ့ပါတယ် ။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ နဂိုကတည်းကမှ ကောင်းကင်ဘုံကို တော်လှန်နိုင်လောက်တဲ့အထိ ထက်မြက်နေတာပါ ။ အခုတော့ ကျားကို တောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားတဲ့အတွက် သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းဟာ နှစ်ဆအထိ မြှင့်တက်သွားပါတော့တယ် ။
အဆစ် ၅.၈ဆစ် …… အဆစ် ၅.၉ဆစ် ……
အချိန်တွေ ကုန်တာကလည်း လျင်မြန်လွန်းလှပါတယ် ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းတစ်ယောက် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို ရောက်လာတာ အချိန် လေးလတင်းတင်း ပြည့်သွားခဲ့ပါပြီ ။
သည်လေးလ အတွင်းမှာတော့ လီဖူချန်းဟာ သူ့ရဲ့ အချိန်တွေ အားလုံး နီးပါးကို တံခါးပိတ် ကျင့်ကြံရာမှာ အသုံးချခဲ့ပါတယ် ။ သူက တစ်ခါတစ်ရံ အပြင်ကို ထွက်ခဲ့တယ် ဆိုရင်တောင်မှပဲ ခရမ်းရောင် မြူနှင်းတောင် တစ်ဝိုက်ထက် ပိုမသွားပါဘူး ။
******-------*****-------******------********
တစ်နေ့မှာတော့ ခရမ်းရောင် မြူနှင်းတောင်ရဲ့ သိုင်းစင်မြင့် ကွင်းပြင်ကနေ ထွက်ပေါ်လာတဲ့ စိတ်လှုပ်ရှားစရာ သတင်းတစ်ခုဟာ တောင်တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ပါတယ် ။
" မြန်မြန် သိုင်းစင်မြင့် ကွင်းပြင်ကို သွားကြဟေ့ ။ ဂိုဏ်းတူအစ်ကို ယွန်လုံက ဂိုဏ်းတူအစ်ကို ပိုင်ချုးမင်ကို စိမ်ခေါ်လိုက်ပြီတဲ့ "
" ဟေ…… ဟုတ်ရဲ့လားဟ ။ ဂိုဏ်းတူအစ်ကို ယွန်လုံက ဂိုဏ်းတူအစ်ကို ပိုင်ချူးမင်ကို ဘာဖြစ်လို့ စိမ်ခေါ်တာတဲ့လဲ "
" အဲဒါတော့ ငါလည်း မသိဘူးဟေ့ ။ သိချင်ရင် သိုင်းပြိုင်ကွင်းကို ကိုယ်တိုင် သွားကြည့် ။ ငါလည်း အခုမှ သတင်း ကြားလာတာ "
ယွန်လုံက ပိုင်ချူးမင်ကို စိမ်ခေါ်လိုက်တဲ့ သတင်းဟာ တည်ငြိမ်နေတဲ့ ခရမ်းရောင် မြူနှင်းတောင် တစ်ခုလုံးကို သက်ဝင်လှုပ်ရှား သွားစေခဲ့ပါပြီ ။
အခု တောင်ပေါ်မှာ ရှိနေတဲ့ သက်တံနီဂိုဏ်းသားတွေဟာ လွန်ခဲ့တဲ့ လေးလကလို မနည်းတော့ပါဘူး ။ လက်ရှိ တောင်ပေါ်မှာ ရောက်နေတဲ့ သက်တံနီ ဂိုဏ်းစားတွေဟာ တစ်ဒါဇင်ကျော်လောက် ရှိပါတယ် ။
အချိန် တစ်ခဏ အတွင်းမှာပဲ တစ်ဒါဇင်ကျော်တဲ့ သက်တံနီဂိုဏ်းသားတွေဟာ သိုင်းပြိုင်ကွင်းကို ရောက်ရှိလာခဲ့ပါပြီ ။ အဲသည် ဂိုဏ်းသားတွေ ထဲမှာတော့ လီဖူချန်း တစ်ယောက်လည်း အပါအဝင်ပါပဲ ။
ဒါက ယွန်လုံ နဲ့ ပိုင်ချူးမင်တို့ရဲ့ တိုက်ပွဲ ဖြစ်ပါတယ် ။ သူ့အနေနဲ့ သည်လို တိုက်ပွဲမျိုးကို ဘယ်လို အကြောင်းနဲ့မှ လက်လွှတ်ခံစရာ အကြောင်း မရှိပါဘူး ။
' ဂိုဏ်းတူအစ်ကို ယွန်လုံက ကြယ်၇ပွင့် အာရဟတ် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး ဂိုဏ်းတူအစ်ကို ပိုင်ချူးမင်က ကြယ်၈ပွင့် စိတ်ဝိညာဉ်မျက်လုံး အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ် ။ အစ်ကို ယွန်လုံအနေနဲ့ သည်တိုက်ပွဲကို နိုင်ဖို့ သိပ်မဖြစ်နိုင်ဘူး ။ဒါပေမဲ့ နိုင်ချင်လည်း နိုင်သွားမှာပဲ '
လီဖူချန်းက စိတ်ထဲကနေ တွေးနေမိပါတယ် ။
ယွန်လုံက သက်တံနီဂိုဏ်းရဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့် သုံးယောက်ထဲက တစ်ယောက် ဖြစ်ပြီး ပိုင်ချုးမင်ကတော့ ဧကရာဇ် အဆင့် တပည့် နှစ်ယောက်ထဲက တစ်ယောက် ဖြစ်ပါတယ် ။
အဆင့်အတန်းချင်းပဲ ယှဉ်ယှဉ် ဒါမှမဟုတ် အစွမ်းချင်းချင်း ယှဉ်ယှဉ်ပါလေ ။ ဘယ်ဘက်က ယှဉ်ယှဉ် ပိုင်ချူးမင်က အသာကြီးပါပဲ ။
ဒါပေမဲ့လည်း သည်ကမ္ဘာပေါ်မှာက တစ်ခါတစ်ရံမှာ မယုံနိုင်စရာ ကောင်းလှတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လေ့ ရှိပါတယ် ။ အဲသည်အတွက် လီဖူချန်း အနေနဲ့ ယွန်လုံ ရှုံးမယ်လို့ ယတိပြတ် မပြောရဲသေးပါဘူး ။
ယွန်လုံအနေနဲ့ သည်ပွဲမှာ နိုင်၊မနိုင် ဆိုတာကတော့ သူ့လက်ထဲမှာ ဝှက်ဖဲ ဘယ်နှစ်ချပ် ကိုင်ထားသလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
သိုင်းစင်မြင့် ထက်မှာတော့ ယွန်လုံကော ပိုင်ချူးမင်ပါ ရောက်နှင့်နေခဲ့ပါပြီ ။
ယွန်လုံရဲ့ အရပ်က ၂.၅မီတာလောက်ကို ရှိပါတယ် ။ သူ့ကို ကြည့်ရတာက လူယောင် ဖန်ဆင်းထားတဲ့ နဂါးတစ်ကောင်ကို ကြည့်နေရသလိုပါပဲ ။
သူနဲ့ ဆန့်ကျင်ဖက် အရပ်မျက်နှာမှာတော့ ပိုင်ချူးမင် ရှိနေပါတယ် ။
ခuန္ဓာကိုယ် အရွယ်အစားချင်း ယှဉ်ကြည့်မယ် ဆိုရင်တော့ ယွန်လုံ နဲ့ ပိုင်ချူးမင်ဟာ ဆင် နဲ့ ဆိတ် ဖြစ်ပါတယ် ။ ယွန်လုံက လက်ဝါးနဲ့ ရိုက်လိုက်ရင်တောင် ပိုင်ချူးမင်ဟာ လွင့်ထွက်သွားလောက်တယ်လို့ ထင်မှတ်စရာပါပဲ ။
ဒါပေမဲ့လည်း အားလုံးရဲ့ အမြင်မှာတော့ ပိုင်ချူးမင်ကသာလျှင် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုလို့ ဆိုရပါမယ် ။ သူတို့အားလုံးဟာ ယွန်လုံအနေနဲ့ ပိုင်ချူးမင်ရဲ့ တိုက်ကွက် အနည်းငယ်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူးလို့ ထင်ကြေး ပေးနေကြပါတယ် ။
သုံးကွက်လား ဒါမှမဟုတ် ဆယ်ကွက်လား ။ ယွန်လုံအနေနဲ့ သိုင်းကွက် ဆယ်ကွက်ထက်တော့ ကျော်ပြီး တောင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး ။
ဒါတောင်မှ ယွန်လုံက မဟာ ဆရာသခင် တစ်ယောက် ဖြစ်တဲ့အတွက် သူတု့ိဟာ မျက်နှာသာ အနည်းငယ် ပေးပြီး တွက်ချက်ထားခဲ့တာ ဖြစ်ပါတယ် ။ တကယ်တမ်း တိုက်ခိုက်ကြတဲ့ အခါမှာ ဆိုရင်တော့ ယွန်လုံ အနေနဲ့ သိုင်းကွက် တစ်ကွက်တည်းနဲ့တောင် ရှုံးရင် ရှုံးသွားလောက်မှာပါ ။
" ငါက …… မင်းကို စိမ်ခေါ်ဖို့ အခွင့်အရေး ပေးမယ်လို့ သိပ်မကြာခင်ကပဲ ပြောခဲ့တာ ။ မင်းက အဲသည် အခွင့်အရေးကို သည်လောက် မြန်မြန် သုံးလိုက်လိမ့်မယ်လို့ ငါလုံးဝ မထင်ခဲ့မိဘူး "
ဆင်စွယ်တမျှ ဖြူဖွေးနေတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ ပိုင်ချူးမင်ရဲ့ အေးစက်စက် အသံက သိုင်းစင်မြင့်ပေါ်မှာ ရှိနေတဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါပြီ ။
ယွန်လုံက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။
" မင်းကို မစိမ်ခေါ်ရင် ငါက မင်းကို အနိုင် တိုက်နိုင်တယ် ဆိုတာကို ဘယ်လို သက်သေပြလို့ ရမှာလဲ "
ဧကရာဇ်အဆင့် တပည့်ဆိုတာက လူတိုင်းကို အပေါ်ကနေ ရွှေ့မရအောင် ဖိနှိပ်ထားတဲ့ တောင်ကြီး တစ်လုံးလိုပါပဲ ။ ယွန်လုံကလည်း ဘယ်သူ့ကိုမှ အရှုံးပေးချင်တဲ့သူ မဟုတ်ပါဘူး ။
သူ့ရဲ့ ပြိုင်ဘက်က ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ဖြစ်လည်း ဘာအရေးလဲ ။ ယွန်လုံက သူ့ရဲ့ ဇွဲ ၊လုံ့လ ၊ ဝီရိယဟာ အားလုံးကို ကျော်ဖြတ်နိုင်တယ်လို့ ယူဆထားသူပါ ။
" ဒါဆိုရင်လည်း ဘာကို စောင့်နေတာလဲ ။မင်းရဲ့ တိုက်ကွက်ကို ထုတ်လိုက်တော့ ။ တကယ်လို့ မင်းက ငါ့ရဲ့ တိုက်ကွက် ဆယ်ကွက်ကို ခံနိုင်ရင် လဝန်းနီ အင်ပိုင်ယာရဲ့ ကြယ်၁ပွင့် ဗိုလ်ချုပ်ဖြစ်ဖို့ ဆိုတာ အလွယ်လေးပဲ "
ပိုင်ချူးမင်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး အေးစက်စက် ဆိုလိုက်ပါတယ် ။ သူ့ကို ကြည့်ရတာက ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်ထားတဲ့ ပုံပါပဲ ။
" အာရဟတ် အစစ်အမှန် ပုံရိပ် "
ယွန်လုံက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ရဲ့ နတ်ဘုရား စွမ်းရည်ဖြစ်တဲ့ အာရဟတ် အစစ်အမှန် ပုံရိပ်ကို အသက်သွင်းလိုက်ပါတော့တယ် ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ယွန်လုံရဲ့ ခန္ဓကိုယ်ဟာ အဆက်မပြတ် ကြီးထွားသွားပြီး မီတာ တစ်ရာအထိ ရောက်သွားခဲ့ပါပြီ ။ သူ့ကို ကြည့်ရတာက နတ်ဘီလူးကြီး တစ်ကောင်လိုပါပဲ ။
ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကနေပြီး အမတ အငွေ့အသက်တွေ ခိုဝင်ကိန်းအောင်းနေတဲ့ ရွှေရောင် အလင်းတန်းတွေ ထုတ်လွှတ်နေပါသေးတယ် ။
အာရဟတ် အစစ်အမှန် ပုံရိပ်ဟာ ခန္ဓာကိုယ် သန့်စင်ခြင်း နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်တဲ့အတွက် အဲဒါက ယွန်လုံရဲ့ ခွန်အားကို အဆမတန် တိုးပွားသွားစေပါတယ် ။ အဲသည်အတွက်ကြောင့် ယခုလက်ရှိ ယွန်လုံဟာ မဟာ ဆရာသခင် အဆင့် မိစ္ဆာတစ်ကောင် ထက်တောင်မှ ပိုပြီး အစွမ်းဖက်နေပြီလို့ ဆိုရပါမယ် ။
" အရင်တုန်းက မင်းရဲ့ အရပ်က မီတာ ရှစ်ဆယ် အထိပဲ မြင့်နိုင်တာလေ ။ အခုတော့ မင်းရဲ့ အရပ်က မီတာ တစ်ရာအထိ ရောက်လာပါလား "
ပိုင်ချုးမင်က မျက်လုံး ပင့်လိုက်မိပါတယ် ။
ယွန်လုံက မိုးခြိမ်းသံတမျှ ကျယ်လောင်သော လေသံကြီးဖြင့်
" အရင်တုန်းက အာရဟတ် အရိုးတည်ဆောက်ပုံ အင်းကွက် အပေါ် ငါ့ရဲ့ နားလည်သဘောပေါက်မှုက အဆစ်ငါးဆစ်အထိ မရောက်သေးဘူးကွ "
" အိုး…… ဒါဆိုရင် အခု မင်းက အဆစ်၅ဆစ်အထိ နားလည် သဘောပေါက်သွားပြီပေါ့ ။ ဒါကြောင့် မင်းက ငါ့ကို စိမ်ခေါ်ရဲတာကိုး "
ပိုင်ချူးမင်ရဲ့ သံသယတွေက ရှင်းသွားခဲ့ပါပြီ ။
ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေက သူတို့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို အဆစ်ငါးဆစ်အထိ နားလည်သဘောပေါက်နိုင်ရင် အလွန်အမင်း အစွမ်းထက်လာလေ့ ရှိပါတယ် ။ ဒါကြောင့်လည်း ယွန်လုံက သူ့ကို လာပြီး စိမ်ခေါ်ရဲတာပဲ ဖြစ်ရပါမယ် ။
" ငါ့ရဲ့ လက်သီးကို မြည်းကြည့်စမ်း "
ယွန်လုံက အချိန် ဖြုန်းမနေတော့ပါဘူး ။ သူက တောင်ပူစာ တစ်လုံးလောက်ရှိတဲ့ သူ့ရဲ့ လက်သီးနဲ့ ပိုင်ချူးမင်ကို ထိုးချလိုက်ပါတော့တယ် ။
သူ့ရဲ့ လက်သီးက ပစ်မှတ်ဆီကို မရောက်မှာပဲ လက်သီးရဲ့ အဟုန်က မိုင်အနည်းငယ် ပတ်လည်မှာ ရှိတဲ့ လေထုကို အေးခဲသွားစေခဲ့ပါတယ် ။ တကယ်လို့သာ သာမန် တိုက်ပွဲဝိညာဉ် ဆရာသခင် တစ်ယောက်ဆိုရင် သည်လက်သီးချက် အဟုန်နဲ့တင် အပိုင်းပိုင်း အစစ ဖြစ်သွားမှာ အသေအချာပါပဲ ။ သူတို့အနေနဲ့ သည်လက်သီးချက် အောက်ကနေ ဘယ်လိုမှ အသက်ရှင်လျက် လွတ်စရာ အကြောင်း မရှိပါဘူး ။
" သည်လက်သီးအားက အစ်ကိုလေ့တုံးဟိုင်နဲ့ အစ်မ ကုချူးယီတို့ရဲ့ တိုက်ခိုက်မှုထက် အများကြီး အစွမ်းထက်တာပဲ "
လီဖူချန်းက လေ့တုံးဟိုင် နဲ့ ကူချူးယီတို့ရဲ့ တိုက်ခိုက်မှုကို အနီးကပ် ကြုံဖူးတဲ့အတွက် သူတို့နဲ့ ယွန်လုံကြားမှာ ရှိတဲ့ ကွာဟမှုကို ကောင်းကောင်းကြီး အကဲခတ်လိုက်နိုင်ပါတယ် ။
" ဟူး…… သည်လက်သီးချက်နဲ့များ ငါ့ကို လာပြီး စိမ်ခေါ်ရတယ်လို့ကွာ "
ပိုင်ချူမင်းအတွက်ကတော့ ယွန်လုံရဲ့ လက်သီးဟာ ဘာမှ အရေးစိုက်စရာ မလိုတဲ့ပုံပါပဲ ။ သူက ခေါင်းကို တသွင်သွင် ခါယမ်းလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ဖြည်းညင်းစွာ ထုတ်လိုက်ပါတယ် ။
လူတွေအားလုံးရဲ့ အမြင်မှာတော့ ပိုင်ချူးယီရဲ့ လက်ဝါးရိုက်ချက်ဟာ ဘာမှ မထူးဆန်းလှပါဘူး ။ အဲဒါက ရိုးရိုး သာမန် လက်ဝါးရိုက်ချက် တစ်ချက်ပါပဲ ။
ဒါပေမဲ့လည်း ယွန်လုံနဲ့ လီဖူချန်းတို့ရဲ့ မျက်လုံးထဲမှာတော့ ပိုင်ချူးမင်ရဲ့ လက်ဝါးရိုက်ချက်ဟာ မယုံနိုင်စရာ ကောင်းတဲ့ အဆင့်ကို ရောက်နေပါပြီ ။
ယွန်လုံရဲ့ အမြင်မှာတော့ ပိုင်ချူးမင်ရဲ့ လက်ဝါးရိုက်ချက်ဟာ ကောင်းကင်တစ်ခုလုံးကိုပါ အုပ်မိုးသွားခဲ့သလိုပါပဲ ။
လီဖူချန်းရဲ့ အမြင်မှာတော့ ပိုင်ချူးမင်ရဲ့ လက်ဝါးရိုက်ချက်ထဲမှာ ပုံရိပ်ယောင် ချီအရှိန်အဝါတွေ ပါဝင်နေပါတယ် ။
" အဲဒါက ပုံရိပ်ယောင် သိုင်းပညာရပ်ပဲ "
လီဖူချန်းရဲ့ မျက်နှာက လေးနက်တည်ကြည် သွားခဲ့ပါပြီ ။
အရှေ့ယူနီကွန်းတိုက်မှာတုန်းက သူဟာ ပုံရိပ်ယောင် သိုင်းပညာသုံးတဲ့ ဂိုဏ်းအချို့ကို သိခဲ့ဖူးပါတယ် ။ အဲသည်အတွက် သူ့ရဲ့ အမြင်ဟာ လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး ။ပိုင်ချူးမင်ဟာ ပုံရိပ်ယောင် သိုင်းပညာကို သုံးနေတာ မြေကြီးလက်ခတ် မလွဲပါပဲ ။
ဒါပေမဲ့လည်း ပိုင်ချူးမင် သုံးနေတဲ့ ပုံရိပ်ယောင် သိုင်းပညာရပ်ကတော့ သူမြင်ဖူးခဲ့တဲ့ ဂိုဏ်းက လူတွေထက် အများကြီး အဆင့်မြင့်ပါတယ် ။
ဘန်း……
သူ့ရဲ့ ရင်ဘတ်ပေါ်မှာ လက်ဝါးရာကြီးတစ်ခု ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာတော့ ယွန်လုံဟာ သိုင်းစင်မြင့်ပေါ်ကနေ လွင့်ထွက်သွားခဲ့ပါပြီ ။
" ဟူး…… ဂိုဏ်းတူအစ်ကို ယွန်လုံ ရှုံးပြီ "
လီဖူချန်းက သက်ပြင်းတစ်ချက် ကျိတ်ပြီး ချလိုက်ပါတယ် ။
ပုံရိပ်ယောင် ပညာရပ်တွေဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကိုတော့ သူ့ထက်ပိုပြီး ဘယ်သူမှ နားလည်မှာ မဟုတ်ပါဘူး ။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ပိုင်ချူးမင်ရဲ့ လက်ဝါးရိုက်ချက်ဟာ ယွန်လုံကို ဒဏ်ရာ ရသွားစေ စရာ အကြောင်း မရှိပါဘူး ။သူ့ရဲ့ လက်ဝါးရိုက်က သာမန် မဟာဆရာသခင် တစ်ယောက်ရဲ့ လက်ဝါးရိုက်ချက်သာသာပါပဲ ။
ဒါပေမဲ့လည်း အဲသည် လက်ဝါးရိုက်ချက်မှာက ပုံရိပ်ယောင် ချီအရှိန်အဝါတွေ ခိုဝင်ကိန်းအောင်းနေပါတယ် ။ အဲသည် ပုံရိပ်ယောင် ချီအရှိန်အဝါတွေက ယွန်လုံကို ဒဏ်ရာ ရသွားပြီလို့ ထင်မှတ်သွားစေတာပါ ။
လူတွေရဲ့ အသိစိတ်က အတော်လေး ထူးဆန်းတယ်လို့ ဆိုရပါမယ် ။ မင်းရဲ့ စိတ်ထဲမှာ ဒဏ်ရာရသွားပြီလို့ ယုံကြည်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး ဒဏ်ရာ ရတော့တာပါပဲ ။
တခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင်တော့ ယွန်လုံဟာ ပိုင်ချူးမင်ရဲ့ လက်ဝါး ရိုက်ချက်ကြောင့် ရှုံးသွားတာ မဟုတ်ပါဘူး ။ သူက သူ့အသိစိတ်ရဲ့ လှည့်စားမှုကြောင့် သူ့ကိုယ်သူ ရှုံးသွားစေခဲ့တာ ဖြစ်ပါတယ် ။
***