← Chapters

နန်ရှန်းမြို့ကြီး

Vol. 41 Ch. 548

နန်ရှန်းမြို့ကြီး

Vol. 41 Ch. 548

အညှာအတာမဲ့ မျောလွင့်မီးလျှံဟာ ကောင်းကင်အဆင့် ဓားကွက် တစ်ကွက်ပါပဲ ။ ဒါကိုတော့ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ သည်ဓားကွက်ထဲမှာဆိုရင် မီးတာအို နဲ့ ဓားတာအို ဥပဒေသတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် ရောယှက်ပြီး ခိုဝင်ကိန်းအောင်း နေပါတယ် ။ တကယ်လို့သာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးပေါ်မှာ မဟုတ်ဘဲ အခြား အဆင့်နိမ့် ကုန်းမြေတိုက် တစ်ခုပေါ်မှာ ဆိုရင် အညှာအတာမဲ့ မျောလွင့်မီးလျှံရဲ့ ဓားဆန္ဒဟာ အချိန်အတော်ကြာ သူ့ဘာသာသူ သီးခြား တည်ရှိနိုင်လောက်ပါတယ် ။  သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ဆိုရင်တော့ သည်ဓားဆန္ဒရဲ့ စက်ကွင်းထဲ ဝင်လာတာနဲ့တင် တန်းပြီး ပြာအဖြစ် လောင်ကျွမ်းပြာကျသွားမှာ အသေအချာပါပဲ ။

သည်မျောလွင့်မီးလျှံ ဓားကွက်နဲ့ ဆိုရင်တော့ လီဖူချန်းရဲ့ တန်ခိုးအစွမ်းဟာ မဟာဆရာသခင် အဆင့်ကို သေချာပေါက် ရောက်သွားပါပြီ ။ယခုလက်ရှိ လီဖူချန်းကို  ရိုးရိုး သာမန် မဟာဆရာသခင်လို့တောင် သတ်မှတ်လို့ မရပါဘူး ။ သူက လေ့တုံးဟိုင် ၊ ကုချူးယီ နဲ့ ယွန်လုံတို့လို တိုက်ရိုက်တပည့်တွေကိုတောင် ထိပ်တိုက်ရင်ဆိုင်ဖို့ အစွမ်းရှိနေပြီ ဖြစ်ပါတယ် ။

" အင်း…… ငါက သည် ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးကို ရောက်နေတာ နှစ်ဝက်ကျော် ကြာခဲ့ပြီ ။ ဒါပေမဲ့ ငါ့အနေနဲ့ ခရမ်းရောင် မြူနှင်းတောင် တစ်ဝိုက်ကနေ ဘယ်ကိုမှ မသွားဖူးဘူး ။ အခုအချိန်က အပြင်ဘက်ကို ထွက်ပြီး လေ့လာရမယ့် အချိန်ပဲ "

လီဖူချန်းက နှစ်ဝက်ကျော် ကျင့်ကြံပြီးပြီ ဖြစ်တဲ့အတွက် ဆက်ပြီး တံခါးပိတ် ကျင့်ကြံနေဖို့ စိတ်ကူး မရှိတော့ပါဘူး ။ သူက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ အပြင်လောကကို စူးစမ်းချင်နေပြီ ဖြစ်ပါတယ် ။

………

နန်ရှန်းမြို့ကြီး……

သည်မြို့ကြီးဟာ နန်အန်း စီရင်စုထဲမှာ တည်ရှိတဲ့ အဓိက မြို့ကြီး ဆယ်မြို့ထဲမှာ တစ်မြို့အပါအဝင် ဖြစ်ပါတယ် ။ သည်မြို့ကြီးဟာ ကျော်ကြားလှတဲ့ နန်ရှန်းတောင်ကို အမှီပြုပြီး နန်ရှန်းမြို့လို့ အမည်တွင်နေတာ ဆိုရင်လည်း မမှားပါဘူး ။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးဟာ လူဦးရေ အတော်လေး ထူထပ်တဲ့ ကုန်းမြေတိုက်ကြီး တစ်ခုပါပဲ ။ အဲသည်အတွက် သည်နန်ရှန်းမြို့ကြီး တစ်ခုထဲမှာတောင်မှ မှီတင်းအခြေချ နေထိုင်သူ အရေအတွက်ဟာ သန်းဆယ်နဲ့ချီပြီး ရှိပါတယ် ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ နန်အန်း စီရင်စုထဲမှာ နန်ရှန်းမြို့ကြီးလို မြို့ကြီး ၊ပြကြီး မဟုတ်တဲ့ မြို့ငယ်လေးတွေ ရာနဲ့ချီပြီး ရှိနေသေးတယ် ဆိုတာပါပဲ ။

နန်အန်းမြို့ကြီးကို အရောက်မှာတော့ လီဖူချန်းဟာ စည်ကားသိုက်မြိုက်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာကို ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ ။

နန်အန်းမြို့ကြီးဟာ မိုင်တစ်ထောင်ကျော် ရှည်လျားပြီး မြို့ထဲက လမ်းတွေဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ကျယ်ပြောလွန်းလှပါတယ် ။အဲသည် လမ်းတွေဟာဆိုရင် ဒါဇင်နဲ့ချီတဲ့ လှည်းတွေ ဘေးချင်းယှဉ်ပြီး သွားလို့ ရတဲ့အထိပါပဲ ။လမ်းရဲ့ တစ်ဖက်တစ်ချက်မှာဆိုရင်လည်း ဈေးဆိုင်တွေဟာ အပြိုင်အဆိုင် တည်ရှိနေပြီး အဲသည်ဈေးဆိုင်တွေဟာ ရေတွက်လို့ကို မကုန်ပါဘူး ။တချို့ဈေးဆိုင်တွေဆိုရင် သေသေသပ်သပ် ၊ ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး အထပ် ၇ထပ် ၊ ၈ထပ်လောက်ကို ရှိပါတယ် ။ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် အဲဒါတွေက ဈေးဆိုင်တွေ မဟုတ်ဘဲ နန်းတော်တွေ အလားပါပဲ ။

သည်စည်ကားသိုက်မြိုက်နေတဲ့ လမ်းမတွေထဲက တစ်ခုကတင် အရှေ့ယူနီကွန်း ကုန်းမြေတိုက်ရဲ့ မြို့ကြီးတစ်မြို့နဲ့ ယှဉ်လို့ ရနေပါပြီ ။

" နင့်မေကလွှားတဲ့မှပဲ  ။ များလိုက်တဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေပါလား "

သည်နန်ရှန်းမြို့ကြီးရဲ့ စည်ကားသိုက်မြိုက်မှုက လီဖူချန်းကို အံ့သြဖို့အတွက် မလုံလောက်ခဲ့ပါဘူး ။ ဒါပေမဲ့ သည်မြို့ထဲမှာ ရှိနေတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို မြင်အတွေ့မှာတော့ လီဖူချန်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ ။

တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဟာ လမ်းမတွေထက်မှာ ၊ လက်ဖက်ရည်ကြမ်း ဆိုင်တွေထဲမှာ ၊ စားသောက်ဆိုင်တွေထဲမှာ အပြည့်ပါပဲ ။ လီဖူချန်းက မြင်တွေ့နေရသမျှ နေရာတွေတိုင်းမှာ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဟာ ရှိနေတာပါ ။

လီဖူချန်းက သည်နန်ရှန်းမြို့ထဲမှာ ရှိနေတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အရေအတွက်ဟာ မြေစေးနီ ကုန်းမြေတိုက်မှာ ရှိတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အရေအတွက်နဲ့ အတူတူလောက်ပဲ ဖြစ်ရမယ်လို့တောင် ကောက်ချက် ချလိုက်မိပါတယ် ။

ဒါပေမဲ့လည်း သေသေချာချာ စဉ်းစားလိုက်ရင်တော့ ဒါက ဖြစ်သင့်တဲ့ အရာတစ်ခုပါပဲ ။ သိပ်ပြီးတော့လည်း ထူးဆန်းလှတာတော့ မဟုတ်ပါဘူး ။ ကုန်းမြေတိုက်ကြီး တစ်ခုရဲ့ အဆင့်အတန်းက မြင့်လေလေ ၊ အဲသည်ကုန်းမြေတိုက်မှာရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေ နဲ့ ဥပဒေသတွေက ပိုပြီး သိပ်သည်းလေလေ မဟုတ်ပါလား ။  အဲဒါက ပင်ကိုအားဖြင့် အရည်အသွေး မြင့်မားတဲ့ အရိုးတည်ဆောက်ပုံတွေကို ဖြစ်တည်စေပါတယ် ။

ဥပမာအားဖြင့် ပြရမယ် ဆိုရင်တော့ အရှေ့ယူနီကွန်း ကုန်းမြေတိုက် ၊ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်တို့ကို ဥပမာ ပြရမှာပါပဲ ။ အရှေ့ယူနီကွန်းတိုက်မှာ ရှိတဲ့ လူအများစုရဲ့ အရိုးတည်ဆောက်ပုံဟာ သာမန် အရိုးတည်ဆောက်ပုံထက် မပိုပါဘူး ။

ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာတော့ လူအများစုဟာ ကြယ်၁ပွင့် ဒါမှမဟုတ် ကြယ်၂ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ကြပါတယ် ။ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာတော့ သာမန် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်တဲ့သူတွေဟာ အတော်လေး ရှားလှတယ်လို့ ဆိုရပါမယ် ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာတော့ အဲသည်လို မဟုတ်ပါဘူး ။သည်ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ လူအများစုဟာ ကြယ်၂ပွင့် ဒါမှမဟုတ် ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ ။ပြီးတော့ ကြယ်၄ပွင့် ၊ကြယ်၅ပွင့် နဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကလည်း တော်တော်လေး များလှတယ်လို့ ဆိုရပါမယ် ။ သိပ်သည်းလှတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင် နဲ့ ဥပဒေသ ၊ အဆင့်မြင့် ချီအတွင်းအားကျင့်စဉ်တို့ကို ထည့်ပေါင်းလိုက်တဲ့အခါမှာတော့ သည်ကုန်းမြေတိုက်ကြီးမှာရှိတဲ့ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှပဲ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် ဖြစ်ဖို့အတွက် အခွင့်အလမ်း များသွားခဲ့ပါပြီ ။

" ကုန်းမြေတိုက်တွေကြားက ကွာဟမှုက အရမ်းကြီးမားလွန်းတာပဲ "

လီဖူချန်းကို ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပါတယ်။

နန်ရှန်းမြို့ကြီးဟာ မိုင်ပေါင်းတစ်ထောင်ကျော် ရှည်လျားတဲ့အပြင် ပျံသန်းခွင့်ကို ပိတ်ပင်ထားတဲ့  ဝင်္ကပါ အစီအရင်တွေ ခင်းကျင်းထားတဲ့အတွက် လီဖူချန်းရဲ့ သွားနှုန်းဟာ မြန်သင့်သလောက် မမြန်ခဲ့ပါဘူး ။ အဲသည်အတွက် သူဟာ နေ့တစ်ဝက်လောက် လမ်းလျှောက်နေတာတောင်မှ နန်ရှန်းမြို့ရဲ့ ထောင့်တစ်နေရာကိုပဲ ရောက်ခဲ့ပါတယ် ။

လီဖူချန်းတစ်ယောက် နန်ရှန်းမြို့ရဲ့ ထောင့်တစ်နေရာကို အရောက်မှာတော့ ……

" ယား……ယား……"

" ဖယ်ကြစမ်းဟေ့ "

ကျယ်ပြောလှတဲ့ လမ်းမကြီးထက်မှာ လေအလျင်နဲ့ ဝိညာဉ်သားရဲတွေကို စီးနင်းလာသူ တစ်အုပ် ပေါ်လာခဲ့ပါတယ် ။သူတို့တွေက လမ်းသွား၊လမ်းလာတွေကို လုံးဝ ဂရုစိုက်ပုံ မရပါဘူး ။

ဝုန်း……ဝေါ……

" အား "

" အမယ်လေး "

" သေပါပြီဟ "

လူတော်တော်များများဟာ အဲသည်ဝိညာဉ်သားရဲ စီးနင်းသူ တစ်အုပ်ကြောင့် လွင့်ထွက်တဲ့သူကထွက် ၊ သွေးအန်တဲ့သူကအန် ဖြစ်ကုန်ကြပါတယ် ။

ကံကောင်းတာ တစ်ခုကတော့ သည်နေရာမှာ ရှိနေတဲ့ လမ်းသွား၊လမ်းလာတွေ အကုန်လုံးဟာ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် ဒါမှမဟုတ် မြေကမ္ဘာနယ်ပယ်ကို ရောက်နေကြတာပါပဲ ။ မဟုတ်လို့ကတော့ သူတို့တွေဟာ ဝိညာဉ်သားရဲ စီးနင်းသူတွေကြောင့် သေနေလောက်ပါပြီ ။

သည်ဝိညာဉ်သားရဲ စီးနင်းသူတွေ အကုန်လုံးကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေပါပဲ ။ သည်လူအုပ်ကို ဦးဆောင်လာသူကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းကို ရောက်နေခဲ့ပါပြီ ။ သူတို့အားလုံးဟာ မြင်းတွေကို စီးနင်းထားတာ မဟုတ်ဘဲ ဆိတ်ချို နဲ့ ထူးဆန်းလှတဲ့ တောင်ပံတွေပါတဲ့ ဝိညာဉ်သားရဲတွေကို စီးနင်းထားတာ ဖြစ်ပါတယ် ။

သည်ဝိညာဉ်သားရဲတွေကတော့ နန်ရှန်းမြို့မှာ အတော်လေး ကျော်ကြားလှတဲ့ ဝိညာဉ်သားရဲတွေပါပဲ ။ သူတို့ကိုတော့ လူတွေက လေအလျင် ဝိညာဉ်သားရဲတွေလို့ ခေါ်ကြပါတယ် ။ လေအလျင် ဝိညာဉ်သားရဲတွေဟာ အဆင့်၅ ဝိညာဉ်သားရဲတွေ ဆိုရင်လည်း မမှားပါဘူး ။ သူတို့တွေက ပြေးနှုန်းကို အစွမ်းကုန် မြှင့်တင်လိုက်တဲ့ အခါမှာဆိုရင် အဆင့်၆ အဆင့်နိမ့် မိစ္ဆာသားရဲတွေရဲ့ ပြေးနှုန်းကိုတောင် ယှဉ်နိုင်ပါတယ် ။ ဒါပေမဲ့လည်း သည်ဝိညာဉ်သားရဲတွေကို နန်ရှန်းမြို့စား စံအိမ်ကသာ မွေးမြူ အသုံးပြုလေ့ ရှိတာကြောင့် အပြင်လူတွေအနေနဲ့ ဝယ်ယူစီးနင်းနိုင်ဖို့ မလွယ်ကူလှပါဘူး ။

" အခုလာနေတာ မြို့စားစံအိမ်က တတိယ သခင်မလေးပဲ ။ မြန်မြန် …… သူ့ကို လမ်းဖယ်ပေးကြရအောင် "

့မြို့သူမြို့သားတွေကတော့ သည်ဝိညာဉ်သားရဲ စီးနင်းသူ အုပ်စုရဲ့ ဇစ်မြစ်ကို ကောင်းကောင်းကြီး သိရှိနေကြပုံပါပဲ ။ သူတို့က အလျင်အမြန်ပဲ လမ်းဘေးကို ကပ်ပေးလိုက်ပြီး ဝိညာဉ်သားရဲ့ စီးနင်းသူ အုပ်စုအတွက် လမ်းတစ်လမ်း လုပ်ပေးလိုက်ကြပါတယ် ။

" မြို့စားစံအိမ်ရဲ့ တတိယ သခင်မလေးတောင်မှ သည်လောက်အထိ အရှိန်အဝါ ကြီးနေတာလား ''

လမ်းဘေးမှာ ရှိနေတဲ့ လူအုပ်ထဲမှာတော့ လီဖူချန်းလည်း အပါအဝင်ပါပဲ ။ အဲသည်အတွက် သူက ဖြတ်သွားတဲ့ ဝိညာဉ်သားရဲ စီးနင်းသူ အုပ်စုရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ အဝါရောင်တောက်တောက် ဝတ်စုံဝတ် မိန်းမပျိုလေးကို သေသေချာချာကြီး မြင်လိုက်ရပါတယ် ။ အဲသည်  မာန တစ်ခွဲသားနဲ့ အဝါရောင် ဝတ်စုံဝတ် မိန်းမပျိုဟာ မြို့စားစံအိမ်ရဲ့ တတိယ သခင်မလေးကလွဲပြီး တခြားသူ ဖြစ်စရာ အကြောင်း မရှိပါဘူး ။

့မြို့စားစံအိမ်ရဲ့ တတိယ သခင်မလေး ……

သည်ရာထူး အရှိန်အဝါကတင် အတော်လေး ကြီးမြတ်နေပါပြီ ။

လဝန်းနီ အင်ပိုင်ယာမှာရှိတဲ့ မြို့ကြီးတိုင်းရဲ့ မြို့စားတွေဟာ ရန်စလို့  မရတဲ့ တည်ရှိမှုတွေပါပဲ ။ သာမန် ဘုရင်အဆင့် ဂိုဏ်းတွေကို မဆိုထားပါနဲ့ဦး ။ အကြိုဧကရာဇ်တွေ ရှိတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေတောင်မှ မြို့စားစံအိမ်တော်တွေကို ရန်မစရဲပါဘူး ။

နန်ရှန်းမြို့စားစံအိမ်ဟာ နန်ရှန်းမြို့မှာ အားအကြီးဆုံး အင်အားစုလို့တောင် ပြောနိုင်ပါတယ် ။ အဲသည်အတွက် နန်ရှန်းစံအိမ်ရဲ့ တတိယ သခင်မလေး အခုလို နိုင်ထင်စီးနင်း လုပ်နေတာကို ဘယ်သူမှ ပြန်ပြောရဲစရာ အကြောင်း မရှိပါဘူး ။

နေ့လည်ခင်း အချိန်ကို အရောက်မှာတော့ လီဖူချန်းဟာ အထပ် ၁၈ထပ် ရှိတဲ့ စားသောက်ဆိုင် တစ်ခုကို ရောက်ရှိလာခဲ့ပါပြီ ။

သည်စားသောက်ဆိုင်ရဲ့ အမည်ကိုတော့ မိုးဦးကျ လို့ ခေါ်ပါတယ် ။

သည်စားသောက်ဆိုင်က မခေလှပါဘူး ။ နန်ရှန်းမြို့ကြီးမှာ ရှိတဲ့ စားသောက်ဆိုင်ပေါင်း တစ်ထောင်ကျော်မှာဆိုရင် မိုးဦးကျ စားသောက်ဆိုင်က ထိပ်ဆုံး၃၀ အတွင်းကို ဝင်ပါတယ် ။

မိုးဦးကျ စားသောက်ဆိုင်ရဲ့ ဟင်းလျာဈေးနှုန်းတွေကလည်း အင်မတန် ဈေးကြီးတယ်လို့ ဆိုရပါမယ် ။ မဟုတ်သေးပါဘူး ။သေရည်က ပိုပြီး ဈေးကြီးတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ် ။ မိုးဦးကျ စားသောက်ဆိုင်ရဲ့ ၁ထပ်မြောက်မှာ သေရည်တစ်အိုးလောက်နဲ့ ဟင်းလျာအနည်းငယ်  စားသောက်ရင်တောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်း ကျသင့်မှာ ဖြစ်ပါတယ် ။၁၂ထပ်မြောက်မှာ ဆိုရင်တော့ ကျသင့်တန်ဖိုးဟာ အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းထက် လျော့နည်းစရာ အကြောင်း မရှိပါဘူး ။အဲသည်အတွက်  ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်မှု  သန်းနဲ့ချီပြီး မရှိတဲ့သူတွေဟာ ယေဘုယျအားဖြင့် မိုးဦးကျ စားသောက်ဆိုင်ရဲ့  ၁၂ထပ်ကိုတောင် မတက်ရဲကြပါဘူး ။

" သခင်လေး…… ကြွပါ ……ကြွပါ ။ ဘယ်အထပ်မှာ စားသောက်ချင်ပါသလဲ ခင်ဗျာ "

လီဖူချန်းတစ်ယောက်  မိုးဦးကျ စားသောက်ဆိုင်ထဲကို ဝင်သွားတဲ့ အခါမှာတော့ မြေကမ္ဆာ အဆင့်မြင့်ပိုင်းက စားပွဲထိုး တစ်ယောက်ဟာ သူ့ကို အလျင်အမြန် ခရီးဦးကြို ပြုပါတယ် ။

" ၁၂ထပ်မြောက်ရဲ့ အထက်မှာ နေရာလွတ် ရှိသေးလား "

လီဖူချန်းက သိုသိုသိပ်သိပ် နေဖို့ စိတ်ကူး မရှိပါဘူး ။ ဒါက သူ့အတွက် ပထမဆုံးအကြိမ် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ မြို့ကြီးတစ်မြို့ကို ရောက်ဖူးခြင်းပါပဲ ။ အဲသည်အတွက် သူက အဆင့်အတန်း မြင့်မြင့်ပဲ နေထိုင်စားသောက် ချင်ပါတယ် ။ ပြီးတော့ သူက မိုးဦးကျ စားသောက်ဆိုင်ရဲ့ သေရည်ဟာ ဘယ်လောက်အထိ ကောင်းနေလို့  ဈေးကြီးနေရတာလဲ ဆိုတာကို စူးစမ်းချင်နေပါသေးတယ် ။

စားပွဲထိုးက အလျင်အမြန်ပဲ

" သခင်လေး…… ၁၃ထပ်နဲ့ ၁၄ ထပ်မှာတော့ နေရာတွေ ပြည့်နေပါပြီ ။ ၁၅ထပ်မှာတော့ စားပွဲ၅လုံး လွတ်နေပါသေးတယ် ။ ဒါပေမဲ့ တန်ဖိုးနှုန်းထားက…… "

မိုးဦးကျ စားသောက်ဆိုင်ရဲ့ ၁၅ထပ်မြောက် ဈေးနှုန်းကတော့ တော်ရုံတန်ရုံ လူတွေတောင် တတ်နိုင်တဲ့ ဈေးနှုန်းမျိုး မဟုတ်ပါဘူး ။ အဲသည်အထပ်မှာ ရှိတဲ့ ဈေးအပေါဆုံး သေရည်တစ်အိုးရဲ့ တန်ဖိုးကတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ရှိပါတယ် ။

လီဖူချန်းကလည်း အရိပ်ပြရင် အကောင်မြင်တဲ့ လူစားမျိုးပါပဲ ။ သူက စားပွဲထိုးရဲ့ ဆိုလိုရင်းကို နားလည်ပါတယ် ။ သူက လက်ကာပြလိုက်ပြီး

" ဈေးနှုန်းက ငါ့အတွက် ပြသနာ မဟုတ်ဘူး ။ ငါ့ကို အဲသည်ကိုသာ ပို့ပေး "

" ဟုတ်ကဲ့ပါ ……သခင်လေး "

လီဖူချန်းက ယုံကြည်မှု အပြည့်နဲ့ ပြောနေမှတော့ စားပွဲထိုးဟာ ဘာမှ ပြောမနေတော့ပါဘူး ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ စားပွဲထိုးဟာ ဧည့်သည်တွေရဲ့ အရိပ်အခြည်ကို ကောင်းကောင်းကြီး အကဲခတ်နိုင်စွမ်း ရှိတဲ့ သူပါ ။ သူက လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်ကို တိတိကျကျ မခန့်မှန်း နိုင်ပေမယ့် လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်  ဆရာသခင်တစ်ပါး ဖြစ်တယ်ဆိုတာကိုတော့ အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ် ။ဘာဖြစ်လို့လဲ ဆိုတော့ သူက လီဖူချန်းလိုအရွယ် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တော်တော်များများကို ဝန်ဆောင်မှု ပေးခဲ့ဖူးလို့ပါပဲ ။

တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ဆိုတာက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်း ကြွယ်ဝချမ်းသာသူတွေ ဖြစ်ပါတယ် ။

ပြီးတော့ လီဖူချန်းအနေနဲ့ ကျသင့်တန်ဖိုးကို ပေးမချေဘဲ ထွက်ပြေးတဲ့ အလုပ်မျိုးလည်း လုပ်ရဲမှာ မဟုတ်ပါဘူး ။ ဒါက မြို့စားစံအိမ် တည်ရှိရာ နန်ရှန်းမြို့ကြီး ဖြစ်ပါတယ်။ အဲသည်လို အလုပ်မျိုးကိုတော့ တိုက်ပွဲဝိညာဉ် ဆရာသခင်တွေ မဆိုထားပါနဲ့ဦး ။ မူလပင်လယ်နယ်ပယ် ဘုရင်တွေတောင်မှ လုပ်ရဲစရာ အကြောင်း မရှိတာပါ ။

မိုးဦးကျ စားသောက်ဆိုင် ၁၅ထပ်မြောက်ရဲ့ အပြင်အဆင်တွေကတော့ တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်ချင်စရာပါပဲ ။ စားပွဲခုံတွေ ၊ ထိုင်ခုံတွေ ၊ ကော်ဇောတွေ အစရှိသဖြင့် အရာအားလုံးဟာ လုံးဝ ထိရက်စရာကို မရှိပါဘူး ။ပြီးတော့ နံရံတွေမှာ ကပ်ထားတဲ့ ပန်းချီကားတွေဟာ ဆိုရင်လည်း ပန်းချီအကျော်အမော်တွေရဲ့ လက်ရာမွန်တွေချည်းပဲ ဖြစ်ပါတယ် ။

" ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးနဲ့ ယှဉ်ရင်တော့ အရှေ့ယူနီကွန်း ကုန်းမြေတိုက်ဟာ တကယ့် တောရွာ ဇနပုဒ်လေး တစ်ခုပဲ ။ မြေစေးနီ ကုန်းမြေတိုက်ကတော့ တောမြို့လေးတစ်ခု သာသာပဲ ရှိတယ် "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။ သူက အခုမှ ပိုပြီး အမြင် ကျယ်လာသလိုပါပဲ ။

' နင့်မေကလွှား…… နည်းတဲ့ဈေးလားဟ "

စားသောက်ဖွယ် စာရင်းကို လီဖူချန်း ကြည့်မိလိုက်တဲ့ အခါမှာတော့ လီဖူချန်းတစ်ယောက် မျက်လုံး အပြူးသား ဖြစ်သွားခဲ့ရပါပြီ ။ သည်စားသောက်ဖွယ် စာရင်းထဲက သေရည်တွေရဲ့ တန်ဖိုးဟာ မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်လွန်းနေတာ မဟုတ်ပါလား ။

ဈေးအနည်းဆုံး သေရည်လို့ ဆိုရမယ့်  ဝါးရွက်စိမ်း သေရည် တစ်အိုးရဲ့ တန်ဖိုးကတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သောင်း ကျသင့်နေပါတယ် ။  ဈေးအကြီးဆုံး သေရည်ကတော့ သက်တံနီ ကကြိုးလို့ အမည်ရပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သန်း ကျသင့်ပါတယ် ။ သေရည်တွေနဲ့ ယှဉ်မယ် ဆိုရင်တော့ မိုးဥိးကျ စားသောက်ဆိုင်ရဲ့ ဟင်းလျာတွေက အတော်လေး ဈေးချိုတယ်လို့ ဆိုရပါမယ် ။ ဒါပေမဲ့လည်း အဲသည် ဟင်းတစ်ပွဲက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကျသင့်တယ် ဆိုတာကိုတော့   မေ့ထားလို့ မရပါဘူး ။

" ငါ့ကို  ရောင်စုံကောင်းကင် သေရည် တစ်အိုးရယ် ၊ ပြီးတော့ အဲသည်သေရည်နဲ့  လိုက်ဖက်တဲ့ ဟင်းလျာပွဲစုံ အသေး တစ်ပွဲပေး "

ရောင်စုံကောင်းကင်  သေရည်ကတော့ အလယ်အလတ်တန်းစား သေရည် ဖြစ်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂သိန်း တန်ဖိုး ရှိပါတယ် ။ အဲသည်သေရည်က လီဖူချန်းအတွက် သင့်လျော်တဲ့ ရွေးချယ်မှုလို့ပဲ ဆိုရပါမယ် ။

မိုးဦးကျ စားသောက်ဆိုင်ရဲ့ ၁၅ထပ်မှာတော့ ဟင်းလျာတွေကို တစ်ပွဲချင်း ရောင်းချလေ့ မရှိပါဘူး ။ သည်စားသောက်ဆိုင်ရဲ့ ၁၅ထပ်ကို လာရောက်ကြတဲ့ ဧည့်သည်တွေဟာ ဟင်းလျာပွဲစုံ အသေး ဒါမှမဟုတ် ဟင်းလျာပွဲစုံ အကြီးကိုပဲ မှာယူလို့ ရပါတယ် ။ ဟင်းလျာပွဲစုံ အသေးမှာတော့ ဟင်းလျာငါးမျိုး ပါဝင်ကာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်း ကျသင့်ပြီး  ဟင်းလျာပွဲစုံ အကြီးမှာတော့ ဟင်းလျာ ၁၈မျိုး ပါဝင်ကာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲ ကျသင့်ပါတယ် ။ လီဖူချန်းကတော့ သူ့အနေနဲ့ ဟင်းလျာပွဲစုံအကြီးကို မမှာသင့်ဘူးလို့ ယူဆမိတဲ့အတွက် ဟင်းလျာပွဲစုံ အသေးကို မှာလိုက်တာပါ ။

***

All Chapters